Department of Philosophy EYU

Department of Philosophy EYU

This Page is depardment of philosophy in EYU.

03/06/2023

ကြွေသူကကြွေ
ဝေသူကဝေ
ဒီကြားထဲ
ငါတို့လောကရဲ့အနာဂတ်တွေ
ပျော်ကြရဲ့လားလို့ # # #

15/08/2022

🙏ဆရာကြီး Dr ye lwin ၏ post မှ ကူးယူဖော်ပြပါသည်။ ဆရာ့အားအစဉ်လေးစားလျှက်🙏🙏

ငါတို့က လှေပေါ်မှာ

*** ''The Epic of Gilgamesh” သည် ဘီစီအီး ၃၀၀၀ ဒါမှမဟုတ် ၂၀၀၀ လောက်မှာ ပေါ်ပေါက်ခဲ့တဲ့ ရှေးခေတ် မက်ဆိုပိုတေးမီးယား (Mesopotamia) မဟာကဗျာတပုဒ်ပါ။ ကမ္ဘာပေါ် မှာ အစောဆုံးနဲ့ လူသိအများဆုံး စာပေအရေးအသားတွေထဲက တခုလို့လည်း ဆိုနိုင်ပါတယ်။

*** ဒီကဗျာက ဆူမားရီးယန်းတို့ရဲ့ ဒဏ္ဍာရီဇာတ်လမ်းတပုဒ်အပေါ်မှာ အခြေပြုပြီး ဖန်တီးထားတာပါ။ Gilgamesh (ဂီလ်ဂါမက်ချ်) ဟာ ဆူမားရီးယန်းမြို့တမြို့ဖြစ်တဲ့ Uruk (အုရ်ရပ်ခ်)ရဲ့ ဘုရင်တပါးပါ။ သူက နတ်ဘုရားသုံးပုံနှစ်ပုံနဲ့ လူသားသုံးပုံတပုံ ပေါင်းစပ်ထားတဲ့ ဒဏ္ဍာရီလာ သူရဲကောင်းဘုရင်လို့ ဆိုကြတယ်။ ခွန်အား၊ ရဲစွမ်းသတ္တိ၊ အလှတရားတွေနဲ့ ပြည့်စုံတဲ့ဘုရင်ဖြစ်ရုံမက အသန်မာဆုံးနဲ့ အကြီးမြတ်ဆုံးဘုရင်လို့လည်း ဖွဲ့ဆိုထားပါတယ်။ ဒီဂုဏ်ရည်တွေကို ပိုင်ဆိုင်ခဲ့ရတာကလည်း နတ်ဘုရားတွေက ကောင်းချီးပေးတာကြောင့်ပါ။

*** ဒီမဟာကဗျာရဲ့ ဇာတ်လမ်းထဲမှာ ဘုရင် Gilgamesh နဲ့ သူ့ရဲ့ လူရိုင်းမိတ်ဆွေ Enkidu (အင်ကီဒု) တို့ရဲ့ အန္တရာယ်ထူပြောလှတဲ့ စူးစမ်းမှုတွေ၊ စွန့်စားခန်းတွေနဲ့ ပြည့်နက်လို့နေပါတယ်။ Gilgamesh ဟာ ထာ၀ရရှင်သန်ခြင်း (Immortality) ကို ရှာဖွေခဲ့တယ်။ ဒါပေမဲ့ ကံကြမ္မာအခွင့်မသာလို့ လက်လွတ်ခဲ့ရတယ်။ နောက်ဆုံးမှာတော့ Gilgamesh ဟာ သူရဲ့မြို့တော် Uruk မှာ သေဆုံးသွာခဲ့တယ်။

*** ဒီမဟာကဗျာထဲမှာ ထာ၀ရရှင်သန်ခြင်းကိုရရှိဖို့ အခွင့်အလမ်း (၂)ခုရှိတာ ဖော်ပြခဲ့တယ်။ တခုက သမုဒ္ဒရာအောက်ခြေအနက်ရှိုင်းဆုံးမှာရှိနေတဲ့ ပြန်လည်နုပျိုခြင်းကို စွမ်းဆောင်နိုင်တဲ့သစ်ပင်ကို ရယူခြင်းဆိုတဲ့ အခွင့်အလမ်းတခု။ ဒုတိယအခွင့်အလမ်းကတော့ ''ရေလွှမ်းမိုးခြင်း'' (Great flood) ကိုကျော်ဖြတ်ပြီး နတ်ဘုရားတွေကို ပူဇော်ပသကိုးကွယ်ခြင်းနဲ့ နတ်ဘုရားတွေရဲ့မစမှုကြောင့် ထာ၀ရရှင်သန်ခြင်းကို ရယူခြင်းပဲ ဖြစ်ပါတယ်။

