Zwam Zwam, Knowledge Sharing
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zwam Zwam, Knowledge Sharing, Education, .
Aurora Or Northern Light
science life team
Kyaw Soe Han (Ic)
ဥတ္တရအလင်း တန်းများမှာ ညဉ့် ကောင်းကင်ယံ တွင် တောက်ပစွာ ဖြာထွက်လျက်ရှိသော ရောင်စုံအလင်းတန်း များကို ခေါ်ဆိုခြင်ပင် ဖြစ်ပေသည်။ ၎င်း အလင်းတန်းများကို Aurora သို့မဟုတ် Northern light ဟူ၍လည် ခေါ်ဆိုလေ့ရှိသည် ။သို့သော်မြန်မာနိုင်ငံ၏ ညဉ့် ကောင်းကင် ယံတွင် ၎င်း အလင်းတန်းများကို မြင်တွေ့နိုင်မည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဥတ္တရ အလင်းတန်းများကို ကမ္ဘာ့ မြောက်ဝန်ရိုး စွန်းနှင့် တောင်ဝန်ရိုးစွန်းဒေသများတွင် သာ မြင့်တွေရလေ့ရှိသော် ကြောင့် ဖြစ်သည်။ဥတ္တရ အလင်းတန်းများသည် မှော်ပညာဖြင့် ဖန်တီးထားလေသလာ အောင်မေ့ ရအောင်လှပ လွန်းလှပေသည်။
ဥတ္တရအလင်းတန်း များမည် သည့်ကြောင့်ဖြစ်ပေါ်လာရသည်ကိုအကြမ်းဖြင်းအားဖြင့် လေ့လာကြည့်သော် Aurora or Northern light များဖြစ်ပေါ်လာရခြင်းမှာ နေမှ ထုတ်လွှင့် လိုက်သော် solar windခေါ်လျပ်စစ်ဓါတ်ဆောင် အမူန်လေများသည် ကမ္ဘာလေထုအတွင်း ရောက်ရှိလာပြီ လေထုထဲတွင်ရှိသေား ဓါတ်ငွေ့ မော်လီကျု လေးများနှင့်ပွတ်တိုက်မူ ကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပေသည်။ နေ၏ မျက်နှာပြင်အပူချိန်သည် ၅၈၀၀ k အထိ ပူပြင်းပြီ ၎င်းအပူချိန် သည(် ဓါတ်ငွေ့မော်လီကျု များအခြင်းခြင်း ပွတ်တိုက်မူ အကြိမ်ပေါင်းများစွာ ဖြစ်ပေါ်ကာ ပြင်းထန်သေား ပေါက်ကွဲမူ)ူ ဖြစ်စေရန် လုံလောက်သေား ပမာဏ ဖြစ်ပါသည်။
မိမိ ဝန်ရိုးပေါ်တွင်လည့်ပတ်နေသော နေမင်းကြီးသည် ပေါက်ကွဲမူဖြစ်ချိန်အတွင်း အီလက်ထရွှန် နင့် ပရိုတွန် အမူန်များသည် နေမှ လွင့်ကာ အာကာသအတွင်းသို့ လွင့်စင်သွားကြသည်။၎င်းဖြစ်စဉ်ကို solar wind ဟုခေါ်လေသည်။အဆိုပါနည်း လမ်းဖြင့် ကမ္ဘာ့လေထုထဲသို့ လျှပ်စစ်ဆောင်အမူန်လေးမျာ ရောက်ရှိလာခြင်ဖြစ်ပေသည်။ သို့သော်လည်း အားပြင်သော ကမ္ဘာ့ သံလိုက်စက်ကွင်း ကြောင့်လျှပ်စစ်ဆောင် အမူန်များသည် ကမ္ဘာ့ မျက်နှာပြင်အနှံအပြားကို ကျရောက်ခြင်းမရှိပဲ သံလိုက်စက်ကွင်းအားအပြင်းဆုံ့းဖြစ်သည့် ဝန်ရိုးစွန်းဒေသများ သို့ရောက်ရှိ လာပြီ ကမ္ဘာ့လေထုအတွင်းမှ ဓါတ်ငွေ့ မောလီကျု များနဲ့ လွှင့်စင်လာသော်လျှပ်စစ် အမူန်များပွတ်တိုက်မူကြောင့် Northern light or aurora ဟုခေါ်သော ဥတ္တရအလင်းတန်း များဖြစ်ပေါ်လာရခြင်းဖြစ်သည်။
