Insider Channel
Insider Channel
နည်းပညာနှင့်ဖျော်ဖြေရေး
Photos from Insider Channel's post 23/12/2021
ဒီမယ် .......ညီမလေး
တကယ်ချစ်တယ်လို့ ပြောရင် မယုံနဲ့
ကော်ရီး ဆီမှာ ဖိတ်စာ လာရိုက်မယ် ပြောမှ ယုံပါ....😍😍😍
မဂ်လာ ဖိတ်စာ နှင့် လက်ထပ်စာချုပ် အမျိုးမျိုး
အားပေးကြမ်းတဲ့ မိတ်ဆွေများအားလုံး ကျေးဇူးအထူးတင်ရှိပါကြောင်း.......
လမင်းအိမ်
ဗွီဒီယို၊ ဓာတ်ပုံ ဖိတ်စာ လုပ်ငန်း ၀၈၀-၄၉၈၅-၄၀၄
ဆံပင် မိပ်ကပ် အခမ်းအနား စိုးစိုး ၀၉၄-၇၈၃၆၈၀၁
31/10/2021
Multimeter များဆီသို့ ချဉ်းကပ်လေ့လာခြင်း။
Multimeter ဆိုသည်မှာ Current, Voltage, Resistance တို့ ကဲ့သို့သော Electrical တန်ဖိုးများကို တိုင်းတာ သော ကိရိယာ တစ်ခု ဖြစ်ပါသည်။ လျှပ်စစ်နည်းပညာရှင်(Electricians) များမှ အစပြု၍ လျှပ်စစ်နှင့် ဆက်စပ် လုပ်ကိုင်နေကြသည့် လုပ်ငန်းတွင်းရှ်ိ အလုပ်သမားများ အတွက် မရှိမဖြစ် လိုအပ်သော Instrument တစ်ခု ဟု ဆိုလျှင် မှား လိမ့်မည် မဟုတ်ပါ။ Multimeter ကို Multitester ဟူ၍လည်း ခေါ်ဝေါ်သုံးစွဲလေ့ရှိကြပြီး လုပ်ငန်းခွင်တွင် Multimeter ဟုသာ အခေါ်များပါသည်။
အဓိကအားဖြင့် Multimeter အမျိုးအစား (type)နှစ်မျိုး ရှိပါသည်။
၁။ Analog Multimeter
၂။ Digital Multimeter
၁။ Analog Multimeter
Multimeter စတင် အသုံးပြုသော New User များအတွက် Analog Multimeter ပေါ်ရှိ Scale များ အား အလွယ်တကူ ဖတ် တတ်ရန် အစပိုင်း တွင် ခက်ခဲနေ မည်ဖြစ်ပါသည်။
Diode တစ်လုံးအား စစ်ဆေးသည့်အခါ Analog meter များသည် တန်ဖိုးတိတိကျကျ ပြသနိုင်သည့် ကောင်းကျိုးရှိပါသည်။ ထို့ ကြောင့် Electronic သမားများ Analog meter ကို အသုံးများကြပါသည်။
၂။ Digital Multimeter
Digital Meter များဟာ တိကျသော တန်ဖိုးပမာဏ တိုင်းတာမှု ကို Digit ဂဏန်းဖြင့် ဖော်ပြသောကြောင့် ဖတ်ရ လွယ်ကူ စေ၍ တိကျသေချာမှု ရှိပါသည်။ Digital meter များကို လည်း အသုံးပြုမှု များပြား လာကြပါသည်။
Digital Multimeters များသည် ပညာရှင်များစွာ တို့အတွက် လွန်စွာ အရေးကြီးလှသော မရှိမဖြစ် tool တခု ဖြစ်ပြီး ကောင်းမွန် မှန်ကန်စွာ အသုံးချ နိုင်ပါက လျှပ်စစ်ပြသနာများကို ဖြေရှင်းနိုင်ကြမှာ ဖြစ်ပါသည်။
ခြားနားချက်များ
၁။ ၎င်း အမျိုးအစား နှစ်ခု၏ အဓိက ခြားနားချက်မှာ တန်ဖိုး (Value) ပြသသည့် (Screen) မျက်နှာပြင် ပင် ဖြစ်ပြီး Analog Multimeter များတွင် တိုင်းယူရရှိသော တန်ဖိုးများကို ပင်အပ်ကဲ့သို့သေးမျှင်သော လက်တံ တစ်ခု မှ Screen ပေါ်တွင် မြင်နေရသည့် တန်ဖိုးဂဏန်းများ သို့ ညွှန်ပြပါသည်။
Digital Multimeter များ တွင်တော့ တန်ဖိုးများ ကို Digit ဂဏန်းများဖြင့် ပြသပေးပါသည်။
၂။ Analog multimeter သည် တိုင်းတာမှု ရလဒ် တန်ဖိုးများ ကွာခြားမှု 3%ခန့်မျှ ဖြစ်ပြီး Digital Multimeter 0.5% နှင့် အောက် ဖြစ်ပါသည်။ထို့ကြောင့် Digital သည် Analog ထက် ပို၍ အသေးစိတ်သော တန်ဖိုးများ ပြသနိုင်သည်။
၃။ Analog Multimeter သည် Digital meter ထက် ပို၍ ရှေးကျပါသည်။
၄။ Modern Digital meter များသည် additional features များ ဖြစ်သော Capacitance တန်ဖိုး၊ Temperature၊ Frequency၊ Sound level နှင့် Continuity beep များကို ပေးစွမ်းနိုင်သည်။
၅။ Analog meter သည် တိကျသော အတိုင်းတာ ပမာဏ ကို Manual ရွေးချယ် ပေးရလေ့ရှိသလို Digital သည် Auto range ဖြင့် unit များ၏ တန်ဖိုးကို ပြသနိုင်သည်။
၆။ Analog meter များသည် လုံလောက်သော လေ့ကျင့် မှုဖြင့် တိုင်းတာမှုများပြုလုပ်နိုင်သော်လည်း Digital meter များမှာ ကျွမ်းကျင်မှုမရှိသေးသည့် Beginner များပင် အလွယ်တကူ အသုံးပြုနိုင်သည်။
၇။ Analog meter သည် အနည်းငယ် စျေးသက်သာမှု ရှိပြီး Digital meter သည် အစဉ်သဖြင့် စျေးကြီး လေ့ရှိသည်။
၎င်း အမျိုးအစား နှစ်ခု စလုံးတွင် အနီရောင်နှင့်အနက်ရောင် တိုင်းတာတံ Probe နှစ်ချောင်းပါဝင်မှာ ဖြစ်ပြီး မိမိတိုင်းတာလိုသော Equipment ပေါ်သို့ လက်နှစ်ဖက်ဖြင့် Probe နှစ်ချောင်းကို ကိုင်တွယ် တိုင်းတာရမှာ ဖြစ်ပါသည်။ မည်သည့် အမျိုးအစား အသုံးပြုသည် ဖြစ်စေ ၎င်း နှင့်အတူပါဝင်လာသော Manufacturer ၏လမ်းညွှန်မှု User instruction manual စာအုပ် ငယ် လေးအား ဖတ်ရှု လိုက်နာ ခြင်းဖြင့် Equipment သက်တမ်းကို ရေရှည် ထိန်းသိမ်းနိုင်မှာ ဖြစ်သလို အသုံးပြုမည့် User ကိုပါ မတော်တဆ ထိခိုက်မှုမှ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါသည်။
အရေးအကြီးဆုံး အချက်မှာ
၎င်း meter များကို ဝယ်ယူရန် ရွေးချယ်စဉ်ကတည်းက ဘယ်လို အမျိုးအစား အသုံးပြုမည်လဲ မည်သည့် Range ကို တိုင်းတာမည်လဲ Specification များ သတိပြု ဖတ်ရှုကာ ဝယ်ယူသင့်ကြပါသည်။
Beginner များအတွက် ၎င်း meter နှစ်မျိုး၏ အသုံးပြုပုံ များကို အောက်ပါ Video နှစ်ခုဖြင့် လေ့လာနိုင်ပါသည်။
How to use Analog Multimeter (Training Video)
https://youtu.be/E3elzYUfoe4
How to use Digital Multimeter(Training Video)
https://youtu.be/TdUK6RPdIrA
Detail ဖတ်ရှု ပြီးပါက multimeter များအကြောင်း စုံလင်စွာ နားလည် သွားမည် ဖြစ်ပါသည်။
Photos from Insider Channel's post 02/10/2021
ကွန်ပျူတာကီးဘုတ်လက်ကွက်ဇယားများစုစည်းမှု
တော်တော်လေး စုံတယ်နော်.....