*** ကဗျာထဲမှာရေးဖွဲ့ထားတဲ့ ''ရေလွှမ်းမိုးခြင်း'' အကြောင်းက စိတ်၀င်စားစရာကောင်းသလို၊ သံ၀ေဂယူစရာလည်း ကောင်းပါတယ်။ လူသားတွေကလည်း လူသားတွေပါပဲလို့ ဆိုရပါလိမ့်မယ်။ ကောင်းမှုနဲ့ မကောင်းမှု၊ အမှန်နဲ့ အမှား၊ တရားနဲ့ မတရား၊ လုပ်သင့်တာနဲ့ မလုပ်သင့်တာလို ဆန့်ကျင်ဘက်သဘောတွေယှဥ်လာရင် 'မကောင်းမှု'၊ 'အမှား'၊ 'မတရား'၊ 'မလုပ်သင့်တာ'တွေဘက်ကို ပိုတိမ်းညွတ်လေ့ရှိကြတယ်။ မကောင်းမှုကို မကောင်းမှုလို့၊ အမှားကို အမှားလို့၊ မတရားတာကို မတရားတာလို့၊ မလုပ်သင့်တာကို မလုပ်သင့်တာလို့ မပြောရဲ၊ မဆိုရဲ၊ မလုပ်ရဲတာက ဆိုး၀ါးလှပါတယ်။ ဒါ့ထက်ပိုဆိုး၀ါးတာက မကောင်းမှုကို ကောင်းမှုလို့မြင်တာ၊ အမှားကို အမှန်လို့ထင်တာ၊ မတရားတာကို တရားတယ်လို့ လုပ်တာ၊ မလုပ်သင့်တာကို လုပ်သင့်တယ်လို့ ခံယူထားကြတာတွေပါ။ ခိုးတာ၊ သတ်တာတွေကျူးလွန်မှ မဟုတ်ပါဘူး၊ တကယ်တော့ ဒါတွေဟာ ဒုစရိုက်မှုတွေပါပဲ။

