စွမ်းထက်ကျော် တိုင်းရင်းဆေးခန်း - mdy

စွမ်းထက်ကျော် တိုင်းရင်းဆေးခန်း - mdy

လူကြီးမင်းတို့ကျန်းမားရေးအတွက် ၀၉၇

Photos from စွမ်းထက်ကျော် တိုင်းရင်းဆေးခန်း - mdy's post 26/01/2022

ဖတ်ပါ မှတ်ပါ လေ့လာပါ...အများသိစေရန်လည်း
✅Sharing ✅ ပြုလုပ်​ပေးပါခင်မျာ...

(ဂေါက်)အဆစ်အမြစ်ရောင် ရောဂါအတွက် ဆောင်ရန် / ရှောင်ရန်များ
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ ( စားသင့် / မစားသင့်သောအစားအစာများ

ယူရစ်အက်ဆစ်ဆိုတာ အစားအစာအတော်များများတွေရတဲ့ purine ဓါတ်ပြိုကွဲမှုကနေ ထွက်လာတဲ. product တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်က Purine ပရိုတင်းတမျိုးကို ခြေဖျက်ရာကနေ ယူရစ်အက်ဆစ်ဆိုတဲ့ ဓာတ်တစ်မျိုး ထွက်ပေါ်လာပါတယ်။

ယူရစ်အက်ဆစ်က များသောအားဖြင့် ဆီးထဲမှာပါသွားပေမယ့် သင့်ကျောက်ကပ်က ကောင်းစွာ အလုပ်မလုပ်ဘူးဆိုရင်၊ သင့်ခန္ဓာကိုယ်က ယူရစ်အက်ဆစ် အများကြီး ထုတ်လုပ်မယ်ဆိုရင် ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ယူရစ်အက်ဆစ်ပိုလျှံမှုက သင့်အဆစ်များမှာ အနည်ထိုင်လာပြီး (အဆစ်အမြစ် ဂေါက်ရောဂါလို့ သိကြတဲ့) ရောင်ရမ်းခြင်းတွေ၊ နာကျင်ကိုက်ခဲခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

သင့်ကျောက်ကပ်ထဲမှာ substanceတွေ စုပုံနိုင်ပြီး ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်လာနိုင်ပါတယ်။

အရွယ်ရောက်ပြီး အမျိုးသားများနှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် အဖြစ်များပါသည်။

ယူရစ် အက်ဆစ်လွန်ကဲလာတာကို လေ့လာတဲ့အခါ ၃ ပုံ ၁ ပုံကစားသုံးတဲ့ အစားအစာ
တွေကြောင့်လို့သိရပါတယ်။

ဂေါက်ရောဂါ ကို အစားအစာနဲ့ ကုမယ်

✅ ရေသောက်ခြင်း

ရေသောက်ခြင်းက သွေးထဲမှာရှိတဲ့ ယူရစ်အက်ဆစ်ပမာဏကို ဆီးကနေစွန့်ထုတ်ပေးသောကြောင့် တနေ့လျှင်ရေ ၈ ခွက်မှ ၁၀ ခွက်အထိ သောက်ပေးပါ။

✅ တရုတ်နံနံ

တရုတ်နံနံအစေ့(သို့)အရွက်ဟာ uric acidကိုကျစေတဲ့ အာနိသင်ရှိတာကြောင့် ထမင်းစားရင်ဘဲဖြစ်ဖြစ် ဟင်းချက်တဲ့နေရာမှာဘဲဖြစ်ဖြစ် တရုတ်နံနံရွက်ကို ထည့်ချက်ပါ။အစေ့ကို သုံးခွက်တစ်ခွက်ကျိုပြီး သောက်လို့လည်းရပါတယ်။

✅ ဘိုစားပဲ

ဘိုစားပဲသီးကို အစိမ်းလိုက် ဝါးစားခြင်း ( သို့ ) ဘိုစားပဲသီး ဖျော်ရည် တနေ့ ၁၅၀ မီလီလီတာ သောက်ပေးခြင်းဖြင့် အကျိုးထူး ခံစားရပါလိမ့်မည်။

✅ပန်းသီး

ပန်းသီးထဲရှိ မဲလစ်အက်ဆစ်ဓာတ်က ယူရစ်အက်ဆစ်ပမာဏကို မျှတစေလို့ နံနက်နေ့လည်. ည ထမင်းစားပြီးတိုင်း ပန်းသီး ၁ လုံးစီစားပါ ။(သို့မဟုတ်) ပန်းသီးဖျော်ရည်ကို သဘာဝပျားရည်နဲ့ ရောဖျော်သောက်ပါ။

✅ ငှက်ပျောသီး

ဂေါက်ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရချိန်မှာ တနေ့လျှင် ငှက်ပျောသီး ၁လုံးကျစီဖြင့် ၄ရက် ဆက်တိုက်လောက် စားပေးပါ။

✅ ရှောက်သီးနဲ့ သံပရိုသီး

ရှောက်သီးနဲ့ သံပရိုသီးထဲရှိ ဗီတာမင်စီ ဓာတ်များက အရိုးအဆစ်များကို သန်မာစေရုံသာမက ယူရစ်အက်ဆစ်ပမာဏကိုလည်း မျှတစေလို့ ရှောက်ရည် (သို့)သံပရိုသီးဖျော်ရည်ကို သကြားနဲ့ဆား လုံးဝမထည့်ပဲနဲ့ သောက်ပါ။

✅ နာနတ်သီး

ယူရစ်အက်ဆစ်ကိုမျှတစေသည့် ရှားပါးသော bromelain ပါရှိသော နာ နတ်သီးဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေတဲ့အတွက် ဂေါက်ရောဂါဖြစ်နေချိန် နာနတ်သီးစားခြင်းဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

Uric Acid ယူရစ်အက်ဆစ်ကို လျော့ချပေးမည့် အစားအစာမ်ား၊ စားပေးသင့်သော အစားအစာများ
✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅

✅- ပန်းဂေါ်ဖီစိမ်း - သခြားသီး
- ပန်းဂေါ်ဖီစိမ်းနဲ့ သခွားသီးတွေက သွေးထဲမှာ ယူရစ်အက်ဆစ် ပိုလျှံမူနဲ့ အဆစ္မ်ား
ပတ်လည်ရှိ ယူရစ်အက်ဆစ်ပုံဆောင်ခဲတွေ ထုတ္လုပ္မူကို လျော့နည်းစေပါတယ်။

✅ - ငှက်ပျောသီး
- ငှက်ပျောသီးက ယူရစ်အက်ဆစ် ပမာဏကို လျော့ချရန်အကောင်းဆုံး အသီးပါ။

✅ - မုန်လာဥနီ
- မုန်လာဥနီသည် ဂေါက်ရောဂါကို ကာကွယ်ပေးသလို ကျန်းမာရေးကို
လည်း ပိုမို ကောင်းမွန်စေနိုင်ပါတယ်။

✅- ချယ်ရီသီး
- anthocyanin လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင့်ပစ္စည်း ပါဝင်လို့ ချယ်ရီသီးက ယူရစ်
အက်ဆစ်ပမာဏကိုလျော့ချပေးနိုင်တယ် - အဆစ်ပတ်ပတ်လည်မှာရှိတဲ့ crystals မဖြစ်ပေါ်အောင် တားဆီးပေးနိုင်ပါတယ်။

✅- ရေ
- ရေ မကြာခဏ သောက်ခြင်းက ယူရစ်အက်ဆစ်ပမာဏကို လျောနည်းစေရုံသာမ
က ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းနဲ့ အဆိပ်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

✅- ပန်းသီး
- ပန်းသီးကို ပုံမှန်စားသုံးတဲ့အခါ ခန္ဓာကိုယ်ကို detox ဖြစ်စေတဲ့အပြင် ပိုလျှံနေတဲ့
ယူရစ်အက်ဆစ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

✅- တရုတ်နံနံကြီး
- ယူရစ်အက်ဆစ် များလို့ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကနေ ကာ
ကွယ်ပေးနိုင်တယ် - ယူရစ်အက်ဆစ်ပမာဏကိုလည်း လျော့ချပေးနိုင်ပါတယ်။

✅ - ကြက်သွန်နီ
- ခန္ဓာကိုယ်ကနေ ယူရစ်အက်ဆစ်တွေကို ဖယ်ထုတ်ပြီး ယူရစ်အက်ဆစ်ပိုလျှံလို့ ဖြစ်
လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကြက်သွန်နီကကူညီပေးနိုင်ပါတယ်။

✅ - ရေနွေးကြမ်း
- ရေနွေးကြမ်းပုံမှန်သောက်ရင် ဂေါက်ရောဂါကိုတားဆီးသလို သွေးထဲယူရစ်အက်ဆစ်
ပမာဏမြင့်တက်တာကိုလည်း ထိန်းပေးပါတယ်။

