Learning Together Platform

Learning Together Platform

A Better World Is Possible

Photos from Learning Together Platform's post 14/01/2023
06/08/2021

Fully Fund Scholarship

ဒီတစ်ပတ်မှာတော့ Fully Funded ဖြစ်တဲ့ Undergraduate၊ Postgraduate Scholarships တွေ၊ Fellowship Program တွေနဲ့ Free course တွေပါဝင်တဲ့အခွင့်အလမ်းအသစ်တွေကို MYEO ကနေ ထပ်မံမျှဝေပေးလိုက်ပါတယ်နော်💚💚👇👇

1️⃣ Nippon Foundation Fellowship

Graduate ကျောင်းသားများ အမေရိကန်နိုင်ငံတွင် (၉)လတာ ပညာသွားရောက်သင်ယူနိုင်မည့် Fully Funded Fellowship Program
🚨 Deadline - 24th Sept, 2021
Program အကြောင်းအသေးစိတ်ကြည့်ရှုရန်👇
Link >> https://bit.ly/3ysokzx

2️⃣ KAIST International Student Scholarship

Undergraduate, Master, Doctoralကျောင်းသားများ Korea နိုင်ငံတွင် ပညာသွားရောက်သင်ယူနိုင်မည့် Fully Funded Scholarship အခွင့်အရေး
🚨 Deadline - 30th Sep, 2021
Program အကြောင်းအသေးစိတ်ကြည့်ရှုရန်👇
Link >> https://bit.ly/3Ci62Dz

3️⃣ The Lester B. Pearson International Scholarships

Undergraduate ကျောင်းသားများ Canada နိုင်ငံ Toronto တက္ကသိုလ်တွင် ပညာသွားရောက်သင်ယူနိုင်မည့် Fully Funded Scholarships အခွင့်အလမ်း
🚨 Deadline - 30th Nov, 2021
Program အကြောင်းအသေးစိတ်ကြည့်ရှုရန်👇
Link >> https://bit.ly/3lyn7TG

4️⃣ Introduction to Sustainable Development in Asia and the Pacific Free Course
ADBI Institute မှ အခမဲ့ဝေမျှသော အာရှစီးပွားရေးနှင့်ပတ်သက်ပြီး လေ့လာနိုင်မည့် Free Course အခွင့်အလမ်း
🚨 Deadline - Open
Program အကြောင်းအသေးစိတ်ကြည့်ရှုရန်👇
Link >> https://bit.ly/2U0QqTK

5️⃣ ADB-Japan Scholarship Program (JSP)
Postgraduate ကျောင်းသားများအတွက် Fully Funded အစီအစဉ်ဖြင့် ပညာသင်ယူနိုင်မည့် Scholarship Program
🚨 Deadline - As soon as possible
Program အကြောင်းအသေးစိတ်ကြည့်ရှုရန်👇
Link >> https://bit.ly/3jm62tz

ဒါ့အပြင် ဒီလိုScholarship Opportunities တွေသာမကဘဲ Scholarship ရဖို့ ပြင်ဆင်လေ့လာသင့်တဲ့ အချက်တွေနဲ့ အခြားသင်ယူသိထားသင့်တဲ့ Online Safety, Digital Skills နဲ့ Mental Health အကြောင်းအရာများကိုလည်း အောက်က Link ကနေ အခမဲ့ ဝင်ရောက်လေ့လာလို့ ရပါတယ်နော်။👇👇

Link>>> https://bit.ly/3rUPA7u

တခြားသူတွေကိုလည်း ဒီအခွင့်အလမ်းလေးတွေနဲ့ သင်ယူစရာတွေကို သိရအောင် ကူညီပြီးမျှဝေပေးပါဦးနော်။🤗

02/08/2021

ဆရာရန်နိုင်ဦးမှ သင်တန်းပိုချမည့် သင်တန်းတစ်ခုကို စိတ်ပါဝင်စားသူများ Join လို့ရအောင်လို့ မိမိတို့ LTPမှ share လုပ်ပေးလိုက်ပါတယ်။

Strategic Plan for Organization Development
👨‍💻👨‍💻👨‍💻👨‍💻👨‍💻👨‍💻👨‍💻👨‍💻👨‍💻👨‍💻👨‍💻👨‍💻👨‍💻👨‍💻👨‍💻👨‍💻

Professional Learning Academy မှ Training ကို ရခိုင်ပြည်မှာ ရှိတဲ့ နယ်ပယ်အသီးသီးမှာ ဦးဆောင်လုပ်ကိုင်နေသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပရဟိတလုပ်နေတဲ့အဖွဲ့အစည်းများ၊ NGO/INGO များ မှ လူတွေအတွက် စီစဥ်ထားခြင်းဖြစ်ပါတယ်။

About the course .............................
နည်းစနစ်များ ပိုမိုအဆင့်မြင့်လာခြင်း၊ စဉ်ဆက်မပြတ်ပြောင်းလဲလျက်ရှိသော အခင်းအကျင်းများနှင့် စားသုံးသူများ၏ လိုအင်ဆန္ဒများကြောင့် လုပ်ငန်းများမှာ ရင်ဆိုင်ရသည့် စိန်ခေါ်မှုများ အရင်ထက် များပြားလာပါသည်။

