Hninn Pwint's IDEA

Hninn Pwint's IDEA

I hope my joy will spread to everyone....

21/07/2024

Others : အစ်မက play girl ဆိုတော့ ယောက်ျားလေးတွေကို play မှာပေါ့နော်🔥
Me : ကျွန်မ၏ play ပုံ play နည်း🥹👇🏻

15/07/2024

ချစ်မွှန်း

လူ့ကျင့်ဝတ်ကို အသက်နဲ့လဲမယ်ဆိုတဲ့ကျွန်‌တော်က ပိုင်ရှင်ရှိတဲ့မုန့်ကို လုစားခဲ့တဲ့ သူမကိုကျတော့ မှားတယ်မထင်ပါ။

သူမ မှားတာသိပါတယ် ဆိုတော့ ညီမလေး မင်းကဘယ်တုန်းကမှမမှားခဲ့သလို ဘယ်တော့မှလဲမမှားဘူးလို့အာမခံခဲ့တယ်။

နိဗ္ဗာန်ထိရည်ရွယ်ထားတယ်ဆိုတဲ့ ကျွန်တော်က သူမကို‌ တွေ့တိုင်း မင်းလုပ်လို့ကိုယ့်မှာဈာန်လျှောရတယ် ဆိုပြီး အခုချိန်ထိစတုန်းပေါ့

ဘယ်သူ့ကိုမှအချိန်ဖဲ့မပေးနိုင်ပေမယ့် ကျွန်‌တော်ကသူမနဲ့တွေ့ရဖို့ရက်ကိုတော့ မူကြိုကလေးလို ဂျီကျပြီး တောင်းတယ်ဆိုယုံကြမလား

အချိန်ကမကုန်ပါဘူး ဆိုတဲ့ မင်းရဲ့ယူဆချက်ကိုတစ်လောကလုံး ငြင်းနေပါစေ အစ်ကိုမင်းဘက်ကရှိတယ်‌နော်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အစ်ကို့ရင်ခွင်ကဘာသတ်မှတ်ချက်မှရှိစရာမလိုပဲ ကျွန်မဖြစ်နေရုံနဲ့ပစ်ဝင်လို့ရတဲ့နေရာလေးတစ်ခုပဲ‌

လူမှုရေးနားမလည်တဲ့ကောင်တွေနဲ့ကျွန်တော်နဲ့မဖြစ်ဘူးဆိုပြီး ကျွန်မညသန်းခေါင်ဖုန်းဆက်တဲ့အခါကျတော့ ဟယ်လိုအစား ဘာကူညီရမလဲ
ညီမလေးဆိုတဲ့အသံနဲ့စတယ်

စာပေအကြောင်းပဲပြောပါအမိ အချစ်ဆိုတာတကယ်မရှိဆိုပြီး လေလုံးထွားခဲ့တာ ဘယ်သူလဲလို့ ကျွန်မ မေးရင် သူပြေးပုန်းမှာ သိတယ်

လူတိုင်းကိုအကောင်းမြင်ဖို့ ဖျောင်းဖျတဲ့အစ်ကို
မရဘူးအစ်ကိုသူက.......လို့များဆက်ပြောမိလိုက်ရင် အဲ့လူမျက်နှာကိုအစ်ကို့လက်သီးကသွားမိတ်ဆက်တော့တာပဲ။

ငယ်ငယ်က Physics ဆိုတုန်နေအောင်ကြောက်ပြီးထွက်ပြေးတဲ့ကျွန်မ အခုတော့ physics ကျောင်းသား တစ်ယောက်လိုက်ဖမ်းတာကိုပတ်ပြေးနေရတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ချစ်သောလေးရေ အကယ်၍များမင်းမှာငါမဟုတ်တဲ့ ရည်းစားရှိသွားပြီဆိုရင်ပြတ်တဲ့အခါ အစ်ကို့ဆီလာပါ

အိမ်ထောင်ရက်သားတွေကျသွားတဲ့အခါ လက်ဖွဲ့ကောင်းကောင်းစီစဉ်ပေးမဲ့အပြင် မတော်တဆလမ်းပြန်ကွဲသွားရင်လဲ အစ်ကိုကကြိုဆိုလျက်ပါ

ကာလတွေကြာလို့ စုဘူးလေးတွေရှိလာရင်လဲ အစ်ကို့ကိုအားမနာပါနဲ့ ကလေးချစ်တတ်ပါတယ်

ကံကောင်းလို့များ မင်းကိုအစ်ကို့ဘေးနားထားခွင့်ရမယ်ဆိုရင် ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်ထားပါ့မယ်

ဟွန့် ဆိုတဲ့ ငြူစူသံလေးထွက်မလာအောင် အကုန်မင်းစိတ်တိုင်းကျဖြစ်စေရပါမယ်။

အစ်ကို့ကိုချစ်ဖို့မတိုက်တွန်းပါဘူး ဒါပေမယ့်
တစ်ခုတော့လုပ်ပေးပါညီမလေး

ပျော်ရွှင်နေပေးပါချစ်သောရေ ဒီကောင်ကမင်းပျော်မှ အသက်ဆက်ရှင်လို့ရတာမို့

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆေးမိသွားတာလားရှင့်

ချစ်မိသွားတာပါဗျ

Noonland (Nay Pyi Taw)
15.7.2024(Monday)

Photos from Hninn Pwint's IDEA's post 04/07/2024

ငှက်ပိုင်ရှင်မည်သူနည်း။

အဲ့ဒီနေ့သည်နေရောင်တစ်ခုလုံးကျွန်မအပေါ်ဖြာကျ‌နေပြီး သံယောဇဉ်တစ်မျှင်စငြိခဲ့သောနေ့တစ်ရက်ဖြစ်သည်။

ကျွန်မရဲ့ပုခုံးမှာလာနားတဲ့ ထိုအရာသည်ငှက်ကလေးတစ်ကောင်.....

သူမျက်စိလည်လမ်းမှားလာ၍ ခဏတဖြုတ်နားခြင်းဖြစ်မည်ဟုမှတ်ယူလိုက်သည်။

ငှက်ကလေးသည် တစ်နေ့လည်းမဟုတ် နှစ်နေ့လည်းမဟုတ်နှင့် သုံးနှစ်တိုင်သည်အထိ ကျွန်မဆီ လာလိုက် ပြန်သွားလိုက်နှင့် နေ့တိုင်းအလုပ်ရှုပ်‌စမြဲဖြစ်သည်။

ကျွန်မသည် ငှက်ကလေးအား နှစ်နှစ်ကာကာချစ်မိပါသော်လည်း သူ့အား သံယောဇဉ်ကြိုးမှတစ်ပါး အခြားမည်သည့်ကြိုးနှင့်မျှမချည်ထားချင်။

သူပျံသန်းတာကိုကြည့်မည်။ သူယူလာ‌ သော အရွက်ကလေးများကို အင်မတန်မြတ်နိုးသည့်အမူအရာလုပ်ပြမည်။ သူကျွန်မလက်ပေါ်မှာနားနေလျှင် ဖွဖွလေးနမ်းမည်။

မနေ့က ငှက်ကလေးမလာပါ။
ဒီနေ့လည်း ငှက်ကလေးမလာပါ။
မနက်ဖြန်ရော ငှက်ကလေးလာပါ့မလား။

ကျွန်မတို့အိမ်၏ နှစ်အိမ်ကျော်၌ ကောင်မလေးတစ်ယောက်ရှိသည်။ ထိုကောင်မလေး၏အိမ်ရှေ့ရှိလှောင်အိမ်ထဲတွင် ကျွန်မငှက်ကလေးနှင့်ချွတ်စွတ်တူသော ငှက်ကလေးတစ်ကောင်ရှိ‌ နေသည်။