✅- ရှောက်သီး သံပုရာသီး. သံပုရိုသီး
- ဒီအသီး မျိုးနွယ်ဝင် Citric acid ပါဝင်သည့်အသီးတွေကို စားခြင်းဖြင့် ခန္ဓာကိုယ်
အတွင်းရှိ ယူရစ်အက်ဆစ်လွန်ကဲခြင်းကို တားဆီးနိုင်ပါတယ်။

✅ - ဘယ်ရီသီးများ
- ဘယ်ရီသီးတွေ ပုံမှန်စားလျှင် ခန္ဓာကိုယ်မှာ ယူရစ်အက်ဆစ် လွန်ကဲစွာ စုပုံခြင်းကို
တားဆီးပေးနိုင်ပါတယ်။

🤚မစားသင့်သည့်အစားအစာများ🤚

🤚ဝမ်းတွင်းကလီစာ - ဥပမာ - အသည်းအမြစ်၊ နှလုံး၊ ဦးနှောက်။

🤚အနီရောင်ရှိသော အသားများ - ဥပမာ - အမဲသား၊ ဆိတ်သား

🤚 ပင်လယ်စာများ၊ ငါးသေတ္တာငါးအစရှိတဲ့ အစားအစာ တွေ ပာာ Purine လို့ခေါ်တဲ့ ဓါတ်တစ်မျိုးပါတဲ့ အတွက် Uric Acid ကို ပိုများစေပါတယ်။

🤚 တစ်နေ့ကို အသင့်သောက် အချိုရည် ၆ဘူး အထက်သောက်တဲ့ သူတွေ မွာ လည်း Uric Acid တွေများနေပါတယ်။ အကြောင်းအရင်း ကေတာ့ အချိုရည် တွေ မွာပါတဲ့ သကြားတစ်မျိုးဖြစ်တဲ့ Fructose (ဖရက်တို့စ်) ကြောင့်ပါ။

🤚 အရက် အလွန်အကျွံသောက်တာ ကိုလည်းရှောင်ကြဉ်ရပါမယ်။

🤚. ကော်ဖီ ကိုလည်း တစ်နေ့ ၂-၃ ခွက်ထက်မပို သင့်ပါဘူး။

🤚 ပဲပုပ်စေ့၊ ကုလားပဲ စတဲ့ ပဲတွေမှာတော့ purine ပါဝင်မှု့ မ်ားတဲ့ အတွက် အလွန်အကျွံ မစားမိဖို့လိုအပ်ပါတယ်။

🤚 ဗီတာမင် စီ နှင့် ဒီ ပါဝင်သော အားဆေးများကို တတ်နိုင်သမျှရှောင်ကြဉ်ရပါမယ်။ ဆီးကျောက်တည်တာ ကို ပိုဆိုးစေလို့ပါ။

🤚. အသီးအရွက်ထဲ မှာဆိုရင် ပာင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊ မွို တွေကို အများကြီးမစားသင့်ပါဘူး။

အများသိစေရန်လည်း
✅Sharing ပြုလုပ်နိုင်ပါသည်ခင်မျာ✅
Credit...

26/01/2022

Kidney bean..ဆိုလို..ပဲကတ္တီပါကို..သေချာကြည့်မိ
ကျောက်ကပ်နဲ့တူသား။ ပဲစေ့ ပုံစံလေးက။

လေ့လာကြည့်တော့...

ပဲကတ္တီပါ.မှာ.ပါတဲ့ အခါးဓာတ်လေးကအဖိုးတန်တဲ့
အင်ဇိုင်းတစ်ခုဖြစ်နေတယ်။ ကျောက်ကပ်၏.cell
တွေကိုအသစ်တည်ဆောက်ပေးနိုင်တဲ့ အမိုင်နိုအက်စစ်
ပရိုတင်းတွေဖြစ်တယ်။

ဗီတာမင် E.အများကြီးပါတယ်။
သွေးမသန့်သူတွေ..သွေးကို သန့်စင်ရာမှာ.အာနိသင်ထက်
၏။

ပျမ်းမျှအားဖြင့်...အမျိူးသမီး..10 ယောက်မှာ
6 ဦးလောက်က.သံဓာတ် ချိူ့တဲ့ကြတယ်။
အမျိူးသားတွေမှာလည်း.ချိူ့သူ.ရှိပါတယ်။

ပဲကတ္တီပါ.မှာ..သံဓာတ်...2 ဒသမ ကျော်ပါတယ်။

တလက်စထဲ ပြောရရင်.
ပဲနီလေးထဲမှာ.3 ဒသမကျော်ပါတယ်။

ဆီးချိူ တက်နေသူတွေ ပဲနီလေးစားရင်.
တော်ယုံဗိုက်ပြန်မစာဘူး.။

ပဲတွေမှာ...အမျှင်ဓာတ်တွေ များလိုပါ။

ပရိုတင်း.များနေသူ.အစာခြေဖိုခက်သူ.တွေကတော့
သတိထား.စားရပါမည်။

GI...နည်းသော.အစာ.ဖြစ်လို့..ဆီးချိူ.တက်နူံးနှေး၏။

ဆီးချိူသမားဆိုတာ..အဟာရ..ပြည့်ဝအောင်
စုံစီစွာ..ရာသီအလိုက် စားလိုရပါသည်။
( သို့သော် ဘာစားစား.ကိုယ်အခြေနေ ကိုယ်သိရပါမည်)

ပဲကို...ပြုတ်ရာတွင်..အတွင်းထဲထိ..နူးအိနေအောင်
ပြုတ်ရပါမည်။

ပဲကတ္တီပါက...ကျောက်ကပ် ကောင်းတယ် ဆိုပြီး
အများကြီး..စားလို့မရပါဘူး။
အရာရာ.တန်ဆေး..လွန်ဘေးပါ။

အရာရာကို.မျှတစွာ..တသက်လုံးစားရမှာ.
ဖြစ်တဲ့အတွက်...ချဉ့်ချိန်စားရပါမည်။

ပိုတက်ဆီယမ်..များသူ.ဆို မစားသင့်ပါ။
ပရိုတင်းတွေ များနေသူ.ဆို မစားသင့်ပါဘူး။

ပဲကတ္တီပါက...ဦးနောက်ကို ကျမ်းမာစေတယ်
စိတ်ဖိစည်းမူ့ ခံရသူတွေ စားကြတယ်။
ညအိပ်ပျော်တယ်။

တစ်ချိူ့လူကြီးတွေ..ထမင်း.မစားနိုင်ရင်
ပဲကတ္တီပါ .နူးနူး.အိအိလေး.ကျွေးလိုရပါသည်။

ဝိတ်ချနေသူ.တွေ အတွက်လည်း.ကောင်းပါသည်။
အမျှင်ဓာတ် များစွာပါလိုပါ။

အများကြီး..တထိုင်ထဲ..စားရန် မသင့်ပါ
နေ့ခင်းနေ့လည်..အဆာပြေစားရာတွင်..
စားကြတာ.များပါသည်။

ကျွန်မကတော့..ကြက်သွန်နီ ပါးပါးလှီး
သံပုရာသီးညှစ်ပြီး ငရုပ်သီးစိမ်း.ကိုက်စားလေ့ရှိ၏
( အစပ် ကြိုက်သူမို့ပါ )

အရာရာ.မှာ...အကောင်း./ အဆိုး.ဒွန်တွဲလေ့ရှိပါသည်။
ဆီးချိူ.မတက်ဘူး..ဆိုပြီး..အများကြီး..
ထိုင်စားနေရင်..ကျောက်ကပ်အတွက် အဆိပ် ပြန်
ဖြစ်တက်၏။ပဲကတ္တီပါ မှာ ပါတဲ့ အမိုင်နိုအက်စစ်က
ကျောက်ကပ်က အများကြီး.မလို.လိုပါ။

ကျွန်မ...တစ်လ..ကို..နစ်ခါ.သုံးခါ.လောက်တော့
စားဖြစ်သည်။..တစ်ခါစားရင်..စတီးဇွန်း..လေးဇွန်း
လောက်ပါဘဲ။

ကိုယ်အခြေနေ...ကိုယ့်ရောဂါ..ကိုယ်သာအသိဆုံးမို့
ဘာစားစား...လေ့လာမယ် / ချဉ့်ချိန် စားသောက်
တက်မယ်ဆိုရင်......အရာရာ.အဆင်ပြေလာပါလိမ့်မည်။

ချစ်တဲ့.....wwk

26/01/2022

''နွေဦး အတွက် ရာသီစာ"

♧ ရာသီဥတု မှာ တနေ့ထက် တနေ့ ပူလောင်လာသဖြင့် အစာစားချင်စိတ်လည်း သိပ်မရှိလှ၊ ထမင်း နဲ့ အသားဟင်းတွေ အပေါ် ခံတွင်းမတွေ့ဖြစ်နေတတ်တယ်။ ယခုလို နွေရောက်လု အချိန်အခါမျိုးမှာ တမာရွက်နုလေးတွေ နဲ့အတူ တမာဖူးကလေးတွေ အပင်မှာ ဝေနေလေပြီ...

