Aung Khit Minn

Aung Khit Minn

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Khit Minn, Digital creator, .

19/07/2023

အဆိုရောအတီးရောကျွတ်ဆင်ကြီး🫢

18/07/2023
18/07/2023

😄😄😄😄😄

17/07/2023

နေတတ်အောင် ကြိုးစားနေပါတယ်
===================
လွမ်းစရာတွေကို တစ်ခါတစ်လေ
သတိရမိနေတော့ ပူလောင်မှု့တွေရှိနေတုန်းပဲ။

အမြင်မတော်တာတွေ တွေ့တဲ့အခါ ပြောမိနေတော့
အမုန်းခံရတုန်းပဲ။

နားလည်မှုဆိုတာကို နားလည်ပေမယ့်
တစ်ချို့တစ်ချို့သော အရာတွေအပေါ်မှာ ခွင့်လွှတ်နိုင်ဖို့
ခက်ခဲနေတုန်းပါပဲ။

ကိုယ့်စိတ်ကို ဖြူ စင်အောင်ကြိုးစားနေပေမယ့်လည်းပဲ
တစ်ချို့သော လူတွေကြောင့် ဖြူ စင်မှုတွေက အရောင်ဖျော့နေတုန်းပဲ။

နာကျင်စရာတွေကို မေ့ပျောက်နိုင်အောင် ကြိုးစားနေပေမယ့်
နှလုံးသားက အနာမပျောက်သေးဘဲ နာကျင်နေတုန်းပဲ။

ကိုယ့်အပေါ်ကို မတရားလုပ်နေတာကို သိသိကြီးနဲ့
အားနာတဲ့စိတ်ကြောင့် ခုချိန်အထိ မပြတ်သားနိုင်တုန်းပဲ။

မျှော်လင့်ချက်တွေ ဝေဝါးနေပေမယ့် နဂိုဗီဇက
လွယ်လွယ်အလျော့မပေးတတ်တော့ ခုချိန်အထိမဖြစ်နိူင်တာကို
မျှော်လင့်နေတုန်းပါပဲ။

ရင့်ကျက်နေပြီလို့ ကိုယ့်ကိုယ်ကို ယူဆထားပေမယ့်
ကိုယ်တန်ဖိုးထားရသူ ပြောတဲ့စကားလုံးတိုင်းက
နှလုံးသားတစ်ခုလုံးကို လှုပ်ခတ်စေတုန်းပါပဲ။

သံယောဇဉ်တွေလျော့ချထားပေမယ့် မထင်မှတ်တဲ့
နှောင် ဖွဲ့မှုတွေက တစ်ရစ်ပီးတစ်ရစ် တိုးတိုးရစ်ပတ်နေသလိုပါပဲ။

အားငယ်မှုတွေကို အနိုင်ယူနိုင်ပြီလို့ ကိုယ့်ကိုယ်ကိုယ်
ထင်ထားပေမယ့် တစ်ခါတစ်လေတော့လည်း
အထီးကျန် မှုတွေက ခြောက်လှန့်နေတုန်းပဲ။

ဒါပေမယ့်လည်း နေတတ်အောင် ၊ ဖြစ်လာသမျှကို
လက်ခံတတ်အောင် ကြိုးစားနေတုန်းပါပဲ။

#ချစ်ခြင်းများစွာဖြင့်
Pann Phyo Latt (NSM )✨
ဇူလှိုင် ၁၂ ရက်
Credit

16/07/2023

အသဲလေး ယူပါ 💖 Khaing Tha Gyan 👈👈

Photos from Aung Khit Minn's post 16/07/2023

ပုန်းညှက်တို့ရောက်ရှိကြောင်းကိုကြေငြာမယ်🌼🌼🌼

16/07/2023

တစ်နေ့မှာ....
ဘုန်းကြီးကျောင်းအတွင်း
အမျိုးသမီးကြီးတစ်ဦး ဝင်လာသည် ၊၊

ဆရာတော်ကား ကျောင်းထဲတွင် တံမြက်စည်း လှည်းနေလေ၏၊
အမျိုးသမီးက
ဆရာတော်ကို ဦးချလိုက်သည်။

