Before and After

Before and After

အနာဂတ်ကို ကြည့်ပေးရုံတင်မကဘဲ တိုင်ပင်‌ဆွေးနွေးဖို့ safe zone လေးတစ်ခုအဖြစ်ရှိနေပါတယ်နော်🩵

01/09/2024

Relationship/ Crush/ Ex အတွက် မေးမြန်းနိုင်ပါတယ် ✨
...........

လူများရင် စောင့်ရပါမယ်ရှင်
ဘယ်လောက်စောင့်ရမလဲ တိုက်ရိုက်မေးမြန်းနိုင်ပါတယ် 🥰

VPN ပြသာနာတွေကြောင့် Telegram မှာ ပိုပြီး Active ဖြစ်ပါတယ် ✨

Telegram မှာ 👉 ( ) လို့ အပြည့်အစုံ ရိုက်ရှာလိုက်ရင် ရပါတယ်ရှင်

31/08/2024

May ကိုလေ ကဒ်တွေက အမြဲ guidance ပေးတယ်

ကဒ်တွေကိုင်တိုင်း၊ ဟောတိုင်း ကဒ်တွေက ပြောပြနေတာ အမြဲပဲ
ဒါပေမယ့် နားမထောင်ခဲ့ဘူး

တွဲခဲ့တဲ့သူက red flag ဆိုတာပြနေပေမယ့် ဒီတိုင်းထားလိုက်တာ နဖူးတွေ့ ဒူးတွေ့ကြုံမှပဲသိတယ်

ဘဝမှာလည်း သိသာတဲ့ sign !! တွေပြနေပေမယ့် မေ့ထားပစ်ကြတဲ့သူတွေ ရှိလား ?

💗
ကောင်း၏
ဆိုး၏ ဆိုတာကို လက်တွေ့ကြည့်ရင်
သိပေမယ့်
သတိမထားမိလိုက်တဲ့အချိန်မှာ
မျောပါသွားတာကို ကြုံဖူးကြမှာပါ...

Red flag ဆိုတာကို ထင်ထင်ရှားရှားပြနေတဲ့ လုပ်ရပ်တွေ၊ စကားပြောပုံတွေ၊ ‌ဆက်ဆံပုံတွေကို သေချာကြည့်ရင် မြင်နိုင်ပါတယ် ❗

အဓိကက ကိုယ့် ခံစားချက်မျက်နှာဖုံးကိုဖယ်ပြီး သေချာကြည့်နိုင်ဖို့ပဲ လိုတာပါ ✨

Photos from Before and After's post 29/08/2024

ရည်မှန်းထားတဲ့ ဘဝမျိုး ရမလား ❓

Pick a Pile

27/08/2024

ပုံမှန်ကြိုးစားဖို့က ခက်ကြတယ်နော်...

လုပ်နိုင်တဲ့သူကလည်း ရလဒ်တွေထွက်လာကြတယ်။

ဘာလုပ်ရမလဲမသိရင်
လက်ရှိလုပ်နေတာကိုသာ အကောင်းဆုံးကြိုးစားလိုက်...

✨ တဖြည်းဖြည်းလုပ်ရင်း လုပ်ရင်းနဲ့ လမ်းစတွေပေါ်ပြီး သိသာတဲ့ ရလဒ်တွေရလာလိမ့်မယ်။

တစ်ခုခုအောင်မြင်နေတယ်၊
ဝင်ငွေရနေတယ်၊
နေရာတစ်ခု ရနေတယ် ဆိုတာ
အလကားရလာတာ မဟုတ်ပါဘူး။

အားစိုက်ထုတ်မှု တစ်ခုခုရှိခဲ့လို့ပါပဲ 💯

Photos from Before and After's post 26/08/2024

"You're so quiet, what's on your mind?"