♧ စျေးထဲမှာလည်း မန်ကျည်းသီးမှည့်၊ ဆီးသီးမှည့်တို့နဲ့ အချဉ်ဖောက်ထားတဲ့ တမာရွက်နု အစည်းလေးတွေ အရောင်းသွက်လာကြတယ်...

♧ မြန်မာ့ရိုးရာ တို့စရာ တမာရွက်နု ကို အိမ်ရှေ့က ခူး၊ မန်ကျည်သီးမှည့်လေး နဲ့ အလွယ်ပြုတ်နိုင်သလို ဆီးသီးနဲ့ ပြုတ်ရင် အရသာ ပိုမို လေးပင်ပြီး စားလို့ပိုကောင်းလှတယ်။

♧ အစားအသောက် သိပ်ခံတွင်းမတွေ့တဲ့ လူ တောင် ထမင်းပူပူလေး ကို ခရမ်းချဉ်သီး ငပိချက်လေးနဲ့နယ်..တမာရွက်ပြုတ်လေး မြုပ်စားလျှင် ထမင်းအလွန်ဝင်မှာ သေချာတယ်..ပြုတ်ဖို့ အချိန်မရ ရင် ဟင်းချက်နေတုန်း ဟင်းအိုးအဖုံးပေါ်တင်ထားရုံ နဲ့ ငါးပိရည်၊ ငါးပိချက် တို့နဲ့ တို့မြုပ်စားနိုင်တယ်...

♧ တမာရွက်မှာ အသားဓာတ်၊ ရေငွေ့ဓာတ် နဲ့ ထုံးဓာတ်တို့ ပါဝင်နေတယ်။ အာရှ တောင်ပိုင်း မှာ တမာရွက်ကို ဟင်းလျာအနေနဲ့ရော ဆေးဝါးအနေနဲ့ပါ သုံးစွဲခဲ့တာ နှစ်ပေါင်း ၂၀၀၀ ကျော်ပြီ လို့တွေ့ရပါတယ်..အင်းစက်အပါအဝင် ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို၊ သန်ကောင်၊ တုတ်ကောင် အပြင် ကြွက်တွေက အစ ပိုးမွှားအကောင်ငယ်ပေါင်း ၂၀၀ ကျော်က ကြောက်ရတဲ့ အပင် ဖြစ်တယ်...

♧ ဒါ့ကြောင့် အမေရိကန်အမျိုးသား သုတေသီအဖွဲ့ က '' တမာပင်ဟာ တကမ္ဘာလုံး ဆိုင်ရာ ကျန်းမာရေးဆိုင်ရာ ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်တဲ့ အပင်" လို့တောင် တင်စားကြတယ်...
အရွက်ကို tea( လဘက်ရည်) လို ခပ်သောက်နိုင်သလို အဖူးအပွင့်တွေကို ဟင်းလျာထဲမှာ ထည့်ချက်ပြုတ်နိုင်တယ်။

♧ တမာရွက်ဟာ တမာရဲ့ အခြားအစိတ်အပိုင်းတွေလို #အရောင်ကျစေခြင်း၊ #ပိုးသေစေခြင်း၊ #အဖျားကျစေခြင်း၊ #အရေပြားဆိုင်ရာပြဿနာများ၊ #သွားနဲ့ခံတွင်းဆိုင်ရာပြဿနာများ အပေါ် အကျိုးသက်ရောက်မှု ရှိပါတယ်။

♧ ၎င်း တမာရွက်ကို နေ့စဉ်မှန်မှန် ပမာဏအနည်းငယ် စားပေးရုံ နဲ့ တမာရွက်မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ဒြပ်ပေါင်း တွေကြောင့် ခန္ဓာကိုယ် မှာ #ကင်ဆာဆဲလ် တွေ တိုးပွားမလာအောင် ထိန်းပေးထားနိုင်တယ်.. #ကင်ဆာဆဲလ် တွေ သေစေနိုင်တဲ့ အာနိသင်လည်းရှိတယ်..

♧ ဒါ့ပြင် နှလုံး နဲ့ သွေးလည်ပတ်မှုဆိုင်ရာ ပြဿနာများကိုလည်း ကာကွယ်ပေးနိုင်တယ်..အရွက် နဲ့ အပွင့် ပြုတ်ရည် (၂၀၀ ~ ၄၀၀) မီလီလီတာ (သို့) အရွက်ခြောက်မှုန့် (၅ ~ ၁၀) ဂရမ် ကိုသောက်ပေးခြင်းဖြင့် ဆီးချိုရောဂါ ကို သက်သာစေနိုင်တယ်..

♧ တမာရွက် ရဲ့ ပိုးသေစေတဲ့ အာနိသင်ကြောင့် အူလမ်းကြောင်းတလျှောက်ရှိ ရောဂါဖြစ်စေတဲ့ ဘတ်တီးရီးယားများကို သေစေနိုင်တယ်..အူမကြီးကိုလည်း သန့်စင်စေတယ်..
ပွေး၊ဝဲ၊ညှင်း အတွက်သာမက ကိုယ်ခန္ဓာပြင်ပ သန့်ရှင်းစင်ကြယ်စေဖို့ တမာရွက် လက်တစ်ဆုပ်ခန့်ကို မိမိရေချို့မဲ့ ဇလုံ/ကန် အတွင်းမှာ ညသိပ်၍စိမ်ထားပါ..မနက်မှာ ၎င်းရေနဲ့ ရေချိုးပေးပါ..ခန္ဓာကိုယ် သန့်စင်ပြီး ရောဂါပိုးမွှားများ အလွယ်တကူ မဝင်ရောက်နိုင်ပေ...

♧ တမာရွက် ဟာ ခါးပြီး ကြေကျက်တဲ့အခါ စပ်ပြီး ကြေကျက်တတ်တဲ့ သဘောရှိတယ်..သီတတေဇောဓာတ် လွန်ကဲလို့ ခန္ဓာကိုယ်မှာ သလိပ် ဓာတ်တွေ ပွားများလာတဲ့အခြေအနေ မှာ တမာရွက်ဟာ လောင်စာကဲ့သို့ တေဇော (ဥဏှ)ဓာတ် ကို ဖြစ်စေတယ်...ဒါ့ကြောင့် ခန္ဓာကိုယ် ရဲ့ စွမ်းအင်စု (Energy) အဖြစ် တမာရွက်ဟာ ကိုယ်ခံအားကို မြင့်မားစေတယ်...

♧ ဒါပေမဲ့ ၎င်း ဥဏှတေဇောဓာတ် လွန်ကဲလာရင် အမျိုးသားတွေမှာ သုက်ပိုးတွေ သေစေနိုင်တဲ့အထိ ဖြစ်သွားနိုင်တယ်..တန်ဆေး လွန်ဘေး ဆိုပေမဲ့ အချို့ ပုရိသ များကလည်း ၎င်း ဘေး ကိုပင် တားဆေး အဖြစ် တမာရွက်ကို မှန်မှန် စားပေးကြသူများလည်းရှိတယ်..

♧ အမျိုးသမီးများအတွက် တမာရွက် များများစားလျှင် သားအိမ်ကို တိုက်ရိုက်မထိခိုက်သော်လည်း ကိုယ်ဝန်ရှိစ ၄~၅ လ မှာ လုံးဝ မစားသင့်ပါ..ကလေးငယ်များ လည်း မစားသင့်ပါ..
အမျိုးသမီး အပျိုငယ်များ တမာရွက်များများစားလျှင် ဥဏှတေဇောလွန်ကဲမှု ကြောင့် ရာသီသွေးဆင်းတာ နည်းသွားတတ်ကြတယ်...ထိုအခါ ရေများများပြန်သောက်ပေးခြင်း..ရေ ထဲ၌ ရှောက်ရည် အနည်းငယ်ထည့်၍ သောက်ပေးခြင်းဖြင့် အပူငြိမ်းစေပါတယ်..

♧ မည်သို့ပင်ဖြစ်စေ...တမာရွက်ကို ဥာဏ်ဖြင့် ချင့်ချိန်ကာ နေ့စဉ် မှန်မှန် ပမာဏ အနည်းငယ်စီ စားပေးလျှင် အလွန် ဆေးဘက်ဝင်လှပါတယ်..အခါးအရသာကြောင့် လူကြိုက်နည်းသော်လည်း ရာသီစာ ဖြစ်လို့ လူတိုင်းစားသုံးသင့်သော ဓာတ်စာ ဖြစ်ပါတယ်...