ယခုအချိန်အခါသည် မိမိလုပ်ငန်းဆက်လက်လည်ပတ်နေသည့် ပုံစံကို ပြန်လည်သုံးသပ်ရမည့် အချိန်ကာလကို ရောက်ရှိလာပြီဖြစ်သည်။ လုပ်ငန်းများကို ဆက်လက်အသက်ရှင်စေသည့် အဓိကအချက်များကို နိုက်နိုက်ချွတ်ချွတ် နားလည်သဘောပေါက်ကာ လိုအပ်နေသည့် နည်းစနစ်သစ်များအား ဖြည့်ဆည်းခြင်း၊ လုပ်ငန်းလည်ပတ်မှုပုံစံ တိုးတက်ပြောင်းလဲ ကျင့်သုံးခြင်းတို့ကို မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်ပါသည်။

ယခုကဲ့သို့ ခေတ်သစ်လုပ်ငန်းလောကတွေ လုပ်ငန်းရှင်များသည် လုပ်ငန်း၏ အလွှာတိုင်းကို စနစ်ကျနစွာ တိုင်းတာ နိုင်ရန်လိုအပ်လာပါသည်။ ယခုသင်တန်းသည် လုပ်ငန်းရှေ့ဆက်လည်ပတ်မည့်ပုံစံများ၊ ပန်းတိုင်များ နှင့် မျှော်မှန်းချက်များကို အရောက်သွားနိုင်မည့် ပြောင်းလဲလာသည့် လုပ်ငန်းပုံစံများ၊ နည်းစနစ်များ သာမက လုပ်ငန်းတစ်ခုလုံးအတွက် လမ်းညွှန်တစ်ခု ဖြစ်နေပါလိမ့်မည်။

Who will learn ?

- လုပ်ငန်းခွင် အတွေ့အကြုံ အနည်းဆုံး (၃) နှစ်နှင့် အထက် ရှိသူများ၊
- လုပ်ငန်းခွင် ဦးစီးနေသူများ၊
- Senior Executive များ၊
- အတွေ့အကြုံရှိ မန်နေဂျာများ နှင့်
- လုပ်ငန်းဦးစီးရန် ပြင်ဆင်နေသူများ တက်ရောက်လေ့လာသင့်ပါသည်။

What you will learn ?
📊📑📊📑📊📑📊

- Business Philosophy and models,
- Analyzing and Developing Business Strategies,
- Situational Analysis (Porter 5 Forces),
- Develop aligned vision, mission, objective and business/ program/ project,
- Organizational Development concerns (OD concerns),
- Organizing Structures (Functional, Product based, Geographical, Process Based and Matrix Structure),
- How to create comprehensive job description (JD),
- Agile Methodology,
- Work Breakdown Structure (WBS),
- How to set up KRAs, KPIs and SOPs and

သင်တန်းအချိန်
-------------------------
🗓 Training Date - 11-13.8.2021(3 days)
⏰ Time - 7:00pm-9:00pm(Myanmar Time)
💻 Place - Zoom Meeting (Online)

#သင်တန်းကြေး - ၂၀၀၀၀ ကျပ်(အလှူငွေအဖြစ်)

အောက်ပါ Link ကို ဝင်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။

https://docs.google.com/forms/d/e/1FAIpQLSdddQX71QrCFsOQqP1dq0c4REoOv4GsHd4X5ajuJTPlFweKDQ/viewform?usp=sf_link

📞☎️ - 09426710874 / 09250818206

16/07/2021

ယခုအခါ ကိုဗစ် တတိယလှိုင်းက မြန်မာပြည်မှာ အထွဋ်အထိပ်အနေအထားလို့တောင် ပြောလို့ရပါတယ်။

Covid ကြောင့် အများစုမှာ အဆင်မပြေ ဒုက္ခရောက်တာကိုတွေ့ပြီး ကိုယ်တိုင်လည်း အသက်ရှုကြပ်သလိုလို၊ လူမော စိတ်မောတာမျိုးကြုံဘူး ဖြစ်ဘူးမယ်ထင်ပါတယ်။

တဖက်မှာ ဒါကို သတ္တိရှိရှိ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့သူတွေလည်း ရှိနေပါတယ်။ သူတို့ဆီက စကားသံနဲ့ ခွန်အားယူ ရှေ့ဆက်ကြရအောင်ပါ။

အားလုံးဘဲ Fighting.💪💪

31/12/2020

✨✨We wish, The new year of 2021 to bring a better world, hope, and happiness for you.✨✨

28/10/2020

မင်္ဂလာပါ

"2020 ရွေးကောက်ပွဲအတွက် သင်မဲပေးဖို့ အဆင်သင့်ဖြစ်ပြီလား"
"မဲ" ပေးဖို့ဆိုတာ 18 နှစ်ပြည့်ပြီးတဲ့ နိုင်ငံသားတိုင်းရဲ့ တာဝန်တစ်ရပ်လို့ ပြောရမှာပါ။

