ရခိုင့်အက္ခရာစာပီဆိုင်ရာ စာတမ်းများ

ရခိုင့်အက္ခရာစာပီဆိုင်ရာ စာတမ်းများ

ရခိုင်ဘာသာစကားဆိုင်ရာ စာတမ်း၊ အသံဖ?

30/05/2020

ရခိုင်ဆွီမျိုးအခေါ်အဝေါ်တိ
************************************

ဒေရခိုင်ဆွီမျိုးအခေါ်အဝေါ်တိကို ကြီးစဉ်ငယ်လိုက် ကြီး၊ လတ်၊ ချေ၊ ထွီး လို့ ခေါ်ကတ်ပါရေ။

အဖသျှင်၊ အဖ၊ အဘာ၊ ဘာဘာ၊ ဘားဘာ
အဖသျှင်၊ အဖသည်၊ (.....)ဖ
အမိသျှင်၊ အမိ၊ အမင်၊ အမိုင်း၊ အီးယေ၊ အီးယောင်
အမိသျှင်၊ အမိသည်၊ (.....)မိ
အဖိုးသျှင်၊ အဖိုး၊ ဖိုးဖိုး၊ ဖိုးယေ
အဘောင်သျှင်မ၊ အဘောင်သျှင်၊ အဘောင်၊ ဘောင်ဘောင်၊ အဒါသျှင်၊ အဒါဘောင်၊ အဒါယေ၊ အဒါ၊ ဒိုးဒို
မောင်ကြီးသျှင်၊ မောင်းမောင်ကြီး၊ မောင်ကြီး
အစ်ကို၊ မောင်းမောင်
အစ်ကိုကြီး၊ ဂိုးဂိုကြီး၊ ဂိုးကြီး
အစ်ကိုချေ၊ ဂိုးဂိုချေ
မျေကြီးသျှင်၊ အမျေကြီး၊ မေကြီး၊ မကြီး၊ မေးမေကြီး
နှမ၊ ညီမ
အယိုး၊ ဟိုင်း၊ ဟေ၊ နင်၊ ဟာချေ
ရောက်မ
မရီး
ခြည်မ
ခြုပ်မ
မတ်
မျောက်သား
အပုချေ၊ အပုယေ၊ ပုယေ၊ မောင်ယေ၊ အစိတ်ကေ
ပုမ‌ချေ၊ ပုမယေ၊ မယေ၊ မစိတ်ကေ
တူချေ
တူမချေ
အဆွီ၊ ဟာလူ၊ မင်း၊ အဝေး
ယောက်ဖကြီး၊ ခအိုကြီး
အရီးကြီး
အခင်ကြီး၊ မင်းကြီး၊ မင်းမင်းကြီး
အကြီးသျှင်မ၊ အကြီးသျှင်၊ ကြီးကြီး
အယွေကြီး၊ ယေးယေကြီး
အဘေကြီး၊ ဘေးဘေကြီး
အခင်ကြီး၊ မင်းကြီး
အဘာကြီး၊ ဘကြီး
အခင်၊ မင်းမင်
အရီး၊ ယေးယေ
အဘေ၊ အခင်၊ ခင်ခင်

အထက် (၇) ဆက် အဖအမျိုး
*************************************
အဖ၊ အဖိုးသျှင်၊ အဖီးသျှင်၊ အဇူသျှင်၊ အဇာသျှင်၊ အနုသျှင်၊ အနာသျှင်

အထက် (၇) ဆက် အမိအမျိုး
*************************************
အမိ၊ အဘောင်သျှင်မ၊ အဖီးသျှင်မ၊ အဇူသျှင်မ၊ အဇာသျှင်မ၊ အနုသျှင်မ၊ အနာသျှင်မ

အောက် (၇) ဆက်
**************************
သား၊ မြီး၊ မြစ်၊ တီ၊ ကြွက်၊ ဂျွတ်၊ ချွတ်

မှတ်ချက်။ ။အသျှင်စက္ကိန္ဒ ဧ့ ရခိုင်ဘာသာစကားလမ်းညွှန်စာအုပ်ကို ကိုးကားထားစွာပါ။

ခိုင်ထွီး

18/09/2016

သာစြေလ

Timeline photos 07/08/2015

စကားပြောခြင်းက ပင်ကိုယ်စရိုက်သို့ စံလင်း(ဦးရာဇ်မြီ)

ပြုစုရေ အတွေးအမြင်စာအုပ်ကို မလေးသျှားမာ ဒေနိ(၇.၈.၂၀၁၅) စတင်ဖြန့်ချီနီပါပျာ။ မလေးသျှားက ရခိုင်ဆိုင်တိမာ မီးမြန်းအားပီးနှိုင်ပါရေ။ ထိုင်းနန့် စိန်ကာပူမာ ဖြန့်ချီဖို့ကိုလေး ဆက်သွယ်ဆောင်ရွက်နီပါရေ။

ဆက်သွယ်ရန်- ၀၁၀ ၂၉၆၁ ၇၈၂၊ ၀၁၀ ၃၆၉၀ ၀၇၆

Photos from ရခိုင့်အက္ခရာစာပီဆိုင်ရာ စာတမ်းများ's post 29/07/2015

ဝါကျကိစ္စ

Photos from ရခိုင့်အက္ခရာစာပီဆိုင်ရာ စာတမ်းများ's post 22/05/2015

စာအုပ်ဈီးကွက်ရောက် ရခိုင်အရီးအသားပိုင်းဆိုင်ရာ စာအုပ်တအုပ်။

Timeline photos 30/12/2014

မလေးယှားမာ ဖြန့်ချီနီပျာလတ်ထော

03/11/2014

Ran Naing
1 hr ·

ရခိုင်ဘာသာစကား

အကျွန် ၂၀၁၂ တစ်နှစ်လုံးနီးကပါး ရခိုင်ပြည်မာလားပနာ စာသင်ခီရေ အဓိက ရခိုင်စာသင်ချင်စွာ ရခိုင်စာ သင်ရေဆိုကေ လူရယ်ဖို့လည်း ကြောက်ရရေ။ ယေကေ လူကြားကောင်းယောင် အင်္ဂလိပ်စာသင်ရေ။ အဓိက အင်္ဂလိပ်ဝေါဟာရတိကို ရခိုင်ပိုင် ကျက်ခိုင်း မှတ်ခိုင်းရေ ဥပမာ Boy ယောက်ျားချေ အကောင်ချေ ကလေချေ Girl မမာ့ချေ ကလိန့်မေချေ Uncle အရီး အခင် အခင်ကြီး/ချေ အဘာကြီး/ချေ ဆိုပနာ သင်ပီးရေ။ ၃ လ လောက်ကြာစွာနန့် ရခိုင်စာ အရီးအသားနန့် အင်္ဂလိပ်စာ ပြိုင်တူ တိုးတက်ပါလတ်တေ။ ရခိုင်ပီနန့် ဇဘာသာစကားကို တန်ဖိုးထား မြတ်နိုးမှုတိလေ့ တိုးတတ်ပါလတ်တေ။ အကျွန်စွာ ရွာလယ်က စာကြည့်တိုက်ကို စာသင်ခန်းအဖြစ် အသုံးပြုခရေ။ အကျွန့် စာသင်ခန်းထဲမာ ဗမာစကား လုံးဝပြောခွင့်မပြု ဗမာတေးခြင်းဆိုခွင့်မပြု ဗွီဒီယိုကြည့်ခီလို့ ပြန်လာကေ ဗွီဒီယိုပါ အကြောင်းအရာတိကို ရခိုင်ပိုင်ရာ ပြန်ပြောခွင့်ပြုရေ။ ဗမာစကား တစ်ခွန်းပါကေ ထထိုင် ၅ ခေါက် လုပ်ခိုင်းရေ။ ကြာလာရေခါ စည်းကမ်းကျပါလတ်တေ။ အကျွန်ကြားလိုက်လိုက် မကြားလိုက်လိုက် ကိုယ့်စွာကိုယ် ထထိုင်လုပ်ကတ်တေ။ ရခိုင်စကားနန့်စာသင်လို့ ကဲ့ရဲ့ကတ်တေ သရော်ကတ်တေလူတိ မကန်ပေါ်လာရေ။ ရွာမာဟိရေ အထက်တန်းကျောင်းက ကျောင်းဆရာတိတောင်ပါရေ။ အကျွန်က ကျောင်းသားတိကို စိတ်ဓါတ်မြှင့်ထားရေ။ "ငါရို့တိ လိလာကြိုးစားမှုနန့် ရခိုင်ဘာသာစကားစွာ တနိမာ ကမ္ဘာသုံးဖြစ်လာရဖို့" ဆိုပနာ ရိုက်သွင်းထားရေ။အဂင့်လည်း ယုံကြည်ကတ်တေ။

ကုလာနန့် ပြဿနာဖြစ်ပြီးခါစမာ ရွာကမူလတန်းကျောင်းတိသို့ စစ်တွေက ဆရာမတိမလာဝံ့ကတ်။ ယေနက်လို့ ရွာထက်က ဆယ်တန်းအောင်ထားရေ မမာ့ချေတိကို ရွာကကျောင်းမာ စေတနာ့ဝန်ထမ်းလုပ်ပီးဖို့ ကျောင်းသားမိဘတိနန့် ကျောင်းအုပ်ကြီးက လာပြောလို့ အကျွန့်ကျောင်းက မမာ့ချေနှစ်ယောက် စာလာသင်ကတ်တေ။

ဆရာမချေက အင်္ဂလိပ်စာသင်ရေ အကျွန့် ပုံစံအတုင်းသင်ရေ ယင်းယှင့်ကို မူလတန်းကျောင်းအုပ်က လက်မခံနိုင်။

ဆရာမချေ ဗမာဝေါဟာရနန့် မသင်နိုင်လို့ ပြန်ပြောရေ။ နောက်ဆုံးခါ ကျောင်းအုပ်ဆရာကြီး အယှုံးပီးလိုက်တေ။

ကိုယ့်ရပ်ကိုယ့်ဒေသတိကိုပြန်ပနာ ဒေပိုင်လုပ်ပီးနိုင်ဖို့ဆိုကေ ရခိုင်ဘာသာစကားကို ကိုယ့်နည်းကိုယ့်ဟန်နန့် တက်နိုင်သလောက် ထိန်းထားနိုင်ဖို့ဖြစ်တေ။

