Tr. Nyein Academy Service

Tr. Nyein Academy Service

မြန်မာပြည်အနှံ့မိမိတို့သားသားမီးမီးပညာရေးအတွက်Home Guideဆရာ/ဆရာမများကိုချိတ်ဆက်နိုင်ပါပြီ
၀၉၇၉၀၉၈၅၉၀၅

20/07/2024

#
ရွှေပြည်သာမြို့နယ်ရှိ ကိုယ်ပိုင်ကျောင်းတစ်ခုတွင် မူလတန်းပြဆရာမ ၂ဦးအလိုရှိပါသည်။
09790985905 သို့ CV ပေးပို့လျှောက်ထားနိုင်ပါသည်။

20/07/2024

https://www.facebook.com/profile.php?id=61550859293547&mibextid=ZbWKwL
Tr.Nyein Academy Service တွင် ကျွမ်းကျင်သော ဆရာ/ဆရာမများဖြင့် ချိတ်ဆက်၍ သင်ကြားနိုင်ပါတယ်ရှင့်။
09790985905 ကိုလည်းဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။

Tr. Nyein Academy Service မြန်မာပြည်အနှံ့မိမိတို့သားသားမီးမီးပညာရေးအတွက်Home Guideဆရာ/ဆရာမများကိုချိတ်ဆက်နိုင်ပါပြီ
၀၉၇

31/12/2023

Tr. Nyein Academy Service မြန်မာပြည်အနှံ့မိမိတို့သားသားမီးမီးပညာရေးအတွက်Home Guideဆရာ/ဆရာမများကိုချိတ်ဆက်နိုင်ပါပြီ
၀၉၇

30/12/2023

Hello everyone!
ဒီနေ့မှာတော့ Tr.Nyeinက အသုံးများတဲ့ Grammar noteလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေရှင့်။🙏

➡ Active to Passive ⬅

ဒါလေးကတော့ ကလေးဘဝကတည်းကနေ ကြားဖူးပြီးသား အသုံးပြုခဲ့ဖူးပြီးသား pattern လေးတစ်ခုဆိုလည်း မမှားပါဘူး။ Speaking ပြောရာမှာပါ အသုံးဝင်မယ့် pattern လေးတစ်ခုဖြစ်တာကြောင့် အခြားသူများကိုလည်း ပြန်လည်မျှဝေပေးပါဦးနော်။
Active sentence ရဲ့ Arrangement လေးကိုအရင်ပြောပြပေးမယ်နော်👇
✳ Subject +Verb+ Object ✳
အဲ့လိုအစဥ်အတိုင်းလေး လာပါတယ်နော်
Eg. I read the comic book.✔
I am read the comic book.❌
ဒီ sentence လေးမှာဆိုရင်တော့
Subject=I
Verb=read
Object=the comic book ပါ။
အောက်ကစာကြောင်းလေးကဘာလို့မှားတာလဲဆိုရင်👇
ငါကဟာသစာအုပ်တွေကိုဖတ်တယ်။
ဟာသစာအုပ်တွေက ငါ့ကိုဖတ်တာမဟုတ်ဘူး။
အဲ့တော့Active sentence မှာ Verb1မြင်တဲ့အခါ am,is,are+Verb3(past participle)ပြောင်းမှသာ Passive sentence အမှန်ဖြစ်မှာပါ။
Active➡ Su Su reads the comic book.
Passive➡ The comic book is read by Su Su.(ထူးခြားတာလေးတစ်ခုက Active ကနေ Passiveကိုပြောင်းမယ်ဆိုရင် by ခံသုံးရပါမယ်။)
✳ Object+verb+by+Subject ✳
အဲ့တော့ Active sentence မှာ Subject နဲ့စပြီ
Passive sentence မှာတော့ Objectနဲ့စပြီး byခံသုံးပေးရပါတယ်။
⚠ သတိပြုရမှာက ⚠👇
မတိကျတဲ့ Subject တွေဆို byခံသုံးစရာမလိုသလို Subjectလည်းပြန်ရေးစရာမလိုပါဘူးနော်။
Eg. She,He,They,Everyone,Everybody,Someone, Somebodyတို့ပဲဖြစ်ပါတယ်။
⏩Someone steals my bike.
⏩ My bike is stolen.( someoneကမတိကျတဲ့အတွက်byခံပြီးပြန်ထည့်စရာမလိုပါဘူးနော်)
verb 1 🔁 am,is,are+verb 3
verb 2 🔁 was,were+verb 3 (ပြောင်းပုံပြောင်းနည်းအတူတူပါပဲ)
ဆက်လက်ပြီးရှင်းပြပေးသွားပါဦးမည်။
Please Like & Share😍
Passive #
#
.Nyein #
သိရှိလိုသည်များ၊မရှင်းလင်းသည်များအားchatboxတွင်မေးမြန်းနိုင်ပါသည်ရှင့်။

