Timothy C. Geoffrion/Faith, Hope, and Love Global Ministries
Our vision is "Better equipped, spiritually vitalized leaders, serving Christ in strategic positions
သမ္မာကျမ်းဆိုင်ရာအတွေးအမြင် - ရပ်တည်ပြောဆိုရမည်လော့၊ ဆိတ်ငြိမ်စွာနေရမည်လော့။
တစ်ခါတစ်ရံတွင် အချို့သောသူများ၏ တွေးခေါ်မှု၊ ပြောဆိုလုပ်ဆောင်မှုများသည် ကျွန်ုပ်အတွက်အင်မတန် စိတ်ပျက်စရာဖြစ်ရသည်။ သို့သော်မည်သို့တုန့်ပြန်ရမည်ကို ကျွန်ုပ်ကိုယ်တိုင်မသိပေ။ ပြန်လည်ပြောဆို ထောက်ပြရမည်လော့။ လစ်လျူရှုရမည်လော့။ ထောက်ပြလိုက်၍တစ်ဖက်က ပြန်လည်၍ပြဿနာရှာလာ လျှင် ကျွန်ုပ်ခံနိုင်မည်လော။ သခင်ယေရှု၏နောက်လိုက်ကောင်းတစ်ဦးဖြစ်ချင်သော်လည်း သခင်ကိုယ်တိုင်က ဘာကိုလုပ်ဆောင်စေချင်သည်ကို အတိအကျမသိနိုင်ပေ။ ထို့ကြောင့် လုပ်ပြီးမှနောင်တရမည့်အရာမျိုးကိုလည်း ကျွန်ုပ်မလုပ်လိုပေ။
အရင်ပတ် သောကြာနေ့က ရှာ့ထ်ကာသီဒြယ်တွင်ဆုတောင်းနေရင်း အတွေးအမြင်တစ်ခုရရှိခဲ့သည်။ ယေရှု ကိုယ်တော်တိုင်ပင်လျှင် အခြားသူများနှင့်အမြင်မတူသည့်အချိန်ရှိခဲ့သော်လည်း တုန့်ပြန်ပုံကတော့အမျိုးမျိုးရှိ ခဲ့သည်။ အချို့သောအချိန်တွင်သူထောက်ပြပြောဆိုခဲ့သည်၊ အချို့သောအချိန်တွင် ဆိတ်ငြိမ်စွာနေခဲ့သည်။ အချို့အချိန်များတွင် စကားလုံးဖြင့်တုန့်ပြန်ခဲ့၍ အချို့အချိန်တွင် လုပ်ဆောင်မှုဖြင့်တုန့်ပြန်ခဲ့သည်။ တုန့်ပြန်မှုတိုင်းတွင် ဉာဏ်ပညာရှိစွာဖြင့်ရဲရင့်စွာသူလုပ်ဆောင်ခဲ့ပြီး ခမည်းတော်ဘုရား၏အလိုတော်နှင့် သဘောတော်အတိုင်းသာလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
သမ္မာကျမ်းစာထဲမှာဖော်ပြချက်များကိုဆင်ခြင်ရင်း ဤသို့အတွေးအမြင်ရရှိခဲ့ပါသည်။
၁. သနားဂရုဏာသက်ရောက်သည့်အခါတွင် ယေရှုပြောဆိုထောက်ပြခဲ့သည်။ ဥပမာ- တစ်ခုသောဥပုသ်နေ့ တွင် လက်တစ်ဖက်သေသောသူကို ကုသပေးချင်သော်လည်း "ဥပုသ်နေ့တွင်အလုပ်မလုပ်ရ" ဟူသော ပညတ် ချက် ရှိနေသောအခါယေရှုမည်သို့လုပ်ခဲ့ပါသနည်း။ ယေရှုက "ဥပုသ်နေ့၌ကျေးဇူးပြုအပ်သလော၊သူ့အကျိုးကိုဖျက် ဆီးအပ်သလော၊ အသက်ကိုကယ်အပ်သလော၊သတ်အပ်သလော"ဟုမေးသောအခါ မည်သူမျှမဖြေဆိုသော ကြောင့် အမျက်တော်နှင့်သူတို့ကိုပတ်လည်ကြည့်ရှု၍ သူတို့စိတ်နှလုံးမိုက်သောကြောင့်ဝမ်းနည်းရလေ၏။ ထို့နောက် လက်တစ်ဖက်သေသူအား "သင်၏လက်ကိုဆန့်လော့ဟု" ဆိုသည့်အတိုင်း ထိုသူ၏လက်သည် ပကတိအကောင်းတိုင်းဖြစ်လေ၏(မာကု ၃း၄-၅)။ ကျွန်ုပ်တို့ဘေးနားရှိ (ခေါင်းဆောင်များ၊ မိသားစု၊ မိတ်ဆွေ) များက ဘုရားသခင်တန်ဖိုးထားသော တရားမျှတခြင်း၊ သနားခြင်းဂရုဏာ စသည်တို့ကိုမေ့လျော့၍ မပြောဘဲ နေသည့်အခါတွင် ကျွန်ုပ်တို့ထ၍ပြောဆိုပေးရန်လိုပါသည်။ (မိက္ခာ ၆း၈)
၂. အန္တရာယ်ရှိသောအချိန်၌ ယေရှုသည် စကားလုံးများကိုလိမ္မာပါးနပ်စွာရွေးချယ်အသုံးပြုခဲ့သည်။ တစ်ခါတွင် ရောမအစိုးရကို အခွန်ပေးသင့်သလော ဟူ၍အကျပ်ရိုက်မေးလာသည့်အခါတွင် ထိုသူတို့၏ ကောက်ကျစ်မှု ကိုသိမြင်သောကြောင့် ယေရှုသည်ပါးနပ်စွာဖြင့်ပြန်ပြောခဲ့သည်မှာ "ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင် အားဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား၊ ဘုရားသခင်အားဆက်ပေးကြလော့ဟု မိန့်တော်မူသည့် အတွက် သူတို့သည် အံ့သြခဲ့ကြရသည်။ (မာကု ၁၂း၁၇) ကျွန်ုပ်တို့အခက်တွေ့ရန် သူတစ်ပါး ကလုပ်ဆောင်သည့် အခါတွင် လိမ္မာပါးနပ်စွာဖြင့်တုန့်ပြန်တတ်ရန်လိုပါသည်။
၃. နောက်လိုက်တပည့်များလမ်းညွှန်မှုလိုအပ်သည့်အခါတွင်လည်း ယေရှုသွန်သင်ပြောဆိုပေးသည်။ (မဿဲ ၂၃း၂-၃) တွင် ကျမ်းပြုဆရာ၊ဖာရိရှဲတို့သည် မောရှေ၏ထိုင်ရာပလ္လင်ပေါ်မှာထိုင်၍စီရင်ထုံးဖွဲ့သောကြောင့် သူတို့ပြော သည့်အတိုင်းပြုကြလော့။ သို့သော် ထိုသူတို့သည်စီရင်ထုံးဖွဲ့သော်လည်းကိုယ်တိုင်မကျင့်ကြ သောကြောင့် ထိုသူတို့၏အကျင့်အတိုင်းမလုပ်ကြရန် ယေရှုကသတိပေး၍ဆုံးမခဲ့သည်။ တစ်ချို့သော အခြေအနေ၌ ကျွန်ုပ်တို့ထံမှလမ်းညွှန်မှုကိုစောင့်မျှော်နေသော (သားသမီးများ၊ တပည့်များ၊ မိတ်ဆွေများ၊ အသင်းသားများ) စသည်တို့အတွက် ကျွန်ုပ်တို့ထ၍ ပြောဆိုလမ်းညွှန်ပေးရန်လိုသည်။
၄. အချို့သောအခြေအနေ၌ ပြောဆိုနေရုံမျှဖြင့် ဘာအကျိုးမျှမထူးသည်ကို ယေရှုသိသောအခါ နှုတ်ဆိတ်နေ သည့်အခါမျိုးလည်းရှိသည်။ ဖမ်းဆီးခံရ၍ အမျိုးမျိုးသောစွပ်စွဲမှုများကြားတွင် ယေရှုသည် ဆိတ်ငြိမ်စွာနေ၍ ယဇ်ပုရောဟိတ်မင်း၏ ရှေ့၌လည်းတခွန်းတပါဒမျှ မပြောဆိုခဲ့ပေ။ (မာကု ၁၄း၆၀-၆၁) တစ်ချို့သော အခြေအနေ၌ အမှန်တရားကို မသိချင်သောသူတို့ရှေ့၌ နှုတ်ဆိတ်နေခြင်းက အကောင်းဆုံးပင်ဖြစ်သည်။
၅. ယေရှု၏တုန့်ပြန်မှုအများစုမှာ သူ၏လုပ်ဆောင်ချက်အားဖြင့်ပင်ဖြစ်သည်။ သူ့ကိုယ်သူဖော်ပြရာ၌ "လူသားသည် သူတစ်ပါးကိုစေစားခြင်းငှါမလာ၊ သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့် ၍လူများကိုရွေးခြင်းငှာလည်းကောင်း ကြွလာသတည်းဟု" မိန့်တော်မူခဲ့ပါသည် (မာကု ၁၀း၄၅)။ ပြောသည့် အတိုင်းပင် သူအသက်ရှင်လုပ်ဆောင်ခဲ့သည်။ တစ်ချို့သောအခြေအနေ၌ မတရားမှုကြီးစိုး၍ မှောင်မိုက် နေသည့်ဤလောကကြီး၌ အပြောထက်၊ အလုပ်က ပို၍စွမ်းပကားကြီးမားပါသည်။
ခက်ခဲကျပ်တည်းနေသည့် ဤသို့သောအချိန်၌ သင်၏ပြောဆိုလုပ်ဆောင်မှုများကို ဂရုတစိုက်ရွေးချယ်တတ် ရန်လိုအပ်ပါသည်။ ယခုအချိန်၌ ရပ်တည်၍ပြောဆိုရမည်လော၊ ဆိတ်ဆိတ်နေရမည်လော ဟူ၍ရွေးချယ်ရ ခက်နေသည့်အခါတွင် ယေရှု၏ဥပမာများကို ဆင်ခြင်ကြည့်ပါ။ သင်၏အခြေအနေနှင့်ချိန်ထိုး၍ လိမ္မာပါးနပ်စွာ ရွေးချယ်တတ်စေပါ။ အဖြေကိုရှင်းရှင်းမသိရသည့်အခါတွင် အချိန်ယူပါ၊ ဆုတောင်း၍ လိုအပ်ချိန်၌ ဘုရားသခင် အမှန်ပင်လမ်းပြပေးမည်ကို ယုံကြည်ထားဖို့ရန်ဖြစ်သည်။
ဘုရားသခင်ထံမှ ဉာဏ်ပညာ၊ သတ္တိနှင့်ခွန်အားများ ရရှိနိုင်ကြပါစေ...
