Thet Naing Oo

Thet Naing Oo

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thet Naing Oo, Shopping & retail, .

20/07/2023

မကွေးစစ်ဆေးရုံကို ရဟတ်ယာဉ်နဲ့လာပို့တဲ့ ဒဏ်ရာရစစ်သားတွေ များပြားနေပြီး သေဆုံးသူတွေလည်းရှိနေပါတယ်။

မကွေးမြို့၊ နတ်မောက်လမ်းမှာရှိတဲ့ အမှတ် ၁၆ တပ်မတော်ဆေးရုံ၊ ကုတင် ၁၀၀ (၁၆/၁၀၀) စစ်ဆေးရုံကို ဒဏ်ရာရစစ်ကောင်စီတပ်သားတွေ လာရောက်ပို့ဆောင်မှုများပြားနေပြီး အဲ့ဒီထဲက သေဆုံးသူတွေလည်း ရှိနေတယ်လို့ မကွေးတပ်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

"မကွေးလေတပ်ကို ရဟတ်ယာဉ်နဲ့ရောက်ရှိလာတဲ့ ဒဏ်ရာရစစ်သားတွေကို ကုတင် ၁၀၀ စစ်ဆေးရုံဆီ လူနာတင်ယာဉ်တွေနဲ့ ပို့ဆောင်နေပါတယ်။ ဇူလိုင်လ ၁၆ရက်နေ့ကတည်းက သုံးလေးရက်ဆက်တိုက် ပို့ဆောင်နေပြီး ယော၊ ပခုက္ကူနဲ့ပေါက်ဘက်မှာ ဒဏ်ရာပြင်းထန်ရခဲ့တဲ့ စစ်သားတွေ ဖြစ်တယ်" လို့ မကွေးတပ်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

ဒဏ်ရာနဲ့ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက သေဆုံးသူတွေရှိနေပြီး နာရေးကိစ္စတွေကို စစ်ဆေးရုံထဲမှာပဲ ဆောင်ရွက်ကြတယ်လို့ မကွေးတပ်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

#မြေလတ်အသံ

#မကွေး #စစ်ဆေးရုံ #လေတပ် #နတ်မောက်လမ်း #ဒဏ်ရာရစစ်သား

Credit

Photos from Thet Naing Oo's post 14/07/2023

မူးမြို့နယ်ရှိ ရေတွင်းကုန်းကြီးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ ၁ ဦးကို သတ်ဖြတ် မြေမြုပ်ကာ နေအိမ် ၇၆ လုံးကို မွှေနှောက် ဖျက်ဆီး

■ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရပြီး ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဇူလိုင် ၁၄

KNU မူးမြို့နယ်ရှိ ရေတွင်းကုန်းကြီးရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ ၁ ဦးကို သတ်ဖြတ် မြေမြုပ်ကာ နေအိမ် ၇၆ လုံးကို မွှေနှောက် ဖျက်ဆီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၂ ရက်နေ့ မှစ၍ အကြမ်းဖက် စစ်တပ်က KNU မူးမြို့နယ်ရှိ ရေတွင်းကုန်းကြီး ကျေးရွာအတွင်းကို လက်နက်ကြီးများ ပစ်ခတ်ကာ ဝင်ရောက်လာခဲ့ကြောင်း၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ရေတွင်းကုန်းကြီး ကျေးရွာမှ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်း ထွက်ခွာသွားပြီးနောက် ဇူလိုင်လ ၁၂ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် K.N.L.A ၊ တပ်ရင်း ၈ နှင့် လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များက ကျေးရွာအတွင်းကို ဝင်ရောက် ရှင်းလင်းခဲ့ရာ အကြမ်းဖက် စစ်တပ်က ၁၀ ရက်တာအတွင်း ကျေးရွာအတွင်းရှိ ပြည်သူများ၏ နေအိမ် ၇၆ လုံးကို မွှေနှောက်ဖျက်ဆီးပြီး ပစ္စည်းဥစ္စာများကို ခိုးယူသွားကာ နေအိမ် ၁ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကာ ကျေးရွာအတွင်းရှိ စိတ်ရောဂါခံစားနေရသူ အသက် ၅၈ နှစ်အရွယ် ဦးအောင်ဇော်ဌေးကို အကြမ်းဖက် စစ်တပ်က သတ်ဖြတ် မြေမြုပ်ခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဂမုန်းကျော်မှနေ၍ KNU-မူးမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဘန်းလောင်ကျေးရွာမှ ပြည်သူ ၄ ဦးနှင့် ကျောက်စောင်းကျေးရွာမှ ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇဟာရွာကျေးရွာ၊ ရေတွင်းကုန်းလေးကျေးရွာ၊ ကျီးရိုးကျေးရွာ စသည့်ကျေးရွာများမှ ပြည်သူ ၃၃၃၅ ဦးသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

Credit khit thit media

14/07/2023

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံသည်ဆိုသော ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက် ယုံကြည် လက်ခံနိုင်ဖွယ်ရာ မရှိဟု NUG ထုတ်ပြန်

■ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်၏ အခန်းကဏ္ဍကို ထိုင်းက ကျော်လွန်စွက်ဖက်

ရန်ကုန်၊ ဇူလိုင် ၁၄

ဒေါ်အောင်ဆန်းစုကြည်၏ အမြင်သဘောထားများဟု ထိုင်းနိုင်ငံခြားရေးဝန် ကြီး ၏ တဖက်သတ် ကိုယ်စားပြု ထင်ဟပ် ပြောဆိုမှုသည် ယုံကြည်လက်ခံနိုင်ဖွယ်ရာ မရှိသော တရားဝင်မှု အလျဉ်းမရှိသည့် ပြောဆိုမှုများသာဖြစ်ကြောင်း NUG အစိုးရက ယနေ့ ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူထားသော Don Pramudwinai ၏ လတ်တလော မြန်မာနိုင်ငံခရီးစဥ်တွင် နိုင်ငံတော် ၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိခဲ့သည်ဟု အာဆီယံ နိုင်ငံ ခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် သတင်းမီဒီယာများအား ထုတ်ဖော်ပြောဆိုမှု များသည် အာဆီယံ၏ မြန်မာ့အရေး အခြေခံဘုံသဘောတူညီချက်ငါးရပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ၏ အခန်းကဏ္ဍတို့ကို ကျော်လွန်စွက်ဖက် ရာရောက်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မတရားဖမ်းဆီး အကျဉ်းချခံထားရပြီး တစ်ဦးတည်း သီးသန့် ချုပ်နှောင်ခံထားရသောကြောင့် သတင်းအချက်အလက် မှန်ကန်ပြည့်စုံစွာ လက်ခံရရှိနိုင် ခြင်း မရှိသည့်အပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့်လည်း ဆုံးရှုံးလျက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမြင်သဘောထားများဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တဖက်သတ်ကိုယ်စားပြု ထင်ဟပ်ပြောဆိုမှုများသည် ယုံကြည်လက်ခံနိုင်ဖွယ်ရာ မရှိသော၊ တရားဝင်မှုအလျဉ်းမရှိသော ပြောဆိုမှုများသာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းမှု၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် ဖက်ဒရယ် ဒီမိုကရေစီ အနှစ်သာရများ ထွန်းကားစည်ပင်လာစေရန် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ စိတ်စေတနာကောင်းဖြင့် ကြိုးပမ်းဆောင်ရွက်မှုမှန်သမျှကို ကြိုဆိုသော်လည်း တရားမဝင်အာဏာသိမ်း စစ်ကောင်စီအား အရာသွင်း ထိတွေ့ဆက်ဆံ၍ ပူးပေါင်းဆောင်ရွက်ခြင်းနည်းလမ်းဖြင့် အဆိုပါရလဒ်ကောင်းများ မည်သည့်အခါမျှ ရရှိလာလိမ့်မည် မဟုတ်ကြောင်း အလေး အနက်အသိပေးလိုသည်ဟု ဖော်ပြထားသည်။

