LaungMal's football Highlight & skill video
ဘောလုံးပရိသတ်တွေအတွက်သတင်း၊အချက်အလက်၊ဗဟုသုတတွေကို စုံစုံလင်လင်ဖော်ပြပေးသွားမယ်။
Get latest football news & updates, football fixtures, results & scores from premier league,serieA,Laliga,Bundesliga to the champions league.
ကိုယ့်အသင်းမှာ ခေါင်းကြီးလိုကစားသမားမျိုး ၃ ယောက်လောက်ရှိထားတော့ ဂိုး မပေးရမှာ စိတ်မပူရတော့ဘူးပေ့ါ… 😝😝😝
Vd : Credit OP
အခုရက်ပိုင်းရေပန်းစားနေတဲ့သူက လူကာကူလက်သစ်လို့ ခေါ်နေတဲ့ ဒါဝင်နူနက်ဇ်ရဲ့ Short VD လေးပါ။ သူတန်ဖိုးထက်အဆပေါင်းများစွာပေးခေါ်လို့ ဘင်ဖီကာဥက္ကဠကိုယ်တိုင် ဝမ်းသာလုံးစို့ပြီး ထုတ်ပြောရတဲ့အထိဖြစ်ခဲ့ပါတယ်။ အရင်ကတော့ သူလည်း မျိုးစုံကြိုးခုန်လွဲတာတွေက အများကြီးပဲ.... အဲ .. အဲ့တုန်းကတော့ သိပ်မထင်ရှားသေးတော့ လူသိပ်စိတ်မဝင်စားဘူးပေါ့...အခုတော့ လိပ်ပု . . . ဘွာတေး လီဗာပူးကိုရောက်တော့မှပဲ . . . စင်ကာပူမှာ ပြလိုက်တဲ့ခြေစွမ်းက ကြောက် ခမန်းလိလိပဲ။ မန်ယူနဲ့ ပွဲ အပိုင်လွဲသလို ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာလည်း ခြေစွမ်းကို လူစားလဲလို့ ဘောကန်ဖိနပ်မပါတော့တဲ့အချိန်ကျမှပဲ မြင်ရတဲ့အထိဖြစ်ခဲ့တယ်။ ဒါတင်မကသေးဘူး.. လေ့ကျင့်နေတဲ့အချိန်မှာလည်း ယူနိုက်တက်နဲ့ ပွဲကလို အလွဲတွေ ထပ်လုပ်ပြနိုင်တာကိုတော့ ချီးကျူးရမယ်... စကေးကောင်းသူတွေဆို တိုင်ထိတာမျိုးဘာတန်းထိတာမျိုးကို အကြိမ်ကြိမ်လုပ်ပြနိုင်တာဆိုတော့ . . . သူကလည်း ပွဲတုန်းကအလွဲကို လေ့ကျင့်ရေးကွင်းမှာ ပြန်ထပ်တူလုပ်ပြနိုင်တာဆိုတော့ စကေးက ထိပ်တန်းအဆင့်လို့တောင် ဆိုရမှာပဲ . . . : D
မန်ယူကွင်းလယ်ကစားသမား ဘရူနိုဟာ ဘရာဇီးဘောလုံးအေဂျင်စီတစ်ခုအတွက် Video ရိုက်ကူးနေတဲ့ ဖရက်၊ တဲလက်စ်တို့ကို လှမ်းအော်ဟစ်ပြောဆိုတာကို ဒီ ရုပ်သံမှာတွေ့ရမှာပါ။ ဘရူနိုက” စောက်တလွဲလုပ်မနေကြနဲ့၊ မင်းတို့ ဒီမှာ ဘောလုံးကန်ရမှာ။ ရုပ်ရှင်ရိုက်ဖို့မဟုတ်ဘူး။ ရုပ်ရှင်ရိုက်ချင်ရင် ငါ့ ဘောင်းဘီထဲက ဟာကို လာရိုက်”လို့အော်ဟစ်နေတာကို မြင်ရမှာဖြစ်ပါတယ်။ ဘရူနိုရဲ့ ပြောဆိုမှုအပြီးမှာ ဖရက်ဒ်က “အေးဆေးလုပ်ပါကွာ..သောက်တလွဲကောင်ရာ”လို့ တုံ့ပြန်ခဲ့ပါတယ်။
ဒီ၃ဦးဟာ ရာသီအစပိုင်း လေ့ကျင့်ရေးကွင်းတွေမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာကို မြင်နိုင်မှာဖြစ်ပြီးအသင်း ရလဒ်ဆိုးချိန်မှာ အခုလို ရိုက်ကူးမှုလုပ်နေတာကို ဘရူနို ဒေါသထွက်ဟန်ရှိတယ်လို့လည်း သုံးသပ်မှုရှိနေပါတယ်။
Videos (show all)
Website
Opening Hours
Monday | 09:00 - 23:00 |
Tuesday | 09:00 - 23:00 |
Wednesday | 09:00 - 23:00 |
Thursday | 09:00 - 23:00 |
Friday | 09:00 - 23:00 |
Saturday | 09:00 - 23:00 |
Sunday | 09:00 - 23:00 |