Banmaw Youth Affairs Commitee

Banmaw Youth Affairs Commitee

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Banmaw Youth Affairs Commitee, Community Organization, .

Photos from Banmaw Youth Affairs Commitee's post 01/02/2021

ဗန်းမော်ခရိုင်လူငယ်ရေးရာ
ကော်မတီမှသဘောထားထုတ်ပြန်‌ကြေငြာချက်

Photos from Kachin State Youth Affairs Committee's post 01/02/2021
01/02/2021

ဗန်းမော်ခရိုင်လူငယ်ရေးရာကော်မတီ
သဘောထားကြေငြာချက်

(၁/၂၀၂၁)
ရက်စွဲ။ ။ ၁-၂-၂၀၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မရုံးမှထုတ်ပြန်ကြေငြာချက်(၁/၂၀၂၁)နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံံးမှ ကြေငြာချက် (၁/၂၀၂၁) ထုတ်ပြန်ချက်များအပေါ် ဗန်းမော်ခရိုင်လူ ငယ်ရေးရာကော်မတီမှ အောက်ပါအတိုင်း သဘောထားထုတ်ပြန်ကြေငြာလိုက်သည်။
၁။ ဗန်းမော်ခရိုင်လူငယ်ရေးရာကော်မတီသည် ဒီမိုကရေစီစံတန်ဖိုးနှင့် ငြိမ်းချမ်းစွာနေထိုင်ရေး၊ လူ့အခွင့်အရေးကို တန်ဖိုးထားသည်နှင့်အညီ မည်သည့်အာဏာရှင်စိုးမိုးမှုကိုမှ လက်မခံပါ။
၂။ နိုင်ငံရေး သဘောထားကွဲလွဲမှုကို ဒီမိုကရေစီစံတန်ဖိုးအရ ကွဲလွဲသောအုပ်စု အချင်းချင်း တွေ့ဆုံဆွေးနွေးခြင်းကို တိုက်တွန်းပါသည်။
၃။ နိုင်ငံရေးသဘောထားကွဲလွဲမှုအရ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးထိန်းသိမ်းခြင်းကို လက်မခံပါ။
၄။ နိုင်ငံရေးသဘောထားကွဲလွဲမှုအရ ဖမ်းဆီးခံထားရသောသူများအားလုံးကို ချက်ချင်းလွှတ်ပေးပါ။
၅။ ဒီမိုကရေစီစံအတိုင်း တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းပါသည်။
၆။ တပ်မတော်က ပါတီစုံရွေးကောက်ပွဲနှင့် ဒီမိုကရေစီစံတန်ဖိုးကို လိုလားသည်ဖြစ်၍ လူ့အခွင့်အရေးကို အသိအမှတ်ပြု လေးစားပြီး ကာကွယ်ပေးဖို့ တိုက်တွန်းပါသည်။

ဗန်းမော်ခရိုင်လူငယ်ရေးရာကော်မတီ
လူငယ်ကိုယ်စားလှယ်များ

Banmaw District Youth Affairs Committee
Opinion Statement (1/2021)
Date: 1st of February, 2021
Banmaw District Youth Affairs Committee issued the following statement on the statement (1/2021) of the Office of the President of the Republic of the Union of Myanmar and the statement (1/2021) of the Office of the Commander-in-Chief of the Armed Forces.
1. Banmaw District Youth Affairs Committee is committed to living in peace with democratic values; We do not accept any dictatorship as long as we value human rights.
2. Political dissent is encouraged by dialogue between disparate groups in line with democratic values.
3. No one should be detained for political dissent.
4. Release all those arrested for political dissent immediately.
5. We urge dialogue in a democratic manner.
6. According to the Myanmar military wants multi-party elections and democratic values, and Kachin State Youth Affairs Committee urges the recognition and protection of human rights.

