TaungDwin News
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TaungDwin News, Media/News Company, .
ထပ်တိုး #၄ဦး
စုစုပေါင်း - ၁၅၅
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၃-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
၁။ (၃-၅-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (ပထမအသုတ်) စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၆၃) ခုနှင့် ဆေးသုတေသနဦးစီးဌာန မှ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၆၀) ခု၊ စုစုပေါင်း (၁၂၃) ခုတွင် -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၄) ဦး တွေ့ရှိခဲ့ပါသည်။
၂။ (၃-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၁၅၅) ဦးရှိပြီဖြစ်ပါသည်။
၃။ (၃-၅-၂၀၂၀) ရက်နေ့အထိ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ဓာတ်ခွဲနမူနာစစ်ဆေးမှုများတွင် (၂) ကြိမ် ဆက်တိုက်အဖြစ် ပိုးမတွေ့ရှိသူ စုစုပေါင်း (၄၃) ဦးရှိပြီဖြစ်ပါသည်။ ၎င်းတို့အနက် (၂၉) ဦးမှာ ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်ကာ ၎င်းတို့အား သတ်မှတ် နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်ထားရှိပါသည်။
၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦးရှိပါသည်။
၅။ ကျန်ရှိ ဓာတ်ခွဲအတည်ပြုလူနာ (၁၂၀) ဦးအား သက်ဆိုင်ရာဆေးရုံများတွင် ဆေးကုသမှု ပေး လျက်ရှိပြီး ၎င်းတို့အနက် အထူးကြပ်မတ်ကုသခန်းတွင် ကုသမှုခံယူနေသူ (၂) ဦးရှိပါသည်။
၆။ (၂-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၃-၅-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၇၂)ဦး ရှိပါသည်။
တောင်တွင်းကြီးမြို့
အောင်မြင်ဇေယျ(ရခိုင်)ဘုရားကြီး ပုံတော်ကို
၂၀၁၈ခုနှစ်က ဓာတ်ဖမ်းခဲ့ပါတယ်။
(၃.၅.၂၀၂၀)ရက်နေ့
===============
အောက်မှာဖော်ပြထားတာကတော့ မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်တို့ပဲဖြစ်ပါတယ်လို့
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ငယ်ငယ်ကကြားဖူးတာ
