M̳̿͟͞y̳̿͟͞ L̳̿͟͞i̳̿͟͞f̳̿͟͞e̳̿͟͞ N̳̿͟͞o̳̿͟͞t͟͞

M̳̿͟͞y̳̿͟͞ L̳̿͟͞i̳̿͟͞f̳̿͟͞e̳̿͟͞ N̳̿͟͞o̳̿͟͞t͟͞

Everthings Is Temporary.

07/02/2023

တစ်ချို့ စျေးရောင်းရင် ဘာလို့အောင်မြင်တယ်ထင်လဲ.. ဗျူဟာရှိပါတယ်

၁ ။ ဆိုင်နေရာကောင်းခြင်းဟာ ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးပါတယ် ။

၂ ။ ရောင်းကုန်ရဲ့ အရည်အသွေးဟာ ဆိုင်နေရာထက် ပိုအရေးကြီးနေတတ်ပြန်တယ် ။

၃ ။ စကားချိုချိုသာသာ စျေးရောင်းတတ်ခြင်းဟာ အရေးကြီးပါတယ်။ ဖောက်သည်ကို ပိုမြဲစေပါတယ် ။

၄ ။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊ ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ် ။

၅ ။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ အရေးကြီးပေမဲ့ နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက ပိုရောင်းကောင်းနေတတ်ပါတယ်။စျေးချိုတယ်ဆိုတာကို ဝယ်ယူသူများက ထင်မြင်သွားစေလို့ပါ ။

၆ ။ ဝယ်သူကို တောက်လျှောက်လိုက်ကပ်နေတာမျိုး၊ မဝယ်မချင်းတိုက်တွန်းနေတာမျိုး ရှောင်ကြဉ်ပါ ။

၇ ။ ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ စားသုံးသူက ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့ စားသုံးသူထက် စီးပွားတက်ဖို့ ပိုထောက်ကူတတ်တယ်။ တန်ဖိုး ပိုရှိတယ် ။

၈ ။ ငွေလည်ပတ်မှု မြန်ဆန်ပါစေ ။

၉ ။ စားသုံးသူရဲ့ ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို ဆဲဆိုအပြစ်တင်ခြင်းဟာ စားသုံးသူကို မောင်းထုတ်တာပါ ။

၁၀ ။ နည်းနည်း၊ များများ လက်ကားဖောက်သည်ကို အမျိုးလို သဘောထားပါ ။ တတ်နိုင်သမျှ သူတို့ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးပါ ။

၁၁ ။ ရောင်းကုန် ပစ္စည်း ပြတ်သွားတယ်ဆိုတာ ဖောက်သည်ကို လျစ်လျူရှုတာ ၊ စော်ကားတာနဲ့ အတူတူပဲ ။

၁၂ ။ စျေးနူန်း တစ်ခုတည်း ဖြစ်ပါစေ ၊ တခုခုကြောင့် စျေးလျှော့ရောင်းခြင်းဟာ ရှုပ်ထွေးမူကို ဖြစ်စေတတ်ပါတယ် ။ ကတိကို ထိခိုက်နိုင်စေပါတယ် ။

၁၃ ။ ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း မပြုလုပ်ပါနှင့် ၊ စားသုံးသူ ကြိုက်နှစ်သက်သော ပစ္စည်းကို ရောင်းချနေတာ မဟုတ်ပါ ။ စားသုံးသူ အကျိုးရှိစေတဲ့ ပစ္စည်းကို ရောင်းချနေတာပါ ။

၁၄ ။ စက္ကူ တစ်ရွက်ပဲဖြစ်ဖြစ် ၊ လက်ဆောင်ကို လူတိုင်း နှစ်သက်တတ်ကြပါတယ် ။

၁၅ ။ ကလေးများဟာ ကျေးဇူးရှင်ပါ ။ စားသုံးသူများက ကလေးကို ခေါ်ဆောင်လာတာပဲ ဖြစ်ဖြစ်၊ကလေးစျေးလာဝယ်တာပဲ ဖြစ်ဖြစ် အထူးဂရုစိုက်ပေးပါ ။ ( ကလေးကို လွှတ်တာတောင် ဖြစ်ကတတ်ဆန်းမလုပ်ဘူး) ဆိုတာ လူတွေသိပါစေ ။

