Bayintnaung Race

Bayintnaung Race

BayintNaung race (BYN Race) is the very first obstacle sport competition in Myanmar which will be held starting from 2018.

02/05/2018

ဘုရင့်နောင် Race ကို စောင့်မျှော်အားပေးနေကြတဲ့ ပရိသတ်များခင်ဗျာ
ဘုရင့်နောင် Race ပြိုင်ပွဲရဲ့ ရန်ကုန်နဲ့မန္တလေးလူရွေးပွဲတွေကို (၂၀၁၈)မတ်လအတွင်းကျင်းပဖို့ ရက်သတ်မှတ်ထားရာကနေ သင်္ကြန်ပွဲတော်ပြီးဆုံးချိန်မှာ ဆက်လက်လှုပ်ရှားသွားမှာဖြစ်တဲ့အကြောင်း အသိပေးကြေငြာထားပြီးဖြစ်ပါတယ်။ အခုဆိုရင် ပြိုင်ပွဲဘယ်တော့လဲ ဘယ်တော့လဲလို့ စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက် သတင်းစကားလေးပါးချင်ပါတယ်။

ကျွန်တော်တို့ရဲ့ ဘုရင့်နောင် Race ပြိုင်ပွဲကို အများပြည်သူကြည့်ရှုအားပေးနိုင်စေဖို့အတွက် TV channel တစ်ခုကနေ ထုတ်လွှင့်ပြသပေးဖို့ ဆန္ဒရှိပါတယ်။ ဘုရင့်နောင် Race ရဲ့ media partner အဖြစ် တင်ဆက်ထုတ်လွှင့် ပေးမယ့် Channel K ရုပ်သံလိုင်းဟာဆိုရင်လည်း online media channel အဆင့်ကနေ TV channel အဖြစ် အဆင့်မြှင့်တင်နိုင်အောင် ဆောင်ရွက်နေပြီဖြစ်ပါတယ်။ သို့သော် အချိန်တိုအတွင်းမှာ TV channel တစ်ခုဖြစ်လာပြီး ထုတ်လွှင့်ပြသဖို့ဆိုတာတော့ မဖြစ်နိုင်သေးပါဘူးခင်ဗျာ။ ဒါကြောင့် အများပြည်သူတို့ အလွယ်တကူ TV ကနေ ကြည့်ရှုနိုင်စေဖို့အတွက် Channel K ရုပ်သံလိုင်းကို TV channel အဆင့်ထိ မြှင့်တင်ပြီးတဲ့အချိန်ထိ စောင့်ဆိုင်းဖို့ ဒါမှမဟုတ် တခြားသော အခမဲ့ TV channel ရုပ်သံလိုင်းတစ်ခုခုကနေ ထုတ်လွှင့်ပြသနိုင်အောင် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ဖို့ ကျွန်တော်တို့ organizer အဖွဲ့အနေနဲ့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒီ့အတွက် အချိန်အတိုင်းအတာတစ်ခုလည်း စောင့်ဆိုင်းဖို့လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ဘုရင့်နောင် Race ပြိုင်ပွဲကို ဆောင်းရာသီ အားကစားပွဲတစ်ခုအနေနဲ့ မိုးအကုန် ဆောင်းအကူးအချိန်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်တဲ့အကြောင်း အသိပေးကြေငြာအပ်ပါတယ်။

အချိန်တွေအများကြီးပိုရသွားတဲ့အတွက် ပြိုင်ပွဲဝင်ဖို့စိတ်အားထက်သန်နေတဲ့ ပရိသတ်တွေကို ကြိုတင် ပြီးတော့ လေ့ကျင့်ပြင်ဆင်နိုင်အောင် ကစားနည်းပုံစံတွေနဲ့ ပြိုင်ပွဲအထောက်အကူပြု လေ့လာစရာအချက် တွေကို ရှာဖွေတင်ဆက်ပေးသွားပါမယ်ခင်ဗျာ။
ဒါကြောင့် ပရိသတ်များလည်း ကျွန်တော်တို့ရဲ့ Bayintnaung Race page ကနေ တင်ဆက်ပေးမယ့် စိတ်ဝင်စားစရာ သတင်းတွေနဲ့ game ကစားနည်းတွေကို စောင့်မျှော်အားပေးကြပါဦးခင်ဗျာ။