Aurora အလင်းတန်းများကို အရောင်မျိုးစုံဖြင့်တွေ့မြင်နိုင်ပြီ အစိမ်းနုရောင် နှင့် ပန်းနုရောင်များကို အများဆုံးတွေ့ရလေသည်။ လျှပ်စစ်ဆောင်အမူန်များနဲ့ ပွတ်တိုက်သော ဓါတ်ငွေ့ မော်လီကျု အမျိုးအစားပေါ်မူတည်၍ ဥတ္တရာ အလင်းတန်းများကို အနီ အဝါ အပြာ အစိမ်းနှင့် ခရမ်းရောင် များကိုလဲ တွေ့ရှိရပေသည်။ ကမ္ဘာမြေပြင် အထက်မိုင် ၆၀ တွင်တည်ရှိသော အောက်စီဂျင် မော်လီကျုများ နင့် ပွတိတိုက်မူကြောင့် ဖြစ်လာသော စိမ်းဝါရောင်အလင်းတန်းများကိုအများ ဆုံးတွေ့ရပြီ ။အမြင့်ပေ ၂၀၀ဝန်းကျင်တွင်ရှိသော အောက်စီဂျင်မော်လီ ကျှူများ နှင့် ပွတ်တိုက်မူကြောင့်ဖြစ်ပေါ်လာသော အနီရောင်အလင်းတန်များကိုတော့တွေ့ရခဲးလှပေးသည်။ Nitrogen ဓါတ်ငွေ့ကတော့ အပြာနင့် ကြက်သွေးရောင် အလင်းတန်းများကိုဖြစ်ပေါ်စေသည်။
.
Jupiter also has Autoras just like the earth
အံသြော် ဖွယ်ကောင်း လောက်အောင်လှပသော မှော်ဆန်တဲ့ ဥတ္တရအလင်းတန်းများက ကျွန်တော်တို့ ကမ္ဘာ ပေါ်တွင်သာ ရှိတာမဟုတ်ပါဘူး။ 2016 ခုနှစ်မှာ နာမည်ကြီး Hubble Telescope ကနေထူခြားမူ တစ်ခုကို တွေ့ခဲ့ပါတယ်။ ဒါကတော့ Jupiter ဂြိုဟ် ရဲ့မြောက်ဘက်ဝန်ရိုးစွန်းမှာ အလွန်လှပဲတဲ့ အလင်းတန်းများ လူပ်ရှားမူ့ကို ဖမ်းယူရမိခဲ့ပါတယ်။ ထို့နောက် jupiter ရဲ့ဂြိုလ်ပတ်လမ်းမှာရှိတဲ့ ဂြိုလ့်လာရေယာဉ်လေး juno probe လေး ဂျုပီတာရဲ့ လေထုအတွင်းဖြတ်သန်းသွားတဲ့အချိန်မှာလဲ ထပ်မံလေ့လာနိုင်ခဲ့ပါတယ်။ ဂျုပီတာရဲ့ auroras တွေကိုတော့ နေမှလာတဲ့ စွမိးအင်မြင့်မားတဲ့ အမူန်(solar wind ) တွေနဲ့ မြောက်ဘက် မြောက်ဘက်သံလိုက်ဝန်ရိုးစွန်း အနားတစ်ဝိုက်မှာ ရှိတဲ့ လေထုထဲကို ဝင်ရောက်ပြီ လေထုအတွင်းမှာ ရှိတဲ့ gas တွေရဲ့ atom တွေနဲ့ ပွတ်တိုက်မိပီ ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ ၎င်း သံလိုက်စက်ကွင်းကလဲ ကမ္ဘာကဲ့ သို့နေမှ လာတဲ့ လျှပ်စစ်ဆောင်အမူန် စီကြောင်းများကို နှင်ထုတ် ဖို့ကျိုးစားနေကြပါတယ်။
Practical Chemistry
လက်တွေ့ ဓာတုဗေဒ
Episode 1
ဆားရည်မှ HCL အက်ဆစ် နှင့်
