Tin Aung

Tin Aung

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tin Aung, Cinema, .

17/04/2024

Favourite - Lyrics

17/04/2024

လမ်းထိတ်မရောက်တာကြာပြီ
လက်ဖတ်ရည်မသောက်ဖြစ်တာကြာပြီ
စာအုပ်ဆိုင်ဘက်မရောက်ဖြစ်တာကြာပြီ
ငါကိုယ်တိုင်ချည်ထားတဲ့ကြိုးတွေ
ငါ့ကိုရစ်ပတ်လို့
ငါချစ်တဲ့အရာတွေနဲ့
အဆက်​ပြတ်စေကြပြီ
မင်းမချစ်တော့တာ
ကြာပြီ
မင်းထွတ်သွားတာ
ကြာပြီ
ငါမပြုံးဖြစ်တော့တာ
ကြာပြီ
ငါ့လွယ်အိပ်အို
ငါ့ကဗျာစာအုပ်တို့
နေရောင်နဲ့မထိတွေ့တာကြာလို့မှိုနံ့လေးသင်းလို့
ငါရေမချိုးဖြစ်တာ
ကြာပြီ
ငါမငိုဖြစ်တာ
ကြာပြီ
မျက်နှာ​ထားတင်းတင်း
မှုတ်ဆိတ်တွေမရိတ်ဖြစ်တာလဲကြာပေါ့
အိမ်အပြင်လှမ်းကြည့်တော့ ၃၅လမ်းမကြီးပေါ်
အလုပ်သိပ်ရှုပ်နေတဲ့လူတွေ
အမြန်ယာဥ်အနှေးယာဥ်တွေနဲ့တိုးဝှေ့နေကြဆဲပေါ့
ကြာပါပြီ ကြာပါပြီ
ငါလက်တွေ့ဘ၀နဲ့အဆက်ပြတ်နေတာ
ကြာပါပြီကြာပါပြီ
တိတိကျကျမင်းထွတ်သွားကတည်းပေါ့
ခင်ရေ......
#အောင်မြင့်
#ဘညွန့်
#ဂါမဏိ
pic

03/04/2024

ကမ္ဘာပေါ်ကစစ်ပွဲတွေသာ
ကိုယ်တို့ နှစ်ယောက်ချစ်သက်တမ်း ကြာခဲ့ရင်
ဘယ်လောက်ပျော်ဖို့
ကောင်းမလဲ အသက်

ဒါပေမဲ့
ကိုယ် တစ်ယောက်တည်း
ချစ်တဲ့သက်တမ်းလောက်တော့
မကြာစေချင်ဘူးအသက်ရယ်။

#ညွန့်

03/04/2024

ရိုးရိုးလေးပါပဲဘဝက
ရုန်းကန်ရင်းနဲ့
လူတွေလှောင်စရာ ဖြစ်မယ့်
ပေါက်က ကဗျာတွေ ရေးတဲ့
ကောင်ပါပဲ

သူမှာလည်း ကဗျာဆရာဖြစ်ခြင်တဲ့
အိမ်မက်တစ်ခုရှိတယ်

#ညွန့်

28/03/2024

တစောင်းလည် နေတဲ့ကမ္ဘာကြီးပေါ်မှာ
မဖိရ ကွဲတက်သည်ဆိုတဲ့
စာတန်းတွေ ရေးထားသာ
သိပ်ရူးကြောင်ကြောင် ဆန်တဲ့
အပြုအမူလို့ မထင်ဘူးလား
ကြည်သာရီ။

28/03/2024

ကြိုးစားရင်ဘာမဆို
ဖြစ်တယ်ဆိုတဲ့စကား
ကိုကျုပ်မယုံတော့ဘူးကိုညွှန့်
​ကျုပ်အကြိမ်ကြိမ်ကြိုးကြိုးစားပါလျှက်
မိုးသကြားလာဖြတ်သလားမသိ
အ​ကျိုးမများခဲ့ဘူး