:)
ကျေးဇူးတင်ပါတယ်...
ဆက်လက်ကြိုးစားသွားပါဦးမည်>>>

Credit

Photos from စွမ်းထက်ကျော် တိုင်းရင်းဆေးခန်း - mdy's post 22/12/2021

ခု​ခေတ်မှာ ကွန်ပျူတာ​​တွေနဲ့ အလုပ်လုပ်ရတာ,
ဖုန်း​တွေအကြည့်များတာ စတဲ့အာရုံစိုက်ရတာ​တွေများတာ​ကြောင့် လည်ပင်းကျီး​​ပေါင်းဖြစ်တဲ့နှုန်းဟာပိုများလာပါတယ်
ဖုန်းကလဲ မကြည့်ပဲမ​နေနိုင်တာ​ကြောင့်
​လေ့ကျင့်ခန်း​လေး​တွေလုပ်​ပေးဖို့ အကြံပြုလိုပါတယ်

#ကျီး​ပေါင်းအတွက် ​လေ့ကျင့်ခန်း

19/12/2021

ဆောင်းရာသီရောက်လာပြီဆိုတော့

လေးဘက်နာရောဂါရှိသူ
ဂေါက်ရောဂါရှိသူတွေဟာ
ခြေဆစ်လက်ဆစ်
ခြေဖျားလက်ဖျားတွေကိုက်ခဲခြင်း
ထုံကျဥ်ခြင်းတွေဖြစ်လေ့ရှိပါတယ်

ဘေးဘက်နာသမားတွေ
ဂေါက်သမား​​တွေအနေနဲ့
အသင့်တော်ဆုံးဆေးလေးကိုဆောင်ထားလိုက်ပါ

တစ်ဘူး_၃၀၀၀ ကျပ်

ဆက်သွယ်ရန်
၀၉၇၉၅၂၄၀၃၆၄
၀၉၇၈၁၃၇၆၈၁၈

18/10/2021

ခေတ်အနေအထားအရ အိပ်မပျော်တာ
လူတိုင်းနီးပါး ကြုံတွေ့နေမယ်လို့ ထင်ပါတယ်
ဒီအတွက် ကိုယ်တိုင်အသုံးပြုနေတဲ့
#ဧကရာဇ်
နှလုံးငြိမ်အိပ်ပျော်ဆေး
အသုံးလိုရင် ဆက်သွယ်ဝယ်ယူ အားပေးနိုင်ပါတယ်။
တစ်ဘူး ၂၅၀၀ ကျပ်ပါ။
ဖုန်း ၀၉၇၉၅၂၄၀၃၆၄

ဆေးအာနိသင်ကို comment တွင် ဖော်ပြထားပါသည်။

Photos from စွမ်းထက်ကျော် တိုင်းရင်းဆေးခန်း - mdy's post 22/01/2021

ကြွက်နရွက်မှိုစားခြင်းအကျိုးကျေးဇူးများ
♥♥♥♥♥♥♥♥♥♥♥♥♥♥

♥အကျိုးများအား
သိသွားရင်တော့
နေ့စဥ်စားဖြစ်မှာကတော့အမှန်ပင်။

♥ကြွက်နားရွက်မှိုကို
ရောင်ရမ်းမှုသက်သာစေတဲ့
သဘာဝဆေးတစ်လက်အနေနဲ့ အသုံးပြုခဲ့ကြသလို မျက်စိရောဂါတွေနဲ့ ကင်ဆာရောဂါတွေကုဖို့အတွက်ပါအသုံးပြုခဲ့ကြပါတယ်။

♥ကြွက်နားရွက်မှိုမှာ....

ဗီတာမင် ဘီ၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ phosphorus နဲ့ ဆီလီကွန်တို့ပါဝင်နေပါတယ်။
ပရိုတင်းဓာတ်မြင့်မား စွာပါဝင်နေပြီး ခန္ဓာကိုုယ်အတွက် လိုုအပ်တဲ့အဆီဓာတ်နဲ့အခြားဓာတ်တွေပါ၀င်ပါတယ်။

♥ဒါ့အပြင် ကြွက်နားရွက်မှိုဟာ
ကယ်လ်လိုရီပါဝင်မှုနည်းတာကြောင့် သွေးတွင်းသကြားဓာတ်ကိုမတက်စေနိုင်တဲ့အတွက် ဆီးချိုသမားတွေအတွက်လည်း သင့်တော်ပါ တယ်။

♥အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အူမကြီးဆိုင်ရာဝေဒနာတွေမဖြစ်အောင် ကာကွယ်ပေးပြီး အရိုးအဆစ်တွေ ရောင်ရမ်းတာကိုသက်သာစေနိုုင်တဲ့ အာ နိသင်လည်းရှိပါတယ်။

♥ဒါတွေတင်မကသေးပါဘူး
ကြွက်နားရွက်မှိုမှာ ခန္ဓာကိုယ်တစ်ခုလုံးကို ကျန်းမာစေနိုင်တဲ့ ဓာတ်တွေပါဝင်နေသလို ကိုယ်ခံအားကောင်းအောင်လှုံ့ဆော်ပေးတဲ့ဓာတ် တွေလည်းပါဝင်နေပါတယ်။

♥မျက်လုံးနဲ့ ကိုယ်တွင်းအင်္ဂါအမြှေးပါးတွေရောင်ရမ်းတာကိုလည်း လျော့ပါးသက်သာစေနိုင်ပါတယ်။

♥သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး သရက်ရွက်ကိုကျန်းမာစေတယ်။

♥ကင်ဆာကျိတ်တွေမဖြစ်အောင်
ကာကွယ်ပေးပြီး
သွေးတွင်းကိုလက်စထရောနဲ့ ခန္ဓာကိုယ်အတွက် အကျိုးမပြုတဲ့အဆီတွေကိုကျ ဆင်းစေပါတယ်။

♥ကြွက်နားရွက်မှိုမှာပါတဲ့(adenosine) က သွေးတွင်းကိုလက်စထရောကိုကျဆင်းစေပြီး သွေးစီးဆင်းမှုကိုကောင်းမွန်စေသလို အက်ဒရီနယ်လင်ဟော်မုန်းကိုထိန်းညှိပေးပါတယ်။

♥သွေးတွင်း PH ပမာဏနဲ့ ဟော်မုန်းပမာဏတွေကိုလည်း ထိန်းညှိပေးနိုင်စွမ်းရှိပါတယ်။

♥အစာခြေလမ်းကြောင်းကို ကျန်းမာစေနိုင်တဲ့ terpenoids ပါဝင်နေတဲ့အတွက် အစားအစာကြောင့် ဓာတ်မတည့်မှုဖြစ်တာကိုလည်း ကာကွယ်ပေးပါတယ်။

♥သွေးတွင်းအောက်ဆီဂျင်ပမာဏကိုတိုးတက်စေပြီး တစ်သျှူးတွေကို ကျန်းမာစေသလို ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပြီး နာတာရှည်ပင်ပန်းနွမ်းနယ်မှု၊ ကိုယ်ခံအားနည်းတာ၊ သွေးတိုးတာနဲ့အဆစ်အမျက်တွေ ရောင်ရမ်းတာကိုလျော့ပါးသက်သာစေနိုင်ပါတယ်။

♥ကြွက်နားရွက်မှိုက
ဘီတာကယ်ရိုတင်းကြွယ်ဝတာကြောင့် မျက်လုံးကျန်းမာစေသလို မျက်စိဝေဒနာတွေကိုလည်းသက်သာစေနိုင်ပါတယ်။

♥အသက်ရှူလမ်းကြောင်းဆိုင် ရာ ကူးစက်ရောဂါတွေကိုတိုက်ဖျက်ပေးပြီး အသားအရေ၊ ဆံသား၊ သွားနဲ့သွားဖုံးကျန်းမာရေးတွေကို ကောင်းမွန်စေနိုင်ပါတယ်။

♥အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေသလို ပါးစပ်၊ နှာခေါင်း၊ လည်ချောင်း၊ လေပြွန်၊ အဆုတ်နဲ့အသက်ရှူလမ်းကြောင်းတစ်လျှောက်က အမြှေးပါးတွေကိုကျန်းမာစေပြီး နှလုံးနဲ့ သွေးကြောတွေကိုပါ ကျန်းမာစေနိုင်ပါတယ်။

source kumudra journalမှ ကူးယူဖော်ပြသည်

20/01/2021

ကျီးပေါင်းကြောင့် ခံစားနေရတဲ့ဝေဒနာတွေ သက်သာအောင်....
၁။ လည်ပင်း နဲ့ ဂုတ်ပိုးမှာ နာတာ၊ တင်းတောင့်တာ ဇက်ကြောတက်တာတွေအတွက် နှမ်းဆီ(သို့) မုန်းညင်းဆီ တစ်မျိုးမျိုးရရာ လိမ်းပြီး အသာအယာနှိပ်နှယ်တာ၊ ရေနွေးအိတ်ကပ်တာမျိုး လုပ်ပေးလို့ရပါတယ် ကြွက်သားတွေ တင်းနေတာလျော့ပြီး သွေးလည့်ပတ်မှု အားကောင်းလာရင် သက်သာသွားပါလိမ့်မယ်
(ခါးဆစ်ပိုင်းဖြစ်တယ်ဆိုရင်လဲ ဒီနည်းသုံးပါ)