ကျွန်မအထင်မမှားပါ။ ကျွန်မ၏ငှက်ကလေးဖြစ်သည်။

ထိုကောင်မလေးသည် ကျွန်မ အပေါ် အားနာခြင်းအလျဉ်းမရှိ ကျွန်မ၏ ငှက်ကလေးအား သူ၏ ငှက်ကလေးဟု ခဏခဏ ပြောဆိုနေခဲ့သည်။

ကျွန်မ၏ငှက်ကလေးမှန်း သူ မသိတာလား သူမသိချင်ယောင်ဆောင်တာပါလား။

ထိုအချိန်မှစ၍ ကျွန်မသည် ကျွန်မ၏ ငှက်ကလေးအား သူ၏ ငှက်ကလေးဟုသာပြောင်းလဲခေါ်ဆိုလိုက်သည်။

ပိုင်ဆိုင်ခြင်းကိုပြရန် လှောင်အိမ်တစ်ခုလိုအပ်ကြောင်း သိရှိရသည်။

ငှက်ကလေးသည် ကျွန်မဆီတွင် ရရှိခဲ့သော လွတ်လပ်မှုများ ပျော်ရွှင်မှုများကို လွမ်းဆွတ်သည့် မျက်ဝန်းများဖြင့်ကြည့်နေသည်။

"ဒီ ငှက်ကလေးကို ဘယ်ကဖမ်းလာတာလဲ"

အားတင်း၍မေးလိုက်သောမေးခွန်းတွင်

ကျွန်မပိုင်ဖူး‌သောငှက်ကလေးအားပိတ်လှောင်ထား၍ ဒေါသသံပါနိုင်သည်။

ကျွန်မငှက်က‌လေးအား ဆုံးရှုံးရပြီဟုခံစားရသောကြောင့် ငိုသံလဲပါနိုင်သည်။

"သူက ငါ့ပန်းခြံထဲမှာပျံနေတာ ငါခေါ်တော့လဲလာတယ်လေ အဲ့တာကြောင့်ခေါ်ထားလိုက်တာ"

ငှက်ကလေးသည် မည်သည့်အကြောင်းကြောင့် ထို ကောင်မလေး ပန်းခြံတွင် ပျံသန်းခဲ့သနည်း ဟုသာမေးခွန်းထွက်လာသည်။

ငှက်ကလေးသည် ထိုကောင်မလေးပန်းခြံထဲရှိ ခတ္တာပန်းများအား တကယ်နှစ်သက်၍လား

သို့မဟုတ်

‌လှောင်အိမ်ဖြင့်ထည့်ကာ အနားထားသည့် ချစ်ပုံချစ်နည်းအား သဘောကျ၍လား

ငှက်ကလေးအား သုံးနှစ် သုံးမိုး စောင့်ရှောက်ကျွေးမွေးခဲ့သော ကျွန်မသည်ပိုင်ရှင်လော။

ငှက်ကလေးအား လက်ဝယ်လှောင်အိမ်ဖြင့်ကိုင်ထားသော‌ထိုကောင်မလေးသည်ပိုင်ရှင်လော။

ကျွန်မသည် ဤဖြစ်ရပ်အားဖြေရှင်းပေးရန် မဟော်သဓာသာ ပြေးခေါ်ချင်တော့သည်။

ဖြေရှင်းပေးပါ မဟော်သဓာ ငှက်ပိုင်ရှင်မည်သူနည်း။

Noon Land (Nay Pyi Taw)
1.7.2024(Monday)

Photos from Hninn Pwint's IDEA's post 02/06/2024

ဘယ်လိုရူးခဲ့လဲ၊ဘယ်လိုရူးနေလဲ၊ဘယ်လိုဆက်ရူးမလဲ

ငါ့ကိုယ်ငါ တော်တော်ရူးပါလားဆိုပြီးပြန်တွေးမိတဲ့ အထိကိုဆိုးတဲ့လုပ်ရပ်တွေရှိတယ်

၁။ ငါ့ထက်ရူးတဲ့လုပ်ရပ်တွေကို ရူးမှန်းသိသိချည်းနဲ့ဆက်ရူးတဲ့မိုက်မိုက်မဲမဲအရူးတွေနဲ့တွေ့တဲ့အခါ

၂။ ငါ့ထက်ရူးတဲ့လုပ်ရပ်တွေကို ရူးလို့ရူးနေမှန်းမသိတဲ့အထိကိုထိုင်းတဲ့ငတုံးအရူးတွေနဲ့ တွေ့တဲ့အခါ

၃။ ငါ့ထက်ရူးတဲ့လုပ်ရပ်တွေကိုရူး‌နေတာသိပေမယ့် မသိချင်ယောင်ဆောင်နေတဲ့ နုံနုံအအ အရူးတွေနဲ့‌ တွေ့တဲ့အခါ

၄။ ငါ့ထက်ရူးတဲ့လုပ်ရပ်တွေကို ရူးမှန်းမသိတဲ့အပြင် အမှန်ထင်ပြီးဂျိုကြွတဲ့ တဇောက်ကန်းအရူးတွေနဲ့တွေ့တဲ့အခါ

၅။ ငါ့ထက်ရူးတဲ့လုပ်ရပ်တွေကိုမလုပ်ချင်ပေမယ့်မဖြစ်မနေလုပ်ရတဲ့သနားစရာအရူးတွေနဲ့တွေ့ရတဲ့အခါ

ရှက်တယ် ရှက်တယ်ရော် သူတို့ရူးနေရတဲ့ကိစ္စတွေက ဘာမှမဟုတ်တာကိုသိလေ ပိုရှက်လေပဲ

ကာယကံရှင်ဖြစ်တဲ့သူတို့ကမရှက်လဲ ဘေးကကိုယ်ကရှက်တာ

နောက်သုံးနှစ်နေရင်ဆိုပြီးတွေးကြည့်လိုက်ရင် အခုကိစ္စရပ်တိုင်းဟာ ရယ်စရာပဲ

နေရာပြောင်းတွေးကြည့်လိုက်ရအောင်။

ငါ့ကိုလဲတချို့တွေက "သူအရမ်းရူးနေတာပဲ"လို့တွေးကြမှာပဲ ငါလဲရှက်စရာကိစ္စတွေလုပ်ခဲ့မှာပဲ

ငါကရော မိုက်မိုက်မဲမဲအရူးလား၊ငတုံးအရူးလား၊နုံနုံအအအရူးလား၊‌တဇောက်ကန်းအရူးလား၊သနားစရာအရူးလား။

ဘာအရူးဖြစ်ဖြစ် မကောင်းတာတော့သေချာတယ်။

အနည်းဆုံးတော့ ငါဟာ မဖြစ်မနေရူးရမယ်ဆိုရင် စမတ်ကျကျပဲရူးချင်တယ်။

၁။ ကိစ္စရပ်တိုင်းကို ဖြစ်ချိန်တန်လို့ဖြစ်ပြီး ပျက်ချိန်တနိလို့ပျက်တယ်မှတ်ရမယ်။

၂။ ဘယ်သူ့ကိုမှ ချစ်ပေးဖို့တာဝန်မရှိသလို ဘယ်သူ့ကိုမှ မုန်းစရာမလိုဘူးလို့တွေးပြီးနေထိုင်ရမယ်။