ဘူတာရုံနားကမီး ထူးပါရုံမှာပြီးတဲ့
=====================================
တောင်တွင်းသူ၊တောင်တွင်းသားတွေ ရှယ်ထားကြပါ
( အမှတ်တရရှိနေဆဲပါ)
•နေဝင်း (ဆေး) ၂/၂၀၀၉ ပုဏ္ဏဝတီမဂ္ဂဇင်း
လွန်ခဲ့သော ၃၈ နှစ်က အဖြစ်ဆိုးကြီးတစ်ခုပါ။
( အမှတ်တရရှိနေဆဲပါ) ယနေ့အထိတိုင် မှတ်မှတ်ရရ အသည်းထဲစွဲနေသော ဖြစ်ရပ်မှန်တစ်ခုအကြောင်း၊ပေါ့ဆသူတစ်ဦ တစ်ယောက်ကြောင့် အသက်အိုးအိမ်စည်းစိမ်များ မီးဝါးမြို ခြင်းခံလိုက်သောနေ့ ။ထိုနေ့ကို ပြန်ပြောင်း၍ အောက်မေ့သတိရတိုင်း ထိုအဖြစ်မျိုး နောက်နောင် ဘယ်တော့မှ မကြုံတွေ့ပါစေနဲ့လို့ အမြဲဆုတောင်းရင်းက ပြန်စဉ်းစားမိပေါ့။ ၎င်း အဖြစ်အပျက်နေ့ကြီးကို နောက်ကြောင်းပြန်ရလျှင် -
ဒေါင်ဒေါင်ဒေါင်ဒေါင်ဒေါင် ဟူသောအဆက်မပြတ်ထွက်ပေါ်လာသော မီးသံချောင်းခေါက်သံကြောင့် စျေးအတွင်းလူများ ကမ္ဘာပျက်သည့်အလား ပြေးလွှာဆူညံသွားပါတော့သည်။ ၁၉၈၁ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ နေ့လယ် ၁နာရီခန့်တွင်ဖြစ်ပါသည်။
ကျွန်တော်လည်း နှစ်စဉ်ကျင်းပသောမြန်မာမဟာသင်္ကြန်အတွက် သီချင်းသံချပ်များရေးဦ မည်ဟု စဉ်းစားနေချိန် စျေးအတွင်း၌ ဆိုင်ဖွင့်ရောင်းချ ချိန်ဖြစ်ပါသည်။
မီး မီး 🔥🔥 ဟုအသံကြားရသဖြင့် စျေးအတွင်းမှ ဆိုင်ကို ပစ်ကာ မီးလောင်သောနေရာကို ခန့်မှန်းကြည့်ရန် စျေးတောင်ဘက်အပေါက် ဖောင်တော်ဦ ဘုရားဘက်ဆီ ပြေးထွက်လာခဲ့ရာ။ မီးခိုးလုံး အိမ်ကြီးတွေက ကြောက်စရာဘီးလူးကြီး တစ်ကောင် လိုထကြွသောင်းကျန်းရန် ပြေးလာသဘိကဲ့သို့ ကောင်းကင်ယုံသို့ ထိုးတက်လာသည်ကို တွေ့လိုက်ရသောအခါ ကျွန်တော်လည်းစျေးအတွင်း ပြန်လည်ပြေးဝင်လာပြီး မီးကတော်တော်များတယ်ပြောတယ်၊မြင်လဲမြင်ရခဲ့တယ်။အဲဒီတော့ မင်းတို့ဆိုင်ကိုမြန်မြန်သိမ်း၊သယ်နိုင်သလောက်သယ်ပြီး မီးလွတ်ရာပြေးရအောင်ဆိုပြီး ဆိုင်ရှိပစ္စည်းများကို ရသေလာက်သယ်ပြီးရွေ့ကြရပါတယ်။
