ကျောက်ဆည်nldရုံးအဆောက်အဦဖြစ်မြောက်ရေးဦးဆောင်ကော်မတီ

ကျောက်ဆည်nldရုံးအဆောက်အဦဖြစ်မြောက်ရေးဦးဆောင်ကော်မတီ

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ကျောက်ဆည်nldရုံးအဆောက်အဦဖြစ်မြောက်ရေးဦးဆောင်ကော်မတီ, Nonprofit Organization, .

Photos from ကျောက်ဆည်nldရုံးအဆောက်အဦဖြစ်မြောက်ရေးဦးဆောင်ကော်မတီ's post 06/08/2020

🏬အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ၅-၈-၂၀၂၀ရက်နေ့၁နာရီတွင် NLDရုံးအဆောက်အဦဖြစ်မြောက်ရေးဦးဆောင်ကော်မတီအစည်းဝေးပွဲကိုကျင်းပခဲ့ကြသည်။

🧱အစည်းဝေးတွင် တင်ဒါစီစစ်ရေးအဖွဲ့မှ အဆောက်အဦဆောက်လုပ်မည့်ကုမ္ပဏီများမှတင်တင်သွင်းလာသော ပုံစံနှင့်ပုံကြမ်းများ၊သုံးစွဲမည့်ပစ္စည်းများနှင့်ကုန်ကျစရိတ်များကို ကြည့်ရှု့စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြပါသည်။

02/08/2020

5.8.2020(ဗုဒ္ဓဟူး)နေ့ နေ့လည် ၁နာရီNLDရုံးအဆောက်အဦးဖြစ်မြောက်ရေးဦးဆောင်ကော်မတီအစည်းဝေးရှိပါသည်

Photos from ကျောက်ဆည်nldရုံးအဆောက်အဦဖြစ်မြောက်ရေးဦးဆောင်ကော်မတီ's post 26/07/2020

26.7.2020နေ့NLDရုံးအဆောက်အဦးဖြစ်မြောက်ရေးကော်မတီအစည်းဝေးဆောက်လုပ်ရေးကန်ထရိုက်များသို့အဆောက်အဦးပုံစံပြကုန်ကျစရိတ်အသေးစိတ်တွက်ပြီးတင်စေခြင်းအရည်အသွေးစီစစ်ရေးSub;ကော်မတီဖွဲ့စည်းခြင်းနှင့်ဘဏ္ဏာငွေရှာကြံရေးလုပ်ငန်းစဉ်များကိုချမှတ်နိုင်ခဲ့ပါသည်

Photos from ကျောက်ဆည်nldရုံးအဆောက်အဦဖြစ်မြောက်ရေးဦးဆောင်ကော်မတီ's post 19/07/2020

၁၉/ဇူလိုင်

၇၃နှစ်မြောက် အာဇာနည်နေ့သို့ NLDရုံးအဆောက်အဦဖြစ်မြောက်ရေးဦးဆောင်ကော်မတီမှ အလေးပြုအခမ်းနားတက်ရောက်ခြင်း လွမ်းသူပန်းခွေချခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

Photos from ကျောက်ဆည်nldရုံးအဆောက်အဦဖြစ်မြောက်ရေးဦးဆောင်ကော်မတီ's post 13/07/2020

ရွှေယောမြေဝေထိုက်အောင်ကုပဏ္ဏီမန္တလေးမှကျောက်ဆည်NLDရုံးအဆောက်အဦးဆောက်လုပ်ရန်အတွက်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးရဲမင်းထွန်းမှတဆင့် သုံးသိန်းကျပ် လှူဒန်းပါသည်ရုံးအဆောက်အဦးဖြစ်မြောက်ရေးကော်မတီမှဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်

Photos from ကျောက်ဆည်nldရုံးအဆောက်အဦဖြစ်မြောက်ရေးဦးဆောင်ကော်မတီ's post 12/07/2020