ဒီတော့ ဘာကြောင့် "မဲ"‌ ပေးသင့်တာလဲ? "မဲ" ပေးဖို့ ဘာကြောင့် အရေးကြီးတာလဲ ဆိုတာနဲ့ "မဲ" ကို ဘယ်လိုပုံစံပေးကြမလဲဆိုတာကို ဒီတပါတ်မှာ နားထောင်ကြရအောင်ပါ။ "မဲ" ပေးဖို့ အတွက် မသေချာတဲ့အတွေးတွေရှိနေရင်၊ ပထမဆုံး မဲပေးရမှာမို့ ဆောင်ရန်၊ ရှောင်ရန်များပိုမိုသိရှိလိုတယ်ဆိုရင်ဖြင့် ဒီ အစီအစဉ်က သင့်အတွက်သာဖြစ်ပါတော့တယ်။ ဒါကြောင့်မို့ Learning Together Platformကနေ Virtual ပုံစံနဲ့ ပထမဆုံးပြုလုပ်မဲ့ "မဲ" ပေးခြင်းအကြောင်း သိကောင်းစရာ အစီအစဉ်မှာ အားလုံးကို ပါဝင်နားဆင်ဖို့ အတွက် ဖိတ်ခေါ်လိုပါတယ်။

အစီအစဉ်အတွက် အောက်ပါ Link မှာ အမည်စာရင်းပေးပြီး ပါဝင်ဖို့အတွက် နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်။

https://bit.ly/3kxCpVx
See you all...

ဒီအစီအစဉ်မှာ သင့်ရဲ့ မိတ်ဆွသူငယ်ချင်းများ မည်သူမဆို ပါဝင်နိုင်ဖို့အတွက် အချင်းချင်း ဝေမျှပေးပါဦးနော်...

06/08/2020

မဲစာရင်းလည်းစစ်ပီးကြပီလား????
"အဖြေရှိတဲ့ မေးခွန်းလေး!"

13/05/2020

opportunity for young people!

Photos from Learning Together Platform's post 02/05/2020

အပိုင်း (၂)

ဗီယက်နမ်မှာ ဒီလိုဖြစ်နေတာတွေကို အနောက်နိုင်ငံ သတင်းထောက်တွေက မသိဘူးမဟုတ်ဘူးနော် သိနေတယ်။ ဒါပေမယ့် ဗီယက်နမ်မြောက်ပိုင်းရဲ့ စစ်ပွဲတွေဘက်ကိုဘဲ အာရုံရောက်နေတော့ ဒီယမ်ရဲ့လုပ်ရပ်တွေ ဘယ်အတိုင်းအတာအထိဖြစ်နေလဲ, ဘယ်လိုတွေတိုက်ခိုက်နေကြလဲဆိုတာကိုတော့ သိပ်မသိကြဘူး.

1963, ဇွန်လ 11 ရက်နေ့ကတော့ ဗီယက်နိုင်ငံရဲ့ သမိုင်းပြောင်းပြန်လှန်တဲ့နေ့ပါ။ ဆိုင်ဂုံ (ယခုဟိုချီမင်းမြို့) ရဲ့ လူထူထပ်တဲ့နေရာမှာ အရေးကြီး လှုပ်ရှားမှုတစ်ခုဖြစ်တော့မယ်ဆိုတာကို အနောက်နိုင်ငံ သတင်းထောက်တွေသိပေမယ့် အလေးမထားမိကြဘူး။ အချိန်ရောက်တော့ ဘာသာရေးလွတ်လပ်ခွင့် အလံတွေ ချိတ်ထားတဲ့ ကားတစ်စီးဦးဆောင်ပြီး ဘုန်းကြီးတွေ, သီလရှင်တွေ ရာနဲ့ချီပြီး ချီတက်လာကြတယ်။ လူတွေကလည်း ချီတက်လာတာကို ခဏဘဲ ကြည့်ပြီး သိပ်အလေးမထားမိကြဘူး။ ခဏခဏ ဆန္ဒပြတာဆိုတော့ ရိုးနေကြကုန်တာလည်းပါတယ်။

ချီတက်လာသူတွေက လမ်းဆုံတစ်နေရာရောက်တော့ ရပ်လိုက်ကြတယ်။ စိမ်းပြာရောင်းကားလေးတစ်စီးပေါ်ကနေ ဘုန်းကြီး သုံးပါးထွက်လာတယ်။ တစ်ပါးကတော့ လမ်းဆုံ အလည်တည့်တည့်မှာ ကြာပန်းသဏ္ဍာန်တရားထိုင်တဲ့ ပုံစံနဲ့ ထိုင်ချတယ်။ မျက်လုံး စုံမှိတ်တယ်။ တရားမှတ်တယ်။ ဘုန်းကြီးရဲ့ ဘွဲ့တော်က သစ်ကွမ်ဒုခ် ပါ။ တခြားသော ဘုန်းကြီးအဖွဲကတော့ ဘေးပတ်ဝန်းကျင်မှာ ဝန်းရံလျက်ရှိပါတယ်။