စနေနေ့ စနေထောင့်က မီးဆိုရင်မနိုင်ဘူးတဲ့ဆိုတဲ့ အမေကြီးဘကြီးတွေ အတွေ့အကြုံ အရ သူတို့ပြောခဲ့ကြတာကို သတိရအမှတ်ရမိပါတယ်။စျေးကြီးထဲ ပစ္စည်းတွေသယ်နေစဉ်မှာပဲ မီးခိုးလုံးကြီးတွေက စျေးပေါ်ကိုမိုးနေတာနေရောင်မမြင်ရလောက်အောင် မှောင်သွားတယ် နေ့ခင်းကြီးမှာ ချက်ချင်းမှောင်ကျသလိုခံစားလိုက်ရသည်။
အဲဒီတုန်းက စျေးအရှေ့ဘက် ကျောက်တိုင် ပန်းခြံထဲမှာ အားကာထမင်းဆိုင်ဆိုတာရှိတယ်။အဲဒီပန်းခြံထဲမှာရှိတဲ့ ကုက္ကိုပင်ကြီးအနားကို ပစ္စည်းတွေရွှေ့နေစဉ်မှာပဲ အားကာထမင်းဆိုင်အမိုးပေါ်က မီးတွေစွဲနေပြီ အပူဒဏ်ကဗျာ မီးဟပ်တဲ့ အပူရှိန်ကြောင့် ပစ္စည်းတွေကို မသယ်နိုင်တော့ဘဲ ဒီအတိုင်းထားခဲ့ရတော့တယ်။အဲဒီအချိန်ရောက်မှ ကျွန်တော်မိန်းမနဲ့ကလေးကို သတိရတော့တယ်။
အဲဒီအချိန်ကနှစ်စဉ်စည်ကားသိုက်မြိုက်စွာကျင်းပနေတဲ့ ရွှေအင်းတောင်ဘုရားကြီးပွဲတော်ကလည်းလူစည်ကားနေတဲ့အချိန် အချိန်ကောင်း မီးလောင်တာဆိုတော့လူတွေ လူတွေ ပြေးလွှားအော်ဟစ်ပြီး ပွက်လောညံသွားတော့တာပေါ့။မီးက စျေးတောင်ဘက်ကနေစျေးကိုဝါးမျိုနေပြီဖြစ်လို့ ကျွန်တော်လည်း ပွဲတော်စျေးထဲမှာ စျေးထွက်နေတဲ့ မိန်းမနဲ့ကလေးကို စိုးရိမ်တကြီး အပြေးအလွှားသွားခေါ်ရာမှာ ပွဲတော်ကြီးက နေပူသက်သာအောင် အရှေ့ဘက်အနောက်ဘက်ဆိုင်ခန်းများအပေါ်က ခေါင်မိုးမိုးသလိုအမိုးကြီးတွေနဲ့ဆိုတော့ မီးလောင်လွယ်တဲ့ သက်ငယ်တွေမိုးထားတာ။မီးကစွဲနေပြီလောင်ကောင်းအောင် အားပေးသလိုဖြစ်ခဲ့ရတယ်။ မိန်းမနဲ့ကလေးက ဟိုးပွဲတော် မြောက်ဘက်အဆုံးက လမ်းဆုံမှာဆိုင်ဖွင့်ရောင်းတာဆိုတော့ အဲဒီရောက်အောင်မနည်းတိုးဝှေ့ပြေးခဲ့ရတာပေါ့။ပွဲစျေးဆိုင်တွေကလည်း နယ်စုံကလူတွေလာရောက် ရောင်းချတာဆိုတော့သူတိုခမျာလည်း ကယ်ရာမဲ့ဘဝတွေပဲ ဘယ်သွားလို့ ဘယ်ပြေးရမှန်းမသိ ကြတော့ဘဲ တချို့လည်း ဘာပစ္စည်းမှမသယ်နိုင်ဘဲ ငိုယိုပြေးလွှားနေကြတာ။ စိတ်မကောင်းစွာတွေ့ကြုံရပါတယ်။ ကလေးငယ်တွေလည်း မိခင်ပျောက်လို့၊အသက်ကြီးရွယ်အိုတွေလဲ စမ်းတဝါးဝါး ပြေးနိုင်သလောက်ပြေးကြ လက်ဆွဲပြေးသူပြေးနဲ့ တောမီးလောင်တောကြောင်တွေထဆိုသလိုပဲ ပိုင်ရှင်မဲ့ ဆိုင်တွေက ပစ္စည်းတွေကို ကူညီသယ်ပေးသလိုလိုနဲ့အလစ်သုတ်ကြ၊လုကြယက်ကြ ၊ခိုးကြယူကြတာတွေလဲ ဒေါသဖြစ်စရာ ပါပဲ ကိုယ်လည်းကိုယ့်အပူနဲ့ကိုယ်ဆိုတော့ ဒီလိုဒုက္ခရောက်နေချိန် ဘယ်သူ့ ကိုမှလဲမကူညီနိုင် ကိုယ်ကိုယ်ကိုလည်း ဘယ်သူမှ မကယ်နိုင်တဲ့အဖြစ်ပါ။