ဒကာမကြီး ကျန်းမာရဲ့နော်
လူကကျန်းမာပါတယ်ဘုရား
လူက ကျန်းမာတယ်ဆိုတော့
အခြား ဘာဖြစ်နေလို့လဲ

စိတ်"ဆင်းရဲနေရပါတယ် ဘုရား တပည့်တော် အတော်လေးကိုပဲ စိတ်ညစ်နေပါတယ် ဘုရား တပည့်တော်ကို
စိတ်ချမ်းသာအောင်
တရားပြပေးတော်မူ ပါဘုရား

ဪ " စိတ် ဆင်းရဲနေတာကိုး
တင်ပါ့ဘုရား
တရားပြရမယ်ပေါ့ တင်ပါ့ဘုရား

ကိုင်း တရားပြမယ် ဒကာမကြီး ဒီမှာတော့ မဟုတ်ဘူး
ဟိုး တောင်ကုန်းပေါ်က
ဘုရားပေါ်ရောက်မှ

တပည့်တော်လိုက်ခဲ့ပါ့မယ်ဘုရား

ဆရာတော်က တံမြက်စည်းကို သစ်ပင်တစ်ပင်တွင်
ထောင်ထားလိုက်ပြီးနောက်
ရှေ့ကကြွသွားသည်။

တောင်ကုန်းထက်တွင်
စေတီလေးတစ်ဆူ ရှိသည်။ ဆရာတော်က
တောင်ကုန်းကိုတက်ရမည့် လှေကားရင်းကို ရောက်သည့်အခါအုတ်နီခဲတွေကို ဆင့်လိုက်ပြီး
မ,ရန် ပြင်လိုက်သည်။

အို ဆရာတော်ဘုရား
တပည့်တော် သယ်လာပေးပါ့မယ်တပည့်တော်ကို ပေးပါဘုရား

တောင်ကုန်းပေါ်မှာ ဇရပ်ပြင်နေတယ် အဲဒါကြောင့်
တောင်ကုန်းပေါ်တက်ရင်
အုတ်နီခဲတွေကို
နိုင်သလောက် သယ်သွားရတယ်

တပည့်တော် သယ်ပေးပါ့မယ် တပည့်တော် ခေါင်းပေါ်
တင်ပေးပါဘုရား

အမျိုးသမီးကြီးက
ပါလာသည့် တဘက်ကို ခွေလိုက်ပြီး ခေါင်းပေါ်ကို တင်လိုက်သည်။ ဆရာတော် ကလည်း
အမျိုးသမီးခေါင်းပေါ်ကို
အုတ်ခဲ သုံးလုံးတင်လိုက်သည်။

ဒကာမကြီး ရပြီလား
ထပ်တင်ပါဘုရား
တပည့်တော် နိုင်ပါတယ်

လေးလုံးတင်လိုက်သည်
ရရဲ့လား
ငါးလုံးတင်ပါဘုရား ရပါတယ်

ဆရာတော်က
အမျိုးသမီးခေါင်းပေါ်
အုတ်ခဲ ငါးလုံးတင်ပေးလိုက်ပြီး
ရှေ့က ကြွသွားသည်။

တောင်က မတ်စောက်သည်။
လှေခါးထစ်တွေကလည်း
မညီမညာဖြစ်သောကြောင့်
မနည်းထိန်းတက်နေ ရသည်။
ဝေးကလည်း ဝေးသည်။

ခရီးသုံးပုံတစ်ပုံခန့်အရောက်တွင် ဆရာတော်က
နောက်လှည့်ကြည့်သည်။
ရဟန်းအစ်မကြီးကား
မောဟိုက် နေလေပြီ။

ဒကာမကြီးရရဲ့လား

တောင်ကမတ်တော့
နည်းနည်း မောတယ်ဘုရား
ပင်ပန်းလွန်းရင်
အုတ်ခဲတစ်ခဲ လျှော့လိုက်လေ

တင်ပါ့ဘုရား

ရဟန်းအစ်မကြီးက
အုတ်ခဲတစ်ခဲကို
လမ်းဘေးချလိုက်သည်။
ထို့နောက် ဆက်တက်သည်။
ခရီးတစ်ဝက် ရောက်မှ
နားရပြန်သည်။