၂။ တက်နေတဲ့ကျီးပေါင်းသားတွေဟာ ကျောရိုးဆစ်နှစ်ခုကြားထဲ ဖြာထွက်နေကြတဲ့ အာရုံကြောလေးတွေကို ထိုးမိတာ ညှပ်မိတာကြောင့်
- လက်ဖျားခြေဖျားထုံကျဉ်တာ ကိုက်တာနာတာ - ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်ရခက်ခဲတာ
- လမ်းလျှောက်ရခက်ခဲတာ
- ဆီးဝမ်းထိန်းရခက်ခဲတာတွေဖြစ်တတ်ပါ တယ်။

သက်သာလာဖို့ -----
- နာကျင်နေတာတွေသက်သာစေမဲ့ ဆေးအစာသောက်ဖို့လိုပါမယ်
- ကျီးပေါင်းသားထိုးမိ ခိုက်မိလို့ အာရုံကြော ယောင်ရမ်းတာ သက်သာဖို့ အယောင်ကျ အာနိသင်ရှိတဲ့ဆေးအစာတွေသောက်ဖို့လိုပါမယ်
- တောင်တင်းနာကျင်နေတတ်တဲ့ ကြွက်သားတွေ
ပြေလျော့စေမဲ့ လိမ်းဆေး သို့မဟုတ် ကုထုံး( အကြောပြင်ခြင်း၊ ကြွက်သားပြင်ခြင်း ၊ ကြပ်ထုတ်ထိုးခြင်း စသည်....)
- ညှပ်မိလျက်အနေအထား၊ ကျောရိုးဆစ်နှစ်ခုကြားတွေမှာရှိနေကြတဲ့ disc ပြား ကျွံထွက်လာပြီး အာရုံကြောကိုဖိမိတာမျိုး ဆိုရင်တော့ အရိုးအကြောအဆစ်ရောဂါကု သမားတော်နဲ့ ပြဖို့လိုပါမယ်

ဒီလောက်ဆိုရင် အိမ်မှာကုလို့ရတဲ့အဆင့် နဲ့ ဆေးခန်းပြရမဲ့အဆင့် ခွဲခြားသိနိုင်ပါပြီ

ဆေးခန်းမသွားချင်ဘူး အိမ်မှာပဲအဆင်ပြေအောင်လုပ်မယ်ဆိုသူတွေအတွက်
"ဆန္ဒအောင်" အမှတ်တံဆိပ် နဲ့
တိုင်းရင်းဆေးခန်းသုံး
#ကျီးပေါင်းရောဂါကုသောက်ဆေးနဲ့
#ကျီးပေါင်းရောဂါကုလိမ်းဆေး ရှိပါတယ်

သောက်ဆေးနှစ်ထောင် (၂၀၀၀) ကျပ်
လိမ်းဆေးနှစ်ထောင်(၂၀၀၀) ကျပ်

ဆေးခန်းလာလူနာတွေကုသရင် အသုံးပြုတဲ့ဆေးဖြစ်တာကြောင့် စိတ်ချလက်ချအသုံးပြုနိုင်ကြောင်းအာမခံပါတယ်

လိုအပ်လို့အသုံးပြုချင်တယ်ဆိုရင်
စွမ်းထက်ကျော် တိုင်းရင်းဆေးခန်း
9A နှင့် 9 လမ်းကြား၊ 73 လမ်း၊ ရွှေမန်းတောင်အားကစားကွင်းအနီး၊ မြောက်ပြင်၊ မန္တလေးမြို့။
ဖုန်း - 09766706052 , 09795240364

လေ့ကျင့်ခန်းတွေကိုတော့ နောက် post တွေမှာတင်ပါမယ်

19/01/2021
19/01/2021

သံပုရာသီး အသုံး၀င်ပုံ (၁၀) ချက်

၁။ ခံတွင်း ကျန်းမာရေး

သံပုရာသီးဟာ သွားကို ဖြူစေ ပါတယ်။ သံပုရာသီး အခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေ ရုံတင် မကဘူး။ တောက်ပ စေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေ ပါတယ်။ သွားကိုက် နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်း ပေးပါ။

၂။ နှုတ်ခမ်းကွဲခြင်း

မျက်နှာ လိမ်းခရင်မ် တစ်ဇွန်း (လက်ဖက်ရည် သောက်ဇွန်း)နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါ လိမ့်မယ်။

၃။ ဆံပင်ကျွတ်ခြင်း

အုန်းရည် လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။

၄။ ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်

ကြက်ဥ အကာရည်နှင့် သံပရာရည် (သံပုရာသီး တစ်လုံးစာ) တို့ရောပြီး ဆံနွယ် အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီး ဆေးကြော ပေးပါ။ တစ်လလောက် လုပ်ပေး ရုံနဲ့တင် ဦးရေပြား သန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင် သွားပါ လိမ့်မယ်။

၅။ အသားအရေ ခြောက်သွေ့ခြင်းအတွက်

ငှက်ပျောသီးမှည့် တစ်လုံးကို ယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ် ဆတ်ဆတ် သံပုရာရည် တစ်စက် နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီး တို့ကို ရောစပ်ပေးပါ။ ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။ နောက်တစ်နည်း ကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း)ကို ဟင်းသီး ဟင်းရွက် ဆီနဲ့ ရောပေးပါ။ ပြီးရင် သံပုရာရည် တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊ တံတောင်ဆစ် တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော် နေတဲ့ နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြား အလှအပ အတွက် အကောင်းဆုံး ပေးစွမ်း စေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဝက်ခြံနဲ့ ယားနာတွေကို ပျောက်ကင်း စေတဲ့ သတ္တိ ရှိပါတယ်။ မှဲ့ခြောက် တွေကိုလည်း ပျောက်ကင်း စေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။

၆။ အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်များအတွက်

သံပုရာရည် နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက် ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီးစိတ်ကို ချေပြီး ပျော့ဖတ် သဖွယ် ရအောင် လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာအောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ စ်ဖန် ပြန်ဆေးကြော ပေးပါ။

၇။ တံတောင်ဆစ် မည်းခြင်းအတွက်

သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ ကြာပေမယ့် အရေပြားကို သန့်စင်သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေ တွေဟာ မှောင်မှောင် မှိုင်းမှိုင်းနဲ့ ခြောက်ခြောက် သွေ့သွေ့ ဖြစ်နေ တတ်ပါတယ်။ အရောင်အဝါ လင်းလက် ချင်တယ် ဆိုရင်တော့ လတ်လတ် ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင် ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်း ထန်းနဲ့ မအိပ်ချင်ဘူး ဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည် တစ်ခွက် တစ်ဝက်ခန့် ထည့်ပြီး အဲဒီ့ရေနဲ့ စိမ်ချိုးပေးပါ။

၈။ လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင်

သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကို စိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်း တွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။ ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ် ဆိုရင်လည်း ပိုပြီး တောက်ပြောင် လာပါ လိမ့်မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ်မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရက်ရ်ှနဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက် ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြော ပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင် စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့ ရေနွေးတစ်ဝက်တို့ ရောပြီး ဘရက်ရ်ှနဲ့ တိုက်ပေးရင် ပိုကောင်း ပါတယ်။

၉။ ခြေထောက်

သံပုရာရည် တစ်ခွက်စာ (ကော်ဖီခွက် တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင် ပါတယ်၊ အနည်း၊ အများ အရေး မကြီးပါ)တို့ ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူး ဆိုရင် တခြားအနံ့ ပစ္စည်းတို့ သုံးနိုင်ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြု နိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင်တော့ အဲဒီ့အရည်ကို ခြေထောက်စိမ် ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေးကြောသန့်စင်ပေးပါ။ တစ်ပတ်လောက် လုပ်ကြည့် လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိသာသာ ချောမွေ့ လာပါ လိမ့်မယ်။

၁၀။ နွေအပူမှာချွေးထွက်များနေခြင်းအတွက် အကောင်းဆုံးသစ်သီး

ပူပြင်း ခြောက်သွေ့တဲ့ နွေရာသီလို ဥတုမျိုးမှာ ချွေးထွက် သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူ သက်သာအောင် လုပ်ဖို့ပဲ ဖြစ်ဖြစ် သံပုရာရည်ကို ပျားရည် တစ်ဇွန်းနဲ့ ရောပြီး သောက်ပေးပါ။ သွေးလေ လည်ပတ်မှုကို ကောင်းမွန် စေရုံမျှမက ချွေးထွက်ခြင်းကိုလည်း သက်သာ စေပါတယ်။ သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့ သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင် ပေးပါတယ်။

သတိပြုရန်

လေဖြတ်ခြင်းမျက်နှာရွဲ့ခြင်းများအတွက်မျက်နှာကို သံပုရာသီးနဲ့လှိမ့်တာမျိုး (လုံးဝ) မလုပ်ပါနဲ့ 💥💥💥

Credit To >Royal Hero Media

14/01/2021

ခပ်နည်းနည်းပဲစားတဲ့ Style

မိတ်ဆွေများကိုကမ္ဘာပေါ်မှာခေတ်စားလာမယ့်အကောင်းဆုံးStyleတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။အဲဒီ Styleလေးကခပ်နည်းနည်းပဲစားတဲ့ Style ဖြစ်ပြီးအကျိုးကျေးဇူးသိပ်များပါတယ်။အဲဒီStyleကိုလုပ်လိုက်ပြီဆိုတာနဲ့ကျန်တဲ့Styleတွေပါအလိုအလျောက်ပါလာမယ်ဆိုတာကိုဒီpostဖတ်ရင်းနဲ့သိသွားပါလိမ့်မယ်။