မိန်းမနဲ့ကလေးရှိတဲ့ဆိုင်ကို ရောက်သွားတော့သူတို့တွေ ပစ္စည်းတွေသယ်နေလို့ ကျွန်တော့်ကလေးကို ဒီအတိုင်းထားပြီ သယ်နေကြတော့တာပဲ။ကလေးကို ကျွန်တော်ချီပိုးပြီး သူတို့ရှိရာဟိုစပါးဒိုင်ဘက်က လယ်ကွင်းတွေဆီပြေးလိုက်သွားရတာပေါ့။အဲဒီအချိန်မြို့ထဲမှာ မီးတွေလောင်နေတာ မဲမှောင်နေတဲ့ မီးခိုးလုံးကြီးက တစ်မိုးလုံးအပြည့်ပဲ `ဖောင်း ဖောင်း ဖောင်း ဆိုတဲ့ဝါးလုံးပေါက်ကွဲသံတွေ ဆီပေပါပေါက်ကွဲသံတွေက တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ယနေ့ခေတ် အီရတ်စစ်ပွဲမြင်ကွင်းကို တီဗွီမှာ မြင်ရကြားရသလိုပဲ ကြောက်စရာအလွန်ကောင်းလှပါတယ်။
ကလေးကို မိန်းမနဲ့အမျိုးတွေဆီထားခဲ့ပြီး မောင်းတိုင်ရပ်ထဲရှိတဲ့ ကျွန်တော်အဘနဲ့ ညီမလေးတွေဆီတစ်လှည့်ပြန်ပြေးရပြန်ပါတယ်။ အဲဒီအချိန်ထိ မောင်းတိုင်ကိုမီးမလောင်သေးပါဘူး။ ကျွန်တော်ပြေးလာရာ လမ်းတစ်လျှောက် လုံးလည်း မီးလောင်ပြီဆိုတော့ မီးလွတ်ရာကို ကိုယ်နိုင် သလောက် ဆွဲမိဆွဲရာဆွဲပြီး ပြေးလာကြတဲ့ လူအုပ်ကြီးကလည်း လမ်းနဲ့အပြည့်ပါပဲ။ မြို့အရှေ့ဘက် ကန်တော်ကြီး ကန်ပေါင်ပေါ်မှာလည်း မီးလွတ်ရာ ပြေးလာကြတဲ့ မြို့ထဲကလူတွေနဲ့ ပြည့်လို့ပေါ့။ ဒီအထဲ မီးလောင်လို့ လေထဲမီးခိုးတွေက လွင့်ပျံလာတဲ့သွပ်ပြားတွေက လူတချို့ကိုထိလို့ ဒဏ်ရာအကြီးအကျယ်ရလို့ အသက်ဆုံးရတဲ့လူတွေလည်းရှိတယ်။ ကံဆိုးမသွားရာ မိုးရွာဆိုသလိုပဲ ဒုက္ခရောက်တဲ့လူတွေကြားထဲ အသက်ပါပါသွားရတာတွေကြားရတာမြင်ရတာ စိတ်အကောင်းစရာပါ။
မီးက ည ၈နာရီ မှ ၉နာရီအထိ ဆက်လောင်နေတုံးပဲ။အဆိုတောင်ရှိခဲ့တယ်။ ဘူတာရုံက မီး ထူပါရုံမှာပြီးသတဲ့ မြို့အနောက်ဘက် ဘူတာနားကစလောင်တာ မြို့အရှေ့ဘက်ထောင့်က ထူပါရုံဘုရားရောက်မှပဲငြိမ်းသွားတယ်။ အဲဟိုဘက်မှာ လောင်စရာ အိမ်မှမရှိတော့လို့ပါ။ ရှိရင်ဆက်လောင်မှာပဲ။မီးဘေးဒုက္ခ သည်တွေလဲ ကန်တော်ကြီး ဇရပ်ရေလည်ခေါင်စသည် နေရာတွေမှာ ကိုယ်ပစ္စည်းလေးတွေ စုပုံပြီး ဖြစ်သလိုနေဖြစ်သလိုစားသောက်ခဲ့ကြရတယ်။ ကျွန်တော်ဆိုရင် ညစာထမင်း မပြောနဲ့ မီးစလောင်စဉ်က ထမင်းစားမလို့ပြင်ဆင်နေချိန် ဆိုတော့ညစာရော နေ့လယ်စာပါ။လုံးဝစားလိုက်ရဘူး။ရေချည်းပဲ သောက်နေရတာပါ။