ဒကာမကြီး ဖြစ်ပါ့မလား
ချွေးတော့ပြန်နေပြီဘုရား

အုတ်ခဲတစ်ခဲ လျှော့လိုက်ပါလား

အုတ်ခဲတစ်ခဲကို လမ်းဘေးတွင်
ချခဲ့ရကာ" ဆက်တက်ကြသည်။
ခရီးတစ်ဝက်အရောက်တွင်
ရဟန်း အစ်မကြီး နားနေပြန်သည်

ဒကာမကြီး ဖြစ်ပါ့မလား
ဖြစ်ပါတယ်ဘုရား

အုတ်ခဲလျှော့လိုက်ပါ ကိစ္စမရှိပါဘူး ကျောင်းသားတွေ
နောက်ကလိုက်လာပြီး
ကောက်လာကြပါလိမ့်မယ်

တစ်ခဲ လျှော့လိုက်ပြန်သည်။

ဤသို့ဖြင့် နောက်ဆုံးတွင်
တောင်ပေါ်သို့ရောက်သည့်အခါ ရဟန်းအစ်မကြီးထံတွင်
အုတ်ခဲတစ်ခဲသာ ပါတော့ သည်။

တောင်ပေါ်ရောက်သည်နှင့်
ရဟန်းအစ်မကြီးက
ဘုရားကို ဝတ်ပြုသည်။
ဇရပ်ပျက်ထဲတွင် ထိုင်နေသည့် ဆရာတော်ကို ဦးချပြီးနောက်

အရှင်ဘုရား
တပည့်တော်ကို တရားပြပါဘုရား

တရားပြပြီးပြီလေ ဒကာမကြီး

ခုမှ ထိုင်တာလေဘုရား
ဘယ်မှာ တရားဟောရသေးလို့လဲ
ဒကာမကြီး ဘုရား

တောင်အောက်ကနေ
အုတ်ခဲစသယ်တော့
ဘယ်နှလုံး သယ်လာသလဲ

ငါးလုံးပါ ဘုရား
တောင်ပေါ်ကို
ဘယ်နှလုံးပါလာသလဲ
တစ်လုံးတည်းပါဘုရား
အုတ်ခဲတွေကို
တစ်လုံးလျှော့လိုက်တိုင်း
ဘယ်လိုခံစားရသလဲ

ပေါ့သွားပါတယ် ဘုရား

ခုဆိုရင် ဒကာမကြီး ခေါင်းပေါ်မှာ ရွက်ပိုးထားတာ
ဘယ်နှလုံးရှိသေးလဲ
တစ်လုံးမှ မရှိတော့ပါဘုရား

တစ်လုံးမှ မရှိတော့ ဘယ်လိုနေသလဲ မောသေးလား ပင်ပန်းသေးလား
မမောတော့ပါဘုရား
မပင်ပန်းတော့ပါ ဘုရား

အင်း ဒကာမကြီး
ကိုယ့်အပေါ်ကို ပိနေတဲ့
ဝန်ထုပ်ဝန်ပိုးတွေကို
လျှော့နိုင်သမျှ လျှော့တော့
ဟုတ်ပြီလား
လျှော့နိုင်လေ ခရီးရောက်လေ
မလျှော့နိုင်လေ ပင်ပန်းလေ
ဘာဖြစ်လို့
ဝန်ထုပ်ဝန်ပိုးတွေကို
ဆက်ရွက်နေချင်သေးသလဲ
မနိုင်ရင် ချထားခဲ့
ခရီးရောက်အောင်
ဘာမှမပါဘဲ တက်နိုင်လေ
မြန်မြန် ရောက်လေပဲ
အခု လက်တွေ့ ပဲ မဟုတ်လား