My mind:

24/08/2024

တားရော့မေးတဲ့အခါ ကိုယ်မေးတာကို
ဝေဖန်မလား လို့ စိုးရိမ်ဖူးလား ❔

✓မေးလိုက်တဲ့ မေးခွန်းကြောင့်
ငါ့ကို တမျိုးထင်သွားမလား ?

✓မေးလည်း မေးချင်တယ်
✓မေးလည်း မမေးရဲဘူး စသဖြင့်ပေါ့လေ...

လူတိုင်းမှာ Desire ကိုယ်စီ ရှိကြပါတယ်။

May ကိုယ်တိုင်လည်း ငါမေးလိုက်ရင် တဖက်လူက ဝေဖန်မလား ဘယ်လိုမြင်မလဲ စိုးရိမ်နေကြသူမို့ ဒီလိုခံစားချက်ကို နားလည်ပါတယ်...💐

ဒါ့‌ကြောင့် ဖြစ်သင့်တယ် မဖြစ်သင့်ဘူးဆိုတာထက်

Before and After မှာ‌တော့ Judge လုပ်ပြီး ဝေဖန်တဲ့စိတ် အနည်းဆုံးနဲ့အတူ ကြည့်ရှုပေးတာဖြစ်ပါတယ်💞

(၂၀၁၇) ခုနှစ်တုန်းက Counseling Volunteer လုပ်ခဲ့တဲ့အချိန်မှာ စိတ်ထဲ ဘာမှမတွေးဘဲ
Zero stage နဲ့ နားထောင်တဲ့နည်းကို
( ၄ )လ ကျော်ထိ မရမချင်း နေ့တိုင်းလေ့ကျင့်ခဲ့ရပါတယ်။

ဒီလိုအချက်ကို အသုံးပြုပြီးတော့ ကဒ်ကြည့်တဲ့အခါ စိတ်အရှင်းဆုံး ဖြစ်အောင်နေပြီး နားထောင်ပေးတဲ့ စိတ်နဲ့ ဖတ်ရှူပါတယ်✨

တားရော့ပညာနဲ့အတူ Counseling နဲ့ဆက်နွယ်တဲ့ နည်းလမ်းကိုပါ အသုံးပြုတာဖြစ်လို့

လူကို အန္တရာယ်ပြုစေတဲ့ မေးခွန်းတွေကလွဲရင် ကျန်တာတွေ အားလုံးကို ဝေဖန်မှူ အနည်းဆုံးနဲ့ ကြည့်ရှုပေးတာဖြစ်လို့ စိတ်ချလက်ချ မေးမြန်းနိုင်ပါတယ်ရှင် ✨

Photos from Before and After's post 23/08/2024

သူ့စိတ်ထဲမှာ မင်းရှိသေးရဲ့လား ❗

( သူငယ်ချင်း၊ ချစ်သူ၊ မိတ်ဆွေ၊ မိသားစု)

Pick a Pile

21/08/2024

Review ပေးဖို့ မ‌ပြောပေမယ့်
ပြောပြထားကြတဲ့ Honest Review 💯 တွေပါရှင် 🥰

အများကြီးရှိပေမယ့် အကုန် screenshot မရိုက်နိုင်‌သေးလို့
အဲ့ထဲက တချို့ကိုပဲ ဖြေးဖြေးစီတင်သွားပါမယ်ရှင်


Personal reading အတွက် မေးမြန်းချင်တယ်ဆိုရင်တော့ Page Messenger မှာ လာရောက်မေးမြန်းနိုင်ပါတယ် ✨

Before and After 🩵🩷

20/08/2024

ကိုယ့်ကိုယ်ကို ပြောင်းလဲပြီး
Glow up ✨ချင်တဲ့သူတွေအတွက်....

Photos from Before and After's post 19/08/2024

အနာဂတ်မှာ ဖြစ်ချင်တာတွေ အကောင်အထည်ပေါ်လာမလား ❔❓

14/08/2024

ကိုယ့်ကိုယ်ကို ပြောတဲ့စကားတွေကို အတော်လေးသတိထားရပါတယ်

A belief is just a thought that you keep thinking.