၃။ ကိုယ့်ကိုထိပ်ဆုံးထိ တွန်းပို့နိုင်တဲ့သူနဲ့ ကိုယ့်ကိုအောက်ဆုံးထိ ဆွဲချနိုင်တဲ့လူဟာ ကိုယ်တိုင်ပဲဖြစ်တယ်ဆိုတာမ‌မေ့ရဘူး။

၄။ လူ့သက်တမ်းဟာခဏလေးမို့ လုပ်ခဲ့မိရင်နောင်တရတာမျိုးကိုမလုပ်ဘဲ မလုပ်ခဲ့မိရင်နောင်တရမှာမျိုးကိုလုပ်ရမယ်။

၅။ကိုယ့်ကိုတိုက်ခိုက်ဖို့ဦးတည်တဲ့ လားရာတွေကို ရှောင်တိမ်းနိုင်ဖို့လေ့ကျင့်ပြီး အတတ်နိုင်ဆုံးသူများကိုထိခိုက်အောင်မလုပ်ရဘူး။

ရပြီ ဒီအချက်၅ချက်နဲ့နေရင် အရူး၅မျိုးဆီကလွတ်ပြီလို့တော့ မျှော်လင့်တယ်။

ဒါပဲလေ ငါပြောပါတယ် ငါဟာမဖြစ်မနေရူးမယ်ဆိုရင်တောင်စမတ်ကျကျရူးမဲ့အရူးမျိုးပဲ။

NOON LAND(Nay Pyi Taw)
Sunday

Photos from Hninn Pwint's IDEA's post 01/06/2024

Back memories....🩶🖤

Photos from Hninn Pwint's IDEA's post 24/05/2024

မေ့ထားသောမှတ်ဉာဏ်များ

ငါစိတ်ရှုပ်တယ် အဲ့ကလေးမလေးကငါကိုယ်တိုင်တောင်မေ့ထားတဲ့အတိတ်ကိုပြန်ဖော်ခိုင်းနေတာ

မနေ့ကသူ့ကိုပြောပြခဲ့သေးတယ် ငါဟာ အစ်ကို့ကိုဘယ်လောက်ချစ်ခဲ့ကြောင်း အဲ့တာကြောင့်ပဲ မေ့ပစ်လိုက်တာဖြစ်ကြောင်း ဒီနေ့လဲထိုနည်း၎င်း

သူကငါ့ဆီကဘာအဖြေတွေလိုချင်လို့နေ့တိုင်း
အစ်ကို့အကြောင်းမေးနေသလဲ

အစ်ကိုကငါ့‌အပေါ် ဝတ်ကျေတန်းကျေစကားတွေပဲပြောခဲ့ပြီး အဲ့စကားတွေနောက်မှာလုပ်ရပ်တွေပါမလာခဲ့တာကိုသိချင်နေတာလား

ငါရှိတယ်လို့တောင်မတွေးခဲ့တဲ့အစ်ကို့ရဲ့ဥပေက္ခာတွေကိုဆက်သိချင်တာလား

ငါ့အပေါ်မကောင်းခဲ့ပေမယ့် သူ့အပေါ်တော့ကောင်းပေးပါဆိုပြီးတောင်းဆိုတတ်တဲ့အစ်ကို့ရဲ့လောဘတွေ‌အကြောင်းရောပြောပြရဦးမလား

ငါမွေးရင်ငါ့သမီးအရွယ်လေးမို့ ငါ့မှာဆုံးမပိုင်ခွင့်ရှိမယ်ထင်တယ်

ဒီမှာ လူတစ်ယောက်ကဒုတိယအခွင့်အရေးတော့ရသင့်တယ် တတိယအခွင့်အရေးဆိုတာတော့
လုံးဝမရှိသင့်ဘူးလို့

သူက‌အရမ်းဉာဏ်ကောင်းတဲ့ကလေးမလေးပဲ
ကျွန်မစကားဆုံးတာနဲ့သူ့မှာမေးခွန်းရှိတယ်

အစ်ကိုကတတိယအခွင့်အရေးတောင်းခဲ့လားတဲ့

ဟင့်အင်း သူ့ဘက်ကလဲမတောင်းခဲ့သလို တောင်းမယ်ဆိုရင်တောင်ငါ့ဘက်ကလဲပေးမှာမဟုတ်ဘူး

ငါသူ့ဆံပင်ညိုညိုလေးတွေကိုသပ်ပြီး‌ နားနားကပ် မေးလိုက်တယ်

နင်သာဆိုရင်ရော နင့်ရင်ကိုခဏခဏမွှန်းတဲ့သူကိုမုန်းမသွားဘူးလို့အာမခံနိုင်လားလို့ပေါ့

သူ့မျက်လုံး‌ တွေကကျွန်မကိုပြန်မေးနေသလိုပါပဲ

ငါမေ့ပစ်လိုက်တယ်လို့ပြောပြီးပြီပဲ ငါမမုန်းရက်လို့မေ့လိုက်တာလေ

သူကငါ့ကိုနားမလည်နိုင်တဲ့မျက်လုံးတွေနဲ့ကြည့်နေတာ ဟင့်အင်း ကြည့်ချင်ယောင်ဆောင်တာ သူနား‌လည်တယ်

လွယ်လား မေ့လိုက်ရတာလွယ်လားတဲ့

ငါ့ကိုအထင်သေးလွန်းတာပဲ ငါ့ကို အစ်ကို့လိုမျိုးအတိတ်ကမရုန်းထွက်နိုင်တဲ့လူလို့ထင်နေတာလား

ငါကလေ သူအကြော်ကြေသုပ်လေးကြိုက်တာကအစ တိရစ္ဆာန်လေးတွေချစ်တတ်တာအပါအဝင် လက်ရှည်ဝတ်တိုင်း လက်‌ကောက်ဝတ်ကကြယ်သီးကိုငါ့အကူအညီမပါဘဲတပ်လို့မရတာအထိ အားလုံး မေ့ပစ်လိုက်တာပါဆို
တကယ်ကိုဘာမှမမှတ်မိတော့ဘူး

မလေးမစားနဲ့ သူကရယ်နေလေရဲ့

ကလေးမ နင်ငါ့ကိုရယ်မယ်ဆိုပြန်တော့ ငါလဲဆက်မပြောချင်တော့ဘူး ဒီနားကနာလာပြီ ဆိုပြီး ငါ့ဘယ်ဘက်ရင်ဘတ်ကို ပုတ်ပြလိုက်တယ်

မေမေ က အမြဲ အစ်ကို အစ်ကိုနဲ့သာပြောနေတာနော် သမီးကိုကျနေ့တိုင်းမမှတ်မိဘူး တဲ့

ဟင် မျက်လုံးအဝိုင်းသားနဲ့နားထောင်နေတဲ့ကလေးမကသေချာကြည့်တော့ ငါနဲ့တူတာလိုလို အစ်ကိုနဲ့တူတာလိုလိုပဲ

တောင်းပန်ပါတယ်ကလေးရယ် မေမေ သမီးကိုမနက်ဖြန်ကျရင်မေ့မှာမဟုတ်ဘူးသိလား.....