တင်ပါ့ဘုရား
တပည့်တော် သဘောပေါက်ပါပြီဘုရား

သာဓု သာဓု သာဓု

တင်ညွန့်

မေတ္တာဖြင့်.💞..✍️

Credit 🙏

16/07/2023

စားချင်ရာသာ စားကြ ကိုယ်လူတို့-

* လမ်းလျှောက်ပြေးစက် တီထွင်တဲ့သူက အသက် ၅၄နှစ်မှာ သေတယ်၊

* ဂျွမ်းဘား အားကစား တီထွင်တဲ့သူက ၅၇ နှစ်မှာ သေတယ်၊

*မောင် ကမ္ဘာ တယောက်က ၄၁နှစ်မှာ သေတယ်၊

*ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား မာရာဒိုနာ အသက် ၆၀မှာ သေတယ်၊

ပြီးတော့-

*KFC ကြက်ကြော် တည်ထောင်သူကျတော့ ၉၄နှစ်မှ သေတယ်၊

*သကြားတွေ ကယ်လိုရီတွေ အဆီတွေအများကြီးပါတဲ့ Nutella တီထွင်သူကတော့ ၈၈နှစ်မှ သေတယ်၊

*ကမ္ဘာကျော် ဟင်နက်ဆီ ကော့ညက်ဘရန်ဒီ တီထွင်သူက ကျ အသက်၉၈နှစ်မှ သေတယ်။

တသက်လုံး ခုန်နေတဲ့ ယုန်တွေဟာ ပျမ်းမျှအသက် ၂နှစ်လောက်ပဲရှည်ပြီးတော့ ဘာလေ့ကျင့်ခန်းမှ မလုပ်တဲ့ လိပ်တွေကျတော့ အသက် ရာကျော် နေရတာ ဆရာဝန်တွေ ဘယ်လိုကောက်ချက်ချမလဲ မဆိုနိုင်ဘူး။

ဒါ့ကြောင့်-

အနားယူ၊
နှပ် နေ၊
စားချင်တာ စား၊
သောက်ချင်ရာ သောက်၊

ဘဝကို ပျော်အောင် နေ။

16/07/2023

#ပတ်ဝန်းကျင်ဆိုတာ"
#အားပေးဖို့ထက်
#ထိုးချချင်နေတာကများတယ်၊

#ကိုယ့်ထမင်းကိုယ်စားပြီး
#စိတ်မညစ်ချင်ရင်
#ပတ်ဝန်းကျင်ကို
#လိုတာထက်ပိုပြီးဂရုမစိုက်မိဖို့တော့လိုတယ်..,

#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

15/07/2023

🌧️ မိုး ရယ်၊ 💐ပန်းလှလှ‌လေးတွေရယ်
အတိတ်က အမှတ်တရလေးတွေရယ် ♥️

15/07/2023

#စာဖတ်ပါ

၁- #စာဖတ်များတဲ့လူတစ်ယောက်ရဲ့ရုပ်သွင်ဟာ
#တည်ငြိမ်ရင့်ကျက်လာတတ်ပြီး
#ဘယ်လောက်ပဲ အံ့ဩစရာနဲ့တွေ့တွေ့
မအံ့ဩတတ်ကြတော့ဘူး။

၂- #အရာရာကိုကျော်ဖြတ်လိုတဲ့ စိတ်တွေကြီးထွားလာပြီး
တကယ်ပဲကျော်ဖြတ်ဖို့ အစီအစဉ်တွေချမှတ်လာနိုင်ကြတယ်။

၃- #ဦးနှောက်ရဲ့စွမ်းရည်မြင့်တက်လာပြီး
ကောင်းမွန်လွန်းလှတဲ့ အတွေးတွေပေါက်ဖွားလာပါတယ်။

၄- #ဆုံးဖြတ်ချက်တွေမှန်ကန်လာပြီး
ချက်ချင်းဆုံးဖြတ်သင့်တဲ့အရာကို ချက်ချင်းဆုံးဖြတ်နိုင်လာတယ်။

၅- #စာဖတ်ခြင်းကြောင့်လူတွေဟာမကောင်းမှုကို
ရှောင်ရှားလိုစိတ်တွေများလာပြီး စာနာစိတ်တွေ တိုးပွားလာနိုင်ပါတယ်။