ကျုပ်ကအတ္တသမားပါပဲ
ကျုပ်တစ်ယောက်အတွက်ဖြစ်တည်
လာတာမျိုးကိုပဲသဘောကျတယ်
ကျုပ်မျှော်လင့်သလိုမဖြစ်ခဲ့ရင်လဲ
ကမ္ဘာပျက်သုန်းတော့မလို
သက်တစ်ဆုံးခံစားလိုက်ရမ

ဒီတစ်သက်တာအတွက်ရေစက်ဟာ
ဤမျှလောက်နဲ့ကုန်မယ်လို့ကျုပ်မထင်ထားဘူး
ကုန်လဲမကုန်စေချင်ဘူးရယ်
ရုပ်ကြမ်းကြီးနဲ့အသဲနုတယ်တော့မထင်လေနဲ့
ကျုပ်ကသိပ်အသည်းမာတဲ့ကောင်လေ
မထင်မှတ်တဲ့ကျဥ်စက်နဲ့အတို့ခံလိုက်ရလို့
ဒီအသဲဟာကျွမ်းခဲ့ရတယ်လို့ဆိုရင်
ခင်ဗျားရယ်မလားကိုညွှန့်

#ဂါမဏိ

27/03/2024

အချစ်ဆိုသာ
ပေးဆပ်ခြင်းလို့ ပြောသာ
မပိုင်ဆိုင်ခဲ့ရတဲ့ လူတွေရဲ့
လက်သုံးစကားပါ
အိပ်ရေး မပျက်ပါစေနဲ့ စနိုးရေ။

ဒေါ်လာဈေးတွေတက်လာတယ်လို့ပဲ
လူတွေက ပြောနေကြသာ
မြန်မာငွေဈေးတွေ နိမ့်လာသာကိုတော့
သူတို့တွေ သိပ်မပြောကြဘူးနော်

အမြဲအမှာင်ကြနေတဲ့ကိုယ်က
နေမဝင်တဲ့ နိုင်ငံဖြစ်တဲ့
နော်ဝေ ‌လူဖြစ်ခြင်သာ
ဆန်းသလား စနိုး ရယ်။

လမ်းကြုံလို့ပြောရအုံးမယ်
Gallery ထဲပုံတွေ ဖြတ်လိုက်လို့
စိတ်မဆိုးနဲ့နော် ရင်ဘက်ထဲမှာ
မိတ္တူ ကူးပြီးသားမို့ပါ
စနိုးရေ။

လူတွေက ငရဲရှိတယ်လို့ပြောသာ
ကိုယ်မယုံခဲ့ဘူးလေ
တွယ်ငြီရာသာ ဆုံးရူံးမှာလို့
ဘုရားဟောတဲ့တရားကို ခက်မခံပဲ
တွယ်ငြီမိခဲ့ ကျွန်တော်
ခုတော့ ကံကြီးထိုက်လေပြီ။

မေတ္တာကို ငွေနဲ့ပဲ
‌ဝယ်လို့ရတဲ့ ခေတ်ကြီးမှာ
လူဖြစ်ခဲ့တဲ့
ကိုယ့်သူကိုကဗျာဆရာတစ်ယောက်လို့
ခံယူထားတဲ့ ကျွန်တော်
ခင်ဗျားနဲ့ ဝေးခဲ့သာ
သိပ်မဆန်ပေ။

ဆရာအောင်ချိမ့်လို
ဘယ်ရထားမှာ လွဲခဲ့သာလို့ဆို့
မေတ္တာရထား နဲ့ အသပြာရထား
ကြားမှာ ကျွန်တော်တို့ လွဲခဲ့သာပါ။

ခေါင်းကိုက်တက်တဲ့မင်း
အိပ်ရေးပျက်မခံပါနဲ့

ကျွန်တော်ကတော့
ဦးစိုးလွင်လွင်ရဲ့
တစ်သက်လုံးသတိရနေမယ် သီချင်းလေး
နားထောင်ရင်း ညလယ်လောက်ထိ
ဆွေးနေရ အုံးမှာပါ။