၁၆ ။ အသစ်ထွင်ပါ။ ဝယ်သူကို ဆွဲဆောင်နိုင်အောင် အမြဲ ကြိုးစားပါ။

၁၇ ။ အရောင်းအဝယ် ကြီးကြီး သေးသေး အစွမ်းကုန် ကြိုးစားပါ။ ဆိုင်တစ်ခုလုံး ရှင်သန်နေပါစေ။ဝယ်သူ များလာအောင် ဆွဲဆောင်နိုင်ကြပါလိမ့်မယ်။

Credit – Original

22/01/2023

လက်ခုပ်တီးမှ က တတ်အကျင့်ကိုပြင်ရမယ်☺☺😉

15/01/2023

တစ်ခါတုန်းက သူဌေးတစ်ယောက်မှာ
ဒရိုင်ဘာယစ်ယောက်ရှိတယ်

ဒရိုင်ဘာ က သူဌေးထက်
အသက်ငါးနှစ်လောက်ကြီးတယ်

စကားပြောလည်း သူဌေးက မင်းနဲ့ ငါပဲပြောတယ်
ဒရိုင်ဘာ ကတော့ သူ့အလုပ်ရှင်ဆိုတော့
ရိုရိုသေသေဆက်ဆံတာပေါ့လေ

သူဌေးဟာ ပြောစရာရှိရင်လည်းပြော၊
ဆဲစရာရှိရင်လည်းဆဲတယ်
သဘောတော့ကောင်းတယ် ဒါပေမယ့်
အထက်စီးလည်းဆန်တယ်

ဒရိုင်ဘာအပေါ် သူပြောပုံဆိုပုံတွေက
ရင့်သီးပါတယ်
ဟိုကတော့ သည်းခံရှာပါတယ် အလုပ်ရှင်မလား

ဒီလိုနဲ့ တစ်နေ့
သူဌေးဟာ အရမ်းဒေါသတွေဖြစ်နေတယ်
ဒရိုင်ဘာ ဘာမပြော ညာမပြောနဲ့ မလာလို့တဲ့..

ဒါနဲ့ ဘာများဖြစ်တာလဲဆိုပြီး
အိမ်လိုက်သွားတယ် တွေ့လို့ကတော့ ဆဲဆိုပြီး ဟောက်ထည့်လိုက်မယ်ပေါ့

ဒရိုင်ဘာအိမ်ကိုရောက်သွားတော့
သူ့ အမေ လို့ ထင်ရတဲ့ အန်တီကြီးတစ်ယောက်
ထွက်လာတယ်၊ မေးလိုက်တယ်
ဒရိုင်ဘာရှိလားပေါ့

ရှိပါတယ်၊ ဖျားပြီး အိပ်နေတယ်ဆိုပြီး
ပြောတယ်၊ နောက်တော့ အနားကိုရောက်လာတဲ့
ကောင်မလေးတစ်ယောက်ကို အန်တီကြီးက
လှမ်းပြောလိုက်တယ်

ဟဲ့ သွားနှိုးလိုက်စမ်းပေါ့၊ ဒီမှာ သူ့အလုပ်ရှင်က
အိမ်အထိ လိုက်လာတယ်ပေါ့

ကောင်မလေးပြောလိုက်တဲ့စကားက
ကိုကြီးအိပ်နေတာ မနှိုးရဲဘူးတဲ့

သူဌေး တစ်ချက်တွေဝေသွားတယ်
စက္ကန့်ပိုင်းလောက်ပေါ့

နောက်တော့ ကောင်မလေး ကို ပြောလိုက်တယ်
မနှိုးရဲရင် သွားမနှိုးနဲ့တော့၊
ထားလိုက်ပါ သူအိပ်ပါစေ တဲ့
ပြီးတော့ ပြန်လှည့်လာခဲ့လိုက်ကြတယ်

အပြန်လမ်းမှာ သူဌေး စဉ်းစားခန်းတွေဖွဲ့နေမိတယ်
ငါ သူ့အပေါ်လေးစားမှုရှိရမယ်လေ"
သူက ဘယ်လို ဒရိုင်ဘာပဲဖြစ်ဖြစ်၊
ငါဘယ်လိုပဲ ဆဲဆဲဆိုဆို၊
အနိုင်ကျင့်ကျင့် သူ့ပတ်ဝန်းကျင်မှာတော့
သူဟာ မိသားစုရဲ့အားကိုးရာ၊
လေးစားရာ၊ ရိုသေရာ
လူသားတစ်ယောက်ပဲမဟုတ်လား...