ညပိုင်း မီးလောင်ပြင်ကို ဘယ်သူမှမသွားရဲကြဘူး။
မီးညွှ့န်ကျိုးသွားပေမဲ့မီးကျည်းခဲတွေက ရဲရဲတောက်ပူနေတုန်းဖြတ်သွားရင် အပူဟပ်ပြီးသေသွားနိုင်တယ်။မြို့ထဲက အဆောက်အဦးကြီးကြီးမားမားတွေ တိုက်တာတွေဆိုတာ မြေမှာပြားပြားဝပ်ပါပဲ။လူတွေလည်း တချို့ရွာနီးချုပ်စပ်တွေ ထိပြောင်းနေကြရတယ်။တချို့က မီးမလောင်ဘဲ ကျန်တဲ့ဘုန်းကြီးကျောင်း၊ဇရပ်၊စာသင်ကျောင်း၊ အဆောက်အဦးဟောင်းမှာ ကပ်ရပ်ခိုနေကြရတယ်။ ကျွန်တော်တို့ မိသားစုကတော့ ရှေးခေတ်ကတည်ခဲ့တဲ့ { ပန်ချာပီ} ကျောင်းအောက်ထပ်မှာ အုန်းတောရပ်ထဲက မီးဘေးဒုက္ခသည်တွေနဲ့အတူ ရောနှောနေထိုင်ခဲ့ရပါတယ်။ တချို့လည်း တို့တော့ရှိသမျှလေးကုန်ပါပြီ။ ဒီတစ်ခါတော့မွဲပါပြီ။ ဒုက္ခရောက်ပါပြီ။ငိုယိုတဲ့သူတွေလဲ ငိုကြပေါ့ ။ကိုယ်ချင်းလည်း စာနာမိပါတယ်။ကိုယ်လည်း ဘယ်သွားလို့ ဘာလုပ်ရမလဲ ဘယ်လိုနေရမလဲဆိုတာ ကိုတွေးမိပြီးစိတ်ပျက်သွားမိပါတယ်။
အဲဒီအချိန်က ကျွန်တော်တို့မြို့မယ် မီးသတ်ကားက ၂ စီးသာရှိပါတယ်။ ရေသယ်ယာဉ်ဆိုတာမရှိ၊ရေလှောင်ကန်ဆိုတာလည်း ရပ်ကွက်တိုင်း မရှိတဲ့အခြေအနေပါ။ လူတွေကလည်း မီးလောင်ရင် ကိုယ့်ပစ္စည်းကိုသာသယ်ပြီးပြေးဘို့လောက်ပဲ စဉ်းစားမိဟန်တူပါရဲ့။မီးလောင်ရင်ဘယ်လို ငြိမ်းလိမ့်မယ်ဆိုတဲ့ အသိလောက်ပါပဲရှိဟန်တူပါတယ်။အကြီးအကျယ်လောင်တာလည်း မကြုံ သေးဘူးတော့ပေါ့ပေါ့ဆဆနေကြတယ်ပဲပြောပါတော့။
အဲဒီ ကျွန်တော် တို့မြို့ကို မီးစမလောင်ခင် အချိန်ပိုင်းအတွင်းမှာ မကွေးမြို့မီးလောင်လို့ ဟိုကဖုန်းဆက်ခေါ်လို့မီးသတ်ကားတစ်စီးက မီးသတ်ဖို့ထွက်သွားချိန် တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အုန်းတောရပ် ဂူဖြူ ဘုရားအနီး အိမ်တစ်အိမ်မှာ ဘဲဥကြော်ရာစတာပါပဲ။ ဆီဒယ်အိုးကို လွှင့်ပစ်လိုက်ကြတော့ မီးက ထရံကိုစွဲရော ။ကျိတ်ကျိတ်ငြိမ်း။နောက် မနိုင်တော့မှ ထွက်ပြေးသွားပြီး