မြန်မာ့နွေဦးတော်လှန်ရေး၏ အန္တိမရည်မှန်းချက်ပန်းတိုင်သည် နိုင်ငံတွင် နှစ်ပေါင်း ၇၀ ကျော်တိုင် အမြစ်တွယ်၊ ရှင်သန်၊ ဖိစီးနှိပ်စက်လျက်ရှိသော အာဏာရှင် စနစ်မှန်သမျှကို အပြီးတိုင် ဖယ်ရှားချုပ်ငြိမ်းစေပြီး အာဏာရှင်စနစ်၏ အငွေ့အသက်၊ အကြွင်းအကျန် အလျဉ်းကင်းစင်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ်ဖြင့် အစားထိုး ပြောင်းလဲရန်ဖြစ်ကြောင်း ပြောဆိုထားသည်။

ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်စွာရောက်ရှိနိုင်ရေးအတွက် ကိုယ်စားပြုမှု စုံလင်ကွဲပြားသော တော်လှန်ရေးအင်အားစုများ၊ အဖွဲ့အစည်းများအကြား တန်းတူ ရည်တူဖြစ်မှု အခြေခံ၍ စု‌ပေါင်းခေါင်းဆောင်မှု၊ စုပေါင်းတာဝန်ယူမှု၊ ခိုင်မာသော ကတိက ဝတ်ပြုမှုများဖြင့် တညီတညွတ်တည်း လက်တွဲပူးပေါင်း ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထု၏ လိုလားတောင့်တ ချက်နှင့်အညီ ချမှတ်ထားသည့် တော်လှန် ရေး ပန်းတိုင်၊ အနာဂါတ်ဖက်ဒရယ်မျှော်ရည် ချက်နှင့် စံနှုန်းများကို ခိုင်ခိုင်မာမာ စွဲကိုင်ရပ်တည်၍ အောင်ပွဲရသည်အထိ မမှိတ်မသုန်၊ မယိမ်းမယိုင် ဆက် လက် အားထုတ်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။

Credit khit thit media

14/07/2023

ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် NUG နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးမှု ရန်ကုန်ကနေဒါသံရုံးက တရားဝင် သတင်းထုတ်ပြန်

■ အကြမ်းဖက်စစ်တပ်ကို ကနေဒါက ဆက်လက် အရေးယူမည်ဖြစ်ပြီး NUG နှင့်အတူ မြန်မာပြည်သူဘက်မှ ရပ်တည်နေ

ရန်ကုန်၊ ဇူလိုင် ၁၄

ကနေဒါနိုင်ငံအစိုးရ နိုင်ငံခြားရေး ဝန်ကြီး Mélanie Joly ကိုယ်စား နိုင်ငံခြားရေး ဝန်ကြီးဌာန၏ လွှတ်တော် အတွင်း ရေးမှူး Robert Oliphant သည် မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရန်ကုန်အခြေစိုက် ကနေဒါသံရုံးက တရားဝင် သတင်းထုတ်ပြန် သည်။

လွှတ်တော် အတွင်းရေးမှူး Oliphant က ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်၏ စစ်အာဏာသိမ်းခြင်း၊ ဒေသတွင်း လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများ၊ လူ့အခွင့်အရေး၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးဆက်များ သက်ရောက်စေခဲ့သော လက်နက်ကိုင် တိုက်ပွဲနှင့် အကြမ်းဖက်မှုများ၊ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ မြင့်တက်လာခြင်းတို့ကို ကနေဒါနိုင်ငံက ရှုတ်ချကြောင်း ထပ်လောင်း ပြောဆိုသည်။

NUG အနေဖြင့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည့် ဒီမိုကရေစီ နည်းလမ်းကျသော၊ ငြိမ်းချမ်းသော၊ အားလုံးပါဝင်သော မြန်မာနိုင်ငံ ပေါ်ထွန်းလာရေးအတွက် ဆောင်ရွက်နေသော ဒီမိုကရေစီ လိုလားသူ ပတ်သက်ဆက်နွှယ်သူများအားလုံးကို ထောက်ခံ အကူအညီပေးခြင်း အပါအဝင် မြန်မာနိုင်ငံနှင့် ရိုဟင်ဂျာ အရေးကိစ္စတို့ကို တုံ့ပြန်ဆောင်ရွက်သွားရန် ကနေဒါနိုင်ငံက ဆက်လက် သံန္နိဌာန် ချမှတ်ထားကြောင်း အလေးပေး ပြောဆိုသည်။

အားလုံးပါဝင်သော မြန်မာနိုင်ငံ တည်ဆောက်ရန် မျှော်မှန်းချက်ကို NUG က ပုံသွင်းဆောင်ရွက်နေသည့် လက်တလော လုပ်ဆောင်ချက်များနှင့် အရပ်သားများကို ကာကွယ်ပြီး နိုင်ငံတကာ ဥပဒေကို လိုက်နာလေးစားရန် လိုအပ်သည့် လုပ်ဆောင်ချက်များ အားလုံးကို ဆောင်ရွက်နေသော ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ အရေးပါသော ကတိကဝတ်များကို လွှတ်တော် အတွင်းရေးမှူး Oliphant က ကြိုဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူများနှင့် မကြာသေးမီက ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်ဖြစ်သော ဆိုက်ကလုန်း မိုခါကြောင့် ထိခိုက်ခံစားခဲ့ရသူများအတွက် စိုးရိမ်ပူပန်မိကြောင်း၊ လူသားချင်းစာနာမှုဆိုင်ရာ ကူညီမှုများကို အကန့်အသတ်များ ပြုလုပ်ခြင်း အပါအဝင် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ရိုဟင်ဂျာ အရေးကိစ္စနှင့် ယိုယွင်းလာသည့် လုံခြုံရေးအခြေအနေတို့ကို ကနေဒါနိုင်ငံက မဆုတ်မနစ် ထုတ်ဖော်ပြောဆိုနေကြောင်း ကနေဒါအစိုးရက ပြောဆိုသည်။

