KHOS Online Shop Myanmar

KHOS Online Shop Myanmar

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KHOS Online Shop Myanmar, Clothing (Brand), .

Photos from KHOS Online Shop Myanmar's post 24/07/2023

မိရိုးဖလာ ကုန်စုံဆိုင် “စတင်ပြောင်းလဲကြရအောင်”

“ ပို‌ရောင်းရ‌အောင်၊ လူပိုသိအောင်” ဆိုတာ ဆိုင်ရှင်တိုင်းရဲ့ ရည်မှန်းချက်ပါ။

(၁) ***များများမြင်ရလေ ပိုရောင်းရလေပါ***

ဆိုင်ပြင်ဘက်ကို ထွက်ကြည့်လိုက်ပါ၊ ဘယ်လိုမြင်နေရလဲ ?? ဘယ်နားကနေစမြင်ရလဲ ?? ဘာတွေမြင်ရလဲ???

ရောင်းအားတိုးတက်ဖို့ အရိုးရှင်းဆုံးက စရမှာ ၀ယ်သူတွေ ကိုယ့်ဆိုင် ကိုမြင်ဖို့ပါ။ (*စျေးထဲကဆိုင်၊ရပ်ကွက်ထဲကဆိုင် ၂မျိုးလုံးနဲ့ သက်ဆိုင်ပါတယ်*)

ဆိုင်ကိုကွယ်နေတာတွေ ၊ ဆိုင်နဲ့ မသက်ဆိုင်တာတွေ ဆိုင်ရှေ့မှာရှိနေတာတွေ ၊ ရောင်းအားသာတက်ချင်တာ ဆိုင်က လူ၀င်ဖို့တောင် ခက်နေတာတွေ ကို အကုန်ဝဲပလိုက်ပါ ။ ဆိုင်မြင်ကွင်းကမှောင်နေရင်လင်းအောင်လုပ်ပါ။

ဆိုင်ကို အ‌‌‌‌‌‌‌‌‌‌‌ဝေးကနေ ကစရှင်းရှင်းလင်းလင်းမြင်နေရပြီဆို ဆိုင်ထဲ၀င်ရအောင်ပါ ။

ဆိုင်ကြီးတော့ရှင်းနိုင်တာပေါ့ ၊ ဆိုင်သေး‌တော့ ပစ္စည်းတွေနဲ့ပဲပြည့်နေတာပေ့ါ ဆိုတဲ့ မိမိ ကိုယ့်ကိုယ်ဖြေသိမ့်မှုတွေကိုမေ့ပြီးပြောင်းလဲကြရအောင်ပါ။ ရောင်းကောင်းလေပစ္စည်းများလေဆိုတာကိုမမေ့ပါနဲ့ !!!

မိရိုးဖလာ ကုန်စုံဆိုင် တွေမှာ အဓိကအားနည်းချက် ကရောင်းကောင်းတာတွေကိုယ့် အနားမှာထားတယ်၊ ယူရလွယ်တာပေ့ါ ၊ ပစ္စည်းတိုင်းကို ထားချင်သလိုထားတာတွေပါ။

( ၂ ) ***“ပစ္စည်းများကို သူ့အမျိုးအစား အုပ်စု အလိုက်သီးသန့်စီထားပါ” ***

ဒါကသိပ်အရေးကြီးပါတယ် !!! ၀ယ်သူကိုလည်း ဘာ၀ယ်ချင်လည်း အမှတ်ရစေတယ်၊ ကြည့်လိုက်တာနဲ့ ၀ယ်ချင်စိတ်ကိုပိုတိုးစေပြီး ရောင်းအားတက်စေပါတယ်။

ဆိုင်ရှင်ကို လည်းကုမ္ပဏီကအရောင်းသမားလာရင် ဘာလိုနေပြီလည်း ၊ဘာတွေရှိသေးလည်း အမြန်သိစေပါတယ်

ဘာတွေ ပိုများနေလို့မြန်မြန်ရောင်းသင့်လည်း သိစေတယ်။ အမြဲကြုံနေရတဲ့ မရောင်းလိုက်ရပဲ ဒိတ်ကုန်သွားတာတွေ နည်းလာမှာပါ( Expire မထိအောင်ဘယ်လိုလုပ်မလဲနောက်ပို့စ်တွေမှာလာပါမယ်)

ဘယ်လိုပစ္စည်းစီရမလည်းမသိရင် ကိုယ့်အနီးအနားက G&G လို ဆိုင်မျိုးတွေက အကောင်းဆုံးဥပမာပါ။

***များများမြင်ရအောင်လုပ်မယ် ၊ ကုန်ပစ္စည်းတွေကို အုပ်စုလိုက်စီ ပြီး ပိုမြင်ရအောင်လုပ်မယ်***

၀ယ်သူမေးတာကို ရောင်းမယ်၊ မမြင်ရပဲ မေးမှထုပ်ပေးမယ် ဆိုတာတွေကို ဒီနေ့ကစပြီးပြောင်းလဲလိုက်ပါတော့

