Shwe Set Thawr Dhamma School
ok
ဤShwe SteThwar Dhammaschool Kseဆိုတဲ့facebook
အကောက်သည် ဦးဇင်းတို့ကျောင်းနှင့် လုံးဝလုံးဝမသက်ဆိုင်ပါကြောင်း
ဒါကာဒါကာမများအားအသိပေးအပ်ပါသည်
၂၀၂၀ ဓမ္မစကူးလ်ပညာသင်နှစ်
နွေရာသီ ၁၀ ရက်ဓမ္မစကူးလ်သင်တန်း ပထမ ရက်
အာရုံဆွမ်းကုသိုလ်ရှင် ရွှေဆပ်သွားဓမ္မစကူးလ် ဝေယျာဝေဇ္ဇအဖွဲ့
နေ့ဆွမ်းကုသိုလ်ရှင်( ဒေါ်မာလာဝင်း )အားရည်စူး၍
ဦးဆန်းလွင်( ကြယ်စင်သစ်နဂါးမောက်ခြံ) မိသားစုတို့မှ
ဆက်ကပ်လှူဒါန်းအာဟာရဒါနကုသိုလ်ပြုပါသည်။
🙏🙏🙏ဤသို့လှူရ
မြတ်ဒါနကြောင့် ဘဝဖြစ်ရာ
သံသရာဝယ် လိုရာဆုထူးပြည့်ပါစေ🙏🙏🙏
၂၀၁၉ ပညာသင်နှစ်
သင်တန်းဆင်းလက်မှတ်ပေးပွဲအခမ်းအနား အတွတ်
အဖက်ဖက်ကနေဝိုင်းဝန်း ကုသိုလ်ပြုပေးကြသော
ကုသိုလ်ရှင်များအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာ၍ လိုအင်ဆန္ဒတွေပြည့်ဝကျပါစေ။
ဆရာ/ဆရာမ များအားလုံးမနက်ဖန်30-112019 စနေနေ့
နေ့လည်၂ရနာရီအချိန်၌ လပါတ်အစည်းအဝေးရှိပါသည်
မပျက်မကွပ်တတ်ရောက်ပေးကြပါရန်။
အပါတ်စဉ်၃၆သင်ကြားမှူ👭👬👭👬👭
ဆရာ ဆရာမ များအားလုံးမနက်ဖန်ဓမ္မစကူးလ်ဖွင့်ပါသည်။
၆ ကြိမ်မြောက်
ဆီမီးပူဇော်ပွဲ
အောင်မြင်ပြီးဆုံး🙏🙏🙏🙏
"မှတ်မှတ်သားသား သြဝါဒစကား"
ဓမ္မစကူးလ်ဆရာ/ မတွေမှာရှိသင့်သည့်( စ) ၅လုံး
၁-- သင်ကြားရေးစွမ်းရည်
၂-- စည်းရုံးရေးစွမ်းရည်
၃-- ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်
၎-- စည်းလုံးညီညွတ်မှုစွမ်းရည်
၅-- အသုံးချစွမ်းရည်
သင်ကြား စည်းရုံး / ပေါင်း စည်းလုံး /
အ သုံး ချ စွမ်းရည် ပြည့် စုံ ညီ
…………………………………………
စွမ်း ရည် ၅ ရပ်
************
စိတ် စာ စွမ်းရည်
စည်း စွန့်ညီ ဂုဏ်ရည်ဓမ္မစကူးလ်
စိတ်စေတနာကောင်းထား
ဝမ်းစာပြည့်ဖို့ စာများများဖတ်
စွမ်းရည်တိုးဖို့ စဉ်ဆက်မပြတ်
လေ့ကျင့်သင်ကြားနေပါ
စည်းလုံး စည်းရုံး စည်းကမ်းလိုက်နာ
စွန့်လွှတ်အနစ်နာခံရမည်
ဘဒ္ဒန္တသိရီကဉ္စနာဘိဝံသ
ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)ဥက္ကဠ
We love dhammaschool
အပါတ်စဉ်၃၃
သင်ကြားမှု့
အာဟာရဒါနကုသိုလ်ရှင် မျိုးဆက်သစ်စနေဝတ်အသင်း🙏🙏🙏🙏🙏
မိုးမင်းကြီးရယ် ဒီနေ့ဓမ္မစကူးလ်ဖွင့်တဲ့နေ့မှရွာချရသလားကွယ်
ညကရင်းရွာထားပါတော့လား
ခုတော့ကျောင်းပိတ်ရပြီလေ😤😤😤😤😤😤
အပါတ်စဉ် ၃၀
အဟာရဒါနကုသိုလ်ရှင် မျိုးဆက်သစ်စနေဝတ်အသင်း မှ
ထန်းစီးမုန့် ကုသိုလ်ပြုပါသည်။