အာဆီယံအဖွဲ့၏ ကြိုးပမ်းမှုများကို ထောက်ခံကြောင်းနှင့် အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ရန် အရေးကြီးကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် အမှတ် (၂၆၆၉) ကို ကြိုဆိုကြောင်းနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို လွှဲပြောင်းပေးရန် တောင်းဆိုခြင်းများ၊ လေယာဉ်ဆီတင်သွင်းမှု ပိတ်ဆို့ခြင်းအပါအဝင် အဓိက နိုင်ငံတကာ မိတ်ဖက်များနှင့် ပူးပေါင်းကာ ကနေဒါနိုင်ငံ၏ စစ်တပ်အပေါ် ပိတ်ဆို့အရေးယူခြင်းများ အပါအဝင် မြန်မာနိုင်ငံတွင် တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် တာဝန်ယူ၊ တာဝန်ခံမှုတို့ ရရှိရေးအတွက် ကနေဒါနိုင်ငံက ဆက်လက်လုပ်ဆောင်နေသည်ဟုဆိုသည်။

မြန်မာပြည်သူများ၏ စိတ်ဆန္ဒနှင့် ကိုက်ညီသော ဒီမိုကရေစီ ထွန်းကားပြီး ငြိမ်းချမ်းသော၊ အားလုံးပါဝင်သော မြန်မာနိုင်ငံ ပေါ်ထွန်းလာရေးအတွက် အာဆီယံအဖွဲ့၊ နိုင်ငံတကာ အသိုင်းအဝိုင်း၊ NUG ကဲ့သို့သော ဒီမိုကရေစီ လိုလားသူများနှင့် ကနေဒါနိုင်ငံက နီးနီးကပ်ကပ် ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
Credit. Khit thit media

14/07/2023

တကသများကွန်ရက်-မုံရွာနှင့် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီတို့ ပူးပေါင်းတင်ဆက်သည့်လေဆန်လမ်းရဲ့ ဆည်းဝါးခတ်သံ အော်ပရာ

14/07/2023

ဇီးရိုးပြောက်ကျားရဲ့ အာဠာဝက Challenge Campaign မိတ်ဆက် LIVE

ပြည်သူ့ကာကွယ်ရေးထောက်ပံ့တပ်စု - CSC Japan

14/07/2023

ရန်ကုန်အတွက်အလင်းစက် ၊ ငှက်ပျောတောစီမံကိန်း Live Sale စျေးရောင်းပွဲတော် တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်

Photos from Thet Naing Oo's post 13/07/2023

ဖယ်ခုံတွင် စစ်တပ် ထောက်ပို့ယာဥ် ၁ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ ဇူလိုင် ၁၃

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ထောက်ပို့ယာဥ် ၁ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း PDF 1008 တပ်ရင်း (SSRY) က ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၉ ရက်နေ့ ည ၈ နာရီခန့်က ဖယ်ခုံမြို့မှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ်၏ လက်နက်ခဲယမ်း တင်ဆောင်လာသော ထောက်ပို့ယာဥ် ၁ စီးကို ညွှန်တော်မူဘုရားနှင့် ထိုင်တော်မူ ဘုရားအကြား လမ်းဆုံ၌ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ခွဲတပ်ကြပ်ကြီး CQ ၊ တပ်ကြပ် ၊ ဒုတပ်ကြပ် အပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်ထံမှ MA1 သေနတ် ၁ လက်၊ စက်လက် (ငါးကြင်းမြီး) ၁ လက်၊ ၆၀ မမ ဗုံးသီး ၁၆ လုံး၊ ၁၈ မိုင်း ၁ လုံး၊ Tecno mobile Phone ၁ လုံး၊ ခဲယမ်းများနှင့် စစ်ရိက္ခာပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို PDF 1008 တပ်ရင်း(SSRY) ၊ PDF ၁၀၀၅ တပ်ရင်း (SSLRU) ၊ NPT (ပ.က.ဖ)၊ KRU ၊ ဖယ်ခုံ PDF 1002တပ်ရင်းနှင့် ရှမ်းတောင် မဟာမိတ် တပ်ပေါင်းစုများမှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

Credit

20/12/2022

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မော်လမြိုင်မြို့ကိုရောက်ရှိနေပြီး မြို့ကိုလုံခြုံရေးတင်းကြပ်ထား

ဒီဇင်ဘာလ ၂၀ ရက်

စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် မွန် ပြည်နယ်၊ မော်လမြိုင်မြို့ကို ဒီကနေ့မနက်ပိုင်းမှာ ရောက်ရှိ နေလို့ မော်လမြိုင်မြို့မှာ စစ်ဆေးမှုတင်းကြပ်နေပြီး မြို့နဲ့တဝိုက်ကို လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဟာ မော်လမြိုင်မြို့ ပြည်နယ်လွှတ်တော် အဆောက်အဦ အသစ်ဖွင့်ပွဲကို တက်ရောက်နေတယ်လို့ သိပါတယ်။

''ဒီမနက် ၇ ခွဲလောက်ကရောက်တယ်။ဒီမနက် ၁၀ နာရီ လောက်အထိက လွှတ်တော် အဆောက်အဦ အသစ်ဖွင့်ပွဲလုပ်နေတယ်။ ဘယ်ကိုဆက်သွားမယ်တော့မသိရသေးဘူး။မနေ့ကထဲက သူ့လမ်းကြောင်း ရှိလို့ သူတို့(စစ်ကောင်စီတပ်သား)တွေမြို့ထဲခြေတွေရှုပ်နေတာ။

လေယာဉ်အတက်၊ အဆင်းတွေ လည်းများနေတယ်။ မြို့ကိုလည်းလုံခြုံရေးတင်းကြပ်ပြီး အစစ်အဆေးတွေများနေတယ် '' လို့ ပြည် နယ်စစ်ကောင်စီ နဲ့နီးစပ်တဲ့ မြို့ခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

မော်လမြိုင်မြို့ဟာစစ်ကောင်စီတပ်ရဲ့ အရှေ့တောင် တိုင်းစစ်ဌာနချုပ်(ရတခ)စစ်တိုင်းအခြေစိုက်ရာမြို့ဖြစ်ပြီး စစ်ကောင်စီတပ်ရင်းအင်အားအများအပြားရှိတဲ့မြို့လည်းဖြစ်ပါတယ်။

ဓာတ်ပုံ - အောက်တိုဘာလအတွင်းက စစ်ခေါင်း ဆောင်မင်းအောင်လှိုင် မော်လမြိုင် ရတခ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံစဥ်။
AYAT - Hlaing Info