ကျနော်တို့ဟာနေ့စဉ်အစားအသောက်တွေကိုစားသောက်ကြရတယ်။အဲဒီလိုစားရာမှာရသတဏှာကိုဦးစားပေးပြီးဗိုက်ဝအောင်စားရမှကျေနပ်ကြတယ်။အဲဒါသည်ကျနော်တို့အတွက်အမှားကြီးမှားနေတာပြဲဖစ်တယ်။လူတစ်ယောက်အသက်ရှင်ရပ်တည်ဖို့အတွက်စားသင့်တဲ့အတိုင်းအတာကသူ့အစာအိမ်ပမာဏလောက်ပြဲဖစ်တယ်။အစာအိမ်ပမာဏကဂရိတ်ဖရုသီးတစ်လုံးအတိုင်းအတာလောက်ပဲရှိတာဖြစ်တယ်။ဒါကြောင့်တစ်ခါစားရင်ဂရိတ်ဖရုသီးတစ်လုံးစာလောက်ပဲစားရမယ်။

အဲ့လိုမစားဘဲဗိုက်ကြီးပြဲကားအောင်စားနေကြတော့ဘာဖြစ်လာသလဲ။ကိုယ်တွင်းကလီစာတွေကစားလိုက်တဲ့အစာတွေကြေညက်အောင်ချက်တဲ့အလုပ်ကိုပင်ပန်းစွာလုပ်ရပါတယ်။အစာခြေရည်တွေအများကြီးထုတ်ရတယ်၊သည်းခြေရည်တွေထုတ်ရတယ်၊နှလုံးကလည်းပိုအလုပ်လုပ်ရတယ်၊ကျောက်ကပ်ကလည်းပိုဆေးရတယ်၊အသည်းကလည်းပိုပြီးအဆိပ်ဖြေပေးရတယ်။အူတွေကလည်းအလုပ်ပိုလုပ်ရတယ်။ကြာတော့ကလီစာတွေသိပ်ပင်ပန်းကြတယ်။နှစ်ရှည်မခံတော့ဘူး။

စားသင့်တဲ့အတိုင်းအတာထက်ပိုစားတဲ့အစာတွေကကိုယ့်အတွက်အကျိုးမရှိဘူး။ပိုတဲ့အစာတွေကအဆိပ်အပုပ်တွေဖြစ်သွားတယ်။Free Radical တွေပိုထွက်လာစေတယ်။ရောဂါတွေကိုဖြစ်စေတာပဲအဖတ်တင်တယ်။ဘာမှကိုအကျိုးမရှိဘူး။

အစားကြူးတဲ့သူတွေကိုလေ့လာကြည့်ပါ။သူတို့ဟာရောဂါသိပ်များတယ်။အစောကြီးသေကြတယ်။ရုပ်ရည်အားဖြင့်လည်းကြည့်ရဆိုးတယ်။ဘဝအရည်အသွေးမကောင်းဘူးဆိုတာတွေ့ရလိမ့်မယ်။

လူတွေကအများကြီးစားနိုင်မှအားရှိတယ်လို့ထင်နေကြတယ်။တကယ်တော့အပူအပုပ်ကင်းပြီးပေါ့ပါးလန်းဆန်းခြင်းသည်သာအားရှိခြင်းဖြစ်ပါတယ်။သွက်လက်ဖြတ်လတ်ခြင်းသည်သာအားရှိခြင်းဖြစ်တယ်။

ကဲ....ဒါဆိုဘယ်လိုစားရမလဲပြောမယ်နော်....မြန်မာလူမျိုးတွေဖြစ်တဲ့အတွက်စားနေကျမြန်မာစာတွေကိုပဲသင့်ရုံစားသွားဖို့ပါပဲ။အထွေအထူးပြောင်းစားဖို့မဟုတ်ဘူး၊စားမယ့်Meal potion amount ကိုသာသင့်ရုံစားဖို့ဖြစ်ပါတယ်။ဂရိတ်ဖရုတစ်လုံးစာလောက်ပေါ့။

Breakfast စားမယ်ဆိုရင်မုန့်ဟင်းခါးသင့်ရုံတစ်ပွဲပေါ့။၂ပွဲမဖြစ်စေနဲ။အီကြာတွေးဆိုလည်းတစ်ချောင်းပေါ့၊ပေါက်ဆီဆိုလည်းတစ်လုံးပေါ့၊
ကြက်ဥပေါင်မုန်တစ်ချပ်ပေါ့၊နံပြားပြဲပုတ်ဆိုလည်းတစ်ချပ်ပေါ့။တော်ပီလေတစ်ပွဲ၊ကော်ဖီလည်းတစ်ခွက်ပဲပေါ့။

Lunchစားမယ်ဗျာ။ထမင်းတစ်လုံးအသားငါးဟင်း၂တုံး၊အရွက်ကြော်သင့်ရုံပေါ့။ခေါက်ဆွဲကြော်ထမင်းကြော်ဆိုရင်လည်းပွဲသေးပေါ့။ဆီချက်ဆိုလည်းတစ်ပွဲပေါ့။သင့်ရုံပဲ။

Dinnerစားမယ်ဗျာ။ဘိုစာဆိုလည်းတစ်ပွဲစာလောက်ပဲ။ကြာဆံကြော်ဆိုလည်းတစ်လုံးလောက်ပဲ။ကြက်သားpuffဆိုလည်း၂ခုလောက်ပေါ့။ဘာစားစားကြိုက်တာသာစားဗျာ၊အတိုင်းအတာကဂရိတ်ဖရုတစ်လုံးစာလောက်ပြဲဖစ်ရမယ်။

ဂရိတ်ဖရုတစ်လုံးစာလောက်ပဲစားရမယ်ဆိုတော့ဗိုက်ပြည့်ပါ့မလားပေါ့။အစာအိမ်ကသိပ်အံ့သြစရာကောင်းတယ်။ဂရိတ်ဖရုတစ်လုံးစာလောက်ပဲစားတဲ့အလေ့အကျင့်လုပ်ပေးရင်အစာအိမ်ကသူ့ဟာသူသေးသွားရောဗျ။တစ်ပတ်ဆယ်ရက်တော့အချိန်ပေးပြီးစောင့်ရတယ်။တစ်ပတ်အတွင်းမှာတော့စားရတာတင်းတိမ်မှာမဟုတ်ပေမဲ့ဆယ်ရက်လောက်မှာကျင့်သားရပြီးမဆာတော့ဘူး။နည်းနည်းပိုစားမိရင်တောင်အစာအိမ်ကလက်မခံချင်တော့လောက်အောင်အကျင့်ကောင်းသွားပြီ။အဲဒါဆိုအေးအေးဆေးဆေးပဲ။

ရေကတောBodyရဲ့လိုအပ်ချက်အတိုင်းသောက်ပေးဖို့လိုတယ်။ပေါင်၅၀ကိုတစ်လီတာနှုန်းနဲ့သောက်ရမယ်။ပေါင်၁၅၀ဆိုရင်တစ်နေ့ကို၃လီတာအနည်းဆုံးပဲ။ရေသောက်ရင်မနက်စောစောကလွဲလို့ကျန်တဲ့အချိန်တွေမှာနည်းနည်းနည်းနည်းနဲ့ခဏခဏသောက်ပေးတာပိုကာင်းပါတယ်။စားထားတဲ့အစာဟောင်းတွေအကုန်ပြန်ထုတ်ဖို့ကရေကိုပြည့်မီအောင်သောက်ဖို့လိုတယ်။

အဲဒီလိုခပ်နည်းနည်းပဲစားတဲ့styleနဲ့သွားရင်Bodyကတဖြည်းဖြည့်းသွယ်လျလာလိမ့်မယ်။ကိုယ်တွင်းမှာအဆိပ်အပုပ်တွေကင်းတဲ့အတွက်အသားရေကြည်လင်လှပလာလိမ့်မယ်။ပေါ့ပါးသွက်လက်တက်ကြွလာလိမ့်မယ်။မကောင်းတဲ့ကော်လက်စတြောတွေမရှိလို့မျက်နှာကအစ်ထစ်မနေတော့ဘဲပိုချောလာလိမ့်မယ်။Bodyလှလာတဲ့အတွက်ဝတ်စားဆင်ယင်မှာကလည်းအလိုလိုstyleကျနေလိမ့်မယ်။ဥာဏ်ရည်လည်းကောင်းလာလို့လုပ်ငန်းလုပ်လို့ပိုအဆင်ပြေလာလိမ့်မယ်။တရားထိုင်ရတာလည်းသိပ်ကောင်းလိမ့်မယ်။ရုပ်ပိုင်းဆိုင်ရာသာမကစိတ်ပိုင်းဆိုင်ရာလည်းမိမိကိုယ်မိမိယုံကြည်မှုတွေတိုးလာလိမ့်မယ်။မမျှော်မှန်းထားတဲ့အကျိုးကျေးဇူးတွေရလာတာကိုအံ့သြစွာကြုံလာရပါလိမ့့်မယ်။