စျေး၀ယ်ကို များများပေးမြင်ပြီး ရောင်းအားကောင်းအောင် လုပ်ကြရအောင်ပါ။

စာတွေသင်သလို ဖတ်နေရတာထက် နေ့စဉ်ကြုံတွေ့နေရပြီး လက်တွေ့ကျကျ လုပ်ဆောင်နိုင်မယ့် အသိပညာများကိုသာပေးချင်တာပါ။

***အားလုံးတိုးတက်ရောင်းအားကောင်းဖို့အတွက် Share ပေးကြပါ***

Credit - Retail Professional

Photos from KHOS Online Shop Myanmar's post 14/07/2023

#အိမ်ဆိုင်ဖွင့်ချင်သူများအတွက်
ကြိုတင်ပြင်ဆင်သင့်သည့်အချက်များ
***********************************

အိမ်ဆိုင်မဖွင့်ခင် ရပ္ကြက္ကို အရင်ဆုံး
အချိန်ပေးပြီး သေချာလေ့လာရပါမယ် ။

ရပ်ကွက်အတွင်းရှိနေအိမ်များကိုဆန်း
စစ်ရပါမယ် ။ သူဌေးပေါသလား လက်
လုပ္လက္စား နေအိမ်တွေ ပေါသလား ။ ရပ္ကြက္သူ ရပ်ကွက်သားများနှင့်လည်းရင်းနှီးကျွမ်းဝင်မှု့ရှိအောင်မိတ် ဆွေဖွဲ့ရပါမယ် ။

ဥပမာ ။ ။ မိမိနေထိုင်သောပတ်ဝန်း
ကျင်နှင့် လမ်းမအတွင်းရှိကလေးများ လူကြီးများအား အစားအသောက်ဝေငှခြင်း ။ ညနေဘက် ရပ်ကွက်အတွင်း
လမ်းလျှောက်ခြင်း ။ နှုတ်ဆက်ခြင်း ။ စကားပြောဆိုဆက်ဆံခြင်း ။

ရပ္ကြက္ကို လေ့လာခြင်းအပြင် လမ်း
အဝင်အထွက် နှင့် လူအသြား အလာကို
အကဲခပ်ခြင်း ။ လက်ရှိဖွင့်ထားသော အိမ်ဆိုင်များ၏ လူအဝင်အထွက်ကို စောင့်ကြည့် လေ့လာအကဲခတ်ခြင်း ။

အိမ်ဆိုင်ကို ဖြစ်သလို အလောတကြီး
မဖွင့်ခြင်းဖြင့် မိမိဆိုင်၏ရေရှည်ရပ်
တည်နိုင်ခြင်းကို ဦးစားပေးရပါမယ် ။

ဆိုင်ကို ဈေးဆိုင်နှင့်တူညီအောင်
ခင်းကျင်းခြင်းမျိုးလုပ်ရပါမယ် ။

ဆိုင်ကြီးခြင်း သေးခြင်းက မိမိစိတ်နှင့်သာဆိုင်ပါတယ် ။ အားငယ္စရာမလိုသလို သိမ္ငယ္စရာ ရှက်စရာလည်းမလိုပါဘူး ။ အိမ်ရှေ့ လမ်းဘေး ဆန်ကောနဲ့ ချရောင်းလာတဲ့ ဈေးသည်ဘဝကနေ
ဒီနေ့ စတိုးဆိုင်ပိုင်ရှင်ဖြစ်နေတဲ့သူတွေ
အများကြီးရှိနေပြီဖြစ်ပါတယ် ။

လူမြင်ကွင်းကျအောင်ခင်းကျင်းနိုင်ခြင်း ။ အရောင်းရဆုံးပစ္စည်းကိုရှေ့တန်းမှာ
ထားခြင်း ။

ဥပမာ ။ ။ ဆန် ၊ ဆီ ၊ ဆား ၊ ကြက်ဥနှင့်အခြားမီးဖိုချောင်သုံးပစ္စည်းများ ။

ဒုတိယတန်း မွာက ဆေးလိပ် ၊ ဆပ်ပြာ ၊ သွားတိုက်ဆေး ၊ သွားတိုက်တန် ၊ လူသုံးအသင့်အတင်းရှိသော ပစ္စည်းများ ။

တတိယတန်းကြတော့ ငါးသေတ္တာ ၊ နို့ဆီ
၊ သကြား ၊ ကော်ဖီမစ်အထုတ်ကြီးများနှင့်အခြားပစ္စည်းများ ။

ဆိုင်ရှေ့ ဘယ်တောင်ပံ ညာတောင်ပံမှာက ကလေးစားစရာမုန့်မျိုးစုံ ၊ ကေလးကစားစရာ အရုပ်မျိုးစုံ မ်ား ။

ဆိုင်အထက်မှာက ခေါင်းလျှော်ရည်
အထုတ်မျိုးစုံများနှင့် ကော်ဖီမစ် အတြဲမ်ား အတန်းလိုက်ချိတ်ဆွဲထားခြင်း ။