၆- #စာဖတ်တဲ့လူတိုင်းမအောင်မြင်နိုင်ပေမယ့်
ဘယ်တော့မှ မကျရှုံးနိုင်ပါဘူး။

၇- #စာဖတ်သူတွေဟာဘဝရဲ့အကြောင်းတွေ၊ အခက်အခဲတွေ၊
စိတ်ကူးစိတ်သန်းတွေကို တစ်ခြားလူတွေထက် ပိုသိလာကြတယ်။

၈- #ဖတ်ထားတဲ့စာတွေဟာမေ့သွားတတ်ပေမယ့်
အရေးကြုံလာတဲ့အခါ ပြန်ပြီးအမှတ်ရစေပါတယ်။

ဥပမာ.. #ကျန်းမာရေးစာပေတွေဖတ်ထား
သူတစ်ယောက်ဟာ အရေးပေါ်ကျန်းမာရေး
အခြေအနေဖြစ်လာတဲ့အခါ
ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သိလာနိုင်ပါတယ်။

၉- #စကားပြောကောင်းလာလိမ့်မယ်။
စကားဆိုတာ ပြောသင့်တဲ့အချိန်၊မပြောသင့်တဲ့အချိန်ရယ်လို့ ရှိပါတယ်။

#လူတွေကကိုယ့်ကို အထင်ကြီးလိုတာကြောင့် နေရာတကာမှာ
ဝင်ပြီးပြောနေမယ်၊ ဘယ်သူမှမပေးဘဲ ဆရာဝင်လုပ်နေမယ်၊
ပါလေရာ ငါးပိချက်လုပ်နေမယ်ဆိုရင် လူတွေက
သင့်ကို "လေကြီး"လို့ ဝိုင်းပြီးခေါ်ဝေါ်သမုတ်ကြပါလိမ့်မယ်။

#စကားကိုချင့်ချိန်ပြီးပြောဆိုတတ်ဖို့လိုပါလိမ့်မယ်။
စာအုပ်တွေဖတ်ပါများလာရင် သင့်ရဲ့ပြောဆိုမှုပုံစံဟာ အထင်ကြီးစရာကောင်းနေပါလိမ့်မယ်။

#သင့်ပါးစပ်ကထွက်လာတဲ့ စကားလုံးတိုင်းဟာ
တစ်ခြားလူတွေရဲ့ဘဝကို ပျော်ရွှင်ခြင်းနဲ့
စိတ်အားတက်ကြွခြင်းတွေကို ပေးနိုင်ပါလိမ့်မယ်။

၁၀- #ကောင်းမွန်တဲ့ပတ်ဝန်းကျင်ကို ရွေးချယ်တတ်လာပြီး၊ အပေါင်းအသင်းတွေကိုပါ ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။

ဒါပေမယ့် စာအုပ်တစ်အုပ်လောက်ပဲ ဖတ်ပြီး
ကိုယ့်ကိုကိုယ် စာဖတ်တဲ့သူလို့
ဂုဏ်ယူနေမယ်ဆိုရင်တော့ ရင့်ကျက်တည်ငြိမ်တဲ့
လူတစ်ယောက် မဖြစ်နိုင်သေးပါဘူး။

#လက်လှမ်းမှီသမျှစာပေတွေကို ဖတ်ပါများလာမှ သင်ဟာရဲရင့်တည်ကြည်တဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။

#ဒါ့ကြောင့်များများဖတ်ပါ။ ဖတ်နိုင်သလောက်ဖတ်ပါ။
စာဖတ်ခြင်းက သင့်ကို မယုံကြည်နိုင်လောက်တဲ့
အတွေ့အကြုံတွေပေးပါလိမ့်မယ်။

အံ့ဩစရာကောင်းပြီး လူတွေလေးစားရတဲ့
လူတစ်ယောက် အဖြစ်သို့ ပြောင်းလဲလာစေပါလိမ့်မယ်။

************************************

ဒါဆိုရင် ဘယ်လိုစာပေမျိုးတွေဖတ်သင့်လဲ ..?