*** လူသားတွေက ဒုစရိုက်မှုတွေ ကျူးလွန်ကြတယ်။ဒါကြောင့် နတ်ဘုရားတွေက အလွန်အမင်းအမျက်ဒေါသထွက်ကြတယ်။ လူသားအားလုံးကို ဖျက်ဆီးပစ်ဖို့ ''ရေလွှမ်းမိုးခြင်း'' ပြစ်ဒဏ်နဲ့ ကမ္ဘာမြေကို ဆေးကြောဖို့ ဆုံးဖြတ်ကြတယ်။ မုန်တိုင်းတွေမတိုက်ခင် ရေမလွှမ်းမိုးခင်မှာ ရေနတ်ဘုရား အဲ (Ea) က ဥတ္တနာပစ်ရ်တင် (Utnapishtim) ဆိုတဲ့လူကို ကြင်နာသနားပြီး နတ်ဘုရားတွေရဲ့ ဆုံးဖြတ်ချက်ကို ကြိုတင်သိစေခဲ့တယ်။ သင်္ဘောတစ်စီးကို အဆင်သင့်တည်ဆောက်စေခဲ့တယ်။ သူ့ဘဏ္ဍာတွေ၊ သူ့မိသားစုနဲ့ သက်ရှိအားလုံးရဲ့မျိုးစေ့တွေကို သင်္ဘောပေါ်တင်ဖို့ အကြံပေးခဲ့တယ်။ အချိန်တန်တော့ ပြစ်ဒဏ်က ကျရောက်လာတယ်။ စစ်သူကြီးနတ်ဘုရား အင်လိ (Enlil) က ကမ္ဘာကြီးကို အလွန်ပြင်းထန်တဲ့ မုန်တိုင်းတွေတိုက်ခတ်ခိုင်းတယ်။ နောက် ကမ္ဘာမြေကြီးတခုလုံးကို ရေလွှမ်းမိုးပစ်လိုက်တယ်။ ရေလွှမ်းမိုးတာကြောင့် မြင့်မားလှပါတယ်ဆိုတဲ့ တောင်ကြီးတွေပါ ရေမြုပ်ကုန်ကြတယ်။ Utnapishtim ရဲ့လှေကတော့ ရေပေါ်မှာ မျောနေတယ်။ လှေပေါ်ကသက်ရှိတွေကလွဲရင် ကျန်သက်ရှိအရာအားလုံးဟာ ရေအောက်မှာ စုံးစုံးမြုပ်လို့ သေဆုံးကြရတယ်။ (၇) ရက်မြောက်မှာ မုန်တိုင်းစဲလို့ ရေပြင်က ငြိမ်သက်သွားတယ်။ (၁၂) မြောက်မှာ မြေပြင်က တဖြည်းဖြည်းပေါ်လို့လာတယ်။ လှေကတော့ နိဆစ်ရ် (Nisir) တောင်ထိပ်မှာ တင်နေခဲ့တယ်။ Utnapishtim က ခိုနားနေထိုင်ရာ နေရာရှာဖို့ ချိုးငှက်တကောင်ကို ပထမ လွှတ်လိုက်တယ်။ ခိုနားစရာမတွေ့လို့ ချိုးငှက်က လှေဆီကို ပြန်လာတယ်။ ဒုတိယအနေနဲ့ ပျံလွှားငှက်ကို လွှတ်လိုက်တယ်။ ပျံလွှားငှက်ကလည်း ချိုးငှက်လိုပဲ လှေဆီကို ပြန်လာခဲ့တယ်။ တတိယအနေနဲ့ တောကျီးကန်းတကောင်ကို လွှတ်လိုက်တယ်။ ဒီတခါမှာတော့ တောကျီးကန်းကလေးက လှေဆီကို ပြန်မလာတော့ပါဘူး။ နားခိုရာ ခြောက်သွေ့တဲ့မြေနေရာကို ရှာတွေ့သွားခဲ့ပါပြီ။

*** Utnapishtim လည်း နတ်ဘုရားတွေကို ရည်စူးးပြီး ပူဇော်တာတွေ နှင့် ရေစက်သွန်းလောင်းတာတွေလုပ်လိုက်တယ်။ ဒီနေရာမှာ ပြဿနာတခု ပေါ်လာတယ်။ နတ်ဘုရား Enlil ပါ။ သူက ရေလွှမ်းမိုးခြင်းပြစ်ဒဏ်က Utnapishtim တို့လွတ်မြောက်သွားတာကို သိသွားလို့ ဒေါသဟုန်းဟုန်း တောက်လောင်နေပါတယ်။ ဒါပေမဲ့ နတ်ဘုရား Ea က Enlil ကို တရားချလို့ ငြိမ်းချမ်းရေးရခဲ့တယ်။ နောက်တော့ Enlil လည်း Utnapishtim တို့ကို ကောင်းချီးပေးပြီး ''ထာဝရအသက်'' ကို ပေးခဲ့တယ်။ ပြီးတော့ သူတို့ကို ဒီလ်မန် (Dilmun )ကျွန်းမှာရှိတဲ့ နတ်ဘုရားတွေရဲ့ ဘုံဗိမာန်ကို နေထိုင်ဖို့ ခေါ်ဆောင်သွားခဲ့တယ်။