ဒီစကားကိုမေမေ မနေ့ကလဲပြောခဲ့တယ်တဲ့

သမီးက ငါ့လက်ကိုနွေး‌ထွေးမှုတွေခံစားရတဲ့အထိကိုင်ပေးပြီးမှပြန်သွားတာ

သူ့နောက်ကျောလေးကိုကြည့်ပြီး ငါ မနက်ဖြန် သမီးလေးကိုမှတ်မိရမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်

အဲ့နောက်ကျောလေးမြင်ကွင်း‌ ရှေ့ကပျောက်သွားတာနဲ့ ငါဟာအစ်ကိုနဲ့ ဘယ်လမ်းမှာလွဲခဲ့တာလဲဆိုတာကို တစ်ညလုံးမအိပ်ဘဲစဉ်းစားမှာဖြစ်တယ်။

Noonland (Nay Pyi Taw)

16/05/2024

~~~~~ထိုမှစ၍ဤမျှတွင်သာ~~~~~

စတော်ဘယ်ရီ ကြိုက်တဲ့ကျွန်မက ထောပတ်သီး အစိတ်သားဝယ်လာရင်

အပူမခံနိုင်တဲ့ကျွန်မကပန်ကာဖွင့်ဖို့မေ့နေရင်
ပြုံးရယ်ပြီးကောင်းကင်ကိုကြည့်နေရင်

အချစ်ရေ သေချာတယ် အဲ့အချိန်တွေမှာမင်းအကြောင်းတွေးနေတာ။

သိစိတ်တွေဟာ မသိစိတ်တွေကိုထိန်းချုပ်မရနိုင်မှန်းသိသိနဲ့ ကြိုးစားနေသလို

ငါဟာလဲ အစ်ကို့ကို ကြိုးနဲ့တုပ်ထားရမလား အိပ်ဆေးနဲ့သိပ်ထားရမလား ဆိုပြီး ကြံစည်တုန်း။

လောကမှာသနားဖို့ကောင်းတာ သဲကြိုးမပါတဲ့ ဖိနပ်၊ ပြဒါးမပါတဲ့သာမိုမီတာ၊ အချိန်မမှန်တဲ့နာရီ နဲ့ ရှင်မချစ်တဲ့ ကျွန်မပဲ။

အသုံးဝင်ဖို့ကြိုးစားရင်းနဲ့ပဲ ဘဝတစ်လျှောက်လုံး ငိုပြီးဖြတ်သန်းသွားရမှာ။

သဲကြိုးသာရှိခဲ့ရင်၊ ပြဒါးသာပါခဲ့ရင်၊ အချိန်သာမှန်ခဲ့ရင် ပြီးတော့ ရှင်သာချစ်ခဲ့ရင်........

ရှင့်ကိုမေ့ပစ်ဖို့ရာ အိပ်ဆေး ဘယ်နှစ်လုံးသောက်ရမလဲ။

ခရေပင်က ကြိုးကွင်းကရော ကူညီပေးပါ့မလား။

ပိုက်ဆံအိတ်ထဲက ဘရိတ်ဓားရောအသုံးဝင်နိုင်လား...........။

အစ်ကို့ရင်ခွင်ကိုမှီရင်းငါမေးလိုက်တယ် အစ်ကို အဲ့ဒီအမျိုးသမီးနဲ့ကျွန်မ ဘယ်သူ့ကိုရွေးမှာလဲလို့။

အစ်ကိုက အဲ့ဒီအမျိုးသမီးကိုဝေဝေဝါးဝါးပဲသိတော့တဲ့ပုံပဲ ဒါပေမယ့်ကျွန်မကတော့ ထင်ထင်ရှားရှားကိုမှတ်မိနေခဲ့ပါတယ်။

အစ်ကိုကကျွန်မမျက်လုံးကိုစိုက်ကြည့်ပြီး ငါ့မှာမင်းတစ်‌ယောက်ကလွဲပြီးထပ်မရှိနိုင်တော့ဘူးတဲ့။

အစ်ကို ငါဟာမလိမ်လဲဖြစ်တဲ့သူမို့ငါ့ကိုလိမ်ရင် ‌ပုံမှန်ထက်ငါးဆ ငရဲကြီးလိမ့်မယ်နော်။

ပြောပြရရင် အစ်ကိုက ငါသိပ်ကြိုက်ရတဲ့ဒီဇိုင်းနဲ့ ၁၆ပဲရည်ရွှေလက်စွပ်လေးလိုပဲ။

ငါ့အတွက်တော့ အဖိုးတန်လွန်းလို့ နှစ်သက်လွန်းလို့ အဆုံးရှုံးမခံနိုင်လွန်းလို့ ဘယ်သူမှမမြင်နိုင်အောင် သေတ္တာထဲထည့်သိမ်းချင်မိတဲ့အတ္တပါဖြစ်စေတဲ့အရာ။

အစ်ကိုကငါ့ဆံပင်လေးတွေသပ်ပေးရင်းနဲ့
"ကြည့်စမ်း အချစ်ရေ ကလောမြို့ရဲ့‌ နေထွက်ချိန်ကဘယ်လောက်လှသလဲ ဂါဝန်ကားကားလေးဝတ်ထားတဲ့ ဆံပင်ညိုညိုနဲ့ငါတို့သမီးလေးကရော ဘယ်လောက်ချစ်ဖို့ကောင်းလိုက်သလဲ" ဆိုပြီးမေးတယ်။

အစ်ကိုကယောက်ျားကောင်းတော့မဟုတ်ဘူး
ဒါပေမယ့်သမီးလေးအတွက်အဖေကောင်းပါ။

အစ်ကိုရေ သမီးလေးကိုကျောင်းပို့ပေးပါဦး။

ကျောင်းချိန်တိုင်သည်အထိ သမီးလေးကိုသွားမပို့ဘဲ ထိုင်နေတဲ့သူကတော့ မနက်ခင်းအနမ်းမရလို့စိတ်ကောက်နေတဲ့ အစ်ကိုပါပဲ။

ရှင်က ကလေးလားလို့ ရွဲ့မေးရင် မင်းနဲ့ဆိုငါက ကလေးပဲကွာဆိုပြီးရင်ထဲခေါင်းတိုးတဲ့လူမျိုး။

ကျွန်မတို့အတူ ညစာစားကြတယ် သမီးလေးအိပ်သွားတော့ တစ်ယောက်နှုတ်ခမ်းတစ်ယောက်နမ်းကြတယ်။

ခဏ ခဏလေး လူတော်တော်များများရဲ့တီးတိုး‌ပြောသံတွေကြားတယ် သူတို့ကကျွန်မအခန်းရှေ့မှာရပ်နေတဲ့ပုံပဲ။

ကျွန်မကိုအရမ်းသနားတဲ့မျက်လုံးတွေနဲ့ကြည့်နေကြတာ ကြည့်သင့်ပါတယ် ကျွန်မဒီအခန်းထဲမှာနေတာသိပ်မကြာခင်ဆိုလေးနှစ်ပြည့်တော့မယ်လေ။

ဒီကာလအတောအတွင်းမှာ အခန်းနံပါတ် ၂၉၁မှာ‌နေတဲ့ကျွန်မ ကို စိတ်ငြိမ်ဆေးထိုးဖို့လာတဲ့လူ‌တွေရှိတယ်ဆိုတာ‌တော့သိတယ်။

Noon Land (Nay Pyi Taw)

12/05/2024

~~~~~ကုသိုလ်~~~~~

အချစ်ခံရဖို့ ဘုရားမှာပွဲတွေပေးရလား
ဒါမှမဟုတ် သွေးတွေစတေးရမလား

ငါမျက်ရည်ကျရင် ပျာယာခတ်တဲ့အစ်ကိုက
ငါ့ကိုမျက်ရည်ကျစေတဲ့ဇာစ်မြစ်ပဲဆိုတာကို
ရှူး တိုးတိုး......