25/12/2023

Merry Christmas to you all 😍😍😍

21/12/2023

📸 Watch this video on Facebook
https://www.facebook.com/share/v/PhBFoNZEgH9wcEr7/?mibextid=xfxF2i

17/12/2023

ကျောင်းသား/သူ များ၏ Term paper, Thesis ကိစ္စရပ်များ၊ ကလေးငယ်များ၏ ပညာရပ်ဆိုင်ရာအကြံပြုချက်များအား ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

29/11/2023

လူကြီးမင်းတို့၏ သားသားမီးမီးပညာရေးအတွက် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သော ဆရာ၊ဆရာမများဖြင့် ချိတ်ဆက်၍ သင်ကြားနိုင်ပါသည်ရှင့်။
Nursery မှစ၍ Prekg to IGCSE, English 4skills, အခြားဘာသာစကားများ၊ Preschool, Privateနှင့် International School သင်ကြား​မှုများအား
offline or online ကျွမ်းကျင်သောတီချယ်များဖြင့် ချိတ်ဆက်ပေးနေပါသည်ရှင့်။

ဆက်သွယ်ရန်။

https://www.facebook.com/profile.php?id=61550859293547&mibextid=ZbWKwL

09-790985905

Tr. Nyein Academy Service မြန်မာပြည်အနှံ့မိမိတို့သားသားမီးမီးပညာရေးအတွက်Home Guideဆရာ/ဆရာမများကိုချိတ်ဆက်နိုင်ပါပြီ
၀၉၇

28/11/2023

'Make' အသုံးပြုပုံများ

1. make = ပြုလုပ်သည် ၊ ဖြစ်စေသည်။
2. make after = နောက်ကလိုက်သည်။

3. make a bed = အိပ်ရာခင်းသည် ။
4. make a deal with = ရောင်း၀ယ်သည် ။

5. make a match = အောင်သွယ်ပေးသည် ။
6. make a mistake = မှားသွားသည်။

7. make a noise = ဆူညံသည်။
8. make a stand = အာခံသည် ၊ ခံပြောသည်။

9. make a statement = ထင်ပြသည်။
10. make a believe = ဟန်ဆောင်သည် ။

11. make contact with = ထိတွေ့သည် ၊ ဆက်ဆံသည် ။
12. make fire = မီးမွှေးသည်။

13. make fun of = ဟာသလုပ်သည်၊ လှောင်သည်။
14. make haste of = မြန်မြန်လုပ်သည် ။

15. make into = ပြောင်းလဲသည် ။
16. make matter worse = ပိုဆိုးလာသည်။

17. make merry = ပျော်ရွှင်သည် ။
18. make money = ပိုက်ဆံရှာသည်။

19. make off = လုထွက်ပြေးသည်။
20. make out = နာလည်သည် ၊ သဘောပေါက်သည် ။

21. make profit = အမြတ်ရသည် ။
22. make tea =လဖက်ရည်ဖျော်သည် ။

23. make towards = ချဉ်းကပ်သွားသည်။
24. make trouble = ဒုက္ခပေးသည်။

25. make over = လွှဲပြောင်းပေးသည်။
26. make up a story = လုပ်ကြံပြောသည်။

27. make up (one's )mind = စ်ိတ်ဆုံးဖြတ်သည်။
28. make away with = ဝှက်ထားသည်။

26/11/2023

#ပညာရေးကိုစိတ်ဝင်စားသူတိုင်းအတွက်

စိတ်ပညာရှင်တွေရဲ့
ခုနောက်ဆုံးသတ်မှတ်ချက်က..
လူတွေရဲ့ အသိဉာဏ်ကို
တိုင်းတာတဲ့စနစ်ဟာ

* အိုင်ကျူ (IQ)
* အီးကျူ (EQ)
* အက်စ်ကျူ (SQ)
* အေကျူ (AQ) ဆိုပီး လေးမျိုးတောင် ရှိသတဲ့။

အရှည်ကတော့ ...