ကျောက်ဆည်မြို့NLDရုံးဆောက်လုပ်ရေးအတွက်ညှိနှိုင်းအစည်းဝေးကိုပြုလုပ်ခဲ့ပါသည်

Photos from ကျောက်ဆည်nldရုံးအဆောက်အဦဖြစ်မြောက်ရေးဦးဆောင်ကော်မတီ's post 28/02/2020

NLDရုံးဆောက်ရန်အတွက်ပုံစံ,လုပ်ငန်းစဉ်များ,ကုန်ကျစရိတ်များ ကိုအင်ဂျင်နီယာဖြင့်ဆွေးနွေး

Photos from ကျောက်ဆည်nldရုံးအဆောက်အဦဖြစ်မြောက်ရေးဦးဆောင်ကော်မတီ's post 23/02/2020

ကျောက်ဆည်NLDရုံးအဆောက်အဦဖြစ်မြောက်ရေးဦးဆောင်ကော်မတီ အစည်းဝေးကို၂၃-၂-၂၀၂၀ရက် နေ့လည်၂နာရီကျော်၌ကျင်းပခဲ့ကြသည်။အစည်းဝေး၌ အလှုငွေကောက်ခံမည့်ရက်နှင့်လိုက်ပါဆောင်ရွက်မည့် ပုဂ္ဂိုလ်များ၊ အဆောက်အဦ ကနဦးနမှုနာ ပုံစံရွေးခြယ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

15/02/2020

ကျေက်ဆည်NLDရုံးဆောက်လုပ်ရန်အတွက် ရုံးအဆောက်အဦးဖြစ်မြောက်ရေးကော်မတီ၏ဘဏ်ရှိရံပုံ‌ငွေမှာ ၁၈၄ သိန်း ၇သောင်း
ကျော်ဖြစ်ပါသည် ရုံးမှာအမှန်တစ်ကယ်လိုအပ်နေပြီးရံပုံငွေအင်အားနည်းနေပါသေး၍ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့်အလှူငွေများထည့်ဝင်လှူဒန်းပေးကြပါရန်လေးစားစွာဖြင့်တိုက်တွန်းနှိုးဆော်အပ်ပါသည်

14/02/2020

ဦးကျော်ဝင်းနိုင်(စာရေးဆရာ မွန်ဇူး)မြို့ဦးရပ်
ကျောက်ဆည်မြို့မှအမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ်ရုံးကျောက်ဆည်အဆောက်အဦးဆောက်လုပ်ရန်အတွက်NLDရုံးအဆောက်အဦးဖြစ်
မြောက်ရေးဦးဆောင်ကော်မတီသို့ နှစ်သိန်း
ကျပ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးရဲမင်းထွန်းမှတဆင့်လှူဒန်းပါသည်လေးစား
စွာဖြင့်ဂုဏ်ပြုသာဓုခေါ်ဆိုအပ်ပါသည်

Photos from ကျောက်ဆည်nldရုံးအဆောက်အဦဖြစ်မြောက်ရေးဦးဆောင်ကော်မတီ's post 10/02/2020
Photos from ကျောက်ဆည်nldရုံးအဆောက်အဦဖြစ်မြောက်ရေးဦးဆောင်ကော်မတီ's post 09/02/2020

၉-၂-၂၀၂၀ရက်နေ့၌ ကျောက်ဆည်NLDရုံး အဆောက်အဦ ဖြစ်မြောက်ရေးဦးဆောင်ကော်မတီ၏ ပဉ္စမအကြိမ်မြောက် အစည်းဝေးကို ပြုလုပ်ခဲ့ကြပါသည်။

အစည်းဝေး၌ ကော်မတီဥက္ကဌဦးခင်ဇော်မှ ယနေ့အချိန်ထိ အလှုခံရရှိငွေပမာဏများရှင်းလင်းခဲ့ကြသလို့ အဖွဲ့ဝင်များမှ အဆောက်အဦပုံကြမ်းရေးဆွဲပုံဖေါ်ကြမည်အစီစဉ်များနှင့် အလှုငွေရရှိရန်လုပ်ငန်းစဉ်များအား ညှိနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။