Banmaw District Youth Affairs Committee
Youth representatives

21/12/2020

ဗန်းမော်ခရိုင်အတွင်းကလူငယ်များလျှောက်ထားနိုင်ကြပါသည်။

02/12/2020

#လူငယ်ဖွံ့ဖြိုးရေးသင်တန်း
"မိုးညှင်းခရိုင်လူငယ်ရေးရာကော်မတီ "မှ ကိုးဗစ်ကာလအတွင်း မိုးညှင်းခရိုင်ရှိ လူငယ်များ အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်ရန်အတွက် ယခုonline သင်တန်းကို ​စီစဥ်ပေးခြင်းဖြစ်ပါသည်။
#ခေါင်းစဥ်က"လူငယ်တို့၏အနာဂတ်ပြင်ဆင်မှု"
#တက်ရောက်လိုသူများအောက်ပါဖုန်းနံပတ်များသို့စာရင်းသွင်းနိုင်ပါပြီ။
ဖြင့်ပို့ချပေးမည်ဖြစ်ပါသည်။
#ပို့ချသူ ဆရာဦးထွန်းအောင်ကျော် ဖြစ်ပါသည်။

Photos from Banmaw Youth Affairs Commitee's post 16/11/2020

ဗန်းမော်ခရိုင်
လူငယ်ရေးရာကော်မတီ
မှရွှေကူမြို့ နယ်
တွင်အကူအညီလိုအပ်နေသူတချို့ အား
စားနပ်ရိက္ခာများ
တနိုင်တပိုင်​ဝေငှပေးခဲ့

ကချင်ပြည်နယ်
ရွှေကူမြို့နယ်တွင်အမှန်တကယ်လိုအပ်နေသူမိသားစုအချို့ အား ဗန်းမော်ခရိုင်လူငယ်ရေးရာကော်မတီမှ ကိုယ်ပိုင်ငွေများဖြင့်ဝယ်ခြမ်းကာ
အိမ်ထောင်စု ၂၂ စုစာအား
အိမ်ထောင်စုတစ်စုလျှင်
ဆန် ၂ ပြည်နဲ့ ၂ လုံး
ရွှေဝါဆပ်ပြာ ၂ ချောင်း
ဆီ ၅၀ သားတစ်ဘူး
ဖယောင်း ၁ ထုပ်
ဆား ၁ ထုပ်
ဟင်းချိုမှုန့် ၁ ထုပ်
ခေါက်ဆွဲ ၁ ထုပ်
ကြက်သွန်နီ ၅၀ သား
မသန်စွမ်းသူတစ်ဦးအား
ထောက်ပံ့ကြေး
၅သောင်းကျပ်
တို့ကို ၁၃.၁၁.၂၀၂၀ရက်နေ့တွင်တနိုင်တပိုင်
ထောက်ပံ့ပြီးဖြစ်ပါသည်

အိမ်တွင်အဆင်သင့်ရှိမနေသောအိမ်ထောင်စုတစ်ချို့ကိုအဆင်သင့်သလိုထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။
ကိုဗစ်၁၉ကပ်ရောဂါဘေးမှအမြန်ကင်းလွတ်ကြပါစေ

ကော်မတီ
09450972924

Photos from MSF Myanmar's post 16/11/2020
07/11/2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
■■ လူငယ်ရေးရာမူဝါဒ ■ ■

မူဝါဒစာအုပ် PDF ဖိုင်အား အောက်ပါလင့်ခ်မှတစ်ဆင့် ရယူနိုင်ပါပြီ။

Myanmar Youth Policy PDF file can be downloaded from the following link:

https://drive.google.com/open?id=1ztQtunpWMwH_LGRetZSKgHBHWDvQpBtX

source - (National Youth Policy - Myanmar)

06/11/2020
05/11/2020

"၂၀၂၀ရွေးကောက်ပွဲအလွန်လူငယ်တို့၏မျှော်မှန်းချက်" အွန်လိုင်းစကားဝိုင်း
🗳️🗳️🗳️🗳️🗳️🗳️🗳️🗳️🗳️🗳️🗳️🗳️🗳️🗳️🗳️🗳️🗳️