အမုန်းစကားမဆိုတတ်တဲ့အစ်ကို့ကိုငါကမုန်းတတ်အောင်သင်ပေးမယ်။

အစ်ကို ကြည့် အဲ့ဒီအမျိုးသမီးကရှင့်အပေါ်ဘယ်လိုပြုမူခဲ့တာ သိလား။

အဲ့လိုကျွန်မပြောလိုက်ရင် အစ်ကိုကမုန်းတတ်သွားပါလိမ့်မယ်။

သူချစ်တဲ့အမျိုးသမီးကိုအပြစ်တင်လို့သူကျွန်မကိုမုန်းသွားမှာအ‌သေအချာပဲ‌လေ။

"လုပ်စရာရှိတာလုပ်နော်" ဆိုပြီးပြောတဲ့အချိန်ဟာ အဲ့အမျိုးသမီးနဲ့အတူရှိနေတာဖြစ်မယ်။

ငါနဲ့အတူရှိနေတုန်းကလဲ အဲ့ဒီအမျိုးသမီးကိုအဲ့ဒီစကားပြောတယ်ဆိုတာငါမှတ်ထားတယ်။

ရှေ့စကားနောက်စကားမညီတဲ့စကားတွေနဲ့ မလိမ်တတ်လိမ်တတ်လိမ်နေတဲ့အစ်ကိုက သူ့ကိုယ်သူ အတော်ဟုတ်ပြီလို့ထင်နေပုံပဲ။

ငါ့နှယ်နော် သူပတ်သက်နေတာ ရွာဇနပုဒ်က ကလေးမ မဟုတ်ဘူးဆိုတာသူမသိတာလား။

ကဲပါ အစ်ကိုမူးနေလို့ဆိုပြီးလိမ်ပါဦး ပြီးရင်နှုတ်ခမ်းလေးကို နမ်းလိုက်ပါဦးကွယ်။

အစ်ကို ငါ့မေတ္တာနဲ့အေးချမ်းပါစေဆိုတဲ့ဆုပဲငါလိုချင်တယ် ငါ့မေတ္တာတွေသူ့ကိုမစူးပါစေနဲ့လို့ တော့ငါထပ်ဖြည့်ဆုတောင်းတယ်။

ငါ့မေတ္တာဟာ အစ်ကို့အပေါ်မှန်ခဲ့ရင် အစ်ကိုချစ်တဲ့အမျိုးသမီးဟာ အစ်ကို့ကို‌ သေချာပြန်ချစ်ပါစေလို့သစ္စာဆိုပေးထားတယ်။

နှလုံးသားနဲ့သိက္ခာကို လောင်းကြေးတင်ထားတဲ့ကစားပွဲမှာ ငါဟာ အစ်ကို့ကိုရဖို့ပဲမျှော်လင့်ခဲ့တာ။

ငါအစ်ကို့ကိုဘယ်လောက်ချစ်ခဲ့လဲဆိုတာအစ်ကိုသိသလို ငါသူ့ကိုဘယ်လောက်စိတ်ကုန်သွားပြီဆိုတာကိုလဲသူသိတယ်။

မေမေရေ ဒီဖိနပ်လေးအစ်ကို့ကိုထည့်ပေးရမယ်။
သမီးဆီကထွက်သွားမဲ့လမ်းမှာ သူ ခလုတ်မထိ ဆူးမငြိဖို့ကအရေးအကြီးဆုံးပဲလေ။

ယောက်ျားတစ်ယောက်ဟာယောက်ျားပီသရမယ်ဆိုတဲ့စံညွှန်းမှာ အစ်ကိုပြုတ်တယ်။ အဲ့လိုလူမျိုးရဲ့ရင်ခွင်မှာ‌ငါမနေချင်တာအမှန်ပဲ။

ရော့ ယောက်ျားမဆန်တဲ့ယောက်ျားတော့ငါကမယူထားဘူး အင့်ဆိုပြီး အလှူခံဖလားထဲထည့်ပေးမယ်။

ဘေးကလူတွေကဝိုင်းပြောသတဲ့ ကျွန်မလုပ်ရပ်က "မကောင်းကျောင်းပို့" ဖြစ်နေတယ်ဆိုတဲ့အကြောင်း။

အမျှအမျှအမျှ နိဗ္ဗာန်နပစ္စယောဟောတုပါဘုရား။

Noon Land (Nay Pyi Taw)
12.5.2024 (Sunday)

06/05/2024

ချစ်နေသရွေ့ဟာဘယ်ထိပါလဲ

ငါမရှိတော့ရင် အစ်ကိုဟာ ဘယ်သူနဲ့အရက်သောက်‌မလဲ။

အမြည်းတွေကြာတဲ့အခါ ဆိုင်ကို ရှင်နဲ့အတူ လိုက်အော်ပေးမည့်ကောင်မလေးမျိုး‌ပေါ့။

ငါမရှိတော့ရင် အစ်ကိုဟာဘယ်ရင်ခွင်မှာငိုမလဲ။

အချိန်မရွေးဖုန်းဆက်လိုက် အလုပ်အကုန်ဖျက်ပြီးကျွန်မထွက်ခဲ့မယ်။

ငါမရှိတော့ရင် အစ်ကိုမလိမ်ဘဲစကားပြောလို့ရတဲ့သူထပ်ရှိဦးပါ့မလား။

ညာရတာပင်ပန်းလာတဲ့အချိန်ဆိုငါ့ဆီစကားလာပြောပါ။

ငါမရှိတော့ရင် သူ ရုပ်ရှင်ရုံရောက်ဖြစ်ပါတော့မလား။

Couple seat မှာထိုင်ပြီး မှောင်သွားရင်နမ်းတဲ့အရသာကိုလွမ်းတဲ့အခါပေါ့။

ငါမရှိတော့ရင် သူ မာလာရှမ်းကောဆိုင်သွားဖြစ်ပါဦးမလား။

စားရင်းငါဖိတ်ကျရင် အစ်ကိုကဆူပေါ့။

ငါမရှိတော့ရင် နေကြာစေ့ကိုဘယ်သူခွာကျွေးမလဲ။

ဖောက်လိုက်လို့ နေကြာစေ့နှစ်ထုပ်ပါလာတဲ့အခါတူတူစားရင်းကံကောင်းတယ်လို့ပြောကြမယ်။

ငါမရှိတော့ရင် မနက်စာဆီချက်ကို ဘယ်သူဝယ်ပေးမလဲ။

အဲ့ဆိုင်က များများမထည့်ပေးဘူးလားဆိုပြီး တူတူဘလိန်းကြမယ်။

ငါမရှိတော့ရင် သူအလုပ်လုပ်နေတုန်းဘေးမှာဘယ်သူကူထိုင်ပေးမလဲ။

မင်းဘေးမှာရှိရင်အလုပ်မြန်မြန်ပြီးတယ်ဆိုတော့ ကျွန်မကအားဆေးလေးပေါ့

ငါမရှိတော့ရင် အစ်ကို အဲ့ဒီအမျိုးသမီးကိုဘယ်လိုမေ့မလဲ။

အဲ့တော့ငါကမေ့ဆေးလေးဖြစ်သွားပြန်ရောလား။

သနားတာ ဂရုဏာသက်တာ စာနာမိတာ
ဒါတွေကပဲ ငါ့အပေါ်အစ်ကိုနင်းတဲ့နိုင်ကွက်တွေဖြစ်သွားတာ။

အစ်ကို ပြောနေကျစကားက "ငါ့နားမှာအမြဲနေပေးပါ"