15/03/2018

ဘုရင့်နောင် Race ကို စောင့်မျှော်အားပေးနေကြတဲ့ ပရိသတ်များခင်ဗျာ

ကျွန်တော်တို့ဘုရင့်နောင် Race ပြိုင်ပွဲရဲ့ ရန်ကုန်နဲ့မန္တလေးလူရွေးပွဲတွေကို (၂၀၁၈)မတ်လအတွင်းကျင်းပဖို့ ရက်သတ်မှတ်ထားသော်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲနဲ့ တက္ကသိုလ်အသီးသီးမှစာမေးပွဲတွေ ကျင်းပတဲ့ကာလ ဖြစ်နေတဲ့အတွက် ၀င်ရောက်ယှဉ်ပြိုင်ဖို့စိတ်ဝင်စားတဲ့ ကျောင်းသားလူငယ်များ အဆင်ပြေစေဖို့ ကျွန်တော်တို့ရဲ့ ပြိုင်ပွဲရက်ကို ခေတ္တရွှေ့ဆိုင်းလိုက်ပါတယ်။

စာမေးပွဲအသီးသီးပြီးဆုံးချိန်မှာလည်း မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်နဲ့ ပိတ်ရက်ရှည်များရှိသေးတာဖြစ်လို့ ကျွန်တော်တို့ရဲ့ ဘုရင့်နောင် Race ကို သင်္ကြန်ပွဲတော်ပြီးဆုံးချိန်မှာ ကျင်းပသွားမှာဖြစ်တဲ့အကြောင်း အသိပေးအပ်ပါတယ်။
Page မှာ update သတင်းတွေ မတင်ဖြစ်ပေမယ့် ကျွန်တော်တို့တွေ ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေကိုတော့ နေ့စဉ်မပြတ် အားတက်သရောလုပ်ကိုင်နေကြပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ ကျွန်တော်တို့ရဲ့ update သတင်းများ ပြန်လည်အသက်ဝင်လာတော့မှာဖြစ်ပါတယ်။

ဒါကြောင့် ပရိသတ်များလည်း ကျွန်တော်တို့ရဲ့ ဘုရင့်နောင် Race ကို ဆက်လက်ပြီး စောင့်မျှော်အားပေးကြပါဦးခင်ဗျာ။

24/01/2018

Bayint Naung Race ရဲ့ Game instruction တင်ဆက်မှုတွေပြီးသွားပြီဆိုရင်တော့ ပြိုင်ပွဲနဲ့ပက်သတ်လို့ အားလုံးစိတ်ဝင်တစားသိချင်နေတဲ့ အသေးစိတ်အကြောင်းအရာတွေကို ဆက်လက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။

ဒီနေ့အတွက်တော့ Game instruction Part III ကို ထပ်မံတင်ဆက်ပေးလိုက်ပါပြီ ...။

22/01/2018

ရန်ကုန်နဲ့မန္တလေးမှာပြုလုပ်မယ့် ဆန်ကာတင်လူရွေးပွဲအတွက် ယှဉ်ပြိုင်ရမယ့်ကစားနည်းတွေရဲ့ instruction တွေကို Video file များနဲ့ ရှင်းပြပေးနေပါတယ်။

ဒီနေ့မှာတော့ Game instruction Part (II) ကို ထပ်မံတင်ဆက်ပေးလိုက်ပါပြီ ... ။

17/01/2018

Obstacle Race ဆိုတာ ဘာလဲ 🤔
Bayint Naung Race ဆိုတာ ဘာလဲ 🤔

ဘယ်သူတွေယှဉ်ပြိုင်ခွင့်ရှိလဲ 😎
ဘယ်လို obstacle တွေကို ကျော်လွှားရမလဲ 🏃‍♂️

👇👇👇 ကြည့်လိုက်ကြရအောင်

Game instruction Part I ကိုလည်း ထည့်သွင်းရှင်းပြထားပါတယ်။
Part II, Part III, ......
နောက်ထပ် အပိုင်းသစ်တွေလည်း မကြာမီလာမယ် နော်

09/01/2018

“CHALLENGE YOURSELF!” 💪

The very world first obstacle race was held with the topic of “Tough Guy” in 1987 and since 1989, they’ve officially held the event and released the records. Athletes of any kinds of sports are very likely to participate in the event.

Nowadays, Spartan Race, Tough Mudder, Zombie Mud Run and Warrior Dash etc; can be seen as the popular obstacle events holders.

Isn’t it interesting?

Here Comes Myanmar First Obstacle Race “BYN Race!”
Try out new experience!

“Will you pass 👍or try again👎?”