တွေးပါများရင် ယုံကြည်မှုဖြစ်လာတယ်

" ငါမလုပ်နိုင်ဘူး " လို့တွေးပါများရင် မလုပ်နိုင်တာကို ယုံကြည်လာတယ်

ကိုယ့်ကိုယ်ကို ပြောင်းလဲနိုင်တာ ကိုယ်တိုင်ပဲဖြစ်လို့ အတွေးတွေကို စပြောင်းကြမယ်နော် ✨

Photos from Before and After's post 18/07/2024

မင်းအပေါ် ဘယ်လောက်ထိချစ်ခဲ့ဖူးကြလဲ

(Ex / ကိုယ်က ငြင်းခဲ့တဲ့သူ)

16/07/2024

Do More of What You Love

စိတ်လှူပ်ရှားစွာနဲ့ အလုပ်လုပ်ဖို့ နိုးထလာရတဲ့ မနက်ခင်းတွေကို ကြုံဖူးကြလား ? 🌟

ဘာပဲဖြစ်ဖြစ် အလုပ်လုပ်နေရတာကိုပျော်ပြီး စိတ်လှုပ်ရှားနေရတဲ့ အလုပ်တစ်ခုတော့ လူတိုင်းမှာ ရှိနေမှာပါပဲ။

တချို့က ပန်းချီဆွဲတဲ့ အလုပ်
တချို့က Code တွေရေးတယ်
တချို့က စာသင်တယ်
တချို့က နေရာအသစ်တွေကို သွားကြည့်ချင်ကြတယ်
တချို့က လူတွေနဲ့ စကားပြောရတာကို ကြိုက်တယ်

အဲ့လိုအလုပ်လုပ်နေရရင် ကိုယ့်ရဲ့ စိတ်နှလုံးကလည်း အေးချမ်းပြီး energy တွေတက်လာတာကြုံဖူးကြမှာပါ။

ကိုယ်ပျော်တဲ့အလုပ်ကို လုပ်ခွင့်မရသေးလို့လည်း လက်မလျော့လိုက်ပါနဲ့။

ကိုယ့်ရဲ့ passion ဆွဲခေါ်တဲ့နောက်ကို လိုက်ရတာ ဘဝရဲ့ အရသာပါပဲ။

မနက်ခင်းတိုင်းမှာ တက်တက်ကြွကြွနဲ့ ကိုယ်ပျော်တဲ့အလုပ်ကို လုပ်သွားနိုင်ဖို့...
ဖြေးဖြေးချင်းပုံမှန်ရွေးချယ်သွားရင်၊ ဆက်လုပ်သွားရင် ဖြစ်နိုင်ပါတယ်။

မလုပ်ချင်တာတွေ ကြိုးစားလုပ်ပြီးမှ ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်ရတာကလည်း သဘာဝပါပဲ။

ကိုယ့်စိတ်က ဆုံးဖြတ်ရင် ဖြစ်အောင်လုပ်နိုင်တဲ့ အင်အားရှိတာမို့ တစ်ဆင့်ချင်းစီ ကြိုးစားသွားကြရအောင်...
🌟

What are some of the things you love doing?

May 🩵
Before and After

09/07/2024

မလွယ်ကူတဲ့ခရီးရှည်ကို ဖြတ်ကျော်ရပေမယ့်လည်း တန်ဖိုးရှိပါတယ်။

🩵🩷

Photos from Before and After's post 04/07/2024

ဘာတွေပြုပြင်ပြောင်းလဲ ပြင်ဆင်သင့်လဲ ?