ခရစ်တော်၏ချစ်ခြင်းမေတ္တာဖြင့်
ဦးထင်ကျော် @ Dr. Tim
သိက္ခာတော်ရဒေါက်တာ Timothy C. Geoffrion သည်ခရစ်ယာန်အမှုတော်ဆောင်တစ်ဦးဖြစ်၍ ဓမ္မသစ်ကျမ်းဆိုင်ရာ ဧည့်ပါမောက္ခအဖြစ် ရန်ကုန်မြို့တွင် ၂၀၀၇ ခုနှစ်ကတည်းက အစေခံသင်ကြား ပေးနေသူဖြစ်သည်။
ဓာတ်ပုံ - ရှာ့ထ်ကာသီဒြယ်၏ ပြတင်းပေါက်တွင်ရေးဆွဲထားသည့် ဘုရားသခင်၏အခွင့်တော်အတိုင်း တရားပလ္လင်ပေါ်တွင်ယေရှုတရားစီရင်နေသည့်ပုံဖြစ်သည်။(၂တိ ၄း၁) သူ၏တရားစီရင်ခြင်းမှာလည်း ကားတိုင်ပေါ်တွင် အသေခံပြီး ထိုအရာကိုယုံကြည်သောသူတို့အားကယ်တင်မှုပေးခြင်းပင်ဖြစ်သည်။
Biblical Reflections (in Burmese) These Biblical reflections were originally posted on Facebook, starting in February of 2021. Tim continues to post these reflections for the people of Myanmar and others around the world who are fa…
သမ္မာကျမ်းဆိုင်ရာအတွေးအမြင်
ဆုံးရှုံးမှုများကြောင့် ကျွန်ုပ်တို့ဝမ်းနည်းပူဆွေးခြင်း
ဗာဗုလုန်မြစ်တို့အနားမှာ ငါတို့သည်ထိုင်၍၊ဇိအုန်မြို့ကိုအောက်မေ့လျက်ငိုကြွေးကြ၏။ ဖျက်ဆီးတတ်သော ဗာဗုလုန်မင်းသမီး၊ သင်သည်ငါတို့၌ပြုသည်အတိုင်း သင်၌အပြစ်ကိုဆပ်ပေးသောသူသည် မင်္ဂလာရှိ၏။သင်၏ သူငယ်တို့ကိုကိုင်ယူ၍ ကျောက်ပေါ်မှာဆောင့်သောသူသည် မင်္ဂလာရှိ၏။ (ဆာလံကျမ်း ၁၃၇း၁,၈-၉)
ဆုံးရှုံးမှုများက များလွန်းလှသည်... ကျွန်ုပ်တို့ထံ၌ မျက်ရည်မှလွဲ၍ ဘာမှမကျန်တော့ပေ။ တစ်ခါတစ်ရံ ဒေါသများ သာကျန်တော့သည်။
လွန်ခဲ့သည့်အပတ်က သင်းအုပ်ဆရာ အဖြစ်အမှုတော်ဆောင်နေသည့် ကျွန်ုပ်တပည့်ဟောင်းတစ်ဦး၏ ရွာသည် ဗုံးဒဏ်ကြောင့် မီးလောင်ကာနေအိမ် ၂၀၀ ခန့်ပြာကျသွားခဲ့ရသည်။ လူအချို့သေ၍ များစွာထိခိုက်ဒဏ်ရာ ရရှိ သွားကြသည်။ ပိုင်ဆိုင်မှုများ ခနခြင်းတွင်လေထဲပျောက်လွင့်သွားခဲ့သည်။ စည်ကားခဲ့သောရွာကြီးမှာ ယခုခြောက်ကပ်ခဲ့ရပြီဖြစ်သည်။ ယခုချိန်တွင် သန်းနဲ့ချီသောမြန်မာပြည်သားများသည် နေအိမ်ကိုစွန့်ခွာလျက် ထွက်ပြေးတိမ်းရှောင်နေကြရသည်။ မည်သို့ဆက်ပြီးအသက်ရှင်သန်ကြမည်နည်း။ စိတ်ဓာတ်ပိုင်းအရသော်၎င်း၊ ဝိညာဉ်ရေးပိုင်းအရသော်၎င်း မည်သို့ဆက်လက်ရှင်သန်ရပ်တည်ကြမည်နည်း။
ဘီစီ ၆ရာစုတွင် ဗာဗုလုန်ပြည်သို့ ဖမ်းဆီးကျွန်ပြုခံခဲ့ရသော ဣသရေလလူမျိုးများသည်လည်း ထိုအချိန်က မိမိတို့ ၏စိတ်ထဲတွင်ဤသို့သောမေးခွန်းများဖြင့်ပြည့်နှက်နေမည်သာ။ ရန်သူကအနိုင်ယူ၍ မိမိချစ်သောတိုင်းပြည်၊မြို့ရွာ များကိုစွန့်ခွာလျက်၊ ရှိသမျှဆုံးရှုံးကာ တိုင်းတပါးသို့ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည်။ အနာဂတ်မရှိ၊ မျှော်လင့်ချက် မရှိဖြစ်ခဲ့ရသည်။
နာမည်ကျော်စိတ်ပညာရှင် Elisabeth Kübler-Ross က ဆုံးရှုံးမှုကိုခံစားရသည့်အခါ လူသားတိုင်းသည် လက်မခံနိုင်ခြင်း၊ ဒေါသထွက်ခြင်း၊ စောဒကတက်ခြင်း၊ စိတ်ဖိစီးခြင်း၊ လက်မှိုင်ချလက်သင့်ခံခြင်း ဟူသော စိတ်ပိုင်းဆိုင်ရာအဆင့် ၅ဆင့် ကိုဖြတ်ကျော်ရသည်ဟူ၍ဖော်ထုတ်ခဲ့သည်။ ဤအဆင့် ၅ဆင့်ကို အစဉ်လိုက် မဟုတ်ဘဲ အမျိုးမျိုးပြောင်းလဲခံစားရတတ်သည်။ ဘဝတွင်ကြီးမားသော ဆုံးရှုံးမှုများကြုံတွေ့ရသည့်အခါတွင် ဤသို့ဖြစ်တတ်သည်မှာ ဓမ္မတာပင်ဖြစ်သည်။
ထိုခေတ်က ဣသရေလတို့သည် မည်သည့်အဆင့်စိတ်ခံစားမှု၌ရှိခဲ့သည်ကို ကျွန်ုပ်မသိသော်လည်း ဆာလံ ၁၃၇ တွင်ဖော်ပြထားချက်အရ သူတို့သည်ပြင်းထန်သောနာကျင်မှုအဆင့်ကိုခံစားနေကြရသည်။ မြစ်နားမှာထိုင်၍ ငိုကြွေးရင်းသာ နေကြသည် (အပိုဒ်ငယ် ၁)။ ထို့နောက် ဒေါသထွက်လာကြသည်။ လွန်စွာဒေါသထွက်ခဲ့ကြသည်။ သူတို့ကိုနှိပ်စက်နေသောဗာဗုလုန်သားတို့ လွန်စွာရက်စက်ကြမ်းကြုတ်သောနည်းဖြင့် ပြန်၍ခံစားကြစေရန် ဣသရေလတို့ ဆန္ဒပြုနေလျက်ရှိသည် (အပိုဒ်ငယ် ၈-၉)။ ကျွန်ုပ်လည်း တစ်ခါတစ်ရံ ဤသို့သောစိတ်ခံစားမှု မျိုးဖြစ်လာသည်။
ဤသို့ဒေါသထွက်ကျိန်ဆဲနေယုံမျှဖြင့် ပူဆွေးမှုလျော့ကျသွားမည်မဟုတ်ပေ။ ဒါကိုကျွန်ုပ်လည်းသိပါသည်။ ဤသို့ ဒေါသထွက်ပြီးသည့်နောက် "စောဒကတက်ခြင်း" "စိတ်ဖိစီးခြင်း" နောက်ဆုံး "လက်မှိုင်ချလက်သင့်ခံခြင်း" ဟူ သောအဆင့်များလည်း အဆင့်ဆင့်ကြုံတွေ့လာရမည်ဖြစ်သည်။ ဘုရားသခင်ကိုသိ၍ ဘုရား၏ချစ်ခြင်းမေတ္တာကို သိရှိခံစားရသောသူတို့သည် မျက်ရည်၊ဒေါသများဖြင့် အမြဲရှိနေမည်မဟုတ်ပေ။ မျှော်လင့်ခြင်းရှိ၍ သာ၍ငြိမ်းချမ်း သောအဆင့်သို့ရောက်ရှိမည်အမှန်ဖြစ်သည်။ သို့သော်ထိုအဆင့်သို့မရောက်ခင် အချိန်ယူရမည်... ဆုတောင်းခြင်း ပါရှိရမည်ဖြစ်သည်။
ယခုလို နာကျင်မှု၊ဆုံးရှုံးမှုပြင်းထန်သောအချိန်၌ သင်မည်သို့ဖြတ်သန်းအသက်ရှင်နေပါသနည်း။ အထက်တွင် ဖော်ပြခဲ့သောစိတ်အခြေအနေအဆင့် မည်သို့ပင်ရှိနေပါစေ... သင်ခံစားနေရသည့်အရာ၊ အရှိကိုအရှိတိုင်းခံစားပါ။ မျက်ရည်ကျပါ။ စိတ်ထဲပေါ်လာသည့်အတိုင်းသိရှိခံစားပါ။ သို့သော် သာ၍ကောင်းသောတစ်နေ့ရောက်လာမည်ကို ယုံကြည်ထားပါ။ ဆိုးယုတ်မှုများက ဤကဲ့သို့အမြဲတစေရှိနေမည်မဟုတ်ပါ။ သင်ဖြတ်ကျော်ရှင်သန်နိုင်ပါသည်။
သင်တစ်ယောက်တည်းရှိနေသည်မဟုတ်ပါ။ သခင်ယေရှုပြောခဲ့သည့် "ငါသည်လည်းကပ်ကမ္ဘာကုန်သည် တိုင်အောင် သင်တို့နှင့်အတူအစဉ်မပြတ်ရှိသည်" ဟူသောစကားကိုသတိရပါ။ (ရှင်မဿဲခရစ်ဝင်ကျမ်း ၂၈း၂၀)
ခရစ်တော်၏ချစ်ခြင်းမေတ္တာဖြင့်
ဦိးထင်ကျော် @ Dr. Tim
သိက္ခာတော်ရဒေါက်တာ Timothy C. Geoffrion သည်ခရစ်ယာန်အမှုတော်ဆောင်တစ်ဦးဖြစ်၍ ဓမ္မသစ်ကျမ်းဆိုင်ရာ ဧည့်ပါမောက္ခအဖြစ် ရန်ကုန်မြို့တွင် ၂၀၀၇ ခုနှစ်ကတည်းက အစေခံသင်ကြား ပေးနေသူဖြစ်သည်။