27/10/2014

တက် သစ်အောင်

ဆရာကြီး ရွှေဝ ကွယ်လွန်
-------------------
မြန်မာနိုင်ငံစာရေးဆရာအသင်း
၏ကန်တော့ခံသက်ကြီးစာပေပညာရှင်
စာရေးဆရာကြီးရွှေဝ(ဦးမွှီးလှအောင်)
၉၃ နှစ်သည်၂၆.၁၀.၂၀၁၄ ည၅း၄၅
တွင်လူကြီးရောဂါဖြင့်ကွယ်လွန်အနိစ္စ
ရောက်ခဲ့သည်။
အရပ်ထောင်ထောင်မောင်း
မောင်းနှင့်ဥပတိရုပ်ကောင်းသောရခိုင်
အမျိုးသား စာရေးဆရာကြီးတစ်ဦး
လည်းဖြစ်သည်။
စာပေဗိမာန်တွင်နယ်လှည့်
စည်းလုံးရေးမှုးတာဝန်ကိုအောင်မြင်စွာ
ထမ်းဆောင်ခဲ့ပြီးကဗျာ၊ဆောင်းပါးများ
စွာရေးဖွဲ့ခဲ့သူလည်းဖြစ်သည်။
ဆရာ၏ လမင်းထိန်ထိန်
ကဗျာများ စာအုပ်မှာထင်ရှားသည်။
စာရေးကောင်းသောမျိုးချစ်
ရခိုင်တစ်ဦးဆုံးရှုံးသွားပါသဖြင့်အလွန်တ
ရာမှဝမ်းနည်းကြေကွဲရပါသည်။
ဆရာကြီးကောင်းရာသုဂတိ
လားပါစေ။
(ဆရာကြီးဦးအောင်သင်း ၈၈ နှစ်
ကွယ်လွန်ပြီးနောက်တစ်နေ့တွင်ဆရာကြီး
ဆုံးပါးသွားခြင်းဖြစ်ပေသည်)
တက်သစ်အောင်(စစ်တွေ)
27.10.2014

17/06/2014

ကာရိုက် ခေါ် ကျိုကြောင်းပြတိပါဒေ အစ်ကို

30/03/2014

ခွါနာကျခရုတကောင်ဧ့တာဝီးခရီး

ရခိုင်အရီးအသားနန့် ပတ်သက်ပြီးကေ ကြည့်လိုက်တေအခါ ရခိုင်ကို ဘိုးတော်ဘုရားသိမ်းယူပြီးရေ နောက်ပိုင်းမှာ ပျော့ညင်လှာရေလို့ ဆိုချင်ပါရေ။ ကဗျာပိုင်းလောက်ကတော့ ရခိုင်အသံနန့် တွိရရရေ။ စကားပြေပိုင်းမှာကျရေခါ ဗမာအရီးအသား စက်ရိပ်အောက်ကို ရောက်ဟိလားရေလို့ ဆိုရမေ ထင်ပါရေ။

နဂိုကမှ ဘာသာစကားနှစ်ခုက ကောင်းကြီးအကွာအဝီးမာမဟိရေခါ ပိုပြီးကေရောနှောဖို့ အခွင့်သာရေဆိုရပါမေလေ။

ဒေမှာဘက်ပိုင်း ရောက်ပါလတ်တေခါ ရခိုင်အပြောစကားရာဟိပြီးကေ အရီးအသားကျကေ မဟိ သလောက် ယှားပါးလားရေ။ ယေဇုနန့် အခြားလူမျိုးတိက မီးမြန်းမှုကို တွိရပါပျာကာယေ။

“ရခိုင်မှာစာဟိယင့်လား” ဆိုပြီးသားကေပ။ ဧမီးခွန်းကြောင့် အမီးခံရသူက သာမန်လူတယောက်ဆိုခါ အလွယ်ကာသား သူသိပိုင်ဖြေတက်တေ။ ခေတ်ပညာတက်တိအသိုင်းအဝိုင်းထဲက အမီးခံရရေဆိုရေ ခါ ဖြေဖို့အတွက် အဖြေထက် စိတ်ထဲမှာ အခံရခက်မှုက နှိပ်စက်ခြင်းကို ခံရတတ်ပါရေ။ အဖြေပီးရေ ထဲမှာ အချို့က “ရခိုင်မှာ စာမဟိ၊ ဗမာစာနန့် အတူတူရာ” လို့ ဖြေတက်သူက ဖြေတက်ကတ်တေ။

ဧပိုင်အမီးခံရလို့ထင်ပါရေ။ ရန်ကုန်တက္ကသိုလ်ဟိ ရခိုင်ကျောင်းသူကျောင်းသားတိက (၁၉၅၀)ခုနှစ် လွတ်လပ်ရီးနိအမီ “ရခိုင်ကျောင်းသားကျောင်းသူများအသင်းမဂ္ဂဇင်း” ကို ထုတ်ဝီကတ်ပါရေ။ ယင်းမဂ္ဂဇင်းမှာ ရခိုင့်သမိုင်း၊ ရခိုင်ယဉ်ကျေးမှုနန့်အတူ ရခိုင်ဒေသနောက်ခံနန့် စာပီပုံသဏ္ဍာန်အသီး သီးကို တွိရပါရေ။ ရခိုင်ရနံ့သင်းထုံ ဆွတ်ကြိုင်လှိုင်နီရေစာစောင်လို့ဆိုရပါဖို့။ ယေဒါလေ့ အရီးအသား ကတော့ မြန်မာအရီးသားရာ ဖြစ်နီသီးရေလို့ သတိထားမိပါရေ။ ပုံသဏ္ဌာန်

ယင်းနောက် (၁၉၅၁)ခုနှစ်မှာ ရခိုင်ကျောင်းသူကျောင်းသားများအသင်းမဂ္ဂဇင်းကို “ရခိုင်တန်ဆောင်” မဂ္ဂဇင်းဆိုရေနာမည်အသစ်တပ်ပြီကေ ထွန်းညိုလိုက်တေဆိုပါဖိ။ ရခိုင်အကြောင်း၊ ရခိုင်သမိုင်းတိပြည့်ကြွယ်နီကေလေ့ အရီးအသားက မြန်မာအရီးပင် ဟိပါသီးရေ။ ဆိုပြီးကေ
(၁၉၅၂-၅၃)ခုနှစ်ထုတ် ရခိုင့်တန်ဆောင်မှာတော့ “ပဲ့တင်သံ” ဆိုရေ ပြဇာတ်တပုဒ်ပါလှာပါရေ။ ယင်းပြဇာတ်ကို ရီးသူကတော့ “ချင်းပျံ”ပါလတ်။ “ချင်းပျံ”ဆိုရေ ကလောင်ကတော့ ပါမောက္ခချုပ်ဟောင်း ဆရာဦးကျော်ရင်လို့ ဆရာမောင်ဗသိန်းဘက်ကတဆင့် သိရပါရေ။)
ရခိုင်ပဲ့တင်သံပြဇာတ်မှာ အခန်း(၃)ခန်းပါပါရေ။ သံတွဲနီရာ၊ ကျောက်ဖြူနီရာ၊ စစ်တွေနီရာဆိုပြီးကေ အခန်းကိုခွဲပါရေ။ ယင်းမှာပါရေ ဇာတ်ဆောင်တိစကားပြောရေခါ ကိုယ့်သက်ဆိုင်ရာဒေသသံနန့် ကိုယ် ပြောရေ အပြောအတိုင်းတင်ပြထားရေ ပြဇာတ်တပုဒ်ပင် ဖြစ်ပါရေ။ ယင်းပြဇာတ်ရေ ရခိုင်အရီး အသားကို ပြန်လည်ဟြင်ပြန်ထမြောက်ဖို့ သန္ဓေအစ ကလလရီကြည်ဆိုနှိုင်မေ ထင်ပါရေ။

ရခိုင့်တန်ဆောင် အတွဲ-၁၊ အမှတ်-၆၊ ၁၉၅၇ - ၅၈မှာ “ရခိုင်စာပီကဏ္ဍ” ဆိုပနာ ကဏ္ဍသစ်တရပ် ဖွင့်လှစ်လှာစွာတွိရပါရေ။ ရခိုင်စာပီကဏ္ဍကို ဆရာစံဘော်က “စကားဦး” ဆိုပြီးသားကေ ဂေါင်းကြီးပိုင်းရီးပါရေ။ ယင်းဂေါင်းကြီးပိုင်းမှာ “ဝေသာလီခေတ် ကောင်းစားစဉ်က အသုံးပြုခဲ့သော ရခိုင်အက္ခရာအရေးအသားကို ပြည့်ပြည်စုံစုံ ပြန်လည်တွေ့ရှိလာရသည်မှာ ပြည်ထောင်စုအတွက် အားတက်ဝမ်းမြောက်ဖွယ်အခြင်းအရာတရပ်ဟုဆိုပါက မှားနိုင်မည်မဟုတ်ပေ” မြန်မာအရီးစကားပြေနန့် ဖော်ပြထားပါရေ။ ယင်းနန့်အတူ ရခိုင်သင်ပုန်းကြီးဆိုနည်းကိုပါ ဖော်ပြထားပါသီးရေ။ ယင်းကဏ္ဍဧ့ ကျေးဇူးတင်စကားမှာ-

“ရခိုင်စာပေအက္ခရာများကို ဖွင့်လှစ်ထုတ်ဖော်ပြရာတွင် ကူညီအားပေးကြကုန်သော မာန်အောင်မြို့မှ ဗေဒင်ဆရာကြီး ဦးထွီးအောင်အားလည်းကောင်း၊ ဦးထွီးအောင်ဧ့သား ဦးစံညွန့်အားလည်းကောင်း၊ ယင်းမြို့မှ ဦးဘိုးတုတ်အားလည်းကောင်း၊ ရမ်းဗြဲမြို့၊ ဗဟန္တောင်ဆရာတော်ကြီးအားလည်းကောင်း၊ မြို့ဟောင်းမြို့မှ ရခိုင်မြန်မာသုတေသီပဏ္ဍိတ် ဦးဦးသာထွန်းအားလည်းကောင်း၊ လူကြုံအားဖြင့် မှာကြားကူညီအားပေးသော ရခိုင်ရဟန်းပညာသျှင်၊ လူပညာသျှင်တို့အားလည်းကောင်း ရန်ကုန်မြို့ မင်္ဂလာသုခပါဠိတက္ကသိုလ် ဆရာတော်ကြီး ဦးကေသရအားလည်းကောင်း၊ ဆရာတော်ဦးသုမနအား လည်းကောင်း၊ ရန်ကုန်မြို့နန့် နယ်တဝိုက်တွင် နေထိုင်ကြသော ရခိုင်ရဟန်းသျှင်လူ ပညာသျှင်တို့ အားလည်းကောင်း၊ စိတ်ပါဝင်စားသော ကျောင်းသူကျောင်းသားများအားလည်းကောင်း” ကျေးဇူးတင် စကားမှာ ဖော်ပြပါဟိစွာ တွိရပါရေ။