တတိယ ဘုန်းကြီးတစ်ပါးက ကားနောက်ဖုံးကိုဖွင့်ပြီး ဓါတ်ဆီ ၅ ဂါန်ပုံးကိုထုတ်လိုက်တယ်။ ပြီးတော့ ဆရာတော်သစ်ကွမ်ဒမ်ရဲ့ ခေါင်းပေါ် စိုရွှဲသွားအောင် လောင်းချလိုက်တော့တယ်။ ဖြတ်သွားဖြတ်လာ လုပ်တဲ့သူတွေ, ရဲတွေလည်း ဘာလုပ်ရမှန်းမသိ ကြောင်းကြည့်ပြီး ရပ်နေကြတယ်။
ဓါတ်ဆီစိုရွှဲနေတဲ့ ဆရာတော်က တော့ မျက်နှာမှာ ဘာအရိပ်အရောင်မှ မပြဘူး။ မီးခြစ်ဆံတစ်ဆံကို ကောက်ကိုင်တယ်။ ပြီးတော့ မျက်စိမဖွင့်, ကြာပန်းသဏ္ဍာန်ထိုင်နေတာကို မပျက်စေဘဲ မီးခြစ်ဆံကို ကားလမ်းမနဲ့ ခြစ်လိုက်ပြီး သူ့ကိုယ်သူ မီးရှို့လိုက်တယ်။

ချက်ခြင်းဘဲ ဆရာတော် သင်္ကန်းတစ်ခုလုံးမီးလောင်သွားပြီး သူ့အသားတွေ မည်းနက်ကုန်တယ်။ ဘေးပတ်ဝန်းကျင်မှာတော့ ငိုသံတွေ, အော်သံတွေ နဲ့ တချို့ကလည်း ဒူးထောက်ကျကုန်ကြတယ်။ သူ့တစ်ကိုယ်လုံး မီးဟုန်းဟုန်းတောက်နေခဲ့တဲ့ ဆရာတော် သစ်ကွမ်ဒုခ်ကတော့ မျက်တောင်တချက်မခတ်, အသံမထွက်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ တစ်ချက်ကလေးမှ မလှုပ်ခဲ့ဘူး။

ဒီအဖြစ်အပျက်မှာ ထူးထူးခြားခြား သတင်းထောက် နှစ်ယောက်ဘဲ ရောက်ခဲ့ပြီး တစ်ယောက်က ကင်မရာ ‌မေ့ကျန်ခဲ့ပါတယ်။ ကင်မရာပါလာတဲ့ မယ်လကွန်ကတော့ ပုံတွေ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

နောက်ပိုင်း ဆရာတော်ရဲ့ ဓါတ်ပုံက နေ့ချင်းညချင်း တကမ္ဘာလုံးကို ပျံ့သွားတယ်။ လူတွေအားလုံး ဒီယမ်ကို ဒေါသတကြီး အပြစ်တင်ကြတယ်။ ဒီယမ်လည်း ဘုန်းတော်ကြီးများနဲ့ ပြန်ညှိနှိုင်းမဲ့အကြောင်း ရေဒီယိုမှာ အသံတုန်တုန်နဲ့ ကြေငြာခဲ့ရတယ်။ ဒါပေမယ့် နောက်ကျသွားခဲ့ပါပြီ။ ဆရာတော် မီးလောင်နေတဲ့ ဓါတ်ပုံ တစ်ပုံတည်းနဲ့ ဒီယမ်ရဲ့ အာဏာ ဆုံးခန်းရောက်တော့တယ်။

နောက်လအနည်းငယ်အကြာမှာဘဲ ဒီယမ်နဲ့ သူ့မိသားဝင်တွေ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတော့မယ်။

ဒီလိုနဲ့ မီးခြစ်ဆံတစ်ချောင်း, ကင်မရာ ကလစ်တချက် အောက်မှာ အရာအားလုံး ပြောင်းလဲသွားခဲ့တယ်။ အမေရိကန် သမ္မတ ကနေဒီတောင် "သမိုင်းမှာ ဒီဓါတ်ပုံလိုမျိုး လူ့ခံစားချက်တွေကို လှုံ့ဆော်ပေးနိုင်တဲ့ အရာ မတွေ့ဖူးဘူး" ဆိုပြီးတော့တောင် ဝန်ခံခဲ့ရပါတယ်။

အဲ့ဒီဓါတ်ပုံရိုက်ခဲ့တဲ့ သတင်းထောက် မယ်လကွန်လည်း 1964 မှာ ပူလစ်ဇာဆု ရရှိခဲ့ပါတယ်။ ခုတော့ ဆရာတော်မီးလောင်တဲ့နေရာမှာ ဆရာတော် မီးလောင်တဲ့ဟန်နဲ့ ရုပ်ထုပြုလုပ်ထားပါတယ်။ ဗီယက်နမ်လည်း တိုးတက်ပြောင်းလဲလျှက်ရှိနေခဲ့ပါပြီ။

: မျှော်လင့်ခြင်းဖတ်စာ, BBC news, AP news Youtube.

စာဖတ်သူတွေလည်း ဒီအဖြစ်အပျက်ကို ကြားဖူးနားဝရှိမှာပါ။ ဒီဆောင်းပါးကိုဖတ်ပြီးနောက်မှာ, ကိုယ်ဘာကို ခံစားလိုက်ရလဲ, ကိုယ့်ရဲ့ အတွေးတွေ, ယူဆချက်တွေကို Comment မှာ ဝေမျှပေးခဲ့ကြပါဉီးနော်......