Biblical Reflections (in Burmese) These Biblical reflections were originally posted on Facebook, starting in February of 2021. Tim continues to post these reflections for the people of Myanmar and others around the world who are fa…
The passage from Psalm 137 describes intense emotions of grief and rage in the face of loss and tragedy. Referencing the horrible suffering and destruction in Myanmar today, the author reflects on the stages of grief and offers insight on coping strategies. Encouraging acknowledgment of pain while emphasizing the eventual return of hope and purpose, the author finds solace in the assurance of divine presence and guidance. This blog post acknowledges the complexities of human emotions and offers a message of hope and resilience in the face of adversity from a Christian perspective....
Grieving Our Losses The passage from Psalm 137 describes intense emotions of grief and rage in the face of loss and tragedy. Referencing the horrible suffering and destruction in Myanmar today, the author reflects on …
How do you discern God's will for your life? In this second set of lectures for MIT Doctor of MInistry students, I address various aspects of this very important subject for individuals and for leaders in the first two lectures (sessions 4-5 in this three day series). In the third lecture of this second day (session 6), I share my personal story of when I almost lost my faith in God and what I learned about how to trust God even amid unanswered questions.
Grace and peace,
Dr. Tim
Day 2's topics
Session 4 Aligning oneself with the purposes of God
Session 5 Spiritual discernment
Session 6 Trusting in God
You can find all the lectures and sessions on my YouTube Channel, TimGeoffrion.
သမ္မာကျမ်းဆိုင်ရာအတွေးအမြင်
ကျွန်ုပ်တို့အတွက်ယေရှုအသေခံခြင်းဆိုသည်မှာ ယခုကာလ၌မည်သို့အဓိပ္ပာယ်ရှိပါသနည်း။
ကျမ်းစာထဲရှိသမိုင်းကြောင်းဖော်ပြချက်များတွင် လူများမတရားခံရခြင်း၊ စစ်ပွဲ၌သေဆုံးထိခိုက်ခြင်း၊ မသေသင့်ဘဲနှင့်စောစီးစွာသေဆုံးရခြင်း အစရှိသည့် ဇာတ်ကြောင်းများဖြင့်ပြည့်နှက်လျက်ရှိသည်။ ယေရှုကိုယ်တိုင်လည်း ဤသို့သောအရာများနှင့်ကြုံတွေ့ခဲ့ရသည်။ အုပ်စိုးသူများကို အမှန်တရားအတိုင်း ရင်ဆိုင်ပြောဆိုခဲ့သည့်အတွက် ယေရှုသည်ရိုက်နှက်ခံရခြင်း၊ နှိပ်စက်ခံရခြင်း၊ အသေသတ်ခံရသည် အထိကြုံတွေ့ခဲ့ပါသည်။ သစ်တိုင်ပေါ်တွင် သံမှိုဖြင့်စွဲထားလျက် သူ၏မိခင်နှင့်ချစ်ခင်ရသူများ၏ရှေ့မှောက် တွင် အသေသတ်ခံခဲ့ရသည်။
ယေရှု၏ဇာတ်လမ်းကိုသင်သိသည်။ သို့သော် ယနေ့ခေတ်ကာလနှင့်မည်သို့သက်ဆိုင်ပါသနည်း။
ဘုရားသခင်သည် ယေရှု၏အသက်တာ၊ အသေခံခြင်းအားဖြင့် မိမိ၏ဖြစ်တည်ခြင်းကိုဤလောကသို့ ဖော်ပြခဲ့သည်ဟု ကျမ်းစာကသွန်သင်ထားပါသည်။ "နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်း ကောင်းပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည် ဖြစ်၍ ခမည်းတော်၌တစ်ပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့သူ၏ဘုန်းတော်ကိုငါတို့သည်မြင်ရကြပြီ" ဟူ၍တမန်တော်ယောဟန်ကရေးသားခဲ့သည်။ (ယောဟန် ၁း၁၄)
ယေရှုကို လူကောင်းတစ်ယောက်၊ ဆရာတစ်ပါး၊ ကြင်နာတတ်သောသမားတော်၊ ဖိနှိပ်ခံသူတို့အတွက်ရပ် တည်ပေးသူ၊ အပယ်ခံသူတို့၏မိတ်ဆွေအဖြစ် ထိုခေတ်ကလူတို့ သိမှတ်ထားကြသည်။ ယေရှုကိုယ်တိုင် ဆင်းရဲစွာမွေးဖွားလာခဲ့ပြီး သူ့တစ်ဘဝလုံးတွင်လည်း အဖိနှိပ်ခံသူတို့နှင့် တစ်သားတည်းရပ်တည်ကာရှင်သန်ခဲ့ သူဖြစ်သည်။
ဤမျှလောက်နှင့်မပြီးသေးပါ။
ယေရှု၏အသက်တာနှင့် အသေခံခြင်းအားဖြင့် ကျွန်ုပ်တို့လူသားများကို ဘုရားသခင်က "သင်တို့၏ဒုက္ခကို ငါသိမြင်၏။ ငါဂရုပြုသည်။ ထို့ကြောင့်ကူညီပေးမည်"ဟုပြောနေသည့်အတိုင်းပင်ဖြစ်သည်။ ဤအဓိပ္ပာယ်ကို ပေါ်လွင်ရန် "ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှါ ဘုရားသခင်သည်မိမိ၌တစ်ပါးတည်းသော သားတော်ကိုစွန့်တော်မူ သည်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏" ဟုရှင်ယောဟန်က ရေးသားခဲ့သည်။
ယေရှုရှင်ပြန်ထမြောက်ပြီးမှသာ သူသည်ဘုရားသားဖြစ်သည်၊ သူ့အားဖြင့်ဘုရားက လူသားတို့ကိုကယ်တင် ခြင်းဖြစ်သည်ဟူသောအရာကို ကျွန်ုပ်တို့အပြည့်အဝနားလည်ခဲ့ရခြင်းဖြစ်သည်။ ယေရှုအသေခံခြင်းကို ကြည့်ပြီး ဘုရားသခင်၏မေတ္တာကိုသိလာရသည်။ထို့အပြင် ယုံကြည်သူများကိုယေရှုနှင့်နီးစပ်စေလိုကြောင်း ဘုရားသခင်အလိုရှိသည်ကို ကျွန်ုပ်တို့နားလည်ရသည်။ ယေရှုအားဖြင့်ဘုရားသခင်ကိုသိမြင်သောသူ၊ ယေရှုကို ကယ်တင်ရှင်အဖြစ်လက်ခံယုံကြည်သောသူတို့အတွက် ဘုရားရှင်ပြင်ဆင်ထားသည်မှာ အပြစ်လွှတ်ခြင်းနှင့် ထာဝရအသက်ဖြစ်သည်။
ယခုချိန်တွင် မသေချာမှု၊ကြောက်ရွံ့မှုများနှင့် သင်တို့ရင်ဆိုင်နေရသည်ကို ကျွန်ုပ်သိပါသည်။ စိတ်ပူပန်၍စိတ် ပျက်နေမည်ကိုလည်း ကျွန်ုပ်သိသည်။ တတ်နိုင်သမျှကူညီရန်ဆန္ဒရှိသော်လည်း အဖြေမရှိ၊ အနာဂတ်ကိုမသိ ဖြစ်နေပါသည်။ သို့သော် ယေရှုထံမျှော်ကြည့်ရန် ကျွန်ုပ်လမ်းညွှန်ပေးနိုင်ပါသည်။ ထိုယေရှုသည် ဘုရားသား၊ စစ်မှန်၍ကျေးဇူးတရားနှင့်ပြည့်နှက်သည်၊ ဆင်းရဲသားအဖိနှိပ်ခံသူတို့ဖက်မှရပ်တည်ပေးသူဖြစ်သည်၊ သူကိုယ် တိုင်မတရားမှုကို ခံယူ၍အသေခံခဲ့သည်။ သို့သော် ဘုရား၏ဖြစ်တည်မှုနှင့် ဘုရား၏မေတ္တာကို စစ်မှန်စွာ ယေရှု ပြသခဲ့သည်။ ထာဝရကယ်တင်ခြင်းရရှိရန် ဘုရားပြင်ဆင်ပေးသော စစ်မှန်သည့်အရာမှာ ယေရှုတစ်ပါး တည်းသာဖြစ်သည်။
"ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင် သည် ငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အားထင်ရှားစွာပြတော်မူ၏" (ရောမသြဝါဒစာ ၅း၈)
ခရစ်တော်၏ချစ်ခြင်းမေတ္တာအားဖြင့်
ဦးထင်ကျော် @ Dr. Tim
သိက္ခာတော်ရဒေါက်တာ Timothy C. Geoffrion သည်ခရစ်ယာန်အမှုတော်ဆောင်တစ်ဦးဖြစ်၍ ဓမ္မသစ်ကျမ်းဆိုင်ရာ ဧည့်ပါမောက္ခအဖြစ် ရန်ကုန်မြို့တွင် ၂၀၀၇ ခုနှစ်ကတည်းက အစေခံသင်ကြား ပေးနေသူဖြစ်သည်။
Biblical Reflections (in Burmese) These Biblical reflections were originally posted on Facebook, starting in February of 2021. Tim continues to post these reflections for the people of Myanmar and others around the world who are fa…
သမ္မာကျမ်းဆိုင်ရာအတွေးအမြင်
သခင့်ထံ၌ရပ်တည်ကိုးစားရန်မေ့မသွားပါနှင့်
ဂါလိလဲအိုင်၌လှိုင်းတံပိုးပြင်းစွာထ၍လှေကိုလွှမ်းသည့်အခါ တပည့်တော်များသည်လွန်စွာကြောက်လန့် နေကြလေ၏။ ထိုအချိန်တွင် ယေရှုသည်အိပ်စက်၍နေသည်။ ကယ်တင်ဖို့ရန်ယေရှု မတတ်စွမ်းတော့ပြီ လော့။ တပည့်တော်များ၏အသက်များပျက်စီးမည်ကို ယေရှုဂရုမပြုတော့ပြီလော့။ ဤသို့သောအချိန်၌ ယေရှုကိုနိုး၍ "သခင်၊အကျွန်ုပ်တို့သည်ပျက်စီးခြင်းသို့ရောက်ပါ၏...ကယ်မတော်မူပါ" ဟုအော်ဟစ်ကြ လေ၏။ သို့သော်ယေရှု၏အမြင်တွင် ဤမျှစိုးထိန့်စရာမလိုပေ။ မုန်တိုင်းထန်၍လှိုင်းကြမ်းသော်လည်း ဘုရားအခွင့်မပေးပါက စိုးရိမ်စရာမရှိ၊ ဘာမျှဖြစ်မည်မဟုတ်ပေ။ ထိုကြောင့်တပည့်တော်တို့အား "ယုံကြည်အားနည်းသောသူတို့အဘယ်ကြောင့်ကြောက်တတ်သနည်းဟုမေးပြီးလျှင် ထ၍လေနှင့်ပင်လယ် ကိုဆုံးမတော်မူသဖြင့် အလွန်သာယာလေ၏... ထိုလူတို့ကလည်း ဤသူကားအဘယ်သို့သောသူနည်း။ လေနှင့် ပင်လယ်သည်သူ၏စကားကိုနားထောင်ပါသည်တကားဟု အံ့သြကြ၏" (ရှင်မဿဲခရစ်ဝင်ကျမ်း ၈း၂၃-၂၇)
တပည့်တော်များအပြစ်တင်ခံရခြင်းမှာ ယေရှုကိုနှိုးခဲ့ခြင်းကြောင့်မဟုတ်သလို၊ မိမိတို့အပေါ်ကျရောက် လာမည့် ဘေးကိုဂရုမပြုရန်လည်းမဟုတ်ပေ။ ဘုရားကိုယုံကြည်ကိုးစားခြင်းကြောင့် ဘယ်သောအခါမျှ ဒုက္ခရောက်မည်မဟုတ် ဟူ၍လည်းမဟုတ်ပေ။ ထိုသူတို့ကို ယေရှုအပြစ်တင်ခြင်းမှာ ခက်ခဲသောအချိန်၌ ထိုသူတို့ မငြိမ်မသက်ဖြစ်၍ယုံမှားနေခြင်းကြောင့်ဖြစ်သည်။ တပည့်တော်တို့သည် အကြောက်တရားကို လွှမ်းမိုးခွင့်ပေးလျက်၊ မုန်တိုင်းကြားတွင်ဘုရားကို ယုံကြည်ကိုးစားနိုင်ခြင်း၊ ယေရှုနှင့်တစ်လှေတည်းစီးနေ လျက်ပင် ယုံကြည်ခြင်းနည်းပါးသောကြောင့် အပြစ်တင်ခံရခြင်းဖြစ်သည်။
သင့်အနေဖြင့် ဤသို့သော ပြဿနာခြိမ်းခြောက်မှုများကို မည်သို့တုံ့ပြန်နေပါသနည်း။ လှိုင်းလုံးကြီးများ၊ မုန်တိုင်းနှင့်အန္တရာယ်ကိုမြင်တွေ့ရသောအခါ ယေရှု၏တပည့်တော်များနည်းတူ ကျွန်ုပ်တို့သည်လည်း ကြောက်ရွံ့နေမည်ဖြစ်သည်။ ထိုသို့သောအခြေအနေ၌ ယေရှုအိပ်ပျော်နေသည်၊ ဘုရားသခင်က ဂရုမပြုဘဲ ရှိနေသည်ဟူ၍ ကျွန်ုပ်တို့တွေးကောင်း တွေးနေမိမည်။ ထိုသို့မဟုတ်ပါ။ ဘုရားရှင်က ဂရုမပြုခြင်းမဟုတ်ပါ။ ယေရှုအိပ်ပျော်နေခြင်းမဟုတ်ပါ။
ကြုံတွေ့နေရသောပြဿနာအပေါ်တစ်စုံတစ်ခု တုံ့ပြန်ပြုမူနိုင်ပါက လုပ်ဆောင်လိုက်ပါ။ ထိုထက်အရေးကြီး သည်မှာ ယုံကြည်ခြင်း၌ရပ်တည်ဖို့ရန်ဖြစ်လာပါက ထိုဆုံးဖြတ်ချက်ကိုဦးစားပေးရွေးချယ်လိုက်ပါ မိတ်ဆွေ။ ယုံကြည်ခြင်း၌ မရပ်တည်ပါက မုန်တိုင်းကြောင့်မငြိမ်မသက်ဖြစ်လာ၍ သင်၏ဘဝပို၍ခက်ခဲကြပ်တည်းလာ နိုင်သည် ။ ထိုသို့ဖြစ်လာပါက ပိုဆိုးလာ၍အဖြေကို သင်မည်သို့ရှာဖွေနိုင်တော့မည်နည်း။
ထိုင်းနိုင်ငံဒုက္ခသည်စခန်းများတွင်ရှိသော ယုံကြည်သူများနှင့်တွေ့ဆုံရသည်ဖြစ်စေ၊ မြန်မာပြည်ရှိ ယုံကြည်သူများနှင့်ဖြစ်စေ... သူတို့နှင့်တွေ့ဆုံတိုင်း ကျွန်ုပ်ခွန်အားရသည်မှာ ခက်ခဲမှုပြဿနာများမည်မျှပင် ရှိနေပါစေ ယုံကြည်ခြင်းအပေါ်၌ရပ်တည်နေခြင်းပင်ဖြစ်သည်။ ဝတ်ပြုကိုးကွယ်ခြင်း၊ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ တရားဒေသနာခံယူခြင်း၊ သီဆိုချီးမွမ်းခြင်း၊ အတူတကွမိသဟာရဖွဲ့ခြင်း၊ အချင်းချင်း ကူညီကြခြင်း စသောလုပ်ဆောင်မှုများကို အမြဲပြုလုပ်လေ့ရှိသည်။ ဤနည်းအားဖြင့် မိမိတို့၏ အသက်တာ၊ ဘဝကို ယုံကြည်ခြင်းအပေါ်၌တည်ဆောက်ကြသည်။ ပတ်ဝန်းကျင်၌ မည်မျှပင်ခက်ခဲနေပါစေ... ဤနည်းအားဖြင့် ငြိမ်သက်ခြင်း၊ ခွန်အားနှင့်သတ္တိကို ရရှိနိုင်ကြခြင်းဖြစ်သည်။
ဆာလံဆရာရေးသားသည့်အတိုင်း "အကယ်စင်စစ် ငါ့ဝိညာဉ်သည်ဘုရားသခင်ရှေ့မှာငြိမ်ဝပ်စွာနေတတ်၏။ ငါမျှော်လင့်ခြင်းအကြောင်းသည် အထံတော်ကသက်ရောက်ရ၏။ အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကိုကယ်တင်ခြင်း အကြောင်း၊ ငါခိုလှုံရာဖြစ်တော်မူ၍ငါသည်လှုပ်ရှားခြင်းမရှိရာ။" (ဆာလံကျမ်း ၆၂း၅-၆)
ခရစ်တော်၏မေတ္တာဖြင့်
ဦးထင်ကျော် @ Dr. Tim
ဓာတ်ပုံများ - ထိုင်းနိုင်ငံသို့ ၂လတာ အမှုတော်မြတ်လုပ်ဆောင်ခြင်း၌ အတူတကွဝတ်ပြုခြင်း၊ သင်ကြားခြင်း၊ မိသဟာရပြုခြင်းတို့၌ ရိုက်ကူးခဲ့သောအမှတ်တရဓာတ်ပုံအချို့ဖြစ်သည်။
သိက္ခာတော်ရဒေါက်တာ Timothy C. Geoffrion သည်ခရစ်ယာန်အမှုတော်ဆောင်တစ်ဦးဖြစ်၍ ဓမ္မသစ်ကျမ်းဆိုင်ရာ ဧည့်ပါမောက္ခအဖြစ် ရန်ကုန်မြို့တွင် ၂၀၀၇ ခုနှစ်ကတည်းက အစေခံသင်ကြား ပေးနေသူဖြစ်သည်။