ဆိုင်ကို မြိုင်နေအောင်ခင်းကြင်းရောင်း
ခ်ပါ ။ မိမိဆိုင်ကို မိမိကိုယ်တိုင် ခပ်လှမ်းလှမ်းကနေ ပြန်ကြည့်ခြင်း ၊ အကဲ
ခတ်ခြင်း ၊ လိုအပ်ချက်ကိုပြန်ကြည့်ခြင်း နှင့်လိုအပ်နေတဲ့ ကွက်လပ်နေရာကိုအ
ခြားပစ္စည်းဖြင့်ပြန်ဖြည့်ခြင်းမျိုးကိုလုပ်
ဆောင်ပေးရပါမယ် ။

နေဝင်မီးလတ် စီးပြားတက္ဆိုသလို ဈေးဆိုင်ကို ဖယောင်းတိုင် ၊ ရေနံဆီ မီးခွက်နဲ့ ဘယ်သောအခါမှထွန်းမရောင်းပါနှင့် နေဝင်သည်နှင့် မီးထွန်းပေးပါ ။ ဆိုင်အတွက် မီးအလင်းရောင်ထွန်းဖို့ မတွန့်ဆုတ်ပါနှင့် မီးလင်းနေအောင်ထွန်းပေးပါ ။ဆိုင်ရှေ့ လမ်းသွားလမ်းလာနေရာအထိ မီးထွန်းပြီးရောင်းချပါ ။ အ
ဝေးကလှမ်းကြည့်ရင် မိမိဆိုင်ဟာ မီးအ
လင်းရောင်ဖြင့်မြိုင်ဆိုင်နေရပါမယ် ။

ရောင်းလို့ရသမျှ အကုန်ရောင်း ရမည့်ခေတ် ။

အပ္ကေန နောက်ဆုံး လျှပ်စစ်ထမင်း
ပေါင်းအိုးအထိ အကုန်ရောင်းချနိုင်
အောင်ကြိုးစားပါ ။ မိမိအနီးအနားမွာ အပြိုင်ဆိုင်ရှိလာလျှင် ဝိတ်ဖြင့်ဖိထားပါ ။ အတိုက်အခံ မလုပ်ပါနှင့် မိမိဆိုင်မှ ပစ္စည်းတန်ဖိုးသည် မိမိ၏ စီမံခန့်ခွဲနိုင်မှု့အပိုင်းသာဖြစ်စေရပါမယ် ။ ဈေးဝယ်
သူမွ ၅၀ ကျပ် ၁၀၀ ကျပ် မပါတော့လို့ကျနိခဲ့သည်ရှိသွားလျှင် ရောင်းလိုက်
သည့်ပစ္စည်းအမြတ်တွက်ပြီး လျှောလိုက်ပါတယ် ရှင် ။ ရပါတယ် ။ မိမိအတွက် တွက်ချေ မကိုက်လျှင် ကြုံမှပေးပါ ။ နောက်တစ်ခေါက်လာဝယ်မှပေးပါ ။ တကူးတက ကြီးလာမပေးပါနဲ့ ရပါတယ်ရှင် ။ စတဲ့ စကားအပြောအဆို
ကလည်း လိုအပ်ပါတယ် ။ ဘယ်တော့မှ ၅၀ / ၁၀၀ ကျပ်နဲ ရောင်းပြီးပစ္စည်းကိုပြန်မနှုတ်မိပါစေနဲ့ ။

ဒီနေ့ခေတ်ဟာ လူတွေမျက်စေ့ပွင့်နားပွင့်
ဖြစ်ကုန်ကြပြီဖြစ်ပါတယ် ။ ဘယ်အရာကိုမှ ဖုန်းကွယ်လို့မရတဲ့ခေတ်ဖြစ်နေပါ
တယ် ။ လွန်ခဲ့သောအနှစ်သုံးဆယ်ခေတ်
နဲ့ ယ္ခု့နှင့်က အရမ်းကို ကွာခြားသွားခဲ့ပြီဖြစ်တယ် ။ တစ်ချိန်က ရွာတစ်ရွာ ရပ်
ကြက္တစ္ခု့မွာ ဈေးဆိုင်တစ်ဆိုင်သာရှိပါတယ် ။ ယနေ့မှာက ရွာတိုင်း ရပ်ကွက်တိုင်း ရပ်ကွက်တိုင်း လမ်းတိုင်း လမ်းတိုင်းမှာ ဈေးဆိုင်တွေ ပေါများလို့လာပါတယ် ။ တစ်ချိန်က ဈေးသည်ခေတ် ဒီနေ့ ဈေးဝယ်ခေတ်ဖြစ်နေပါပြီ ။

ဈေးဆိုင်ပေါချက်က တစ္နာရီကို တစ်ဆိုင် နေရာပြောင်းဝယ်လို့ရတဲ့ခေတ်ဖြစ်သွားပြီဖြစ်တယ် ။ တစ်ချိန်ကဈေးဝယ်တဲ့သူက ဈေးသည်ကို ခပြီးဝယ်ခဲ့ရတယ် ။ ခု့ကြဈေးသည်ကဈေးဝယ်ကို ပြန်ခနေရတယ် ။