18/12/2022

နမ့်ဆန်တိုက်ပွဲတွင် TNLA၏ ပစ်ခတ်မှုကြောင့် စစ်တပ်ဘက်မှ ထောက်ပို့ရဟတ်ယာဉ် ၁ စီးကို ကျည်ထိမှန်ပြီး သုံးမရတော့ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်တွင် ဒီဇင်ဘာလ ၇ ရက်နေ့မှ ဒီဇင်ဘာလ ၁၂ ရက်နေ့ အထိ ၅ ရက် အကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် TNLA ၏ ပစ်ခတ်မှုကြောင့် စစ်တပ်ဘက်မှ ထောက်ပို့ ရဟတ် ယာဉ် ၁ စီး လက်နက်ငယ်ကျည် ထိမှန်ပြီး သုံးမရတော့ ကြောင်း လေတပ်သတင်းရင်းမြစ်က ပြော သည်။

ဒီဇင်ဘာလ ၇ ရက်နေ့တွင် စစ်တပ်က ထောက်ပို့ရဟတ်ယာဉ်များဖြင့် စစ်သည်များကို ချထားပေးပြီး နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းနောက် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သဖြင့် ထောက်ပို့ ရဟတ်ယာဉ်များဖြင့် လက်နက်ခဲယမ်းများ ချထားပေးခြင်း၊ စစ်အင်အား များ တိုးမြှင့်ချထားခြင်းများ လုပ်ဆောင်ခဲ့ ကြောင်း၊ ထိုသို့ လုပ်ဆောင်စဉ် TNLA၏ ပစ်ခတ်မှုကြောင့် ထောက်ပို့ ရဟတ်ယာဉ် ၁ စီး ကျည်ထိမှန်သွားပြီး အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း၊ လက်ရှိတွင် ကျည်ထိမှန်ထားသော ရဟတ်ယာဉ်သည် သုံးမရတော့ကြောင်း လေတပ် သတင်းရင်းမြစ်က ပြော သည်။

"ရဟတ်ယာဉ် အပစ်ခံရတာမှန်တယ်။ ထိသွားတယ်။ အခုထက်ထိတော့ မပြင်ရသေးလို့ ဒီအတိုင်း ထားထားတယ်။ စစ်ရေးအခြေအနေ မငြိမ်သေးတာကြောင့်လည်းပါတယ်။ စိန်ရတု လေတပ် နှစ်ပတ် လည်နဲ့ဆိုတော့ အဲဒါကို ပြင်ဖို့ လတ်တလော မလုပ်ရသေးဘူးလို့သိရတယ်။ ရဟတ်ယာဉ်ထိတာရော အပစ်ခံရတာမှန်ပါတယ်။ ရဟတ်ယာဉ် ၁ စီးကျည်ထိထားပါတယ်"ဟု လေတပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာတွင် ဒီဇင်ဘာလ ၇ ရက်နေ့မှ ဒီဇင်ဘာလ ၁၂ ရက် နေ့ အထိတိုက်ပွဲ သည် PDF များ၏ လက်နက်သယ်ယူရေးကို ဝင်ရောက်စီးနင်းခြင်းဖြစ်ပြီး အလောင်း များနှင့်လက်နက်များရရှိကြောင်း၊ TNLA ကို ဝင်တိုက်ခြင်းမဟုတ်ကြောင်း၊ စစ်တပ်ဘက်မှ အရာရှိ နှင့်စစ်သည်များ သေဆုံးကြောင်း စစ်တပ်က သတင်းထုတ်ပြန်ထားသည်။

မြောက်ပိုင်းမဟာမိတ် သတင်းရင်းမြစ်တချို့ကမူ နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာတိုက်ပွဲတွင် စစ် တပ်ဘက်မှ အနည်း ဆုံး ၁၀၀ အင်အားပါ စစ်ကြောင်းပြုတ်သွားပြီး TNLA က စစ်သား အလောင်း များ၊ လက်နက် များသိမ်းဆည်းရမိကြောင်း၊ TNLA ဘက်မှလည်း ကျဆုံးမှုများရှိကြောင်း ရန်ကုန် ခေတ် သစ် သတင်းဌာနသို့ ပြောဆိုထားသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ ရုရှားထုတ် Mi-17 ထောက်ပို့ ရဟတ်ယာဉ်တစ်စီး။ (ပုံအဟောင်းဖြစ်သည်)

17/12/2022

မြန်မာပြည်သူများ ဒီမိုကရေစီ ပိုင်ဆိုင်နိုင်မည်ဟု အမေရိကန်သံအမတ်ကြီး သတင်းစကားပါး

ဧရာဝတီ၊ ဒီဇင်ဘာ ၁၇၊ ၂၀၂၂

မြန်မာပြည်သူများ လိုလားတောင်းဆိုနေသည့် မွေးရာပါ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို အသေအချာ ပိုင်ဆိုင်နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် အမှန်တကယ်လည်း ထိုက်တန်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ သောမတ်စ် အယ်လ်ဗိုက်ဒါက ယနေ့ သတင်းစကားပါးလိုက်သည်။

သံအမတ်ကြီး ဗိုက်ဒါ အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် စစ်တပ် အာဏာမသိမ်းမီ ရက်ပိုင်းအလို ၂၀၂၁ ဇန်နဝါရီလတွင် စတင် တာဝန်ယူခဲ့သူ ဖြစ်ပြီး စစ်တပ် အာဏာသိမ်းထားသည့် ကာလတလျှောက် ၂ နှစ်နီးပါးကြာ တာဝန်ထမ်းဆောင်ခဲ့ရာမှ ယခုလတွင် တာဝန်ပြီးဆုံးခဲ့ပြီ ဖြစ်သည်။

၎င်းက “ ဒီလို အခြေအနေတွေက လူတိုင်းအတွက် ခက်ခဲတဲ့ အချိန်အခါပါပဲ။ ဒါပေမဲ့ မြန်မာပြည်သူတွေရဲ့ သူရသတ္တိ၊ ခံနိုင်ရည်ရှိမှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကတော့ တကယ်ကို လေးစားအတုယူဖွယ်ရာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲက ပြည်သူတွေဟာ အသက်မွေးမှု၊ ပညာရေး၊ လွတ်လပ်ခွင့်တွေနဲ့ အများကောင်းစားရေးအတွက် သူတို့ အသက်တွေကိုတောင် စတေးကြရတာတွေကို ကျနော် မျက်မြင်ကိုယ်တွေ့ ဖြစ်ခဲ့ရပါတယ်။ ဒီလို ကြိုးပမ်းအားထုတ်မှုတွေဟာ နောက်ဆုံးမှာ ထိုက်တန်တဲ့ ဆုလာဘ်ကို ရလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်” ဟု ပြောသည်။

၎င်းအနေဖြင့် တာဝန် ပြီးဆုံးသွားသော်လည်း အားလုံး ပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်နှင့် မိမိတို့ အနာဂတ်ကို မိမိတို့ ဆုံးဖြတ်နိုင်ခွင့်များအား လိုလားတောင့်တနေကြသည့် မြန်မာပြည်သူများအား အားပေးထောက်ခံရန် အမေရိကန်အစိုးရက သန္နိဋ္ဌာန်ချထားဆဲ ဖြစ်ကြောင်းလည်း ဆိုထားသည်။