**A Better World is Possible**

Photos from Learning Together Platform's post 01/05/2020

ဒီနေ့ Learning Together Platform ရဲ့ နှစ်ပါတ်လည်နေ့မှာ တွေးစရာ ဆောင်းပါးတစ်ပုဒ်ကို ဝေမျှချင်ပါတယ်။

အပိုင်း (၁)

ဗီယက်နမ်နိုင်ငံဟာ ပြင်သစ်လက်အောက်ခံဘဝနဲ့ 75 နှစ်နီးပါး နေခဲ့ရပါတယ်။ လွတ်လပ်ရေးရဖို့ အနှစ် (၂၀) ကျော် တိုက်ပွဲဝင်ရပါတယ်။ ၁၉၅၄ ရောက်မှ ပြင်သစ်တွေကို နိုင်ငံထဲကနေ အပြီးတိုင် နှင်ထုတ်နိုင်တော့တယ်။ အဲ့ဒီလို နှင်ထုတ်ခဲ့တဲ့ ဗီယက်နမ်ခေါင်းဆောင်က ဟိုချီးမင်းရယ်ပါ။ သူက ကွန်မြူနစ်ဝါဒ သမားပေါ့။ ဒီတော့ ဆွစ်ဇာလန်မှာ တခြားနိုင်ငံ့ခေါင်းဆောင်တွေစု, အစည်းအဝေးလုပ်ပြီးတဲ့အခါမှာ ဗီယက်နမ်ကို နှစ်ပိုင်း ပိုင်းဖို့ ဆုံးဖြတ်လိုက်တယ်။ အလိုလိုနေရင်း ဗီယက်နမ်ခမျာ ဘာမှမလုပ်ဘဲ နှစ်ပိုင်း ပိုင်းခံလိုက်ရတယ်။ နိုင်ငံမြောက်ပိုင်းကို ကွန်မြူနစ်စနစ် နဲ့ တောင်ပိုင်းကတော့ အရင်းရှင်စနစ်ရယ်ပါ။

နိုင်ငံတောင်းပိုင်းကိုအုပ်ချုပ်တဲ့ ငိုဒင်ဒီယမ် ဆိုတဲ့လူက အနောက်နိုင်ငံတွေက တင်ပေးလိုက်တဲ့သူပါ။ ဒီယမ်က ပြင်သစ်ကျောင်းဆင်း, ခရစ်ယာန် တစ်ဦးဖြစ်ပြီး ဘာသာ‌ရေးကိုင်းရှိုင်းသူဆိုဘဲ။ အီတလီမှာလည်း နေခဲ့ဘူးသလို ဘာသာစကားလည်း စုံနေအောင်တတ်တယ်။ အမေရီကန် ဒုသမ္မတ တောင် အာရှနဲ့ချာချီ လို့ သူ့ကို တင်စားခေါ်ရတဲ့အထိပါ။

မကသေးဘူး ဒီယမ်က ရည်မှန်းချက်ကြီးတယ်။ သြဇာလည်းညောင်းတယ်။ အနောက်နိုင်ငံတွေမကဘူး ဗီယက်နမ် ခေါင်းဆောင်းဟောင်းတွေတောင်သူ့ကို အထင်ကြီးကတယ်။ အရှေ့တောင်အာရှကို ဒီမိုကရေစီ နဲ့ စတင်မိတ်ဆက်မဲ့သူလို့လည်း ကြွေးကြော်ထားသူရယ်ပါ။ လူတွေအားလုံးကလည်း သူ့ကိုယုံခဲ့ကြတယ်။

ပြဿနာက သူအာဏာရပြီး တစ်နှစ်အတွင်းမှာ ဒီမိုက‌ရေစီမပြောနဲ့ ဗီယက်နမ်တောင်ပိုင်းမှာရှိတဲ့ သူ့နဲ့ သဘောမတိုက်ဆိုင်တဲ့ နိုင်ငံရေးပါတီအကုန်လုံးကို တရားမဝင် လို့ကြေငြာတော့တယ်။ ရွေးကောက်ပွဲအချိန်လည်းရောက်ရော မဲဌာနတွေအားလုံးကို သူ့ညီအရင်းလက်ထဲ အပ်, မဲရလဒ် 98.2 ရာခိုင်နှုန်းရပြီး နိုင်သွားတော့တယ်။ အေ့လေ သူမှမနိုင်ရင် ဘယ်သူနိုင်ဦးမလဲ?

တကယ်တော့ ဒီယမ်ကလည်း ကျွန်တော်တို့ တွေ့မြင်နေက အာဏာရှင်တစ်ယောက်ပါဘဲ။ သူ့အစိုးရတစ်ခုလုံးကို သူ့အမျိုးတွေ, သူငယ်ချင်းတွေနဲ့ လာဘ်ပေးကောင်းတဲ့ သူဌေးတွေနဲ့ ဖြည့်လိုက်တယ်။ တနိုင်ငံလုံး ငတ်နေချိန်မှာ ဒီယမ်နဲ့ သူ့မိသားစုကတော့ စည်းစိမ်တမြမြနဲ့ ပေါ့ဗျာ။ နိုင်ငံရေးမှာလည်းမတော်, ဘဝင်လေဟပ်နေပြီး အသုံးမကျဖြစ်နေတဲ့ ဒီယမ့်ကို အနောက်နိုင်ငံတွေက ကွန်မြူနစ်ကို တိုက်ထုတ်မယ့် ကယ်တင်ရှင်လေးဆိုပြီး သူ့ဘက်မှာတောင် ရပ်တည်းပေးကြသေးသတဲ့။

