12 BEHS Mandalay
12 BEHS Mandalay
No.(12) Basic Education High School, Mandalay, Myanmar
Photos from 12 BEHS Mandalay's post 03/12/2017
[Unicode]
၂၀၁၇ ခုနှစ် ဆရာကန်တော့ပွဲအမှတ်တရဓာတ်ပုံများ
22/10/2017
[Unicode]
အထက ၁၂ ကျောင်းသူ/ ကျောင်းသားဟောင်းများ၏ ၁၅ ကြိမ်မြောက် အာစရိယ ပူဇော်ပွဲကို တက်ရောက်နိုင်ပါရန် ကြိုတင်ဖိတ်ကြားအပ်ပါသည်...
ဒီဇင်ဘာ ၃ ရက်နေ့ ဟု သိရပါသည်။
22/10/2017
26/09/2017
[Zawgyi]
[Unicode]
ဆရာမကြီး ဒေါ်ညိုညို ဒီနေ့ဆုံးသွားပြီလို့ သတင်းရပါသည်။
23/06/2017
မႏၲေလးၿမိဳ ့
အမွတ်( 12 ) အထက
ကြားသိရပါသည်။
ကူညီကြပါရန်။
ဦးမြင့်ဦး
09 7872 16515်
[Unicode]
မန္တလေးမြို ့
အမှတ်( 12 ) အထက
ကျောင်းသားကျေုာင်းသူဟောင်းများသိစေရန်
2000 ခုနှစ်ပညာသင်နှစ်မှကျောင်းသားဟောင်းတစ်ဦးသည်
(မီးရထားတိုက်တန်းမှာနေသည်ဟုသိရ)
ဆရာကန်တော့ပွဲအတွက်ဟုအကြောင်းပြပြီး
အလှူငွေများလိမ်လည်ကောက်ခံနေသည်ဟု
ကြားသိရပါသည်။
ကျွန်တော်တို့ဆရာကန်တော့ပွဲဖြစ်မြောက်ရေး
အဖွဲ ့မှစေလွှတ်ထားသူတစ်ဦးမှမရှိပါ။ 2018 ပွဲအတွက်လည်း
လုပ်ငန်းများလုံးဝမစတင်ရသေးပါ။
ကျောင်းသားကျောင်းသူဟောင်းများလိမ်လည်ခံရခြင်းမှ
ကင်းလွတ်စေရန်အသိပေးရခြင်းဖြစ်ပါသည်။
အခြားသူများသိရှိနိုင်စေရန် Share ပေးခြင်းဖြင့်
ကူညီကြပါရန်။
(မြိုတော်ခန်းမမှာဆရာကန်တော့ပွဲလုပ်မယ်ပြောပြီး
ငွေလိုက်ကောက်နေပါတယ်။)
ဦးမြင့်ဦး
09 7872 16515်
Photos from 12 BEHS Mandalay's post 30/04/2017
[Zawgyi]
[Unicode]
ဆရာကြီး ဉီးတင်ထွန်း နာရေးသတင်း
Photos from 12 BEHS Mandalay's post 29/03/2017
===============================
[Unicode]
ဆရာမကြီးသတင်း အပိုင်း(၂၆)[၂၉.၃.၂၀၁၇]
===============================
ဒီနေ့ ဆရာမကြီး ပင်စင်ထုတ်ရင်း
ဗထူးကွင်းမှာ စားနေကြ မြီးရှည်ဆိုင်စားပြီး ထိုင်နေကြ သင့်အကြိုက် မှာ လက်ဖက်ရည် ဆိုင်ထိုင်နေကြတယ်လေ
ခဏနေ လိုအပ်တာလေးတွေဝယ်မယ်
ဆရာမကြီး ပင်စင်လစာကို ဘဏ်မှာ သွင်းမယ်
