Hanri Htun

Hanri Htun

WRITER

18/08/2023

လျှောက်ပြီးသား လမ်းကို
ဘယ်တော့မှ ပြန်မလှမ်းဘူး ။

ဘယ်သူ့ကိုမှ ဖက်တွယ် မထားတော့သလို

ဘယ်သူ့အပေါ်ကိုမှလဲ အနိုင်မလိုချင်ခဲ့ဘူး ။

ပြန်တွေးကြည့်မိတိုင်း လိပ်ပြာသန့်တဲ့ လမ်းကိုပဲ ရွေးချယ်မယ် ။

ရှေ့လျှောက်တော့ ပျော်စရာတွေပဲ အတတ်နိုင်ဆုံး စဉ်းစားမယ် ။

ကောင်းကင်ကြီးကို မော့ကြည့်မယ် ။

လေတွေကို အားရပါးရ ရှုသွင်းမယ် ။

လွတ်လပ်တဲ့ ခံစားချက်ကို တစ်ဝကြီး ခံစားမယ် ။

ပန်းလေးတွေကို အများကြီး ပိုချစ်မယ် ။

ပန်းလေးတွေကိုပဲ ကြည့်မယ် ။

ပန်းလေးတွေကိုပဲ ထွေးပွေ့မယ် ။

ပန်းလေးတွေကိုပဲ နမ်းရှုံ့ကြည့်မယ် ။

ကိုယ့်အနားမှာ ပန်းကလေးတွေကို ထားထားမယ်။

အလုပ်တွေ ကြိုးစားမယ် ။

စိတ်အပန်းဖြေချင်တဲ့အခါ နားကြပ်တစ်စုံနဲ့
သီချင်းတွေ နားထောင်မယ် ။

သီချင်းတွေကို ရိုးအီသွားတဲ့အခါ

ကိုယ်ကြိုက်တဲ့ စာရေးဆရာမတွေရဲ့ audio bookတွေကို တစ်လှည့်နားထောင်မယ် ။

စိတ်တူ ကိုယ်တူ သူငယ်ချင်းတွေနဲ့
လွတ်လွတ်လပ်လပ် ခရီးတွေထွက်မယ် ။

ကလေးတွေကို တွေ့ရင်
ကိုယ့်ဆီရှိတာလေးတွေ တတ်နိုင်သလောက်
ဝေမျှမယ် ။
အရိုးသားဆုံး ပြုံးပြမယ် ။ ရယ်မောမယ် ။

ကိုယ့်လောက်မပြည့်စုံတဲ့သူတွေကို
ကိုယ်လက်လှမ်းမီသလောက် ကူညီပေးမယ် ။
တွဲခေါ်ပေးမယ် ။

နေ့ရက်တိုင်းမှာ ကိုယ်ရဲ့ ဖြစ်တည်မှုကို အဓိပ္ပာယ်ရှိအောင်

ကြိုးစားနေထိုင်မယ် ။

ဘယ်နေရာ ရောက်ရောက် ဘာသာတရား
ကိုင်းရှိုင်းမယ် ။

ကိုယ့်အနားမှာ တစ်ယောက်ယောက် ရှိနေတာ
ရှိမနေတာထက်

ဒါလောက်ဆိုရင် ဘဝဟာ အဓိပ္ပာယ်ရှိနေပါပြီလို့ ခံယူထားတယ် ။

🌻

17/08/2023

အဲ့ဒီ့ မိန်းကလေးကို
လျော့မတွက်လိုက်ပါနဲ့ ။

သူမ မျက်ဝန်းတွေထဲမှာ
ရဲရင့်မှုတွေရှိတယ် ။

သူမရဲ့ နှလုံးသားထဲမှာ
ကြင်နာမှုတွေရှိတယ် ။

ပြိုလဲရတဲ့ အချိန်တွေမှာတောင်

ပြန်ပြီး ရှင်သန်နိုင်တဲ့

သန်မာတဲ့ စိတ်ဓာတ်ခွန်အား‌တွေလဲ သူမဆီမှာ ရှိသေးတယ် ။

အဲ့ဒီ့ မိန်းကလေးဟာ

တခြားသူ မဟုတ်ဘူး ။ ကောင်မလေးရေ ...