06/09/2021
ကွန်ပျူတာရဲ့ အရေးပါသော Short Cut လေးများ 😚
ctrl + a - အားလုံးကို ရွေးပါ
ctrl + b - bold
ctrl + c - ကော်ပီကူးခြင်း
ctrl + d - ဖြည့်ပါ
ctrl + f - ရှာတွေ့သည်
ctrl + g - စာသား ၏ နောက်ထပ် ဖြစ်ရပ်ကို ရှာပါ
ctrl + h - အစားထိုးရန်
ctrl + i - italic
ctrl + k - hyperlink ကို ထည့်ပါ
ctrl + n - workbook အသစ်
ctrl + ဖွင့်သည်
ctrl + p - ပုံနှိပ်ခြင်း
ctrl + r - ဘာမှမရှိပေ
ctrl + s - ကယ်ပါ
ctrl + u - understand
ctrl + v - ပေ့စ်ပေ့စ်
ctrl w - ပိတ်သည်
ctrl + x - cut
ctrl + နှင့် - ထပ်ခါထပ်ခါ
ctrl + z - ပယ်ဖျက်သည်
f1 - ကူညီမှု
f2 - edition
f3 - နာမည်ကိုပေ့စ်လုပ်ပါ
f4 - နောက်ဆုံးလုပ်ဆောင်ချက်ကို ထပ်လုပ်ပါ
f4 - formula ကို ဝင်ရင် ၊ လုံးဝ / အမျိုးအလိုက် ဒိုင်လူကြီးတွေ ပြောင်းလိုက်
f5 - goto
f6 - နောက်ပန်အီး
f7 - စာလုံးပေါင်းစစ်
f8 - mode ရဲ့ တိုးချဲ့မှု
f9 - workbooks အားလုံးကို တွက်ချက်ပါ
f10 - menubar ကို ဖွင့်ပါ
f11 - စာပိုဒ်အသစ်
f12 - save တာအဖြစ်
ctrl +:-လက်ရှိအချိန်ကို ထည့်ပါ
ctrl +;-လက်ရှိရက်စွဲကို ထည့်ပါ
ctrl + "- အထက်ပါဆဲလ်ရဲ့ တန်ဖိုးကို မိတ္တူကူးယူပါ
cell အထက်မှ formula ကို ctrl + '- copy
အလုပ်ချိန် - excel မီနူးမှာ နောက်ထပ်functions အတွက် offset ချိန်ညှိမှု
shift + f1 - ဘာတွေလဲ ။
shift + f2 - cell cell ကို တည်းဖြတ်
shift + f3 - formula မှာ လုပ်ဆောင်မှုကို ပေ့စ်လုပ်ပါ
shift + f4 - နောက်ရှာမယ်
shift + f5 - find
shift + f6 - ယခင် panel
shift + f8 - ရွေးချယ်မှုကိုထည့်ပါ
shift + f9 - တက်ကြွသော အလုပ်စာရွက်ကို တွက်ချက်ပါ
shift + f10 - popup မီနူးပြပွဲ
shift + f11 - spreadsheစာရွက်အသစ်
shift + f12 - ကယ်ပါ
ctrl + f3 - နာမည်သတ်မှတ်ပါ
ctrl + f4 - ပိတ်သည်
ctrl + f5-xl, မူရင်းပြတင်းပေါက် ၏ အရွယ်အစား
ctrl + f6 - နောက်ထပ် workbook window
shift + ctrl + f6 - ယခင် workbook window
ctrl + f7-င်းဒိုးကို ရွှေ့ပါ
ctrl + f8 - resize window
ctrl + f9 - workbook ကို minimize
ctrl + f10 - maximize သို့မဟုတ် ပြန်လည်ထားရှိရန် ပြတင်းပေါက်များ
ctrl + f11 - inset 4.0 macro အလွှာ
ctrl + f1 - open file
alt + f1 - စာပိုဒ်တစ်ခု ထည့်ပါ
alt + f2 - ကယ်ပါ
alt + f4 - output
alt + f8 - macro dialogue
alt + f11 - visual basic တည်းဖြတ်သူ
ctrl + shift + f3 - အတန်းနှင့်ကော်လံအညွှန်းများကို အသုံးပြုပြီး နာမည်တစ်ခုဖန်တီးပါ
ctrl + shift + f6 - ယခင် window
ctrl + shift + f12 - ပုံနှိပ်ခြင်း
alt + shift + f1 - spreadsheet အသစ်
alt + shift + f2 - ကယ်ပါ
alt + = - autosum
formula အတွက် ctrl + '- အဖွင့်တန်ဖိုး / ပြပွဲ
ctrl + shift + a - formula မှာရှိတဲ့ အငြင်းပွားစရာ နာမည်တွေကို ထည့်လိုက်
alt + မြားအောက်မြား - အလိုအလျောက်မြင်ကွင်း စာရင်း
alt + '- format စတိုင် ဒိုင်ယာလော့စ်
ctrl + shift + ~ - general format
crd: orginal writer.
Photos from Insider Channel's post 29/08/2021
ဒီတစ်ပတ်တော့ Canon ရဲ ့ အလှည့်ပြန်ရောက်လာပါပြီ။..............................................................
အခုတစ်ခေါက်မှာတော့ Camera တွေအကြောင်း မပြောတော့ဘဲ ဓာတ်ပုံရိုက်တဲ့အခါမှာ အသုံး၀င်မယ့် Setting ထဲကမှ Light Metering Mode အကြောင်း မသိသေးတဲ့သူများအတွက် ရည်ရွယ်ပြီး ရေးလိုက်ပါတယ်။
Light Metering Mode ဆိုတာဘာလဲ?
Camera တွေမှာ ကျွန်တော်တို့တွေက Light Meter ဆိုတဲ့ ညွန်းကိန်းလေးကို ကြည့်ပြီး Exposure Setting ကို ချိန်တတ်ကြပါတယ်။ ဒါဆို အဲ့ဒီ Light Meter က ဘာကို ဖတ်ပြီးညွန်းတာလဲ ဆိုတာက ကင်မရာမှာ ကိုယ်ထားထားတဲ့ Light Metering Mode ပေါ်မှာ မူတည်တယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။ ကင်မရာတွေက အလင်းအမှောင် ခန့်မှန်းဖို့အတွက် ဓာတ်ပုံတစ်ပုံလုံးမှာရှိတဲ့ လင်းတဲ့နေရာနဲ့မှောင်တဲ့နေရာတွေကို Average ချပြီး 18% Grey point ကို Correct Exposure အမှန်လို့ယူပါတယ်။ Exposure အမှန်ဆိုတာက မျက်လုံးအမြင်နဲ့ အနီးစပ်ဆုံးတူတာကို ပြောတာပါ။ ဒါဟာ အမြဲတမ်းအတွက် မမှန်ပါဘူး။ ဆိုကြပါစို့ ကျွန်တော်တို့က Subject ကို အလင်းများတဲ့ Background နဲ့ရိုက်မယ်ဆိုရင် ကင်မရာက Over Exposed လို့ပြနေမှာပါ။ ဒါပေမယ့် ကင်မရာရဲ ့ exposure အမှန်နဲ့သွားရိုက်လိုက်ရင် Subject က Under Exposed (မှောင်) သွားမှာပါ။ ဒီလိုဘဲ Indoor Portrait ရိုက်မယ်ဆို (ဥပမာ - Stage ပေါ်ကလူ) Spot Light ထိုးထားတဲ့ လူကိုဘဲ Exposure ဖြတ်ရမှာပါ။ ဒီလိုမှ မဟုတ်ဘဲ Average Exposure နဲ့ဖြတ်ရင် လူက Over exposed ဖြစ်မှာပါ။ ဒါဆို Light Meter မှာ Exposure အမှန်ပေါ်အောင် ဘယ် Setting သုံးရမလဲ ဆိုတာ ဆက်ကြည့်ကြရအောင်။
'' Light Metering Mode ''
ဒီ Mode မှာ Canon အတွက်ဆို Setting ၄ မျိုးရှိပါတယ်။ Q (Quick Access) ကို နှိပ်ပြီး Control Setting ထဲမှာ Metering Mode ကို ပြောင်းလို့ရပါတယ်။ Semi-pro Level ကင်မရာတွေမှာတော့ Quick Access ခလုတ်တစ်ခုအနေနဲ့ပါပါတယ်။
1. Evaluative Metering
ဒီ Setting ကတော့ ကင်မရာက မြင်နေရတဲ့ View ကို အပိုင်းခွဲပြီး Exposure တွက်ပေးတာပါ။ ဥပမာ - အမှောင်အလင်း မညီတဲ့နေရာမျိုးဆိုရင် Focus ဖြတ်တဲ့ Subject ကိုကြည့်ပြီး Exposure Value ပြမှာပါ။ ဒီ Mode က ပုံမှန်အခြေအနေမျိုးမှာ အသုံး၀င်ပေမယ့် Portrait, Landscape စတဲ့ ရည်ရွယ်ချက်နဲ့ရိုက်မယ်ဆိုရင်တော့ Exposure အမှန် အမြဲ မရတဲ့အတွက် recommend မလုပ်ပါဘူး။ Canon မှာ ဒီ Mode က Default ပါ။