ပြီးရင် ပြန်ပို့ကြမယ်
2000 batch students from 12BEHS
source: Ko Zarni Zin
Timeline photos 21/03/2017
[Unicode]
ဆရာမ ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်လာပါပြီ။
Timeline photos 05/12/2016
ဆရာမကြီး သက်သာလာပြီး စကားတွေ အများကြီး ပြောလာတယ်လို့ သွားရောက်မေးမြန်းကြသူ ကျောင်းသူများအဖွဲ့မှ သတင်းရရှိပါသည်။
Photos from 12 BEHS Mandalay's post 04/12/2016
(၁၄)ကြိမ်မြောက်အာစရိယပူဇော်ပွဲ
Photos from 12 BEHS Mandalay's post 01/11/2016
ဆရာမကြီး ဒေါ်ခင်နွဲ့ အား ဆေးကုသပေးရန် ကျောင်းသားဟောင်းများ စီစဉ်
-------
လတ်တလော အခြေအနေအရ ရင်းနှီးမှုရအောင် ယူနိုင်ခဲ့ပြီး၊ ဆံပင်ညှပ်၊ သန့်ရှင်းရေးလုပ်ကာ ဆေးရုံတင်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ ဆရာမကြီးအတွက် ဘဏ်အကောင့်သီးသန့်ဖွင့်ထားပြီး အလှုငွေများလည်း ကောက်ခံနေပါတယ်။
စိတ်ကျန်းမာရေးဆရာဝန်များနှင့်လည်း တိုင်ပင်ပြီးပြီမို့ ဆေးရုံတင်မှသာ ရောဂါသက်သာနိုင်မည်ဖြစ်ပါတယ်။
ဆရာမကြီး၏ ဆွေမျိုးများနှင့်လည်း အဆက်အသွယ်ရနေပြီ ဖြစ်ပါတယ်။ ဆေးရုံတင်စဉ်မှာ လူနာစောင့် လိုအပ်နေသည်က အရေးကြီးကိစ္စဖြစ်နေပါတယ်။ လတ်တလောမှာတော့ ဆရာမကြီးနှင့် ရင်းနှီးသော အကြော်သည် မိသားစုကို အကူအညီတောင်းထားပါတယ်။ ကုန်ကျစရိတ်ကို ကျောင်းသားများက ခံမည် ဖြစ်ကြောင်း သိရပါတယ်။ ဆေးရုံတက်နေစဉ်မှာ ထွက်ပြေးမသွားအောင် နေ့ည မပြတ် စောင့်ကြည့်ဖို့ လိုအပ်နေပါတယ်။
ကိုThar Nyi နှင့် ချမ်းမြေ့သုခ အသင်းတို့မှ ဝန်းရံကူညီပေးပြီး ရောဂါပျောက်ကင်းသည်အထိ ကုသဖို့ ဆန္ဒရှိနေကြပါတယ် ဆိုတဲ့အကြောင်း ဒေါက်တာ ဇာနီဇင် (၀၉၂၀၁၈၇၆၇) မှ ပို့စ်တင်ထားပါတယ်။
ဆရာမကြီးရဲ့ အကိုဖြစ်သူနှင့် အဆက်အသွယ်ရပါပြီ။ မန္တလေး၁၅လမ်းမှာနေသည်ဟုသိရပါသည်။
အသေးစိတ်သိရှိလိုပါက ကိုခင်မောင်ဦး Ph09 976173623ထံမေးမြန်းနိုင်ပါသည်။
ပြန်လည်ပြင်ဆင်ဝေမျှပေးလိုက်ပါသည်။
ဆရာမကြီး အမြန်သက်သာပျောက်ကင်းပါစေ...
