Poe Ei

Poe Ei

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Poe Ei, Clothing (Brand), ရန်ကုန်, .

Photos from 𝐍𝐐𝐄李's post 20/07/2023
Photos from Poe Ei's post 19/06/2023

Happy birthdayပါအမေစုသက်ရှည်ကျန်းမာပါစေ🙏🙏🙏

08/06/2023

ရုန်းကန်ရတာ ထုံးစံဆိုပေမယ့်
တခါတလေတော့လည်း
ကိုယ်ရပ်တည်ရတဲ့ဘဝနဲ့ ရွေးချယ်ခဲ့မိတဲ့ အလုပ်အပေါ်မှာ
ငြီးငွေ့မိတာမျိုးတော့ ရှိတယ် ။

ဒါပေမယ့်
လောကကြီးက ဘယ်အရာမှ မလွယ်ကူဘူး မဟုတ်လား
ညည်းတွားနေဖို့ အချိန်မတန်သေးဘူးလေ ။

ကိုယ်ရပ်လိုက်ရင်
ကိုယ်ပဲနောက်ကျကျန်ခဲ့ရတော့မှာ ။

အရှုံးပေးပြီး ရပ်လိုက်တာထက်စာရင်
ဆက်ပြီးသွားနေလိုက်တာက
လူရာလည်းဝင်မယ် ။ ပန်းတိုင်လည်း ရောက်နိုင်မယ် ။

#မနောသီရိ

06/06/2023

ငယ်ငယ်ကတော့ အကုန်ချက်တတ်ပြီး
ကြီးလာမှ ဘာမှမချက်တက်တဲ့ အဖွဲ့က
သက်သက်ကိုရှိတယ် 😍

06/06/2023

အရင်လို....
ခေါင်းချလိုက်တာနဲ့
အိပ်ပျော်သွားမယ့် ညလေးတစ်ညလောက်
ပြန်လိုချင်တယ် ။
တစ်ညတည်းပါ
အများကြီး တွေးမနေချင်တော့ဘူး
အရမ်းကြီး မခံစားချင်တော့ဘူး
ညဘက်တွေရောက်ရင်
ပြူးကျယ်လာတဲ့ မျက်လုံးတွေကိုလဲ မုန်းတယ်
ညတွေနက်ရင်
အတွေးတွေ ဝင်လာတတ်တဲ့ စိတ်ကိုလဲ မုန်းတယ်
တစ်ညတည်းပါ
အိပ်မက်လှလှလေး မမက်ချင်နေပါစေ
မျက်လုံးမှိတ်လိုက်တာနဲ့ အိပ်ပျော်သွားရင်ကောင်းမယ်။

#မိန်းမသားတို့အတွက်
#သျှင်ယွန်း

06/06/2023

ကိုယ့်ရဲ့ ကမ္ဘာငယ်လေးကို
သေးနိုင်သမျှ သေးငယ်အောင်ချုံ့ပြီး နေထိုင်ခဲ့တယ် ။

တချို့ကတော့ ပျင်းစရာသိပ်ကောင်းတယ်လို့
ပြောကြပေမယ့် ဒီကမ္ဘာလေးထဲက ထွက်လာဖို့
တစ်ခါမှလည်း မတွေးခဲ့သလို
ဘယ်တော့မှလည်း တွေးဖြစ်မှာမဟုတ်ပါဘူး ။

လူတွေ အများကြီး အနားမှာနေရင်း
အထီးကျန်ပြီး ထိန်းချုပ်နေရမှာထက်စာရင်
ကိုယ့်အတွက် သက်တောင့်သက်သာရှိတဲ့
နေရာလေးတစ်ခုမှာ လွတ်လွတ်လပ်လပ်
ရှင်သန်‌နေဦးမယ် ။

ဘယ်သူ့ကိုမှလည်း ဝင်လာခဲ့ဖို့ မဖိတ်ခေါ်ခဲ့သလို
ဘယ်သူ့ကိုမှလည်း ထွက်သွားဖို့ နှင်မထုတ်ခဲ့ပါဘူး ။

ကိုယ်တိုင် ရွေးချယ်ထားတဲ့ သီးသန့်ဖြစ်တည်မှုလေးမို့
နှလုံးသား နဲ့ ခံစားတတ်သူတွေသာ
ကိုယ့်ရဲ့အေးချမ်းမှုကို ခံစားမိပါလိမ့်မယ် ....

Photos from Arts By AI's post 06/06/2023
03/06/2023

😥😥😥

02/06/2023

😥😥😥😥

02/06/2023

စိတ်အတက်အကျများတဲ့ရက်ပါပဲ။

တစ်ယောက်ယောက်နဲ့စကားပြောချင်ပေမယ့်
တစ်ယောက်ယောက်ကစကားလာပြောတော့လဲ ပြန်ပြောချင်စိတ်မရှိပြန်ဘူး။

အထူးသဖြင့် လူတွေကိုမယုံကြည်တော့တာဖြစ်မှာပါ
လူရင်းထိုးတဲ့ဓားက ပိုပြီးခံရပြင်းမှန်းသိကြတယ်ဟုတ်။

ဒီထက်ပိုပြီးတိတ်ဆိတ်သွားဖို့ပဲရှိတော့တဲ့လူတစ်ယောက်က အချစ်ခံရမှုတွေ၊အလေးထားခံရမှုတွေမလိုအပ်တော့ဘူး။

တစ်နေ့နေ့တော့ အရာအားလုံးကို ကျောခိုင်းပြီး
ကိုယ့်နာမည်ကိုတောင်မသိတဲ့နေရာဒေသမှာပဲ
တိတ်တိတ်ဆိတ်ဆိတ်ရှင်သန်ချင်တော့တယ်။

#ဖားစည်ရည်ကျော်
၂.၆.၂၀၂၃

02/06/2023

Videos (show all)

Website

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00