ဒီနေ့ ကား ဆိုင်ကယ် ပေါများလာတော့
လမ်းဘေးမှာ ဖုံ ပေါများလာတယ် ။ ရောင်းကုန်ပစ္စည်များအပေါ် ဖုံ တက်လာတယ် ။ ဖုန်သုတ်ပေးရမယ် ။ ခဏနော် ကျွန်မဖုန်သုတ်ပေးပါဦးမယ် ။ အိတ်လေးနဲ့ထည့်ပေးပါမယ် ။ ကျေးဇူးပါရှင့် ။ စိတ်ထဲပါသည်ဖြစ်ဖြစ်မပါသည်ဖြစ်
ဖြစ် လောကဝတ်ပြု့ပေးရပါတယ် ။ မိမိက စိတ်ထဲမပါဘူးဆိုရင်တော့ ဟန်ပန်
ဆောင်သည့်မျက်နှာကို ဈေးဝယ်သူက သိပါတယ် ။

ကားအကောင်းစားကြီးစီးလာတဲ့သူကဆိုင် ရှေ့ကားလာရပ်ပြီး ဈေးလာဝယ်ရင်လည်း မိမိအနေဖြင့် သူကိုပုံမှန်ပဲရောင်းပေးပါ ။ ပိုက်ဆံအိတ်ကြီးနဲ့ ရွှေတွဲလွဲဖြင့်လာဝယ်လည်း ပုံမှန်ပဲရောင်းပေးပါ ။ ဝတ်ကောင်းစာလှဝတ်စားပြီးလာဝယ်လည်း ဈေးကိုပုံမှန်သာသာပဲရောင်းချပေးပါ ။ မဖားနဲ့ ၊ မလောနဲ့ ၊ မပြာပါနဲ့ သူတို့ဟာ မိမိ၏နေ့စဉ် ဖေါက်သည် မဖြစ်နိုင်သလို နေ့စဉ်လည်းလာဝယ်နိုင်မှာမဟုတ်ပါဘူး ။ လမ်းကြုံလို့ဝယ်ခြင်သာဖြစ်ပါတယ် ။ ကျွန်တော်တို့ဗမာတွေက တရုတ်တွေလာဝယ်ရင် ပြာပြာ ခတ်တက်ပါတယ် ။ သူတို့က ခဏ
ဧည့်သည်တွေမို့ နောက်ရက်လည်းမျှော်
လင့်လို့မရဘူးဖြစ်ပါတယ် ။

၅၀ ကျပ် ၁၀၀ ကျပ်မှအစ တန္ဖိုးရွိတာ
မို့ ဈေးဝယ်တွေအပေါ် အကြွေပြန်အမ်းနိုင်ရပါမယ် ။ ပြန်အမ်းနိုင်အောင်လည်း မိမိဘက်မှ အဆင်သင့်ဖြစ်နေရပါမယ် ။ ဒီအချိန် ငွေအကြွေပြန်အမ်းနိုင်မှ ဆိုင်
နံမည်ရပါမယ် ။

သမ္မာအာဇီဝဖြင့် ဈေးရောင်းချခြင်း ။

သမာအာဇီဝဆိုတာမှန်ကန်သောအသက်
မွေးမှု ပြုခြင်းကို ခေါ်ဆိုတာဖြစ်ပါတယ် ။

အသက်မွေးမှုလုပ်ငန်းများအဖြစ်
သမာအာဇီဝ ဖြင့် ပြုလုပ်ဆောင်ရွက်ပါက နှုတ်မှုစရိုက်ဆိုး (၄) ပါးနှင့်ကိုယ်မှုစရိုက်ဆိုး (၃) ပါးကိုသာ ရှောင်ကြဉ်ခြင်းဖြင့် စီးပွားရှာရပါမယ် ။

Crd ... photo& original writer

Photos from KHOS Online Shop Myanmar's post 28/04/2023

အိမ်ဆိုင်ဖွင့်ချင်သူများအတွက်
ကြိုတင်ပြင်ဆင်သင့်သည့်အချက်များ
***********************************

အိမ်ဆိုင်မဖွင့်ခင် ရပ်ကွက်ကို အရင်ဆုံး
အချိန်ပေးပြီး‌ သေချာလေ့လာရပါမယ် ။

ရပ်ကွက်အတွင်းရှိနေအိမ်များကိုဆန်း
စစ်ရပါမယ် ။ သူဌေးပေါသလား လက်
လုပ်လက်စား နေအိမ်တွေ‌ ပေါသလား ။ ရပ်ကွက်သူ ရပ်ကွက်သားများနှင့်လည်းရင်းနှီးကျွမ်းဝင်မှု့ရှိအောင်မိတ်‌ ဆွေဖွဲ့ရပါမယ် ။

ဥပမာ ။ ။ မိမိနေထိုင်သောပတ်ဝန်း
ကျင်နှင့် လမ်းမအတွင်းရှိက‌လေးများ လူကြီးများအား အစားအသောက်ဝေငှခြင်း ။ ညနေဘက် ရပ်ကွက်အတွင်း
လမ်းလျှောက်ခြင်း ။ နှုတ်ဆက်ခြင်း ။ စကားပြောဆိုဆက်ဆံခြင်း ။

ရပ်ကွက်ကို လေ့လာခြင်းအပြင် လမ်း
အဝင်အထွက် နှင့် လူအသွား အလာကို
အကဲခပ်ခြင်း ။ လက်ရှိဖွင့်ထားသော အိမ်ဆိုင်များ၏ လူအဝင်အထွက်ကို စောင့်ကြည့်‌ လေ့လာအကဲခတ်ခြင်း ။