Partial Metering
ဒီ Setting ကတော့ ကင်မရာ Focus ဖြတ်တဲ့ နေရာပတ်၀န်းကျင် (10%) လောက်ကိုဘဲ average တွက်ပြီး Metering လုပ်ပေးတာပါ။ ဒီ mode နဲ့ Center-weighted metering mode က သဘောတရားချင်းတူပေမယ့် ဒီကောင်က area ပိုကျဉ်းပါတယ်။ ဒါကြောင့် Spot Metering လိုမျိုး အချိန်မရဘဲ မြန်မြန်ရိုက်ရမယ့် အခြေအနေမျိုးမှာ အသုံး၀င်ပါတယ်။ Portrait Photography နဲ့ Sport Photography တွေမှာ အသုံးများပါတယ်။
Spot Metering
Spot Metering က ကင်မရာ Focus Point အလယ်တည့်တည့် (ဓာတ်ပုံတစ်ခုလုံးရဲ ့3% area) ကိုဘဲ ကြည့်ပြီး Metering တွက်ပေးပါတယ်။ beginner Level ကင်မရာ တချို့မှာတော့ Spot Meter Point က Focus Point နောက်မလိုက်ဘဲ အမြဲ ဓာတ်ပုံရဲ ့အလယ်ကိုဘဲ တွက်ပါတယ်။ ဒီ Mode ကိုတော့ Portrait သမားတွေကြိုက်ကြပါတယ်။ ကိုယ်လိုချင်တဲ့နေရာ ဥပမာ - Face, eye, skin ကို Exposure အမှန်ရအောင် စိတ်ကြိုက်ထားပြီးကြည့်လို့ရလို့ပါ။
Center-weighted metering
ဒီ mode က Partial Metering Mode နဲ့ လုပ်ဆောင်ပုံချင်းတူပေမယ့် Light meter တွက်တဲ့ area ပိုကျယ်ပြီး ဓာတ်ပုံရဲ ့အလယ် ပတ်၀န်းကျင်နားကိုဘဲကြည့်ပြီး အလင်းအမှောင်တွက်ပေးတာပါ။ ဒီ Mode ကတော့ အချိန်အများစုမှာ ကိုရိုက်မယ့် Subject က ဓာတ်ပုံရဲ ့အလယ်နားမှာဆို အသုံးပြုနိုင်ပါတယ်။ ဥပမာ - Journalism လိုမျိုးမှာ သုံးကြပါတယ်။
တစ်ခုသတိထားရမှာက ဒီ Metering Mode တွေက Manual Mode မှာဆိုရင် အလင်းအမှောင်အနေအထားကို ပြောပြပေးရုံဘဲရှိတာပါ။ တကယ့် Exposure အမှန်ကိုတော့ ကိုယ့်ဘာသာကို Aperture, Shutter Speed, ISO နဲ့ချိန်ယူရမှာဖြစ်ပါတယ်။ ဒါပေမယ့် Light Metering ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ သိခြင်းအားဖြင့် ကိုယ်လိုချင်တဲ့ ဓာတ်ပုံကို Exposure မှန်မှန်နဲ့အချိန်တိုအတွင်းမှာ ရိုက်ယူနိုင်မယ်လို့ယုံကြည်ပါတယ်။
Credit...ပေးပါတယ်..
copy ယူလာတာပါ..
Photos from Insider Channel's post 30/07/2021
#ပြိုင်ဘက်ကို ပထမအချီမှာပဲ အလဲထိုးအနိုင်ယူပြီးတဲ့နောက် အောင်လ ဘာပြောခဲ့လဲ၊
အစီအစဉ်တင်ဆက်သူရဲ့ အမေးတွေကို အောင်လဖြေကြားခဲ့ပုံ-
Congratulations Aung La
မေး၊ ခင်ဗျားရဲ့ ပြင်းထန်လှတဲ့ ညာလက်သီးနဲ့ ပွဲသိမ်းလိုက်ပြီးတဲ့နောက် တကဲ့ကို ခံစားချက်အပြည့်နဲ့ ခင်ဗျားကို တွေ့ရတယ်၊ ပွဲအပြီးမှာ ဘာတွေ စိတ်ထဲဖြစ်နေလဲ။
အောင်လ၊ ၊ သူက အင်တာဗျူးတစ်ခုမှာ ကျွန်တော်သူနဲ့ ရင်ဆိုင်ဖို့ကြောက်နေတယ်ပြောခဲ့တယ်၊ ကျွန်တော်သူ့ကို ပြချင်တယ်၊ ကျွန်တော် ဘယ်သူမှ မကြောက်ဘူး။ ဘယ်သူ့ကိုမှ မကြောက်ဘူး၊ မစ်ဒယ်ဝိတ်တန်းမှာ ဘယ်သူလာလာ၊ ခေါ်လာခဲ့ပါ။ တွေ့ကြတာပေါ့။
မေး၊ ၊ ခင်ဗျားကြောက်ရွံ့တာလုံးဝ မရှိဘူးဆိုတာ ပြခဲ့ပါတယ်လေ၊ ခင်ဗျား ONE Championship စီအီးအို Chatri Sityodtong နဲ့ ပွဲပြီးပြီးချင်းစကားသွားပြောတာတွေ့တယ်၊ သူ့ကို ဘာပြောတာလဲ။
အောင်လ၊ ၊ ဘယ်သူဖြစ်ဖြစ်ခေါ်ခဲ့ပါ၊ ပွဲစီစဉ်ပါ၊ ကျွန်တော် အသင့်ပဲလို့ပြောတာ၊ ကျွန်တော်ချန်ပီယံဖြစ်တုန်းက ကျွန်တော်နဲ့ ထိုးချင်တယ်ဆိုပြီး အများကြီးက ပြောကြတာရှိတယ်။ ဝယ်လတာဝိတ်တန်းချန်ပီယံကတောင် ထိုးချင်တယ်ပြောတယ်။ လာပါ၊ စီစဉ်ပါ၊ ယူရှင် အိုကာမီကလည်း ထိုးချင်တယ်၊ ဘစ်ဂ်ဒက်ရ်ှနဲ့လည်း ၃ကြိမ်မြောက်ပွဲ စီစဉ်လို့ရပါတယ်။ စိတ်ဝင်စားစရာပွဲတွေ ရှိတယ်၊ ဖြစ်အောင်သာ လုပ်ပါဗျာ။
မေး၊ စိတ်ဝင်စားစရာ ပွဲ နှစ်ခု ခင်ဗျားပြောသွားတယ်၊ ဘစ်ဂ်ဒက်ရ်ှနဲ့ ၃ ပွဲမြောက်၊ နောက် ယူရှင် အိုကာမီ၊ ဒါပေမဲ့ ခင်ဗျား ကမ္ဘာ့ချန်ပီယံဘွဲ့အတွက် စိမ်ခေါ်ဖို့ လုံလောက်ပြီလို့ ပြောနိုင်လား၊ တခြားပွဲစဉ်တစ်ခုခု လုပ်ချင်သေးတာလား။
အောင်လ၊ ၊ ပျင်းစရာပွဲတစ်ခုကိုတော့ ဘယ်သူကမှ ကြည့်ချင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပွဲကောင်းကောင်းလေးတစ်ခု စီစဉ်ပါ၊ ကျွန်တော်တို့ ထပ်လုပ်လို့လည်း ရပါတယ်။ သူ့ဘက်က လုပ်ချင်တာလုပ်ပါစေ၊ အခုပွဲအပြီးမှာတော့ စိတ်ဝင်စားစရာ ပွဲတစ်ခုခုတော့ စီစဉ်ပါ၊ One Championshiup အတွက် ပွဲကောင်းလေး လုပ်ပါ။ ပရိသတ်တွေအတွက် ပွဲကောင်းလေး လုပ်ပါ။
ကျွန်တော် မြန်မာပြည်သူတွေအတွက် ဆုတောင်းပေးချင်ပါတယ်။ ဒီနှစ်ဟာ ကျွန်တော်တို့အားလုံအတွက် ခက်ခဲတဲ့ နှစ်ပါ။ ကျွန်တော့်အတွက်လည်း အရမ်းပဲ ခက်ခဲခဲ့ပါတယ်။ မြန်မာပြည်တွင်းမှာ အမျိုးမျိုး ဖြစ်နေချိန် ကျွန်တော် လေ့ကျင့်ကွင်းထဲ သွားနေရတာကိုက စိတ်ပိုင်းအရ ကျွန်တော့်အတွက် အတော်ကြီးခက်ခဲပါတယ်။ မြန်မာပြည်အတွက် ဆုတောင်းပေးကြပါ၊ မြန်မာပြည်သူတွေအတွက် စဉ်းစားပေးကြပါ။ တာဝန်ရှိသူတွေ၊ လုပ်ပေးနိုင်သူတွေဆိုရင်လည်း မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် စဉ်းစားပေးပါ။ ခင်ဗျားတို့ ကိုယ့်အတွက်ပဲ မစဉ်းစားကြပါနဲ့၊ ကျေးဇူးအများကြီးတင်ပါတယ်။
BBC
BBC မှ ဘာသာပြန်တင်ဆက်သည်🙏🙏🙏
18/03/2021
MyanmarNet အဝသုံးဆိုပြီး ဝယ်လိုက်မိသောအခါ
😁😁😁
14/03/2021
အဆင်ကိုပြေလို့......😁
ြည်တော်
Photos from Insider Channel's post 08/03/2021
#ဒါကတော့ တကယ့် ရွှေပါပဲ
ဆေးသုတ်ဆေးစပ်ဝါသနာပါသူများအတွက်
ရှယ်ထားပါ ဆေ့ထားပါ
Photos from Insider Channel's post 07/03/2021
#အရမ်းအသုံးဝင်ပါတယ်
ိုအခုမှစတင်အသုံးပြုတွေအသုံးပြုရလွယ်ကူရန်အတွက် အခြေခံသိမှတ်ဖွယ်ရာများကို
အနီးစပ်ဆုံးဘာသာပြန်ပေးလိုက်ပါတယ်။
Credit.. Creativo 27
https://www.facebook.com/creativo27/posts/435343186806310
25/02/2021
#တကယ်သိထားရမယ့်အရာတွေပါ..🖥💻ဝင်းဒိုး (10) မှာ သတ်မှတ်ထားတဲ့ဗားရှင်းအလိုက်အမည်တွေကိုသိရှိထားရန်လိုအပ်သည်....