VPN တွေကို လွမ်းရတဲ့တစ်နေ့
မင်းဆီကို အရောက်လာခဲ့မှာပါ။

17/03/2024

ယနေ့ကဗျာ -

တကယ်တော့
သူငယ်ချင်းကောင်းဆိုသာ
Antony လိုမျိုး ကိုယ်တကယ်
ဒုက္ခရောက်နေတဲ့ အချိန်
ဘေးမှာ အမြဲရှိနေပေးတဲ့လူမျိုးကို
ခေါ်ပါတယ်။

#ဘညွန့်

16/03/2024

ယနေ့ကဗျာ

ကဗျာ အိုတစ်ပုဒ်
ကုန်အောင် ဖက်ခွင့်
ပေးပါ။

ဦးစိုးလွင်လွင်ရဲ့
ခွဲခွာခြင်းများ
သီချင်းကို အဆုံးထိ
နားထောင်ခွင့်ပေးပါ

ဆေးပေါ့လိပ်
တစ်လိပ် သောက်ခွင့်ပေးပါ

ကျွန်တော် သေ ဖို့အသင့်ပါပဲ
ဆရာ ။

#လူကြောက်

25/02/2024

ယနေ့ညကဗျာ
#အောင်မြင့် #ဂါမဏိ #ဘညွန့်

24/02/2024

ရေဝန်းကျောင်း ရဲ့
အခန်း၊တခန်းထဲမှာ
ခင်လာသူ‌တွေ ခုထထိ
မှတ်မိတေးတယ်
စာဆိုလည်း မင်းတို့ကတော်တယ်
ဆရာ၊ဆရာမ ချစ်တဲ့သူတွေရယ်
ကြီးပြင်းတို့တွေ အတူတူ
တဲစု - လေးမျက်နှာလမ်းတွေပေါ်
ဆိုးကြ၊မိုက်ကြရင်းနဲ့
ရုန်းထွက်တော့ တို့ကပါမလာပဲ
အမှောင်ထဲမှာ လမ်းပျောက်နေခဲ့...

သိုးမည်းတွေ‌အကြောင်း - ဗဒင်

#အောင်မြင့်
#ဂါမဏိ
#ဘညွန့်

17/02/2024

ကိုယ့်ဘက်မှာသာ
မင်းရှိနေပေးပါ ချစ်သူ
တလောကလုံးနဲ့ စစ်ခင်းရဲပါပဲ
Magadheeraဇာတ်လမ်းထဲကလိုဆို
ကိုယ့်ဘက်မှာ နတ်ဘုရားတစ်ပါးလုံး
ရှိပါတေးတယ်။ 🌱

#ဘညွန့်

10/02/2024

ဖေကြီးရေ..
ဒီတပတ် အဟောင်းတန်းဘက်သွားဖြစ်ရင်
ကတ်စက်ခပ်ဟောင်းဟောင်းလေး
တစ်ခုနဲ့
ဦးစိုးလွင်လွင် တေးပေါင်းချုပ်စာအုပ်ရယ်
သူ့ရဲ့ ချစ်လူမိုက် စီးရီးရယ် ဝယ်ခဲ့ပေးဗျာ
‌အဖေတို့ ခေတ်တုန်းကလို
လက်ဖက်ရည်ဆိုင် ယဉ်ကျေးမူကလည်း
ပျောက်ကွယ်ကုန်ပြီလေဗျာ

#အောင်မြင့်
#ဘညွန့်
#ဂါမဏိ

08/02/2024

"မျက်နှာငယ်"
အသက်၆၀
စစ်ပြန်ကြီးတစ်ယောက်ရဲ့...
သေခြင်းတရားက ကြောက်ဖို့ထက်
တုန်လှုပ်စေကြောင်း စကားကို...
ခက်ပေပေ
ဆယ်ကျော်သက်ကောင်လေးတွေ
လက်မခံချင်ကြ
ကောင်လေးတွေ
ထမင်းစားကြရင်း
ရေသောက်ကြရင်း
စွဲလမ်းကြရင်း
ရူးသွတ်ကြရင်
သေခြင်းတရားကိုရင်ဆိုင်နိုင်ကြောင်း
သတ္တိတွေပြ
စစ်ပြန်ကြီးမှာတော့
ခြေတစ်ဖတ်တုကြီးနဲ့
သေခြင်းတရားရဲ့
တုန်လှုပ်စေမှုကြီးကို
မျက်နှာငယ်နဲ့
ရှင်းပြနေရ.....
#အောင်မြင့်
#ဘညွန့်
#ဂါမဏိ