(၁၉၅၈ - ၅၉)၊ အတွဲ(၁)၊ အမှတ်(၇)ဧ့ ရခိုင့်တန်ဆောင်မဂ္ဂဇင်း၊ စာပီကဏ္ဍအယ်ဒီတာမှာ ကိုဧကျော်ဖြစ်ပါရေ။ အတိုင်ပင်ခံစာတည်းက ဦးကျော်ရင်(M.A)ကို တွိရပါရေ။ အယ်ဒီတာအာဘော်မှာ ဖော်ထုတ်ထားရေ “ရက္ခဝဏ္ဏအက္ခရာ” နန့် ရခိုင်အရီးစကားပြေကို အသုံးပြုရီးထားစွာ တွိရပါရေ။

“ကမ္ဘာ့လူမျိုးအသီးသီးတွင် မိမိရို့ဧ့ ကိုယ်ပိုင်ယဉ်ကျေးမှုအသီးသီး ဟိကြပေသည်။ ယိုင်ကျေးမှုမဟိရေ လူမျိုးသည် သူတပါးလက်အောက်သို့ ကျရမည်မှာ မုချပင်ဖြစ်သည်” ဆိုပြီးကေ ရီးသားဖော်ပြထားပါရေ။ ယှင့်တောင့်မကသီး၊ ရက္ခဝဏအက္ခရာကိုသုံးပနာ ရခိုင်အရီးဘာသာစကားနန့် (၇)မျက်နှာရီးထားစွာကို တွိရပါရေ။
(၁၉၅၀-၆၁)ခုနှစ်၊ အတွဲ(၁)၊ အမှတ်(၈)၊ ရခိုင့်တန်ဆောင်မှာ ရခိုင်စာပီကဏ္ဍကို အယ်ဒီတာ ကိုလှကျော်၊ တွဲဖက်အယ်ဒီတာ ကိုစောအောင်ဖြူ၊ အတိုင်ပင်ခံ ဦးကျော်ရင်(M.B)ရို့က တာဝန်ယူတင်ဆက်စွာကို တွိရပါရေ။ ယင်းယှင့်မှာ “ရခိုင်မျိုးရိုး အစိုင်စာပီ” ဆိုရေ ဂေါင်းကြီးပိုင်းကို တွိရပါရေ။ အက္ခရာကတော့ လက်ဟိ အသုံးပြုနီရေ အက္ခရာနန့် ရီးထားစွာကို တွိရပါရေ။
“စာပီသည် လူမျိုးဧ့ အသက်သွီးကြောဆိုက မမှားနှိုင်။ ကမ္ဘာနန့်အဝှန်း မျိုးချစ်နိုင်ငံများသည် မိမိရို့တိုင်းရင်းသားစာပီကို မပျောက်မပျက်ရလီအောင် အမြတ်တနိုး ထိမ်းသိမ်းစောင့်ရှောက်ကတ်၏။ တနည်းအားဖြင့် စာပီသည် ယိုင်ကျေးမှုဧ့ မိခင်ဖြစ်၏။
ဧနိအကျွန်ရို့စာပီမှာ ပျောက်ကွယ်လုလုဟိ၏။ ရခိုင်စာပီသည် ရှိကျပါ၏။ ရခိုင်စာပီမှာ ခိုင်သော နောက်မှီဟိ၏။ သို့သော်ရခိုင်စာပီအက္ခရာများကို လေ့လာထိန်းသိမ်းမြတ်နိုးမည့်သူ အလွန်ယှားနီသဖြင့် အကျွန်ရို့စာပီသည် ရီတိမ်မှာနစ်နီရ၏”။

(ရခိုင်တန်ဆောင် တွဲ(၁)၊ အမှတ်(၈)၊ ၁၉၅၀ - ၆၀။ စာ-၁)ဆိုပနာ ဖော်ပြထားပါရေ။ ယေပြီးသားကေ “သဇင်ပန်းခိုင် တမြိုင်မြိုင်” ဆိုရေ ဆောင်းပါးကို ရခိုင်ရီးစကားပြေနန့် ရီးထားစွာကို တွိရပါရေ။။

(၁၉၆၀ -၆၁)ခု၊ အတွဲ(၁)၊ အမှတ်(၉)၊ ရခိုင့်တန်ဆောင် စာပီကဏ္ဍမှာ အတိုင်ပင်ခံစာတည်း ဦးစံကျော်ထွန်း၊ ရခိုင်စာတည်း ကိုစောအောင်ဖြူ၊ တွဲဘက်စာတည်း ကိုကျော်သိန်းရို့ကို တွိရပါရေ။ “ကျောက်ရိုးအစွယ်ထက်မှာ သန္တာပန်းပွင့်ချိန်”ဆိုရေ ဂေါင်းကြီးပိုင်းကို ဖော်ပြထားပါရေ။ ယင်းဂေါင်းကြီးပိုင်းမှာ-

“စိမ်းညို့ညို့မှိုင်းမြမြ နွယ်ချိုဖိုးခေါင် ရိုးမတောင်သည် ငါရို့၏ ရက္ခမဏ္ဍိုင်ပင်တည်း။ မားမားမတ်မတ် တည်ငြိမ်နီသော ကျောက်သားစိတ်အဟုန့်နန့် အံကြိတ်နီသည်သာ ဖြစ်၏”ဆိုပြီး တွိရပါရေ။ ရခိုင်စာပီ ကဏ္ဍမှာ စာမျက်နှာ(၁၀)မျက်နှာဟိပါရေ။ စောမွန်မောင်မောင်ဧ့ သန္တာမြီမှ မျိုးရိုးသွီးရိုက်ခတ်သံ” စာညွန့်ကိုလေ့ တွိရပါရေ။ ယင်းကဏ္ဍမှာ ဆရာမောင်လွန်းကြင်ဧ့ “ နှောင်းရက်ဝီးလွန်” ကဗျာကိုတွိရ ပါရေ။ ယင်းကဗျာက လေးလုံးစပ်ကဗျာပါ။ အခြားကဗျာတိကို ကဗျာစပ်နည်းသစ်တိနန့် ရီးစပ်ထား ပါရေ။ ယင်းစပ်နည်းကို လူကြိုက်များခစွာကတပိုင်း၊ ဆက်လက်ပြီးကေ မရီးခစွာကတပိုင်းကြောင့် တိမ်မြုပ်ငုပ်လျှိုးလားခစွာလို့ထင်ပါရေ။

အတွဲ(၁)၊ အမှတ်(၁၀)၊ ၁၉၆၁-၆၂ ရခိုင့်တန်ဆောင်စာပီကဏ္ဍကို စာတည်းကိုစံရွှေမောင်၊ တွဲဖက် ကိုမောင်ကြီးစိန်၊ အတိုင်ပင်ခံစာတည်းတိက ဦးကျော်ရင်(တက္ကသိုလ်)၊ ဦးဘစံ (အလုပ်သမား ညွှန်ကြားရေးဝန်ကြီးဌာန)၊ ဦးစံဖော်(ကျောင်းဆရာကြီး)ရို့ ကိုင်တွယ်ခစွာ တွိရပါရေ။
ယင်းမဂ္ဂဇင်းမှာ ရခိုင်စောက “ယဉ်ကျေးမှုမှာ တပွင့်သာ” ဆောင်းပါတပုဒ်ကို တွိရပါရေ။ သူ့ဆောင်းပါး က ဇာတ်ဆောင် အချိအချပြောဟန်နန့် တင်ပြထားပါရေ။ အချီအချပြောစကားကို ရခိုင်စကားနန့် ရီးပါ ရေ။ စာရီးသူ ပြောပြချက်ကိုတော့ စံမြန်မာအရီးစကားပြေနန့် ရီးပါရေ။ ကျန်ရခိုင်ဆိုင်ရာ ဆောင်းပါးတိ ကိုတော့ စံမြန်မာအရီးစကားပြေကိုသုံးပါရေ။
မျက်နှာဖုံးသရုပ်ဖော်ပန်းချီကို ပန်းချီမောင်ငွေထွန်းက သရုပ်ဖော်ရီးဆွဲပါရေ။ မျက်နှာဖုံးသရုပ်ဖော် အဓိပ္ပါယ်ကိုတော့ ရခိုင်စကားပြေနန့် သုံးထားပါရေ။
တခုသတိကျပ်မိစွာက ရခိုင့်တန်ဆောင် အမှတ်(၁၁)၊ တနည်း(၁၀)အုပ်မြောက်တေအထိ ရခိုင်အရီး အသားနန့် ဝတ္ထုတို၊ ဝတ္ထုလတ်၊ ဝတ္ထုဟြည်ရို့ကို မတွိမိသီးပါ။

စစ်တွေမြို့ကနီပနာ “ဓညစာစောင်” အတွဲ(၁)၊ အမှတ်(၁)၊ ၁၉၅၈၊ မေလထုတ်မှာတော့ မောင်သီရိက “ဝမ်းတထွာ”ဆိုရေ ဝတ္ထုတိုတပုဒ်ကို ရီးသားပါရေ။ ယင်းဝတ္ထုတိုရေ စာရီးသူယှင်းပြရေအခါ မြန်မာ အရီးစကားပြေကို သုံးပနာ ဇာတ်ကောင်ချီချပြောမှာတော့ ရခိုင်စကားကိုသုံးပါရေ။ (၁၉၆၁-၆၂)က ရခိုင့်တန်ဆောင်မှာ “ရခိုင်စော” တင်ပြဖူးရေ “ယဉ်ကျေးမှုမှာ တပွင့်သာ”ရေ မောင်သီရိဧ့ “ဝမ်းတထွာ”ကို နည်းနာယူပနာ ရီးရေလားလို့ ယူဆရပါရေ။