-Code Name 19H1
-Version (1903) 2019 ခုနှစ် 3 လပိုင်းထုတ်
-Build (18362/...)
-Code Name 19H2
-Version (1909) 2019 ခုနှစ် 9 လပိုင်းထုတ်
-Build (18363/...)
-Code Name 20H1
-Version (2004) 2020 ခုနှစ် 4 လပိုင်းထုတ်
-Build (19041/...)
-Code Name 20H2
-Version (2009) 2020 ခုနှစ် 9 လပိုင်းထုတ်
-Build (19042/...)
စသည်ဖြင့်ယခုနောက်ပိုင်းဆော့ဝဲအများစုသည် ယခုပြထားသည့်ဝင်းဒိုး (10) လေးမျိုးကိုသာအင်စတောလုပ်ရန်လက်ခံတော့သည်ကိုနားလည်ထားရန်လိုအပ်သည်....
#လေးစားစွာဖြင့်
#ဦးကောင်းမြင့်အကောက်မှကူးယူဖော်ပြသည်။
(🖥3rd November 2020)
24/02/2021
#တကယ်အကျိုးရှိမယ်ထင်ပါတယ်
#ဆန္ဒထုတ်_ဖော်သူများ_အတွက်ကျန်းမာရေးဆိုင်ရာ_အကြံပြုချက်
ဆန္ဒထုတ်ဖော်သူများ အနေဖြင့် ပြင်းထန်သောရာသီဥတု အပူရှိန် ဒဏ်မှ ကာကွယ်နိုင် ရန် အလွန် အရေးကြီးပါတယ် ..
သတိထား လိုက်နာသင့် တဲ့ အချက်လေး တွေ ကို အောက်မှာ ဖော်ပြပေး ထားပါတယ်ရှင့်
👕 အဝတ်အစားရွေးချယ်မှု
✅တတ်နိုင်လျှင် အဖြူရောင်ကို ရွေးချယ်ဝတ်ဆင်ပါ၊
✅ချည်သား၊ ချွေး အလွယ်တကူ စုပ်ယူနိုင်သော
✅ပွပွ ချောင်ချောင် အင်္ကျီကို ရွေးချယ် ဝတ်ဆင်ပါ
🧢 ဦးထုပ်ဆောင်း ပါ
🕶 နေကာ မျက်မှန်တတ်ပါ (နေပူရှိန်၊ ဖုန် တွေ ကြောင့် ဖြစ်တတ်တဲ့ မျက်စိနာ ရောဂါကို ကာကွယ်ပေးပါတယ်)
👟 ပေါ့ပေါ့ ပါးပါး သက်တောင့်သက်သာရှိသော ဖိနပ်ကိုသာ ဝတ်ဆင်ပါ၊ (အားကစားပြုလုပ်လျှင် ဝတ်ဆင်သော Training Shoes ) သည် အကောင်း ဆုံးပါ
😷 COVID-19 အန္တရာယ်မှ ကာကွယ်နိုင်ရန် face mask တတ်ဆင်ပါ
⛱နေပူရှိန်ပြင်းလွန်းသော အချိန်တွင် ချီတက် ဆန္ဒထုတ်ဖော်သူများအနေဖြင့် အရိပ်ရသောနေရာများတွင် အနားယူပါ
💦 ရေမကြာခဏသောက် သုံးပါ
❌ရေခဲ စိမ်ထား သောရေသန့်၊ အချိုရေ၊ အားဖြည့် အချိုရေ များ သောက် ခြင်းကိုရှောင်ပါ (ကိုယ်ခန္ဓာ အပူချိန်နှင့် အလွန် ကွာခြား သော ကြောင့် ဖျားနာခြင်း၊ လည်ချောင်းနာခြင်း)တို့ကို ဖြစ်စေနိုင်ပါတယ်
🚿 အိမ်သို့ပြန်ရောက်လျှင် ချက်ချင်း ရေမချိုးပါနဲ့
✅ချွေး အတန် အသင့် ခြောက်ပြီး၊ ကိုယ်တွင်းအပူချိန်ကျသွား မှ ရေချိုးပါ၊ အနည်းဆုံးတစ်နာရီ ကြာမှရေချိုးပါ၊ ခြေလက် ဆေးပါ
🛌 ကောင်းမွန်စွာအိပ်စက် အနားယူပါ
🥘 အာဟာရရှိသော အစား အသောက် များ စား ပါ
🦵ကြွက်သား အဆစ်အမြစ်နာကျင်မှု အတွက် ရေနွေးကပ်ပါ၊ အကြောလျော့ လေ့ကျင့်ခန်း လုပ်ပေးပါ၊ မိမိနှစ်သက်ရာ ဒဏ်ကြေလိမ်း ဆေး သို့ အကိုက်အခဲ ပျောက်ဆေးလိမ်းပါ
ကျန်းမာစေလိုသော ချစ်ခြင်းများ ဖြင့်
Dr.Ei Thet of Leeds (ENGLAND)
MSc Sports and Exercise Medicine
24/02/2021
ှေ့တွင်_မှန်ကန်စွာ_ထိုင်နည်း
Photos from Insider Channel's post 19/02/2021
#ဘဝမလှပေမယ့်_နှလုံးသားလှတဲ့_ညီမလေး
Photos from Insider Channel's post 31/01/2021
ရဲ့ Black & White error
မဂ်လာပါ
ှ_ကြိုဆိုလိုက်ပါတယ်
🔷 ကျွန်တော်တို့ window 10 မှာ ဖြစ်တတ်တဲ့ error လေးပါ ဘာလည်း ဆိုရင်
ကျွန်တော်တို့ရဲ့ Computer ကိုဖွင့်လိုက်တဲ့အခါ Computerရဲ့ Screen မှာ Black & White ဖြစ်သွားမျိူး ကြုံဖူးပါသလား
🔷 အကယ်၍ ကြုံတွေခဲ့ပါက ဒီနည်းအတိုင်း ဖြေရှင်းနိုင်ပါတယ် အရမ်းလွယ်ကူပါတယ်
🔷 သိပြီးသားသူများတွက် ကျော်သွားနိုင်ပါတယ်
ဟုတ်ပြီ ပထမဦးဆုံး
🔷 Start Button ရဲ့ Search bar မှာ Color filter လို့ရိုက်ထည့်ပါ
🔷 Adjust Color Filters ကို Click ပါ
🔷 Turn on color filters မှာ on ထားတာကို off လုပ်လိုက်ပါ
🔷 ဒါဆိုရင် ကျွန်တော်တို့ရဲ့ Computer မှာ ဖြစ်နေတဲ့ Black & White error လေးကို ပျောက်သွားမှာ ဖြစ်ပါတယ်
🔷 ပုံလေးတွေနဲ့ ပြထားလို့ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်
🔷 သိချင်တာများ ရှိရင်လည်း မန့်ခဲ့နိုင်ပါတယ်
နောက်လည်း ဖြစ်တတ်တဲ့ error လေးတွေ တင်ပေးမှာမို့
Insider လို့ မန့်ခဲ့ပေးပါဦးနော့်.....