May 🩵 🩷
Before and After Divination Page

Photos from Before and After's post 30/06/2024

May ကိုယ်တိုင်တီထွင်ဖန်တီးထားတဲ့ package လေးတွေပါ 🥰

Before and After page ရဲ့
Theme colour ကလည်း အပြာနဲ့ ပန်းရောင်ဖြစ်ပြီးတော့ ရေကို အဓိကထားပြီး ဦးတည်ထားပါတယ်။

Package နာမည် (၁)ခုချင်းစီကို အဓိပ္ပါယ်ရှိရှိနဲ့ပေးထားတာဖြစ်ပါတယ်။

May က ရေကိုချစ်ပါတယ်။
ရေကိုမြင်လိုက်ရရင် စိတ်အေးချမ်းပါတယ်။
ဒါ့ကြောင့် နာမည်လေးတွေကို ရေနဲ့ပက်သက်တာလေးတွေ ပေးထားတာဖြစ်ပါတယ်။

May 🩵 ရဲ့ အရင် package လေးတွေကို may ကိုယ်တိုင်‌ သေချာဖန်တီးခဲ့ပေမယ့် အကြောင်းတစ်ခု‌ကြောင့် အသုံးမပြုချင်တော့ပါဘူး။

Package အသစ်လေးတွေနဲ့အတူ Energy အသစ်တွေနဲ့ ကြည့်ကြပါမယ်။

Energy don't lie.
🩵

30/06/2024

တားရော့မေးတယ်၊ ဗေဒင်မေးတယ်၊ အဆောင်ထားတယ် ဆိုတာ မှားတဲ့အရာတော့ မဟုတ်ပါဘူး။

လူတိုင်းမှာ အားအဖြစ်ယူရတဲ့ အရာကိုယ်စီရှိကြပါတယ်။

အရေးကြုံတဲ့အခါ ကိုယ့်ဘက်မှာ ရှိနေတယ်ဆိုတဲ့ အရာလေးတစ်ခုနဲ့တင် လုံလောက်ကြပါတယ်။

✓တချို့က ဘုရားသခင်ကို အားထားယုံကြည်တယ်။
✓တချို့က ယတြာကို အားကိုးတယ်။
✓တချို့က ပစ္စည်း...
✓တချို့က လူပုဂ္ဂိုလ်...
စသဖြင့် ကိုယ်စီရှိကြပါတယ်။

အဲ့လိုကိုယ့်ဘက်မှာရှိတယ်ဆိုတဲ့ ယုံကြည်ထားနိုင်တဲ့ စိတ်လေးကြောင့်ပဲ ရှေ့ဆက်နိုင်ကြတယ်။
အားတင်းနိုင်ကြတယ်။

အမှန်က ယုံကြည်လို့ရမယ့်၊ အားယူလို့ရမယ့် နေရာတစ်ခုကိုရှာကြတာပါ။

ဒါပေမယ့် အဲ့လိုယုံကြည်ပြီး ဖြစ်လာတဲ့အရာတွေကလည်း ကိုယ့်စိတ်နဲ့ ဆိုင်ပါတယ်။

စိတ်ကပဲ ဦးဆောင်သွားတာပါ။
ဒါကိုသိတဲ့သူတွေက အားယူစရာအနေနဲ့ ကိုယ့်ကိုယ်ကို ပြန်ထားပြီး ကြိုးစားကြပါတယ်။

မိမိကိုယ်ကို အားကိုးပါဆိုပေမယ့်
စိတ်အခံ အများကြီးမကောင်းသေးတဲ့အခါမှာ အနည်းဆုံးတော့ သစ္စာမဖောက်မယ့် အရာတစ်ခုကို အားကိုးမိပြီးမှ ကြိုးစားတာဟာ အမှားတစ်ခုမဟုတ်ပါဘူး။

ဒါပေမယ့် အလွန်အကြူးမဖြစ်ဘဲ ကိုယ့်ဉာဏ်လေးနဲ့ ယှဉ်တွဲနေထိုင်မယ်ဆိုရင် ပိုကောင်းတဲ့ အနာဂတ်တစ်ခုကို ဖန်တီးနိုင်မှာ အသေအချာပါပဲ။

May
Before and After 🩵

27/06/2024

Right person ✨ အကြောင်း

Pick a pile - General Reading

27/06/2024

Intuition ဆိုတာ မြန်မာလို ဆဌမ အာရုံလို့ပြောရမလားပဲ...