NaOH ဘေ့စ် ကို လျှပ်စစ်နည်းဖြင့် ထုတ်ယူနည်း
Gravitational waves ဒါတွေကို လွန်ခဲ့တဲ့ နှစ်၁၀၀လောက်တည်းက ရာစုနှစ်ရဲ့ အတော်ဆုံး သိပ္ပံ ပညာရှင်ကြီး အဲဘတ် အိုင်းစတိုင်းက တည်ရှိကြောင်း အတည်ပြုခဲ့ပီပါပီ
ဒြပ်ဆွဲအားလိူင်းဆိုတာ စကြာဝဠာ အတွင်း ကကြီးမားတဲ့ ပေါက်ကွဲမူတွေကနေ အချိန်ဟင်လင်းပြင်(Space time )ကို ရေလိူင်းသဏ္ဏန် ခုံးထ တွန့် လိန်စေပါတယ် .ဟင်လင်းပြင်အချိန်ကို လေးဘက်တိုင် 4 Dimension. လို့မှတ်ယူနိုင်ပါတယ် .အတိုကောက် 4 d ဆိုတာဟာ အလျား အမြောက် အနံ အမြငိ့ နှင့် အချိနိဆိုတဲ့ စတုတ္ထမြောက် Dimensionကိုပါ ထည့် သွင်းပြီ သတ်မှတ်နိုင်ပါတယ်
ဒြပ်ဆွဲအားလိူင်းတွေ ဆိုတာ လိူင်းသဘာဝ ရှိတဲ့ အတွက် ဖြစ်တည်ရာ အရင်းအမြစ်ကနေ. အစပြုပြီး အဆုံးမရှိ စကြာဝဠာ အနှံကို အလင်းအလျင် ဖြင့် ဖြန့်ကျက် ရောက်ရှိစေပါတယ်(ဥပမာ ရေကန် ထဲသို့ခဲလုံးပြစ်ချသကဲ့သို့) . ဒီလိူင်းတွေ ကများသော အားဖြင့် နူထရွှန်ကြယ်တွေ ပြတ်ဆီး မူ| တွင်းနက်ကြီးတွေ အချင်းချင်း တိုက်မိမူကနေပီတော့ အခြေခံ အားဖြင့်စတင်ဖြစ်ပေါပါတယ်
ဒီနေကာမှာ စကြာဝဠာ ဆိုတာ အချိန်Time နေရာspace ဒြပ်ထုmatter စွမ်းအင်energy. စတဲ့ စွမ်းအင်ကြီးလေး မျိုးနဲ့ဖွဲ့စီး ထားပါတယ် အကြမ်းအားဖြင့် ဆို matter and energy ပေါ့ .စွမ်းအင်နဲ့ ရုပ်က တစ်သဘေားထဲ ဆိုတဲ့ အတွက်
E^2= p^2 c^2+ m^2 c^4 ပါ
P ကအဟုန်ဖြစ်ပီ ရပ်နေတဲ့ အတွက် p=0ဖြစ်တဲ့ အချိန်မှာ ကမ္ဘာကျော် equation. E=mc^2. ကို ရရှိလာတာပါ
အိုင်စတိုင်းရဲ့ relatively အရ
အချိနိနေရာကွေးနနု်း = စွမ်းအင် ရုပ်ပမာဏ
စွမ်းအင်များလေ လေ အချိနိနေရာ ကွေးညွှန့်လေ ဖြစ်ပါတယ်
စွမ်းအင်မရှိတဲ့ နေရာ ဥပမာ vacuumမှာဆ ို အချိန်နေရာက ဖြောင့်နေမယ် ဒီမှာ တစ်ခုရှိတာက ဒီ equationအတိုင်းသာဆို စကြာဝဠာကြီးက လူပ်ရှားမူမရှိ ပဲ ငြမ်နေသလိုကြီး ဖြစ်နေမယ် ဒါကြောင့်နောက်ပိုင်းမှာ အိုင်းစတိုင်းက
အချိန်နေရာကွေးနုနုး + လန်ဗဒါ = စွမ်းအင် ရုပ်
ဆိုပီ equation ကိုပြောင်းလဲ လိုက်တယ်ပါ့ .အရင်က ဆိုအိုင်းစတိုင်းကိုတိုင် စကြာဝဠာကြီးက တည်ငြိမ်နေတယ်လို့ ထင်ခဲ့တယ် .equationကို ပြောင်းလဲ ပီတဲ့ အခါမှာတော့ စကြာဝဠာကြီးက တစ်ဖြည်းဖြည်း ကြီးလာတယ် ကျယ်ပြန့်လာတယ်လို့ လက်ခံလာကြတယ်. စကြာဝဠာကြီးက ကြီးလာတယ် ဆိုတော့ အရင်တုန်းကသေးလို့ပေါ့နော် ဟုတ်တယ် တော်တော်ကို သေးငယ်ခဲ့ပါတယ် Bigbangဆိုတဲ့ မဟာ ပေါက်ကွဲမူကြီးက အစပြုလို့ လို့ ယနေထိတိုင် သူ့ရဲ့ ကိန်းသေး ကျယ်ပြန့်နူန်း နဲ့ ကျယ်ပြန့်လာတာပါ