05/02/2024

တကယ်တော့
ကျွန်တော်က အရှက်လည်း မရှိသလို
အသုံးလည်း မကျပဲနဲ့
ကိုယ်နဲ့ မတန်တဲ့ အရာတွေကို
စိတ်ကူးယဉ်နေတဲ့ကောင် သက်သက်ပါ
ဘာမှ ကောင်မှ မဟုတ်ဘူး

#ဘညွန့်

04/02/2024

ဘယ်သူအလှဆုံးလဲ
ငါ့ကိုလာမမေးနဲ့
မင်းလို့ဘဲငါဖြေမှာ
ဘယ်သူ့ကိုအချစ်ဆုံးလဲ
ငါ့ကိုလာမမေးနဲ့
မင်းလို့ဘဲငါဖြေမှာဘဲ
တစ်ခါတစ်လေ
ငါ့စိတ်ကိုငါနားမလည်နိုင်တာကလွဲလို့.....
ငါဘာကောင်လဲ
ငါကောင်းကောင်းသိတယ်....
အချစ်နဲ့ပက်သက်လို့
ငါ့ကိုဘာမေးမေး
အဖြေက
မင်းနဲ့စပြီးမင်းနဲ့ဘဲဆုံးတယ်...
တိတိကျကျဘဲ
ဟုတ်တယ်
မင်းမှမင်း.....
#အောင်မြင့်
#ဘညွန့်
#ဂါမဏိ

04/02/2024

ကံကြမ္မာက မျက်နှာသာပေးတုန်းက
ကိုယ်တို့ ကြိုးစားကြည့်သေးတယ်
‌ပန်းတိုင် မရောက်ခင်အထိ
ကိုယ်ကရှေ့ဆုံးကပေါ့
ပန်းဝင်ခါနီးမှ ဒုတိယနေရာကို
ရောက်ရှိခဲ့ရင် တတိယလူနဲ့ ကိုယ်နဲ့က
အတူတူပါပဲ
ဘာပဲဖြစ်ဖြစ်လေ...
တိတိလေးပဲ လွဲခဲ့သာမို့
ကိုယ်ဖြေသာပါတယ်
မြောင်းရည်နဲ့ ရွှေငါလည်း
မမွေးခြင်တော့ သလို
အနူလက်နဲ့လည်း ရွှေခွက်
နိူတ်ဖို့ ကိုယ် စိတ်ကူး မယဉ်တော့ပါဘူး
ယဉ်ယဉ်လေးနဲ့တော့ ရူးနေပါအုံးမည်...🥈