မောင်သီရိဧ့ “ဝမ်းတထွာ”ရေ “ကာလပေါ် ရခိုင်ဝတ္ထုတို” အစလို့ မှတ်ယူရမေ ထင်ပါရေ။ ယှင့်ထက်ယင်ရေ ဝတ္ထုတိုကို သတိမပြုမိသီးပါ။
ရခိုင့်တန်ဆောင်က ထွန်းညှိလိုက်တေ အလင်းရေ အခြားအခြား ရခိုင်ဒေသထုတ်၊ မဂ္ဂဇင်းစာစောင် တိကို ထွန်းညိုဖို့အခွင့်ရလားရေလို့ ဆိုရမေထင်ပါရေ။ (၁၉၆၁)ခုနှစ်မှာ “ခေတ်ရှေ့ဆောင်” စာစောင် ထွက်ပေါ်လှာရေ။ အသက်မဟြည်ကြာခပါ။ (၁၉၇၁)ခုနှစ် “ရခိုင်ယဉ်ကျေးမှု” မဂ္ဂဇင်းထွက်ပေါ်လှာ ပါရေ။ ယင်းမှာ ရခိုင်အရီးအသားကို တွိရပါရေ။ (၁၉၇၄)ခုနှစ် စစ်တွေလမ်းသစ်စာစဉ်က “လေးဝတီ” စာစောင်ချေထွက်ပေါ်လှာပါရေ။ သူ့မှာထူးခြားစွာက တအုပ်လုံး ရခိုင်ပိုင်ဖော်ပြစွာ ဖြစ်ပါရေ။ သူကလေး နှစ်စောင်ရာထွက်ခပါရေ။

ရခိုင်ပိုင်ရီးရေ ကဗျာစာအုပ်တိ ထွက်လှာပါရေ။ “ရိုးမတောင်ညို” ကဗျာတိ၊ “ရိုးလှသန္တာ”ကဗျာတိ၊ စစ်တွေလမ်းသစ်စာစဉ်က ရခိုင်ကဗျာစာအုပ်ချေတိ အင်တန်ထွက်ခလီပါရေ။ ယင်းနောက် (၁၉၇၅ - ၁၉၉၅) ကြားမှာထွက်လှာလတ်တေ ရခိုင့်တန်ဆောင်မှာ ရခိုင်ကဗျာ၊ ရခိုင်အရီးအသားအနည်းအပါး တွိရပါရေ။ ရခိုင်စာပီကဏ္ဍမှာပါ။

(၁၉၉၅)ခု၊ သြဂုတ်လထုတ် “ရခိုင့်ညွှန့်ဖူး” စာစောင်အမှတ်(၃)မှာ ရခိုင်အရီးအသားနန့် ရခိုင်ဝတ္ထုတိုပြိုင်ပွဲဆုရဝတ္ထုတိုတိကိုပါ တွိရပါရေ။ ယှင့်ရေ ရခိုင်ပိုင်ရီးဖို့ အားဆီးတခွက် တိုက်လိုက် တေလို့ ဆိုရမေထင်ပါယင့်။
ယင်းနောက်ပိုင်းမှာ ရခိုင်ဒေသဟိ မြို့နယ်အသီးသီးက မြို့နယ်မဂ္ဂဇင်းတိ ပြိုင်းပြိုင်းရိုင်းရိုင်း ပြူထွက်ပါလတ်တေ။ ယင်းမဂ္ဂဇင်းတိမှာ ရခိုင်အရီးအသားနန့် ကဗျာ/ဝတ္ထုတို/အတ်ဆေး/ ဆောင်းပါး တိကို တွိရစွာဝမ်းသာကောင်းထမန်းပါဗျာ။ ယေဒါလေ့ အချို့မြို့နယ်မဂ္ဂဇင်းတိက ဝမ်းနည်းစရာကြီး လို့ဆိုရမေပင်။ အစွာဖြစ်ရောင်ဆိုကေ ရခိုင်အရီးအသားလက်ခံဖို့ ငြင်းဆန်လို့ဖြစ်ပါရေ။
သူရို့အကြောင်းပြချက်တိက-

ရခိုင်ပိုင်ရီးရစွာ ဘောင်ကျဉ်းရေဆိုလို့ဆိုကာ ငြင်းဆန်ကတ်ပါရေ။ သူရို့အယူအဆရေ မှန်ရေလို့ ယူဆစရာပါရာ။ ယေဒါလေ့ ဘောင်ကျဉ်းရေဆိုစွာမှာ မိမိရို့မဂ္ဂဇင်းကို အခြားအခြားလူမျိုးတိက ဖတ်တေခါ နားမလည်ဆိုရေ အဖြေကိုရပါရေ။ ယှင့်ရေ မှန်ယင့်လား။ မှန်ရေလို့ ဆိုဖို့ခက်တေ။ အစွာဖြစ်ရောင်ဆိုကေ ကိုယ်ရို့မဂ္ဂဇင်းကို ဇာတိုင်းနန့်ပြည်နယ်က လူမျိုးတိက လိုလိုချင်ချင်ဝယ်ယူ ဖတ်ကတ်ပါလေး။ ယှင့်ကို ဘောင်ကျဉ်းရေဆိုရေလူတိက လိလာဖူး၊ စုံစမ်းဖူးပါယင့်လားလို့ မီးကြည့် ချင်ပါရေ။ ကိုယ်ရို့မဂ္ဂဇင်းကို အထင်ကြီးပြီးကေ လူတိုင်းကလက်ခံဖတ်မေလို့ဆိုရေ အာသာဆန္ဒထက် ပိုမေမထင်ပါ။

မဂ္ဂဇင်းကရာ ရခိုင်အရီးအသားကို ငြင်းဆန်ကတ်စွာ မဟုတ်သီး။ ရီးရေလူကိုယ်တိုင်ရို့ကလေ့ မရီးလိုကတ်စွာ လက်တွိမျက်တွိသိဟိရပါရေ။
ယှင့်ရေဇာဖြစ်လို့လေးဆိုကေ ကိုယ့်စာကို အမြင့်ကြီးလို့ မှတ်ယူပနာ လူတိုင်းဖတ်နှိုင်အောင်ဆိုရေ အယူအဆနန့် ရခိုင်ပိုင်မရီးလိုကတ်စွာလို့ နားလည်မိပါရေ။

သူရို့နားလည်စွာက ရခိုင်ပိုင်ရီးစွာရေ မနူးမနပ် ကလောင်ပေါက်စချေတိ လက်စမ်းစွာဖြစ်တေလို့။ ကဗျာတို ကဗျာစ၊ ဟာသ၊ ပုံပြင်ချေတိကို ကလောင်သစ်တိက ရီးစွာရာလို့ ယူဆပုံရစွာ တွိရပါရေ။ ရခိုင်ပိုင်ရီးစွာမှာ တန်းမဝင်၊ နိမ့်ကျရေလို့တောင် ယူဆသူပင် ဟိမေထင်ပါရေ။

ဥပမာပြောရဖို့ဆိုကေ ရခိုင်မှာ “ဇာတ်”တိကရေ။ ယင်းဇာတ်တိမှာ မင်းသားမင်းသမီးတိုင်း ဗမာမဟုတ်စီကာမူလေ့ ဗမာပိုင်လုပ်ပြောရေ။ ဗမာတေးခြင်းဆိုရေ။ လူပျက်တိကျကေ ရခိုင်ပိုင်ပြော ပျက်လုံးထုတ်တေ။ ရခိုင်တေးခြင်းဆိုရေ။ ဧယှင့်မှာလေ့ ရခိုင်တေးခြင်းဆိုရေဆိုစွာမှာ နာမည်ကြီးတေးခြင်းတိကို ဖျက်ပနာဟာသလုပ်ပြီးဆိုရေ။ ယှင့်တိကိုကြည့်ကေ ရခိုင်အရီးအသား ဆိုစွာ ဂုဏ်သရေဟိရေကလောင်တိ ရီးသားစွာမဟုတ်လို့ နားလည်မှုဟိကတ်တေလို့ ထင်ရေ။

ရခိုင်ပိုင်မရီးချင်၊ ဗမာပိုင်ရီးချင်ရေ။ ဗမာအရီးအသားကို မြတ်မြတ်နိုးနိုးရီးချင်ရေဆိုရေ ပုဂ္ဂိုလ်တိဟိ ကတ်တေ။ ရီးပါ။ သူရို့ရီးစွာရေ ဗမာအရီးအသား၊ ဗမာအသုံးဖြစ်ယင့်လားဆိုစွာလေ့ မီးစရာပင်။ ရန်ကုန်ရောက်စခါ ဗမာစကားပြောသူတယောက် (၂၅)လမ်းမှာနီရေလတ်။ “မင်းအစွာမှာနီရောင်မီးရေ ခါ သူက “အစိတ်လမ်းမှာနီရေ” ဆိုစွာမျိုး။ “ထေးကို မေးလောင်” စွာမျိုးအသုံးတိနန့် ဗမာအရီးအသား စာတိကို ရခိုင်ဒေသထုတ် မဂ္ဂဇင်းတိမာ မဖတ်ချင်ပါလို့ ပြောချင်ပါရေ။

ဗမာပိုင်ရီးဖို့ ရိုးအဟြိဖက်မှာ မဂ္ဂဇင်း၊ ဂျာနယ်ပေါင်းရာကျော်ဟိပါရေ။ ဝင်ရီးပါ။ ခွင်ကျယ်ပါရေ။ ရခိုင်ဘက်မှာက ခွင်ကျဉ်းရေအတွက် ထိုဆရာရို့အတွက် ရီးဖို့မသင့်ထင်ပါရေ။

အချို့က ရခိုင်ပိုင်ရီးချင်ပါရေလတ်။ ဇာစံနန့်ရီးဖို့လေးလတ်။ “စံ”ကို တောင်းဆိုနီကတ်တေ ဆရာ/ဆရာမရို့ အသံကိုလေ့ကြားနီရပါရေ။ စံရီးထုံး၊ စံသတ်ပုံကျမ်းမဟိလို့ ရခိုင်ပိုင်မရီးချင်၊ မရီးတက်လို့ ဆိုချင်ပုံရပါရေ။ ရခိုင်ပိုင်ရီးနီကတ်သူတိမှာ စံမဟိဘဲ ရီးနီလှာ မီးစရာပါထော။ သူရို့တိရီးနီလို့ပင် ကိုယ်ကဇာတွက် တစံစံတောင်းဆိုနီရစွာလေ။