Biblical Reflections (in Burmese) These Biblical reflections were originally posted on Facebook, starting in February of 2021. Tim continues to post these reflections for the people of Myanmar and others around the world who are fa…
"ရပ်၊ကြည့်၊နားထောင် - ကျပ်တည်းချိန်တွင် ကောင်းမွန်မှန်ကန်သောဆုံးဖြတ်ချက်ချနိုင်ခြင်း"
မြန်မာပြည်တွင်အခြေအနေများက ခက်ခဲလာနေသည်။ ပို၍ခက်ခဲပြီးကြောက်စရာ ကောင်းလာနေပါ သည်။ သင်ဘာလုပ်ရမည်နည်း။
ဆုံးဖြတ်ချက်ကောင်းတစ်ခုချမှတ်ဖို့ရန် သာမှန်အချိန်၌ပင်လျှင်ခက်ခဲတတ်သည်၊ အကျပ်အတည်းကာလ ထဲတွင် မှန်ကန်သောဆုံးဖြတ်ချက်တစ်ခုချမှတ်ဖို့ရန် ပို၍ခက်ခဲနိုင်ပါသည်။ ခက်ခဲချိန်၊ကြောက်ရွံ့ တုန်လှုပ်ချိန်မျိုးတွင် ဦးနှောက်ကဘာမှမစဉ်းစားတတ်ဘဲရှိနေတတ်သည်။ ထိုအချိန်မျိုးတွင် လူသားတို့သည် ပင်ကိုယ်သဘာဝအားဖြင့် ရင်ဆိုင်တုန့်ပြန်ခြင်း၊ ထွက်ပြေးတိမ်းရှောင်ခြင်း၊ ရပ်တန့်ကြောင်အမ်း သွားခြင်းတို့ဖြစ်တတ်သည်။ ရင်ဆိုင်တုန့်ပြန်ခြင်း - အကျပ် အတည်းပြဿနာတစ်ခုခုကိုကြံ့ကြံ့ခံရပ်တည်လျက် ရင်ဆိုင်တိုက်ခိုက်ခြင်း ဖြစ်သည်။ ထွက်ပြေးတိမ်းရှောင်ခြင်း - အဝေးဆုံးသို့ ပြေး၍ရှောင်တိမ်းခြင်းဖြစ်သည်။ သို့မဟုတ်ပါကလည်း တိုက်ခိုက်ခြင်းလည်းမဟုတ်၊ ရှောင်ပြေးခြင်းလည်း မဟုတ် ဘာလုပ်ရမှန်းမသိဘဲ ရပ်တန့်ကြောင်အမ်းခြင်းမျိုးဖြစ်တတ်သည်။ တစ်ချို့သောအချိန်တွင် ရင်ဆိုင်တိုက်ခိုက်ခြင်းက အကောင်းဆုံးဖြစ်သည်။ တစ်ခါတစ်ရံ ထွက်ပြေးတိမ်း ရှောင်ခြင်းက အကောင်းဆုံးဖြစ်သည်။ တစ်ခါတစ်ရံငြိမ်သက်စွာဖြင့်ဒီအတိုင်းနေလိုက်ခြင်းကလည်း အကောင်းဆုံး ဖြစ်နေတတ်သည်။ သို့သော် ပင်ကိုယ်သဘာဝအားဖြင့်တုံံ့ပြန်ခြင်း (တိုက်ခိုက်၊ ထွက်ပြေး၊ ရပ်တန့်ခြင်း) တို့သည်တစ်ခါတစ်ရံ ပြဿနာကို ပို၍ကြီးထွားစေနိုင်သည်။ စိတ်အလိုအတိုင်း၊ မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်ခြင်း၊ ဦးနှောက်ကိုအချိန်မပေးဘဲ၊ သေချာစွာမတွေးတောဘဲ ပင်ကိုယ်အလျောက်ဖြစ်ပေါ်လာသည့် စိတ်ခံစားချက်အတိုင်းပြုမူတတ်သည်မှာ လူသားတို့၏ ပင်ကိုယ်သ ဘာဝဖြစ်သည်။
ဤသို့ကြုံတွေ့နေရပါက "ရပ်၊ကြည့်၊နားထောင်" ဟူသောဝိညာဉ်ရေးကျင့်သုံးမှုတစ်ခုကို ကျွန်တော်အသုံးချလေ့ရှိသည်။ ပထမဆုံး ဘာတစ်ခုမျှမဆုံးဖြတ်ရသေးခင် ၇ကြိမ်၊၈ကြိမ်မျှအသက် ပြင်းပြင်းရှုသွင်းလျက် ခန္ဓာကိုယ်တစ်ခုလုံးလျော့ကျငြိမ်သက်၍ ဦးနှောက်ဖြင့်ကောင်းစွာတွေးခေါ်လာနိုင် သည်အထိစိတ်ကိုဖြေလျော့လိုက်ရသည်။
ဒုတိယအဆင့်တွင် "ကြည့်ခြင်း" ကိုလုပ်ဆောင်ရသည်။ ဖြစ်ပျက်နေသောအခြေအနေကို မြင်အောင် ကြည့်ပါ..ဘာတွေဖြစ်ပျက်နေပါသနည်း... သင်ဘာကိုလုပ်ဆောင်နိုင်ပါသနည်း။ ဒါကိုရွေးချယ်လျှင် ဘာဖြစ်မည်၊ ဒါကိုလုပ်လိုက်ရင် ဘယ်လိုအကျိုးဆက်တွေဖြစ်ပေါ်လာမည်ဟူ၍မြင်အောင်ကြည့်တတ် ရန်လိုသည်။ ရှေ့ဆက်ပြီးဘာကိုလုပ်ဆောင်မည်၊ အကျပ်အတည်းပြဿနာတစ်ခုကို သင်မည်သို့ကိုင် တွယ်ဖြေရှင်းမည်၊ အခြေအနေတွေပြောင်းလဲသွားပါကသင်မည်သို့ဆက်လုပ်မည် စသောအရာများကို မြင်အောင်ကြည့်တတ်ရန်လိုသည်။ သင်ယခုဆုံးဖြတ်မည့်အရာသည် ပင်ကိုယ်သဘာဝအားဖြင့်တုံ့ပြန်မှု ပြုသည့်အရာမျိုးလား၊ သို့မဟုတ် သေချာတွေးတောဆင်ခြင်၍တုံ့ပြန်သည့်အရာမျိုးလား ဟူ၍မြင်အောင် ကြည့်တတ်ရန်လိုသည်။
နောက်ဆုံးအဆင့်ကတော့ နားထောင်ခြင်းဖြစ်သည်။ ခက်ခဲသောအချိန်ကာလတွင် အခြားသူတို့၏ အကြံပေးသံ၊ ဝိညာဉ်တော်ဘုရား၏စကားသံ ကိုကျွန်ုပ်တို့နားထောင်တတ်ဖို့လိုပါသည်။ စိတ်ခံစားချက် အားဖြင့်တစ်ခုခုလုပ်တော့မည်ဆိုရင် ထိုသို့မလုပ်ခင် အချိန်ယူ၍ဘုရားသခင်ထံတိုးဝင်ဆုတောင်းခြင်း၊ မိမိယုံကြည်နိုင်သောသူ၏ အကြံပေးခြင်းကို နားထောင်ဖို့ရန်လိုပါသည်။ ရှင်ယာကုပ်သြဝါဒစာ ၁း၅ တွင် "သင်တို့တွင်တစ်စုံတစ်ယောက်သောသူသည် ပညာကိုလိုလျှင် ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့်ပေးသနားတော်မူသော ဘုရားသခင်ကိုတောင်းစေ၊ တောင်းလျှင်ရလိမ့်မည်" ဟူ၍ဖော်ပြထားပါသည်။ ဆုတောင်းခြင်းအားဖြင့် မှော်ဆန်ဆန်အဖြေတစ်ခုခု ရရှိမည်ဟူသော ပုံသေနည်းမျိုးမဟုတ်ဘဲ၊ ဆုတောင်းခြင်းအားဖြင့် ဘုရားနှင့်ဆက်သွယ်မှုပိုကောင်းလာ ၍သန့်ရှင်းသောဝိညာဉ်တော်က သင့်နှလုံးသားထဲတွင် စကားပြောလမ်းပြပေးမည်ဖြစ်သည်။
ယခုအချိန်သည် မြန်မာပြည်အတွက် ကြောက်ရွံ့စိုးထိန့်ဖွယ်အချိန်ဖြစ်နေသည်။ ဤသို့သောအခြေအနေ ၌ ဘာဆက်လုပ်ရမည်ဟူတွေးကြည့်သည့်အခါ (တိုက်ခိုက်၊ထွက်ပြေး၊ ရပ်တန့်ကြောင်အမ်းခြင်း) စသည့်ပင်ကိုယ်သဘာဝအလျောက်တုံ့ပြန်တတ်သည့်ဆုံးဖြတ်ချက်မျိုးကို သတိထားဖို့ရန်လိုသည်။ ရှေ့ဆက်ပြီးဘာလုပ်ရမည်ကိုတွေးသည့်အခါ ရပ်၊ကြည့်၊နားထောင်ဟူသော ဤဝိညာဉ်ရေးကျင့်သုံးမှု အားဖြင့် အကောင်းဆုံးသောအဖြေတစ်ခုကို သင်တွေးတောဆုံးဖြတ်နိုင်မည်ဖြစ်သည်။ မည်သည့်ဆုံး ဖြတ်ချက်မျိုးကို သင်ချမှတ်၍ ရွေးချယ်ထားပါစေ... ဤဆုံးဖြတ်ချက်များသည် အကြောက်တရားအား ဖြင့်ပေါ်ထွက်လာသောဆုံးဖြတ်ချက်မျိုးမဟုတ်ဘဲ၊ ယုံကြည်ခြင်းအားဖြင့်လှမ်းသောခြေလှမ်းများ ဖြစ်စေပါ။
သင့်အတွက်နေ့စဉ်သတိရဆုတောင်းပေးနေပါသည်။
ခရစ်တော်၏ချစ်ခြင်းမေတ္တာဖြင့်
ဦးထင်ကျော် @ Dr. Tim
သိက္ခာတော်ရဒေါက်တာ Timothy C. Geoffrion သည်ခရစ်ယာန်အမှုတော်ဆောင်တစ်ဦးဖြစ်၍ ဓမ္မသစ်ကျမ်းဆိုင်ရာ ဧည့်ပါမောက္ခအဖြစ် ရန်ကုန်မြို့တွင် ၂၀၀၇ ခုနှစ်ကတည်းက အစေခံသင်ကြား ပေးနေသူဖြစ်သည်။
Biblical Reflections (in Burmese) These Biblical reflections were originally posted on Facebook, starting in February of 2021. Tim continues to post these reflections for the people of Myanmar and others around the world who are fa…