1) Intelligence Quotient (IQ)
2) Emotional Quotient (EQ)
3) Social Quotient (SQ)
4) Adversity Quotient (AQ) တို့ပဲ.. ဖြစ်ပါတယ်။

အကျယ်နည်းနည်းချဲ့.. ရှင်းပြပါ့မယ်။

1) Intelligence Quotient (IQ)
----------------------------
အိုင်ကျူလို့ အများသိတဲ့..
အသိဉာဏ် level က..
တကယ်တော့ ကျိုးကြောင်းဆက်စပ် တွေးခေါ်မှုကို တိုင်းတာရုံ သက်သက်ပဲ။
သင်္ချာပုစ္ဆာတွေကို.. ဖြေရှင်းနိုင်တယ်၊
အဖြစ်အပျက်တွေကို.. မှတ်မိတယ်၊
အတွေ့အကြုံထဲကနေ.. သင်ခန်းစာ ယူနိုင်တယ်၊
ဒါပါဘဲ..
အဲ့ဒါက.. ခင်ဗျားတို့ရဲ့ IQ level ပဲ..။

2) Emotional Quotient (EQ)
----------------------------
အီးကျူကျတော့..
လူအများနဲ့
မင်းရဲ့ဆက်သွယ်မှု level ကို.. တိုင်းတာတာ ဖြစ်တယ်။

လူအများနဲ့ ဆက်ဆံတဲ့အခါ..
မင်းဘယ်လောက် အဆင်ပြေလဲ?
မင်း ဘယ်လောက် ရိုးသားမှုရှိလဲ?
တာဝန်ယူမှု တာဝန်ခံမှု ရှိလား?
လူသားအချင်းချင်း.. လေးစားတန်ဖိုးထားသလား?
ယဉ်ကျေးသိမ်မွေ့စွာ.. ပြောဆိုဆက်ဆံနိုင်လား?
သူများ personalကိစ္စတွေကို..
လေးစား ထိန်းသိမ်းပြီး..
ကိုယ်ချင်းစာနာ တွေးခေါ်ပေးနိုင်လား?
ဒါတွေအားလုံးက.. ခင်ဗျားတို့ရဲ့.. EQ level ပါပဲ..။

3) Social Quotient (SQ)
------------------------
ဒါကတော့.. ကိုယ့်ရဲ့ မိတ်ဆွေ၊
အပေါင်းအသင်း၊
သူငယ်ချင်း၊
မိသားစု ဆွေမျိုးတွေကြားမှာ..
ဘယ်လောက်ထိ အချိန်ကြာကြာ..ရင်းနှီး ဆက်သွယ်မှုတွေကို ထိန်းထားနိုင်လဲ?
ဘယ်လောက်ထိ
ကိုယ့်ရဲ့ အသိုင်းအဝိုင်းနဲ့.. ပေါင်းသင်းဆက်ဆံရေး ကွန်ယက် ကျယ်ပြန့်သလဲ?
ဒါတွေကို.. တိုင်းတာနိုင်တာက.. ဆိုရှယ် SQ level ဖြစ်ပါသတဲ့..။

အထက္က သုံးခုထဲမွာ..
ဘဝကို အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းပြီး..
အများထက်ပိုတဲ့ ထိပ်ဆုံးနေရာတွေ ရောက်ရှိနေသူတွေဟာ..
ဒုတိယနဲ့ တတိယ ဖြစ်တဲ့.. EQ နဲ့ SQ Level မြင့်မားသူတွေသာ ဖြစ်ပါသတဲ့..။

အများထင်တဲ့.. အိုင်ကျူ မြင့်သူတွေ မဟုတ်ကြဘူး။
သူတို့ အိုင်ကျူက.. ပုံမှန်ပဲတဲ့..။

အိုင်ကျူမြင့်တယ်ဆိုတဲ့ သူတွေဟာ..
နောက်ဆုံးမှာ EQ နဲ့ SQ မြင့်တဲ့
သူဌေး လုပ်ငန်းရှင်တွေဆီမှာ.. လခစား ဝန်ထမ်းဘဝနဲ့
သူတို့ဘဝကို.. နိဂုံးချုပ်ရတယ်လို့တောင် ပြောကြတယ်။

ဝမ်းနည်းစရာ ကောင်းတာက..
စာသင်ကျောင်းတွေဟာ..
IQ Level မြင့်မားအောင် လုပ်ပေးတဲ့ သင်ကြားနည်းတွေက များနေပြီး..
EQ နဲ့ SQ level ကို တိုးတက်လာအောင်
ပြုလုပ်ပေးတဲ့ သင်ရိုးပြဌာန်းချက် ပရိုဂရမ်တွေက.. အင်မတန် နည်းနေတုန်းပဲတဲ့..။
(သူတို့ဆီက ကျောင်းတွေမှာတောင်နော်)

တကယ်တော့..
EQ က ကိုယ့်ရဲ့ ပင်ကိုစရိုက် သဘာဝကို ဖော်ပြပြီး..
SQ ကျတော့.. အဲဒီ့ ကိုယ့်စရိုက်က ကိုယ့်ပတ်ဝန်းကျင်ကို..
ဘယ်လောက်ထိသက်ရောက်သွားလဲလို့.. ဖော်ပြတာပါတဲ့။