Credit: Dr.Zarni Zin
Official School Website of No. 1 Basic Education High School, Dagon Township, Yangon, Myanmar 08/10/2016
နာမည်လေး စဉ်းစားပေးကြပါအုံး
========
ကျောင်းအတွက် အင်တာနက်လိပ်စာ (ဒိုမိန်း)တစ်ခု တည်ဆောက်ချင်ပါတယ်။ နာမည်လေး ဝိုင်းကူစဉ်းစားပေးကြပါ။
အထက ၁ ဒဂုံကျောင်းအတွက် လိပ်စာလိုမျိုးပါ။
http://www.behs1dagon.com/
ကျွန်တော်တို့ ကျောင်းအတွက် အဲဒီလို ဆိုက်မျိုးလေး ထိန်းသိမ်းဆောင်ရွက်ဖို့ စင်ကာပူမှ ကျောင်းသားဟောင်းတစ်ဦးက ကူညီပေးဖို့ ကမ်းလှမ်းထားပါခြင်းကြောင့်ပါ။
ဥပမာ။ behs12mdy.com or behs12mdy.gov.mm
Official School Website of No. 1 Basic Education High School, Dagon Township, Yangon, Myanmar
08/10/2016
KG တန်း ကစားစရာပစ္စည်းများ ဝယ်ရန် အလှုငွေ လိုအပ်နေခြင်း
—————————
ကျောင်းသား/သူဟောင်းများခင်ဗျာKGတန်းအတွက်ကစားစရာပစ္စည်းများဝယ်ရန်အတွက်အလှုငွေများလိုအပ်နေပါသဖြင့်မိမိတို့တက်နိုင်တဲ့ဘက်အလှုငွေများနည်းများမဆိုလှုန်ဒါန်းပေးကြပါနှိုးဆော်အပ်ပါတယ်။
ပုံ
ဆက်သွယ်ရန်
ကိုကျော်ကျော်ထွန်း
09792020038
Photos from 12 BEHS Mandalay's post 05/03/2016
ဆရာကြီး ဦးတင်မောင်ညွန့် နာရေးသတင်း
Photos from 12 BEHS Mandalay's post 11/12/2015
ဆရာဆရာမကြီးများ၏ ဘုရားဖူး အစီအစဉ်တွင်း ရိုက်ကူးထားသော ပုံများ...
ဓါတ်ပုံ။ မချောအိမာန်
Timeline photos 06/12/2015
ယောက်ျားလေး အိမ်သာက ဒီလို သန့်သွားခဲ့ပြီ...
တစ်ချိန်ကတော့ ကျဉ်းမြောင်းတဲ့ပလက်ဖေါင်းမှာ လူချင်းရှောင်ပြီး ဘေးကျမသွားအောင် ထိန်းသွားခဲ့ရတယ်...။ကျတာနဲ့ ဘေးက ဗွက်တောလား...ရေတောလား..မသိ.. စိုစိစိ..
ဓါတ်ပုံ / အောင်မင်းခေါင်
Photos from 12 BEHS Mandalay's post 06/12/2015
အကျွေးအမွေးအစီအစဉ်မြင်ကွင်းများ
ဓါတ်ပုံ။အောင်မင်းခေါင်
Photos from 12 BEHS Mandalay's post 06/12/2015
၂၀၁၅ ကျောင်းသားၕ/သူဟောင်းများ၏ အာစရိယပူဇော်ပွဲ အမှတ်တရပုံများ..
Photos from 12 BEHS Mandalay's post 29/09/2015
ဆရာမကြီးဒေါ်သက်တင် နေမကောင်းဖြစ်ခဲ့သဖြင့် ဆေးရုံတက်ခဲ့ရပြီး ယခုဆေးရုံမှ နေကောင်းသက်သာစွာဖြင့် ဆင်းခဲ့ပါသည်။
ဓါတ်ပုံ။ ကိုဝင်းနိုင်
09/07/2015
သူငယ်ချင်းများ.. ကူညီကြပါအုံး...
၁၉၈၆/၈၇ပညာသင်နှစ် ဒသမတန်းထိနောက်ဆုံး သင်ယူခဲ့ သော ကျောင်းသားဟောင်း/ကျောင်းသူ ဟောင်းများနှင့် တွေ့ ဆုံလိုပါသည်။ ကျွန်တော် စိုးမြတ်ရည်ပါ။ ဒသမတန်း(D )အတန်းပိုင်ဆရာမ ဒေါ်စန်းစန်းအုန်း (လူမော်၏မိခင်) အခန်း ကပါ။ မှတ်မိသိမှီသူများနှင့် တွေ့ ဆုံလိုပါသည်။ ဦးစိုးမြတ်ရည် Royal Academy Boarder (Nay Pyi Taw & Pakokku) ph: 09972065116 / 09975101215/09795810489/သို့ ဆက်သွယ်ပေး ပါရန်။ (ကျေးဇူးတင်ပါသည်။)
09/07/2015
၂၀၁၅ (၁၀တန်း) ကျောင်းသူဟောင်းများခင်ဗျား......