အဂုရီးနီရေ ရခိုင်အရီးအသားမှာ သတ်ပုံကိစ္စမဟိမဟုတ်။ ဟိပါရေ။ ဆိုးဆိုးရွားရွားဟိနီစွာတော့ မဟုတ်ပါ။ စိစိစပ်စပ်စစ်ထုတ်လိုက်မှရာ တဆယ်ကျော် နှစ်ဆယ်လောက်ဟိလိမေ။ ယှင့်ကလေ့ ဘာသာစကား သဘောသဘာဝကို မသိနားမလည်လို့ ဖြစ်စွာလေ့ပါမေ။ နောက်ကိုယ်ရို့စကားအသံကို ကိုယ်ရို့အမှန်ထင်လို့ ရီးရေအတွက် သတ်ပုံကွဲစွာလေ့ဟိရေ။ ယှင့်တိကို အကြီးအကျယ်လုပ်ပီးကေ ပြောနီစွာကတော့ ရခိုင်ပိုင်ရီးဖို့အတွက် မလုပ်ချင် မရီးချင်လို့ရာ ဖြစ်တေလို့ သုံးသပ်ချင်ပါရေ။ စံကိစ္စကို တောင်းဆိုသူရို့ရေ မြန်မာရီးစံထုံးဟိပါလျက်ကယ်နန့် ရီးထုံးကို မျက်ကွယ်ပြုရီးနီကတ်တေ အရီးအသားတိကို ဇာပိုင်ပြောဖို့လေး မပြောတက်ပါဗျာ။
အချို့က ရိုးရိုးသားသားပြောပါရေ။ ရီးကျင့်မဟိလို့ မရီးတက်ပါလို့လေ။

မေ့စတာဝူဧ့ မိတ်ဆွီကလောင်တချောင်းကိစ္စကို စကေထည့်ပြောပါမေ။ မေ့စတာဝူဧ့ မိတ်ဆွီရေ ဗမာစကားပြောရေ ရခိုင်သားပါ။ သူရေ (၉)နှစ်သားတည်းက ရန်ကုန်ရောက်ဖြစ်ပါရေ။ ဗမာစကား ပြော ရခိုင်ဖြစ်လားပါရေ။ ရန်ကုန်ထုတ်တေ မဂ္ဂဇင်းကြီးတစောင်မှာ ရီးပါရေ။ သူ့ကို ရခိုင်ပိုင်ရီးဖို့ပြော ရေခါ သူကမရီးတတ်လို့ ပြောပါရေ။ မေ့စတာဝူက အင်္ဂလိပ်ဘာသာစကားတောင် အရီးအပြောသင်လို့တတ်လှာရေ။ မိခင်ဘာသာစကားကို မရီးတတ်ဆိုစွာတော့ မဖြစ်သင့်ထင်ရေလို့ ပြောရေခါ သူရေချက်ချင်းသဘောပေါက်တေ။

ရခိုင်ပိုင်ရီးပါရေ။ အစက ဗမာပိုင်ရီးပါရေ။ နောက်ရခိုင်မှုပြုရေ။ သူ့တပည့်တိကို ဖတ်ခိုင်းရေ။ ပြန်ရီးရေ။ ဧပိုင်နန့် သူရေ ရခိုင်ပိုင်ရီးဖြစ်လားပါရေ။
မေ့စတာဝူပြောလိုစွာက ရီးချင်ရေစိတ်ရာဟိဖို့လိုရေ ဆိုစွာဖြစ်ပါရေ။ မေ့စတာဝူမိတ်ဆွီပိုင် စိတ်ဟိကတ်စီချင်ပါရေ။ နောက်….. နာမေကြီး စာရီးဆရာကြီးဖြစ်တေ ဆရာ “ဖိုးကျော့” ရို့ ရခိုင်ပိုင်ရီးရေဆိုစွာကိုလေး ရခိုင်ပိုင်ရီးစွာ နိမ့်ကျရေလို့ ယူဆသူတိ သတိပြုမိပုံမရထင်ပါယင့်။

ရခိုင်အရီးအသားရေ အလွန်လိုအပ်နီရေ အရီးအသားတခုဖြစ်ပါရေ။ အဂုရေ ရီးဖို့အတွက် ပလတ်ဖောင်း ဟိနီပါရေ။ ဟိလျက်နန့် မရီးစွာကတော့ခါ…။

ရခိုင်အရီးအသားကို ကြည့်ရေခါ ခွာနာကျခရုတကောင် လျှောက်လှမ်းစွာနန့်တူပါရေ။ ယင်းကြားထဲမှာ ရီးဖို့ပျက်ကွက်နီကတ်စွာကတော့ မဖြစ်သင့်ရေ အဖြစ်လို့ ဆိုချင်ပါရေ။

ရခိုင်ဆိုစွာ ကိုယ်ပိုင်ယဉ်ကျေးမှုနန့် နီလှာရေလူမျိုးမဟုတ်ပါလား။ ယင်းလူမျိုးမှာ ကိုယ်ပိုင်စကားဟိပါလျက်နန့် အစွာဖြစ်လို့ စာအရီးသားမဟိဖြစ်နီရပါဖို့လေးယေ…
ရခိုင်အရီးအသားဟြင်သန်တိုးတက်လာပါစီ….။
သာစွလေ….။

ဝူဖေဆန်
၁၅၁၈၀၈၊ ၁၁၊ ၂၀၀၆
၁၃၆၈၊ ကျွတ်ဆုတ်၊ ၉-ရက် ၁၊ နီ။
မြောက်ဦးမဂ္ဂဇင်း အမှတ်(၃)၊ ၂၀၀၈၊ မတ်

14/03/2014

ရခိုင်ကဗျာလျှောက်ဖို့လမ်း

ရခိုင်ဒေသက စာပီသမားရို့မှာ စကားပြေသမားနန့် ကဗျာသမား နှစ်မျိုး ဟိနီကတ်တေ။ စကားပြေသမားမှာလေး ရသသမားနန့် သုတသမားဆိုပြီး ကွဲပြားစွာ ဖြစ်တည်နီရေ။ သုတသမားမှာလေး သမိုင်းသမားနန့် အခြားအကြောင်းရာတိ ရီးသူ ဆိုပြီးကေ နှစ်မျိုးနှစ်စား ဟိကတ်တေ။ ကြည့်လိုက်။ လက်ဟိ ရခိုင်ဒေသစာပီနယ်မှာ သုတသမားက များရေ။ ရသက နည်းရေ။ သုတမှာလေး သမိုင်းက များရေ။ ကျန် အကြောင်းအရာက နည်းရေ။

နောက်တချက် သတိပြုဦးသီး။ စကားပြေ ရီးရာမှာလေး ရခိုင်ပိုင်ရီးရေလူနန့် မြန်မာပိုင်ရီးရေလူ နှစ်မျိုးဟိပြန်ရေ။ ရခိုင်ပိုင် ရီးရေလူက မဆိုစလောက်။ မြန်မာပိုင် ရီးရေလူက ထုနန့်ထည်နန့်။ ရခိုင်ပိုင်ရီးရေလူမှာတောင်မှ ရံဖန်ရံခါမှ ရခိုင်ပိုင်ရီးစွာ။ များသောအားဖြင့်က မြန်မာပိုင်ရာ များရေ။ ဒေပိုင် တွိဟိ၊ မြင်ဟိနီရစွာရေ ပကတိ အခြီအနီဖြစ်တေ။

မိမိရို့ရေ ရခိုင်ကဗျာဆိုစွာကို ကြည့်လိုက်တေခါ များသောအားဖြင့် ရခိုင်ရုပ် မပေါက်ကတ်စွာကို သတိပြုမိကတ်မေ ထင်ပါရေ။ ရခိုင်ရုပ် မပေါက်ရစွာလေး အကြောင်းဟိနှိုင်ပါရေ။ စိတ်ကူးပေါက်လို့ ရီးထားလာရေ ကဗျာတပုဒ်အတွက် နီရာ မဟိရေအခါ ရီးချင်စိတ်တိ လျော့ပါးလာကတ်တေ။ ၀ါသနာအရ ကဗျာရီးကတ်တေ အခါ ကိုယ့်ဒေတွင်းမှာ နီရာမပီးနှိုင်ရေအတွက် အခြား(အထူးသဖြင့် မြန်မာ) မဂ္ဂဇင်း တိကိုရာ အားပြုရီးဖို့ ဖြစ်လှာရေ။ ယေနန့် ရခိုင်ကဗျာဆိုစွာရီးဖို့ ပျက်ကွက်လှာရေ။ ရီးဖို့ အခွင့်ကြုံပါကေလေး ရခိုင်ကဗျာမဖြစ်။ မြန်မာကဗျာရာ ဖြစ်လှာရေ။

ဒေနီရာမှာ ရခိုင်ကဗျာဆိုစွာကို ပြောနီရေအတွက် ရခိုင်ကဗျာဧ့ လက္ခဏာရပ် တိကို စီးစစ်ကြည့်ပါမေ။ ကဗျာဆိုစွာ လင်္ကာအမျိုးအစားထဲက အမျိုးအစားတခုဖြစ် တေ။ ရခိုင်လင်္ကာ အမျိုးအစား ၃၇ မျိုးလောက် ဟိရေလို့ဆိုစွာ တွိမိပါရေ။ ယင်း ၃၇-မျိုးထဲက ဖြာထွက်လှာစွာက ကဗျာဖြစ်တေ။ လင်္ကာအမျိုးအစားရေ မြန်မာ လင်္ကာအမျိုးအစားနန့် တူစွာဟိရေပိုင် မတူစွာလေး ဟိပါရေ။ တူစွာကတော့ ရတု အမျိုးအစား ဖြစ်ပါရေ။ ရတုအမျိုးအစားကို အခြီခံပြီးကေ ခေတ်စမ်းကဗျာခေတ်ကို ထူထောင်လှာရေ။ ယင်းကနီ ဆင့်ပွားလှာစွာက တာရာခေတ်။ ယေခါ ရခိုင်ကဗျာ ရို့လေး ယင်းဆွဲငင်အားကို မလွဲမယှောင်နှိုင်ကတ်ဘဲ ဟိလှာပါရေ။