❏ ၂၀၂၀ ရွေးကောက်ပွဲမှာ ပထမအကြိမ် မဲပေးကြမယ့် မဲဆန္ဒရှင်လူငယ်အရေအတွက်က (၄.၆)သန်းခန့် ရှိကြောင်း စာရင်းဇယားများအရ သိရပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ကလည်း ရက်ပိုင်းပဲ လိုပါတော့တယ်။ ပထမအကြိမ် မဲပေးမယ့် လူငယ်တွေ ရွေးကောက်ပွဲမှာ ပါဝင်နိုင်ဖို့၊ ပါဝင်ကြဖို့က အင်မတန် အရေးကြီးလှပါတယ်။

❏ ဒါကြောင့် “မဲဆန္ဒရှင်လူငယ်တွေက ရွေးကောက်ပွဲအပေါ် ဘယ်လို သဘောထားကြသလဲ။ မဲပေးဖို့ ဘယ်လိုတွေ ရင်ခုန်နေကြသလဲ။ ရွေးကောက်ပွဲကနေ ဘာတွေ မျှော်လင့်ထားကြသလဲ” ဆိုတာတွေကို ဆွေးနွေးဖော်ထုတ်ပြီး ရွေးကောက်ပွဲမှာ နယ်ပယ်အသီးသီးမှလူငယ်တွေ ပိုမိုထိရောက်စွာ ပူးပေါင်းပါဝင်ရေးကို ရည်ရွယ်၍ အွန်လိုင်းဆွေးနွေးပွဲတစ်ရပ်ကို လုပ်ဆောင်သွားချင်ပါတယ်

📌 ဆွေးနွေးပွဲခေါင်းစဉ် "၂၀၂၀ရွေးကောက်ပွဲအလွန်လူငယ်တို့၏မျှော်မှန်းချက်" အွန်လိုင်းစကားဝိုင်း

◉ နေ့ရက် - ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၆)ရက် (သောကြာနေ့)

◉ အချိန်- ည (၇:၀၀) နာရီ မှ (၉:၀၀) နာရီအထိ

◉ ပါဝင်ဆွေးနွေးကြမည့် လူငယ်များ -

၁။ ကိုထက်နိုင်ဦး (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၊ ကျောက်တန်းမြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
၂။ ကိုဝေလွင်ဦး (ဥက္ကဌ၊မန္တလေးတိုင်းဒေသကြီးလူငယ်ကွန်ရက်)
၃။ ဆလိုင်းပဲန်ထန်း (တွဲဘက်ဘဏ္ဍာရေးမှူး ၊ဟားခါးမြို့နယ်လူငယ်အဖွဲ့၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
၄။ ကိုဝေယံအောင် (အတွင်းရေးမှူး ၊မကွေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ)
၅။ မင်းလှိုင်ထော (အဖွဲ့ဝင် ၊ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ)

☗ Moderator - မအေးသိမ့်သိမ့်ကျော် (အတွင်းရေးမှူး ၊ လွိုင်ကော်မြို့နယ်လူငယ်ရေးရာကော်မတီ)

❏ ဆွေးနွေးပွဲကို Magway Regional Youth Affairs Committee Facebook စာမျက်နှာမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် တင်ဆက်သွားမည်ဖြစ်ပါသည်။ ထို့ကြောင့် မိတ်ဆွေတို့အနေဖြင့် Facebook Live Streaming ကိုကြည့်ရှုခြင်း၊ Comment မှတစ်ဆင့် မေးခွန်းများ မေးမြန်းဆွေးနွေးခြင်းတို့လည်း ဆောင်ရွက်နိုင်ပါသည်။

☗ တိုက်ရိုက်ထုတ်လွှင့်မည့် Facebook စာမျက်နှာ-
▬ မကွေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ Page - https://www.facebook.com/magwayregionalyouthaffairscommittee/

Photos from Banmaw Youth Affairs Commitee's post 02/11/2020

အမှန်တကယ်လိုအပ်နေသူ
အိမ်ထောင်စု ၁၆စုအား
စားနပ်ရိက္ခာများကို ဗန်းမော်
ခရိုင်လူငယ်ရေးရာကော်မတီမှ တနိုင်တပိုင် မျှ ဝေ