ဝမ်းတွင်းသိစိတ်ပေါ့။
ဒီလိုစိတ်က လူတိုင်းမှာရှိပေမယ့် အားကောင်းတာ၊ အားနည်းတာ ကွာခြားသွားပါတယ်။

တခါတလေ ဒီလိုဖြစ်တော့မလားလို့ တွေးမိပြီး ဖြစ်လာတဲ့အရာလေးက Intuition လေးပါ။

သတိရှိပြီး တရားထိုင်တာများရင်၊ ဒါမှမဟုတ် လေ့ကျင့်ပါများရင် သေချာရရှိနိုင်ပါတယ်။

May 🩵 က ဒီ intuition ကိုအသုံးပြုပြီးဟောပါတယ်။
လူတွေရဲ့ energy ကို ဖတ်ပါတယ်။

အသုံးပြုပါများ‌တော့ တခါတလေ နာမ်ပိုင်းဆိုင်ရာအစောင့်အရှောက်တွေ၊ နာနာဘာဝတွေ၊ လူတွေကို မြင်ရလေ့ရှိပါတယ်။

ဒါ့ကြောင့် ကဒ်မဟောခင် သစ္စာဆိုဖြစ်‌လေ့ရှိပါတယ်။
May 🩵 ကနေတဆင့် ပြတ်ပြတ်သားသား သိရပါစေလို့ပေါ့...

အမြဲ intuition သုံးတဲ့အတွက် ဒီ page ကိုလည်း audience မှန်မှန်ရောက်စေဖို့ ရည်ရွယ်ထားပါတယ်။

လူတွေအကြိုက်မလိုက်ဘဲ သိသင့်တာကိုပဲပြောပြပေးမှာဖြစ်လို့ အဆောင်၊ ယတြာတွေပေးနေမှာ မဟုတ်ဘဲ လမ်းမှန်ရောက်စေဖို့ အားတစ်ခုဖြစ်ပေးမယ့် page အဖြစ်ရှိနေပါတယ်။

Before and After Divination Channel 🩵🩷

20/06/2024

May ကို အရင်က တားရော့ဆရာမတစ်ယောက်က ပြောဖူးတယ်။

တားရော့နဲ့ အကျိုးမပေးဘူး။
ကံမပါဘူး။
ငွေမရှာနိုင်ဘူးတဲ့။
ဘယ်တော့မှဖြစ်လာမှာ မဟုတ်ဘူးပေါ့။

သူပြောတာ မှားတယ်လို့မဆိုလိုပါဘူး...
ဘာလို့လဲဆိုတော့ May ပြောင်းလဲခဲ့လို့ပါ။
အခုဆိုရင် အိမ်ကအဆင်မပြေတဲ့အချိန် လိုအပ်သလောက် ဒီ ကဒ်တွေကနေပဲ ငွေရှာပေးနိုင်ခဲ့တယ်✨

ပညာကိုလည်း လေးစားတယ်။

🌈ဒီလိုပါပဲ....

တားရော့တွေပဲဖြစ်ဖြစ်၊
အနာဂတ်ကိုသိရတဲ့ အရာတစ်ခုခုပဲဖြစ်ဖြစ်
မေးတဲ့အခါ ထွက်လာတဲ့အဖြေကို ကောင်းတာဆိုရင်ယူပါ။