၁- #အောင်မြင်သူတွေရဲ့ အတ္ထုပ္ပတ္တိတွေကို ဖတ်ပေးသင့်ပါတယ်။
အဲ့လိုဖတ်ပေးခြင့်ကြောင့် အောင်မြင်သူတွေရဲ့
အမူအကျင့်တွေ၊ စိတ်ဓာတ်တွေကို သင်သိမြင်လာပါလိမ့်မယ်။

၂- #ပညာရပ်ဆိုင်ရာစာပေများ
အင်္ဂလိပ်စာကိုလေ့လာချင်သူအတွက်
အင်္ဂလိပ်နဲ့ပတ်သက်တဲ့ စာအုပ်တွေအများကြီးရှိပါတယ်။

ဟင်းချက်နည်း၊ အလှပြင်နည်း၊ စီးပွားရေး၊
လူမှုဆက်ဆံရေး၊ ခေါင်းဆောင်မှုပညာရပ် ဆိုင်ရာစာပေတွေ
ဖတ်မကုန်အောင် တစ်ပုံတစ်ပင်ရှိပါတယ်။

စာရေးချင်သူတိုင်းအတွက် စာရေးနည်းနဲ့
ပတ်သတ်တဲ့ စာပေတွေ မကုန်မခမ်းပါပဲ။

၃- #စိတ်အားတက်ကြွစေမယ့် စာပေ(တက်ကျမ်း)
သင့်ရဲ့ စိတ်ကို ဒိုင်းကနဲမြင့်တက်စေတဲ့
တက်ကျမ်းခေါ် စာပေတွေဟာ မမြင်ချင်အဆုံးပေါများလှတယ်။

တက်ကျမ်းတွေကို ဖတ်ပါများလာရင်
သင့်ရဲ့ စိတ်ဟာရဲရဲတောက် လာပါလိမ့်မယ်။

၄- #ရသစာပေ
ရသစာပေဟာ အင်မတန်ရိုင်းဆိုင်းလှတဲ့
လူတစ်ယောက်ကို ချက်ချင်းနူးညံ့စေပါတယ်။

ရသစာပေရဲ့ သဘောဟာ တက်ကျမ်းတွေလို
တိုတိုတုတ်တုတ်နဲ့ မဟုတ်ပဲ ဇာတ်လမ်း၊ဇာတ်အိမ်တွေဖွဲ့ကာ
လိုရာ ရည်ရွယ်ချက်ကို ဖော်ပြတဲ့စာပေမျိုးပါ။

ဇာတ်ဆောင်တွေရဲ့ ကောင်းမွန်တဲ့အကျင့်စရိုက်၊
မကောင်းတဲ့အကျင့်စရိုက်တွေကို ယှဉ်တွဲပြကာ
လူတွေကို ဆုံးမတဲ့စာပေအမျိုးအစားပါ။

၅- #ဟာသစာပေ
ပျော်ရွှင်မှုကိုပေးတတ်ပြီး သင့်ကို
ဟာသဥာဏ်ရွှင်အောင် ပြုလုပ်ပေးတတ်ပါတယ်။

၆- #ဘာသာရေးစာပေ
စိတ်နဲ့ နှလုံသားကို ငြိမ်းချမ်းစေတဲ့စာပေပါ။
လိုချင်တပ်မက်မှုစတဲ့
တဏှာရာဂမီးတွေကို ချုပ်ငြိမ်းစေပါတယ်။

>>> #စာဖက်ခြင်းဖြင့် ဘဝကို အလှဆင်နိုင်ကြပါစေ

15/07/2023

ဖား(၆)ကောင် ပုံပြင်
********************
တစ်ခါတုန်းက
နံနက်စောစောအချိန်မှာ ဖား(၆)ကောင်
အစာရှာထွက်လာကြတယ်။

အစာရှာကြရင်း မထင်မှတ်ဘဲ ရေတွင်းပျက်တစ်ခုထဲကို ဖား(၆)ကောင်စလုံး ပြုတ်ကျသွားတယ်။

ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ ရေတွင်းထဲမှာ ရေတွေရှိနေသေးတော့ ဖားတွေ သေကံ မရောက် အသက် မပျောက်ကြရဘူး။

ဖား(၆)ကောင်လည်း
အကူအညီရလို ရငြား “ ကယ်ပါ ယူပါ ”
တစ်စာစာအော်နေကြတော့ ရေတွင်းထဲမှာ ဖားသံတွေနဲ့ ဆူညံ့နေတာပေါ့။