[Zawgyi Version]





“BYN Race” က ကျန်းမာကြံ့ခိုင်မှု၊ ပျော်ရွှင်မှုတွေကို သယ်ဆောင်လာပေးမှာမို့ စွန့်စားမှုအသစ်၊ အတွေ့အကြုံအသစ်တွေအတွက် စိတ်လှုပ်ရှားဖို့အသင့်ပြင်ထားတော့နော်။


[Unicode Version]
“ဉာဏ်ရည်စွမ်းပကား ခွန်အားစွမ်းရည် တိုးတက်စေဖို့ မိမိကိုယ်ကို စိန်ခေါ်ကြစို့”

Obstacle race အကြောင်းနဲ့ပက်သတ်လို့ Knowledge sharing လေး လုပ်မယ်နော်။

၁၉၈၇ ခုနှစ်ကအစပြုခဲ့တဲ့ “Tough Guy” လို့အမည်ရတဲ့ ကမ္ဘာ့ပထမဆုံးသော obstacle race ပြိုင်ပွဲကို ၁၉၈၉ ခုနှစ်ကနေစတင်ပြီး တရားဝင်ရိုက်ကူးပြသခဲ့တာ ဒီနေ့ထိတိုင်ပါပဲ ….။ တစ်နှစ်ထက်တစ်နှစ် ဆန်းသစ်တီထွင်လာတဲ့ အားကစားနည်းမျိုးစုံကို ပြိုင်ပွဲဝင်တွေက ခွန်အား၊ ဉာဏ်အားကိုသုံးပြီး ပါ၀င်ယှဉ်ပြိုင်ရတာဖြစ်တဲ့အတွက် စိတ်ဝင်စားစရာကောင်းဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံး ကမ္ဘာကျော်ပြိုင်ပွဲလို့ဆိုနိုင်ပါတယ်။
အခုအခါမှာဆိုရင် Spartan Race, Tough Mudder, Zombie Mud Run နဲ့ Warrior Dash စသဖြင့် နာမည်ကျော်ကြားတဲ့ Obstacle race ပြိုင်ပွဲပေါင်းများစွာကို ကျင်းပနေကြပါပြီ …. ။

ကြားရတာနဲ့တင် စိတ်ဝင်စားဖို့ကောင်းနေပြီနော် … ။

ကြားရုံပဲကြားဖူး၊ ကြည့်ရုံပဲကြည့်ဖူးရုံနဲ့တော့ မကျေနပ်နိုင်ပါဘူး။ ကိုယ်တိုင်လဲ လှုပ်လှုပ်ရှားရှား ပါ၀င်ယှဉ်ပြိုင်ကြည့်ချင်တာပေါ့ ဆိုတဲ့ မြန်မာပြည်သူတို့အတွက် ……
“BYN Race” က ကျန်းမာကြ့ံခိုင်မှု၊ ပျော်ရွှင်မှုတွေကို သယ်ဆောင်လာပေးမှာမို့ စွန့်စားမှုအသစ်၊ အတွေ့အကြုံအသစ်တွေအတွက် စိတ်လှုပ်ရှားဖို့အသင့်ပြင်ထားတော့နော်။

“ကဲ … သင်ရော အောင်နိုင်သူဖြစ်နိုင်မလား???👍 ဒါမှမဟုတ် နောက်တစ်ကြိမ်ကြိုးစားခွင့်နဲ့ ကျေနပ်လိုက်ရမလား???👎”

04/01/2018

[Zawgyi]


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၀)ကြိမ်မြောက် ကျရောက်သည့်လွတ်လပ်ရေးနေ့ကို နိုင်ငံတွင်းနေထိုင်သည့် တိုင်းရင်းသားပေါင်းစုံတို့နှင့်အတူ ကြိုဆိုဂုဏ်ပြုလိုက်ပါသည်။

[Unicode]

"ရဲ့ရင့်ကြံ့ခိုင် ဘုရင့်နောင်စတိုင်လ်''

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၀)ကြိမ်မြောက် ကျရောက်သည့်လွတ်လပ်ရေးနေ့ကို နိုုင်ငံတွင်းနေထိုင်သည့် တိုင်းရင်းသားပေါင်းစုံတို့နှင့်အတူ ကြိုဆိုဂုုဏ်ပြုလိုက်ပါသည်။

All the best to the Nation Wide

Timeline photos 03/01/2018

"Rule your region, then rule the nation."