ဗီယက်နမ်မှာ ဗုဒ္ဓဘာသာဝင်က ၈၀ ရာနှုန်းရှိပေမယ့် ဒီယမ်ကတော့ ဗုဒ္ဓဘာသာနဲ့ ပါတ်သက်တဲ့ အလံတွေ, ဆိုင်းဘုတ်တွေ နဲ့ ရုံးပိတ်ရက်တွေပါ ပယ်ဖျက်လိုက်တယ်။ ဘုန်းကြီးကျောင်းတွေဖျက်ဆီး လို့ ဘုန်းကြီးတွေ ရာနဲ့ ထောင်နဲ့ချီ ထွက်ပြေးခဲ့ကြရတယ်။ တစ်ခါဆိုရင် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ဘုန်းကြီးတွေကားထဲကို လက်ပစ်ဗုံးပါ ပစ်ထည့်လိုက်တယ်။ နှစ်တွေကြာ, လူတွေအများကြီး သေကုန်‌တော့မှ ဒီယမ်ရဲ့ မျက်နှာဖုံးက ကွာကျသွားတော့တယ်။

ဖွတ်ထွက်မှ တောင်ဖို့မှန်းသိ ဆိုသလို အဲ့တော့မှ ဒီယမ်ဟာ တော်တော်ဆိုးမှန်းလူတွေ သိလိုက်ရတယ်။ ဗီယက်နမ် မြောက်ပိုင်းကို အုပ်ချုပ်တဲ့ ဟိုချီမင်းကလည်း လူကောင်းမဟုတ်ပြန်ဘူး။ ပထဝီအနေအထားအရ နိုင်ငံအပေါ်နဲ့အောက်ကို အုပ်ချုပ်နေတဲ့သူနှစ်ယောက်စလုံးက ထိန်းမနိုင် သိမ်းမရနဲ့ ဗီယက်နမ်ဟာ ပြည်တွင်းစစ်တွေနဲ့ စုံးစုံမြုပ်သွားရပါတော့တယ်.....

ဒီလိုဖြစ်နေတာတွေကို အနောက်နိုင်ငံ သတင်းထောက်တွေက မသိဘူးမဟုတ်ဘူးနော် သိနေတယ်။ ဒါပေမယ့် ..... (အပိုင်း ၂ တွင် ဆက်လက်ဖတ်ရှုပါရန်).

Ref: မျှော်လင့်ခြင်းဖတ်စာ

Photos from Learning Together Platform's post 01/05/2020

Learning Together Platform စတင်ခဲ့တာ ဒီနေ့ဆို တစ်နှစ်ပြည့်ပါပြီ။

စစချင်းမှာတော့ အစီအစဉ်နဲ့ အကောင်အထည်ဖော်မှုက သိပ်မပီပြင်ခဲ့ပေမယ့် အားလုံးရဲ့ ပူးပေါင်းပါဝင်မှု, အကြံပေးကူညီမှုနဲ့အတူတဖြည်းဖြည်းနဲ့ အင်အားတောင့်တင်းလာပြီး ရှေ့ဆက်မှာလည်း ပိုကောင်းတဲ့အစီအစဉ်တွေနဲ့ ရှေ့ဆက်ကြဉီးမှာပါ...

ဒီတစ်နှစ်တာခရီးစဉ်တစ်လျှောက်မှာ နောက်ကွယ်ကနေ အဓိက ထိန်းညှိပံ့ပိုးကူညီပေးကြတဲ့သူတွေလည်း ရှိပါတယ်။

LTP ရဲ့ အစီအစဉ်တွေပြုလုပ်နိုင်ဖို့ နေရာနဲ့ Refreshment စီစဉ်ပေးတဲ့ ကံ့ကော်ကျောင်းတော်ကြီးကိုလည်း ကျေးဇူးတင်ကြောင်း ဉီးစွာ ဖော်ပြလိုပါတယ်။

အစီအစဉ်နဲ့ ကံ့ကော်ကျောင်းကြားမှ ချိတ်ဆက်ကူညီပေးတဲ့ ကိုထွန်းလင်း၊
အစီအစဉ်တိုင်းမှာ အမြဲဉီးဆောင်ပေးခဲ့တဲ့ ကိုပီတာ, အောင်ဆွေနဲ့ လျန်လျန် နဲ့အတူ ဝိုင်းတော်သားများအားလုံး၊ ယခုPage ရဲ့ မူရင်း Logo Designer ရွှန်းလဲ့ နဲ့အတူ
အစီအစဉ်တစ်ခုချင်းစီမှာ ပါဝင်ခဲ့ကြတဲ့ သူအယောက်စီတိုင်းကို ကျေးဇူးတင်ကြောင်း ကို ထပ်မံ ဖော်ပြလိုပါတယ်။

လာမယ့် နေ့သစ်တွေမှာလည်း အတူတကွ ဆက်လက်လက်တွဲကြရင်း မြန်မာပြည်ရဲ့ အပြောင်းအလဲ မှာ တတ်စွမ်းသမျှ ဆက်လက်ပါဝင်ကြဖို့ ဖိတ်ခေါ်ပါရစေ။

အားလုံးဘဲ Covid ကာလမှာ ဘေးအန္တရာယ်မှ ကေးဝေးလျက် အေးချမ်းကြပါစေကြောင်း ဆန္ဒပြုရင်း......