ကွန်ပျူတာ ပညာဒါန Group ကိုလည်း Join နိုင်ပါတယ်
https://www.facebook.com/groups/558363991544546/
Page ကိုလည်း လာရောက်လည်ပတ်နိုင်ပါတယ်👇👇👇
https://web.facebook.com/Computer5745
Photos from Insider Channel's post 16/01/2021
ြဿနာများ_ကြုံခဲ့ရင်_ဒါလေးတွေလုပ်ကြည့်ပါ
မဂ်လာပါ
ှ_ကြိုဆိုလိုက်ပါတယ်
Zoom Audio ပြဿနာ ကြုံခဲရင် ဒါလေးတွေ လုပ်ကြည့်ပါ
ပုံလေးတွေမှာ စာလေးရေးပြထားထားပါတယ်
Page ကိုလည်း လာရောက်လည်ပတ်နိုင်ပါတယ်👇👇👇
https://web.facebook.com/Computer5745
ကွန်ပျူတာ ပညာဒါန Group ကိုလည်း Join နိုင်ပါတယ်👇👇👇
https://www.facebook.com/groups/558363991544546
03/01/2021
ပြည်ထောင်စု ယူနီကုတ်လက်ကွက်ပုံစံ
Photos from Insider Channel's post 01/01/2021
ြင့်_Zoom_Account ဖွင့်နည်း
မင်္ဂလာပါ
ှ_ကြိုဆိုလိုက်ပါတယ်
🔷 ဒီနေ့ကျွန်တော်တို့ Mobile Phone ဖြင့် Zoom Account ဖွင့်နည်းလေးကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်
🔷 မိမိက host မလုပ်ဘူး ဆိုရင် လျှောက်စရာမလိုပဲ join လို့ ရပါတယ်
🔷 အကယ်၍ host လုပ်မယ်ဆိုရင်တော့ Zoom Account ကို လျှောက်ထားသင့်ပါတယ် ဒီနေမှာ သိထားသင့်တာက မိမိမှာ Gmail Account တစ်ခု ရှိထားရမှာ ဖြစ်ပါတယ်။
Page ကိုလည်း လာရောက်လည်ပတ်နိုင်ပါတယ်👇👇👇
https://web.facebook.com/Computer5745
ကွန်ပျူတာ ပညာဒါန Group ကိုလည်း Join နိုင်ပါတယ်👇👇👇
https://www.facebook.com/groups/558363991544546/
Photos from Insider Channel's post 26/12/2020
ဲ့ပက်သက်ပြီး_သိထားသင့်သောအရမ်းအသုံးဝင်ပါတယ်
ကွန်ပျူတာ ပညာဒါန Group ကိုလည်း Join နိုင်ပါတယ်
https://www.facebook.com/groups/558363991544546/
26/11/2020
်တော့မလ်ဆိုရင်_သိထားသင့်ပါတယ်။
Printer နှင့် ပတ်သက်ပြီး မေးထား၊ မြန်းထား၊ ဖတ်ထား၊ မှတ်ထား တာ၊ လေ့လာထားသမျှလေးတွေ ပြန်လည်ဝေမျှလိုက်ပါတလ်။
Printer အမျိုးအစားတွေကို အဓိကအားဖြင့်
1️⃣ Dot Matrix Printer
2️⃣ Laser Printer
3️⃣ Inkjet Printer
ဆိုပီးတော့ (၃) မျိုးခွဲခြားထားပါတလ်....
1️⃣ Dot Matrix Printer
°°°°°°°°°°°°
သူက Dot လို့ ခေါ်တဲ့ အစက်သေးသေးလေးတွေ ပေါင်းပြီး ပုံဖော်ပေးတဲ့ Printer ပါ။ စာရွက်ပေါ်မှာ Ribbon ခံပြီး ရိုက်သွားတာပါပဲ။ Dot Matrix Printer တွေဟာ Print ထုတ်တဲ့အချိန် ကြာတာရယ်၊ အသံ ဆူညံတာကလွဲရင် သုံးလို့ အဆင်ပြေပါတယ်။ Ribbon ဈေးသက်သာတယ်၊ စစ်တောင်းစက္ကူနဲ့ သုံး လို့ရတယ်။ ကျောင်းသုံး/ရုံးသုံး နဲ့ ဖယောင်းစာရွက် ဖောက်တဲ့ နေရာတွေမှာ အသုံးပြုကြပါတယ်။
2️⃣ Laser️ Printer
°°°°°°°°°°°°
Laser Printer တွေမှာတော့ ပုံရိပ်ဖော်ဖို့အတွက် မင်မှုန့် (ကာဗွန်မှုန့်) ကို အသုံးပြုပါတယ်။ စာရွက်ကို Cartridge ထဲက ကာဗွန်မှုန့်တွေနဲ့ တွေ့အောင် Drum က လှည့်ပေးလိုက်လို့ ကာဗွန်မှုန့်တွေက စာရွက်ပေါ်မှာ Laser Beam က ပုံရိပ်ဖော်ပေးထားတဲ့အတိုင်း ကပ်သွား၊ စာရွက်က Fuser ကို ဖြတ်တဲ့ အချိန်မှာ Fuser က အပူပေးလိုက်တော့ မင်မှုန့် တွေက စာရွက်ပေါ်မှာ အသေကပ်သွားတဲ့ နည်းနဲ့ ပုံဖော်ပေးပါတယ်။ Fuser ပျက်နေရင် စာရွက်ပေါ်က စာလုံးတွေဟာ လက်နဲ့ပွတ်လိုက်တာနဲ့ ပျက်သွားမှာပါပဲ။
တစ်ချို့သူတွေ အကြမ်းထုတ်ရင် စစ်တောင်းစက္ကူ (သို့) တွန့်ကြေနေတဲ့ စက္ကူတွေနဲ့ ထုတ်တာတွေ့ရပါ တယ်။ စက္ကူမကောင်းရင် Drum ပျက်နဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
Laser Printer တွေမှာလည်း
▪️Monochrome ( အဖြူ/အမည်း )
▪️Color ( ရောင်စုံ ) ဆိုပီးတော့ နှစ်မျိုး ရှိပါတယ်။
Laser Printer တွေဟာ အခြား Printer အမျိုးအစားတွေထက် လျင်မြန်စွာ ပုံ (Print) ထုတ်ပေးနိုင်ပါတယ်။
3️⃣ Inkjet Printer
°°°°°°°°°°°°
Dot Matrix ရဲ့ နည်းပညာကိုပဲ အခြေခံထားတာပါ၊ သူကတော့ ရောင်စုံရတာပေါ့။ Inkjet Printer တွေက မင်ရည်ထည့်ထားတဲ့ Ink Cartridge တွေနဲ့ အလုပ်လုပ်ပါတယ်။ Printer က Command ပေးလိုက်တဲ့အခါ Cartridge ရဲ့ Nozzle ခေါင်းလေးတွေကနေ တစ်ဆင့် မင်ရည်တွေကို စာရွက်ပေါ် ဖျန်းပေးလိုက်တာပါပဲ။
တစ်ချို့ Printer တွေမှာ မူရင်း Cartridge ကို မသုံးပဲ အပြင်ဘက်ကနေ Ink Tank ချိတ်ဆက်ပြီး မင်ရည်ကို ဖြည့်သုံးကြပါတယ်။
(ဥပမာ - Epson Printer အများစုမှာတွေ့နိုင်ပါတလ်)
Inkjet Printer တွေဟာ မသုံးတာကြာရင် Nozzle ခေါင်းတွေ ပိတ်ကုန်တက်ပါတယ်။ ဒါကြောင့် မကြာမကြာ အသုံးပြုပေးရပါတယ်။
Print ထုတ်တဲ့ Speed က Laser Printer တွေ လောက် မမြန်ပါဘူး။
×××××××××××××××××
Printer တစ်လုံးရဲ့ စွမ်းဆောင်ရည်မှာ dpi, ppm, gppm စတာတွေဟာ အရေးကြီး ပါတယ်။
dpi (Dot Per Inch)
••••••••••••••
dpi ဆိုတာကတော့ တစ်လက်မအတွင်း ပုံနှိပ်နိုင်စွမ်းရှိတဲ့ အစက်အရေအတွက်ကို ပြောတာပါ၊ တစ်လက်မအတွင်း အစက်များများပါနိုင်လေ resolution ကောင်းလေ ဖြစ်ပါတယ်။
(resolution ဆိုတာက ပုံရိပ်ဖော်ပြမှု/ ပြတ်သားမှုကို ပြောတာ ဖြစ်ပါတလ်)
ppm (Page Per Minute)
••••••••••••••••••
နောက်တစ်ခုက ppm (Page Per Minute) ပါ။ တစ်မိနစ်ကို စာမျက်နှာ ဘယ်လောက်ရိုက်ထုတ်နိုင် လည်းဆိုတာကို ပြောတာပါ။
gppm (Graphic Page Per Minute)
•••••••••••••••••••••••