30 finalists from 2 regions, organises into 6 groups of 5 finalists, to have one group of winners.
“Will you witness it?”
Top Finalists conquering in pursuit of the GRAND PRIZE “30,000,000” Kyats.

[Zawgyi]

အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ဒေသ(၂)ခုကနေ ဆန်ခါတင်ရွေးချယ်ခံရတဲ့ အယောက်(၃၀)ကို (၅)ယောက်တစ်ဖွဲ့ ၊ စုစုပေါင်းအဖွဲ့(၆)ဖွဲ့ပြန်လည်ဖွဲ့စည်း နောက်ဆုံး final ပွဲစဉ်ကို ယှဉ်ပြိုင်အနိုင်ရရှိတဲ့ အဖွဲ့တစ်ဖွဲ့တည်းကသာ Bayintnaung Race ရဲ့ winner ဆုရှင် ဖြစ်လာမှာပါ

Winner အဖွဲ့ ပိုင်ဆိုင်ခွင့်ရမယ့် GRAND PRIZE က ……...
“ငွေကျပ် သိန်း(၃၀၀)!!!” ဆိုတော့


သင်ရော ထူးခြားမှုတွေကို မြင်တွေ့ခံစားဖို့ အဆင်သင့် ဖြစ်ပြီလား?

[Unicode]

အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ဒေသ(၂)ခုုကနေ ဆန်ခါတင်ရွေးချယ်ခံရတဲ့ အယောက်(၃၀)ကိုု (၅)ယောက်တစ်ဖွဲ့ ၊ စုုစုုပေါင်းအဖွဲ့(၆)ဖွဲ့ပြန်လည်ဖွဲ့စည်း နောက်ဆုုံး final ပွဲစဉ်ကိုု ယှဉ်ပြိုင်အနိုုင်ရရှိတဲ့ အဖွဲ့တစ်ဖွဲ့တည်းကသာ Bayintnaung Race ရဲ့ winner ဆုုရှင် ဖြစ်လာမှာပါ

Winner အဖွဲ့ ပိုုင်ဆိုုင်ခွင့်ရမယ့် GRAND PRIZE က ……...
“ငွေကျပ် သိန်း(၃၀၀)!!!” ဆိုုတော့

woooooow …………… "WHO WILL BE THE WINNERS???"

သင်ရော ထူးခြားမှုတွေကိုု မြင်တွေ့ခံစားဖိုု ့အဆင်သင့် ဖြစ်ပြီလား?

12/12/2017

[Zawgyi Version]
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပံ့ပိုးကူညီမှုနှင့်အတူ မြန်မာနိုင်ငံမှာပထမဦးဆုံးအကြိမ်ကျင်းပမယ့် ဘုရင့်နောင်raceဆိုတဲ့ အားကစားပြိုင်ပွဲကြီးကို ၂၀၁၈ မှာစတင်ပါတော့မယ်ခင်ဗျာ။
ကာယကြံ့ခိုင်မှုကိုအားပြုပြီးတော့ ယှဉ်ပြိုင်ရမယ့် BYN race ဘော်ဒါတွေနဲ့အတူ ပါဝင်စိန်ခေါ် ဆင်နွှဲလိုက်ကြလိုက်ရအောင်။

2018 will showcase Myanmar’s first ever obstacles race; Bayintnaung Race, endorsed by Ministry of Health and Sports Myanmar.
Call your buddies to conquer this physical fitness challenge competition of century.

[Unicode Version]
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပံံံ့ပိုုးကူညီမှုုနှင့်အတူ မြန်မာနိုုင်ငံမှာပထမဦးဆုုံးအကြိမ်ကျင်းပမယ့် ဘုုရင့်နောင်raceဆိုုတဲ့ အားကစားပြိုင်ပွဲကြီးကိုု ၂၀၁၈ မှာစတင်ပါတော့မယ်ခင်ဗျာ။

ကာယကြံ့ခိုုင်မှုကိုုအားပြုပြီးတော့ ယှဉ်ပြိုင်ရမယ့် BYN race ဘော်ဒါတွေနဲ့အတူ ပါ၀င်စိန်ခေါ် ဆင်နွှဲလိုုက်ကြလိုုက်ရအောင်။

Myanmar First Ever Obstacle Race

Promoting Healthy life style through entertainment.

Encouraging team work and unity.

Making inspirational idols to promote nutrition and fitness.

Gender - Male/ Female

Videos (show all)

Part III
Part II
BYN Race
Bayintnaung Race

Telephone

Website