**A better World is possible**

Photo: The very first day of Learning Together Platform

27/03/2020

Way to be healthy

11/02/2020

Learning Day ရဲ့ နောက်ဆုံး activity လေးတစ်ခုက လတ်တလော hot issue ဖြစ်နေတဲ့ ICJ ကိစ္စပါ။
ရှင်းမလိုနဲ့ ရှုပ်နေတဲ့ နိုင်ငံရေးလှည့်ကွက်တွေ အကြောင်းတွေ၊ မြန်မာနိုင်ငံအနေနဲ့ တကယ် Genocide ကျူးလွန်ခဲ့လေသလား၊ မိမိသာ နိုင်ငံတော်အတိုင်ပင်ခံတစ်ဦးဖြစ်ပါက ဘာတွေလုပ်ကြမလဲ စတဲ့ Topic လေးတွေအပေါ်အခြေခံပြီး ဆွေးနွေးခဲ့ကြပါတယ်။
ဒီ activity လေးကို အတွေ့အကြုံနဲ့ နိုင်ငံရေးဗဟုသုတကြွယ်တဲ့ ကံကော်ကျောင်းသားဟောင်း Lian Lian က facilitate လုပ်ပေးခဲ့ပါတယ်...

Thank you Ko Lian.

10/02/2020

Feb 9 မှာပဲ Kant Kaw ကျောင်းသားဟောင်း Khun Lar Bway ကနေ သူ Chulakorng University (CU Innovation Hub - Winter Bootcamp 2019) မှာ သူလေ့လာခဲ့တဲ့ “Entrepreneurship” အကြောင်းလေးကို ပြန်လည် ဝေမျှပေးခဲ့ပါတယ်။

Entrepreneurship ရဲ့ ခေါင်းစဉ်အောက်က "Innovation 101" sub-topic လေးကို ဆွေးနွေးခဲ့ကြပါတယ်။

- Inventor နဲ့ Innovator က ဘာတွေ ကွာတာလဲ...
- Innovator တစ်ယောက်ဖြစ်ဖို့ ဘယ်လို လုပ်ဆောင်ကြမလဲ...
စတာတွေကို ဆွေးနွေးဖြစ်ခဲ့ပါတယ်။

စိတ်ဝင်စားလို့ ထပ်လေ့လာချင်ရင်တော့ - https://cuinnovationhub.com/wintercamp/

Thank you for your time & preparation Khun Lar Bway. We appreciate it.

Photos from Learning Together Platform's post 10/02/2020

Feb 9 ရက်နေ့ ကျွန်တော်တို့ Learning Together Platform မှ လူငယ်တွေနဲ့အတူ လေထုညစ်ညမ်းမှု အခြေအနေတွေ၊ လေထုညစ်ညမ်းမှုကိုဖြစ်စေတဲ့ အကြောင်းအရင်တွေ နဲ့ တပိုင်တနိုင်ကာကွယ်လို့ရမယ့်နည်းလမ်းတွေကို Air Quality Yangon မှ လူငယ််တချို့က ဦးဆောင်ဆွေးနွေးပေးခဲ့ပါတယ်။
ခုလို အချိန်ပေးပြီး စေတနာထားလာရောက်ဆွေးနွေးပေးခဲ့တဲ့ Air Quality Yangon မှ လူငယ်တွေကို Learning Together Platform မှ ကျေးဇူးအထူးတင်ရှိပါတယ်။

February 2020 09/02/2020

ရန်ကုန်မြို့ပြရဲ့ လေထု ညစ်ညမ်းမှု က အန္တရာယ်အဆင့်ကို ရောက်နေပါပြီ. ဒီလိုအခြေအနေမျိုးမှာ ဘာတွေ ပြင်ဆင်ထားသင့်လဲ ဘာတွေ ထိခိုက်နိုင်သလဲ...

ဒါနဲ့ပါတ်သက်ပြီး လေထုအရည်အသွေး စမ်းသပ်တဲ့ Air Quality Yangon မှ အဖွဲ့သားများက ဒီနေ့ (9-Feb-2020) ညနေ ၅း၀၀ နာရီမှာ ကျွန်တော်တို့ Learning Together Platform အစီအစဉ်မှာ အင်တိုက်အားတိုက် ပါဝင်ဝေမျှကြမှာဖြစ်ပါတယ်.

အားလုံးနဲ့သက်ဆိုင်ပြီး အရေးကြီးသိထားသင့်တဲ့ အတွက်ကြောင့် ကိုယ်ကိုယ်တိုင်နဲ့ ကိုယ်သူငယ်ချင်းများကိုပါ ဖိတ်ခေါ်ပေးကြပါဉီးနော်...