*** The Epic of Gilgamesh ရဲ့ အလွန်အမင်းသြဇာကြီးမားခဲ့တာကို ပညာရှင်တွေက ထောက်ပြခဲ့ကြတယ်။ ဟိုးမား (Homer) ရဲ့ သြဇာကြီးမားလှတဲ့ ဂရိမဟာကဗျာ “The Odyssey” အပေါ်မှာ “Epic of Gilgamesh” ရဲ့ အရိပ်တွေလွှမ်းမိုးတာကို ညွှန်ပြခဲ့ကြတယ်။ “The Epic of Gilgamesh” မှာ ရေးစပ်ထားတဲ့ ရေလွှမ်းမိုးမှုဒဏ္ဍာရီက ပိုလို့တောင် သြဇာသက်ရောက်မှု ကြီးမားခဲ့ပါသေးတယ်။ ရေလွှမ်းမိုးမှုဒဏ္ဍာရီက တချို့ကဏ္ဍတွေဟာ “သမ္မာကျမ်းစာ” (The Bible) နဲ့ ကုရ်အာန် (The Quran)လာ နောဧလှေကြီး (Noah's ark) ဇာတ်လမ်းတွေနဲ့ နီးနီးစပ်စပ် တူညီနေတာကို တွေ့ရတယ်လို့ ဆိုကြတယ်။ ဂရိ၊ ဟိန္ဒူနှင့် အခြားဒဏ္ဍာရီတွေမှာလည်း အလားတူဇာတ်လမ်းပုံပြင်တွေရှိကြတယ်။ သက်ရှိတွေကို လှေပေါ်တင် နောက်ဆုံးမှာ တောင်ထိပ်ပေါ်ကနေ ခြောက်သွေ့တဲ့မြေကိုရှာဖွေဖို့ ချိုးငှက်ကို လွှတ်ကြတဲ့ ဇာတ်လမ်းတွေပါ။ အစ္စလာမ်(Islam)နဲ့ ဆီးရီးယား (Syria)ယဉ်ကျေးမှုတွေမှာ ဖော်ပြထားတဲ့ ''မဟာအလက်ဇန်းဒါး'' (Alexander the Great) အကြောင်း ဒဏ္ဍာရီပုံပြင်တွေမှာတောင် Gilgamesh ဇာတ်လမ်းရဲ့ လွှမ်းမိုးမှုတွေရှိတယ်လို့ သုတေသီတွေက ယူဆထားကြပါတယ်။ မည်သို့ပင်ဖြစ်ပါစေ ယဥ်ကျေးမှု တခုနဲ့တခုဟာ ဆက်စပ်မှုတွေရှိကြတယ်၊ လွှမ်းမိုးသက်ရောက်မှုတွေရှိကြတယ်ဆိုတာကတော့ သမိုင်းစာမျက်နှာတွေမှာ အထင်အရှားရှိခဲ့တဲ့ ငြင်းချက်ထုတ်လို့မရတဲ့အရာပါ။

*** လူသားတွေက ခိုလှုံရာ ရှာကြတယ်။ တည်ငြိမ်အေးချမ်းတဲ့၊ ဓမ္မတရားကိန်းအောင်းတဲ့၊ လောကသစ်ကိုရှာကြတယ်။ လူသားတွေအတွက်၊ သက်ရှိလောကအတွက် ငြိမ်းချမ်းတဲ့နယ်မြေသစ်ကို ရှာတဲ့နေရာမှာ ချိုးငှက်တွေကပဲ ရှာကြတာ မဟုတ်ပါဘူး။ ပျံလွှားငှက်လည်း ရှာတာပဲ၊ တောကျီးကန်းလည်း ရှာတာပါပဲ။ ဒီငှက်ကလေးတွေဟာ ခရစ္စတိုဖာကိုလံဘတ် (Christopher Columbus)တို့၊ ဗက်စကိုဒဂါးမား (Vasco da Gama)တို့ထက် ထောင်စုနှစ်ပေါင်းများစွာ စောပါတယ်။ ငှက်ကလေးတွေဟာ လူသားတွေ၊ သက်ရှိမျိုးနွယ်တွေအတွက် ထာ၀ရနားခိုရာကို ရှာဖွေပေးခဲ့ကြတယ်။ သူတို့ကို သတ္တလောကရဲ့ ကျေးဇူးရှင်တွေ၊ သူရဲကောင်းတွေ၊ အာဇာနည်တွေလို့ ကမ္ပည်းထိုးရရင် မကောင်းပေဘူးလား၊ မသင့်ပေဘူးလားလို့ စဥ်းစားမိပါတယ်။ စိတ်ထဲမှာ ကောင်းကြောင်း၊ သင့်ကြောင်း အဓိဌာန်ပြုမိပါတယ်။