ကဲ... ဒါဆို.. နောက်ဆုံးတစ်ခု လာပြီ..။
ကိုယ့်ဦးနှောက် အသိဉာဏ် level ကို
တိုင်းတာနိုင်တဲ့.. နောက်ဆုံး လေးခုမြောက်က..ဘာလဲ (တွေ့ရှိချက် အသစ်တဲ့)

4) The Adversity Quotient (AQ):
------------------------------
အေကျူဆိုတာ...
ဘဝမှာ တွေ့ကြုံလာရသမျှ..
ခက်ခဲကြမ်းတမ်းတဲ့ ပြောင်းလဲမှုတွေကို
ရဲရဲရင်ဆိုင် ဖြေရှင်း ကျော်လွှားနိုင်တဲ့.. စွမ်းရည် level တဲ့..။
အဲ့ဒါ.. AQ level တဲ့..။
(ကောင်းလိုက်တဲ့ ဖွင့်ဆိုချက်)

မြန်မာစကားနဲ့ ပြောရရင်...

*လောကဓံကို မင်း ဘယ်လောက် ခံနိုင်စွမ်း ရှိမလဲပေါ့ ။

AQ level ပေါ် မူတည်ပြီး..
လူတွေဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံမယ့်သူတွေ၊
မိသားစုကို စွန့်ခွာ၊
ကိုယ့်ရင်သွေး ကိုယ်စွန့်ပစ်တဲ့သူတွေ.. ဖြစ်လာကြတာပါ။AQ level နိမ့်သူတွေက.. ဒုက္ခကို.. ရင်မဆိုင်နိုင်ကြသူတွေပေါ့။

သားကွဲ၊
မယားကွဲ၊
အလုပ်ပြုတ်၊
စိတ္က်၊
ဆူဆိုက်လုပ်၊
လက်ရှိဘဝကနေ ထွက်ပြေးချင်ကြသူတွေဟာ.. AQ level နည်းနေခဲ့လို့.. ဆိုပါတော့..။

အကြံပြုချက်က...

မိဘတွေဟာ..
ကိုယ့်သားသမီး AQ level မြင့်လာအောင်..
ဘဝမှာ အခက်အခဲတွေနဲ့ ငယ်စဉ်ထဲက ရင်ဆိုင်ပေးတွေ့ပြီး..
လေ့ကျင့် သင်ကြားပေးသင့်တယ်လို့ ဆိုတယ်..။
(ပြစ်ဒဏ်ပေးတာမျိုးမဟုတ်)

သူ့အသက်အရွယ်၊
သူ့အသိဉာဏ် level အတိုင်း..
ခန္ဓာကိုယ်ရော၊
ဦးနှောက်ရောကို အလုပ်ပေးတဲ့..
တာဝန်ဝတ္တရားတွေ၊
ခိုင်းစေမှုတွေ..
ဥပမာ... အားကစားနဲ့ အနုပညာ ဖန်တီးမှုတွေ၊
ခွန်အားနဲ့ လုပ်ရမယ့်.. အလုပ်ကြမ်းတွေကိုလည်း လုပ်ခိုင်းတတ်ရမယ် ဆိုပဲ..။

အချူပ်ပြောရရင်...

အိုင်ကျူ မြင့်ရင်လည်း.. ကောင်းပါတယ်။
မမြင့်ရင်လည်း.. ကိစ္စ မရှိပါဘူး။
က်န္တဲ့သုံးခု..
(EQ/SQ/AQ) မြင့်မားဖို့က.. ပို အရေးကြီးပါတယ်။

ဒါမှ.. ဘဝအခက်အခဲ ဒုက္ခတွေကို.. ကျော်လွှားနိုင်တဲ့သူတွေ ဖြစ်လာကြမှာပါ။

သူရေးထားတဲ့..
နောက်ဆုံးစကားလေး ကြိုက်တယ်။

"သားသမီးတွေကို.. သူတို့လျှောက်ဖို့
လမ်းခင်း မပေးပါနဲ့။
သူတို့ကိုယ်တိုင် လမ်းခင်းပြီး.. လျှောက်တတ်ဖို့ကို သင်ပေးပါ..." တဲ့....

original writer
------
မျှဝေခြင်း

26/11/2023

Please answer!!!

I -------- this class since 2020.

(a) have attended
(b) was attended
(c) have been attending
(d) attended

24/11/2023

နေ့စဥ် English Basic နဲ့ဆိုင်သော သင်ခန်းစာများကို လေ့လာရန်အတွက် page လေးအား like & share လုပ်ထားပေးပါဦးနော်။
နောက်ထပ်အစီအစဥ်လေးအနေဖြင့် မင်မင်ရဲ့မွေးလလေးဖြစ်တဲ့ December လထဲမှာလည်း free class လေးရှိတာကြောင့် page လေးကို join ထားပေးပါဦးနော်။
Have a nice dream!!!☺☺☺

24/11/2023

.Nyein Academy


The students ------ their homework yesterday.