မီးမီးအော်ပြေးတာပေါ့။ ရာသီဥတု က ပူပြင်းခြောက်သွေ့နေချိန် အချိန်ကလည်း နေခင်းနေ့လည်းအပူဆုံးအချိန် အိမ်နားဝန်းကျင်ကလည်း စျေးသူစျေးသားတွေ စျေးထွက်ချိန်ဆိုတော့ မီးငြိမ်းဖို့ လူအင်အားကမရှိ ။ရေက လည်း အဲဒီနေရာက ရှာပါးတဲ့နေရာ အလွယ်တကူမီးငြိမ်းဖို့ ခက်ခဲသွားတာပေါ့။ဒီတော့ မီးကိုနိုင်အောင် မငြိမ်းသတ်နိုင်တော့ ပန်ဝန်းကျင်ကို အလွယ်တကူ ကူးစက်လောင်သွားတာပေါ့။
( ထန်းသီးကြွေခိုက် ကျီးနင်းခိုက်) ဆိုသလို အဘက်ဘက်ကအားနည်းနေချိန်လောင်တဲ့ မီးက တစ်မြို့လုံးနီးပါး လောင်ကျွမ်းခံရပါတယ်။လူနေအိမ်ခြေ ၊တိုက်တာအဆောက်အဦ ၊စျေး ရရုံးအဆောက်အဦ ကောင်း ၊ ယခုအချုပ်ရဲစခန်း ၊ ဘုန်းကြီးကျောင်း၊ဇရပ်၊ဘုရားများ၊ ပွဲတော်ကျင်းပလျက်ရှိတဲ့ ရွှေအင်းတောင်ဘုရားကြီးရဲ့ရှေးဟောင်းတန်ဆောင်းများ အပါအဝင် ရှေးခေတ်လက်ရာများစုဆောင်းထားရှိရာ ပြတိုက် အဆောက်အဦး စသည့်တန်းဖိုးမဖြတ်နိုင်တဲ့ အနုပညာလက်ရာများအပါအဝင် ဆုံးရှံးမှုတန်ဖိုးများစွာ များစွာမဖော်ပြနိုင်လောက်အောင်ပါပဲ။
ဘုရားပွဲတော်ချိန်က ဖြစ်ပြန်နယ်အရပ်ရပ်က ဘုရားပွဲလာ ပရိသတ်ကလည်း ရုပ်ရှင်ကား၊ဇာတ်ပွဲ ရုပ်သေးလက်ထိုးရုပ်သည့် ကြည့်ချင်ပွဲများ၊မျက်လှည့်များ၊ဆက်ကပ်များလည်း ပါဝင်လေတော့ ကြိတ်ကြိတ်တိုး စည်ကားနေတဲ့အချိန် အခုလိုမီးကြီးလောင်လိုက်တော့တချို့အိမ်ပြန်မရောက်ဘဲ မီးထဲပါသလိုလို တချို့လည်း လုံးဝအိမ်ပြန်မရောက်တဲ့သူတွေတောင်ရှိပါသတဲ့။ တချို့လည်းမီးလောင်ပြီဆိုတော့ နှလုံးရောဂါအခံရှိသူတွေ နှလုံးရုတ်တရက်ရပ်ပြီး သေ၊တချို့သွေးတိုးကြောင့် ဦ နှောက်သွေး ကြောပြတ်သူပြတ်၊သေသူတွေလည်းရှိရဲ့။
ကျွန်တော်က မွေးကတည်းက တောင်တွင်းကြီးမှာ ကြီးခဲ့တာပါ။ဒီလောက်မြန်ဆန်ပြီး တစ်မြို့လုံးကိုတစ်ခဏ အတွင်း အပြောင်ရှင်းသွားတဲ့ မီးမျိုး တစ်ခါမှမကြုံခဲ့ဖူးပေါ့။ အင်မတန်ကြောက်စရာကောင်းလှပါတယ်။ဒီနေ့အထိ အဲဒီအကြောင်း ပြန်စဉ်းစားမိတိုင်း တုန်လှုပ်ချောက်ချားမိပါတယ်။ ဒီမီးကြီးက လူတွေရဲ့ဘဝကို အပြောင်းအလဲကြီး ပြောင်းလဲသွားစေပါတယ်။ မီးလောင်လို့စီးပွားပျက်သွားသလို