Photos from ကျောက်ဆည်nldရုံးအဆောက်အဦဖြစ်မြောက်ရေးဦးဆောင်ကော်မတီ's post 24/01/2020

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ရန်ပုံငွေစီစစ်ရေးနှင့်ထိမ်းသိမ်းစီမံရေးကော်မတီမှ ကျောက်ဆည်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအဆောက်အဦဆောက်လုပ်ရန်အတွက်‌ ထောက်ပံ့ငွေကို ၂၄-၁-၂၀၂၀ရက် နေ့လည်၁:၃၀နာရီတွင် ဗဟိုရန်ပုံငွေစီစစ်ရေးကော်မတီကိုယ်စားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာတင်အောင်မှ ကျောက်ဆည်မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များအားလွဲပြောင်းပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ဗဟိုရန်ပုံငွေစီစစ်ရေးနှင့်ထိမ်းသိမ်းစီမံရေးကော်မတီမှ ရရှိလာသော ၁၄,၉၉၂,၀၀၄.၀၀ကျပ်အား မြို့နယ်အလုပ်အမှုဆောင်ဥက္ကဌနှင့်အဖွဲ့ဝင်များမှ ကျောက်ဆည်NLDရုံးအဆောက်အဦဖြစ်မြောက်ရေးကော်မတီဥက္ကဌဦးခင်ဇော်၊ဘဏ္ဍာရေးဦးကျော်တိုးနှင့်အဖွဲ့ဝင်များအား လွဲပြောင်းပေးအပ်ခဲ့ကြပါသည်။ ။

Photos from ကျောက်ဆည်nldရုံးအဆောက်အဦဖြစ်မြောက်ရေးဦးဆောင်ကော်မတီ's post 07/11/2019

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလေးကျေးရွာအုပ်စု၏ ရပ်/ကျေး စည်းရုံးရေးအဖွဲ့ကို ကျောက်ဆည်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့မှ ဒုဥက္ကဌဦးထွန်းဝင်း၊အတွင်းရေးမှုးဦးရဲမင်းထွန်း၊အလုပ်မှု‌ေဆာင်များဖြစ်ကြ‌ေသာဦးထိန်လင်းအောင်၊ဦးချစ်ဖွယ်၊ဒေါ်ခင်ဆွေဦး၊လူငယ်မှဦးချမ်းငြိမ်းအောင်တို့သည် ကလေးကျေးရွာသို့၇-၁၁-၂၀၁၉ရက်နံနက်၁၀နာရီတွင် ရပ်ကျေးပါတီဝင်တစ်ဦးအိမ်၌ ပါတီဝင်များစုစည်း၍ဖွဲ့စည်းခဲ့ကြပါသည်။ ။

Photos from ကျောက်ဆည်nldရုံးအဆောက်အဦဖြစ်မြောက်ရေးဦးဆောင်ကော်မတီ's post 05/11/2019

ရုံးဆောက်ရန်အတွက်Publicမှကူညီထည့်ဝင်ငွေများကိုသုံးဦးJoint accountဖွင့်၍ဘဏ်တွင်ထည့်ထားပါသည်

Photos from ကျောက်ဆည်nldရုံးအဆောက်အဦဖြစ်မြောက်ရေးဦးဆောင်ကော်မတီ's post 03/11/2019

NLD ရုံးအဆောက်အဦ ဖြစ်မြောက်ရေးဦးဆောင်ကော်မတီသည် အစည်းအဝေးကို၃၀-၁၀-၂၀၁၉ရက်တွင် စတုတ္ထအကြိမ် အဖြစ်ကျင်းပခဲ့ရာ ...
စနေနေ့တိုင်းအလှုခံထွက်ခြင်းများပြုလုပ်ပါမည်။
သို့သော် ကျန်ကြားရက်များတွင် အလှုရှင်ပေါ်ပေါက်ပါက အားလပ်၍အချိန်ပေးသည့် ကော်မတီဝင်များက ဥက္ကဌ၊ဘဏ္ဌာရေးမှုး၊များနှင့်ချိတ်ဆက်ကာ ဆောင်ရွက်သွားကြမှာဖြစ်ပါသည်။