gppm (graphic page per minute) ဆိုတာ text မပါပဲ graphics တွေကို ရိုက်ထုတ်နိုင်တဲ့နှုန်း ကို ဆိုလိုတာပါ။
×××××××××××××××××
Printer နဲ့ Computer ကို ချိတ်ဆက်ဖို့အတွက်
USB port ကို အသုံးပြုပါတယ်။ တချို့ Printer တွေမှာ Network Cable ဖြင့် ချိတ်ဆက်သုံးလို့ရအောင် Ethernet port နှင့် ကြိုးမဲ့ချိတ်ဆက်လို့ရအောင် 802.11 (Wi-Fi) စနစ် တို့ကိုလည်း ထည့်သွင်းပေးထားပါတယ်။
အခုပြောပြတာလေးတွေက မိတ်ဆွေတို့အတွက် အသိတိုးတယ်ဆိုရင် အခြားမိတ်ဆွေတွေလဲ ဗဟုသုတရအောင် Share လုပ်ပေးခြင်းဖြင့် မျှဝေပေးပါဦးနော်။
အခုဖော်ပြထားသော အကြောင်းအရာသည် မှ Reference ယူပီး ဖော်ပြပေးထားခြင်း ဖြစ်ပါတလ် …
#လေးစားစွာဖြင့်
🅲 🆁 🅴 🅳 🅸 🆃
29/10/2020
ာဒါန
ိုအသုံးပြုပြီး_RAM( Memory ) Speed, RAM ( Memory ) Slots , ကြည့်နည်း
https://www.facebook.com/114997653564044/posts/166923418371467/
ုံးဝင်ပုံများ
https://www.facebook.com/114997653564044/posts/160624585668017/
ြုလုပ်နည်း
https://www.facebook.com/114997653564044/posts/158667792530363/
#ကွန်ပျူတာရဲ့_အရေးပါသော_Short_Cut_လေးများ
https://www.facebook.com/114997653564044/posts/159182015812274/
ွယ်တကူရိုက်နည်း
https://www.facebook.com/114997653564044/posts/158035672593575/
Character များရဲ့ အခေါ်အဝေါ်များ
https://www.facebook.com/114997653564044/posts/148878500175959/
#စာစီစာရိုက်သမားတွေ_ကြုံရတတ်တဲ့_error_လေးတစ်ခုပါ
https://www.facebook.com/114997653564044/posts/145304880533321/
ို_ဘယ်အချိန်မှာ_window_တင်ခဲ့သလဲ_Cmd_ဖြင့်ကြည့်နည်း
https://www.facebook.com/114997653564044/posts/140249541038855/
ေ့ရင်ပြန်ယူနည်း
https://www.facebook.com/114997653564044/posts/139008187829657/
ွင်_dark_Mode_အသုံးပြုနည်း
https://www.facebook.com/114997653564044/posts/138748714522271/
Insider Channel Page တွင်လည်း ဝင်ရောက်လေ့လာနိုင်ပါသည်။
07/10/2020
10 Tips for Outdoor Portraits
*********************************
ကင်မရာ၀ယ်ပြီးပြီဆိုရင် Outdoor Portrait ရိုက်ဖို့ အခွင့်အလမ်းလေးတွေ ပေါ်လာတတ်ပါတယ်။ ရင်းနှီးတဲ့ သူငယ်ချင်းတွေက ခေါ်ရိုက်ခိုင်းကြသလို ဝါသနာတူတဲ့လူတွေစုပြီးတော့လည်း မော်ဒယ်ရှာပြီး ရိုက်လေ့ရှိကြပါတယ်။ အဲဒီလို ရိုက်ကူးကြတဲ့အခါမှာ သိသင့်တဲ့အခြေခံအချက်လေးတွေ၊ အသုံး၀င်မယ့်အခြေခံအချက်ကလေးတွေကို ဟိုက ဒီကနေ ရှာဖွေဖတ်ရှုထားတာလေးတွေ၊ ကြားဖူးထားတာလေးတွေ ကို ပြန်ပြီးမျှေ၀လိုက်ပါတယ်။ လုံး၀ အပြည့်စုံကြီးမဟုတ်သော်လည်း သတိထားရမယ့် အချက်ကလေးတွေကို သိရှိသွားရင် ကျေနပ်ပါတယ်။ အခြေခံအချက်လေးတွေကို ရေးသားထားခြင်းဖြစ်တဲ့အတွက် လိုအပ်ချက်ရှိတာလေးတွေ၊ ထပ်ဖြည့်ချင်တာလေးတွေရှိရင် ကွန့်မန့်မှာ ရေးပေးထားခဲ့ကြပါလို့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
(၁) နေရာကို သေချာရွေးပါ။
အောက်ဒိုးရိုက်မယ်လို့ စဉ်းစားပြီဆိုတာနဲ့ ဘယ်မှာရိုက်မလဲဆိုတာက အင်မတန်အရေးကြီးပါတယ်။ နေရာကို သေချာသိပြီဆိုတာနဲ့ မရိုက်ခင်မှာ သွားကြည့်ထားနိုင်ရင် ပိုလို့ကောင်းပါတယ်။ အောက်ဒိုးလို့ ဆိုလိုက်တာနဲ့ လူတော်တော်များများက ပန်းခြံတွေ၊ ရေကန်တွေ၊ ပင်လယ်ကမ်းခြေတွေ အစရှိတဲ့ သဘာ၀ရှုခင်းတော်တော်များများကို စဉ်းစားမိကြပါတယ်။ ဒါကြောင့် ဒီနေရာမှာ အကြံပေးလိုတာက အဲဒီလို သဘာ၀အလှအပတွေအပြင် ကျနော်တို့ ပတ်၀န်းကျင်က လှပထူးခြားတဲ့ အဆောက်အဦးတွေ၊ ပြောင်မြောက်တဲ့ ဗိသုကာလက်ရာတွေရှိတဲ့ နေရာမျိုးကို ထည့်သွင်းစဉ်းစားဖို့ မမေ့စေလိုပါဘူး။ နံရံတွေ၊ လှေကားတွေ၊ ပြတင်းပေါက်တွေကလည်း အံ့သြစရာ ကောင်းလောက်အောင် ထူးခြားကောင်းမွန်တဲ့ Portrait ပုံတွေ ရရှိနိုင်ပါတယ်။
အရေးကြီးတာက အောက်ဒိုးရိုက်ဖို့ရွေးလိုက်တဲ့နေရာက အရမ်းကို ရှုပ်ရှက်ခပ်ပြီး ဆူညံနေတဲ့နေရာမျိုးဖြစ်မနေပဲ အရိုက်ခံမယ့်မော်ဒယ်နဲ့ ဓာတ်ပုံဆရာအတွက် ကောင်းမွန်တဲ့ အာရုံစုစည်းမှုရဖို့ ထိုက်သင့်တဲ့ ဆိတ်ငြိမ်မှု ရှိနေဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဓာတ်ပုံဆရာလိုချင်တဲ့ အနေအထားကိုညွှန်ကြားရာမှာ မော်ဒယ်က အသေအချာ အာရုံစုစည်းပြီး လိုက်နာနိုင်မှာဖြစ်ပါတယ်။
(၂) အ၀တ်အစားကို သေချာရွေးပါ။
အမြင်အာရုံမှာ လှပဆန်းသစ်တဲ့ Portrait ပုံကောင်းကောင်းလေးတွေရချင်ရင် ရိုက်ကူးမယ့်မော်ဒယ်ရဲ့ အ၀တ်အစားကလည်း အရေးပါ ပါတယ်။ မော်ဒယ်နဲ့ လိုက်ဖက်မယ့် အ၀တ်အစားကို ကြိုတင်တိုင်ပင် ရွေးချယ်ထားနိုင်ရင် ပိုကောင်းပါလိမ့်မယ်။ တကယ်လို့ မော်ဒယ်က တစ်ယောက်ထက်ပိုနေ တယ်ဆိုရင် သူတို့၀တ်လာမယ့် အ၀တ်အစားတွေဟာ ဟန်ချက်ညီနေဖို့ လိုပါတယ်။ အ၀တ်အစားကလည်း ထည့်သွင်းစဉ်းစားရမယ့် အရေးကြီးတဲ့ အချက်တချက်ပါ။
မော်ဒယ်ရဲ့အသားအအရည်နဲ့ လိုက်ဖက်မယ့် အ၀တ်အစားကို မှန်ကန်စွာရွေးချယ်တတ်ဖို့လိုပါမယ်။ အ၀တ်အစားတင်မကပဲ ဆွဲကြိုး၊ လက်ကောက်၊ ဟန်းချိန်း၊ ဦးထုပ်၊ နာရီအစရှိသဖြင့် အပိုပစ္စည်းလေးတွေပါရင် ပိုလို့အသက်၀င်ပါတယ်။ ရွေးချယ်ထားတဲ့ အ၀တ်အစားနဲ့ ပတ်၀န်းကျင်အနေအထားကလည်း ဟာမိုနီဖြစ်နေဖို့ လိုအပ်ပါတယ်။
(၃) Lensအရှည်ကို အသုံးပြုပါ။