ဒီလိုနဲ့ အော်ရတာ
မောတဲ့အခါ အော်သံတွေ ရပ်ရင်း တိတ်ဆိတ်ငြိမ်သက်သွားကြတယ်။

ဘာသံမှ မကြားဘဲ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အချိန်မှာ ပထမဖားဆီက အသံထွက်လာတယ်။

“ ငါတို့တော့ ဒီတွင်းထဲက
လွတ်မှာ မဟုတ်ပါဘူး ကယ်မယ့်သူလည်း မရှိဘ၀ကတော့ ဆုံးပါပြီ ” ညည်းတွားရင်း စိတ်ပျက်လက်ပျက် ငိုကြွေးနေတယ်။

ဒုတိယဖားကတော့ ငိုနေတဲ့ ပထမဖားကို
“ ငိုမနေပါနဲ့ကွာ ဘ၀ဆိုတာ နေတတ်ရင်
ကျေနပ်စရာကွ၊ ငိုမနေနဲ့ ရောက်ရာအရပ်မှာ ပျော်ပျော်နေ အချိန်တန်ရင် ဒီနေရာက လွတ်မှာပါကွ ငိုမနေနဲ့ ” ဟု နှစ်သိမ့်ရင်း သီချင်းတွေကို ပျော်ရွှင်စွာဆိုနေတယ်။

တတိယဖားကတော့ မိုးနတ်မင်းကို
တိုင်တည်ရင်းဆုတောင်းနေတယ်။

“ မိုးနတ်မင်းကြီး
ကယ်ပါ မိုးရွာချပေးပါ မိုးရွာမှ ရေတွင်းထဲရေတွေပြည့်ပြီး ကျွန်တော်မျိုးတို့လွတ်မြောက်ခွင့်ရမှာဖြစ်ပါတယ်ကျွန်တော်မျိုးတို့ လွတ်မြောက်တဲ့အခါ မိုးနတ်မင်းကြီးကို အရင်ကထက် တိုးပြီး ပူဇော်ပသပါမယ် ဟု" တတွက်တွက်နဲ့ တိုင်တယ်ဆုတောင်းနေတယ်။

စတုတ္ထဖားကတော့ အပြစ်တွေပဲ တင်နေတယ်။

“ ဒီနေ့ အစာရှာ ထွက်မလာခဲ့ရင်
ကောင်းသား၊ ဒီကောင်တွေနဲ့ လိုက်လာမိတာ ငါ့အမှား၊ ဘုရားသခင်ကလည်း ငါတို့ဖားတွေကို အတောင်ပံတွေ ဖန်ဆင်းပေးထားရမှာ ဒါမှ ငါတို့ဖားတွေ ဘယ်နေရာသွားသွား အဆင်ပြေမှာပေါ့ ” တလောကလုံးကို အပြစ်တွေချည်း တင်နေတယ်။

ပဉ္စမဖားကတော့ ငြိမ်သက်စွာ စဉ်းစားနေတယ်။

“ အပေါ်ကို တွယ်တတ်ရင်ကောင်း
မလား၊ တွယ်တက်လို့လည်း ငါ့အစွမ်းနဲ့
ရောက်နိုင်မလား၊ တွယ်တက်လို့ ပြုတ်ကျရင် ဟိုဖားတွေ ငါ့ကို လှောင်ရီကြမှာပဲ၊ တွယ်တက်လို့ မအောင်မြင်ဘဲ နံရံနဲ့ရိုက်မိရင် သေသွားနိုင်တယ်၊ ဒီအတိုင်း ကယ်မယ့်သူကို စောင့်မျှော်နေရင်ကောင်းမလား ” စဉ်းစားနေတယ်။

ဒီလိုနဲ့ ဖား(၅)ကောင်ဟာ ငိုတဲ့ဖားကငို
သီချင်းဆိုတဲ့ဖားကဆို ဆုတောင်းတဲ့ဖားကတောင်း စဉ်းစားတဲ့ဖားကစဉ်းစာရင်း သူတို့အားလုံးရဲ့အဖော် ဆဌမမြောက်ဖားကို သတိရလို့ ကြည့်တဲ့အခါ ရေတွင်းထဲမှာ မရှိဘဲ ပျောက်နေတာကို သတိထားမိကြတယ်။