မင်း ကိုယ်တိုင်ပါပဲ ။

🌻

16/08/2023

လူကူးမျဉ်းကျားမှာ ပခုံးချင်း ယှဉ်ပြီး

ဖြတ်သွားမိခဲ့ရုံလေးကို

မျက်နှာချင်းဆိုင်မိတော့

တကယ်ဆုံပြီလို့ ထင်ခဲ့တာ ။

အမှန်တော့ ကျောခိုင်းပြီး တစ်လမ်းစီကို သွားနေခဲ့ကြတာ ။

🌻

15/08/2023

You can be the sole person
who can't be found in other places.

Just keep staying
in your own paradise and making yourself proud of.

Photos from Hanri Htun 's post 13/08/2023

ကျွန်တော် ကြုံတွေ့ခဲ့ဖူးတဲ့ လူတွေထဲ
ဘယ်သူ့ကို အမှတ်မရှိဆုံး အဖြစ် ရွေးမလဲ ။

ဘယ်သူ့ကို အနုံဆုံး အ အ ဆုံး အဖြစ် ရွေးမလဲ ။
ဘယ်သူ့ကို အသုံးမကျဆုံးလို့ ရွေးမလဲ ဆိုရင်

ကျွန်တော့်ကိုယ် ကျွန်တော်ပဲ ရွေးလိုက်ပါမယ် ။

ကျွန်တော်ဟာလေ အသုံးမကျတဲ့ သူတွေထက်
ပိုပြီးတော့ကို အသုံးမကျရာရောက်ပါတယ် ။

ခင်ဗျားကို မမေ့နိုင်ခြင်းဟာ ကျွန်တော့်ဘဝရဲ့
အသုံးမကျမှု ...

မိုက်မဲမှုတစ်ခုပဲ ။

ကျွန်တော်မေ့နိုင်ပြီ ထင်ပေမယ့် ခင်ဗျားနဲ့ပတ်သက်တဲ့ အသေးအမွှားတစ်ခုလောက် တူးဆွ မိလိုက်ရင်တောင် ...

ကျွန်တော့်အတွက် ကြီးကြီးမားမားဖြစ်သွားတတ်တာ အခုချိန်ထိပဲ ။

အမြဲ မဖြစ်နိုင်တာတွေကို တွေးတောနေတယ်လို့ ပြောလဲ ကျွန်တော် ခံရတော့မှာပဲ ။

ခင်ဗျားဟာ ကျွန်တော့်အတွက် ကောင်းကင်နဲ့ မြေကြီးလို ကွာခြားတယ် ။

ခင်ဗျားဥယျာဉ်ထဲ လှပနေကြတဲ့ တော်ဝင် ဇာတ်မြင့် ပန်းတွေထဲ ကျွန်တော်ဟာဖြင့် နေလောင်ပန်းသာသာလောက်ပဲ ။

ခင်ဗျား လှမ်းမယ့် ခြေလှမ်းတွေမှာ ကျွန်တော်ဟာ ဆူးညှောင့်ခလုတ်လဲ ဖြစ်နိုင်တယ် ။

ခင်ဗျားခြယ်နေတဲ့ တန်ဖိုးကြီး ပန်းချီတစ်ချပ်ပေါ်
ကျွန်တော်ဟာ အရုပ်ဆိုးတဲ့ ဆေးတစ်စက်လဲ ဖြစ်နိုင်တယ် ။

ခင်ဗျားအတွက် ကောင်းတာတွေပဲ ပေးချင်ပေမယ့် ခင်ဗျားနဲ့ကျွန်တော်ဟာ Timingလွဲနေတဲ့ရထားနဲ့ဘူတာလိုပါပဲ ။

ခင်ဗျားရှိတဲ့ ဘူတာဆီ ကျွန်တော်ဟာ အချိန်မီမရောက်လာနိုင်သလို ကျွန်တော်ရှိနေတဲ့ ဘူတာမှာလဲ ခင်ဗျားအချိန်ကြာကြာမစောင့်နေနိုင်ဘူး မဟုတ်လား ။

ဒါပါပဲ ။
နောက်ဆုံးတော့လဲ ။
ဘယ်လိုပဲ အဖြေထုတ်ထုတ်
ဘယ်လို သီအိုရီတွေနဲ့ပဲ တွက်တွက်

ဒီပုစ္ဆာရဲ့ အဖြေဟာ ဒီတစ်ခုတည်းပဲ ထွက်ပါတယ် ။

အဲ့ဒါကတော့ ကျွန်တော်ဟာ ခင်ဗျားအတွက် လိုက်ဖက်ထောင့်တစ်စုံ မဟုတ်ခဲ့ပါဘူး ။
ဘယ်တော့မှလဲ မဟုတ်နိုင်ဘူးပေါ့ ။

06/06/2023

ဘာတွေအတွက်နဲ့ ပြိုလဲနေမှာလဲ ..