လန်းစ်အရှည်ကို အသုံးပြုခြင်းအားဖြင့် ကိုယ်ရိုက်ကူးမယ့် အရာ၀တၳုအပေါ်မှာ ဖိုးကပ်စ်ထားတဲ့အခါမှာ နောက်ခံဘက်ဂရောင်းတွေကို ဝါး သွားပြီး ဖိုးကပ်စ အပြင်ဘက်ကို ရောက်သွားအောင်လုပ်လို့ရမှာဖြစ်ပါတယ်။ အဲဒီလို ရိုက်ကူးရတာကလည်း Portrait ရိုက်ရခြင်းရဲ့ အရသာတခုဖြစ်ပါတယ်။ အများစုက ကြိုက်နှစ်သက်ကြတဲ့ လန်းစ်ကတော့ 70-200mm F2.8 လို လန်းစ်မျိုးပါ။ Portrait ရိုက်တော့မယ်ဆိုရင် 50mm အောက်လျှော့တဲ့ လန်းစ်ကို မသုံးစေချင်ပါဘူး။ အကောင်းဆုံးကတော့ 70mm နဲ့အထက်ကို သုံးနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ Focal Length (150mm-200mm) ကို အသုံးပြုပြီးရိုက်ရင်တော့ ရိုက်ကူးမယ့် မော်ဒယ်(အရာ၀တၳု)နဲ့ နောက်ခံဘက်ဂရောင်းကို ပိုမိုကွဲပြားစေမှာ ဖြစ်ပါတယ်။
(၄) Pose ကို ဥပမာပေးပြီး ခိုင်းပါ။
ကိုယ်ဖြစ်စေချင်တဲ့ ပို့စ် ကို မော်ဒယ်ကို လုပ်ခိုင်းတဲ့အခါမှာ ဥပမာလေးတွေနဲ့ ပြောပြီး ခိုင်းတာက ပိုအဆင်ပြေပါတယ်။ နောက်ပြီး ဖြစ်စေချင်တဲ့ ပို့စ်အနေအထားကို ဓာတ်ပုံဆရာက လုပ်ပြနိုင်ရင် ပိုကောင်းပါတယ်။ ဓာတ်ပုံဆရာက ပို့စ် နမူနာ လုပ်ပြလိုက်တဲ့အခါမှာ မော်ဒယ်တွေက ချက်ခြင်းသဘောပေါက်လာပြီး ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်ဆိုတာကို အလွယ်တူ လျင်ထျင်မြန်မြန် သဘောပေါက်သွားကြတာ များပါတယ်။ အဲလို လုပ်ပြခြင်းအားဖြင့် ဓာတ်ပုံဆရာနဲ့ မော်ဒယ်ကြားမှာ ပိုပြီး ရင်းနီးမှုရလာပြီး အပေးအယူပိုတည့်လာကာ ပုံကောင်းကောင်းလေးတွေ ထွက်လာတာ သတိထားမိပါတယ်။
(၅) Tripod ကိုလိုအပ်သလို သုံးပါ။
Tripod ကို သုံးခြင်းအားဖြင့် ဖိုးကပ်စ်ကို တိတိကျကျဖမ်းယူနိုင်ပြီး ငြိမ်(stable)ဖြစ်တဲ့ ပုံတွေကို ရရှိနိုင်ဖို့ အခွင့်အရေးများပါတယ်။
(၆) မျက်လုံးကို Focus ယူပါ။
Portrait ရိုက်တော့မယ်ဆိုရင် မော်ဒယ်ရဲ့ မျက်လုံးကို ဖိုးကပ်စ် ရအောင်ယူခြင်းအားဖြင့် အသက်၀င်တဲ့ Portrait ပုံတွေကို ရရှိမှာဖြစ်ပါတယ်။ မျက်လုံးကို ဖိုးကပ်စ် ယူဖို့ လုံး၀မမေ့ပါနဲ့။
(၇) အချိန်ရွေးချယ်မှု မှန်ကန်ပါစေ။
Outdoor Portrait ရိုက်တော့မယ်ဆိုရင် အလင်းရောင်အရမ်းမစူးရှတဲ့ အချိန်တွေကို ရွေးပါ။ ဥပမာ မနက်ပိုင်း ၁၀နာရီမတိုင်ခင် နဲ့ ညနေပိုင်း ၃နာရီနောက်ပိုင်း အချိန်မျိုးဟာ အကောင်းဆုံးပေါ့ဗျာ(စင်ကာပူကို အခြေခံပြီးပြောတာပါ)။ နေရောင်ရဲ့ လာရာလမ်းကြောင်းကို သိတဲ့အတွက် အလင်းရောင်အနေအထားကို ကိုယ်လိုသလို ချိန်ညှိယူလို့ရပါတယ်။
(၈) Reflector ကိုသုံးပါ။
ဘာလို့ Reflector ကို သုံးရသလဲဆိုရင် ကိုယ်လိုချင်တဲ့ နေရာမှာ အလင်းရောင်မရောက်ရှိခဲ့ရင် အဲဒီနေရာကို အလင်းရောင် ရောက်ရှိအောင် စွမ်းဆောင်နိုင်လို့ပါ။ Reflector ကို သုံးခြင်းအားဖြင့် မော်ဒယ်အပေါ်မှာ ကျနေတဲ့ အလင်းရောင်ကို ချိန်ညှိပြီးသားလည်း ဖြစ်သွားပါတယ်။
(၉) Softbox သုံးပါ။
တခါတရံမှာ Reflector နဲ့ ချိန်ညှိယူလို့မရတဲ့ အလင်းဖျော့ဖျော့အနေအထားကို လိုချင်လာရင် Softbox ကလိုအပ်ပါတယ်။ Softbox က နေရောင်တိုက်ရိုက်ကျနေတာကို အလင်းညီသွားအောင် ပြောင်းလဲပေးနိုင်ပြီး သဘာ၀ကျတဲ့ အလှအပကို ရရှိစေနိုင်ပါတယ်။
(၁၀) RAW Format ကို အသုံးပြုပါ။
RAW format ဟာ unprocessed အဖြစ်မှာပဲရှိပါသေးတယ်။ အဲဒါကြောင့် ကာလာ၊ contrast နဲ့ exposure ကို ဆော့ဖ်၀ဲ နဲ့ ချိန်ညှိလို့ရပါသေးတယ်။ တခါတရံမှာ ရိုက်ကူးလိုက်တဲ့ပုံရဲ့ exposure ကမမှန်တာမျိုးဖြစ်တတ်ပါတယ်။ အဲဒီအခါမှာ underexposed လို့ခေါ်တဲ့(loss of detail in the shadows) ရယ် overexposed ဆိုတဲ့ (loss of detail in the highlight)မျိုး ဖြစ်တတ်ပြီး ရိုက်ကူးထားတဲ့ ပုံကို ကောင်းမွန်စွာ မရတတ်ပါဘူး။ နောက်တခုက jpg နဲ့ ရိုက်ကူးတဲ့အခါမှာ ပုံတွေကို format ပြောင်းပြီး သိမ်းဆည်းလိုက်ရင် ကွာလတီကျသွားတာမျိုးဖြစ်တတ်ပါတယ်။ RAW နဲ့ရိုက်ကူးရင်တော့ ချိန်ညှိပြီးလို့ RAW ကနေ JPEG အဖြစ်ပြောင်းလိုက်တဲ့အခါမှာလည်း ပုံရဲ့ အရည်အသွေးကို ကျဆင်းသွားတာမျိုး မရှိပါဘူး။
Credit : original writer
02/10/2020
ှာ_မိမိ_Account_ကို\သူများရှာလို့ရအောင် ပိတ်ထားနည်း
https://web.facebook.com/Computer5745/
ကွန်ပျူတာ ပညာဒါန Group ကိုလည်း Join နိုင်ပါတယ်
https://www.facebook.com/groups/558363991544546/
Photos from Insider Channel's post 27/09/2020
ိုအသုံးပြုပြီး_RAM( Memory ) Speed, RAM ( Memory ) Slots , ကြည့်နည်း
မဂ်လာပါ
ှ_ကြိုဆိုလိုက်ပါတယ်။
Tesk သုံးပြုပြီး_RAM( Memory ) Speed, RAM ( Memory ) Slots , ကြည့်နည်း
နောင်တစ်ချိန်မှာ RAM ( Memory ) ကို ထပ်တိုးချင်တဲ့ အခါ အသုံးဝင်ပါတယ်။
Desktop မှာ သိပ်အကြောင်းမဟုတ်ပေမယ့် Laptop မှာဆိုရင် RAM ( Memory ) ကို ထပ်တိုးချင်တဲ့ အခါ RAM Slots အပိုပါသလား မပါဘူးလား သူ့ရဲ့ Speed ကရော ဘယ်လောက်ပါလည်း ဆိုတာကို သိထားသင့်ပါတယ်။
RAM Slots အပိုပါရင် ထပ်တိုးလို့ရမယ် အပိုမပါရင် တစ်ချောင်းလုံး လဲရမှာ ဖြစ်ပါတယ် သူ့ရဲ့ Speed ကရော တူညီနေဖို့ လိုပါတယ်။
ကျွန်တော်တို့ ကွန်ပျူတာမှာ RAM ရဲ့ အခန်းကလည်း အရမ်းကို အရေးပါပါတယ်။
တော်တော်များများကတော့ RAM ကို စားပွဲတင်ခုံနဲ့ ဥပမာ ပေးတတ်ကြပါတယ်။
စားပွဲကြီးရင် ကြီးသလို နေရာထားသိုမှု ပမာဏများပြီး အလုပ်တွေကို မြန်မြန်ဆန်ဆန် ပြီးမြောက်စေလို့ ပဲ ဖြစ်ပါတယ်။
ဟုတ်ပြီ …….
