Ngaputaw Revolutionary Generation
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ngaputaw Revolutionary Generation, Armed forces, .
ဧရာတိုင်း ငပုတောမြို့နယ်ကမ်းခြေ စပါးကြီးရွာမှ ပထမ အုပ်ချုပ်ရေးမှူးအဟောင်းအား 2 ရက်တွင်လာရောက်ဖမ်းစီးသွားရာ ဘာကြောင့်ဖမ်းစီးသည်ကိုမသိ၍ နောက်ထပ် လူ 5 ဦးမှ နောက်မှလိုက်ပြီးစုံစမ်းရာ နောက်ထပ်လိုက်သွားသော 5 ယောက်ပါပြန်မရောက်
ငပုတောမြို့နယ်ထဲကသစ်တောတွေမှာ PDFတွေရှိတယ်ဆိုပြီး စစ်ကောင်စီတပ်တွေ တောနင်းရှာဖွေနေ
နွေဦးမောင်/ဧရာဝတီတိုင်းမ်
ငပုတော ၊ မေလ ၂ ရက်
ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်နဲ့ ထိစပ်နေတဲ့ ရခိုင်ရိုးမထဲမှာ PDFစခန်းတွေရှိနေတယ်ဆိုတဲ့သတင်းများကြောင့် စစ်ကောင်စီတပ်တွေက တောနင်းရှာဖွေတာတွေ ပြုလုပ်နေတယ်လို့ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်အင်အား ၁၀၀ ခန့်နဲ့ ဧပြီလ နောက်ဆုံးပတ်က စတင်ကာ ငပုတောမြို့နယ်အတွင်းက သစ်တောတွေမှာ တောနင်းရှာဖွေနေတာလို့ မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ဆိုပါတယ်။
"အင်အား ၁၀၀လောက်ရှိမယ်။ ဧပြီ၂၈ရက်နေ့ထဲက တောထဲမှာ ဒေသခံလမ်းပြတွေနဲ့တောနင်းနေတာ ကြားတာတော့။ PDFစခန်းရှိတယ်။ နောက်စစ်သင်တန်းဖွင့်နေတယ်ဆိုပြီးရှာနေတာပဲ" လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ငပုတောမြို့နယ် အတွင်းကရခိုင်ရိုးမနဲ့ထိစပ်နေတဲ့ ငရုတ်ကောင်းဒေသ၊ မြစ်တစ်ရာ သစ်တောကြိုးဝိုင်း၊ ဆင်မှုံသစ်တော ကြိုးဝိုင်း၊ ဟိုင်းကြီးကျွန်း မော်တင်ဒေသတွေမှာ ခုလို တောနင်းရှာဖွေနေတာလို့ သိရပါတယ်။
" သစ်မီးသွေးလုပ်တဲ့လူတွေ တောထဲ၀င်ရင် အုပ်ချုပ်ရေးအဖွဲ့ကို သတင်းပို့ပြီးမှတောထဲ၀င်ရမယ်တဲ့။ တောထဲမှာ စစ်တပ်ကင်းပုန်းတွေချထားတယ်။ မသင်္ကာရင်ပစ်မယ်လို့ လဲပြောတယ် "လို့
ငရုတ်ကောင်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
လက်ရှိသစ်တောတွေအတွင်းမှာအနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့ နဲ့့ နယ်မြေခံပြည်သူ့စစ်၊ဒေသခံ လမ်းပြပါဝင်ပြီး အရပ်၀တ်နဲ့ ဒေသခံပုံစံ စောင့်ကြည့်တာတွေပါ ပြုလုပ်နေတာလို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးကဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ဧရာ၀တီတိုင်းက ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့ ကြံခင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်နဲ့ ပုသိမ်ချောင်းသာသစ်တောတွေအတွင်းမှာ စစ်ကောင်စီက တောနင်းရှာဖွေတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
#စစ်ကောင်စီ #ငပုတော #တောနင်းရှာဖွေ
မြန်မာနိုင်ငံရဲ့
ဥပဒေပြု အာဏာ
အုပ်ချုပ်ရေး အာဏာ
တရားစီရင်ရေးအာဏာ
ဟန်ငြိမ်းဦးလက်တွင်ရှိသည်
ရက္ခိုင့်တပ်တော် နှင့် ပတ်သက်သည်ဟုဆိုကာ ဟိုင်းကြီးကျွန်းရှိ ဒေသခံရခိုင်တိုင်းရင်းသား ၃၀ ကျော်ကို စစ်ကောင်စီဖမ်းဆီး
====================
ဧရာဝတီတိုင်း၊ဟိုင်းကြီးကျွန်းမြို့တွင် ရက္ခိုင့်တပ်တော် (AA) နှင့် ပတ်သက်မှုရှိသည်ဟု စွပ်စွဲ၍ ဒေသခံ ရခိုင်တိုင်းရင်းသား ဦးရေ ၃၀ ကျော်ကို စစ်ကောင်စီတပ်များနှင့် ရဲများက ဖမ်းဆီးထားကြောင်း ဒေသခံများထံကသိရသည်။