ကျွန်တော့်တို့ဆီသို့ ၂၀၁၅ ၁၀တန်းမှ ကျောင်းသူဟောင်းတစ်ယောက် ဆက်သွယ်လာတယ်...
သူငယ်ချင်းများနှင့် အဆက်အသွယ်ပြတ်နေသည်မှာ ကြာပြီမို့ တစ်ဆင့်နားတစ်ဆင့်စကားဖြင့် ပြန်လည်ဆက်သွယ်ပေးကြဖို့ နှိုးဆော်လိုက်ရပါစေ...။
မမွန်မွန်ချို၊ မခင်ဝင်းမော်၊ မအေးစန္ဒာမောင် အပါအ၀င် သူငယ်ချင်းများ ဒီနေရာမှ ဆက်သွယ်ပေးကြဖို့ ဆော်သြပေးလိုက်ပါတယ်....
သူငယ်ချင်းများ အမြန်ပြန်လည်ဆုံတွေ့နိုင်ကြပါစေ.....
14/05/2015
သူငယ်ချင်းတို့ရေ...
အောင်ခိုင်ဖြိုး (ဗိုက်ကလေး)
ဆုးံသွားပြီဟ
သူငယ်ချင်း ကောင်းရာမွန်ရာ ရောက်စေသား
94 group 12 အ.ထ.က
09/05/2015
အင်္ဂလိပ်စာလုံးဆက် ရေးသားနည်း နှင့် ကျွန်တော်တို့ မြန်မာ့ပညာရေး
=====================================
အသက် ၁၁ အရွယ် အမေရိကန် ကလေးငယ် ပေးသည့် သမ္မတ ထံပေးစာ နှင့် အင်္ဂလိပ်စာ စာလုံးအရေးအသားကို သတိထားမိသည်။
အမေရိကန် သမ္မတကို ပေးသည့် စာနှင့် စိတ်ခံစားမှုတို့ကို ထည့်သွင်း မပြောလိုပါ။
စာအရေးအသားကို ကြည့်ပြီး ကျွန်တော် ငယ်စဉ် ၅ တန်း ကျောင်းသားဘ၀ ကို အမှတ်ရမိသည်။ ၅ တန်းတွင် အင်္ဂလိပ်စာကို လက်ရေးဆက် ရေးနည်း သင်တော့ အရမ်းကို သဘောကျခဲ့သည်။ စာလုံးကို ဘယ်လို လှလှရေးပြီး မြန်မြန်ရေးမလဲ ဆိုသည်ကို လေ့လာခဲ့သည်။ ယနေ့ထိတော့ လက်ရေးစာလုံးလှအောင် ရေးနိုင်သောသူ မဖြစ်ခဲ့ပါ။ သို့သော ထို အသက်အရွယ်တွင် စာလုံးဆက်ဖြင့် စာသီကုန်းနိုင်ခဲ့သည်ကတော့ မြန်မာ့ပညာရေး ခေတ်ဆိုးထဲမှ ကောင်းကွက်တစ်ခု ဖြစ်ခဲ့သည်။
လက်ရေးဆက် ရေးသားနည်းကို သိလာတော့ ရှေးလူကြီးများ၏ လက်ရေးကို လေ့လာမိခဲ့သည်။ စာလုံးကလေးတွေ စောင်းစောင်းလေးထားပြီး သော့သော့လေး ရေးထားသည့် လက်ရေးမူတို့သည် ရှုမငြီးဖွယ်။ ကိုယ်လည်း ဘယ်လို ရေးရမလဲဆိုတာကို သိလာတော့ အတုခိုးပြီး ရေးခဲ့သည်။ သူငယ်ချင်းအချင်းချင်း ပြိုင်ကြသည်။ အတုယူ အတုခိုးကြသည်။ မြန်မာကျောင်းသားများ၏ အင်္ဂလိပ်လက်ရေးမူများသည် မဆလ ခေတ်နှောင်းပိုင်းမွေး ကျွန်တော်တို့ နှောင်းလူများအတွက် အားရစရာ ဖြစ်ခဲ့ရသည်။