အဲ့မှာ စဉ်းစာစရာကပေါက်ကွဲမူကြီးဆိုတော့ ပေါက်ကွဲမူရှိရင် အပူလိုင်းဆ်ုတာရှိမှာပဲ အဲ့လိုပဲ ၎င်းပေါက်ကွဲမူကြီးကြောင့် အကူလိုင်းတွေ ထွက်လာခဲ့တယ် အဲ့အပူလိုင်းတွေ ကို မိုက်ခရိုဝေ့လိုင်းတွေ လို့ပြောင်းခေါ်ကြတယ် .အဲ့ဒီ လိူင်းတွေ ကို တွေ့ခြင်တယ် ဆိုရင် ခင်ဗျာတို့ ကျုပ်တို့ အိမ်က Tv တွေ ဘာလိုင်းမှမမိ တဲ့ အချိန် ပေါလာတဲ့ အစက်အပြောက်တွေ .အဲ့ အစက်အပြောက်တွေ က စကြာဝဠာစဖြစ်တည်ထဲ ကရှိခဲ့တယ် မခရိုဝေ့ လိူင်းတွေပါပဲ
ကျုပ် အပေါ်မှာပြေားခဲ့တဲ့ လန်ဗဒါဆိုတာ ခင်ဗျားတို့ကော ကျုပ်တို့ကောအခုချိန်ထိ ရေရေရာရာ မသိငေးတဲ့ dark energyလို့ခေါ်တဲ့ စွမ်းအင်မဲ ကိုရည်ညွှန်း တာပါ. စကြာဝဠာထဲမှာ စွမ်းအင် နက် DE ကဆိုရင် 70% ရုပ်မဲ့ Dark Matter က25% ကျန်5% ကတော့ ခင်ဗျားတို့ကျုပ်တို့ မြင်ရတဲ့ ဂြိုလ်တွေ နေတွေ ကြယ်တံခွန်တွေ ကွေဆာတေ်ွ စသည်တို့ဖြစ်ပါတယ်
ကဲပြေားခြင်တာကတော့ အများသားဗျ လက်တွေလဲညှောင်းနေပီ
နည်းနည်းဆက်ပြေားကအောင် Gravityဆိုတဲ့ ဆွဲအားပေါ့ဗျာ
နူတန် ရဲ့ ပန်းသီက ဘာ့ကြောင့် အောက်တည့်တည့်ကို ပြုပ်ကျရတာလဲ
ဆိုတော့ အောက်တည့်တည့်မှာဆွဲအားရှိလု့ပေါ့ဗျ ဒါဆိုအဲ့ ဆွဲအားက ဘယ်ကာလတာလဲပေါ့ ရှင်းပါတယ် အရာဝတ္တုမှန်သမျာဒြပ် ထုရှိတယ် ဒြပ်ထုရှိရင် space timeဆိုတဲ့ အလွှာကြီးထဲကို ကြုံ့ဝင်မယ်ပေါ့ ဒြပ်ထုများရင် များများကျုံဝင်မယ် ဒြပ်ထုနည်းရင်နည်းနည်း ကျုံဝင်မယ်ပေါ့
ဝါသနာရှင်လူငယ်များနင့် ဆရာကြီးများကို အစဉ်လေးစာလျက်
2017 ကပိုစ့်အဟောင်းသာ
ဓာတုဗေဒ မိတ်ဆက်
Calcium Carbide , CaC2
ကယ်လ်စီယမ် ကာဗိုက်
အလွယ်ခေါ်တာကတော့ " ကာဗိုက်တုံး"ပဲ
ဖြစ်ပါတယ်
ပါဝင်ဒြပ်ပစ္စည်း နှင့် ပုံစံ -
ကယ်လ်စီယမ်(ထုံးကျောက်) နှင့် ကာဗွန် (မီးသွေးဓာတ်)
ပေါင်းစပ်ထားသည့် ထုံးကျောက်အမာစားဖြစ်ပြီး အစိုင်အခဲပုံစံဖြင့် အများဆုံးတွေ့ရသည်
အသုံးဝင်မှု -
၁။ အောက်စီဂျင် နှင့် လောင်စာပေါင်းစပ်ကာ
အပူပေးအရည်ဖျော် ဂဟေဆော်နည်း (ဝါ) ကြေးဂဟေ
ဆော်ရာတွင်သုံးသည်