#ဂါမဏိ
#အောင်မြင့်
#ဘညွန့်

02/02/2024

ပြန်လာပြီလားငါ့အကို
တိမ်ပြို ပြို
တောင်ပြိုပြို
မင်းဘေးကင်းဖို့ဘဲ
မေတ္တာပို့နေတဲ့ အမေကို
အတ္တသိပ်ကြီးတဲ့အမျိုးသမီးကြီးပါလို့
မင်းဆိုသတဲ့လား ငါ့အကို
ပြန်လာပြီလားငါ့အကို
သေားကတွေ
ရင်၀ယ်ပိုက်
ခေါင်းငိုက်စိုက်နဲ့
အမေ့ရင်ကိုတို့ဝှေ့လို့ပြိုဖို့
မင်းပြန်လာသလား ငါ့အကို
အတောင်တွေစုံပျံသန်းချင်လို့
ထွတ်ခွါသွားပြီးမှ
ဘာကိုမှအဆင်မပြေ
စိတ်ဓာတ်ကျချိန်မှ
ငါအမေ့ကိုလွမ်းသတဲ့လား ငါ့အကို...
ငါ့ကိုဆိုသိပ်နိုင်
အမေ့မေတ္တာငါ့ထက်ပိုရခဲ့တာကို
အမေက
မင်းလောက်ငါ့ကိုမချစ်
အပြစ်သာမြင်တယ်လို့
မင်းဆိုရက်သေးကွာ..
ပြန်လာပြီလားငါ့အကို
အမေအနားရှိချိန်
ဒို့အိပ်ချိန်
ကိုယ့်ခြေထောက်ပေါ်
ရပ်လို့နေနိုင်ဖို့
မင်းထွတ်သွားတဲ့နေ့ကလေ..
ဒို့ဖေတိတ်တဆိတ်
ကျိတ်မှိတ်လို့
ကျတဲ့မျက်ရည်တွေ
မင်းသုတ်ပေးဖို့
ပြန်လာသလား
ငါ့အကို...
မင်အဆင်မပြေတဲ့အကြောင်း
ကြားရတိုင်းမှာ
ဒို့အဖေ
ညဘက်တွေမှာကျိတ်လို့ငို
သူ့ကိုယ်သူအပြစ်တင်နေတာတွေ
မင်းနှင့်သိမ့်ဖို့
ပြန်လာသလားငါ့အကို..
ပြန်လာပြီလားငါ့အကို..
မင်သိပ်ချစ်တဲ့အိမ်သူသက်ထား
ချစ်မယားနဲ့
စိတ်အဆင်မပြေ
သူတစ်ခွန်းမင်းတခွန်း
သဘေားထားချင်းတွေကွဲတဲ့အခါ
ဒို့အမေမှာ
စားချိန်မမှန်
အိပ်ချိန်ပျောက်လို့...
မင်းတို့အဆင်ပြေ
သာယာကြဖို့..
သူမေတ္တာတွေခိုးပို့နေသတဲ့...
မင်သိပ်ပြီးအပြစ်တင်
စကားကြီးစကားကျယ်နဲ့မင်းညီလေးငါ
ဒို့မေဒို့ဖေပေါ်
မဆိုးရဲတာ..
မင်ကိုပေးတဲ့မေတ္တာ
ပါးပါးနည်းနည်းငါရချင်လို့
အလိမ်မာနေမှရခဲ့တာ..
ပြန်လာပြီလားငါ့အကို
မင်းမုန်းလွန်းတဲ့ငါးဟင်းကိုလေ
အိမ်မှာဆိုရင်လုံးလုံးမှကိုမချက်တော့သည်မို့
မင်းထမင်းမိန်ဖို့ငါမျှော်မိတယ်
ငါ့အကို
ပြန်လာတဲ့အခါစိတ်မညိုစေဖို့
ဒို့ဖေဒို့မေဒို့မောင်နှမတွေပြင်ဆင်နေလို့
ပြန်လာပြီလားငါ့အကို
ပြန်လာခဲ့ပါငါ့အကို...
#အောင်မြင့်
#ဘညွန့်
#ဂါမဏိ

02/02/2024

နေကြာ ပန်းတွေရဲ့
အဓိပ္ပာယ်
နှင်းဆီ ပန်းတွေရဲ့
အဓိပ္ပာယ်
ဒေစီ ပန်းတွေရဲ့
အဓိပ္ပာယ်
ကာနိုလာ ပန်းတွေရဲ့
အဓိပ္ပာယ်
ကျူးလစ် ပန်းတွေရဲ့
အဓိပ္ပာယ်
အဲ့ပန်းတွေရဲ့ အဓိပ္ပာယ်တွေနဲ့
ကိုယ့်အချစ်တွေက ထပ်တူပါပဲ
#ဘညွန့်
#ဂါမဏိ
#အောင်မြင့်
Photo Crd

31/01/2024

သောက်ကွ
အောင်မြင့်ရ
ပျက်အစဉ် ပြင်ခနဆိုသာ
အပြောသာ လွယ်သာဟ
ပျက်စီးနေတာ ပျော်ဖို့ကောင်းနေတော့
ပြင်ရမှာတောင် နှမျောမိတယ်ကွာ