တချို့လည်းစီးပွားတက်သွားပြီ ချမ်းသာ တဲ့လူတွေရှိခဲ့ပါတယ်။ တချို့လည်းပြောကြတယ်။ ရွှေအင်းတောင်ဘုရားထဲက ကျောက်စာအရကျိန်စာသင့်တယ်လို့လည်း ပြောကြတယ်။ဘာကြောင့်ပဲဖြစ်ဖြစ် လူတွေအားလုံး မီးကိုရိုသေရင်၊မပေါ့ဆရင် ဘာမှမဖြစ်ဘူး တာဝန်ရှိသူတွေက ထုတ်ပြန်ထားတဲ့ဥပဒေစည်းကမ်းတွေကို လေးစားလိုက်နာရင်ဘာမှမဖြစ်ပါဘူး။ အချိန်နဲ့ချက်ပြုတ်၊အချိန်နဲ့စား ၊သတ်မှတ်တဲ့အချိန်ကို လေးစားဖို့ပဲလိုပါတယ်။ နာဂစ်မုန်တိုင်းဆိုတာ သဘာဝဘေး ဒဏ်ပါ။ မီးပေါ့ဆမှုကတော့ သဘာဝဘေးဒဏ်လို့မပြောနိုင်ပါဘူး။
အကြောင်းကြောင်းကြောင့် မီးလောင်မှုဖြစ်သွားရင်တချို့လူတွေက ဆိုင်ကယ် စက်ဘီး၊ကားတွေအစုလိုက်အပြုံလိုက်ပွဲကြည့်သလိုမျိုး မကြည့်သင့်ဘူး။မီးလောင်တဲ့
အဆောက်အဦ ရဲ့ဘေးက လောင်နိုင်တဲ့ အဆောက်အဦး တွေကိုဖျတ်တဲ့နေရာကို အခုနကကြည့်တဲ့သူတွေ တစ်ယောက်တစ်လက်ဝိုင်းပြီးဖျတ်မယ်၊ ရေနဲ့နိုင်သလောက် ပက်ပေးမယ်။ မီးကို တခြားမကူးစက်အောင် ဝိုင်းပြီးတားမယ်ဆိုရင် ကြီးမားတဲ့လောင်ကျွမ်းမှုမျိုးမဖြစ်အောင် တားဆီးနိုင်မှာပါ။ ကိုယ့်အိမ်နဲ့ဝေးတာပဲဆိုတဲ့အသိနဲ့ ဖာသိဖာသာမနေသင့်ပါ။ လက်ပိုက်ကြည့်မနေသင့်ပါ။မီးသတ်ရဲဘော်တွေမီးငြိမ်းသတ်နေတဲ့ သူတွေနဲ့အတူတူ ကူညီဝိုင်းဝန်းပြီးငြိမ်းသတ်သင့်ပါတယ်။ရေလှောင်ကန်တွေကို ရပ်ကွက်တိုင်းမှာ တည်ဆောက်သင့်တယ်။ အရပ်ထဲမှာလည်း မီးငြိမ်းသတ်နည်းတွေ အရေးပေါ်ဖြစ်လာရင် ဘာကို အရင်ဆုံးလုပ်သင့်တယ်ဆိုတာတွေကို လူတိုင်းလူတိုင်း အသိစိတ်နဲ့ လေ့လာထားသင့်တယ်ပါတယ်။ ကိုယ်တိုင်ကလည်း မီးနဲ့ပတ်သက်ရင် အစစအရာရာ စည်းကမ်းတကျ သုံးစွဲရင် မီးလောင်းမှုဆိုတာဖြစ်လာစရာအကြောင်းမရှိပါဘူး။
မီးပေါ့ဆသူ တစ်ဦ တစ်ယောက်ကြောင့် ဒီလိုကြီးတွေ၊ဆုံးရှံးမှုမျိုးတွေ မဖြစ်အောင်လူတိုင်း မီးကိုရိုသေဖို့လက်ဆင့်ကမ်းပြောဆိုဆောင်ရွက်သင့်ကြောင်းပါခင်ဗျား။
နေဝင်း(ဆေး)
ကျွန်တော်ချစ်တဲ့ တောင်တွင်းကြီးမြို့က အမျိုးတွေ သတိထားပါ ခုခေတ်ဆိုရင် လျှပ်စစ်ဝါယာကြိုးတွေ
သေချာစစ်ဆေးပါ စည်းကမ်းလိုက်နာကြပါ. . .။
NaingWaiLwin (TDG)