(a) finish
(b) finished
(c) have finished
(d) finishes

20/11/2023

IGCSE "O" Level ဆိုတာဘာလဲ??

ပထမဦးဆုံးအနေနဲ့ IGCSE ဆိုတာက International General Certificate of Secondary Education ရဲ့ အတိုကောက်စာလုံးဖြစ်ကာ O Level ဆိုတာကတော့ Ordinary Level ကိုခေါ်ဆိုတာပဲဖြစ်ပါတယ်။ IGCSE မှာ O-Level နဲ့ A-Level ဟူ၍ အပိုင်း နှစ်ပိုင်းရှိပြီး O-Level ဖြေဆိုအောင်မြင်ပြီးမှသာ A-Level ကိုဆက်လက်တက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

IGCSE O Level ဟာ နိုင်ငံခြားမှာဆိုရင်တော့ အလယ်တန်းပညာရေးပြီးဆုံးကြောင်းလက်မှတ်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ဝင်တန်း (10 တန်း) နှင့်ညီမျှပါတယ်။ IGCSE O Level ပြီးဆုံးမှသာ ကျောင်းသူ/သားတွေဟာ မိမိတို့ရဲ့ရှေ့ဆက်လျှောက်လှမ်းရမယ့် ပညာရေးလမ်းကြောင်းအတွက် A-Level (သို့) Foundation Courses တွေ၊ Diplomas Courses တွေကို ရွေးချယ်တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။

O Level မှာ Cambridge International Examination (CIE), American Council for Higher Education နဲ့ Edexcel Education ဆိုပြီး သင်ရိုးသုံးမျိုး ရှိပေမယ့် မြန်မာနိုင်ငံမှာကတော့ Cambridge နဲ့ Edexcel သင်ရိုးတွေကိုသာ အများဆုံးဖြေဆိုကြပါတယ်။

Cambridge O Level
=-=-=-=-=-=-=-=-=-=-=-=

Cambridge O Level ဆိုတာကတော့ Cambridge International Examination (CIE) ရဲ့ သင်ရိုးအတိုင်း သင်ကြားပေးတာပဲဖြစ်ပါတယ်။ Internationally Recognized Course ဖြစ်ပြီး မိခင်ဘာသာစကားမတူညီတဲ့ နေရာအနှံ့အပြားက ကျောင်းသူ/သားတွေအတွက် ရေးဆွဲထားတဲ့ သင်ရိုးဖြစ်တာကြောင့် နိုင်ငံတကာတက္ကသိုလ် တွေကို သွားရောက်ပညာသင်ယူချင်သူတွေအတွက်တော့ အကောင်းဆုံးသော ပညာရေးကိုပေးစွမ်းနိုင်ပါတယ်။

Cambridge O Level မှာ ရွေးချယ်သင်ယူစရာ ဘာသာရပ် (၄၀) ကျော်ရှိပြီး ပုံမှန်အားဖြင့် ကျောင်းသူ/သားတွေဟာ (၆) ဘာသာကနေ (၉) ဘာသာအထိရွေးချယ်သင်ယူကြပြီး အချိန် (၂)နှစ်ခန့်ကြာမြင့်ပါတယ်။

နိုင်ငံတော်တော်များများကကျောင်းတွေဟာ သူတို့တောင်းဆိုတဲ့တခြား Requirement တွေနဲ့ ပြည့်စုံတယ် ဆိုရင်တော့ Cambridge O Level နဲ့ A Level တွေကိုလက်ခံပေးကြပါတယ်။ US နဲ့ Canada က ကျောင်းတွေကလည်း Cambridge O Level Grade-C အထိလက်ခံပေးပြီး နာမည်ကြီးတဲ့ ကျောင်းတစ်ချို့ကသာ A Level နဲ့ AS Level ကိုတောင်းဆိုကြတာဖြစ်ပါတယ်။ UK က Universities အများစုကတော့ Cambridge O Level ကိုလက်ခံကြပေမယ့် O Level ရဲ့ Grade A to E ကိုကြည့်ပြီး ဆုံးဖြတ်လက်ခံကြတာပဲဖြစ်ပါတယ်။

"IGCSE Subject Choice

IGCSE တက်ချင်တဲ့သူတွေအတွက် subject ဘယ်လိုရွေးရမယ်ဆိုတာ ပြောပြပေးသွားမှာဖြစ်ပါတယ်။

IGCSE ဆိုတာဘာလဲ။

IGCSE က High School စာမေးပွဲပါ။ သူက O level နဲ့ A level ဆိုပြီး ရှိပါတယ်။ A level ပြီးရင် university တက်လို့ရပါပြီ။