ထို့ပြင် အာဏာရှင်အဖွဲ့အစည်းအပေါ် သံတမန်ရေးနှင့် စီးပွားရေးအရ ဖိအားပေးရန်၊ ၎င်းတို့ ကျူးလွန်ခဲ့မှုများနှင့် ဆက်လက် ကျူးလွန်နှိပ်စက်မှုများအတွက် တာဝန်ယူတာဝန်ခံမှု ရှိစေရန်၊ အကူအညီလိုအပ်နေသည့် လူသန်းပေါင်းများစွာဆီ အကူအညီများ ပေးအပ်နိုင်ရန်နှင့် ကိုယ့်အခွင့်အရေး၊ လွတ်လပ်ခွင့်များ ပိုင်ပိုင်နိုင်နိုင် ရရှိစေရန် ကြိုးစားအားထုတ်နေကြသည့် မြန်မာပြည်သူများကို အားပေးထောက်ခံသွားရေး နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သံအမတ်ကြီး ဗိုက်ဒါက ပြောထားသည်။

လက်ရှိတွင်လည်း အမေရိကန်အစိုးရ အနေဖြင့် မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေးအဆင့် လျှော့ချထားပြီး တာဝန် ပြီးဆုံးသွားသည့် သံအမတ်ကြီး ဗိုက်ဒါနေရာတွင် သံအမတ်အဆင့် ထပ်မံခန့်အပ်မည် မဟုတ်တော့ဘဲ သံရုံးယာယီတာဝန်ခံအဖြစ် မစ်ရှင်လက်ထောက်အကြီးအကဲ Ms. Deborah C.Lynn ကသာ တာဝန်ယူသွားမည် ဖြစ်ကြောင်း Nikkei Asia က ဖော်ပြထားသည်။

မကြာသေးမီကလည်း အမေရိကန်အစိုးရ အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့(EAO) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များအား နည်းပညာနှင့် လက်နက် မဟုတ်သော အကူအညီ အထောက်အပံ့များပေးမည့် အချက်များ ပါဝင်သော အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဆိုင်ရာအက်ဥပဒေ (NDAA) ကို အမေရိကန် အောက်လွှတ်တော်နှင့် အထက်လွှတ်တော် နှစ်ရပ်လုံးက အတည်ပြုလိုက်ပြီ ဖြစ်သည်။




ဧရာဝတီ၊ ဒီဇင်ဘာ ၁၇၊ ၂၀၂၂

Photos from Thet Naing Oo's post 17/12/2022

ကရင်ပြည်နယ်၊ တပ်မဟာ (၆) နယ်မြေအတွင်း NUG ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင် မှ ရဲဘော်များ၊ အမျိုးသမီးရဲဘော်များအား တွေ့ဆုံ၍ လက်ခံစကားပြောကြား‼️💋💖🌹

ဒီဇင်ဘာ (၁၇) ရက်၊ ၂၀၂၂။

ကရင်ပြည်နယ်၊ တပ်မဟာ (၆) နယ်မြေအတွင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်သည် စစ်ကြောင်းများသို့ လှည့်လည်ကာ ရဲဘော်များ၊ အမျိုးသမီးရဲဘော်များအား လက်ခံတွေ့ဆုံ၍ နွေဦးတော်လှန်ရေး၏ ရှေ့ဆက် (၁) နှစ်တာ စစ်ရေးအခြေအနေများတွင် အားသွန်ခွန်စိုက်ဖြင့် သက်ဆိုင်ရာ စစ်ကြောင်းအလိုက် တာဝန်ရှိသူများ နှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်သို့ အတူတကွ ရင်ဆိုင်မည်ဖြစ်ကြောင်း ဂုဏ်ပြုစကားပြောကြားခဲ့သည်။

ထို့အပြင် ဝန်ကြီး ဒေါ်အိသဉ္ဇာမောင် မှ နဂါးဖြူစစ်ကြောင်းအတွင်းတွင် လာရောက်ခိုလှုံနေသော အမျိုးသမီးများအား လက်ခံတွေ့ဆုံကာ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁) ဦးအား ကျန်းမာရေး အထွေထွေအသုံးစရိတ်အတွက် ငွေကျပ် ( ၅ ) သိန်း ထောက်ပံ့ကူညီခဲ့​​ကြောင်း သိရသည်။

ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်သည် တပ်မဟာ (၆) အတွင်း စစ်ကြောင်းများ၏ မြေပြင်ရှေ့တန်းစခန်း နေရာများထိ သွားရောက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်များ၊ အမျိုးသမီးရဲဘော်များနှင့် တရင်းတနှီးတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

CreditPhotos📌
#တောင်ပိုင်းစစ်ဒေသသတင်းနှင့်ပြန်ကြားရေး

Photos from Thet Naing Oo's post 17/12/2022

စစ်ကိုင်းတိုင်းတွင် ဝန်ကြီးဌာနအတွင်းမှ ဖရဲသီးများကို ဒလန် အမည်တပ်၍ ရှင်းလင်းရန် တိုင်းစစ်ကောင်စီက လျှို့ဝှက် အမိန့် ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

စစ်ကိုင်းတိုင်းအတွင် ဝန်ကြီးဌာနအတွင်းမှ PDF ထောက်ခံနေသူများ၊ ဖရဲသီး များ ကို ဒလန်အမည်တပ်၍ ရှင်းလင်းရန် တိုင်းစစ်ကောင်စီက တရားဝင် လျှို့ဝှက် ညွှန်ကြားချက် တစ်ရပ်ကို ဒီဇင်ဘာလအတွင်း ထုတ်ပြန်လိုက်သည်။
နိုဝင်ဘာလ၈ ရက်နေ့ နံနက် ၉ နာရီအချိန် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရုံး အစည်း အဝေး ခန်းမ ၁ တွင် ကျင်းပပြုလုပ်ခဲ့သော စစ်ကိုင်းတိုင်းအစိုးရ တည်ငြိမ် အေးချမ်း ရေးနှင့် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဝန်ကြီးဌာနအတွင်း PDF များ ထံသို့ သတင်းပေး နေသည့် ဖရဲသီးများကို ဒလန်အမည်တပ်၍ ရှင်းလင်း ရ န်ဆိုသော လျှို့ဝှက်အမိန့် ညွှန်ကြားချက်ကို ခရိုင်အဆင့် ဌာနဆိုင်ရာ များ အားလုံးသို့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အစည်းအဝေးတွင် စစ်ကိုင်းတိုင်း စစ်ကောင်စီက ညွှန်ကြားချက် ၅ ချက် ထုတ်ပြန်ခဲ့ပြီး ဝန်ထမ်းများ ခရီးသွားလာရာတွင် လုံခြုံမှုရှိမှသာ သွားလာ ရန် အကြောင်း ကြားချက်ကို တိကျစွာ လိုက်နာရန်၊ ဌာနအတွင်းရှိ ဒလန်များ ကို ရှင်းလင်းရန်၊ တင်ဒါများကို အချိန်မီဆောင်ရွက်ရန်၊ ဌာနပိုင်ပစ္စည်းများ ပျက်စီး ဆုံးရှုံး လုယူခံရမှုများကို စုံစမ်းစစ်ဆေး အရေးယူ ဖော်ထုတ်ရန်၊ ဌာန ဆိုင်ရာရုံးများအတွင်းတွင် မြေလွတ်နေရာများကို တစ်ပိုင်တစ်နိုင် စိုက် ပျိုးရန်တို့ ပါဝင်သည်။