အိမ်ဆိုင်ကို ဖြစ်သလို အလောတကြီး
မဖွင့်ခြင်းဖြင့် မိမိဆိုင်၏ရေရှည်ရပ်
တည်နိုင်ခြင်းကို ဦးစားပေးရပါမယ် ။

ဆိုင်ကို ဈေးဆိုင်နှင့်တူညီအောင်
ခင်းကျင်းခြင်းမျိုးလုပ်ရပါမယ် ။

ဆိုင်ကြီးခြင်း သေးခြင်းက မိမိစိတ်နှင့်သာဆိုင်ပါတယ် ။ အားငယ်စရာမလိုသလို သိမ်ငယ်စရာ ရှက်စရာလည်းမလိုပါဘူး ။ အိမ်ရှေ့ လမ်းဘေး ဆန်ကောနဲ့ ချရောင်းလာတဲ့ ဈေးသည်ဘဝကနေ
ဒီနေ့ စတိုးဆိုင်ပိုင်ရှင်ဖြစ်‌နေတဲ့သူတွေ
အများကြီးရှိနေပြီဖြစ်ပါတယ် ။

လူမြင်ကွင်းကျအောင်ခင်းကျင်းနိုင်ခြင်း ။ အရောင်းရဆုံးပစ္စည်းကိုရှေ့တန်းမှာ
ထားခြင်း ။

ဥပမာ ။ ။ ဆန် ၊ ဆီ ၊ ဆား ၊ ကြက်ဥနှင့်အခြားမီးဖိုချောင်သုံးပစ္စည်းများ ။

ဒုတိယတန်း မှာက ဆေးလိပ် ၊ ဆပ်ပြာ ၊ သွားတိုက်ဆေး ၊ သွားတိုက်တန် ၊ လူသုံးအသင့်အတင်းရှိသော ပစ္စည်းများ ။

တတိယတန်းကြတော့ ငါးသေတ္တာ ၊ နို့ဆီ
၊ သကြား ၊ ကော်ဖီမစ်အထုတ်ကြီးများနှင့်အခြားပစ္စည်းများ ။

ဆိုင်ရှေ့ ဘယ်တောင်ပံ ညာတောင်ပံမှာက ကလေးစားစရာမုန့်မျိုးစုံ ၊ ကလေးကစားစရာ အရုပ်မျိုးစုံ များ ။

ဆိုင်အထက်မှာက ခေါင်းလျှော်ရည်
အထုတ်မျိုးစုံများနှင့် ကော်ဖီမစ် အတွဲများ အတန်းလိုက်ချိတ်ဆွဲထားခြင်း ။

ဆိုင်ကို မြိုင်နေအောင်ခင်းကြင်းရောင်း
ချပါ ။ မိမိဆိုင်ကို မိမိကိုယ်တိုင် ခပ်လှမ်းလှမ်းကနေ ပြန်ကြည့်ခြင်း ၊ အကဲ
ခတ်ခြင်း ၊ လိုအပ်ချက်ကိုပြန်ကြည့်ခြင်း နှင့်လိုအပ်နေတဲ့ ကွက်လပ်နေရာကိုအ
ခြားပစ္စည်းဖြင့်ပြန်ဖြည့်ခြင်းမျိုးကိုလုပ်
ဆောင်ပေးရပါမယ် ။

နေဝင်မီးလတ် စီးပွားတက်ဆိုသလို ဈေးဆိုင်ကို ဖယောင်းတိုင် ၊ ရေနံဆီ မီးခွက်နဲ့ ဘယ်သောအခါမှထွန်းမရောင်းပါနှင့် နေဝင်သည်နှင့် မီးထွန်းပေးပါ ။ ဆိုင်အတွက် မီးအလင်းရောင်ထွန်းဖို့ မတွန့်ဆုတ်ပါနှင့် မီးလင်းနေအောင်ထွန်းပေးပါ ။ဆိုင်ရှေ့ လမ်းသွားလမ်းလာနေရာအထိ မီးထွန်းပြီးရောင်းချပါ ။ အ
ဝေးကလှမ်းကြည့်ရင် မိမိဆိုင်ဟာ မီးအ
လင်းရောင်ဖြင့်မြိုင်ဆိုင်နေရပါမယ် ။

