Eden Phyo- ဧဒင် ဖြိုး
ဧဒင်ဖြိုးရဲ့ ခံစားမူအတွေးရသစုံ
ဟေ့.,....သိလား....?
မင်းက.......
ငါ နောက်တစ်နေ့ မနက်မှာ နိုးထလာချင်တဲ့
အကြောင်းရင်းပဲ.....💓( ဧဒင်ဖြိုး)😊
တန်ဖိုးထားပါ..........🍀
==========
ပျောက်သွားတဲ့အရာကို.........၊
အပင်ပန်းခံ လိုက်ရှာမနေပါနဲ့.........။
အနားမှာရှိနေတဲ့ အရာကိုပဲ........၊
တန်ဖိုးထား ဂရုစိုက်ပေးပါ...........။
🍀{ဧဒင်ဖြိုး}Diploma. BA .first year /🍀
🙏ကန်တော့ပါဘုရား😁
🎼🎼မောင်ရယ်..မောင်ရယ်....
ဒီနေ့...
ဘယ်သူငယ်ချင်းအတွဲလာခေါ်ခေါ်
မလိုက်တော့ပါဘူး...
မုန့်ကျွေးမယ်ဆိုလဲမလိုက်တော့ပါ.😀😀😀
အသံမထွက်တဲ့
ငိုသံတွေနဲ့
ကြိတ်ငိုကြွေးရင်း...
မင်းကိုလွမ်းနေမိသေးတယ်..
တစ်ခါတလေ
ဂရုစိုက်မူများရလေမလား
အတွေးနဲ့ပျော်ခဲ့ရဘူးတယ်...
နောက်ဆုံးမှာ
တစ်ဖြေးဖြေး
တိတ်ဆိတ်သွားခဲ့တယ်
ပြောစရာစကားတွေ
သိသိသာသာနည်းသွားတယ်.
မင်းထားခဲ့မယ်ဆိုတာကို
ကြိုသိခဲ့လို့
ငါ့စိတ်ကို
ပြင်ဆင်ခဲ့တာတောင်...
အခုအထိ
မင်းဂရုစိုက်မူတွေကို
ငိုသံမထွက်တဲ့မျက်ရည်စတွေနဲ့
လွမ်းနေဆဲပါ......
#ဧဒင်ဖြိုး......
အနာဂတ်အတွက် ရှင်သန်ပါ......🕐🕐🕐
Good Night. ပါ အချိန်လေးရေ......
ဒီနေ့. ကိုယ်နဲ့အတူတူဖြတ်သန်းပေးလို့
ကျေးဇူးပါနော်
ခံစားချက်တွေကိုလဲ
အချိန်လေး...နားထောင်ပေးခဲ့တယ်.....
ရင်ဖွင့်စရာအချိန်တွေမှာ
အနားမှာအဖော်ပြုပေးပြန်တယ်.....
အဆင်မပြေတာတွေ
အစီအစဥ်တွေ
မပြေလည်တာတွေ ..ပြေလည်စေခဲ့တယ်..
အချိန်လေးရေ..
ကိုယ်နဲ့အနာဂတ်မှာ
အတူတူနေပေးပါနော်.......
ဒါကြောင့်....
ဒီညတော့..အိမ်မက်လှလှမက်ပါစေလို့
တောင်းဆုပြုရင်း
အနာဂတ်အကြောင်းသီကုံးရင်း
အားမွေးကြမယ်နော်.....
ဧဒင်ဖြိုး.....
မိုးရယ်......
သူ့ကိုသတိရအောင်လို့များ
အငြိုးနဲ့ရွာနေတာလား မိုးရယ်
အနွေးဓာတ်ပေးလိုက်
အအေးဓာတ်ပေးလိုက်နဲ့
ရင်ထဲကအပူတွေက မငြိမ်းတော့...
သူပုံရိပ် ခနခန ပေါ်လာပြီး
မိုးသဲလေ မျက်ရည်ကျလေပဲ..မိုးရယ်။
#ဧဒင်ဖြိုး
Oneday. .....
တစ်နေ့ „တော့
အခန်းလေးထဲမှာ
ကိုယ်ရယ် အဖော်ပြုပေးတဲ့
ဘိုဘို ,ဆိုတဲ့ခွေးကလေးရယ်-----
အေးအေးချမ်းချမ်းလေး
နေပစ်လိုက်မယ်............
ပြီးတော့...
Wifi စက်တပ်မယ်
အစစအရာရာချစ်ပေးမဲ့
ချစ်သူတစ်ယောက်ထားမယ်...
ည..စကားတွေပြောလို့ပြီးသွားရင်
V call ခေါ်ပြီး အနမ်းတွေပေးရင်း
အိပ်ပျော်တဲ့အထိ ကြည့်နေခိုင်းမယ်😊
လောဘမကြီးပါ😄
#ဧဒင်ဖြိုး #
ကိုကို တစ်ယောက်လောက်.........
ညဆိုတာ အိပ်ရေးဝဝအိပ်ဖို့လေ
ဒါပေမဲ့....ညနက်အထိနေမိတာ
အိပ်တော့လေနော်...ကလေးလေးလို့
ဂရုတစိုက်ပြောပေးမဲ့....ကိုကို မရှိလို့ပါ...
ဒီက.. ကလေးက ခေါင်းညိမ့်ဖို့အသင့်ပါ.....🤗
#ဧဒင်ဖြိုး
အလွမ်းတွေ ကုန်းဆုံးမဲ့ နေ့
ရောက်လာခဲ့ဦးမှာလား....
ညတိုင်း နူတ်ဆက်ပြီးမှ
အိပ်တက်တဲ့ ငါကို
ရစ်လွန်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့
ထားသွားခဲ့တယ်
နှစ် ၁၀၀ ပြက္ခဒိန်ကို
အခေါက်ခေါက်အခါခါ ကြည့်ရင်း
နင့် ကိုလွမ်းတာပျောက်တဲ့နေ့များ
ပါမလားလို့ လိုက်ရှာနေမိသေးတယ် ။
#ဧဒင်ဖြိုး