သူ့ပတ်ဝန်းကျင်၊ သု့မိသားစုမှာတော့
တော်တော့ကို အရှိန်အဝါကြီးပုံရတယ်၊
ငါက ဒါကို ထည့်မတွက်ဘဲ ခါတိုင်းလို
သွားဆက်ဆံလိုက်ရင် သူ့အားကိုးနေတဲ့
သူ့မိသားစု ဘယ်လိုခံစားသွားရမလဲ၊
သူကိုယ်တိုင်ကရော
စသည်ပေါ့ အတွေးတွေနဲ့ ပြန်လာခဲ့လိုက်တယ်။

လူတစ်ယောက်ဟာ တစ်နေရာရာမှာ ဘယ်လိုပဲ
ဖြစ်နေဖြစ်နေ၊ ဘယ်ဘဝပဲရောက်နေရောက်နေ၊
အောက်ခြေသိမ်းပဲဖြစ်ဖြစ်၊ အနှိမ်ခံပဲဖြစ်ဖြစ်၊
ဘယ်သူမှဆေးဖော်ကြောဖက်မလုပ်ချင်တဲ့သူပဲဖြစ်ဖြစ်၊
အဲ့ဒီလူဟာ တခြားသော တစ်နေရာရာမှာတော့
အရှင်သခင်တစ်ပါး၊ မှီခိုအားကိုးရာတစ်ဖြစ်နဲ့ ရိုသေ
လေးစားစရာပြယုဂ် တစ်ခုခုတော့ ဖြစ်နေတတ်ပါတယ်

ဖြတ်သွားသူတိုင်း နှာခေါင်းပိတ်ဖြတ်လေ့ရှိတဲ့
အမှိုက်ပုံမှာ အလုပ်လုပ်နေရတဲ့ စည်ပင်က
ဝန်ထမ်းလေးကို ဘယ်သူက ခေါင်းထဲထည့်မလဲ
ဘယ်သူက အဖက်လုပ်ပြီး စိတ်ပူပေးမလဲ
သို့သော်
သူ့ဇနီးနဲ့ သား သမီးတွေအတွက်တော့ သူဟာ
အရှင်သခင်တစ်ယောက်ပဲလေ...။

တစ်လောကလုံးက
သူ့အပေါ် ဘယ်လိုပဲသဘောထားထား
သူ့အပေါ် မင်းသားတစ်ပါးလို
ဆက်ဆံတဲ့သူဆိုတာတော့ ရှိနေတာပါပဲ။

တစ်လောကလုံးက ကိုယ့်အပေါ် ဘယ်လိုနှိမ်နှိမ်၊
ဘယ်လိုဆက်ဆံ ဆက်ဆံ အရေးမကြီးပါဘူး

အရေးကြီးတာက ငါချစ်ရတဲ့သူတွေ၊
ငါ့ကိုချစ်တဲ့သူတွေနဲ့ ငါ့ပတ်ဝန်းကျင်၊
ငါ့မိသားစုလေးမှာ ငါဟာ တန်ဖိုးရှိတဲ့၊
လေးစားခံထိုက်တဲ့ လူသားတစ်ယောက်
ဖြစ်နေရင် ရပြီဆိုတာမျိုး

ဆိုလိုတာက လူတစ်ယောက်ကို
ဘယ်တော့မှ အထင်မသေးပါနဲ့၊
မနှိမ့်ချပါနဲ့၊ မစော်ကားပါနဲ့
သူ့အတွက် ကမ္ဘာဆိုတာ ဒီတစ်နေရာတည်းမှာပဲ
ရှိနေတာ မဟုတ်လို့ပါ

Crd.