ရောင်းလို့ရသမျှ အကုန်ရောင်း ရမည့်ခေတ် ။

အပ်ကနေ နောက်ဆုံး လျှပ်စစ်ထမင်း
ပေါင်းအိုးအထိ အကုန်ရောင်းချနိုင်
အောင်ကြိုးစားပါ ။ မိမိအနီးအနားမှာ အပြိုင်ဆိုင်ရှိလာလျှင် ဝိတ်ဖြင့်ဖိထားပါ ။ အတိုက်အခံ မလုပ်ပါနှင့် မိမိဆိုင်မှ ပစ္စည်းတန်ဖိုးသည် မိမိ၏ စီမံခန့်ခွဲနိုင်မှု့အပိုင်းသာဖြစ်စေရပါမယ် ။ ‌ ဈေးဝယ်
သူမှ ၅၀ ကျပ် ၁၀၀ ကျပ် မပါတော့လို့ကျနိခဲ့သည်ရှိ‌သွားလျှင် ရောင်းလိုက်
သည့်ပစ္စည်းအမြတ်တွက်ပြီး လျှောလိုက်ပါတယ် ရှင် ။ ရပါတယ် ။ မိမိအတွက် တွက်ချေ မကိုက်လျှင် ကြုံမှပေးပါ ။ နောက်တစ်ခေါက်လာဝယ်မှပေးပါ ။ တကူးတက ကြီးလာမပေးပါနဲ့ ရပါတယ်ရှင် ။ စတဲ့ စကားအပြောအဆို‌
ကလည်း လိုအပ်ပါတယ် ။ ဘယ်တော့မှ ၅၀ / ၁၀၀ ကျပ်နဲ ရောင်းပြီးပစ္စည်းကိုပြန်မနှုတ်မိပါစေနဲ့ ။

ဒီနေ့ခေတ်ဟာ လူတွေမျက်စေ့ပွင့်နားပွင့်
ဖြစ်ကုန်ကြပြီဖြစ်ပါတယ် ။ ဘယ်အရာကိုမှ ဖုန်းကွယ်လို့မရတဲ့ခေတ်ဖြစ်နေပါ
တယ် ။ လွန်ခဲ့သောအနှစ်သုံးဆယ်ခေတ်
နဲ့ ယ္ခု့နှင့်က အရမ်းကို ကွာခြားသွားခဲ့ပြီဖြစ်တယ် ။ တစ်ချိန်က ရွာတစ်ရွာ ရပ်
ကွက်တစ်ခု့မှာ ဈေးဆိုင်တစ်ဆိုင်သာရှိပါတယ် ။ ယနေ့မှာက ရွာတိုင်း ရပ်ကွက်တိုင်း ရပ်ကွက်တိုင်း လမ်းတိုင်း လမ်းတိုင်းမှာ ဈေးဆိုင်တွေ ပေါများလို့လာပါတယ် ။ တစ်ချိန်က ဈေးသည်ခေတ် ဒီနေ့ ဈေးဝယ်ခေတ်ဖြစ်နေပါပြီ ။

ဈေးဆိုင်ပေါချက်က တစ်နာရီကို တစ်ဆိုင် နေရာပြောင်းဝယ်လို့ရတဲ့ခေတ်ဖြစ်သွားပြီဖြစ်တယ် ။ တစ်ချိန်ကဈေးဝယ်တဲ့သူက ဈေးသည်ကို ခပြီးဝယ်ခဲ့ရတယ် ။ ခု့ကြဈေးသည်ကဈေးဝယ်ကို ပြန်ခနေရတယ် ။

ဒီနေ့ ကား ဆိုင်ကယ် ပေါများလာတော့
လမ်းဘေးမှာ ဖုံ ပေါများလာတယ် ။ ရောင်းကုန်ပစ္စည်များအပေါ် ဖုံ တက်လာတယ် ။ ဖုန်သုတ်ပေးရမယ် ။ ခဏနော် ကျွန်မဖုန်သုတ်ပေးပါဦးမယ် ။ အိတ်လေးနဲ့ထည့်ပေးပါမယ် ။ ကျေးဇူးပါရှင့် ။ စိတ်ထဲပါသည်ဖြစ်ဖြစ်မပါသည်ဖြစ်
ဖြစ် လောကဝတ်ပြု့ပေးရပါတယ် ။ မိမိက စိတ်ထဲမပါဘူးဆိုရင်တော့ ဟန်ပန်
ဆောင်သည့်မျက်နှာကို ဈေးဝယ်သူက သိပါတယ် ။

ကားအကောင်းစားကြီးစီးလာတဲ့သူကဆိုင်‌ ရှေ့ကားလာရပ်ပြီး ဈေးလာဝယ်ရင်လည်း မိမိအနေဖြင့် သူကိုပုံမှန်ပဲရောင်းပေးပါ ။ ပိုက်ဆံအိတ်ကြီးနဲ့ ရွှေတွဲလွဲဖြင့်လာဝယ်လည်း ပုံမှန်ပဲရောင်းပေးပါ ။ ဝတ်ကောင်းစာလှဝတ်စားပြီးလာဝယ်လည်း ဈေးကိုပုံမှန်သာသာပဲရောင်းချပေးပါ ။ မဖားနဲ့ ၊ မလောနဲ့ ၊ မပြာပါနဲ့ သူတို့ဟာ မိမိ၏နေ့စဉ် ဖေါက်သည် မဖြစ်နိုင်သလို နေ့စဉ်လည်းလာဝယ်နိုင်မှာမဟုတ်ပါဘူး ။ လမ်းကြုံလို့ဝယ်ခြင်သာဖြစ်ပါတယ် ။ ကျွန်တော်တို့ဗမာတွေက တရုတ်တွေလာဝယ်ရင် ပြာပြာ ခတ်တက်ပါတယ် ။ သူတို့က ခဏ
ဧည့်သည်တွေမို့ နောက်ရက်လည်းမျှော်
လင့်လို့မရဘူးဖြစ်ပါတယ် ။