သမ္မာကျမ်းဆိုင်ရာအတွေးအမြင်
"ကောင်းသောအမှု"
ယေရှုကလည်း "ထိုမိန်းမကိုရှိစေလော့။ အဘယ်ကြောင့်နှောက်ယှက်ကြသနည်း။ သူသည်ငါ၌ ကောင်းသောအမှုကိုပြုပြီ" ဟုမိန့်တော်မူ၏။ (ရှင်မာကုခရစ်ဝင်ကျမ်း ၁၄း၆)
ရှိမုန်အမည်ရှိသောလူ၏အိမ်၌ အမျိုးသမီးတစ်ဦးသည် သခင်ယေရှုထံ၌မိမိကိုယ်ကိုနှိမ့်ချလျက် ကောင်းသောအမှုပြုခဲ့ခြင်းအကြောင်းကို ကျမ်းစာထဲတွင်ဖော်ပြထားသည်။ ရှင်မဿဲခရစ်ဝင်ကျမ်းနှင့် ရှင်မာကုခရစ်ဝင်ကျမ်းစာ၌ ယေရှု၏ဦးခေါင်းကိုအဖိုးတန်ဆီမွှေးနှင့်သွန်းလောင်းခြင်းကိုဖော်ပြထားပြီး၊ ရှင်လုကာခရစ်ဝင်ကျမ်း၌ ယေရှု၏ခြေတော်ကိုမျက်ရည်ကျလျက်ဆီမွှေးနှင့်သုတ်လိမ်းခြင်းအကြောင်းကို ဖော်ပြထားသည်။ ဖော်ပြသည့်အကြောင်းအရာကွဲပြားသော်လည်း ဧဝံဂေလိကျမ်းရေးသားသူအားလုံးက ထိုအမျိုးသမီး၏လုပ်ဆောင်ခြင်းသည် ထူးခြားသော်လည်း ကောင်းသောအမှုအဖြစ်ယေရှုသတ်မှတ်ခဲ့ ကြောင်းကိုဖော်ပြထားကြသည်။
ထိုအမျိုးသမီးသည် အဖိုးတန်ဆီမွှေးကိုဤသို့ဖြုန်းတီးမည့်အစား၊ ရောင်းချပြီးအဖိုးအခကိုဆင်းရဲသားတို့ ထံပေးလှူပါက ပို၍အကျိုးရှိမည်ဖြစ်ကြောင်းအပြစ်တင်ကြခြင်းကို ရှင်မဿဲနှင့်ရှင်မာကု ခရစ်ဝင်ကျမ်း တို့၌ ဖော်ပြထားသည်။ ထိုအမျိုးသမီးဤသို့ပြုလုပ်ရခြင်းမှာ ယေရှု၏အလောင်းကိုသင်္ဂြိုဟ်မည်ဟု ပြင်ဆင်ခြင်းငှါ လုပ်ခြင်းဖြစ်ကြောင်း ပြစ်တင်ဝေဖန်သူများကို ယေရှုကပြန်လည်သွန်သင်ခဲ့ပါသည်။ မရှိဆင်းရဲသားများကို ဂရုပြုခြင်းသည် မွန်မြတ်သင့်လျော်သောအလုပ်ဖြစ်သည်။ သို့သော်ဤအခြေ အနေ၌ ဤအမျိုးသမီး၏လုပ်ဆောင်ခြင်းမှာ "ကောင်းသောအမှု" ဖြစ်သည်ဟူ၍ ယေရှုကပြန်လည် သွန်သင်ခဲ့ပါသည်။ (မဿဲ ၂၆း၁၀, မာကု ၁၄း၆)
ရှင်လုကာခရစ်ဝင်ကျမ်းစာ၌ ဝေဖန်ပြစ်တင်ကြခြင်းမှာ အပြစ်ရှိသောမိန်းမ၏ထိတွေ့ခြင်းကိုယေရှု လက်ခံခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုအမျိုးသမီး၏အပြစ်မှာ ပြည့်တန်ဆာဖြစ်ခြင်းလော့၊ ဖောက်ပြန်ခြင်း လော့၊ မည်သို့သောအပြစ်မျိုးဖြစ်သည်ကို ကျမ်းစာ၌ရှင်းလင်းစွာမဖော်ပြထားပေ။ အိမ်ရှင်ရှိမုန်၏စိတ်ထဲ တွင်တော့ အပြစ်ရှိသည်ဟုထင်မှတ်ခြင်းကြောင့် ထိုအမျိုးသမီးကိုပစ်ပယ်ထားရမည်၊ မပတ်သက်ရ ဟူ၍ပင်ဖြစ်သည်။ ဤသို့သောအခြေအနေမျိုး၌ တစ်မူထူးခြားစွာတုံ့ပြန်ရမည်ကို ယေရှုကသိမြင်ထား သည်။ ပညတ်ဥပဒေအတိုင်း အပြစ်ရှိသူကိုပစ်ပယ်ခြင်းမျိုးမဟုတ်ဘဲ ထိုအမျိုးသမီး၏နောင်တစိတ်နှလုံး ကိုသိမြင်၍ ချစ်ခြင်းမေတ္တာဖြင့်တုံ့ပြန်ခဲ့ခြင်းကို ယေရှုပြသခဲ့သည်။
ယေရှု၏ကြင်နာခြင်း၊ လက်ခံခြင်း၊ သနားခြင်းအားဖြင့် ထိုအမျိုးသမီးသည် ကျေးဇူးတော်ကိုသိရှိလက်ခံခဲ့ ရပြီး မျှော်လင့်ခြင်းတည်ဆောက်နိုင်ကာ လမ်းမှန်ပေါ်သို့တဖန်ပြန်၍ရပ်တည်လာနိုင်ခဲ့သည်။ နှလုံးသားထဲတွင်လည်း ချစ်ခြင်းမေတ္တာ၊ ကျေးဇူးတရားများပြည့်နှက်နေသောကြောင့် မျက်ရည်များက ယေရှု၏ခြေတော်သို့ကျဆင်းလျက်ရှိသည်။ "ထို့ကြောင့်ငါဆိုသည်ကား သူသည်များစွာသောအပြစ်တို့နှင့် လွတ်သည်ဖြစ်၍ အလွန်ချစ်တတ်၏"(လုကာ ၇း၄၇) ဟူ၍ ယေရှုက ရှိမုန်အား ရှင်းပြခဲ့လေသည်။
ကျမ်းစာ၌ဖော်ပြသောဤအမျိုးသမီး၏ အဖြစ်အပျက်သည်ကျွန်ုပ်တို့ကို သွန်သင်နေလျက်ရှိသည်။ တစ်ခါတစ်ရံတွင် ထုံးတမ်းဓလေ့၊ နည်းဥပဒေ၊ ပုံသေနည်း၊ ခေါက်ရိုးကျိုးနေသည့်အတွေးအမြင်များ ကြောင့် ယေရှုလုပ်ဆောင်သကဲ့သို့ ကျွန်ုပ်တို့မလုပ်ဆောင်နိုင်ဘဲရှိနေတတ်သည်။ ယေရှုကဲ့သို့ မှန်ကန် လျောက်ပတ်သောအရာ၊ စစ်မှန်သောအရာကိုကျွန်ုပ်တို့ မဖော်ပြနိုင်ဘဲရှိနေတတ်သည်။ တစ်ချို့သောအခြေအနေတို့၌ ကျွန်ုပ်တို့၏စိတ်နှလုံးဖော်ပြသည့်အတိုင်းလိုက်လျှောက်မှသာ အကောင်းဆုံးလမ်းသို့ရောက်မည်ဖြစ်သည်။ ၁၇ရာစု ခရစ်ယာန်တွေးခေါ်ပညာရှင် ဘလေ့စ်ပါစကယ်လ် (Blaise Pascal) ပြောသကဲ့သို့ "နှလုံးသား၏စေစားခြင်းကို ဆင်ခြင်တုံတရားက သိရှိနားလည်မည် မဟုတ်ပေ" ဟူ၍ဖြစ်သည်။
ဤသို့ခက်ခဲမှောင်မိုက်သည့်ကာလတွင် ကျွန်ုပ်ကိုယ်တိုင်သည်ပင် စိတ်ရှုတ်ထွေးလျက်စိတ်ပျက်နေမိပါ သည်။ အဖက်ဖက်မှပျက်စီးယိုယွင်းနေ၍ အရာရာပြိုကျနေလျက်ရှိရာ ကျွန်ုပ်တို့မည်မျှပင်လုပ်ဆောင် နေပါစေ ကောင်းလာမည်လော့။ နောက်တစ်ဖန်ပြိုပျက်မည့်အရာအတွက် ယနေ့တည်ဆောက်နေရအုံး မည်လော့။ စိတ်ပျက်ဖွယ်ကောင်းလောက်သည့်အတားအဆီးများ၊ အဆုံးမရှိလိုအပ်နေမှုများအတွက် ကျွန်ုပ်တွင်ရှိနေသည့် အနည်းငယ်သောအရင်းအမြစ်လေးများက မည်သည့်အပြောင်းအလဲမျိုးကို လုပ်ပေးနိုင်မည်နည်း ဟူ၍ စိတ်ပျက်နေမိပါသည်။
ဤမေးခွန်းများကို ဦးနှောက်အရကျွန်ုပ်မဖြေဆိုတတ်ပေ။ သို့သော် နှလုံးသားအားဖြင့်ဤသို့ဖြေ နိုင်ပါသည်။ နှလုံးသားကိုဖွင့်၍နားထောင်သည့်အခါ ကျွန်ုပ်ဘာလုပ်နေသည်၊ ဘာကြောင့်လုပ်နေသည် ကိုကျွန်ုပ်သိရှိနေပါသည်။ ဘုရားသခင်၏မေတ္တာနှင့်ကြင်နာသနားခြင်းတို့အပေါ်၌မှီတည်ထားသည့်အခါ ကျွန်ုပ်မည်သည့်နေရာတွင်ရှိရမည်၊ ဘာကိုလုပ်ရမည်ကို ကျွန်ုပ်အမြဲလိုလိုသိရှိနေပါသည်။
အခြားသူတို့အမြင်၌အဓိပ္ပာယ်မရှိသောအလုပ်မျိုးဖြစ်သော်လည်း ယေရှုအတွက် "ကောင်းသောအမှု" ကိုထိုအမျိုးသမီးက လုပ်ဆောင်ခဲ့ပါသည်။ အခြားသူတို့အတွက်အဓိပ္ပာယ်မရှိသော်လည်း ထိုအမျိုးသမီး အတွက်အဓိပ္ပာယ်ပြည့်ဝနေသည်သာမက၊ သူ၏စိတ်ထားနှင့်လုပ်ဆောင်မှုက သမိုင်းတွင်ခဲ့ပါသည်။ ထိုမျှပင်မက "ဧဝံဂေလိတရားကို မြေတစ်ပြင်လုံးတွင်ဟောသောအရပ်ရပ်တို့၌ ဤမိန်းမကိုအောက်မေ့ စရာဖို့ သူပြုသောဤအမှုကိုကြားပြောရကြလတ္တံ့" ဟုယေရှုကမိန့်တော်မူခဲ့သည်အတိုင်း ယနေ့အထိ ထိုမိန်းမကို သတိရလျက်ရှိနေပါသည်။ (မဿဲ ၂၆း၁၃)