သူ့မှာက CIE (Cambridge) နဲ့ Edexcel ဆိုပြီး စာစစ်ဌာနနှစ်ခုရှိပါတယ်။ နှစ်ခုလုံးကို university တွေက အသိအမှတ်ပြုတာမို့ စိုးရိမ်စရာမလိုပါဘူး။

IGCSE (O level) ဖြေမယ်ဆိုရင် အနည်းဆုံး၅ဘာသာယူကိုယူပေးရပါတယ်။ Scholarship မှန်းတဲ့သူတွေကတော့ ၇,၈ဘာသာလောက်ထိယူရင်ပိုကောင်းပါတယ်(As or A+s တွေတော့ရရမှာပေါ့နော်)

subjectsရွေးတဲ့အခါ ကိုယ်တက်တဲ့ကျောင်းပေါ်မူတည်ပြီးလည်း ကွဲသွားနိုင်ပါတယ်၊တချို့ကျောင်းတွေက O levelမှာ အကုန်သင်ရပြီး A levelကျမှ ကိုယ်သွားမယ့် fieldပေါ်မူတည်ပြီး မလိုတာတွေဖြုတ် လိုတာတွေ ထပ်ယူကြပါတယ်။တချို့ကျောင်းတွေက O levelစတက်ကတည်းက subjects ရွေးခဲ့လို့ရတယ်ပေါ့နော်(ကိုယ်သွားချင်တဲ့လမ်းကြောင်းက အစကတည်းက သိရင် ဒါကပိုအဆင်ပြေပါတယ်)

Grading System

A* - A Grade 9-7
B - C Grade 6-4
D - G Grade 3-2

ဒီpostမှာကတော့

1. Medicine
2. IT
3. Business
4. Engineering
5. Art
6. General (Havent known what to choose)
တက်ချင်တဲ့သူတွေအတွက် subject choice လေးတွေ မျှဝေပေးသွားပါမယ်။

Subjects to choose in igcse to choose if you want to go to

Medical field
လိုရင်းတိုရှင်းပြောရမယ်ဆိုရင်တော့ Doctorဖြစ်ချင်တဲ့လူတွေသွားတဲ့လမ်းပါ သူက အနညျးဆုံး၇ဘာသာ(at least)ယူပေးရပါတယ်။
ဒါတွေကတော့ မဖြစ်မနေ ယူသင့်တဲ့ လိုအပ်တဲ့ subjectsတွေပါ။
Biology, Chemistry, Physics, Maths(core & extended)English,Human Biology
Doctorမဟုတ်ပေမယ့် တခြား medicalနဲ့သက်ဆိုင်တဲ့ လမ်းကြောင်းတွေ သွားချင်ရင်လည်း biology ကိုထည့်ယူသင့်ပါတယ်

IT
ITဆိုတော့ maths နဲ့ technology ကessential subjectsတွေပါ အဓိကက Maths(core and extended),English Language, Computer science,Information And Communication technology.
Information technology ဖြစ်တာကြောင့် technology နဲ့ဆိုင်တဲ့ အလုပ်တိုင်းမှာ applyလို့ရပါတယ် ဥပမာ-technical architect,network administrator,programmer စတာတွေပါ
ခုeraနဲ့လည်း ညီတယ်လို့ပြောလို့ရပါတယ် ITမှာ degree ရပြီးရင်လည်း skilled degree ဖြစ်တာကြောင့် salaryကမြင့်ပါတယ်

Business
Core subjectsအနေနဲ့ကတော့ English,
Maths(core and extended),Business studies,Accounting,ပါICTလည်း ယူထားသင့်ပါတယ် businessမှာ degreeရသွားရင်business adviser,data analyst,business development manager လုပ်လို့ရပါတယ်
Businessမှာ degreeရသွားရင် ကိုယ်ပိုင်business လုပ်တဲ့အခါ accountingပိုင်း,handlingလုပ်တာ အကုန်အဆင်ပြေသွားမှာပါ အခုနောက်ပိုင်း businessကို minorအနေနဲ့ ယူကြတာများပါတယ်

Engineering
Engineering ဘက်သွားချင်တဲ့သူတွေအတွက် English (ESL or EFL), Maths (core and extended) , Physics နဲ့ Chemistry က ယူကိုယူရမယ့် subjects တွေပါ။ တကယ်လို့ engineering ကိုမှ IT ဘက်နည်းနည်းသွားချင်ရင် ICT or Computer Science ပါတွဲယူသင့်ပါတယ်။ အခုပြောသွားတဲ့ subjectsတွေပဲ ယူမယ့်သူက Medicine သွားလျှောက်လို့တော့မရပါဘူး။ ဘာလို့လဲဆိုတော့ bio နဲ့ပတ်သက်တာ တစ်ခုမှမပါလို့ပါ။