၅၀ ကျပ် ၁၀၀ ကျပ်မှအစ တန်ဖိုးရှိတာ
မို့ ဈေးဝယ်တွေအပေါ် အကြွေပြန်အမ်းနိုင်ရပါမယ် ။ ပြန်အမ်းနိုင်အောင်လည်း မိမိဘက်မှ အဆင်သင့်ဖြစ်နေရပါမယ် ။ ဒီအချိန် ငွေအကြွေပြန်အမ်းနိုင်မှ ဆိုင်
နံမည်ရပါမယ် ။

သမ္မာအာဇီဝဖြင့် ဈေးရောင်းချခြင်း ။

သမာအာဇီဝဆိုတာမှန်ကန်သောအသက်
မွေးမှု ပြုခြင်းကို ခေါ်ဆိုတာဖြစ်ပါတယ် ။

အသက်မွေးမှုလုပ်ငန်းများအဖြစ်
သမာအာဇီဝ ဖြင့် ပြုလုပ်ဆောင်ရွက်ပါက နှုတ်မှုစရိုက်ဆိုး (၄) ပါးနှင့်ကိုယ်မှုစရိုက်ဆိုး (၃) ပါးကိုသာ ရှောင်ကြဉ်ခြင်းဖြင့် စီးပွားရှာရပါမယ် ။

Crd ... photo& original writer

25/04/2023

စျေးရောင်းရမှာမရှက်ပါနဲ့

ကုန်စုံဆိုင်ဖွင့်ရင်
မီးဖိုချောင်စားရိတ်သက်သာမယ်..

အထည်ရောင်းရင်
ကိုယ်ဝယ်ဝတ်မဲ့အထည်ဖိုး သက်သာမယ်...

အလှကုန်ပစ္စည်းရောင်းရင်
ကိုယ်ဝယ်သုံးတဲ့
အလှကုန်ပစ္စည်းဖိုးသက်သာမယ်...

အရာရာတိုင်းမှာ
တန်ပြန်အကျိုးသက်ရောက်မှု့ဆိုတာရှိတယ်...

ကိုယ် တခုခုကိုအလေးအနက်ထားပီး
ပေးဆပ်လိုက်ရရင်
ပြန်ရရှိတဲ့အကျိုးမြတ်တွေကများတယ်

အရာရာတိုင်းမှာ အခက်ခဲဆိုတာလည်းရှိစမြဲပဲ...

ကိုယ်ငွေလိုချင်တယ်
သူများလိုသုံးစွဲချင်တယ်
ပစ္စည်းတွေကိုဝယ်စရာမလိုပဲ
သုံးချင်တယ်ဆိုရင်တော့

စျေးရောင်းဖို့မရှက်ပါနဲ့
(ကိုယ်ဒုက္ခရောက်ရင် ဘယ်သူမှ လာမကူညီဘူး)

အလုပ်တစ်ခုထဲပေါ်မှာလည်းမရပ်တည်ပါနဲ့
ဒုတိယဝင်ငွေဆိုတာ ဖန်တီးပါ
လုပ်ဆောင်ပါ
အချိန်ကိုအကျိုးရှိစွာအသုံးချပါ...😙

27/03/2023

မမြတ်ဘူး..ရောင်းတယ်😁

အရောင်းအဝယ်လောကကမဟုတ်ရင် ဒီစကားက အဆန်းကြီးပါ...

Sales and Marketing သမားတွေတော့ ရင်းနှီးပြီးဖြစ်ပါတယ်။ စျေးကွက်ထဲမှာ အမြတ်မရှိဘဲ ရောင်းနေရတဲ့ ကုန်ပစ္စည်းများကို တွေ့ဘူးကြမှာ​ပါ။

ဒီလိုတွေ့တော့ ဘာကြောင့်ရောင်းကြတယ်ဆိုတာ လေ့လာကြည့်တာ အမျိုးအစား ၅ မျိုးလောက်တွေ့ရဘူးပါတယ်။

အချို့ဆို ကုမ္ပဏီ စျေးထက်လျှော့ရောင်းတဲ့ အရောင်းလက်ကားဆိုင်တွေကိုလည်း တွေ့ဘူးကြမှာပါ။ ဘာကြောင့်လဲ?

အမျိုးအစား ၁

ဒီလိုကုန်သည်ကြီးတွေက မိမိဆိုင်က သက်သာတယ်ဆိုတာ လိုချင်ကြတယ်။ ရောင်းကောင်းတဲ့ ပစ္စည်း ကို စျေးလျှော့ရောင်းတော့ ဆိုင်ကိုဖောက်သည်တွေလာကြတယ်။ အဲဒီမှာ အခြား ကုန်ပစ္စည်းလည်း ရောင်းရတယ်။ အမြတ်က အခြား ပစ္စည်းတွေမှာယူပါတယ်။ ဒါ အမျိုးအစား ၁ လို့ဆိုပါစို့...