အက်စီတလင်း ( Acetylene) ဓာတ်ငွေ့ထုတ်ရာတွင် အဓိကပါဝင်ပစ္စည်းအနေဖြင့်လည်းသုံးသည်
၂။ လျှပ်စစ်မီး တွင်ကျယ်စွာ
အသုံးမပြုနိုင်သေးသောခေတ်က ရေနွေးငွေ့အင်ဂျင်
ဒီဇယ်အင်ဂျင်တပ်ထားသောကားများတွင် ရေစက်လေးများချကာ ထွက်လာသောဓာတ်ငွေ့ကိုမီးတောက်စေချင်းအားဖြင့် ရှေ့မီးအနေဖြင့် အလင်းရောင်ထွက်စေရန်သုံးသည်။
၃။ စတီး ထုတ်လုပ်သော နည်းစဥ်များတွင်
ဆာလ်ဖာ (ကန့်) ဓာတ်ဖယ်ထုတ်ခြင်းနှင့်
သံအရည်ကြိုသော ဖိုများတွင် လောင်စာအနေနှင့်ပါအသုံးပြုသည်
အလွယ်တကူရရှိနိုင်သော နေရာများ-
စက်မှုဇုံ ဝါ့ရှော့များစုရာ အနီးတဝိုက်ရှိ သံ နှင့် စက်ပစ္စည်းများရောင်းချသည့်အရောင်းဆိုင်များ
🌡️🌡️🌡️ ကာဗိုက်သည်ရေနှင့်လျှင်မြန်စွာဓာတ်ပြုပြီး
အလွယ်တကူ မီးလောင်ကျွမ်းသည့်ဓာတ်ငွေ့ထွက်သည်။
ရေနှင့်ဓာတ်ပြုရာတွင် အပူဓာတ်ပါပြင်းထန်စွာ
ထွက်သည့်အပြင် ထည့်ထားသောဘူးခွက်အတွင်းရှိလေ၏ထုထည်ကို ဖောင်းပွစေသည်။
Note- ကာဗိုက်ကျောက်တုံးသည် မာသည်။
ကာဗိုက်ကျောက်တွင်မှမဟုတ် ကာဗိုက်ဒြပ်ပေါင်းဂုဏ်သတ္တိရှိသည့် သတ္တုစပ် (ကာဗိုက်အလွှိုင်း)
များသည်သာ၍မာကျောသည်။
အဖြိုက်နက်နှင့်ကာဗိုက်ပါဝင်သည့် သတ္တုစပ်
(Tungsten Carbide) အသွားတပ်ဆင်ထားသော
ခုတ်သွားများ၊ဆောက်သွားများကို
မာကျောလှပါသည် ဆိုသော ခရုန်း(Chrome) နှင့်
တိုက်တေနီယမ် (Titanium) သတ္တုများကို
ခုတ်စားသည့် လွန်သွား၊ဆောက်သွားများတွင်
တွေ့ရနိုင်သည်
ကာဗိုက်တုံးများကိုခြောက်သွေ့သောစက္ကူဖြင့်
လေလုံအောင်ပတ်ကာ ရေငွေ့မဝင်ရောက်နိုင်သော
လုံခြုံသည့်ဘူးခွက်များတွင်သိုလှောင်သိမ်းဆည်းပါ
Video ဖော်ပြချက်-
ကာဗိုက်ခဲအသေးလေးများကို ရေဖြင့်ဓာတ်ပြုစေပြီး
အသံဗုံး(Sound Gr***de) ပြုလုပ်သည့်
စမ်းသပ်ချက်ဖြစ်သည်။
အဖုံးကိုလုံအောင် ကြပ်အောင်
လျှင်မြန်စွာပိတ်တတ်ရန်လိုပါသည်။
ဖန်ပုလင်းများတွင်ထည့်ပြီးစမ်းသပ်မှု
လုံးဝ (လုံးဝ) မလုပ်ပါ နှင့်
ပိုမိုသိရှိလိုပါက https://youtu.be/KQSLpuVZK9Y
တွင်လေ့လာပါ
စမ်းသပ်ချက်ရှိ ဓာတ်ပုံများကို
Comment ထဲတွင်ဝင်ကြည့်ပါ
Admin Punisher
ZwamZwam
ပြန် Run ပါပြီ
ပို့စ်တခုကို
တရက်နှုန်းနဲ့ ၃ ရက်တခါ
အနည်းဆုံးထားပြီး အတတ်နိုင်ဆုံး
မျှဝေ တင်ဆက်သွားမှာဖြစ်ပါတယ်
ကဲကဲ
ဗီဒိုယိုဘာညာရိုက်ပြီး Youtube နဲ့ Facebook မှာတင်နိုင်ဖို့ရာ
Tripod လေးထုတ်နေပါပြီ