ပါတီကိုထောက်ခံအားပေးကြသူများနှင့်အများပြည်သူလူထုမှ ရုံးအဆောက်အဦဖြစ်မြောက်ရေးကော်မတီစာရင်းဖွဲ့စည်းပုံကို သိရှိရန်အတွက် ဖေါ်ပြအပ်ပါသည်။။

Photos from ကျောက်ဆည်nldရုံးအဆောက်အဦဖြစ်မြောက်ရေးဦးဆောင်ကော်မတီ's post 03/11/2019

ဒေါ်သန်းမြင့်(အေးငြိမ်းချမ်းအောင်)မိသားစုမှNLDရုံးအဆောက်အဦးဖြစ်မြောက်ရေးအ
တွက်ဖြစ်မြောက်ရေးကော်မတီသို့ တစ်သိန်း
ကျပ်လှူဒန်းပါသည်ကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်

01/11/2019

ကျောက်ဆည်NLDရုံးဆောက်နိုင်ရန်အတွက် အထူးကုဆရာဝန်တစ်ဦးမှ သုံးသိန်းကျပ်ကို
ရုံးအဆောက်အဦဖြစ်မြောက်ရေးဦးဆောင်ကော်မတီသို့လှူဒန်းသွားပါသည်။

01/11/2019

Dr မောင်မောင်သန်းထွန်း+ဒေါ်နွယ်နွယ်အေး(ထွန်းဆေးခန်း)စုကြီးရပ်မှNLDရုံးဆောက်လုပ်ရန်အတွက် ဖြစ်မြောက်ရေးကော်မတီ
သို့ သုံးသောင်းကျပ်လှူဒန်းပါသည်။

29/10/2019

ရုံးအဆောက်အဦးဖြစ်မြောက်အောင်မြင်ဘို့အားလုံးဝိုင်းဝန်းကူညီကြပါစို့

Photos from ကျောက်ဆည်nldရုံးအဆောက်အဦဖြစ်မြောက်ရေးဦးဆောင်ကော်မတီ's post 29/10/2019

ကျောက်ဆည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးအဆောက်အဦ ဖြစ်မြောက်ရေးအစည်းဝေးပွဲ (တတိယအကြိမ်မြောက်) တက်ရောက်လာကြသူများ ၊..

29/10/2019

ကျောက်ဆည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရုံးအဆောက်အဦ ဖြစ်မြောက်အောင် မြို့နယ်အတွင်းရှိ ပါတီထောက်ခံသူများနှင့်ဒီမိုကရက်တစ် အသိုင်းအဝန်းမှ လူပုဂ္ဂိုလ်များ စုပေါင်းကာ မြို့နယ်အတွင်း ခံယူချက်ကိုယ်စီဖြင့် ရုံးဖြစ်မြောက်အောင် လှုပ်ရှားဆောင်ရွက်နေသောအဖွဲ့ဖြစ်ပါတယ်။

ယခု ကော်မတီ၏သက်ဝင်လှုပ်ရှားမှု့နှင့် ကျိုးစားဆောင်ရွက်မှု့များကို ကျောက်ဆည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တရားဝင်သိရှိလုပ်ပိုင်ခွင့်ပေးထားသော ကော်မတီတစ်ရပ်ဖြစ်ကြောင်းနှင့် ယခုပေ့စ်မှ တင်ပြဖေါ်ပြမှု့များသည်ကိုလည်း ပါတီ၏တရားဝင်သက်ဆိုင်မှု့ရှိကြောင်း လေးစွာဂုဏ်ယူစွာဖြင့် အများပြည်သူလူထုအား အသိပေးအပ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကျောက်ဆည်မြို့နယ်
မန္တလေးတိုင်းဒေသကြီး။

Website