ဝါခေါင်လပြည့်နေ့ အာရုံဆွမ်း နေ့ဆွမ်းကုသိုလ်ရှင်
🏤🏤ကျော်စိုင်းလင်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး🏤🏤 မိသားစုများနှင့်။
🙏🙏🙏🙏ဆဌမအကြိမ်မြောက်🙏🙏🙏🙏
စာအောင်သံဃာတော်များ လှူဒါန်းပူဇော်ပွဲအတွတ်
ကြိုတင်ညှိနိုင်းအစည်းအဝေးပြုလုပ်ကျင်းပ။
အပါတ်စဉ် ၂၈
အာဟာရ ဒါနကုသိုလ်ရှင်များ
မျိုးဆက်သစ်စနေဝတ်အသင်း မှ
ကုသိုလ်ပြုပါသည်🙏🙏🙏🙏
အပါတ်စဉ် ၂၈ အဟာရဒါနကုသိုလ်ရှင်
ကိုကျော်ခိုင်♡ မဝေဝေလွင် ဓမ္မစကူးလ်ဆရာမ
မိသားစုတို့မှ သာပူကြိုဖြင့် အာဟာရကျွေးမွေးလှူဒါန်းပါသည်။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ဤသို့လှူရ မြတ်ဒါနကြောင့် ဘဝဖြစ်ရာ သံသရာဝယ် လိုရာဆုထူး ပြည့်ဝပါစေ။
🌿ဓမ္မစကူးလ် ဖောင်ဒေးရှင်း🌿
အခြေခံမူဝါဒ (၄) ရပ် ရှိတယ်
ဓမ္မစကူးလ်နယ်ပယ်က အားလုံး လိုက်နာကြရတယ်လိုက်နာကြမယ်လို့လည်း ထင်ပါတယ်
ဘာတွေလဲ ကြည့်ရအောင်
(က) ဗုဒ္ဓမြတ်စွာ၏ အဆုံးအမ တရားတော်များနှင့်အညီ သင်ကြားပို့ချရေး၊
(ခ) မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ရေး၊
(ဂ) အခြားသော ပုဂ္ဂိုလ်ကိုဖြစ်စေ၊ ဘာသာကိုဖြစ်စေ၊ အဖွဲ့အစည်းကိုဖြစ်စေ မထိခိုက်ရေး၊
(ဃ) ပါတီနိုင်ငံရေး ကင်းရှင်းစွာ လုပ်ကိုင်ဆောင်ရွက်ရေး ။
ဓမ္မစကူးလ်သင်ကြားရေးနယ်ပယ်က သင်ကြားသူအများစု( ဗဟိုနဲ့နီးစပ်တဲ့ မြို့ပေါ်တွေပိုဆိုးတယ် ) ဒီမူဝါဒလေးချက်ကို အစွန်းတစ်ဖက်ကပ်ပြီး လမ်းဆုံးသလို ဖြစ်နေတယ် (ဂ) နဲ့ (ဃ) ကိုသာ တွင်တွင် ရွတ်နေကြတယ် (က) အချက် သင်ကြားရေးကဏ္ဍကို လုံးဝ (လုံး) ဂရုမပြုကြဘူး အလေးမထားကြဘူး (ခ) မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာဆိုတာ ဝတ်စားဆင်ယင်မှုလည်း ပါတယ်
အားလုံးက ဓမ္မစကူးလ်ဆိုတဲ့ ပုဂ္ဂလအစွဲပဲရှိတယ်
ဓမ္မစကူးလ်ဖောင်ဒေးရှင်းက ဖော်ဆောင်နေတဲ့
- အနာဂတ်မျှော်မှန်းချက်တွေ
- ရည်ရွယ်ချက်တွေ
- ဦးတည်ချက်တွေ
- သင်ရိုးညွှန်းတမ်းရဲ့ ရည်ရွယ်ချက်တွေ
- သင်ရိုးညွှန်းတမ်းရဲ့ အခြေခံမူတွေ
- သင်ရိုးညွှန်းတမ်းဖွဲ့စည်းပုံတွေ
- သင်္ခန်းစာ စီစဉ်ထားပုံတွေ
- သုတေသနပြုထားတဲ့ သင်ကြားနည်းစနစ်တွေ
ဒါတွေကို လုံးဝ (လုံးဝ) အလေးမထားကြဘူး
အဆိုးဆုံးကတော့ သင်ကြားသူဆရာရဲ့ အခန်းကဏ္ဍက ဘယ်လောက်ထိအောင် အရေးပါတယ်ဆိုတာကို လုံးဝ (လုံးဝ) မသုံးသပ်ကြတာပါပဲ
( မသုံးသပ်တတ်ကြဘူးလို့ပဲ မှတ်ယူပါတယ် )
ဘာလို့လဲ ?