Art

Art ယူမယ်ဆိုရင် EFL(English as a first language)က ပိုသင့်တော်ပါဆယ်။ History နဲ့ Art and Design ကိုလည်း ယူသင့်ပါတယ်။ (Art and Designကို မြန်မာနိုင်ငံမှာ offer ပေးထားတဲ့ကျောင်းတွေ သိပ်မရှိဘူးလို့ထင်ပါတယ်)Maths ကိုတော့ core တစ်ခုယူရင်ကိုရပါပြီ။ ပြီးရင်တော့ Science (Biology or Chemistry or Physics) တစ်ဘာသာ အနညျးဆုံး ယူပေးသင့်ပါတယ်။

General
တကယ်လို့ ကိုယ်က ဘာဖြစ်ချင်တာမှန်း ရေရေရာရာမသိ၊ medicine, ITတို့လို major တွေလည်း စိတ်မဝင်စားရင်တော့ ဒီလို subject လေးတွေ ယူထားတာ အဆင်ပြေပါတယ်။
1. ESL or EFL
2. Maths (core)
3. Business or Economic
4. Physics
5. Chemistry
6. ICT တို့ပါ။

ဒါကတော့ O lvl အတွက် ပြောပြပေးသွားတာဖြစ်ပါတယ်။ A lvl မှာဆိုရင် ပိုပြီး specific ဖြစ်မှာပါ။

ကျောင်းသားများအတွက်ရည်စူးထားတဲ့ International General Certificate of Secondary Education ဟုခေါ်သည့် IGCSE ကိုပဲ Cambridge International Examinations (CIE) အဖွဲ့က IGCSE ဟူ၍ တိုက်ရိုက်အမည်သတ်မှတ်ခေါ်ဆိုကာ IGCSE သင်တန်းများနှင့် စာမေးပွဲများကို ကမ္ဘာတစ်ဝှမ်း ကျင်းပပြုလုပ်ပေးနေခဲ့ကြတာပဲ ဖြစ်ပါသည်။ ၎င်း Cambridge IGCSE ကိုပင် CIE မှ စစ်ဆေးသော စာမေးပွဲဖြစ်၍ CIE ဟူ၍လည်း ခေါ်ဆိုတတ်ကြပါသည်။

မြန်မာနိုင်ငံတွင်မူ ၎င်း Cambridge IGCSE / CIE ကို British Council မှ နှစ်စဉ် တာဝန်ယူစစ်ဆေးပေးလေ့ရှိကာ ၎င်းစာမေးပွဲအား အပြင်ဖြေကျောင်းသားများသည်လည်း ဘာသာရပ်များကို မိမိစိတ်ကြိုက် အပြင်ကျောင်း/ကျူရှင် စသည်များမှတဆင့် IGCSE ဘာသာရပ်များကို လေ့လာသင်ယူကြ၍ Private Candidate များအဖြစ် စာမေးပွဲကြေးပေးသွင်းကာ လွတ်လပ်စွာ ဝင်ရောက်ဖြေဆိုခွင့် ရှိခဲ့ကြပါသည်။ သို့ဖြစ်၍ မည်သည့်ဆရာ မည်သည့်ကျောင်း/ကျူရှင်များမဆို IGCSE သင်တန်းများကို ဖွင့်လှစ် သင်ကြားခွင့်များ ရရှိခဲ့ကြပါသည်။

IGCSE (GCE O Level) နှင့် GCE A Level ဟူ၍ရှိရာ မြန်မာ လက်ရှိ စနစ်သစ် ၉-တန်းနှင့် စနစ်ဟောင်း ၁၀-တန်း (Grade 10 / 11) နှင့် ၈-တန်းအောင်မြင်ပြီးသူများသာမက ၁၀-တန်းအောင်ပြီးထားသူ (နိုင်ငံခြားကျောင်းများသို့ ပညာဆက်လက်သင်ယူလိုသူများ စသည်) ကျောင်းသားများအတွက် IGCSE (GCE O Level) ကို သင်ကြား ဖြေဆိုနိုင်ပါသည်။ ဖြေဆိုအောင်မြင်ပြီးသူများအတွက် ဘဝရည်မှန်းချက် ခရီးဆက်ရန် နည်းလမ်း ၂-သွယ်ရှိပါသည်။