အထူးသဖြင့် ရခိုင်သားကဗျာဆရာတိရေ ရခိုင်ကဗျာရီးဖွဲ့ဖို့လေး ပျက်ကွက်ခ လီရေ။ နောက်ပိုင်းမှာ မဆိုစလောက် ရီးလှာကတ်တေ။ ယေကေလေး ခေတ်စမ်း၊ တာရာသြဇာကို မကျော်နှိုင်။ သူရို့နောက်လိုက်။ ဒုတိယဖိုးစိန်။ မဆိုစလောက်ရို့က တော့ ရခိုင်လင်္ကာပုံသဏ္ဌာန်ထဲက သာခြင်းပုံသဏ္ဌာန် ရီးကတ်တေ။ အချို့က သျှိုး လိုက်ရတု ပုံသဏ္ဌာန်။ ယေကေလေး အလွန်နည်းပါးရေ။ များစွာကတော့ ခေတ်စမ်း၊ တာရာကဗျာမျိုး။

ဒေပိုင် နီလှာရာက လေးလုံးစပ်ကဗျာကို ရခိုင်ဘာသာစကားနန့် ရီးလှာစွာ တွိရရေ။ အချို့ကတော့ ရခိုင်သဘာဝတေးကဗျာ (ကျေးလက်တေးကဗျာ)လို့ ခေါ်ရေ ကျေးလက်သာခြင်းပုံစံကို သုံးပြီးကေ ရီးလှာကတ်တေ။

ဒေပိုင်နန့် ရခိုင်ဘာသာစကားနန့်ဖွဲ့ဆိုရေ လေးလုံးစပ် ပုံစံနန့် ၄၊ ၃^၅ ၊ ၃ အစဟိရေ ကျေးလက်သာခြင်း ပုံစံရို့ကို အသုံးချလှာရေ။ ဒေပိုင် နီလှာစွာရေ ၇၀ လွန်နှစ်ကျလှာရေခါ မိုးဝေကဗျာတိက မိမိရို့ရခိုင်ကဗျာသမားတိကို လွှမ်းမိုးလှာရေ။ ယေခါ ရခိုင်ကဗျာလေး မဖြစ်စလောက်ဟိစွာထဲက မိုးဝေကဗျာပုံစံဝင်လှာရေ။ ဒေမှာလေး ၂ မျိုး၊ ၂ စား ကွဲလှာရေ။ တိုးတက်တေ လူငယ်စုနန့် ရှီးဟောင်း သမား ၂ မျိုး။ လူငယ်တိက အထူးသဖြင့် လူငယ်နီတိကတော့ မိုးဝေနောက်ကို လိုက်လားရေ။ ရှီးရိုးစွဲသမားတိတော့ အစဉ်အလာဥခွံထဲမှာ ခိုဝပ်လျက်။ ဥခွံအပြင် ကို မထွက်ရဲ။ နီရောင်ခြည်ကို ကြောက်တေ။

မိုးဝေနောက်ကို လိုက်သူထဲမှာ ရခိုင်ကဗျာ (ရခိုင်ဘာသာစကား အသုံးချရေ ကဗျာ) ရီးသူဟိရေပိုင် မြန်မာကဗျာရီးသူလေးဟိရေ။ ဒေနီရာမှာ အနီရောင် ရခိုင်လူ ငယ် ၂ မျိုးဖြစ်လှာရေ။ မြရာရိပ်ကို ချစ်သူနန့် ခမောင်းရိပ်ကို ချစ်သူ။ မြရာရိပ်ကို ချစ်သူက မြန်မာကဗျာရီး။ ခမောင်းရိပ်ချစ်သူက ရခိုင်ကဗျာရီး။ မတူ။

ယေကေလေး သူရို့နှစ်ယောက်လုံးကတော့ အစဉ်အလာကို ၀ဲသတ်ပစ်ကတ် တေ။ လေးလုံးတပါဒကို သူရို့က အသီမထားယာ။ တလုံးတပါဒကနီပြီးကေ ၅၊ ၆၊ ၇ ဟိချင်လောက်ဟိ။ မကန့်သတ်။ ယေကေလေး ကာရန်ဆိုစွာပါရေ။ ကာရန်ကိုလေး အမြင်ကာရန်၊ အကြားကာရန်ကိုပါသုံးရေ။ (မတြာဝက်အသံကို အမြင်ကာရန်အဖြစ် လေး သတ်မှတ်တေ။)

သူရို့ရေ... လုံးရီ ဇာမျှလောက်လို့  မကန့်သတ်။ ကာရန်ကို လွတ်လွတ်လပ် လပ်။ အကြောင်းအရာကို အဓိက ထားရေ။ ကာရန်မဲ့ချင်မဲ့၊ အဘိဓမ္မာမမဲ့ရီး ဆိုရေဒဂုန်တာရာ ကြွေးောက်ာသံကို ဆုပ်ကိုင်ပြီး ရီးခကတ်လီရေ။

ဒေပိုင် ရီးလှာသားလှာကတ်တေအတွက် ရခိုင်ကဗျာဆိုစွာကို မိမိရို့ရေ ပြန် ကြည့်လှာရေခါ ဇာမှာလေး ရခိုင်ကဗျာလို့ ကျာလာပလာမွိလားရရေ။

အချို့က ရခိုင်ကဗျာဆိုစွာရေ ရခိုင်ကဗျာဆရာ ရီးစွာကို သိမ်းကျုံးပြီးကေ ရခိုင်ကဗျာလို့ ဆိုပစ်လိုက်တေ။ ဒေမှာကြည့်ပါလား-
“အလင်းနဲ့အမှောင်
သွေရှောင်လို့မရ။
စစ်ခေါ်သံလွင့်ပြယ်တိမ်း
ငြိမ်းတော့မှာ”
ဆိုရေကဗျာကို ဆရာရွှေရ(တောင်ကုတ်)ဧ့ ]အမှောင်အတွင်းမှ အလင်း ကဗျာများ} မှာ တွိရရေ။
“ငါသေသွားလျှင်၊ အလောင်းစဉ်၌
တံဇဉ်တူစွဲ၊ အလံရဲကို
မြဲမြဲဖုံးအုပ်ထားကြပါ။
ငါ့ကိုချစ်ခြား၊ တပည့်များတို့
စကားဖြောက်ဆိတ်၊ ငြိမ်တိတ်ဆိတ်ဖြင့်
သိက္ခာကျင့်ဆောင်၊ ငါ့အကောင်ကို
ဆောင်ရ်ျ ညီညာသွားကြပါ” ဆိုရေ ဆရာဓညမြဧ့ သီတမ်းစာကဗျာ။ ဆရာ့ရွှေရ- တောင်ကုတ် ကဗျာနန့် ဆရာဓညာမြကဗျာရို့ရေ ဇာကဗျာလေး။ မြန်မာကဗျာတိရာ ဖြစ်တေ။ ဆရာရွှေရ-တောင်ကုတ် ကဗျာကိုကြည့်ကေ ဘာသာစကားကလေး မြန်မာ ဘာသာစကား၊ ကဗျာပုံသဏ္ဌာန်က ဒွေးချိုး။ ရခိုင့်လင်္ကာအသိုက်အမြုံထဲမှာ ဒွေးချိုး ဆိုစွာ ဟိခပါလား။ မဟိခ။ စကားလုံး၊ ပုံသဏ္ဌာန်ဇာတခုလေး ရခိုင်ကဗျာမဟုတ်။ မြန်မာကဗျာရာ ဖြစ်တေ။

ဆရာရွှေရ(တောင်ကုတ်)ဆိုရေ ကဗျာဆရာရာ ရခိုင် ဖြစ်တေ။ ဆရာဓညာမြ ကဗျာကို ကြည့်ကေ၀ါ။ အသုံးချဘာသာစကားက မြန်မာ ဘာသာစကား။ ပုံသဏ္ဌာန်က ခေတ်စမ်းပုံသဏ္ဌာန်။ ရခိုင်မှာ လေးလုံးတပါဒ မဟိ လား။ ဟိရေ။ ယေကေလေး ရခိုင်တိ စမ်းသပ်ရီးနီစွာက မြန်မာနည်းနာကို လိုက်ရီးနီ ရေအတွက် ရခိုင်မူပိုင်သဏ္ဌာန်လို့ မဆိုနှိုင်။ ယေကေလေး နှစ်ဦးပိုင်လို့ ဆိုပါဖိ။ ယေကေလေး ဘာသာစကားက မြန်မာဘာသာစကားဖြစ်လို့ ရခိုင်ကဗျာလို့ မဆို နှိုင်။

ကောင်းပါယင့်။ ယေကေ ရခိုင်ကဗျာရှာကြည့်။ ရခိုင်ကဗျာဆိုစွာ ရခိုင် ဘာသာစကားကို အသုံးချပြီးကေ ရီးစပ်တေကဗျာလို့ ယေဘုယျပြောရဖို့ဖြစ်တေ။ ယေဒါလေးသော့ ရခိုင်ဘာသာစကားကို အသုံးချရုံနန့်တော့ ရခိုင်ကဗျာလို့ အသီပြောလို့ မဖြစ်သီးပြန်။ စပ်ထုံးကိုပါ ကြည့်ရမေဖြစတေ။ မိမိရို့ရေ ဂန္ထ၀င် စပ်ထုံးအရ လေးလူံးတပါဒ ကာရန်ယူပုံက ခုနစ်မျိုးလောက်ဟိနီရေ။

၎-၃-၂၊ ၄-၃-၁၊ ၄-၃၊ ၄-၂၊ ၄-၁၊ ၃-၂၊ ၃-၁ ဒေပုံစံကို ယူထားပြီးကေ ပျို့၊မော်ကွန်း၊ ဧခြင်း၊ ရတု၊ အန်ခြင်း၊ လူးတား အစဟိသည်ဖြင့် လေးလုံးစပ်ကို အသုံးပြုလီရေ။ အထူးသဖြင့် ရခိုင်လင်္ကာတိရေ လေးလုံးတစ်ပါဒစပ်ထုံးကို သုံးစွာ များခရေ။ လေးလုံးစပ်မဟုတ်တေ ကဗျာပုံသဏ္ဌာန်က နည်းရေ။ မြန်မာတိက ဒွေးချိုး၊ လေးချိုး၊ တေးထပ်၊ တျာရို့ကို ရခိုင်လင်္ကာအသိုက်အမြုံထဲမှာ မတွိရ။

ယေနန့် မိမိရို့ရခိုင်ကဗျာဖွဲ့ဆိုကေ စပ်ထုံးအနီနန့် လေးလုံးတပါဒစနစ်ကိုရာ အခြီခံရဖို့ဖြစ်တေလို့ သဘောရရေ။ ဒွေးချိုး၊ လေးချိုး၊ တေးထပ်၊ တျာရို့ပိုင် စပ်ထုံးတိ ကို ရခိုင်ဘာသာစကား အသုံးပြုကေ၀ါ ဇာခေါ်ဖို့လေး မီးစရာဖြစ်လှာရေ။