ဟိုင်းကြီးကျွန်းမြို့ ၊ ငါးပြေမကျေးရွာ၊ ကညင်ချောင်းကျေးရွာ၊ အဏ္ဏဝါကျေးရွာနှင့် ဇီးဖြူချောင်းအပြင် ကျွန်းတဖက်ကမ်းရှိကျေးရွာများမှ ဒေသခံများကို ဧပြီလ ၁၉ ရက်နေ့မှစတင်ကာ စစ်အုပ်စုနှင့်ရဲများက လိုက်လံဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဒေသခံ တစ်ဦး ကပြောသည်။
"ဟိုင်းကြီးအပိုင်ထဲမှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေနေတဲ့ရွာတွေမှာ AA ကလူတွေ ရှိတယ်။ စစ်သင်တန်းလာပေးနေတယ်ဆိုပြီးလိုက်ဖမ်းနေတာဗျ။ အဖမ်းခံထားရတဲ့ သူတွေက ရခိုင်တိုင်းရင်းသားတွေဆိုတော့ AA နဲ့ ပတ်သက်မှုရှိတယ်လို့ စွပ်စွဲပြီး ဖမ်းခေါ်သွားကြတာပါ။ သူတို့ဖမ်းသွားတဲ့သူတွေထဲက ကိုးယောက်ဆိုရင် စစ် သားတွေ နှိပ်စက်တာကို တော်တော်ခံထားရတယ်လို့ သိရတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သား အင်အား ၂၀ ကျော်နှင့် ဟိုင်းကြီးကျွန်းရဲစခန်းရှိ ရဲများက အိမ်စီးကားများ အသုံးပြုကာ လိုက်လံဖမ်းဆီးနေခြင်းဖြစ်ပြီး ယနေ့ ဧပြီ ၂၇ ရက် နံနက် ၃ နာရီ ဝန်းကျင်က ဟိုင်းကြီးကျွန်းမြို့ အဏ္ဏဝါကျွေးရွာမှ ဒေသခံ ပြည်သူ သုံးဦးကို ထပ်မံဖမ်းဆီးသွားကြောင်းဒေသခံများထံက သိရသည်။
လက်ရှိတွင် မတရားဖမ်းဆီးခံထားရသည့် ဒေသခံများကို ဟိုင်ကြီးကျွန်းတွင်ရှိသည့် စစ်ကောင်စီ၏ ရေတပ်စခန်းဌာနချုပ်တွင် စစ်ဆေးမှုများပြုလုပ်နေသည်ဟု သိရပြီး မိသားစုများနှင့် အဆက်အသွယ်မရသေးကြောင်း ဒေသခံများက ပြောသည်။
#ဟိုင်းကြီးကျွန်း
#ရက္ခိုင့်တပ်တော်AA
#စွပ်စွဲ
#စစ်ကောင်စီ
#ဒေသခံရခိုင်းရင်းသား
#၃၀ကျော်ကိုဖမ်းဆီး
မန္တလေး၊ ပုသိမ်ကြီးမြို့နယ်တွင် ခလရ ၄ မှ အရာခံဗိုလ်တစ်ဦးကို မြို့ပြပျောက်ကြား တပ်ပေါင်းစုက ပစ်ခတ်ရှင်းလင်း
ရန်ကုန်၊ ဧပြီ ၂၇
မန္တလေး၊ ပုသိမ်ကြီးမြို့နယ်တွင် ခလရ ၄ မှ အရာခံဗိုလ်တစ်ဦးကို မြို့ပြပျောက်ကြား တပ်ပေါင်းစုက ဧပြီလ ၂၆ ရက်နေ့တွင် ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ဒေသပျောက်ကြားအဖွဲ့များက သတင်းထုတ်ပြန်သည်။
နတ်ဆိုးမြေအောက် တော်လှန်ရေးအဖွဲ့၊ MDY မဟာမိတ်အဖွဲ့များ ပူးပေါင်း၍ မန္တလေး တိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၁၉ ၊ ခမရ ၁၁၆ ၊ ခလရ ၄ တပ်သုံးခု၏ ပူးတွဲရုံးအုပ်ကြီး အရာခံဗိုလ်တစ်ဦးကို ဧပြီလ ၂၆ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးသွားကြောင်း သတင်းထုတ်ပြန်ထားသည်။
စစ်တပ်သတင်းရင်းမြစ်တချို့ကမူ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ခလရ ၄ မှ တပ်ကြပ်ကြီး စာရေး ၁ ဦး ယမန်နေ့က သေနတ်ဖြင့် ၅ ချက် အပစ်ခတ်ခံရကြောင်း၊ လက်ရှိတွင် သေဆုံးမှု မရှိသေးဘဲ ဆေးကုသမှု ခံယူနေကြောင်း၊ တပ်အဝင်အထွက်များ ပိုမို လုံခြုံရေး တင်းကျပ်ထားကြောင်း ပြောဆိုသည်။
ပစ်ခတ်ခံရသူမှာ စစ်တပ်မှ ခလရ (၄)တပ်ရင်း၊ ရေထွက်ကျေးရွာ ပုသိမ်ကြီးမြို့ နယ်မှ တပ်ကြပ်ကြီးနေဝင်းအောင်ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဓာတ်ပုံ-မြို့ပြပျောက်ကြားအဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူနေရသော တပ်ကြပ်ကြီး နေဝင်းအောင်။