ငါတို့က လှေပေါ်မှာ

ရေက ''လွှမ်းမိုးခြင်း'' နဲ့
အလွှာနှစ်လွှာ ပြဌာန်းပေးခဲ့
ရေအောက်ကမ္ဘာရယ်၊ ရေပေါ်ကမ္ဘာရယ်။
ဒါ နတ်ဘုရားတွေက ပေးလိုက်တဲ့ ပြစ်ဒဏ်လား၊
(ဒါမှမဟုတ်)
လောကဓမ္မရဲ့ နိယာမတရားလား။

မုန်တိုင်း
ငါ့ခန္ဓာကို ဖောက်ထွင်းသွားတဲ့ မုန်တိုင်း
တ၀ုန်း၀ုန်းကြဲနေတဲ့ မိစ္ဆာလှိုင်း
အရိုင်းအစိုင်းမိုးကြိုးရဲ့ လျှပ်စီးအလင်းအောက်မှာ
လှော်ကြဟေ့ ခတ်ကြဟေ့
ကိုယ့်ကံကြမ္မာ ကိုယ်တိုင်ထွင်းထုကြ
အရှုံးပေးခြင်းရာဇ၀င်ကို ဖြိုခွင်းကြ
ခွေးရေပုရပိုက်ကို ဆုတ်ဖြဲကြ။

နတ်ဘုရားတွေရဲ့တံဆိပ် ရိုက်နှိပ်ခံရတဲ့
သစ္စာဖောက်တွေ
ဒုစရိုက်မှု ကျူးလွန်သူတွေ
အဓမ္မဘက်သားတွေအတွက်
''ရေနှစ်မြုပ်ခြင်း'' ပြစ်ဒဏ်က
ရေအောက်လောကရဲ့ ထာ၀ရမရဏဘုံ။

ရေကို ဆန်၊ လေကို ဆန်၊ နေကို ဆန်
အစုန်မဲ့ခရီး မနီးပေမဲ့
လှော်သလောက် ခရီးပေါက်မယ်၊
ချိုးငှက်တွေ လွှတ်ကြ
ပျံလွှားငှက်တွေ လွှတ်ကြ
တောကျီးကန်းတွေ လွှတ်ကြ
ငှက်တွေမှန်သမျှ လွှတ်ကြ
သူတို့က ရှာဖွေပေးလိမ့်မယ်၊
ငြိမ်းချမ်းရေးတေးသံတွေ ပြန့်လွင့်နေတဲ့နေရာ
လွတ်လပ်မှုတွေ ရှင်သန်နေတဲ့ဂေဟာ
တရားမျှတမှုတွေ ပျော်၀င်နေတဲ့ကမ္ဘာ။

သူတို့ပြရာလမ်းကို သွားဖို့
ငါတို့ အားထုတ်ကြမယ်
တနေ့တလံ ပုဂံဘယ်ရွေ့မလဲ
တနေ့နှစ်လံဆို ပုဂံပိုမရွေ့
အားတင်းလို့ လျှောက်လှမ်းကြမယ်၊
ငါတို့က ရေအောက်အလွှာရဲ့ အပြစ်သားတွေမှ မဟုတ်တာ
တရားကို နတ်စောင့်ပါသတဲ့။

သိပ်သေချာတာ တခုကတော့
ငါတို့က လှေပေါ်မှာ။

[John B. Noss ရဲ့ MAN'S RELIGIONS ကို ''လူတို့ကိုးကွယ်ရာဘာသာကြီးများ'' လို့ ဆန်းလွင် (ဆရာဦးဆန်းလွင်) ဘာသာပြန်တဲ့ စာအုပ်ကိုဖတ်ရင်း အတွေးအာရုံပေါ်လာလို့ ဒီကဗျာကို ရေးပါတယ်။]

*** ''ဆူမားရီးယန်း'' Sumerian = ဘီစီ ၄၀၀၀နှင့် ၄၅၀၀ လောက်တွင် ''ယူဖရေးတိ'' (Euphrates)နဲ့ ''တိုက်ဂရိ'' (Tigris)မြစ်နှစ်သွယ်ကြားမှာရှိတဲ့ 'မက်ဆိုပိုတေးမီးယား'' (Mesopotamia) ဒေသမှာ စတင်အခြေချနေထိုင်ခဲ့တဲ့ ရှေးခေတ်လူမျိုးစု။