ဆရာမြဇင်ဧ့ ''မြန်မာကဗျာဖွဲ့ပုံနန့် တင်ပြပုံစာတမ်း"မှာ-
“မြန်မာကဗျာဖွဲ့လျှင် မြန်မာဘာသာစကား၊ အင်္ဂလိပ်ကဗျာဖွဲ့လျှင် အင်္ဂလိပ် ဘာသာစကား”
ဆိုရေ အဆိုအမိန့်ကိုထောက်ကေ ရခိုင်ဘာသာစကားအသုံးပြုပြီးကေ ဒွေးချိုး၊ လေးချိုး၊ တေးထပ်၊ တျာရို့ကို ဖွဲ့ကေလေး ‘ရခိုင်ကဗျာ’လို့ ခေါ်နှိုင်မေလို့ ယူဆရလိ မေ။ ဆရာမြဇင်ဧ့အဆို ]မြန်မာကဗျာ}နန့်ရာ ဆိုင်မေထင်ပါရေ။ ရခိုင်ကဗျာဆိုစွာ ဆရာတင်ပြရေပိုင် ရခိုင်ဘာသာစကားခုတည်းကို အသုံးပြုရုံမျှနန့် ဖြစ်မေလို့မထင်။ (အသင့်နှလုံးသွင်းစဉ်းစားကတ်ပါ။)

အသားဖြူဖြူ၊ ဆံပင်ရွှီရောင်၊ မျက်လုံးကြောင်ကြောင်၊ နှာခေါင်းချွန်းချွန်း၊ ကလိန့်မေကို ရခိုင်ရိုးရာ ချိတ်ထဘီဝတ်ကြည့်။ ရခိုင်သူမ မဖြစ်။

ဒွေးချိုး၊ လေးချိုး၊ တေးထပ်၊ တျာရို့ဆိုစွာ သူ့ဇာတိက မန္တလေးဇာတိ။ စစ်တွေ မှာ လာနီရုံနန့် ရခိုင်သူမ မဖြစ်ဆိုစွာကတော့ သီချာရေ။

ယေဇူးနန့် “ရခိုင်ကဗျာဆိုစွာ ရခိုင်ဘာသာစကားကို အသုံးချပြီးကေ ရခိုင် လင်္ကာ သိုက်မြုံထဲက ပုံသဏ္ဌာန်တခုခုကို အသုံးချမှရာ ရခိုင်ကဗျာဖြစ်ပါလိမေ” အနောက်တိုင်းသူကို ရခိုင်ရိုးရာ ချိတ်ထဘီဝတ်လို့ ရခိုင်သူမ မဖြစ်တေပိုင်။ ဇာတိ မန္တလေးသူမရေ စစ်တွေမှာလာနီရုံနန့် ရခိုင်သူမ မဖြစ်နှိုင်။ ဖြစ်ဖို့စွာက ဇာတ်စင် ထက်မှာ သရုပ်ဆောင်ပြရေသူမျှ။ မော်ဒယ်မျှ။ စံပြမယ်မျှ။

မိမိရို့ရေ ရခိုင်ကဗျာတိကို ကြိုးကြိုးစားစား ရီးလှာကတ်စွာထဲမှာ ရခိုင်ကဗျာ ပီပီသသဆိုစွာ ဇာနှစ်ပုဒ်လောက် ဟိယာလေး။ ရခိုင်ကဗျာဆိုစွာ ကမ္ဘာလောက်ကို ယှားပါးပစ္စည်းလို့ ဆိုချင်ပါရေ။ အဂုထိ။

မိမိရို့ရေ မိုးဝေခေတ်ကို ကျော်လှာရေအခါ ရခိုင်ကဗျာတိ ဇာပိုင် ဖြစ်လှာယာ လေး။

အသုံးချဘာသာစကားက ရခိုင်ဘာသာစကား၊ စပ်ထုံးက လေးလုံးတပါဒ မဟုတ်တေ စပ်ထုံး။ ရခိုင်ဂန္ထ၀င်စပ်ထုံး၊ မြန်မာဂန္ထ၀င်စပ်ထုံး ၂ ထုံးလုံးကို စွန့်ပစ် လိုက်ကတ်တေ။ ပုံသဏ္ဌာန်ရေ ဇာပုံဆိုစွာ တိတိကျကျမဟိ။ အာကာထက်မှာ မိုးရိပ် ပိုင်။ ဂုတမျိုး၊ ဂုတမျိုး။ လုံးဝတိကျမှုမဟိရေ ပုံသဏ္ဌာန်။

ပြောရဖို့ဆိုကေ ရိုးမအရှိက ကဗျာဆရာတိမှာ အဂု(၉၀ လွန်နှစ်) အချိန်မှာ ပုံသဏ္ဌာန် အသီမဟိယာ။ ယင်းကအဟုန်ရေ ရိုးအနောက်ဘက်တို့ ပဲ့ထင်ဟပ်လှာရေ။ ယေအခါ မိမိရို့အထဲမှာ မိုးဝေခေတ်ကပင် စွဲမြဲလှာရေ ကဗျာသမားတချို့နန့် မျိုးဆက် သစ်ကဗျာသမားတချို့ရို့ကလေး ယင်းအတိုင်း လိုက်ရီးလှာကတ်တေ။

သူရို့ထဲမှာ ကဗျာသြဇာညောင်းရေ ကဗျာသမားတိလေးပါရေ။ သူရို့နန့် မျိုးဆက်သစ် ရခိုင်ကဗျာသမားချေရို့တိက ပုံသဏ္ဌာန်(င်္သမာ)နန့် ပုံစံ(ဠနမျန င်္သမာ) ကို အသီမထားဘဲ ရခိုင်ကဗျာတိ ရီးလှာကတ်တေ။

ယေနန့် ရခိုင်ဒေသထုတ် မဂ္ဂဇင်းတိမှာ ရခိုင်ကဗျာ သုံးမျိုးလောက်တွိနီရရေ။
၁။ ဂန္ထ၀င်ဟန်
၂။ ကျေးလက်သာခြင်းဟန်
၃။ ခေတ်ပေါ်မော်ဒန်ဟန်
ဒေသုံးမျိုးအနက် အဟုန်ပြင်းပြင်း စီးဆင်းလှာစွာကတော့ ခေတ်ပေါ်မော်ဒန် ဖြစ်တေ။ ဇာဖြစ်လို့လေးဆိုစွာကို ကြည့်ရေအခါ သူရို့အထဲမှာက ကလေချေတိပါ နီလို့။ သူရို့ဧ့ ဂန္ထ၀င်ဟန်ကဗျာတိကို လစဉ်ထုတ်မဂ္ဂဇင်းတိမှာလေး မတွိရသလောက် ဖြစ်နီယာ။ ယေနန့် ကဗျာဆိုစွာ ခေတ်ပေါ်မော်ဒန်လောက်ရာ သိကတ်တေ။ ကျောင်း သုံးပြဋ္ဌာန်းကဗျာတိက ဂန္ထ၀င်ဟန်ဖြစ်နီရေအတွက် သူရို့ရေပိုပြီးကေ ပျင်းမုန်းမှု ဟိရေ ထင်ပါယင့်။

ကျေးလက်သာခြင်းဟန် ဆိုစွာကလေး ကြိုးကြိုးကြားကြား တွိနီစွာဖြစ်လို့ သူ့ရို့အတွက်မစွဲ။ သူရို့က ခေတ်လူငယ်ချေတိဖြစ်လို့ ခေတ်ပေါ်ဟန်ကိုရာ အားသန်
ရေ။ ပြီးကေ ကဗျုပဒေသာတိယက်တိကိုလေး လိလာဖို့မလို။ ရင်ထဲမှာ ခံစားချက်တခု ရလှာကေ ကာရန်တိဇာတိကို မစဉ်းစားဘဲ တန်းပြီးရီးချလိုက်တေ။ လွတ်လပ်တေ။ အကန့်အသတ်မဟိ။ ယေအခါ သူရို့ရေ ခေတ်ပေါ်မော်ဒန်ဟန်ကို ပိုလို့အသုံးချကတ် တေလို့ ဆိုရမေ။ ယေနန့်လေး မော်ဒန်ကဗျာတိ များလှာစွာဖြစ်မေထင်ရေ။

ရခိုင်ဘာသာစကားကို အသုံးပြုပြီးကေ ရီးလှာရေ ‘]ရခိုင်ရိုးမမဂ္ဂဇင်း} ထွက် လှာရေအခါ ဂန္ထ၀င်က စကေချေ၊ ကျေးလက်သာခြင်းဟန်ကလေး ကောင်းကောင်း မများ။ မော်ဒန်ကတော့ အများဆုံးတွိရရေ။

ယေဇူးနန့် ဧနိအခါ ရခိုင်ကဗျာ ဖြစ်ပေါ်တိုးတက်မှုကို မိမိရို့ လိလာသုံးသပ်ရ ဖို့ပိုင် ဖြစ်လှာရေ။

ဒေနိ ရီးနီရေမော်ဒန်ရခိုင်ကဗျာတိ အားကောင်းမှုရေ ရခိုင်စာပီ ဖြစ်ပေါ်တိုး တက်မှုအတွက် အပေါင်းလား။ အနှုတ်လား စဉ်းစားရဖို့ ဖြစ်လှာရေ။ ရခိုင်ကဗျာဆို စွာနန့် ရခိုင်ရုပ်ပေါက်ဖို့ လိုလှာရေ။ ရခိုင်ရုပ်ပေါက်ဖို့ အသုံးချရေ ဘာသာစကားတခု နန့် လုံလောက်ပါဖို့လား။ ပုံသဏ္ဌာန်၊ ပုံစံရို့က အရီးမကြီးလား။

မိမိရို့ရေ ရခိုင်ကဗျာရီးရေအခါ (မော်ဒန်ရခိုင်ကဗျာရီးရေဆိုပါဖိ)။ မိမိရို့ အရှိဘက် မော်ဒန်နန့်တူလို့ ရနှိုင်ပါဖို့လား။ တူရေဆိုကေ မိမိရို့ရေ ဒုတိယဖိုးစိန်ဘ၀ကို လျှော့ကျရေလို့ မဆိုနှိုင်ပါလား။ ဒေနိအချိန်မှာ မြန်မာမော်ဒန်ကဗျာရေ စကားပြေ အထိ ရောက်လှာနီပါရေ။ ကဗျာရေ စကားပြေကို ရောက်မှုကို ဆရာဒဂုန်တာရာက ]လျှော့ကျ}ရေလို့ သုံးရေ။ ဆရာဇော်ဇော်အောင်က စကားပြေဘက်တို့ ‘တိုးတက်’ လှာစွာလို့ ပြောရေ။