မြန်မာစာလုံးသည် ၀ိုင်းဝန်းပြီး လှပနေသည့်တိုင် အင်္ဂလိပ်စာလုံးသည် အစောင်းလေးများဖြင့် မူတစ်မျိုးဖြစ်နေသည်။ သို့သော် အချို့ကျောင်းသားများသည် ပြောင်းလဲမှုကို မကြိုက်။ ထို့ကြောင့် သုံးစွဲနေကြ မြန်မာမှုပြုထားသည့် အင်္ဂလိပ်စာလုံးများဖြင့် သီကုံးကြတော့ ထောင့်ခွန် လေးထောင်တွေနှင့် ရှိနေသော အင်္ဂလိပ်စာလုံးကြီးများသည် ထောင့်တွေ ကွေးသွားကြတော့သည်။ စာလုံးသေးများဆိုလျှင်လည်း မြန်မာစာ စာလုံးကို ဖတ်ရသည့်နှယ် လုံးဝိုင်းလွန်းအားကြီးသွားကြတော့သည်။ နောက်ဆုံး ဘားဂလိပ် ပုံဖြစ်ပြီး စာလုံးဆက်တို့ ပျောက်သွားခဲ့ကြတော့သည်။
စင်ကာပူသို့ရောက်သော် မိတ်ဆွေတစ်ယောက်နှင့် စကားပြောဖြစ်တော့ ငါတို့တွေ အခုနောက်ပိုင်း စာလုံးရေးသားမှုတွေမှာ တော်တော် အရုပ်ဆိုးလာတယ်။ အရင်ကလူတွေဆို လက်ရေးဆက် ရေးနည်းကို သုံးပြီး ရေးတော့ စာလုံးတွေက အရမ်းလှတယ်။ အခုတော့ တစ်လုံးစီရေးပြီး တော်တော် အရုပ်ဆိုးလာတယ်။ အခုတော့ တော်တော်ပျက်သွားပြီ။ ဒါသည် စင်ကာပူ။
တစ်ချိန်က သူတို့ကျောင်းသားငယ်တွေ စာလုံးတွေကို လက်နဲ့ ဘယ်လို စီသလဲ ဆိုသည့် မေးခွန်းကို သိချင်နေခဲ့သည်။ အခု အမေရိကန် သမ္မတကို ပေးသည့်စာကို ကြည့်လိုက်ပြီး သိခွင့်ရခဲ့သည်။ နောက်ထပ် မေးခွန်းသည် သူတို့တွေ လက်ရေးဆက် ရေးနည်းကို အသုံးမပြုကြတော့ဘူးလားဆိုသည်ကိုပင်။
ကျွန်တော်တို့ နိုင်ငံမှာရော ယနေ့ထိ ရှိနေသေးသလားဆိုသည်ကိုတော့ ပြန်မလေ့လာမိသေးသည်ကတော့ ကျွန်တော့်အားနည်းချက်ဖြစ်နေခဲ့သည်။ သင်ရိုးတွေသာ ပြောင်းသွားပေမဲ့ သင်ကြားသည့် စနစ်တော့ ထွေထူးပြီး မပြောင်းသေးသဖြင့် ရှိနေကောင်း ရှိနေသေးသည်ဟု ယုံကြည်မိသည်။
လက်ရေးဆက် သင်ပေးသော ၅ တန်းမှ အင်္ဂလိပ်စာ ဆရာမကြီးအား ပြန်ပြောင်းအောက်မေ့ရင်း မြန်မာ့ပညာရေးစနစ်တွင် အင်္ဂလိပ်စာ လက်ရေးဆက်ရေးသားနည်းစနစ်တစ်ခုကို ဆက်လက် ထိန်းသိမ်းကြစေချင်နေမိတော့သည်။
---
ဝင်းနောင်
၁၉၉၄
Timeline photos 05/12/2014
Telephone
Website