"ကျနော်ထင်တာတော့ ဝန်ကြီးဌာနတွင်းမှာ ဖရဲသီးလို့ ယူဆရတဲ့သူတွေကို သတ်ဖြတ်ရှင်းလင်းပြီး ဒလန်ဆိုပြီး PDF က သတ်ပါတယ်ဆိုတာမျိုး လုပ်မယ့် ညွှန်ကြားချက်လို့ နားလည်ရတယ်။ အဓိပ္ပာယ်က ။ အဲဒါဆိုတော့ စစ်ကောင်စီ ကိုယ်တိုင်က သူ့ဝန်ထမ်းတွေကို သူတို့ မသင်္ကာရင် သတ်မယ့်သဘောလားလို့ တွေးစရာရှိတယ်။ ညွှန်ကြားချက်က " ဟု စစ်ကိုင်းတိုင်းစစ်ကောင်စီ ဝန်ထမ်း တစ်ဦး က သုံးသပ်ပြောဆိုသည်။

Khit Thit Media

Photos from Thet Naing Oo's post 17/12/2022

အဘဒေါသထွက်နေသော ၁၀၇ မမ
********************************
မနေ့က မင်္ဂလာဒုံ လေတပ်စခန်း အပစ်ခံရတာက အဘကို ဒေါသထွက်စေခဲ့ပါတယ်။ ပထမမေးခွန်းက ဒီ ၁၀၇မမကို ဘယ်သူထောက်ပံ့လဲဆိုတာပါ။ အမေရိကန်က ယခုမှ ဥပဒေအတည်ပြုလို့ ထောက်ပံ့တာက မဖြစ်နိုင်သေးပါ။ နောက်ကရင်ဘက်မှာ ၁၀၇ မမက သုံးတာ နည်းပါတယ်။ NUG ကို လေသံကျယ်ကျယ်နဲ့ ထောက်ခံတာက အနောက်အုပ်စုပါ။ ဒါပေမယ့် တပ်ထောက်လှမ်းရေးက အနောက်အုပ်စုက လက်နက်ထောက်ပံ့တဲ့အထောက်အထား ယခုအချိန်အထိ မတွေ့ရသေးပါ။ ဒါဆိုရင် ၁၀၇ မမ က ဘယ်ကလာလဲ? အဓိက ထုတ်လုပ်သူက တရုတ်ပါ။ တရုတ်အစိုးရက တရားဝင် NUG နဲ့တွေ့တာ ဘာညာမရှိပါ။ စရဖက တရုတ်ဟာ NUG နဲ့ စင်ကာပူနဲ့ အင်ဒိုတို့လို ခိုးတွေ့တယ်လို့ သုံးသပ်ထားပါတယ်။ ဒီ ၁၀၇ ဟာ ယခင်ကလဲ ရှမ်းပြည်ထဲမှာ မိခဲ့ဖူးပြီး တရုတ်ကို သတင်းစာရှင်းလင်းပွဲမှာ စောင်းပြောခဲ့ပါတယ်။ ယခုလဲ မဲလုံးက သိပေမယ့် အဘက တရုတ်ကို ပြောရဲဖို့က လွယ်မယ်မထင်ပါ။ နောက် PDF ထံက မိတဲ့လက်နက်အချို့ဟာ တရုတ်လုပ်ဖြစ်နေပါတယ်။

ဒုတိယက ၁၀၇ မမ ရန်ကုန်ထဲကို ဘယ်လိုသွင်းလာလဲဆိုတဲ့ကိစ္စပါ။ ဂိတ်တွေက လာဘ်စားပြီးအသွင်းခံတာလား တပ်ထဲက ဖရဲသီးတွေက ကူနေတာလား သံသယဖြစ်နေတာပါ။ TNLA ကိုရှုံးတာလဲ ဖရဲသီး‌ကြောင့်ဆိုပြီး အရှက်ပြေတင်ပြလို့ ဖရဲသီးရှာ စစ်ဆင်ရေးလုပ်ပါမယ်။

လောကမှာက မထင်တာတွေဖြစ်တတ်ပါတယ်။ အမေရိကန်က ကူမယ်လို့ အပြင်ကအော်ချိန်မှာ အထဲမှာက တရုတ်ရန်အတွက် တရုတ်က ကူတယ်လို့ထင်နေတာပါ။ နောက်သူရှုံးတာက ဖရဲသီးကြောင့်ဆိုပြီး မဆိုင်တာကို ရူးချင်ယောင်ဆောင် အပြစ်တင်နေတာပါ။

အကျဉ်းချုပ်ရရင် ရန်ကုန်ကလေတပ်ပစ်တာက လူကိုထိ လေယာဉ်နားကိုထိခဲ့လို့ PDF ရဲ့ အောင်ပွဲလို့ ပြောလို့ရပါတယ်။ ဘယ်သူ ၁၀၇ မမ ကိုပေးလဲ စာရေးသူမသိပါ။ သေချာတာက ပြည်သူက ငွေထောက်ပံ့လို့ ဝယ်နိုင်တာပါ။ ပြည်သူတွေအနေနဲ့ စီးပွားရေးကျပ်ချိန်မှာ ငွေခေါင်းမကွဲစေဘဲ တပ်တော်တွေကိုရှောင် NUG ကိုဆောင်ပြီး PDF ကို NUG ကတဆင့်သာ လှူနိုင်အောင်ကြိုးစားကြပါ။ NUG အင်အားရှိမှ PDF အင်အားရှိမှာဖြစ်ပြီး PDF အင်အားရှိမှ တိုင်းပြည်အင်အားရှိမှာပါ။ ဘာတပ်တော် ညာတပ်တော်တွေ အင်အားကြီးရင်တော့ ဆီးရီးယားလို ဖြစ်သွားမှာပါ။ ပြည်သူသာ အဓိကပါ။
https://www.myattunoo.com/post/အဘဒ-သထ-က-န-သ-၁၀၇-မမ

Myat Tun Oo

16/12/2022

မန္တလေး၊ တံတားဦးလေဆိပ်မှ တိုက်လေယာဉ် ၂ စီး မြောက်ဘက်သို့ ပျံသန်းသွား

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

မန္တလေးတိုင်း၊ တံတားဦးလေတပ်စခန်းမှ တိုက်လေယာဉ် ၂ စီး ယနေ့နံနက် ၀၀ နာရီ ၂၆ မိနစ်အချိန်တွင် ပျံတက်သွားပြီး မြောက်ဘက်သို့ ပျံသန်းသွားကြောင်း သိရှိရသည်။