ငါပြန်ဖြေနေကျစကားကတော့ "ချစ်နေသရွေ့ပေါ့"

ငါ‌ဟာ အစ်ကို့ကို ယောက်ျားတစ်ယောက်ဖြစ်စေချင်တယ် ယောက်ျားစစ်စစ်တစ်ယောက်။

မကြောက်နဲ့ သတ္တိရှိစမ်း
လုပ်ရဲရင်ခံရဲတဲ့စိတ်ဓာတ်ကိုမွေးစမ်း
ကိုယ့်အမှားကိုယ်ဝန်ခံစမ်း
သူများကိုလွှဲချတဲ့အကျင့်ကိုပြင်စမ်း
ငါအဆင်ပြေဖို့ပဲ သူများဘာဖြစ်ဖြစ်လို့တွေးတာတွေဖျောက်စမ်း

ထစ်ခနဲရှိမျက်ရည်ကျတဲ့ အစ်ကိုက "သူ့ကိုဘာပြောစရာရှိလဲ" တဲ့ ငါကဘာမှမရှိပါဘူးလို့ပဲပြောခဲ့တယ်။

ပထမဆုံးအကြိမ် ငါဟာ သူ့ကိုစကားပြောချင်စိတ်ကုန်တာပဲ။

ငိုယိုပြီး အရက်သောက်နေတဲ့အစ်ကိုက
ငါ့ဩဝါဒတွေကိုခံယူမယ်မထင်ဘူးလေ။

အဲ့ဒီအမျိုးသမီးနဲ့ငါစကားပြောဖြစ်တယ်။
ပူလောင်လိုက်တာ ပြောရတဲ့၁၀မိနစ်‌ ကျော်မှာ ငါဘယ်နှစ်ခါလိမ်ခဲ့လဲတောင် တာလီမချိုးနိုင်ဘူး။

အစ်ကို့ကိုငါတို့ဘာတွေပြောလဲ ပြန်ပြောပြတယ် ရယ်လိုက်မောလိုက်သောက်လိုက်စားလိုက်နဲ့ အဲ့ညကအဲ့လိုပဲပြီးသွားတယ်။

မောင်လေးရေ.....

စပိုင်သုံးလုံးနဲ့ ကြက်တောင်ပံနှစ်ကင်စာရှင်းမယ် ကျန်တာ သူရှင်းလိမ့်မယ် အစ်မကအစ်မစားတာအစ်မရှင်းမယ်

ဗျာ ဆိုပြီး ပါးစပ်အ‌ဟောင်းသားဖြစ်သွားတဲ့ စားပွဲထိုးလေးကို "နေနေ ညီလေး သူမူးနေလို့ အစ်ကိုအကုန်ရှင်းမယ်" ဆိုပြီး ပြောနေတာပဲ

ငါပိုက်ဆံရှင်းခဲ့လားမရှင်းခဲ့လားလဲမမှတ်မိဘူး
အိမ်ပြန်လမ်းကိုလဲမမှတ်မိဘူး

ဒါပေမယ့် ငါတို့သမီးလေးမွေးရင်ဘာနာမည်ပေးမလဲဆိုတာတော့မှတ်မိသေးတယ်။

အဲ့ညကအစ်ကိုသာပြန်လိုက်မပို့ရင် ငါအိမ်ရောက်မယ်မထင်ဘူး။

၁၇၀၀၀ ကို ၅ နဲ့စားဖို့ calculator သုံးတဲ့ငါ့ကို အစ်ကိုကခွက်ထိုးခွက်လန်ရယ်နေတာများ မုန်းစရာပဲ

မုန့်ဖိုးလို့နာမည်တပ်ထားပြီးအတော်အသင့်များတဲ့ပမာဏတစ်ခုလက်ထဲထည့်ပေးခဲ့တယ်။

အာရား အစ်ကို ရှင်ကျွန်မကို သင်္ချာညံ့မှန်းသိလို့ သပ်သပ်ရွဲ့တာလား အစကပြန်တွက်ရတော့မှာပဲ။

ငါကတော့မုန့်ဖိုးလို့မခံယူဘူး လျော်ကြေးလို့မှတ်လိုက်တယ် ငါ့ကိုစိတ်အနှောင့်အယှက်တွေတစ်နေကုန်ပေးခဲ့တာမလား တန်ပါတယ်။

အစ်ကို့ဘေးမှာအမြဲနားလည်ပေးနိုင်တဲ့လူတစ်ယောက်ရှိပါစေ
အဲ့ဒီလူဟာကျွန်မဖြစ်ပါစေ

ငါ့ကိုမထားခဲ့နဲ့နော်တဲ့
ချစ်နေသရွေ့ပေါ့ရှင်ရယ်
ကျွန်မချစ်ခြင်းဟာကမ္ဘာတည်တဲ့ထိမြဲပါတယ်

Noon Land (Nay Pyi Taw)