Learning Together Platform အစီအစဉ်ကတော့ ညနေ ၄း၀၀ နာရီက နေ ၇း၀၀ နာရီအထိဖြစ်ပါတယ်။






Learning Together Platform အစီအစဉ်ကတော့ ညနေ ၄း၀၀ နာရီက နေ ရး၀၀ နာရီအထိဖြစ်ပါတယ်။

မင်္ဂလာရှိသော နံနက်ခင်းလေးပါရန်ကုန်မြို့ကြီးရေ။ မင်္ဂလာရှိသောနံနက်ခင်းဆိုပေမဲ့ ဒီနံနက်ရဲ့လေထုအခြေအနေကတော့သိပ် မင်္ဂလာမရှိပါဘူးနော်😷။ တစ်ကမ္ဘာလုံး အဆင့်မှာဆိုရင်လည်း Top 4 လောက်ရောက်နေပါတယ်နော်🤢။
https://www.airvisual.com

Have a wonderful morning, Yangon! This morning may be wonderful but the air quality for this morning is not so wonderful 😷. The AQI of Yangon for this morning also ranks as Top 4 on https://www.airvisual.com🤢

06/02/2020

Dear all,

We are pleased to invite you to join coming event so that you can get the chance to open your knowledge wider and discuss with your peers. We are exciting to meet you on that day.

Date - 9. 2.2020(Sunday)
Time - 4:00-7:00 pm
Place - Thabyay Education Foundation

08/12/2019

Snaps from yesterday Learning session "How to express your value professionally" A big thanks to our facilitator Meera for sharing such a valuable insight! And a big thank to those who participated!

02/12/2019

Introducing our facilitator who will share on "How to express your value professionally " for coming Saturday (7 December )!

01/12/2019

This coming week, Learning Together Platform would like to invite those who want to grow both professionally and networking!
Why value is important?
"Value is what it defines who you are" (Tony Hsieh)
Coming weekend (7 December)... Please join us! It's open for all! Learn to grow!

20/11/2019

Learning Together Platform

08/11/2019

Sharing on Interest Based Negotiation!
Big thanks to Ko Ferdinand for contributing your knowledge and giving your time!!!
At the same time, big thanks to those who came and participated!!

28/10/2019

Introducing speaker for November 3 on Interest Based Negotiation! Please join us!

17/10/2019

Youth: In the Pursuit of Social Cohesion

During this first week of the month, “Learning together Platform” conducted panel discussion with the aim of motivating youth across the country in relation to unity and creating a cohesive community. There are total (30) participants attendees in the discussion and could finish successfully.

First Session
Panel Discussion: Youth – How to engage effectively in creating a cohesive community?
Panelist: Su Phyo Lwin and Thida Hlaing
Moderator : Phong Noan Ying

Second session
Panel Discussion - Youth: Exploring their interest & ways of improvement for unity
Panelists: Yae Htut and Mai Thin Yu Mon
Moderator : Shan Hre Lian

We would like to give our sincere gratitude to panelists, moderators and all attendanees. We hope you will get useful knowledge and ideas.
Hopefully we are looking forward to seeing in the next coming events.

10/10/2019

Global Unites

Non-violence Engagement!

Dr. Chenoweth, Berthold Beitz Professor in Human Rights and International Affairs, Harvard University talks about non-violence and its effectiveness.

Watch the full session here;
https://www.youtube.com/watch?v=bvwttQBzxv0&t=535s

05/10/2019

In the Pursuit of Social Cohesion

05/10/2019

Panel Discussion
Youth: In the pursuit of social cohesion.

Youth: How to effectively engage in creating a cohesive community?


Su Phyo Lwin
Head of Social Cohesion & Civil Society Management

Thida Hlaing
Joint Secretary (1)
Yangon Region
Youth Affair Committee


Nang Phong Moan

03/10/2019

2 Days Left for Panel Discussion!
Introducing our Panelists!

26/09/2019

Dear all,
We are pleased to invite you to join our panel discussion organized by Learning Together Platform. Learning Together Platform is Youth (from Kant Kaw Alumni) led initiative and voluntary based with the believe that youth today can create a better future for the next generation through embracing non-violence approach, diversity and pluralism.

Learning together Platform သည်ပိုမိုကောင်းမွန်သော အနာဂတ်တခုကို နောက်မျိုးဆက်သစ်များအတွက် ဖန်တီးပေးနိုင်သည် ဆိုသည့် ယုံကြည်ချက်ဖြင့် လူငယ်များ စေတနာအသိနဲ့ ဖော်ဆောင်လုပ်ကိုင်နေသော လုပ်ရှားမှုတခုဖြစ်ပါသည်။

ဒီတပတ်အစီအစဉ်တွင် လူငယ်နဲ့ပတ်သက်ပြီး အောက်ပါခေါင်းစဉ်များဖြင့်ဦးတည်ပြီး ဆွေးနွေးသွားကြမည်ဖြစ်ပါသည်
တက်ရောက်ဆွေးဖို့ စိတ်ဝင်စားတယ်ဆိုရင့် ကျနော် တို့ အောက်မှာပေးထားတဲ link form လေးနှိပ်ပြီး ဖြည့်ပေးပါ

https://forms.gle/qJWqom5zGy9fAGH58

Videos (show all)

Website