သူရို့မှာ အငြင်းပွားနီရေ။ ဒေဂယက်ရေ မိမိရို့ဘက်ကို နက်ဖြန်၊ သန်ဘက် တောင် ကြာဖို့မဟုတ်။ မိနိငါးဆယ်အတွင်း ရောက်လှာနှိုင်ရေလို့ မြင်မိယင့်။

ကောင်းပါယင့်။ ရခိုင်ကဗျာဆိုစွာလေး စကားပြောဆန်ခြင်းဆိုစွာကို လက်ခံဖို့လား။

ကာရန်ကိစ္စကို မိမိရို့ရေ ထည့်မတွက်တေအထိ ဖြစ်နီကတ်တေ။ လွတ်လပ် ကာရန်ကို သုံးနီလို့။ နောက်..တရက်နိလောက်မှာ ကာရန်ဆိုစွာ ပြောလို့မရရေအထိ ဖြစ်လှာလတ်လိမေ။ ကာရန်ဆိုစွာ ကဗျာအတွက် အရီးကြီးစွာမဟုတ်လို့ ပြောလှာလိ မေ။ အရှိဘက်မှာ ပြောနီယာ။ ရိုင်သမ်(ျွ့ပအ့ာ)ကို အဓိကထား ပြောသူပြောနီ ကတ်တေ။ စကားပြောကဗျာသမားတိကတော့ ကာရန်၊ ရိုင်သမ် ဆိုစွာတိကို သူရို့ လုံးဝမပြောဘဲ ရီးနီကတ်တေ။

မိမိရို့ ခေတ်ပေါ် မော်ဒန်ရခိုင်ကဗျာလေး သူရို့ပိုင် လုပ်ဖို့လား။ ဒေကိစ္စလေး မိမိရို့ အလီးထားစဉ်းစားရဖို့အချက် ဖြစ်ပါလတ်တေ။ ဇာဖြစ်လို့လေးဆိုကေ ရခိုင် စာပီဆိုစွာ အလျင့်အလျင်ကပင် ကိုယ့်ခြီထောက်နန့်ကိုယ် လမ်းလျှောက်ပါလတ်တေ စာပီ။ အဂုခါမှ သူများခြီထောက်နန့်လျှောက်ကေ မိမိရို့ကို နှောင်းခေတ်ရခိုင်တိ အစွာပိုင်ပြောဖို့လေး ဆိုစွာကိုလေး စဉ်းစားသင့်ပါရေ။

မိမိရို့ရေ မိမိရို့ဘာသာစကားကို မသီရအောင်၊ မိမိရို့ယဉ်ကျေးမှုကို မကွယ်ရ အောင်ဆိုရေ ရည်ရွယ်ချက်နန့် ရီးနီကတ်စွာ ဖြစ်တေ။ ဒေရည်ရွယ်ချက်ရာ အမှန်ဟိ ကေ မိမိရို့ရေ နို့သက်ခံရီး၊ ဒုတိယဖိုးစိန်ဖြစ်ရီး၊ သူများခြီထောက်ကိုဖက်ပြီး လမ်းလျှောက်ရီးဆိုစွာတိကို မဖြစ်လီရအောင် အလီးအတင်းထားပြီးကေ ကြိုးပမ်းသင့်ရေ လို့ ထင်ပါရေ။

ယေဇူးနန့် မိမိရို့ရေ ရခိုင်ကဗျာပီသလှာရီးကို ရှိရှုပြီးကေ ရီးသားသင့်ရေလို့ ယူဆရေ။ နောက်တခုက အရှိဘက်က မော်ဒန်ကဗျာတိမှာ ပဉ္စလက်ဆန်ရေ စကား လုံးတိကို သုံးစွဲနီရေအတွက် ကဗျာတပုဒ်ကိုခံစားဖို့ အဖွင့်ကျမ်းတကျမ်းလောက် လိုနီရေ။ ယင်းကျမ်းတောင်မှ ပြည်တွင်းဖြစ်ကျမ်းတိ အကူအညီမဟုတ်ဘဲ နိုင်ငံခြား ကျမ်းတစောင်ဧ့ သီဝရီတိနန့် ဖွင့်ဆိုရေကျမ်း ဖြစ်ပါမှ။

မိမိရို့ရေ ပုံသဏ္ဌာန်သီ မဟုတ်။ လွတ်လပ်ကာရန်၊ ပဉ္စလက်စကားရို့တိနန့် ရီးဖို့လိုအပ်၊ မလိုအပ်ဆိုစွာတိကိုပါ ထည့်တွက်ဖို့လိုလိမေ ထင်ပါရေ။ ယေမှရာ ရခိုင်ကဗျာဧ့ အနာဂတ်ရေ ဖြောင့်ဖြူးဖို့။ မိမိရို့လေး တာဝန်ကျီဖို့လို့ ထင်ပါရေ။

ယေဇူးနန့် ရခိုင်စာပီ ဖြစ်ပေါ်တိုးတက်ရီးအတွက် စကားပြေကိုလေး ဂရုဓမ္မ စိုက်၊ ကဗျာကိုလေး အလီးအနက်သဘောပိုက်ဖို့ လိုအပ်နီရေလို့ ရိုးသားစွာ မြင်မိပါ ရေ။ ဧစွာကား မှိုက်ကယ်ဦးနှောက်နန့် ပန်းအောင်ဧ့ အမြင်မျှ ဖြစ်ပါရေ။

စာဖတ်သူက ဇာပိုင်မြင်ပါလေး။ ပြောကြည့်ပါပလင် တချက်လောက်။
ပန်းအောင်ဧ့ တင်ပြချက်ကား အဖြည့်ခံရာ။
သာစွလေ...
ပန်းအောင်

၁၁၁၇၁၀၊ ဂျန်နဝါရီလ၊ ၁၉၉၇
၁၃၅၈၊ ပြာဆန်း ၄ ရက်၊ ၁ နီ။
ရခိုင်ရိုးမမဂ္ဂဇင်း အမှတ် ၂၊ ၁၉၉၈၊ နိုဝင်ဘာ။

Photos from ရခိုင့်အက္ခရာစာပီဆိုင်ရာ စာတမ်းများ's post 01/03/2014

ကိုင် ဝိုင်းဖို့လိုနီကေ ဝိုင်းလိုက်ကတ်ပါမေ။ တပြားနှိုင်နှိုင်၊ နှစ်ပြားနှိုင်နှိုင် ချွေးနဲစာချေတိကို ပေါင်းစုပနာ လှူကတ်ပါမေ။

Mrat Noe Thar
38 minutes ago
ရခိုင်သူ၊ ရခိုင်သားအပေါင်းရို့

ပညာရေးအခက်အခဲရောက်နိန်ရေ ပန်းထိန်ဆည်ရွာဘက်ကို မျက်စောင်းတစ်ချက်လောက် ထိုးပီးစီချင်ပါရေ။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းဒေသ ပန်းထိန်ဆည်ရွာက လူတိဟာ ဘိုးစဉ်ဘောင်ဆက် ရွာစ ဖြစ်လာ ကတည်းကပင် စာမသင်ခကတ်ရပါ။ ယင်းချင်းကို အကျွန် ခရီးလားယင်းနန့် ယင်းရွာကို ရောက်လားရေအချိန်မှာ သိခရပါရေ။ ယင်းချင်းကြောင့် လက်ရှိဟိနိန်ရေ မူလတန်းအရွယ် အချေတိကို စာသင်ကြားဖို့အတွက် ရွာသားတိကို တိုက်တွန်းခပါရေ။

ရွာသားတိလည်း ရွာက အချေတိ စာတတ်ဖို့အတွက် ၂၀၁၂ မှာ ယာယီ မူလတန်း ကျောင်းဆောင်သစ်တစ်ခု ဆောက်ပနာ စာသင်နိန်စွာ ၂ နှစ်ဟိပါဗျယ်။
လွန်ခရေ ၂၀၁၂ က ယင်းရွာမှာ ယာယီ ကျောင်ဆောင်ချေ တစ်ခု ဆောက်ပနာ ကျောင်းသားတိ ပညာသင်ယူနိန်ကတ်ပါရေ။

ယင်းကျောင်းသားတိကို ရမ်းဗြဲမြို့နယ်၊ မြေပုံကျေးရွာ ကျောင်းဆရာ ဇော်မျိုးလင်း ( ဥပဒေဘွဲရ)က ပေဆာတပြာလည်း မရဘဲ စာသင်ပီးနိန်စွာ ၂ နှစ်ဟိနိန်ရာ။ အကျွန်က အမျိုးသားရေအတွက် ပီးဆပ်ပီးပါ ဆရာလို့ ပြောရေ စကားတစ်ခွန်းနန့်လို့ တောင်းဆိုရေ စကားချေ တစ်ခွန်းတည်းနန့် ယင်းရွာမှာ လားပနာ စာသင်ပီးနိန်စွာဖြစ်ရေ။

ယင်းရွာမှာ ယာယီဆောက်ထားရေ ကျောင်းဟာ ပျက်စီးလုနီးပါ ဖြစ်နိန်ပါဗျယ်၊ ရွာသားတိလည်း စီးပွါးရေမကောင်း၊ တစ်ရက်လုပ်မှ တရက်စားရရေ ဘ၀၊ ကျောင်းဆောင်သစ် ဆောက်ဖို့ဆိုစွာ သူရို့အနေနန့် အဖြစ်နိုင်ရေ အခြေအနေကို ရောက်နိန်ရေ အချိန်ပါ။

ယင်းချင်းကြောင့် မျိုးချစ် ရခိုင်သူ၊ ရခိုင်သားများအနေနန့် ယင်းရွာရဲ့ ပညာရေအခြေအနေကို မျက်စောင်းတဘက်ချေ ထိုးပနာ ကူညီပီးကတ်ပါလို့ မေတ္တာရပ်ခံပါရေ
ဆက်သွယ်ရန် ဖုန်းနံပါတ်- ဆရာ ဇော်မျိုးလင်း(ပန်းထိန်ဆည်ရွာ)- 09250607618

Website