ကျွန်တော်တို့ Teskbar ပေါ် Right Click ထောက်မယ်
Task Manager ကို Click ပါ
Task Manager box ကျလာရင် Performance ထဲက Memory ကို Click ပါ
အောက်ခြေ ညာဘက်ခြမ်းမှာ Speed တွေ Slots တွေကို ဖော်ပြပေးထားပါတယ်
လက်ရှိ ပုံထဲမှာ ပါတဲ့ Speed တော့ 2133 MHz ဖြစ်ပြီးတော့ Slots ကတော့ နှစ်ခုပါရှိပြီး တစ်ခုကိုပဲ အသုံးပြုထားတာ ဖြစ်ပါတယ်။
အကယ်၍ နောက်ထပ် RAM ( Memory ) ကို ထပ်တိုးချင်တဲ့ အခါ သူနဲ့ Speed တူတဲ့ RAM ( Memory ) ကို Slots တစ်ခုမှာ ထပ်တပ်လိုက်ရင် ရပါပြီ။
#မှတ်ချက် ။ ။ အကယ်၍ နောက်ထပ် RAM ( Memory ) ကို ထပ်တိုးချင်တဲ့ အခါ RAM ( Memory ) ရဲ့ Type , တွ Speed တွေ Capacity တွေ တူညီရမှာ ဖြစ်ပါတယ်။
#အပိုင်း_၂_ဆက်ရန်
#အားပေးရင်_Insiderလို့_မန့်ခဲ့ပေးပါ
https://web.facebook.com/Insiderchannel5638/
ကွန်ပျူတာ ပညာဒါန Group ကိုလည်း Join နိုင်ပါတယ်
https://www.facebook.com/groups/558363991544546/
19/09/2020
ိုအသုံးပြုပြီး_၀င်ငွေကောင်းတဲ့
#အွန်လိုင်း_ငွေရှာနည်း ( 4 ) မျိုး "
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မိတ်ဆွေဟာ Follower ကောင်းတဲ့ Page တစ်ခု (သို့) Page အများကြီး ပိုင်ဆိုင်ထားရင် အွန်လိုင်းကနေ ဒီနည်းလမ်းတွေသုံးပြီး ငွေရှာနိူင်ပါပြီ
1. Instant Article ငွေရှာနည်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Instant Article လုပ်ရင်လည်း Follower များတဲ့ page တစ်ခုကို ပိုင်ဆိုင်ထားဖို့လိုပါတယ်။ Page ကနေ ဆောင်းပါး/ သတင်း /သုတ ရသ အကြောင်းရာ မျိုးစုံကို Post တင်ပေးရင်း ငွေရှာနိူင်တဲ့ နည်းလမ်းလေးပါ။ စာရေးတာ ဝါသနာပါတဲ့ သူတွေ အတွက် သင့်တော်တဲ့ ငွေရှာနည်းလေးပါ။ နည်းစနစ်တကျ လုပ်ကိုင်ရင် ၀င်ငွေ ကောင်းတဲ့ ငွေရှာနည်း တစ်ခုပါ။
2. Facebook Breaks Ads ငွေရှာနည်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
page ကနေ Video တွေတင်ပေးရင်း ငွေရှာတာပါ။Facebook Breaks Ads လုပ်ငန်းဟာ page ပေါ်မှာ အဓိကလုပ်ကိုင်တာ ဖြစ်တဲ့ အတွက် Video ကြည့်ရှုးသူ များစေဖို့ Follower များများရှိတဲ့ Page လိုပါတယ်။ Video Editing လုပ်တက်တဲ့သူတွေ / မူပိူင်ခွင့်မဲ့ ဟာသ Video တွေ
နဲ့့အခြား Video ဖိုင်တွေကို Page ကနေ တင်ပေးရင်း ငွေရှာနိူင်တဲ့
နည်းလမ်းလေးပါ။
ကြည့်ရှုသူ( View ) များရင် များသလောက် ၀င်ငွေကောင်းပါတယ်။
3. Youtube မှငွေရှာနည်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မိမိ Youtube Channel ကို Follower များများရထားတဲ့ page မှာ မျှဝေခြင်းက Channel ကိုလူသိ များစေမှာဖြစ်ပြီး View /Subscribe တွေပိုမို ရရှိလာမှာ ဖြစ်ပါတယ်။ မိမိ Video ကို Youtube မှာ Search လုပ်ပြီး ကြည့်ရှုးသူထက် Facebook ကနေ Youtube Channel လာရောက် ကြည့်ရှူးသူက ပိုများစေမှာဖြစ်ပါတယ်။Video Editing လုပ်တက်တဲ့သူတွေ / မူပိူင်ခွင့်မဲ့ ဟာသ Video တွေ နဲ့အခြား Video ဖိုင်တွေကို Youtube ကနေ တင်ပေးရင်း ငွေရှာနိူင်တဲ့
နည်းလမ်းလေးပါ။ပြည်ပ နိူင်ငံတွေမှာ ဒီငွေရှာနည်းကို အသက်မွေ၀မ်း တစ်ခုလို လုပ်ကိုင်ကြပါတယ်။
ပြည်တွင်းမှာလည်း လုပ်ကိုင်လာကြပါပြီ။၀င်ငွေ ကောင်းတဲ့ ငွေရှာနည်းလေးပါ။
4. Website + Google Adsense မှ ငွေရှာနည်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီလုပ်ငန်းအတွက်လည်း Follower ကောင်းတဲ့ page တစ်ခုရှိရင် အဆင်ပြေပါတယ်။ တည်ထောင်ခါစ Website အသစ်တစ်ခု ကို Google Search မှာရှာပြီး လာရောက်လည်းပတ်မယ့် Visitor ရာခိုင်နူန်းက အလွန် နှေးပါး ပါတယ်။
ဒါကြောင့် page နှင့် ချိတ်ဆက်ပြီး Traffic အများဆုံး ရ ရှိအောင်ပြုလုပ်ရမှာ ဖြစ်တဲ့ အတွက် Page Follower တွေများများ ပိုင်ဆိုင်ထားရင် ငွေစရှာလို့ရပါပြီ။
#မူရင်းးေသားသူအားလေးစားစွာCreditပေးပါသည်။
တစ်ဆင့်ပြန်လည် မျှဝေပေးခြင်းဖြစ်သည်။
https://web.facebook.com/Insiderchannel5638/
ိုအသုံးျပဳၿပီး_၀င်ငွေကောင်းတဲ့
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မိတ်ဆွေဟာ Follower ကောင်းတဲ့ Page တစ်ခု (သို့) Page အများကြီး ပိုင်ဆိုင်ထားရင် အွန်လိုင်းကနေ ဒီနည်းလမ်းတွေသုံးပြီး ငွေရှာနိုင်ပါပြီ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နဲ့အခြား Video ဖိုင်တွေကို Page ကနေ တင်ပေးရင်း ငွေရှာနိုင်တဲ့
နည်းလမ်းလေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နည်းလမ်းလေးပါ။ပြည်ပ နိုင်ငံတွေမှာ ဒီငွေရှာနည်းကို အသက်မွေဝမ်း တစ်ခုလို လုပ်ကိုင်ကြပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
#မူရငျးးသေားသူအားလေးစားစှာCreditပေးပါသည်။
Videos (show all)
#Recording_လုပ်ပြီး_Video တွေ သင်ခန်းစာတွေ တင်ပေးချင်ပေမယ့်လည်း ပတ်ဝန်းကျင် အခြေနေက ဒီလိုမျိုး ဆိုတော့လည်း.......#Credit
Website