က ချင်ပြည်နယ် မံစီမြို့နယ်
ဟန်ထက်ကျေးရွာရှိနွမ်းပါး
အိမ်ထောင်စု ၁၆ စုအား
ကော်မတီမှဆန်၊ဆီ၊ဆား၊
လက်ဖက်၊ဟင်းချိုမှုန့်၊
ကြက်သွန်နီခေါက်ဆွဲခြောက် များကိုဗန်းမော်ခရိုင် လူငယ်
ရေးရာ ကော်မတီမှထောက်ပံ့
ကူညီပေးခဲ့ပါသည်။
လိုအပ်နေသူ တွေအ များကြီး
တွေ့ခဲ့ပါသည်။

တာဝန်ခံ စာရင်းကောက်ယူ
လှူဒါန်းပေးသူ၊
ဗန်းမော်ခရိုင်
လူငယ်ရေးရာကော်မတီဝင်
မံစီမြို့နယ်နေ

မပိုပို
(ခ)အောင်ကျော်မြင့်(LGBT)

ကိုဗစ်ကပ်ရောဂါအမြန်ဆုံး
ပျောက်ကွယ်
သွားပါစေကြောင်း
ဆုတောင်းရင်းဖြင့်

ကော်မတီ

02/11/2020

နိုင်ငံရေးမှာ လူငယ်တွေဘာကြောင့်ပါဝင်သင့်သလဲ
+++++++++++++++++++++++++++++++++++

လူငယ်နဲ့နိုင်ငံရေးဆိုတာ ခွဲခြားထားလို့မရပါဘူး။ အဲ့ဒါကြောင့် အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေအဖြစ်ပါဝင်ယှဉ်ပြိုင်ကြမယ့် ပါတီအသီးသီးက လူငယ်ကိုယ်စားလှယ်လောင်းတွေကို "နိုင်ငံရေးမှာ လူငယ်တွေဘာကြောင့်ပါဝင်သင့်တာလဲ"ဆိုတဲ့ခေါင်းစဉ်နဲ့ တွေ့ဆုံ‌ဆွေးနွေးထားတာဖြစ်လို့ လူငယ်တိုင်းသိသင့်တဲ့အရေးကြီးတဲ့ ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။

ရိုက်ကူးထားတဲ့ ဗီဒီယိုကိုတော့ မကြာခင်မှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

31/10/2020
22/10/2020

အားလုံးပဲမင်္ဂလာပါခင်ဗျာ

ကျွန်တော်တို့ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး မှ လူငယ်ရေးရာကော်မတီများ ပူးပေါင်း၍ လူငယ်စကားဝိုင်း များကို ကျင်းပဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒီတစ်ပတ်အတွက်တော့
"ရွေးကောက်ပွဲအလွန် လူငယ်များ၏ အမြင်သဘောထား" များကို "မျှော်တလင့်လင့်" အမည်ရှိခေါင်းစဉ်ဖြင့် Zoom Application ကို အသုံးပြုပြီး တိုင်းနှင့်ပြည်နယ် လေးခု မှ ညီအကိုမောင်နှမများမှ ပူးပေါင်းတင်ဆက်ပေးမှာ ဖြစ်လို့ မပျက်မကွက်တက်ရောက်ပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။

Topic: ၂၀၂၀ရွေးကောက်ပွဲအလွန် လူငယ်တို့၏ အမြင်သဘောထားဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ
Time: 01:00 PM to 04:00PM
Date : Oct 25, 2020
Zoom Meeting https://zoom.us/j/2441991304 Meeting ID: 244 199 1304
Passcode: 123456

21/10/2020

သင်တန်းသူ/သားများ ဖိတ်ခေါ်ခြင်း ◾◾◾◾◾◾◾◾◾◾◾◾

ကချင်ပြည်နယ်လူငယ်ရေးရာကော်မတီမှ ကချင်ပြည်နယ်အတွင်းမှီတင်းနေထိုင်ကြသောလူငယ်များအတွက် "နိုင်ငံသားဆိုင်ရာအသိပညာ‌‌အမြင်ဖွင့်သင်တန်း" အွန်လိုင်းသင်တန်း (Civic Education Online Awareness Training) ကို အောက်ပါနေ့ရက်၊ အချိန်တို့တွင် ဝေငှပေးသွားမည်ဖြစ်ပါ၍ စိတ်ပါဝင်စားသည့်လူငယ်များ မည်သူမဆို ပါဝင်တက်ရောက်နိုင်ကြောင်းလေးစားစွာဖိတ်ကြားအပ်ပါသည်။