သင်ကြားနည်းစနစ်တွေကို ရက်ပိုင်းလောက်သာ လေ့လာထိတွေ့ခွင့်ရပြီး ချပြပေးလိုက်တဲ့ အကြောင်းအရာတွေကို ဆက်လက်လေ့လာမှု မရှိလို့ပါပဲ
သင်ကြားရေးဆရာကောင်းတစ်ယောက်ဖြစ်ချင်ရင် ကိုယ်တိုင်က မျက်စိကိုဖွင့်၊ နားကို စွင့်ထားရုံသာမက ဦးဏှောက်ကိုပါ လွှင့်ပေးထားနိုင်ရမယ်
အဟောင်းတွေကို ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ ဆန်းသစ်တဲ့ အမြင်မရှိဘဲ သင်ကြားရေးဆရာကောင်းတစ်ယောက် မဖြစ်နိုင်ဘူး ကိုယ်တိုင်လည်းလေ့လာ၊ သင်ယူသူတွေကိုလည်း ဆန်းသစ်စွာ တီထွင်ပြီးသင်တတ်ဖို့ လိုတယ်
သင်ကြားရေး လုပ်ငန်းဆိုတာ စာဖတ်ပြတတ်ရုံနဲ့ ဆရာ မဟုတ်ဘူးဆိုတာကို အနည်းဆုံး သတိပြုနိုင်ရမယ် ကိုယ်ကသင်တယ် ကျောင်းသားက စိတ်မဝင်စားဆိုရင် သင်ကြားနေတာဟာ အကျိုးမဲ့စွာ လုပ်ဆောင်နေတဲ့ လုပ်ရပ်ကြီးတစ်ခု ဖြစ်သွားနိုင်တယ် ဒါကြောင့် သင်ယူသူ တစ်ယောက်က ကိုယ်သင်ကြားနေတဲ့ အပေါ်မှာ အာရုံစူးစိုက်နေဖို့ အရေးကြီးပါတယ် ဒီလိုသိဖို့အတွက် သင်ယူသူ #ဘာလိုအပ်သလဲ ဆိုတာကို သင်ကြားရေး ဆရာက အရင်ဆုံး သိနားလည်ထားရမယ်
#ဘယ်လို သင်မလဲ
#ဘာကြောင့် သင်ရတာလဲ
#ဘယ်သူတွေကို သင်နေတာလဲ
#ဘယ်လောက် သင်ရမလဲ
#ဘယ်တော့ သင်ရမလဲ ဆိုတဲ့ အရာတွေကို နားမလည်တဲ့ သင်ကြားရေး ဆရာဟာ သင်ယူသူကို ကောင်းစွာ စိတ်ပါဝင်စားအောင် သင်နိုင်မှာ မဟုတ်ဘူး
ဓမ္မစကူးလ်မှာ အဓိဋ္ဌာန် ( ၃ ) ချက်ရှိတယ်
- ဦးဆောင်သူတွေ
- သင်ကြားရေးဆရာ/မတွေ
- သင်ယူသူကျောင်းသားတွေ
- ကျောင်းသားမိဘအချို့လည်း သိကြတယ်
ဘာတွေလဲ ကြည့်ရအောင်
ဓမ္မစကူးလ်အဓိဋ္ဌာန် (၃) ချက်
(၁) ကျွန်ုပ်တို့သည် ဓမ္မဖြင့် ဘဝကို တည်ဆောက်ပါမည် ။
(၂) ကျွန်ုပ်တို့သည် အများအကျိုးကို သယ်ပိုး ဆောင်ရွက်ပါမည် ။
(၃) ကျွန်ုပ်တို့သည် ဗုဒ္ဓသာသနာတော်နှင့် နိုင်ငံတော်၏ အကျိုးကို သယ်ပိုးထမ်းဆောင်ပါမည် ။ ဟူ၏
အဓိဋ္ဌာန်ဆိုတာ ကတိသစ္စာပြုတာခေါ်တယ် အမှတ်စဉ် (၁) နဲ့ (၃) ကို တည်နိုင်မှ ရွတ်ဆိုနော့ ရွတ်ကောင်းတိုင်း အော်ကောင်းတိုင်း အော်နေဖို့ မဟုတ်ဘူး
ဒါ့အပြင်နောက်ထပ်သတိပြုရမှာ တစ်ခုကျန်သေးတယ်
ဥက္ကဋ္ဌဆရာတော်မိန့်ထားတဲ့ သြဝါဒစကား မေ့နေကြပြီ ထင်ပါတယ်
**အသပြာဝန်ထမ်းမဟုတ် စေတနာ့ဝန်ထမ်းဖြစ်ခြင်းကို အကြောင်းပြုပြီး စည်းကမ်း နည်းလမ်း သတ်မှတ်ချက်တွေကို အလေးမထား မလိုက်နာခြင်းမျိုးကို ဘယ်တော့မှ မဖြစ်ပါစေနဲ့ ** ဆိုပြီး သြဝါဒပေးထားတယ်
သင်ကြားသူတွေ အနေနဲ့ တောင်ယောင်ယောင် မြောက်ယောင်ယောင်နဲ့ ဟိုမရောက် ဒီမရောက် မပေါက်မြောက်တာတွေ မလုပ်ကြပါနဲ့