ရန်ကုန်မြို့ကကြယ်၅ပွင့်ဟိုတယ်ကြီးတစ်ခုမှာဘူဖေးညစာသွားစားဖူးပါတယ်။အဲ့မှာပြင်သစ်၂ယောက်ကိုတွေ့တယ်။သူတို့ဘယ်လိုစားလည်းလေ့လာကြည့်တယ်။အစားအစာတွေကိုပန်းကန်လှရုံပဲထည့်စားပြီးပြန်သွားကြတယ်။ကျနော်တို့မြန်မာတွေကတော့ပန်းကန်အမောက်ကြီးတွေ၂ခါ၃ခါထပ်ထည့်စားပြီးဗိုက်ပြဲကားမှအိမ်ပြန်ကြပါတယ်။အဲဒါကိုသတိထားမိတယ်။

ကျနော်စင်္ကာပူမှာနေတုန်းကနေ့တိုင်းစားတဲ့ထမင်းဆိုင်ကတရုတ်လင်မယားကကျနော်စားတာကိုနေ့တိုင်းကြည့်နေကြတယ်။ထမင်းကို၃ပန်းကန်လောက်စားတာကိုး။ခြောက်လလောက်ကြာတော့သူတိ့နဲ့ခင်သွားတယ်။သူတို့ကဘာပြောသလဲဆိုရင်မင်းအဲ့လောက်စားနေရင်ရောဂါတွေဖြစ်လာလိမ့်မယ်တဲ့။သင့်ရုံပဲစားတဲ့။ဟုတ်တယ်ဗျ၊စလုံးကလူတွေထမင်းတစ်လုံးပဲစားကြလို့ရောဂါကင်းပြီးသွယ်လျကြတာတွေ့ရတယ်။

ကမ္ဘာကျော်မင်းသားမင်းသမီးတော်တော်များများဒီအတိုင်းခပ်နည်းနည်းစားတဲ့Styleကိုကျင့်သုံးနေကြတယ်။ဘောလိဝုဒ်မင်းသားမင်းသမီးတွေတောင်အရင်လိုဗိုက်မပူကြတော့ဘူးဗျ။မြန်မာပြည်မှာလည်းကြည့်။သာသနာရေးမှာဆိုရင်ပါချုပ်ဆရာတော်ကြီးပေါ့၊နိုင်ငံရေးလောကမှာဆိုအမေစုလိုပုဂ္ဂိုလ်မျိုးပေါ့၊အနုပညာလောကမှာဆိုလည်းဒါရိုက်တာဦးအောင်ကိုလတ်တို့လိုပုဂ္ဂိုလ်တွေပေါ့၊ပန်းချီဦးစိုးမိုးလိုပုဂ္ဂိုလ်မျိုးပေါ့၊စီးပွားရေးလောကမှာဆိုဦးမောင်ဝိတ်တို့လိုပေါ့။ဘယ်လောက်ကြည့်ကောင်းပြီးအောင်မြင်နေကြလဲဆိုတာ။ဒါကထင်ရှားတဲ့သူအချို့ကိုပြောတာ။အခြားပြည်တွင်းပြည်ပကလူတွေအများကြီးရှိပါသေးတယ်။

ကဲ...မိတ်ဆွေများ....အခုကJanuaryလပေါ့ဗျာ။အခုကစပြီးခပ်နည်းနည်းပဲစားတဲ့styleကိုလုပ်ကြည့်ကြမလား။နောက်နှစ်January ဒီအချိန်လေးမှာအဖြေထုတ်ကြည့်ကြမယ်။တကယ်ဖြစ်ချင်ရင်တကယ်လုပ်-အဟုတ်ဖြစ်ရမည်တဲ့။ကျန်းမာပြီးရောဂါကင်းတဲ့ဘဝ၊သွယ်လျပြီးလှပတဲ့ဘဝ၊တိုးတက်ပြီးအောင်မြင်တဲ့ဘဝ၊စိတ်ချမ်းသာပြီးပျော်ရွှင်တဲ့ဘဝကိုတကယ်လိုချင်သူတွေအတွက်.....

CHALLENGE.......!!!

ချစ်ခင်လေးစားလျှက်........

မူရင်းရေးသားသူအား
Credit ပေးပါတယ်ခင်ဗျာ

10/01/2021

မျိုးဗီဇပြောင်း ကိုဗစ်(၁၉)ရောဂါကို ကာကွယ်ဖို့ ၊ပိုမိုခက်ခဲပြီး အထူးဂရုစိုက်မှသာ အဆင်ပြေပါတော့မယ်၊

လက်ဆေး/Mask တပ်ရုံမျှဖြင့်
မလုံလောက်တော့သော
New COVID-19 ကာကွယ်ရေး...

မူလ D Strain(Aspartic Acid)မှ
G Strain(Glycine) သို့ပြောင်းလဲခဲ့ပြီ
ဖြစ်သောမျိုးဗီဇပြောင်း COVID-19 ၏ အန္တရာယ်မှကာကွယ်ရန်အတွက်
လက်ဆေးခြင်း/Mask တပ်ထားခြင်း
မျှလောက်ဖြင့်ပြီးပြည့်စုံမှုမရှိနိုင်တော့
သည်ကိုသတိပြုကြရမည်ဖြစ်သည်...

COVID-19 ၏ မူလကူးစက်နိုင်စွမ်းက
တစ်ဦးထံမှ ၃ ဦးကျော်အထိသာ
ရှိခဲ့သော်လည်း၊
မျိုးဗီဇပြောင်းလာသော COVID ကမူ
တစ်ဦးထံမှ ၂၀ ဦးထံသို့အထိ
စွမ်းအားရှိနေပြီဖြစ်သည်...

စနစ်တကျထိန်းချုပ်ခြင်းမပြုနိုင်ပါက
ရောဂါပိုးရှိသူတစ်ဦးမှ ၂၀ ဦးဆီသို့၊
ထို ၂၀ ဦးမှနောက်ထပ် ၂၀ ဦးစီထံသို့
ထပ်ဆင့်ဆပွားကာ
ကူးစက်ပြန့်ပွားသွားနိုင်သည်...

လက်ရှိအနေအထားတွင်
စက္ကန့် ၂၀ ကြာလက်ဆေးခြင်းနှင့်
Mask တပ်ခြင်းများအပြင်...

မိမိနေအိမ်အတွင်း၌သာ
နေထိုင်ခြင်း၊

နေအိမ်ပြင်ပသို့အချိန်ကြာမြင့်စွာ
သွားလာခြင်းမှအတတ်နိုင်ဆုံး
ရှောင်ရှားခြင်း၊

နေအိမ်ပြင်ပသို့သွားရောက်ပါက
မျက်နှာအကာအကွယ်အဖြစ်
Face Shield ခေါ်
Anti-Splash Mask ကိုပါ
တပ်ဆင်အသုံးပြုခြင်း၊

အိမ်နီးချင်းများနှင့်
ကူးလူးဆက်သွယ်မှုကိုရှောင်ရှားခြင်း၊

ဧည့်သည်ကိုလက်ခံခြင်းနှင့်
မိမိကိုယ်တိုင်တစ်ပါးသူထံသို့
သွားရောက်လည်ပတ်မှုမှ
ရှောင်ရှားခြင်း၊

အပြင်မှပြန်ရောက်ရောက်ခြင်း
အဝတ်အစားများအားလုံးကို
ဆပ်ပြာဖြင့်လျှော်ဖွတ်/ရေချိုးပြီးမှသာ
မိသားစုနှင့်ထိတွေ့ခြင်း၊

ရုံး/စက်ရုံများ၌
အလုပ်ဆင်းရသူများအနေဖြင့်
ရုံး/စက်ရုံသို့ရောက်ရောက်ခြင်း
တံတောင်ဆစ်မှစ၍
ဆပ်ပြာဖြင့်လက်ဆေးခြင်း၊
ဒူးခေါင်းမှစ၍
ဆပ်ပြာဖြင့်ခြေဆေးခြင်း၊

ညနေအိမ်ပြန်ရောက်လျှင်
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း
လုပ်ဆောင်ပြီးမှသာ
မိသားစုနှင့်ထိတွေ့ခြင်း၊

ထီးနှင့်ဖိနပ်များကို
နေအိမ်/တိုက်ခန်းအတွင်းသို့
သွင်းခြင်းကိုရှောင်ရှားခြင်း၊

ဟင်းသီးဟင်းရွက်များကို
ဆားရည်ဖြင့်စိမ်ထားပြီးမှသာ...
အသားငါးများကို
ဆားဖြင့်နှံ့အောင်နယ်ပြီးမှသာ...
ချက်ပြုတ်ခြင်း၊

ဟင်းလျာများကိုစီမံသည့်အခါ
အစိမ်းသုပ်စားခြင်းကို
အထူးရှောင်ရှားပြီး၊
ကျက်အောင်ချက်ပြုတ်ပြီးမှသာ
စားသောက်ခြင်း၊

မလွှဲမရှောင်သာသော
အခြေအနေကြောင့်
စားသောက်ဆိုင်များ၌
စားသောက်ရသည့်အခါ
တစ်ဦးချင်းစီအတွက်
ဟင်းပွဲငယ်တစ်ပွဲချင်းစီခွဲ၍
လည်းကောင်း၊
ရေပုလင်းတစ်ပုလင်းချင်းစီခွဲ၍
လည်းကောင်း၊
ရေခွက်တစ်ခွက်ချင်းစီခွဲ၍
လည်းကောင်းစားသုံးခြင်း၊

မည်သည့်အကြောင်းနှင့်မျှ
တစ်ဦးနှင့်တစ်ဦးထိတွေ့မပြု ခြင်း၊

စသည်တို့ကိုလိုက်နာကျင့်သုံးကြရန်
လိုအပ်ပါသည်...