သင်တန်း နေ့ရက် နှင့် အချိန် ⏰

နေ့ရက် - ၂၅.၁၀.၂၀၂၀ (တနင်္ဂနွေနေ့)

အချိန် - နေ့လယ် ၀၁:၀၀ နာရီမှ ၀၃:၀၀ နာရီအထိ

နေရာ - ZOOM Cloud Meetings

လူဦးရေကန့်သတ်ထားပါသဖြင့် အရွေးချယ်ခံရသူများအား meeting ID နှင့် Password ကို ထပ်မံပေးပို့ပါမည်။

လိုအပ်သောအချက်အလက်များ
*****************************
အမည်
နေရပ်လိပ်စာ(မြို့နယ်)
ဖုန်းနံပါတ်

သင်တန်းပြီးဆုံးသည်အထိ တက်ရောက်သည့်သင်တန်းသူ/သားများကို Internet Fees အဖြစ် ထောက်ပံ့ငွေ (၃၀၀၀) ကျပ်စီ ပေးပို့သွားပါမည်။

တက်ရောက်လိုပါက
******************
ကိုစိုင်းသိန်းဝင်း ☎ ၀၉၄၅၇၀၄၆၆၃၉
မအားဂီဆာ ☎ ၀၉၄၂၈၃၁၃၇၅၄
ထံ ဆက်သွယ်၍ စာရင်းပေးသွင်းနိုင်ပါသည်။

09/10/2020

သင်တန်းသူ/သားများ ဖိတ်ခေါ်ခြင်း ◾◾◾◾◾◾◾◾◾◾◾◾

ကချင်ပြည်နယ်လူငယ်ရေးရာကော်မတီမှ မကြာခင်မှာ ကျင်းပပြုလုပ်တော့မည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပထမဦးဆုံးအကြိမ်မဲပေးကြမည့် လူငယ်များအတွက် မဲဆန္ဒရှင် အသိပညာပေး အွန်လိုင်းသင်တန်း (Voter Education Online Training) ကို အောက်ပါနေ့ရက်၊ အချိန်တို့တွင် သင်ကြားသွားမည်ဖြစ်ပါ၍ ကချင်ပြည်နယ်အတွင်းရှိ စိတ်ပါဝင်စားသည့်လူငယ်များ မည်သူမဆို ပါဝင်တက်ရောက်နိုင်ကြောင်းလေးစားစွာဖိတ်ကြားအပ်ပါသည်။

သင်တန်း နေ့ရက် နှင့် အချိန် ⏰

နေ့ရက် - ၁၃.၁၀.၂၀၂၀ (အင်္ဂါနေ့)

အချိန် - နံနက် ၁၀:၀၀ နာရီမှ ၁၂:၀၀ နာရီအထိ

နေရာ - ZOOM Cloud Meetings (meeting ID နှင့် Password ကို ထပ်မံပေးပို့ပါမည်)

သင်တန်းပြီးဆုံးသည့်အချိန်တွင် သင်တန်းသူ/သားများကို Internet Fees အဖြစ် ထောက်ပံ့ငွေ (၃၀၀၀) ကျပ်စီ ပေးပို့သွားပါမည်။

တက်ရောက်လိုပါက
******************
ကိုဇော်လင်းအောင် ☎ ၀၉၄၅၀၉၇၂၉၂၄
မချမ်းမြေ့လွင် ☎ ၀၉၂၆၁၈၇၃၀၄၆
ထံ ဆက်သွယ်၍ စာရင်းပေးသွင်းနိုင်ပါသည်။

13/09/2020

ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန Online တဦးချင်း ဘောလုံးကျွမ်းကျင်မှု့ပြိုင်ပွဲ မနက်ဖြန် (14.9.2020) စပြီနော် စည်းကမ်းချက်များနဲ့အညီ ပါဝင်ယှဉ်ပြိုင်လို့ရပါတယ်ဗျ😊😊 ✌️✌️

Website