အဓိက ဦးတည်ချက်တွေ ရည်မှန်းချက်တွေ မပျောက်ကြပါစေနဲ့
ဦးဆောင်ဆရာတော်တွေအနေနဲ့လည်း ဓမ္မစကူးလ်သင်ကြားသူတွေ ဓမ္မစကူးလ်ဝတ်စုံဝတ်ပြီး ရွှတ်နောက်နောက်လုပ်ခြင်း ဗရမ်းပတာများပြုမူခြင်းများကို အမြင်မတော်ရင် မတော်သလို ဆုံးမသြဝါဒပေးကြဖို့ ခြေတော်စုံဦးခိုက်တောင်းပန်လျှောက်အပ်ပါသည် အရှင်သူမြတ်တို့ဘုရား ။
( ကြည့်ကောင်းတိုင်း ကြည့်မနေကြပါနဲ့ မီးလောင်ရာ လေမပင့်ကြပါနဲ့ ထိန်းသင့်တာထိန်းပေးတော်မူကြပါ )
ဓမ္မစကူးလ်သင်ကြားသူတွေကို အဓိကဦးတည်ချက်တွေကို အမှတ်ရကာ သိစေချင်တဲ့စေတနာ
အပြစ်ဆိုတာ တစ်ခုမှ မပါဘူး
# ဆရာကိုသူရ(မေတ္တာဖြင့်)
🌿Crd:Original Uploader & Photo
🌿မင်္ဂလာအပေါင်း နှင့် ပြည့်စုံကြပါစေရှင့်
🌿Nyo Chaw
အပါတ်စဉ်၂၇
အာဟာရဒါနကုသိုလ်ရှင်
မျိုးဆက်သစ်စနေဝတ်အသင်းမှ မုန့်တီသုတ်ဖြင့်ကုသိုလ်ပြုလှူဒါန်းပါသည်။
မိုးအေးအေးနဲ့ရေခဲမုန့်လဲစား စာတွေလဲဆွေးနွေးပေါ့😮😮😮
ကျောက်ဆည်မြို့နယ်လုံးဆိုင်ရာဓမ္မစကူးလ်ဆရာ/မများ
တွေ့ဆုံပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်များ
အသိပေးလျောက်ထားခြင်း
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ကျောက်ဆည်ြမို့နယ်ဓမ္မစကူးလ်ကော်မတီမှ
ကြီးမှူးကျင်းပမည့် မြို့နယ်အတွင်းရှိဓမ္မစကူးလ်ဆရာ/မ
များ တွေ့ဆုံပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကို
အောက်ပါအစီအစဉ်အတိုင်း
ကျင်းပသွားမည်ဖြစ်ပါသည်ဘုရား 🙏🙏🙏
📅📅📅📅
ကျင်းပမည့်နေ့ရက် = 19,7,2019( သောကြာနေ့ )
⌚⌚⌚⌚
ကျင်းပမည့်အချိန် = နံနက်(7:00)မှည နေ(5:00)ထိ
🏡🏡🏡🏡
ကျင်းပမည့်နေရာ = ရွှေပန်းလောင်ခန်းမ
သားငယ် သမီးငယ်လေးများနှင့် ဆရာဆရာမများစုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ။
၆ ကြိမ်မြောက်
ရွှေဆပ်သွားဓမ္မစကူးလ်
ကျောင်းသား➳ ကျောင်းသူများ
ဝါဆိုသင်္ကန်းကပ်လှူပွဲပြုလုပ်မည်ဖြစ်ပါ၍
စနေနေ့ညနေ၄နာရီ ကြိုတင်စီစဉ်ရန်အတွတ်
လာရောက်ပေးကြပါရန် အသိပေးအပ်ပါသည်🏃🏃🏃🏃
ဤပို့စ်သည် ဓမ္မစကူးလ်နှင့်သက်ဆိုင်သောအရာများတင်ရန်ဖြစ်ပါသည်
အခြားအခြားသောပို့စ်များတင်ရန်မဟုတ်ပါ
Website
Opening Hours
Monday | 09:00 - 17:00 |
Tuesday | 09:00 - 17:00 |
Wednesday | 09:00 - 17:00 |
Thursday | 09:00 - 17:00 |
Friday | 09:00 - 17:00 |
Saturday | 08:00 - 17:00 |
Sunday | 08:00 - 17:00 |