မည်သည့် "ကောင်းသောအမှု"မျိုးကိုလုပ်ဆောင်ရန်သင်တွေးတောထားပါသနည်း။ ယခုကြုံတွေ့နေရ သောပြသနာများကျော်လွန်သွား၍ ငြိမ်းချမ်းခြင်းကိုပြန်လည်တည်ဆောက်နိုင်သည့်အခါ၌ သင်၏ အကြောင်း၊ သင်လုပ်ဆောင်ခဲ့သောမည်သည့်အကြောင်းမျိုးကို လူများပြောဆိုနေကြမည်နည်း။
ခရစ်တော်၏ချစ်ခြင်းမေတ္တာဖြင့်
ဦိးထင်ကျော် @ Dr. Tim
သိက္ခာတော်ရဒေါက်တာ Timothy C. Geoffrion သည်ခရစ်ယာန်အမှုတော်ဆောင်တစ်ဦးဖြစ်၍ ဓမ္မသစ်ကျမ်းဆိုင်ရာ ဧည့်ပါမောက္ခအဖြစ် ရန်ကုန်မြို့တွင် ၂၀၀၇ ခုနှစ်ကတည်းက အစေခံသင်ကြား ပေးနေသူဖြစ်သည်။
This photo portrays part of a stained glass window in Chartres Cathedral, in Chartres, France. It was taken by Jill Geoffrion.
Burmese A Christmas Mediation: “What Makes Jesus Special” December 24th, 2022 မကက ြုံချင်သ ောအသပြောင််းအလဲမျော်းက ို သကောင််းမွန်စွောသပြေရှင််းတ ိုုံ့ပြန်ပခ.....
Biblical Reflection
“A Beautiful Thing”
“’Leave her alone,’ said Jesus. ‘Why are you bothering her? She has done a beautiful thing to me’” (Mark 14:6).
There’s a well-known story in the Bible about a humble woman who anointed Jesus in the home of a man named Simon. In Matthew and Mark, the woman anointed his head with expensive perfume, while Luke says that she anointed his feet with both her tears and the perfume. Despite the differences, all three Gospel writers agree that her behavior was both beautiful and scandalous, but for different reasons.
In Matthew and Mark’s versions, the scandal was her “wasting” valuable perfume, which could have been sold and the money given to the poor. However, Jesus rebukes her critics. She was preparing him for his burial, he explained. Of course, preserving resources and caring for the poor are normally very good things to do. But, in this special circumstance, what she did with the perfume was “a beautiful thing,” Jesus said (Matthew 26:10; Mark 14:6).
In Luke’s account, the scandal was that Jesus would allow a sinful woman to touch him (Luke 7:36-50). We don’t know if she was a pr******te, a woman who had committed adultery, or what her sin may have been. For Simon, the fact that she was a sinner meant that she was to be marginalized and avoided. However, once again, Jesus could see that unusual circumstances required an unusual response. Instead of rejecting her because of her sin, as the Law required, he saw her heart and responded to her from his heart.
Through Jesus’s welcome, kindness, and mercy, the woman experienced the grace that she desperately needed to help her back on her feet and to restore her hope. Her heart was overflowing with gratitude and love, and her tears spilled onto his feet. As Jesus explained to Simon, “her sins, which were many, have been forgiven; hence she has shown great love” (Luke 7:47).
Whether these are two different occasions, or the same story was told in two different ways, we will never know. But one truth shouts out from both versions of Jesus’s encounter with the woman who anointed him: Sometimes our minds, traditions, and usual ways of thinking do not lead us to make right judgments or to see ourselves and others as Jesus does. Sometimes, only our hearts can show us the better way. As seventeenth century Christian philosopher, Blaise Pascal, famously once said, “The heart has its reasons of which reasons knows nothing.”
In these dark and difficult days, sometimes I feel confused and discouraged. What’s worth working towards, when so much has fallen apart and some losses will never be recovered? Does it make any sense to build something today when it might be destroyed tomorrow? How can my few resources and limited abilities ever make a difference in the face of such overwhelming needs and mind-boggling obstacles?
I don’t know how to answer all these questions intellectually. But I do know this. When I listen to my heart, I often know what to do and why I’m doing it. When I stay connected to God’s love and compassion, I usually know where I need to be.
The unnamed woman in our story did a “beautiful thing” for Jesus, even though what she did didn’t make sense to others. But it made sense to her, and history has proven the rightness of her heart and her actions. As Jesus predicted, wherever the Gospel has been preached throughout the world, “what she has done has been told, in memory of her” (Matt. 26:13).
What beautiful thing is in your heart to do? When all these present troubles have passed and peace has been restored, what story is going to be told about you and what you have done?