03/05/2024

~~~~~ချစ်သက်သေ ~~~~~

လူတစ်ယောက်မှာ ရုပ်နဲ့နာမ်ပဲရှိတယ်။

ကျွန်မခန္ဓာကိုယ်ရော ကျွန်မစိတ်နှလုံးသားကိုရော ရှင်အပိုင်ရပြီးပြီပဲ ရှင်ဘာထပ်လိုချင်သေးလဲ။

အဲ့ဒီအမျိုးသမီးထက် ကျွန်မကရှင့်ကိုပိုချစ်တယ်ဆိုတာဘယ်လိုသက်‌သေပြရမလဲ။

ဒီလိုလုပ်ပါလား အစ်ကိုသေကြည့်လိုက်နော်။

Decorations ကောင်းကောင်းကြိုက်တတ်တဲ့အစ်ကို့ရဲ့အုတ်ဂူကို အဝါရောင်ဆေး ဘယ်သူလာသုတ်မလဲလို့

အသန့်ကြိုက်တဲ့အစ်ကို့ရဲ့အုတ်ဂူဘေးကမြက်တွေဘယ်သူလာရှင်းမလဲလို့

အ‌နောက်ဘက် ခေါင်းထားတာမကြိုက်တဲ့ အစ်ကို့ရဲ့ အုတ်ဂူကို အရှေ့ဘက်ထားဆောက်ပေးမှာ ဘယ်သူဖြစ်မလဲလို့

ရနံ့မွှေးမွှေးလေးတွေကြိုက်တဲ့အစ်ကို့ရဲ့အုတ်ဂူမှာ ‌Bath and Body works က ရေမွှေးလာဆွတ်ပေးမှာဘယ်သူလဲလို့

ကျွန်မကရှင်တို့နှစ်ယောက်ရှိနေတဲ့အချိန်တွေ မနှောင့်ယှက်ပါဘူး ကျွန်မကအသက်နဲ့မလိုက်အောင်ရင့်ကျက်တာအစ်ကိုသိတယ်မလား။

ကျွန်မတို့နှစ်ယောက်အတူ ဝက်လက်စားတဲ့အချိန်မှာလဲ ရှင်အဲ့ဒီအမျိုးသမီးနဲ့ဖုန်းပြောတော့ ဘာသံမှမထွက်ဘဲ ခပ်တိတ်တိတ်ပဲနေပေးခဲ့တာမဟုတ်လား။

ငါ‌မွှေးလို့ရတဲ့မီးတွေရှိတယ်အစ်ကို ငါမင်းကိုမပူလောင်စေချင်လို့ ငါငြိမ်ငြိမ်လေးနေခဲ့တာ

အစ်ကိုရေ ငါကလဲဇနဲ့နော် ငါအရမ်းနစ်နာတယ်လို့ခံစားရပြီဆိုရင် အကုန်လုံးနစ်နာအောင်လုပ်လိုက်ဖို့ဝန်လေးတဲ့မိန်းမ မဟုတ်ဘူး

ကျွန်မဘုရင်လိုထားတဲ့အစ်ကို့ကို အဲ့ဒီအမျိုးသမီးက ခြေသုတ်ခုံလိုသဘောထား‌နေတာကို ကျွန်မ ခံစားနိုင်မယ်ထင်လို့လား။

ဒါ ကျွန်မဒေါသကို သူဆွနေတာနော် အစ်ကို ကျွန်မနှလုံးသားကိုသူဓားနဲ့မွှန်းနေတာ။

အစ်ကို့ကိုအထိအခိုက်မခံနိုင်မှန်းသိလို့ကိုသူတမင်သပ်သပ်လုပ်နေတာ။

ကျွန်မ မေတ္တာထားချစ်ရတဲ့အစ်ကို့အပေါ် အဲ့ဒီအမျိုးသမီးက ဖောက်ပြန်တယ်ကြားတော့

အစ်ကိုရယ် အဲ့ဒီအမျိုးသမီးကလေ အစ်ကိုနဲ့သစ္စာကိုမဆိုင်ဘူးလို့တွေးထားတဲ့မျက်နှာထားနဲ့

အလုပ်တွေပြည့်နေပေမယ့် ရှင်နဲ့အရက်အတူသောက်ဖို့အချိန်ဖယ်ထားတဲ့ကျွန်မရယ်

"ငါလာချင်ရင်လာမယ် အဲ့ကောင်ကလက်ခံ ငါအခြားတစ်‌ယောက်ဆီသွားချင်ရင်လဲသွားမယ်လေ အဲ့ကောင်ကနားလည်သင့်တာပေါ့" ဆိုပြီးပြောတဲ့ အဲ့ဒီအမျိုးသမီးရယ်

မဟုတ်သေးပါဘူး ကျွန်မဒီလိုတွေရှင်းပြလဲအစ်ကိုကနားမလည်နိုင်ပါဘူး တစ်ခုခုဆိုကျွန်မကို အသက်မရှူနိုင်အောင်ဖက်နမ်းဖို့ပဲသိတဲ့လူ။

ရှင့်ကိုထိပ်ထားစံတဲ့ကျွန်မနဲ့ ရှင့်အပေါ်အခါခါ ဖောက်ပြန်တဲ့အဲ့ဒီအမျိုးသမီးနဲ့ ဘယ်လိုကွာလဲဆိုတာရှင်သိမှာမဟုတ်ဘူး

သိရင်တောင်ရှင်ကမသိချင်ယောင်ဆောင်ဦးမှာမဟုတ်လား မကောင်းတဲ့ယောက်ျား။

တကယ်အိပ်တဲ့သူထက် အိပ်ချင်ယောင်ဆောင်တဲ့သူကပိုနှိုးရခက်တယ်လေ။

ငါ့အချစ်တွေသက်သေမထူနိုင်လဲရှိပါစေတော့။

သေကြည့်ပါ အမျှမဝေဘူး ကမ္မဝါမညှပ်ဘူး တမလွန်ကနေကြည့်နေ ဘယ်သူကရှင့်ကိုချစ်သလဲ ဘယ်သူကရှင့်အုတ်ဂူမှာနေ့တိုင်းလာငိုလဲ။

အစ်ကို့နာမည်နဲ့နာရေးယပ်တောင်က လေအတော်အေးမှာပဲ။

Photos from Hninn Pwint's IDEA's post 28/04/2024

~~~~~‌‌ ဆေး ~~~~~

မိန်းမတွေရဲ့ ဆဌမမြောက်အာရုံကသိပ်အစွမ်းထက်တယ်ဆိုတဲ့အကြောင်းအစ်ကိုလေ့လာသင့်တယ်။

အထူးသဖြင့်အစ်ကို့ကလေးမလေးရဲ့ ဆဌမ‌
မြောက်အာရုံကကောင်းတယ်ဆိုတာရှင်သိသင့်တယ်။

အစ်ကိုကငါ့ကိုပန်းလေးတစ်ပွင့်ပေးရင် အဲ့ဒီအမျိုးသမီးကိုတော့ပန်းစည်းတစ်ခုလုံးပေးမယ်ဆိုတာငါခံစားရတယ်။

အစ်ကိုကငါ့ကိုသကြားလုံးလေးတွေပေးရင်
အဲ့ဒီအမျိုးသမီးကိုကိတ်ချိုချိုလေးတွေဝယ်ကျွေးမယ်ဆိုတာငါသိတယ်။

အစ်ကိုကငါ့နဖူးလေးကိုနမ်းရင်အဲ့ဒီအမျိုးသမီးရဲ့နှုတ်ခမ်းကိုနမ်းမယ်ဆိုတာကိုလဲငါတွေးမိတယ်။

ငါအကုန်သိသိရက်နဲ့မသိချင်ယောင်ဆောင်ခဲ့တာဟာ ချစ်လို့ပါတဲ့ကွယ်။

မယုံနိုင်လောက်အောင် အ ချင်ယောင်ဆောင်ခဲ့တာဟာချစ်လို့တဲ့။

ငါသူ့ကိုစွဲလမ်း‌အောင် သူအောက်လမ်းတွေနဲ့ပြုစားခဲ့တာလဲဖြစ်နိုင်တယ်။

အဲ့တာသာ တကယ်ဆိုငါအစ်ကို့ကို ရယ်မိမှာ။

အောက်လမ်းနဲ့လုပ်စရာမလိုဘဲရှင့်ကိုချစ်တဲ့မိန်းမကို စုန်းမရှာပြီးလုပ်ခိုင်းသေးလားဆိုပြီးလဲမေးပစ်ဦးမှာ။

သိပ်ချစ်လွန်းလို့ဆက်မပတ်သတ်တော့ဘူးနော်။

ငါ့ရဲ့သည်းခံနိုင်စွမ်းတွေက အစ်ကို့အတွက်ဆို တစ်ပတ်လား တစ်လလား တစ်နှစ်လား ဆယ်နှစ်လား ဖြစ်တယ် တစ်သက်လုံးတော့မဖြစ်ဘူး။

ငါ့သည်းခံနိုင်စွမ်းတွေကုန်သွားရင် မျက်နှာလဲမမြင်ချင်တော့ဘူး အသံလဲမကြားချင်တော့ဘူး‌ စိတ်ထဲတွေးရမှာတောင်ငါမုန်းသွားမှာ။

ငါမမုန်းချင်လို့ ဒီလိုဆုံးဖြတ်ခဲ့တာအစ်ကို အစ်ကို့ရက်စက်ပုံမျိုးနဲ့သွေးအေးပုံမျိုးနဲ့ကတော့ ကျွန်မတစ်ရက်ရက်မုန်းမိမှာသေချာသလောက်ပဲ။