25/12/2022

ဖုန်းသင်တန်းပဲ Programming သင်တန်းပဲဖြစ်ဖြစ်

Management သင်တန်းပဲဖြစ်ဖြစ် ဘာသင်တန်းနေနေ

ရေရာတယ်ဆိုတာမျိုးတော့မရှိပါဘူး

ဖုန်းသင်တန်းနဲ့ပတ်သက်ပီးပြောရမယ်ဆိုရင်တော့

ဒီဖုန်းပြုပြင်တဲ့အလုပ်ကိုဝါသနာလဲပါရမယ်

စိတ်လဲဝင်စားရမယ် ထဲထဲဝင်ဝင်လဲသိရမယ်

ဒါတွေမလာခင် အရင်ဆုံးသင်တန်းတက်မဲ့သူက

ဒီအလုပ် ဒီသင်တန်းအကြောင်းကို

အရင်ဆုံးစုံစမ်းလေ့လာရမယ်

Software , Hardware ဆိုတာဘာလဲ

ဘယ်လိုတွေကွာခြားလဲ ကိုယ်နဲ့ဘယ်ဟာအဆင်ပြေ

နိုင်မလဲ ဒါတွေအရင်ဆုံးလေ့လာကြည့်ရမယ်

ကျွန်တော်ဆို Hardware မရဘူး

အကောင်းဆုံးဆိုတဲ့ Tool တွေပစ္စည်းတွေဝယ်ပီး

စမ်းကြည့်တာပဲ ကိုယ်နဲ့ဘယ်လိုမှအဆင်မပြေဘူး

ပီးရင်ဒီအလုပ်ကိုရွေးမယ်ဆိုရင် တိုးတက်ဖို့ရှိလား

စီးပွားဖြစ်နိုင်လား ဝန်ထမ်းဆိုရင်ကော ဘယ်လောက်အထိ

လစာရနိုင်လဲ ဒါတွေပါအရင်ဆုံးလေ့လာပီးမှပဲ

ဈေးကြီးတဲ့သင်တန်းကိုတက်သင့်တယ်မဟုတ်ရင်တော့

ဈေးပေါပီး basic လောက်သင်ပြပေးတဲ့

သင်တန်းတစ်ခုခုကိုအရင်ရွေးချယ်တာပိုကောင်းတယ်

ဒါမှကိုယ်နဲ့ကိုက်မကိုက်ရွေးချယ်လို့ရမှာကိုး

သင်တန်းတွေကတော့ အခုခေတ်မှာမှိုလိုပေါက်နေတာပါပဲ

ဘာလို့မှိုလိုပေါက်လဲဆိုတော့ ဖုန်းပြင်တာထက်သေချာပီး

ငွေရတာ ဖုန်းသင်တာပဲ

ဖုန်းပြုပြင်ရင်း လွဲချော်တဲ့အခါ လျော်ရတာတို့

ငွေလေး ၁သောင်းရဖို့ တစ်နေ့ကုန်သွားတာတို့ ဒါတွေကလဲ

ကြုံရသေးတယ် အဲ့လိုမျိုးပဲ ၅မိနစ်အတွင်း သိန်းချီ

မြတ်သွားတာတို့ ဒါတွေလဲကြုံခဲ့ဖူးပါတယ်

မနှစ်က လေးလပိုင်းမှာ လှည်းတန်းဆိုင်ကိုပိတ်

၁၁ လပိုင်းမှာ ကျောက်မြောင်းဆိုင်ပါပိတ်ပီး ဖုန်းထဲက

အပီးထွက်လာတဲ့အခါ ပြန်ရတာက ဘာလဲဆိုတော့

စိတ်ဖိစည်းမူ့ကင်းဝေးသွားတာပဲ

ဖုန်းပြုပြင်တဲ့အလုပ်လုပ်မယ် ကိုယ်ပိုင်ဆိုင်ဖွင့်မယ်ဆိုရင်

ဖိအားတွေအောက်မှာ အလုပ်လုပ်နိုင်မှာပဲ

အဆင်ပြေမယ်

ဖုန်းသင်တန်းဆင်းသွားတာနဲ့ အလုပ်ရနိုင်လားဆိုတော့

လစာ အလုပ်ချိန်မကြည့်ပဲ သင်ယူလိုစိတ်ပြင်းပြရင်တော့

အလုပ်ကမရှားပါဘူး

အခုသင်တန်းဆင်းတွေ အလုပ်မရဘူးဆိုပီး ငြီးနေတာ