လူတစ်ယောက် သန်မာခြင်းရဲ့ နောက်ကွယ်မှာ
အကြိမ်ကြိမ် အခါခါ ပြိုလဲရခြင်းတွေ ရှိနေတယ်။

အပြုံးတွေဟာ အရင်လို ချိုချင်မှ ချို‌တော့မယ်။

စကားလုံးတွေဟာ အရင်လို နူးညံ့ချင်မှ နူးညံ့လိမ့်မယ် ။

ဖျော့တော့တဲ့ မျက်လုံးတွေနေရာမှာ မာကျူရီတွေ အစားဝင်ချင် ဝင်လာလိမ့်မယ် ။

လှိုင်းလုံးတွေ ကြမ်းလာတိုင်း မင်း တစ်ခါပြိုလဲမှာပဲ ။

ဒါပေမယ့် အဲ့ဒီ့လှိုင်းလုံးတွေကြား ပြန်ပေါ်လာအုံးမှာလား ...

အပြီးတိုင် နစ်မြုပ်သွားမလားဆိုတာဟာ
မင်းရဲ့သန်မာခြင်းကို ပြတာပဲ ။

ပြိုလဲပါ ။
လူတိုင်းဟာ အကြိမ်ကြိမ် ပြိုလဲဖူးကြပါတယ် ။

ဒါပေမယ့် ပြိုလဲပြီးတိုင်းလဲ အကြိမ်ကြိမ် ပြန်ထဖို့ မမေ့လိုက်ပါနဲ့ ။

ကိုယ်ထူ ကိုယ်ထရတဲ့ သူတွေဟာ
လောကမှာ အသန်မာဆုံးတွေပါပဲ ။

မင်း ဘဝကို အလှပဆုံး ဖန်တီးပါ ။

လဲကျပြီးတိုင်းမှာ ပြန်ထပါ ။

26/05/2023

ကိုယ့်ရဲ့ တစ်ရက်တာ 💜

ကိုယ့်ရဲ့ မနက်ခင်းအစမှာ
မင်းရဲ့ မျက်နှာလေး မြင်ယောင်ပြီး နိုးထလာခဲ့တယ် ။

စိတ်ကလေးကို ရှင်းလင်းထားပြီး
မင်း အကြောင်းကို အစကနေ အဆုံးထိ
အပြန်ပြန်အလှန်လှန် တွေးတောရခြင်းဟာ

ကိုယ့်အတွက် ရသစုံလင်တဲ့ မနက်ခင်း စာ‌စောင်တစ်စောင်လိုပါပဲ ။

အချိန်တိုင်း လိုလို
ကိုယ့်အတွေးတွေထဲ မဖိတ်ခေါ်ဘဲ
ရောက်ရောက်လာတာဟာလဲ မင်း အကြောင်းတွေချည်းပဲ ။

မင်း ဆိုတဲ့ ဖြစ်တည်မှုလေးကို
သိခွင့်ရတဲ့ အတွက်
လောကကြီးကို ကျေးဇူးတင်ပါတယ် ။

ကိုယ်ရဲ့ ပျော်ရွှင်ခြင်းဟာ မင်းကို သိခွင့်ရတဲ့ အချိန်ကစလို့ တဖန် ပြန်လည်မွေးဖွားလာခဲ့တယ်။

ကိုယ့် အိပ်မက်တွေဟာ မင်းရဲ့ဖြစ်တည်မှုလေးနဲ့ ထိတွေ့ခွင့်ရချိန်ကစလို့ တဖန် ပြန်လည်တောက်ပလာတယ် ။

မင်း အကြောင်းလေး တွေးမိလိုက်တိုင်း ကိုယ့်ရဲ့ စိတ်ကူးတိုင်းဟာ အသစ်အဆန်းတွေ ဖြစ်လာကြတယ် ။

ဒါဟာ ဘယ်လို စွမ်းအားမျိုးပါလိမ့် ။

ချစ်ရသူသာ ကမ္ဘာတစ်ခုပါဆို ..

မင်း အပြုံးလေးတွေနဲ့ ကိုယ့်ကမ္ဘာကို
ဖန်တီးထားတယ် ။
သိပ်ကို အေးချမ်းတာပဲ အချစ်ရယ် ။

Htun

Website