#ဘညွန့်
#အောင်မြင့်
#ဂါမဏိ

30/01/2024

ငါ့အကြောင်းတွေ၊
အစကပြန်ပြောတဲ့အခါ၊
အယ်နိုရေ...
မင်းဟာ
ပြုံးပြီးတော့
နားထောင်နေပေးပေါ့၊
မင်းကိုချစ်တဲ့အကြောင်းတွေရယ်၊
ငါရဲ့
မအောင်မြင်မှုတွေရယ်၊
အတုယောင်ကမ္ဘာကြီးထဲမှာ
အစစ်မှန်မေတ္တာတွေရှာနေတဲ့အကြောင်း၊
ငါအသက်ရှင်
နေရတာဟာ
လူတွေဟာလူတွေဖြစ်နေသေးကြောင်း
သက်သေပြချင်လို့ဆိုတဲ့အကြောင်း၊
မေတ္တာတွေဟာကမ္ဘာမှာ
ရှားပါလွန်းတဲ့အကြောင်း၊
ငါဟာဆယ်နှစ်လုံးမေတ္တာတွေငက်ခဲ့ကြောင်း၊
ငါပြောပြမှာ
ငါ့ရဲ့အလိုကျ
မက်ခဲ့တဲ့အိပ်မက်တွေအကြောင်းတွေကို၊
ငါအလိုကျငါပြောလို့ရတဲ့ပါးစပ်ပေါက်ကြီးနဲ့၊
အားရပါးရပြောပြတဲ့အခါ၊
တစ်လေားကလုံးက
မယုံတောင်မင်းပြုံးနေဖို့လိုတဲ့ကြောင်း၊
ပြောပြမှာ၊
ပြောပြမှာ၊
ဟုတ်တယ်အယ်နို...
ငါအသက်ရှင်နေသ၍ပြောပြနေမှာ.....
#အောင်မြင့်
ွှန့်
#ဂါမဏိ

30/01/2024

ဆေးပေါ့လိတ်ကြီးဖွာ
ငါ့ကိုငါကဗျာဆရာပါလို့မိတ်ဆပ်မယ်ကွာ...
မင်းကတော့ပါးစပ်လေးပိတ်
ခေါင်းလေးညိမ့်လို့ လက်ခုပ်တီးပေး
ကမ္ဘာတစ်ခြမ်းငါနဲ့စစ်ခင်းမယ်ကွာ
ထွတ်ခဲ့စမ်းပါ ဆရာကြီးတွေ
ထွတ်လာပါပြီဆရာကြီးတွေ
ချစ်တက်ပါဘိဆရာကြီးတွေ
သူတို့လဲငါလိုဘဲတစ်ဖတ်သက်ကြီးတွေ...
#အောင်မြင့်
ွှန့်
#ဂါမဏိ

30/01/2024

ငယ်ကတည်းက
သင်္ချာမှာထုံခဲ့တဲ့ကောင်၊
အခြေမတူရင်
ပေါင်း၊နှုတ်၊မြှောက်၊စားလုပ်လို့မရဘူးဆိုတဲ့သင်ခန်းစာ...
အသက်
နှစ်ဆယ်ကျော်မှနားလည်လာခဲ့...
ငယ်ငယ်ကနေခုထိ
သုညနဲ့စက်လုံးကို
ခနခနမှားနေဆဲ၊
အယောင်ယောင်
အမှားမှား
စိတ်ကူးသမားကြီးကို၊
မင်းတစ်ယောက်သာနားလည်ပေးနိုင်ခဲ့၊
ငါကိုဆိုချစ်လိုက်တာတုန်လို့တဲ့၊
ငါကလဲချစ်လိုက်တာမင်းကိုဘဲ
တုန်နေအောင်ပေါ့၊
မင်းအသိုင်းအဝိုင်းက
ငါကိုဆိုနှာခေါင်းတွေခပ်ရှုံ့ရှုံ့၊
၄တန်းသာအောင်ခဲ့တဲ့
ငါဘ၀ဟာ
အိပ်မက်တွေရှိကြောင်းထုတ်ပြဖို့
ချည့်နဲ့နဲ့ပေါ့၊
အားအင်တွေပေး
ပေတေတေဘ၀ကြီးကို ပြောင်လဲပေခဲ့တဲ့
မင်းဟာငါ့အတွက်တော့
ယေရှု့ဖန်ဆင်ပေးတဲ့
နံရိုးတစ်ချောင်းဆိုတာထက်ပိုနေပါရဲ့....
ယေရှုကမတောင်းဘဲပေးတဲ့
အရာတွေထဲ
မင်းကိုရလိုက်ခြင်းဟာ
ငါ့အတွက်
ပြည့်စုံခြင်းထက်ကိုပိုနေပါရဲ့....
#အောင်မြင့်
ွှန့်
#ဂါမဏိ