ရောဂါပိုးရှိနေသူက
နှာချေ /ချောင်းဆိုးလျှင်
ဗိုင်းရပ်ပိုးက ၅ ပေကျော်
အကွာအဝေးအထိ
ရောက်ရှိနိုင်သဖြင့်
တစ်ဦးနှင့်တစ်ဦး
၃ ပေအကွာအဝေးက
လုံလောက်မှုမရှိသည်ကို
သတိပြုကြလျက်၊
တစ်ဦးနှင့်တစ်ဦး
အနည်းဆုံးနှစ်မီတာ(၆ ပေခွဲ)ခွာ၍
နေကြရမည်သာဖြစ်ပါသည်...

မိဘပြည်သူများအားလုံး
ကပ်ရောဂါဆိုးကြီး၏အန္တရာယ်မှ
လွတ်မြောက်ရှင်သန်နိုင်ကြပါစေ...

မူလပိုစ်ပိုင်ရှင်ကို Crd

02/01/2021

အာရုံကြောအားနည်းရခြင်း အကြောင်းရင်း (၇) ချက်

====================

အာရုံကြောအားနည်းခြင်း (Neuropathy) မှာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်သော ဝေဒနာတစ်ခုဖြစ်ပါတယ်။

ထို့ကြောင့် အာရုံကြောအားနည်းသူ တစ်ဦးကို မည့်သည့်အ ကြောင်းကြောင့် ဖြစ်ရသည်ကို တိကျစွာ အဖြေရှာရန် အလွန်အရေးကြီးပါတယ်။ ရောဂါတစ်ခုကိုကုသရာတွင် လတ်တလောဖြစ်နေတဲ့ရောဂါအခြေအနေ ကိုသက်သာအောင်လုပ်တာထက် ရောဂါရဲ့ အဓိကဇာစ်မြစ်ကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသပေးရမှာပါ။

ခြေလက်များ ထုံကျဉ်ခြင်း၊ ပိုးကောင်ငယ်များ တတ်သလို ရွစိရွစိခံစားရခြင်း၊ လေးလံထိုင်းမှိုင်း ခြင်း၊ ခြေလက်မသယ်ချင်သလို ဖြစ်ခြင်း၊ အာရုံခံစားမှုများ မကောင်းတော့ခြင်း စသည့်လက္ခဏာများကို Peripheral Neuropathy (အာရုံကြောအားနည်းရခြင်း) ၌ တွေ့ရတတ်ပါတယ်။ အာရုံကြောအားနည်းရခြင်း အကြောင်းရင်း (၇ ) ချက်ရှိပါတယ်။

(၁) ထိခိုက်ဒဏ်ရာ

ထိခိုက်ဒဏ်ရာ တစ်ခုခုကြောင့် အာရုံကြောထိခိုက်မှု ( Nerve Injury) ဖြစ်ခဲ့လျှင် အာရုံကြောအားနည်းခြင်း ဖြစ်နိုင်ပါတယ်။

(၂) ရောဂါ ပိုးမွှားဝင်ရောက်ခြင်း

ရောဂါပိုးတချို့သည် အာရုံကြောကို ထိခိုက်စေတတ်ပါတယ်။ဥပမာအားဖြင့် အနာကြီး ရောဂါပိုးသည် အာရုံကြောအားနည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

(၃) အာဟာရချို့တဲ့ခြင်း

အာဟာရချို့တဲ့ခြင်း ကြောင့် အာရုံကြောအားနည်း ခြင်းဖြစ်နိုင်ကြောင်းတွေ့ရပါတယ်။ ဗီတာမင် B1, B6, B12 ပါ သော အားဆေးများကို အာရုံကြော အားဆေးအဖြစ် လူသိများခြင်းဖြစ်ပါတယ်။ ပရိုတင်းဓာတ်ချို့တဲ့ခြင်းသည်လည်း အာရုံကြောအားနည်းခြင်းကို ဖြစ်စေသော အကြောင်းတစ်ခုဖြစ်ပါတယ်။

(၄) ဆီးချိုရောဂါကြောင့်

ဆီးချိုရောဂါ ကဲ့သို့သော ရောဂါမျိုးကြောင့် အာရုံကြောအားနည်းနိုင်ပါတယ်။ ဆီးချိုရောဂါကို ဇီဝဓာတုလုပ်ငန်းမှားယွင်း မှုကြောင့် ဖြစ်စေသော ရောဂါ ဟု ခေါ်ဝေါ်လေ့လည်းရှိပါတယ်။

(၅) ကိုယ်ခံစွမ်းအား မှားယွင်းမှုနှင့် ဆိုင်သော ရောဂါတချို့ကြောင့်

ကိုယ်ခံစွမ်းအား မှားယွင်းမှုနှင့် သက်ဆိုင်သော ရောဂါအမျိုးမျိုးကြောင့် အာရုံကြောအားနည်းခြင်းဖြစ်တတ်ပါ တယ်။ ဥပမာ- အဆစ်အမြစ်ရောင်ရောဂါတစ်ခုဖြစ်သော (Rheumatoid Arthritis) တွင် အာရုံကြောအားနည်းမှု ကို လက္ခဏာတစ်ရပ်အဖြစ်တွေ့ရပါတယ်။

(၆)ဆိုးဆေး များ၊ ဆေးဝါးများ ၊ အဆိပ်များ

အာရုံကြောအားနည်းခြင်းကို ဖြစ်စေနိုင်သော အကြောင်းများတွင် ဆိုးဆေးများ၊ ဆေးဝါးများနှင့် အဆိပ်များလည်း ပါဝင်နေပါတယ်။ တီဘီရောဂါကို ကုသရာတွင် သုံးသော ဆေးသည် အာရုံကြောအားနည်းခြင်းကို ဖြစ်စေပါတယ်။ အရက်သောက်ခြင်းကြောင့်လည်း အာရုံကြောအားနည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

(၇) ကင်ဆာရောဂါများ

နာတာရှည်ကင်ဆာ ရောဂါဝေဒနာရှင်များတွင် အာရုံကြောအားနည်းသည့် လက္ခဏာဝေဒနာများ မကြာခဏတွေ့ရတတ်ပါတယ်။

အာရုံကြောအားနည်းခြင်း ဖြစ်စေနိုင်သော အကြောင်းရင်ဇာစ်မြစ် ( ၇ ) ချက်ကို အကြမ်းသဘောသာ ဖော်ပြထားပါသည်။ ထို့ကြောင့် ဘာအကြောင်းကြောင့်ဖြစ်ဖြစ် အာရုံကြောအားနည်းနေပါက အာရုံကြောအားကောင်းစေသော ဗီတာမင်များတိုက်ကျွေးခြင်း၊ ထိုးပေးခြင်း၊ ပရိုတင်းလုံလောက်စွာ စားသုံးခြင်း၊တို့နှင့်အားပြန်ဖြည့်ပေးခြင်းဖြင့် ဝေဒနာကိုသက်သာစေနိုင်မည်ဖြစ်ပါတယ်။

Credit Original

https://www.facebook.com/1427620120786094/posts/2715739525307474/

Swan Htet Kyaw

အားလဲပြည့်မယ် အချိန်လဲကြာစေမယ်

Customer's feedback ရော ကိုယ်တွေ့ရော ကောင်းကြောင်း စွမ်းကြောင်း ထိရောက်ကြောင်း သိရလို့ အသိပေးလက်တို့လိုက်ပါတယ်

.....ဘယ်လိုကောင်းလဲ.......

ဗူးနီလေးကအစာအိမ်ရောဂါ နှလုံးရောဂါကိုသက်သာစေပြီး အာရုံကြောအားကောင်းစေပါတယ် သုက်လွတ်မြန်တာကို ထိန်းချုပ်ပေးပြီး ဆက်ဆံချိန်ကို ကြာစေပါတယ်။

Telephone

Website

Opening Hours

Monday 09:00 - 17:00
Tuesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00