အဆင်မပြေတာဆိုရင် ငါဘာပြောင်းလဲလို့ရနိုင်မလဲဆိုတာ ရှာပါ။

ပြောင်းလဲချင်စိတ် တစ်ခုပဲရှိဖို့ လိုအပ်ပါတယ်🩵

အနာဂတ်ကိုကြည့်တယ်ဆိုတာ....
အခု ဖြစ်နေတာတွေသာ ဆက်လုပ်ရင် ဒါမျိုးတွေဖြစ်လာနိုင်မယ်လို့ ပြောတာလို့ May ယုံကြည်ထားပါတယ်။

ဒါ့ကြောင့် ကဒ်မေးရုံတင် လက်မလျော့လိုက်ဘဲ ကိုယ်လိုချင်တဲ့အဖြေမရသေးဘူးဆိုရင် ဘာပြောင်းလဲလို့ရနိုင်မလဲ ကြိုးစားကြည့်ပါ ✨

100% အကုန်ပုံအပ်ပြီး ပစ်မယုံကြည်လိုက်ပါနဲ့။
အကုန်ပြောင်းလဲလို့ရတဲ့ ကံကြမ္မာစက်ဝိုင်းက သင့်လက်ထဲမှာ ကိုင်ထားပြီးသားပါ🩵

ဘာယတြာမှ မလိုပါဘူး။
အကောင်းဆုံးအဆောင်က သင့်စိတ်နဲ့ ခန္ဓာကိုယ်ပါပဲ....

12/06/2024

Tarot Reader ရော၊ လာမေးတဲ့သူရော koko lover တွေဖြစ်နေသောအခါ ...... 😂

ဒါနဲ့ အချစ်ရေးကံကောင်းရင်ရပြီဆိုတဲ့သူတွေ‌ရှိကြလား ?

30/05/2024

Vpn တွေသုံးမရတဲ့အခါ စိတ်မပူနဲ့နော်❗

Before and After က social media တိုင်းနီးပါးမှာရှိနေပါတယ်🩵

✅page - Before and After
✅Instagram - may_before_after
✅Tik Tok - .and.after28
✅YouTube - .after-828

✅Telegram - လို့ရိုက်ရှာလိုက်ရင် account ထွက်လာပါလိမ့်မယ်

( အောက်က ပုံက QR Code က Telegram Channel ပါ)
အချိန်နဲ့တပြေးညီ post တွေတင်ပေးနေပါတယ်ရှင်🩵

Viber ကတော့ ဖုန်းနံပါတ်ပေးလို့အဆင်မပြေသေးလို့ မလုပ်ရသေးပါဘူးရှင်

Facebook သုံးမရတဲ့အခါ
Before and After ရဲ့Telegram ကိုလာခဲ့ဖို့ မမေ့နဲ့နော်...✨
အခုထဲက follow ထားမှ စိတ်ချရပါမယ်🙋

- Channel ရှာမတွေ့ရင် ရှာရလွယ်တဲ့ Telegram Account ကို အားမနာတမ်းလာပြောလိုက်ပါနော်

27/05/2024

သူ့ကို ‌ရွေးချယ်သင့်လား ❓
Pick a pile - General Reading

Before and After 🩵

26/05/2024

သူများတွေကိုတိုက်ခိုက်၊ အတင်းပြောတာတွေနဲ့ အချိန်ကုန်နေမယ့်အစား
အဲ့အချိန်တွေကို ကိုယ့်ဘာသာပြန်လှည့်ကြည့်ပြီး ကြိုးစားလိုက်ရင်.....

25/05/2024

ငွေဆိုတာ ကံပဲ
ကံဆိုတာ အလုပ်ပဲ

23/05/2024

တားရော့မေးချင်ပေမယ့်
ငွေကြေးကလည်း ပြန်ချိန်ရသေးတယ်..

မေးလိုက်ရမှာ နှမြောတယ်။
ဒါပေမယ့်လည်း သိချင်တာရှိတယ်။

ဒါဆိုရင် မေးခွန်း (၁) ခုမေးပါမယ် ✨

" သိချင်တာကိုမေးပြီး သိလိုက်ရရင် ဘာတွေပြောင်းလဲသွားမလဲ ❓ "

✓ သိလိုက်ရဖို့တန်လား ?
✓ ဒါသိလိုက်ရရင် စိတ်အေးလက်အေးနေရပြီး လုပ်စရာရှိတာဆက်လုပ်နိုင်မလား ?