ဒီပါဦး
၁၁၊ သြဂုတ်လ၊ ၂၀၂၂။

02/08/2021

EYU
ဒဿနိကဗေဒဌာနမှ ဒုတိယနှစ် ကျောင်းသူ မနှင်းမြတ်သူ (EC)၏ ချစ်လှစွာသောမိခင်သည် ယနေ့ နေ့လည် 12:50 တွင် ကွယ်လွန်သွားကြောင်းသိရသဖြင့် မိသားစုနှင့်ထပ်တူစိတ်မကောင်းဖြစ်ရပါသည်။
RIPပါ😥

25/07/2021

ပြည်တက္ကသိုလ် ဒဿနိကဗေဒဌာန တွဲဖက်ပါမေက္ခ
ဒေါက်တာကေသီထွေး(ဝမ်းဝမ်း) ယနေ့ 3နာရီ30မိနစ်အချိန်တွင် ပြင်းထန် Covid 19 ရောဂါကြောင့် ကွယ်လွန်ခဲ့ရပြန်ပြီ။
ကြွေလွင့်ခဲ့ရပြန်ပီ ပညာတတ်နောက်တစ်ယောက်😥
RIP ပါ 😥😥ကောင်းရာဘုံဝမှာငြိမ်းချမ်းစွာအနားယူပါတော့😥😥😥

25/07/2021

အရှေ့ပိုင်းတက္ကသိုလ် ဒဿနိကဗေဒဌာန
ပါမောက္ခ(ဌာနမှူး) ဒေါက်တာဝင်းညွန့်သည်
ယနေ့(၂၅,၇,၂၀၂၁) မနက် ၅:၃၀ တွင်ကွယ်လွန်သွားပါသည်။
မိသားစုနဲ့ထပ်တူစိတ်မကောင်းဖြစ်ရပါသည်။

Photos from Department of Philosophy EYU's post 05/02/2021

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဒဿနိကဗေဒဌာန၏ကျောင်းသား/သူများအနေဖြင့် ပြည်သူမှ လွတ်လပ်စွာရွေးကောက်တင်မြှောက်ထားသော NLD အစိုးရကိုဆန့်ကျင်ပြီး လက်နက်အားကိုးဖြင့် ပြည်သူ့အာဏာကို မတရားရယူထားသော စစ်အာဏာရှင်များအားဆန့်ကျင်သော Civil Disobidence Movement တွင် အဖက်ဖက်မှပါဝင်ကြသောပြည်သူလူထုနှင့်အတူပူးပေါင်းပါဝင်
ရပ်တည်၍ထောက်ခံပါသည်။ (ယခုပေးပို့လာသောပုံများနှင်အတူ philosophy ကျောင်းသား/ကျောင်းသူများသည် မည်သူ့တိုက်တွန်းမှုမှမပါဘဲ မိမိတို့၏သဘောဆန္ဒအရပါဝင်ထားသူများဖြစ်သည်။)

Photos from Department of Philosophy EYU's post 05/02/2021

EYU Philosophy ရဲ့ ကကျောင်းသူဟောင်းများ(ကျန်ခဲ့လို့ပါ)
သူတို့ကလဲ အာဏာရှင်စစ်အုပ်စုအားဆန့်ကျင်သော ၊Civil Disobedience Movement တွင်ပူးပေါင်းပါဝင်လှုပ်ရှား

Photos from Department of Philosophy EYU's post 05/02/2021

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဒဿနိကဗေဒဌာန၏ကျောင်းသား/သူဟောင်းများ၊အသစ်များ အနေဖြင့် ပြည်သူမှ လွတ်လပ်စွာရွေးကောက်တင်မြှောက်ထားသော NLD အစိုးရကိုဆန့်ကျင်ပြီး လက်နက်အားကိုးဖြင့် ပြည်သူ့အာဏာကို မတရားရယူထားသော စစ်အာဏာရှင်များအားဆန့်ကျင်သော Civil Disobidence Movement တွင် အဖက်ဖက်မှပါဝင်ကြသောပြည်သူလူထုနှင့်အတူပူးပေါင်းပါဝင်
ရပ်တည်၍ထောက်ခံပါသည်။ (ယခုပေးပို့လာသောပုံများနှင်အတူ philosophy ကျောင်းသား/ကျောင်းသူများသည် မည်သူ့တိုက်တွန်းမှုမှမပါဘဲ မိမိတို့၏သဘောဆန္ဒအရပါဝင်ထားသူများဖြစ်သည်။)

04/02/2021
Photos from Department of Philosophy EYU's post 03/02/2021

We do not want a dictatorship.