နည်းလမ်း (၁) - ၎င်း IGCSE ကို ဖြေဆိုအောင်မြင်ပြီးသော ကျောင်းသားများသည် နိုင်ငံရပ်ခြားကောလိပ်များနှင့် စင်ကာပူနိုင်ငံမှာရှိသော ပိုလီကျောင်း Polytechnics (စက်မှုလက်မှုကျောင်း) များကို ဆက်လက်တက်ရောက်နိုင်ခွင့်များ ရရှိနိုင်ပါသည်။ ထိုကျောင်းများမှ တဖန် ထူးချွန်စွာအောင်မြင်ခဲ့ပါကလည်း နိုင်ငံခြားတက္ကသိုလ်များကို ဆက်လက်တက်ရောက်နိုင်ခွင့်များ ရရှိနိုင်ပါသေးသည်။

နည်းလမ်း (၂) - ၎င်း IGCSE ကို ဖြေဆိုအောင်မြင်ပြီး၍ နိုင်ငံခြားတက္ကသိုလ်များကို တိုက်ရိုက် တက်ရောက်ရန်အတွက်ကတော့ GCE A Level ကို ဆက်လက် သင်ကြား ဖြေဆို အောင်မြင်ကြရမှာ ဖြစ်ပါသည်။ တက္ကသိုလ်ဝင်တန်းဖြစ်သည့် GCE A Level ကို အောင်မြင်ပြီးမှသာလျှင် နိုင်ငံခြား တက္ကသိုလ်များသို့ တိုက်ရိုက်ဝင်ရောက် ဆက်လက် ပညာသင်ကြားနိုင်ခွင့်များ ရရှိနိုင်ကြမှာ ဖြစ်ပါသည်။

(အင်္ဂလန်) နိုင်ငံတွင်းစစ်သည့် နဲ့ ယခု () အဆင့်တူ အသိအမှတ်ပြုခံရရဲ့လား, လက်ခံရဲ့လား။
IGCSE များဖြစ်ကြသော Cambridge IGCSE နှင့် Edexcel IGCSE တို့သည် equivalent to GCSE များသာလျှင်ဖြစ်ကြသောကြောင့် GCSE နှင့် အမည်သာမတူ ကျန်အခွင့်အရေးအားလုံး လုံးဝ တူညီကြပါသည်။

ထို့ကြောင့် Edexcel IGCSE ခေါ် IG သည် UK နိုင်ငံတွင်းစစ်သည့် GCSE စာမေးပွဲနှင့် အဆင့်တူ၍ အသိအမှတ်ပြုခံရမှုမှာလည်း လုံးဝ တူညီကြပါသည်ဟူ၍ တကမ္ဘာလုံးရှိ နာမည်ကြီး ကောလိပ် တက္ကသိုလ်များက အသိအမှတ်ပြုလက်ခံထားရှိကြပါသည်။ အင်္ဂလန်နိုင်ငံသား GCSE အောင်မြင်ထားသူနှင့် Edexcel IGCSE အောင်မြင်ထားသူ ၂-ဦးတို့၏ ကောလိပ် တက္ကသိုလ် ကျောင်းဝင်ခွင့်လျှောက်လွှာတို့ကို တူညီသော အခွင့်အရေးများအောက်တွင် ထားရှိစဉ်းစား လက်ခံ ရွေးချယ်လျက် ရှိနေကြပါသည်။

စာမေးပွဲအတွက် အချိန်ဘယ်လောက်ယူ သင်တန်းတက်ရမှာပါလဲ။

IGCSE ဆိုတာသည် အကြမ်းအားဖြင့် ၁၀-တန်း ပညာရေးပါပဲ၊ နိုင်ငံတကာ အသိအမှတ်ပြု ၁၀-တန်း ပညာရေးလို့ ဆိုခဲ့သလိုပါပဲ။ ၁၀-တန်းဖြေဖို့ ၉-တန်းနှင့် ၁၀-တန်း ပေါင်း ၂-နှစ်စာလေ့လာမှသာလျှင် ၁၀-တန်းစာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်ကြမှာဖြစ်ပါသည်။ ထို့အတူပင် IGCSE (GCE O Level ) စာမေးပွဲကို အဆင့်မြင့်မြင့် ဖြေဆိုအောင်မြင်နိုင်ကြရန်လည်း စာသင်နှစ် ၂-နှစ်ခန့် သေချာကြိုးစား တက်ရောက်သင်ကြားကာ ကြိုတင်ပြင်ဆင်ပြီးမှသာလျှင် ဝင်ရောက်ဖြေဆိုသင့်ကြသည်ဟု အကြံပြုလိုပါသည်။

Photos from Tr. Nyein Academy Service's post 20/11/2023

သားသားမီးမီးလေးတို့ Vocabulary ကြွယ်ဝဖို့ story လေးများဖြင့်လေ့လာပေးရန်လိုအပ်ပါသည်။

20/11/2023

Page အား like & follow လုပ်ပြီး English စာအား အခမဲ့လေ့လာကြပါစို့။

Telephone

Website