အစ်ကို့ကိုငါ‌ခဏခဏပြောခဲ့တယ်။
ချစ်တယ် ချစ်လို့ အကုန်ရပ်တန်းကရပ်ပစ်ခဲ့တာ။

ငါ့အိမ်ရှေ့လမ်းကိုကြည့်ပြီးအစ်ကိုလာတာကို စောင့်တဲ့အကျင့်လဲဖျောက်လိုက်ပြီ။

အစ်ကိုခွာပေးတဲ့ပုစွန်မှစားမယ်ဆိုတဲ့စိတ်ကိုလဲပြင်လိုက်ပြီ။

ကျေနပ်တဲ့အထိနှိပ်ပေးတဲ့လက်နွေးနွေးလေးတွေကိုလဲမတောင့်တတော့ဘူး။

အစ်ကို့နားမှာ အမြဲနေချင်တဲ့ဆန္ဒကိုလဲ‌ လက်စသတ်လိုက်ပြီ။

"ဆေးလေး" လို့ခေါ်တဲ့အစ်ကို့အသံတွေကိုလဲငါမကြားချင်ယောင်ဆောင်ပစ်မှာ။

အစ်ကို့ဆီက "စကားပြောရအောင်" ဆိုတဲ့စာတွေမလာဖို့လဲ ငါဆုတောင်းပြီးပြီ။

နောက်ပြီး နောက်ပြီးအစ်ကို ငါ့ကိုချစ်လာမှာပါဆိုတဲ့အတွေးကိုလဲ‌ ဖယ်ပစ်လိုက်ပြီ‌လေ။

သံယောဇဉ်ကြိုးတွေဖျက်လိုက်တာကလဲကျွန်မပဲ
အရုပ်ကြိုးပျက်ဖြစ်သွားတာကလဲကျွန်မပဲ

သူများကြားရင်ရှက်ဖို့‌ကောင်းလိုက်တာ။

အစ်ကိုက မင်းကိုငါအရှုံးပေးပြီးသားပါတဲ့။
ရယ်လိုက်ရတာရှင်။

အခုထိပါပဲ မေ့မရတဲ့နေ့ရက်တိုင်းဟာရှင်ကျွန်မကို အနိုင်ယူနေတာပဲ။ ပြောတော့အရှုံးပေးတယ်တဲ့ လူလိမ်။

အဲ့ဒီအမျိုးသမီးပေးတဲ့ဒဏ်ရာတွေကိုကျွန်မဆီမှာဆေးလာကုရတယ်ဆိုတော့ ကျွန်မဟာ ရှင့်အတွက်သက်သာစေတယ်ဆိုတဲ့ခံစားချက်နဲ့တင်‌ ပျော်နေမိပါတယ်။

ငါဟာငါပဲဖြစ်ရမယ် ငါအစားထိုးမလုပ်ဘူးနော် အစ်ကို။

မင်းကအစ်ကို့အတွက်ဆေးလေးတဲ့။ မင်းပေးတဲ့အာနိသင်မျိုးဘယ်သူမှမပေးခဲ့တာတော့သေချာတယ်တဲ့။

ဆေးတချို့ကစွဲတတ်တယ်အစ်ကို သတိတော့ထား။

ပြန်မချစ်မှာသေချာတဲ့အစ်ကို့ကို ငါကမချစ်နဲ့လို့ပြောလိုက်တယ်။

"မချစ်စေချင်ရင် မလှနဲ့လေ ကလေးမ။ လှရင်တော့ချစ်မှာပေါ့" ဆိုပဲ။

အမယ်လေးရှင် ကျွန်မရုန်းမထွက်နိုင်တာလဲမပြောနဲ့လေ ရှင်ကသိပ်ချစ်ဖို့ကောင်းတာကိုး။

ငါအစ်ကို့ကိုမမေ့ခင် သူနဲ့ပတ်သတ်ပြီးချန်ရမဲ့မှတ်ဉာဏ်က ခပ်နည်းနည်းပဲရှိတယ်။

အစ်ကိုဟာ သူချစ်တဲ့မိန်းမကိုလက်မထပ်ခဲ့သလို မချစ်တဲ့မိန်းမကိုလဲနမ်းနိုင်တယ်ဆိုတာရယ်။

အစ်ကို ဆေးစွဲနေတာကြာပြီဆိုတာရယ်။

Noon Land (Nay Pyi Taw)

30/01/2024

တွေး....သေချာတွေး..... ပြီးရင်တွေးတဲ့အတိုင်းလုပ်

Photos from Hninn Pwint's IDEA's post 21/01/2024

Happy birthday Snow White✨
Get ready for next year 🎉
Follow your skills and focus on your way🔥

Photos from Hninn Pwint's IDEA's post 04/11/2023

Social media Vs Reality 😁

Photos from Hninn Pwint's IDEA's post 26/10/2023

ကျွန်ုပ်လူကြီးဖြစ်သောအခါ.....

12/10/2023

နည်းနည်းလောက်မှာချင်လို့ပါ.....😁

08/10/2023

စာသင်ခန်းလေးသွားရှာပါတယ်ဟယ်........
ရည်းစားဦးနဲ့လဲတွေ့ခဲ့တယ်🥹
ရည်းစားဟောင်းတွေနဲ့ လဲတွေ့ခဲ့တယ်🥹
ကိုယ်ကcrushခဲ့တဲ့သူတွေလဲ တွေ့ခဲ့တယ်🥹
ကိုယ်ကရှယ်ငြင်းခဲ့တဲ့သူတွေလဲ တွေ့ခဲ့တယ်🥹

အဲ့လိုပြောချင်ပေမယ့် stateတုန်းကလိမ်လိမ်မာမာလေးနေခဲ့တော့ပြောလို့မရပါဘူးကွယ်😞

02/10/2023

တကယ် နှင်းပွင့်ဖြူတို့စွာတာများ 🥹
မနေ့က laptop မှာ SSDလေးထပ်တိုးမှာမို့ဈေးမေးတော့ ၆၆၀၀၀တဲ့ ဒီနေ့ဆက်တော့ ၈၈၀၀၀တဲ့
ကိုယ်လဲပြန်ပြောတာပေါ့ မနေ့ကဒီလိုလေအခုကျတော့ဘာညာနဲ့ (တကယ်တော့ဒီကတလွဲစိန်ကဆိုင်မှားပြီးဖုန်းဆက်မိတာ) ဖုန်းလဲချရော ဟိုဘက်serviceကကောင်လေးက သူ့သူငယ်ချင်းကိုပြန်ပြောတယ်ထင်ပါတယ် "ဟေ့ကောင်ရေ ပစ္စည်းဈေးတက်တယ်ဆိုပြီး ငါ့ကိုဆူလိုက်တယ်ကွာ" တဲ့ ဖုန်းချပြီးမှဆိုင်မှားဆက်မှန်းဒီကသိတာ သိတော့ကိုယ်လဲသနားသွားတာပေါ့ သူ့ခမျာ သူနဲ့လဲဘာမှမဆိုင်ဘဲကိုယ်ကကြိတ်ထည့်လိုက်တာ🤧

26/09/2023

Others: ကျောင်းကိုဘာတွေထည့်သွားလဲ
Me:

23/09/2023

သီတင်းကျွတ်မုန့်ဖိုးပေးပါ....🥺

21/09/2023
Photos from Hninn Pwint's IDEA's post 20/09/2023

Proof : မိန်းကလေးများသည် 📸 ရှေ့တွင်အမြဲ ပြုံး၍ လှအောင်နေကြသည်🤪

Videos (show all)

Others : အစ်မက play girl ဆိုတော့ ယောက်ျားလေးတွေကို play မှာပေါ့နော်🔥Me : ကျွန်မ၏ play ပုံ play နည်း🥹👇🏻
Others: ကျောင်းကိုဘာတွေထည့်သွားလဲMe:

Website