ကိုယ်တွေတုန်းက သင်တန်းလဲမတက်နိုင်တဲ့အပြင်

အလုပ်ကလဲ ဘတ်ကားသုံးဆင့်လောက်တွဲစီးပီး

ဝေးတဲ့နေရာသွားလုပ်ရတဲ့အထိ အလုပ်ကရှားတယ်

အဲ့တုန်းကဖုန်းဆိုင်လဲ မပေါသေးဘူး

ပီးတော့ အခုလို Service သမားဆိုပီးလဲမခေါ်သေးဘူး

Software Technical , Hardware Technical ဆိုပီး

အခွင့်အလမ်းဂျာနယ်တွေမှာအလုပ်ခေါ်တဲ့အချိန်ကာလ

အလုပ်တစ်ခုကို လူ ၅၀ အနည်းဆုံး ဗျူးခံရတဲ့ အချိန်မှာ

လစာ ၅သောင်းအတွက်တန်းစီခဲ့ရတာပဲ

အခုခေတ်ဖုန်းသင်တန်းဆင်းတွေလဲ အပင်ပန်းခံ

ပညာလိုချင်ရင် အလုပ်ရှားမယ်မထင်ပါဘူး

ပီးတော့ အလုပ်လုပ်တဲ့အခါမှာလဲ ကိုယ်ကပညာရနိုင်တဲ့

နေရာမှာလုပ်မှ အချိန်တိုအတွင်းသူများထက်သာတဲ့

နေရာကိုမြန်မြန်ရောက်မှာ

ဂိမ်းလေးသွင်းလိုက် သီချင်းလေးထည့်လိုက်နဲ့

မှန်တွဲရက်လေးလဲလိုက်နဲ့ ဒါမျိုးတွေမှာသာယာနေရင်

အသက်တွေသာကြီးလာမယ် ပညာပိုင်းမတက်ပဲ

အလုပ်ပြောင်းတာတို့ ကိုယ်ပိုင်အလုပ်တို့မှာထိခိုက်နိုင်တယ်

သင်တန်းရွေးချယ်တဲ့အခါမှာလဲ

သင်တန်းပီးရင်ကိုယ့်ကိုယုံယုံကြည်ကြည်အလုပ်ပေးမဲ့

အလုပ်ရှင်တွေကြားနာမည်ကြီးတဲ့သင်တန်းဖြစ်မလား

သင်တန်းဆရာကကော အသင်အပြကောင်းလား

သင်ထောက်ကူပစ္စည်းစုံလား ဒါတွေလေ့လာသင့်တယ်

သင်တန်းဆင်းနဲ့ End User ကဘာကွာလဲဆိုတော့

သင်တန်းဆင်းက တီးမိခေါက်မိ အသိပညာနဲ့

Confident လေးအတော်အသင့်ရှိတာပဲကွာမယ်

ဒါလဲသင်တန်းပေါ်အများကြီးမူတည်သေးတယ်

နာနာမောင်း နာနာလုပ်ခိုင်းတဲ့သင်တန်းဆင်းမှပဲ

Confident နည်းနည်းရှိသွားမှာ

သင်တန်းတက်တဲ့အခါ မျှော်လင့်လို့ရတာတွေက

အထောက်အကူပြုပစ္စည်းတွေ ကိုယ်စိတ်ကြိုက်စမ်းသပ်

လို့ရတဲ့ Board ပြားတွေ စာသင်ဖုန်းတွေ

ဒီအရာတွေကိုနည်းနည်းမှမညှာပဲ စမ်းပါလုပ်ပါ

ကိုယ်လက်ရဲဖို့အတွက် ကြိမ်ဖန်များစွာလုပ်ပါ

အလုပ်လျှောက်တဲ့အခါလဲ အပင်ပန်းခံပါ

ပညာရဖို့ဦးစားပေးပါ စီနီယာကောင်းရှိတဲ့နေရာ

ဆရာကောင်းရှိတဲ့နေရာမှာ နေတဲ့ ၁နှစ်ဟာ

သူများ ၅နှစ်စာလောက်ရှိပါတယ်

ငွေနောက်မလိုက်ပါနဲ့ ငွေကပဲကိုယ့်နောက်လိုက်ပါစေ......

Credit Ko Phyo Chan

Website