✓ သိပြီးရင် လုံးဝအပြောင်းအလဲဖြစ်သွားမလား ?
✓ အဖြေသိလိုက်ရလို့ ကံအပြောင်းအလဲလုပ်ဖို့ အချိန်ရသွားမလား ?

အဲ့လိုမဟုတ်ဘဲ ပုံမှန်ဖာသိဖာသာမေးခွန်းလေးတွေဆိုရင် မမေးသင့်ပါဘူးရှင်။

May 🩵
Before and After 🩵 🩷

Photos from Before and After's post 20/05/2024

မနာလိုနေတဲ့သူ ရှိလား ?
ဒုက္ခပေးနိုင်လား ?

Pick a pile 🩵

19/05/2024

အနာဂတ်ကိုကြည့်တယ်ဆိုတာ....

အခု ဖြစ်နေတာတွေသာ ဆက်လုပ်ရင် ဒါမျိုးတွေဖြစ်လာနိုင်မယ်။
ဒါ့ကြောင့် ဒီလိုကံအခြေအနေရှိတယ်လို့ ပြောတာပါ။

ဒါ့ကြောင့်
ကဒ်မေးရုံတင်၊ pick a pile ရွေးရုံတင်

လက်မလျော့လိုက်ဘဲ ကိုယ်လိုချင်တဲ့အဖြေမရသေးဘူးဆိုရင် ဘာပြောင်းလဲလို့ရနိုင်မလဲ ကြိုးစားကြည့်ပါ ✨

မရနိုင်သေးဘူးဆိုတာကို စောစောသိလိုက်ရတာက အခွင့်အရေးတစ်ခုပါပဲ....

100% အကုန်ပုံအပ်ပြီး ပစ်မယုံကြည်လိုက်ပါနဲ့။
အကုန်ပြောင်းလဲလို့ရတဲ့ ကံကြမ္မာစက်ဝိုင်းက သင့်လက်ထဲမှာ ကိုင်ထားပြီးသားပါ🩵

ဘာယတြာမှ မလိုပါဘူး။
အကောင်းဆုံးအဆောင်က
သင့်စိတ်ပါပဲ....

စိတ်သာဆုံးဖြတ်ရင် အရာအားလုံးဖြစ်နိုင်ပါတယ်။

အဲ့အကြောင်းကို May June 20, Thursday နေ့မှာ Scheduled Post အနေနဲ့တင်ထားပါတယ်။

စောင့်မျှော်ဖတ်ရှူပေးပါဦး🩵

Photos from Before and After's post 18/05/2024

အချစ်စစ်နဲ့ တွေ့ဖူးပြီလား ?

Pick a pile 🩵🩷

17/05/2024

စိတ်ရှိတိုင်းမမေးရဘဲ ဈေးထိုင်တွက်နေရတာမျိုးမဖြစ်ချင်ရင်
Typing Reading ကိုမေး....

အချိန်နဲ့ဖြစ်ပြီးတော့ မေးခွန်းအကန့်အသတ်မရှိလို့ စိတ်ကြိုက်မေးလို့ရပါတယ်

May ဘက်ကတော့ Voice message နဲ့ဖြေပေးမှာပါ🥶
စာရိုက်ရင် အရမ်းကြာပြီးအချိန်ကုန်တယ်ထင်လို့ပါ

Customer ဘက်ကတော့ စာနဲ့ပဲပို့ရပါမယ်နော်🩵

မေးတဲ့အခါ မေးခွန်းတစ်ခုကြည့်ပြီးမှ နောက်တစ်ခုပို့ရပါမယ်

Website