"လေယာဉ်တွေ မန္တလေးတံတားဦးကနေ မြောက်ဘက်ကို ပျံတက်သွားတယ်။ အချိန်က ဒီနေ့ နံနက် ၁၂နာရီ ၂၆ မိနစ်အချိန်ပါ။ မြောက်ဘက်ကို သွားတာ။ ဂျက်ဖိုက်တာ ၂စီး ဆက်တိုက်တပြိုင်တည်းတက်သွားတာ။ အနောက် မြောက် ဘက်ကို တစ်စီးသွားတယ်" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က အတည်ပြုသည်။

01/09/2021

ကလေးမြို့ ဒေသ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ စစ်သား ၂၀ ခန့် လက်နက် အပြည့်အစုံနှင့် ထွက်ပြေးနေမှု စစ်ကောင်စီက အပူတပြင်းရှာဖွေနေ

ရန်ကုန်၊ စက်တင်ဘာ ၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ဒေသ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ စစ်သား ၂၀ ခန့် သည် လက်နက်အပြည့်အစုံဖြင့် ယခုရက်ပိုင်းအတွင်း ထွက်ပြေးသွားရာ အကြမ်းဖက် စစ်ကောင်စီ တပ်က ရဟတ်ယာဉ်သုံး၍ ကလေးတောင်ပိုင်းတခွင် အပူတပြင်းလိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။

"သတင်းက သေချာတယ်။ ကလေး PDF ကလည်း အတည်ပြုထားတယ်။ ပထမ PDF တွေကို လိုက်ရှာတယ်ထင်နေတာ။ နောက်ကျမှ သူတို့လူ သူတို့ အတင်းလိုက်ရှာနေတာ။ စစ်သား ၂၀ စလုံး လွတ်မြောက်နယ်မြေတခုကို ရောက်သွားပြီလို့ သိရတယ်"ဟု ကလေးဒေသခံတဦးက ပြောသည်။

အကြမ်းဖက် စစ်ကောင်စီကမူ စစ်သားများ ထွက်ပြေးသည့် ဖြစ်စဉ်တိုင်းကို ငြင်းပယ်လေ့ ရှိပြီး ထားဝယ်၊ ပြည်နှင့် အခြားဒေသများမှ စစ်သားများလည်း CDM ပြုလုပ် ထွက်ပြေးခြင်းများ ရှိခဲ့ဖူးသည်။

"မနေ့က ကလေးတောင်ပိုင်းမှာ စစ်ရဟတ်ယာဉ်က အကြာကြီး ဝဲနေတာ။ စစ်ကားတွေလည်း လမ်းတလျှောက် ပတ်နေတာ တွေ့တယ်။ သူတို့ စစ်သားတွေ ပျောက်လို့ လိုက်ရှာတယ်ဆိုတာ ကျနေ်ာတို့က နောက်ပိုင်းမှ သိရတာ"ဟု တခြား ကလေးဒေသခံတဦးကလည်း ပြောသည်။

အကြမ်းဖက် စစ်ကောင်စီထံမှ ထွက်ပြေးပြီး ပြည်သူ့ ရင်ခွင်သို့ ခိုလှုံလာသည့် စစ်သား ၂၀၀၀ ခန့် ရှိနေပြီ ဖြစ်ကြောင်း CMD စစ်သားများက ပြောဆိုထားသည်။

Photo - Allegra Mendelson/ Southeast Asia Globe/ Al Jazeera
https://www.facebook.com/385165108587508/posts/1286551575115519/

31/08/2021

KNU တပ်မဟာ ၅ နယ်မြေတွင် ဩဂုတ်လအတွင်း စစ်ကောင်စီနှင့် တိုက်ပွဲပေါင်း ၁၃၀ ဖြစ်ပွား၊ စစ်ကောင်စီမှ ၁၁၈ ဦးသေဆုံးကာ ၆၈ ဦး ဒဏ်ရာရဟု မူတြော် ထုတ်ပြန်

ရန်ကုန်၊ သြဂုတ် ၃၁

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် (မူတြော်) အတွင်း ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ ထိမ်းချုပ်ရာ ဖာပွန်ခရိုင် (မူတြော်)အတွင်း အကြမ်းဖက်စစ်ကောင်စီ၊ လက်အောက်ခံ BGF တပ်ဖွဲ့ဝင်များနှင့် ကရင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၅ အကြား သြဂုတ်လအတွင်း တိုက်ပွဲပေါင်း ၁၃၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ ၁၁၈ ဦးသေဆုံးကာ ၆၈ ဦး ဒဏ်ရာရကြောင်း မူတြော်ခရိုင်မှ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီဘက်မှ ဒဏ်ရာရသူများထဲတွင် တပ်ရင်းမှူး ၁ ဦးပါဝင်ကြောင်းနှင့် KNLA တပ်မဟာ ၅ ဘက်မှ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူများ၏ နေအိမ် ၆ လုံး မီးလောင်ပျက်စီးသွားပြီး ရွာသား ၃ ဦး ရိုက်နှက်ခံခဲ့ရက ၁ ဦး သေဆုံးကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယခုရက်ပိုင်းအတွင်း တပ်မဟာ ၅ နယ်မြေသို့ အကြမ်းဖက်စစ်ကောင်စီမှ လေယာဉ်ဖြင့် ထောက်လှမ်းမှုများ ပြုလုပ်ခဲ့ပြီး ဒေသခံများ ဘေးကင်းလုံခြုံရေးအတွက် ဗုံးခိုကျင်းအနီးအနားတွင် သွားလာနေထိုင်ကြရန် KNU တပ်မဟာ ၅ မှ ညွှန်ကြားထားသည်။

photo - KNLA တပ်ဖွဲ့ဝင်များ (ပုံအဟောင်း)

Credit, khit thit media

31/08/2021

ကနက်သီရိရွာတွင် ပျူစောထီးအဖွဲ့ပစ်သတ်ခံရ၊ နှစ်ဦးသေဆုံး

https://www.facebook.com/385165108587508/posts/1285596178544392/

30/08/2021

ရှမ်း​မြောက် မုံးကိုး နမ့်ဟူး နှင့် ရစ်ခူး​ကျေးရွာ လမ်း​ထောင့်မှာ စစ်​ကောင်စီ တပ်သားအ​​လောင်း ၁၇ ​လောင်းလာပစ်ပုံထာ
https://www.facebook.com/504361519576965/posts/4645118532167889/

30/08/2021

မင်္ဂလာတောင်ညွန့်ထွေအုပ်ရုံးအစောင့်ရဲတပ်ကြပ်၃ဦးကွမ်းယာဝယ်ဆိုပီး CDMလုပ်သွား.လုံခြုံတဲ့နေရာရောက်ပြီဟုသိရ
#ရန်ကုန်ခရီးရှည်

ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ် ဆွဲမိုင်းမိသဖြင့် ၇ ဦးသေပြီး အများအပြားဒဏ်ရာရ 30/08/2021

ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ် ဆွဲမိုင်းမိသဖြင့် ၇ ဦးသေပြီး အများအပြားဒဏ်ရာရ
DVB
ပေါက်မြို့နယ်အတွင်းက ပင်တောင်ကျေးရွာနဲ့ ဝန်ခြုံးကျေးရွာကြားမှာ ထိုးစစ်ဆင်ဖို့ ရောက်ရှိလာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆွဲမိုင်းမိလို့ ၇ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
http://burmese.dvb.no/archives/484742
#ဆွဲမိုင်း #စစ်ကောင်စီတပ် #ပေါက်မြို့နယ်

ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ် ဆွဲမိုင်းမိသဖြင့် ၇ ဦးသေပြီး အများအပြားဒဏ်ရာရ ပေါက်မြို့နယ်အတွင်းက ပင်တောင်ကျေးရွာနဲ့ ဝန်ခြုံးကျေးရွာကြားမှာ ထိုးစစ်ဆင်ဖို့ ရောက်ရှိလာကြတဲ့ စစ်ကောင်စ....

30/08/2021

ဘုရင့်နောင် ကမ္ဘာ့ရတနာဘဏ်မှ ကျပ်သိန်းတစ်ထောင်ကိုဓားပြတိုက်ခံရ

မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်၊အမှတ် (၁) ရပ်ကွက်၊ သမိုင်းမြို့ဟောင်း(၈)လမ်းရှိကမ္ဘာ့ရတနာဘဏ်ကို ဩဂုတလ် ၃၀ ရက်၊ ယနေ့နံနက် ၁၁း၃၀ နာရီအချိန်ခန့်က လက်နက်ကိုင်ဆောင်ထားသူလေးဦးက ကျပ်သိန်းတစ်ထောင်ကို ဓားပြတိုက်လုယူသွားကြောင်းသိရသည်။

ပစ္စတိုသေနတ်ကိုင်ဆောင်ထားသော လူလေးဦးသည် Mark II ကားအဖြူရောင်ဖြင့် ရောက်ရှိလာပြီး ဘဏ်ဝန်ထမ်းများကိုခြိမ်းခြောက်ကာဘဏ်အတွင်းရှိ ကျပ်သိန်းတစ်ထောင်ကိုလုယူပြီး လှိုင်သာယာမြို့နယ်ဘက်သို့မောင်းနှင်ထွက်ပြေးသွားကြောင်းသိရသည်။

Credit:

29/08/2021

တပ်တွင်းဝါဒဖြန့် ကြေးနန်းစာဖတ်ပြသူ ဗိုလ်ကြီးကို ရဲဘော်တစ်​ယောက်က သေနတ်ဖြင့်ပစ်သတ်ပြီး ကိုယ့်ကိုကိုယ်အဆုံးစီရင်

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမယ်ဆိုတဲ့ တပ်တွင်းဝါဒဖြန့် ကြေးနန်းတစ်စောင်ကို မတူပီမြို့ခလရ ၁၄၀
တပ်ရင်း က ဗိုလ်ကြီးတစ်ယောက် ဖတ်ပြနေစဉ် တပ်သားတစ်ယောက်က အယုံကြည်မရှိဘူးဆိုပြီး အော်ပြောကာ ကြေးနန်းဖတ်ပြတဲ့ဗိုလ်ကြီးကို သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။
ကြေးနန်းဖတ်ပြတဲ့ဗိုလ်ကြီးကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ တပ်သားက သူကိုသူလဲ သေနတ်နဲ့ပစ်ပြီးခက်ခဲ့တာကြောင့်၂ယောက်စလုံးသေဆုံးသွားခဲ့တယ်လို့ အဲဒီတပ်က တပ်မတော်သားတစ်ယောက်ကအတည်ပြုပါတယ်။
အဲဒီကြေးနန်းကို စစ်ကောင်စီက က က ကြည်း ကတစ်ဆင့် တပ်တွေအားလုံးကို ဩဂုတ်လ ၂၉ရက်နေ့မှာ တပ်တွင်း CDM လုပ်သူတွေကို ထိန်းချုပ်ဖို့ ဝါဒဖြန့်ခဲ့တာဖြစ်ပါတယ်။
လက်ရှိ CDMလှုပ်ရှားမှုထဲပါဝင်လာတဲ့ တပ်မတော်သား ၁၅၀၀ ကျော်ရှိပြီးအမျိုးသားညီညွတ်ရေးအစိုးရက CDM ကုတ်နံပါတ်တွေကိုထုတ်ပေးနေပါတယ်။
#တပ်မတော်

29/08/2021
Photos from Thet Naing Oo's post 29/08/2021

ရှမ်း-ကယားနယ်စပ် ဒေါတဟေးကျေးရွာအနီးတွင် စစ်ကောင်စီနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ညနေတွင် တိုက်ပွဲထပ်ဖြစ်၊ လက်နက် ၃ လက် သိမ်းဆည်းရမိဟု KNDF ပြော

ရန်ကုန်၊ သြဂုတ် ၂၉

ရှမ်း-ကယားနယ်စပ် လွိုင်လင်လေးမြို့ အရှေ့ဘက် ဒေါတဟေးကျေးရွာအနီးတွင် သြဂုတ်လ ၂၉ ရက် ယနေ့ ညနေ ၅ နာရီ ခန့်မှစတင်ကာ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော်၊ KNDF ပူးပေါင်းတပ်ဖွဲ့တို့ကြား ၄၅ မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး လက်နက်ငယ် ၃ လက်နှင့် ကျည်ဆံများ၊ အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီမှ ထိုးစစ်ဆင်မှုများ ပြုလုပ်နေသော်လည်း အောက်ခြေတပ်သားများသည် တိုက်ပွဲအတွင်း လက်နက်များပစ်ချကာ စွန့်ခွာထွက်ပြေးမှုများရှိကြောင်းနှင့် ကရင်နီတပ်ဖွဲ့များဘက်မှ ထိခိုက်ဒဏ်ရာမရခဲ့ကြောင်း KNDF ထံမှ သိရသည်။

အဆိုပါဒေသတွင် ယမန်နေ့က စစ်ကောင်စီ၊ လက်အောက်ခံ PNA ပူးပေါင်းတပ်ဖွဲ့နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ယမန်နေ့တွင် တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ ၁၃ ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရပြီး ကရင်နီတပ်ဖွဲ့ဘက်မှ ၁ ဦး ဒဏ်ရာရရှိခဲ့သည်။

Credit, khit thit media

Videos (show all)

မကွေးစစ်ဆေးရုံကို ရဟတ်ယာဉ်နဲ့လာပို့တဲ့ ဒဏ်ရာရစစ်သားတွေ များပြားနေပြီး သေဆုံးသူတွေလည်းရှိနေပါတယ်။ မကွေးမြို့၊ နတ်မောက်လမ်...
ဟားချင်ဝင်ကြည့်
ထိပ်ပြောင်
အပင်

Website