25/12/2020

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဒဿနိကဗေဒဌာနမှ ရတနာပုံ နှင့် မိုးညှင်းတက္ကသိုလ်သို့ တွဲဖက်ပါမောက္ခ ရာထူးတိုးသွားသော ဒေါ်သလ္လာခိုင် နှင့် ဒေါ်မိုးသူဇာ တို့အတွက် ဝမ်မြောက်ဂုဏ်ယူပါကြောင်း👍👍congratulations၊💞

Photos from Department of Philosophy EYU's post 13/11/2020
16/10/2020

😀I thinks therefore I am😀

Photos from Department of Philosophy EYU's post 16/10/2020

ပထမနှစ်ပညာသင်ထောက်ပံ့ကြေးရရှိသောကျောင်းသူ/သားများသိစေရန်✍️🔊သေချာဖတ်ပါ

Photos from Department of Philosophy EYU's post 22/07/2020

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်
ဒဿနိကဗေဒ
ပထမနှစ်ကျောင်းသား/သူများသည်
ပညာသင်ထောက်ပံ့ကြေးအား စိတ်ဝင်စားပါက
27.7.2020(Monday) တွင် ဒဿနိကဗေဒ ဌာနတွင်လာရောက်လျှောက်ထားနိုင်ပါသည်။

Photos from Department of Philosophy EYU's post 21/02/2020

Today memo😍😍Second Year philosophy students's discussion on environmental issues and conservation.🌍🌴🐢🐆👩‍👩‍👧👨‍👧‍👦👩‍👩‍👧‍👧

Photos from Department of Philosophy EYU's post 07/02/2020

Today memo

Photos from Department of Philosophy EYU's post 29/01/2020

ပထမနှစ် ဒဿနိကဗေဒဌာနမှ ရွေးချယ်ထားသော လှပခန့်ညားမောင်မယ်များ*****နှစ်သက်ရာကို Like & share လုပ်ပြီး အားပေးကြပါအုံးနှော်😍😍😍

Photos from Department of Philosophy EYU's post 11/01/2020

95ထဲကကိုယ့်တစ်ယောက်ထဲ😘😘😘

Photos from Department of Philosophy EYU's post 10/01/2020

2019-2020ပညာသက်နှစ်
ပန်းစွယ်တော်နေ့အမှတ်တရ

21/11/2019

For all philosophy students,
World Philosophy Day applies to all students so that everyone can join in the years to come@@@

Photos from Department of Philosophy EYU's post 25/10/2019

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဒဿနိကဗေဒ ဘာသာရပ်ဝင်ခွင့်ရ ကျောင်းသားကျောင်းသူများအားလှိုက်လှဲစွာကြိုဆိုပါသည်။

Photos from Department of Philosophy EYU's post 09/08/2019

Activity

Photos from Department of Philosophy EYU's post 06/08/2019

ဒဿနိကဗေဒဋ္ဌာန အာစရိယပူဇော်ပွဲအခမ်းအနား
အမှတ်တရများ

Photos from Department of Philosophy EYU's post 05/08/2019

ဒီလိုဒေလဲလုပ်ကြမယ်ပေါ့

Photos from Department of Philosophy EYU's post 05/08/2019

နက်ဖြန်အာစရိယပူဇော်ပွဲအတွက်ပြင်ဆင်နေကြသူများ ☺☺☺တက်ကြွချက် # # #

30/07/2019

ပါမောက္ခ ဆရာကြီး ဒေါက်တာဝင်းညွန့်မှ..⚽⚽⚽⚽

Photos from Department of Philosophy EYU's post 30/07/2019

EYU နဲ့ TCU အကြိတ်အနယ်ဘဲ

Videos (show all)

Website

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00