With Jesus’s love,
Dr. Tim
"ပျော်ရွှင်ဖွယ်နှစ်သစ်ရရှိရန်မည်သို့လုပ်ဆောင်ကြမည်နည်း"
နှစ်သစ်ကူးချိန်တွင် "ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ"ဟု လူတိုင်းပြောတတ်ကြသည်။ ထိုသို့နှုတ်ဆက် သည့်အခါတိုင်း ကျွန်ုပ်စိတ်ထဲမှနှစ်နှစ်ကာကာပြောခြင်းဖြစ်သလို၊ အခြားတစ်ဖက်က လိုလိုလားလား ပြောလာခြင်းမျိုးကိုသာ ကျွန်ုပ်နှစ်သက်သည်။ ဤသို့ဆန္ဒပြုယုံမျှဖြင့်လည်း ကျွန်ုပ်စိတ်မကျေနပ်နိုင်သေး ပေ။ အမှန်တကယ် ပျော်ရွှင်ချင်ပါက မိမိကိုယ်တိုင်ပျော်ရွှင်ခြင်းကို ဆွဲထုတ်တတ်ဖို့လိုအပ်သည်။
ထိုသို့ဖြစ်ရန် စိတ်နေသဘောထားဖြင့်အစပြုရမည်။ နှစ်သစ်ကိုအစပြုသည့်အခါ ရှေ့လာမည့်နေ့ရက် များကိုမျှော်ကိုးသကဲ့သို့ ကုန်လွန်ခဲ့သောတစ်နှစ်တာအတွင်း ဘုရားရှင်၏ကျေးဇူးတော်များကိုလည်း ပြန်လည်ရေတွက်ချီးမွမ်းခြင်းဖြင့်အစပြုသင့်ပါသည်။ ကုန်လွန်ခဲ့သောနှစ်သည် ကျွန်ုပ်အတွက်ဝမ်းနည်း ဖွယ်၊ ပူဆွေးဖွယ်၊ မသေချာမရေရာမှုများဖြင့်ရောပြွန်းနေသည့်တိုင် ဘုရားကိုကျေးဇူးတင်နေပါသည်။ မိသားစု၏ချစ်ခြင်းမေတ္တာ၊ ဘုရားပေးသော မြေးမလေး၊ မိတ်ဆွေကောင်းများ၊ လုပ်ဖော်ဆောင်ဖက် ကောင်းများအတွက်ဘုရားကိုကျေးဇူးတော်ချီးမွမ်းရသည်။ ဂရုပြုချစ်ခင်ရသော အခြားလူပေါင်းများစွာ နှင့်တွေ့ဆုံသည့်အခါတိုင်း ဝိညာဉ်တော်ပြည့်ဝစွာဖြင့်ပေါင်းဖော်လုပ်ဆောင်ရသည့် အခိုက်အတန့်များ အတွက်လည်း ကျေးဇူးတော်ချီးမွမ်းရပါသည်။
ဖြတ်သန်းခဲ့ရသော ၂၀၂၃ ခုနှစ်ကို ဝိညာဉ်မျက်စိဖြင့်ရှုမြင်သုံးသပ်ပါက သင်ဘာကိုတွေ့မြင်ရမည်နည်း။ လူများစွာတို့အတွက် ၂၀၂၃ သည်မျက်ရည်များ၊ စိတ်ပျက်ခြင်းများ၊ နာကျင်ဖွယ်အမှတ်တရများဖြင့် ပြည့်နှက်နေမည်ဖြစ်သည်။ ဤစိတ်ပျက်ခြင်းများထဲတွင် ကောင်းချီးမင်္ဂလာကို သင်တွေ့မြင်ရပါသလား။
ပျော်ရွှင်ခြင်းကိုမျှော်ကိုးသည့်အခါ မိမိ၌ရှိသောအခက်အခဲများကိုအရှိတရားအတိုင်းရှုမြင်တတ်ဖို့လို သကဲ့သို့၊ ပေါင်းသင်းဆက်ဆံခြင်း၊ လုပ်ဆောင်ခြင်းများကိုလည်း အရှိတရားအတိုင်းကြည့်မြင်တတ်ရန် လိုသည်။ ဥပမာ- ကျွန်ုပ်အနေဖြင့် အရေးကြီးသည့်မေးခွန်းများကိုတွေးတောပြီး ဘုရားထံဆုတောင်း လျက်ရှိသည်။ တစ်နေ့ပြီးတစ်နေ့ ဘုရားကိုပိုသိ၊ပိုချစ်၊ပို၍အစေခံခြင်းငှါ ကျွန်ုပ်မည်သို့လုပ်ဆောင် ရမည်နည်း။ ဒုက္ခကြုံတွေ့နေရသော ခရစ်တော်၌ညီအစ်ကိုမောင်နှစ်မများကို ကျွန်ုပ်မည်သို့ကူညီ အားပေးထောက်ပံ့နိုင်မည်နည်း။ "အဆိုးအားဖြင့်စိတ်မပျက်သွားဘဲ.. အကောင်းအားဖြင့်အဆိုးကို မည်သို့ အနိုင်ယူရမည်"(ရောမသြဝါဒစာ ၁၂း၂၁) ကိုကျွန်ုပ်တွေးတောဆင်ခြင်လျက်ရှိသည်။ ခင်ပွန်းတစ် ယောက်၊ ဖခင်တစ်ယောက်၊ အဖိုးတစ်ယောက်၊ ဦးဆောင်သူတစ်ယောက်၊ လမ်းပြသွန်သင်သူ တစ်ယောက်အဖြစ် ကျွန်ုပ်မည်သို့ ကောင်းစွာအသက်ရှင်နိုင်မည်ကိုလည်း နေ့စဉ်တွေးတောဆင်ခြင်မိ သည်။ ထိုထက်အရေးကြီးသည်မှာ ဝိညာဉ်တော်၏ "ငြိမ်သက်ဖြည်းညှင်းသောစကားသံ" ကို နေ့စဉ် အသက်တာ၌ကြား၍ သခင်ယေရှုထံသို့ရှေ့ရှုလျက်အသက်ရှင်ခြင်းမျိုးကို ကျွန်ုပ်ရှာဖွေလုပ်ဆောင်လျက် ရှိသည်။
၂၀၂၄ တွင်သင်ဘာကို ရည်ရွယ်၊မျှော်လင့်၊ ဆုတောင်းနေပါသနည်း။ ဘဝ၏မေးခွန်းများကိုအရှိတရား အတိုင်းသင်မည်သို့အဖြေထုတ်မည်နည်း။ ဘုရားပေးထားသောအလုပ်တာဝန်များကို သင်မည်ကဲ့သို့ ရိုးရှင်းစွာဖော်ဆောင်သွားမည်နည်း။
သင့်ဘဝ၌ရှိထားသောအရာများအပေါ် ကျေးဇူးတင်လျက်၊ သင့်ဘဝထဲ၌ဘုရားသခင်ဆက်လက်ပါဝင် လမ်းပြရန် ကျွန်ုပ်ဆုတောင်းပေးနေပါသည်။ ဖြစ်ပျက်နေသည်များကို ကျွန်ုပ်တို့နားမလည်သော်လည်း ဘုရားသခင်ကိုချစ်သောသူတို့အတွက် "ဘုရားပြင်ဆင်၍ အလိုတော်အတိုင်း အကောင်းဆုံးပြင်ဆင် ပေးမည်"(ရောမသြဝါဒစာ ၈း၂၈)ဟူသောကျမ်းစကားအတိုင်းဖြစ်စေရန်ကျွန်ုပ်တို့မျှော်လင့်လျက်ရှိသည်။ ခက်ခဲခြင်းများထဲ၌ ကောင်းချီးမင်္ဂလာကို ကျွန်ုပ်တို့မမြင်ရသည့်တိုင် ဘုရား၏ဂတိတော်များက ကျွန်ုပ်တို့ ကိုသတိပေးလမ်းပြလျက်ရှိသည်။ ဘုရားရှိနေခြင်း၊ ကောင်းသည့်အရာများကိုဘုရားပြင်ဆင်ပေးထား ခြင်းများကြောင့် ကျွန်ုပ်၏ဘဝ၊ ကျွန်ုပ်၏အတွေး၊ ကျွန်ုပ်တန်ဖိုးထားသည့်အရာများကို အကောင်းမြင် ဖက် သို့ပြောင်းလဲကာ ကျွန်ုပ်အသက်ရှင်လျက်ရှိသည်။ ထို့အပြင် အကောင်းမြင်စိတ်ဖြင့်သာ ရှေ့သို့ တက်လှမ်းလျက်ရှိပါသည်။
ဘုရားသခင်ကိုချစ်၍၊ ဘုရား၏အလိုတော်ကိုဝန်ခံပြီး ကောင်းသည့်အလုပ်များကိုသာ ဤ၂၀၂၄ခုနှစ် တွင်လုပ်ဆောင်ခြင်းအားဖြင့် ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းနှင့် ဘဝ၏အဓိပ္ပာယ်ကိုရရှိပါစေကြောင်း ကျွန်ုပ်ဆုတောင်းပေးနေပါသည်။ ဤသို့အသက်ရှင်မှသာ ပျော်ရွှင်ဖွယ်နှစ်သစ်ကိုရရှိနိုင်မည်။ ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေဟု နှုတ်ဆက်သည့်အခါတိုင်းလည်း ဤသို့အသက်ရှင်ခြင်းမျိုးကိုသာ ကျွန်ုပ် ဆန္ဒပြုခြင်းဖြစ်ပါသည်။
ခရစ်တော်၏ချစ်ခြင်းမေတ္တာဖြင့်
ဦးထင်ကျော် @ Dr. Tim
သိက္ခာတော်ရဒေါက်တာ Timothy C. Geoffrion သည်ခရစ်ယာန်အမှုတော်ဆောင်တစ်ဦးဖြစ်၍ ဓမ္မသစ်ကျမ်းဆိုင်ရာ ဧည့်ပါမောက္ခအဖြစ် ရန်ကုန်မြို့တွင် ၂၀၀၇ ခုနှစ်ကတည်းက အစေခံသင်ကြား ပေးနေသူဖြစ်သည်။
Burmese A Christmas Mediation: “What Makes Jesus Special” December 24th, 2022 မကက ြုံချင်သ ောအသပြောင််းအလဲမျော်းက ို သကောင််းမွန်စွောသပြေရှင််းတ ိုုံ့ပြန်ပခ.....