The Whizz

The Whizz

ပျော်ရမယ်🤪/ ဗဟုသုတရမယ်😎 /ငြင်းခုံရမယ်🤔

17/01/2023

ကဲအားလုံးပဲမင်္ဂလာပါ
ကျွန်တော်တို့ Page လေးရဲ့ မိတ်ဆက် Post လေးအနေနဲ့ အခုလက်ရှိမှာ Dota 2 ကစားတဲ့လူတွေကြားမှာ ရေပန်းစားနေတဲ့ Gaben ကြီးရဲ့ လှည့်ကွက်တချို့အကြောင်းကို တင်ဆက်ပေးမှာပါ.

Valve က 2022 ခုနှစ်အတွက် Dota 2 battle pass system ကို အရင်နဲ့မတူတဲ့ပြောင်းလဲမှုအချို့ပြုလုပ်ခဲ့ပြီးတော့ ငါးလတာကာလအတွင်း အပိုင်းနှစ်ပိုင်းခွဲလိုက်တာ စုစုပေါင်း ဒေါ်လာ သန်း (၂၉၀) ဝန်းကျင် ထိဝင်ငွေဖြစ်လာတယ်.
ဒါပေမယ့် ၁၁.၉ သန်းခန့်ကိုသာ TI 11 အထိအသုံး ပြုပြီးတော့ ကျန်တာတွေကို အိတ်ထဲထည့် ပြီး Gaben တို့ကတော့အပျော်ကြီးပျော်နေတာပေါ့
ပုံမှန် TI တွေမှာဆိုရင် ဆုကြေးငွေထဲကို Battle Pass ကရတယ့်စုစုပေါင်းဝင်ငွေရဲ့ (၂၅) ရာခိုင်နှုန်းကို ပေါင်းထည့်လေ့ရှိတယ်. အဲ့လိုလုပ်တာကြောင့်လဲ TI က E-sports မှာ အကြီးဆုံး ပြိုင်ပွဲတစ်ခုအဖြစ်နှစ်စဉ် ရပ်တည်နိုင်ခဲ့တယ်
ဒီနှစ်မှာတော့ Battle pass ကရတဲ့ဝင်ငွေရဲ့ (၂၅) ရာခိုင်နှုန်းကိုထည့်လိုက်တယ်ဆိုပေမယ့် စုစုပေါင်း ရတဲ့ထဲကမထည့်ပဲ ပထမတစ်ခေါက်ကရတဲ့ထဲကပဲ (၂၅) ရာခိုင်နှုန်းထည့်လိုက်တာဖြစ်ပါတယ်
နှစ်တိုင်းမှာ ဆုကြေးငွေ အမြဲများလာခဲ့တဲ့ ထုံးစံ ကလဲ TI 11 ရောက်မှ ပျက်သွားခဲ့တယ်
နှစ်စဉ်ပေးခဲ့တဲ့ စုကြေးတွေကို အောက်မှာဖော်ပြပေးထားပါတယ်. ၂၀၂၀ မှာတော့ COVID 19 ကြောင့်ကျင်းပနိုင်ခဲ့ခြင်းမရှိပါဘူး

The International 2011 $1.6 million
The International 2012 $1.6 million
The International 2013 $2.87 million
The International 2014 $10.93 million
The International 2015 $18.43 million
The International 2016 $20.77 million
The International 2017 $24.69 million
The International 2018 $25.53 million
The International 2019 $34.33 million
The International 2021 $40.02 million
The International 2022 $18.93 million

အဲ့လိုသတင်းထွက်လိုက်ပြီ ဆိုတာနဲ့Secrets တို့လို E sports အဖွဲ့အစည်း အကြီးကြီး တွေကပါ စတင်ပြီး Twitter ပေါ်တွေကနေ မေးခွန်းထုတ်လာကြပြီး ပွဲတော်တော်လေးစည်နေကြပြီဗျ

ဒီပြဿနာကိုGabenအနေနဲ့ဘယ်လိုဖြေရှင်းပေးမလဲဒါမှမဟုတ်မသိချင်ယောင်ဘဲဆောင်နေမလားဆိုတာကျွန်တော်တို့ Page နဲ့အတူတူစောင့်ကြည့်လိုက်ရအောင်.
အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်.
အခုလို E Sports နဲ့ပတ်သတ်တဲ့သတင်းတွေ ဖတ်ရတာသဘောကျတယ်ဆိုရင် Page ကို Like & Share လေးလုပ်ပေးခဲ့ပါဉီးဗျို့…….

Website