အမျိုးအစား ၂

မမြတ်တဲ့အပြင် အရှုံးခံရောင်းတဲ့အမျိုးအစား ကုန်သည်ပါ။

ရတဲ့ခံစားခွင့်အားလုံး နှုတ်ပြီးတဲ့အပြင် ၊ လချုပ် ၊ နှစ်ချုပ် ပါ အကုန်တွက်ပြီး စျေးလျှော့ရောင်းသူပါ။

မိတ်ဆွေ ကုန်သည်တစ်ဦးရှိပါတယ်။ ကုမ္ပဏီ က ပြုလုပ်တဲ့ ကုန်သည်ဧည့်ခံပွဲမှာ တစ်နိုင်ငံလုံး ရောင်းအား ပထမ ပါ ။ ကုမ္ပဏီ ကလည်း ဆုကြေးငွေ ရာချီပေးပါတယ်။ သူ့ကို လက်ဆွဲနှုတ်ဆက်ပြီး Congratulations လို့ဆိုတော့ သူက "ကိုယ်လျှော့ပေးထားတဲ့ပိုက်ဆံ ကိုယ်ပြန်ရတာပါဗျာ" လို့ဆိုပါတယ်။ Risk ကြီးပါတယ်။ ကုမ္ပဏီ က သာ မပေးရင် သူရှုံးပါပြီ။ သူ့ကိုမေးကြည့်ပါတယ်။ဘာကြောင့် ဒီလိုလုပ်တာလဲ? ဘယ်အချိန် မြတ်မှာလဲ? ဆိုတာပါ။

သူပြောတာ က အရင်တုံးက မြတ်တဲ့အချိန် ၂ချိန်ရှိတယ်တဲ့...

တစ်ချိန်က ငွေစျေးတက်တဲ့အချိန်ဆို ကုမ္ပဏီ တွေက ငါတို့ကိုစျေးအဟောင်းနဲ့ တစ်ကြိမ်ရောင်းပေးတယ်။ အဲဒီ့အချိန်ရယ်။ နောက်တစ်ကြိမ်က ပစ္စည်း ပြတ်တဲ့အချိန် တဲ့...

လေ့လာသင့်ပါတယ်...

အမျိုးအစား ၃

စျေးရောင်းတာ (စီးပွားရေး) လုပ်တာ ဂုဏ်သိက္ခာ အတွက်လုပ်တာတွေ့ဖူးပါတယ်။ အထူးသဖြင့် နာမည်ကြီး အမှတ်တံဆိပ်တွေ ကိုယ်စားလှယ်ရသူတွေပါ။ မမြတ်ကြပါဘူး။ ရင်းထားတဲ့ ပိုက်ဆံ နဲ့ အမြတ်တွက်ရင်မကိုက်ပါဘူး။ ဘဏ်တိုးတောင် မရချင်ပါ။ တစ်ခါတစ်ရံ Risk ကလည်းများပါတယ်။ ဝန်ထမ်းရေးရာကလည်း စိတ်ရှုတ်ရပါတယ်။ ဒါပင်မဲ့ မမြတ်ဘူး၊ရောင်းကြပါတယ်😁

အမျိုးအစား ၄

ဒီအမျိုးအစားကတော့ ဝေးဝေးရှောင်သင့်ပါတယ်။ သူက ငွေလှည့်တာပါ။ ရောင်းကောင်းပြီး စီးပွားရေးကောင်းချိန်မှာ မဆိုသာပင်မဲ့ အရောင်းပါးလာလို့ငွေကျပ်လာရင် ပြေးမဲ့သူပါ။ သူတို့လည်း မမြတ်ဘူး ။ရောင်းကြပါတယ်။

အမျိုးအစား ၅

ဒီအမျိုးအစားက ကိုယ့်ပြိုင်ဘက်ဆိုရင် ကိုယ်နာပြီလို့သာမှတ်ပါတော့...😁

ဒီအမျိုးအစားက ငွေဖြူပြချင်လို့ စီးပွားရေး ထလုပ်တာပါ။ တရားမဝင် ရထားတဲ့ငွေတွေကို အခွန်ဆောင် ငွေဖြူပြချင်တာပါ။ အကျယ်မရေးတော့ပါဘူး။ သူတို့က "ဝုန်း" နိုင်သူပါ။ သူတို့လည်း မမြတ်ဘူး။ရောင်းပါတယ်။ ဒီလူတွေ ကိုယ့်စျေးကွက်ထဲဝင်လာရင် ယှဥ်ဖို့မလွယ်ပါဘူး။ "ဝုန်း" နိုင်သူများပါ။

မမြတ်ဘူး။ရောင်းတယ်။
ရှင်းပြရတော်တော်ခက်ပါတယ်။

အထူးသဖြင့် နိုင်ငံခြားသားတွေကိုပါ။ ကုမ္ပဏီ စျေးထက် လျှော့ရောင်းကြတယ်ဆိုတာ ဘယ်လိုမှ ရှင်းပြလို့မရတာပါ။ နိုင်ငံခြားသားတွေနဲ့တွဲလုပ်ခဲ့တော့ ဒီကိစ္စကို ပြောရင် သူတို့ အံသြကြပါတယ်။ စျေးကွက်ထဲ ခေါ်ပြရပါတယ်။

မမြတ်ဘူး။ရောင်းတယ်😁
မြန်မာပြည် မှာပါ...

ချစ်ခြင်းများစွာဖြင့်

ကိုအောင်စည်လင်း
၂၅.၁၀.၁၉