29/01/2024

"မင်းပါပါစေ/မင်းမပါစေ"
န၀မအကြိမ်
မန္တလေးဘုရားကြီးကိုဖူးတဲ့အခါ၊
မင်းပါပါစေ...
န၀မအကြိမ်
မန္တလေးတောင်
တက်တဲ့အခါ၊
မင်းပါပါစေ...
န၀မအကြိမ်
ပိုင်စိုးဝေရဲ့
ဂန္ဓ၀င်အစစ်နဲ့မော်ဒန်အတုကဗျာ
ဖတ်တဲ့အခါ၊
မင်းပါပါစေ...
န၀မအကြိမ်
ပိုင်စိုဝေရဲ့
မန္တလေးကဗျာရှည်
ဖတ်တဲ့အခါ၊
မင်းပါပါစေ....
န၀မအကြိမ်
၈၄/၄၁လမ်းဆုံမှာ
အိမ်ပြန်ကားကို
စောင့်တဲ့အခါ၊
မင်းပါပါစေ..
နောက်ဆုံးအကြိမ်
ငါ့ကိုနှုတ်ဆပ်သွားတဲ့
လူတွေထဲမှာ၊
မင်းမပါစေနဲ့.....
#အောင်မြင့်
ွှန့်
coh ဂါမဏိ

29/01/2024

ငါပြောပြချင်တယ်အယ်နို...
မင်းအပြုံးလောက်
မိုနာလီဇာအပြုံးဟာမလှတဲ့အကြောင်း၊
ဘီကိတ်လောက်မှ
မချမ်းသာတော့
ဘ၀ကနေလို့အဆင်မပြေတဲ့အကြောင်း၊
မိန်းကလေးတွေရဲ့
ခန္ဓာဗေဒအ​ကြောင်းကို
တစ်တစ်ခွခွစကားရိုင်းတွေနဲ့
အားရပါးရပါးစပ်အရသာခံပြောနေတဲ့ကမ္ဘာသားတွေနဲ့အပေါင်းအသင်းမလုပ်ချင်တဲ့အကြောင်း၊
မန်ချက်စတာယူနိုက်တက်ဟာခြေစွမ်းတွေကျနေတောင်
ငါအားပေးနေတဲ့အကြောင်းနဲ့၊
မင်းအကြိမ်ကြိမ်ငြင်းနေတဲ့ငါ့ရဲ့အကြောင်းတွေလဲပြောမယ်၊
ပြောပြမယ်အယ်နို
ပြောပြမယ်၊
ပြောပြမယ်၊
မင်းကိုဘဲ၊
မင်းကို​ဘဲပြောပြမယ်.......
#အောင်မြင့်
ွှန့်
coh ဂါမဏိ

29/01/2024

ငါကလဲလေ
ခလုတ်ထိတော့
အမိတတယ်...
ဒုတ္ခတွေ့တော့
ဘုရားတမိရေား...
အဲ့လိုကောင်ကို
အချစ်ပြပါဆို..
မင်းကိုပြရလိမ့်မယ် ခင်ရေ...
#အောင်မြင့်

29/01/2024

စိတ်သဘေားထား
သေးငယ်လိုက်ပုံများ...
ငါ့ကိုကျငြင်းတယ်၊
ရက်ရက်စက်စက်ဘဲ..
သူ့ကိုကျ ချစ်လိုက်တာ
ရက်ရက်စက်စက်ကို
ချစ်နေတာ။
#အောင်မြင့်
#ဘညွန့်
#မာလင်

Videos (show all)

ယနေ့ညကဗျာ#အောင်မြင့် #ဂါမဏိ #ဘညွန့်

Website