ဘယ်ရောက်သွားပါလိမ့် အားလုံးဝိုင်းရှာကြတဲ့အခါ မက်ဆောက်လှတဲ့ ရေတွင်းပျက်နံရံရဲ့ ခပ်မြင့်မြင့်တစ်နေရာမှာ ရှိတဲ့ ကျောက်စွန်း တစ်ခုပေါ်ကို ကြိုးစာတက်ရင်း အပေါ်ကိုလည်း မရောက် အောက်ကိုလည်း မကျဘဲ တန်းလန်းဖြစ်နေတဲ့ ဆဌမမြောက်ဖားကို တွေ့လိုက်ရတယ်။

“ ဟာ ဒီကောင်တော့ ပြုတ်ကျ သေတော့မှာပဲ ”

“ ဟေ့ ပြန်ဆင်းခဲ့ကွ မင်း မတက်နိုင်ဘူး
မဖြစ်နိုင်တာတွေ မလုပ်နဲ့ ”

“ ဒီကောင် ကိုယ့်ကိုကိုယ် အထင်ကြီးနေတယ် သူ့ကိုယ်သူ သူရဲကောင်းများ ထင်နေလားမသိဘူး ”

“ အရူးကောင် ပြုတ်ကျတော့မယ် ဟား ဟား ဟား ”

“ သူ့ဘာသာ ပြုတ်ကျတာ အရေးမကြီးဘူး ငါ့ အပေါ် ပြုတ်ကျရင် ငါပါ သေနေဦးမယ်လွတ်ရာ ရှောင်နေမှ ”

ဝေဖန်သံတွေ အမျိုးမျိုးပေးနေပေမယ့်
ဆဌမမြောက်ဖားကတော့ တွယ်တက်ဆဲ ကျောက်စွန်းပေါ်ကို ရှိသမျှ အားတွေကိုသုံးရင်း အမိအရတက်လိုက်ပြီး ကျောက်စွန်းပေါ်မှာ အမောဖြေနေလိုက်တယ်။

အောက်က ဖား(၅)ကောင်လည်း
ပါးစပ်ညောင်းတဲ့အခါ ပြစ်တင်ဝေဖန်သံတွေ တိတ်ဆိတ်သွားသလို ဆဌမမြောက်ဖားကိုလည်း ဂရုတစိုက်နဲ့ မကြည့်ဖြစ်တော့ပဲ သူတို့လုပ်နေကြပုံစံတွေအတိုင်း ငိုတဲ့ဖားကငို သီချင်းဆိုတဲ့ဖားကဆို ဆုတောင်းတဲ့ဖားကတောင်းစဉ်းစားတဲ့ ဖားကစဉ်းစား ပြန်လုပ်ရင်း ဆဌမမြောက်ဖား ဆက်တက်နေလား အပေါ်ရောက်လား ပြုတ်ကျလာမလား သတိမထားမိကြတော့ဘူး။

ဒီလိုနဲ့ အချိန်တွေ ကုန်လာရင်း
ညနေ့ နေ၀င်ချိန်ရောက်လာပါတော့တယ်။

ရေတွင်းထဲမှာ
အလင်းရောင် နည်းလာသလို ကယ်မယ့်သူများ ပေါ်လာလေမလား မျှော်လင့်ချက်နဲ့ ရေတွင်း အ၀ဆီ မှန်းမျှော်ကြည့်ရင်း “ ကယ်ပါ ယူပါ ” ဖားတွေ အော်ဟစ် အကူအညီတောင်းကြပြန်တယ်။

အဲဒီလို အော်သံတွေနဲ့ရေတွင်းထဲမှာ
ဆူညံနေတုန်း ရေတွင်းထဲကို မြွေကြီးတစ်ကောင် ဆင်းလာပါတော့တယ်။

အော်နေတဲ့ ဖားတွေလည်း
အသံတိတ်သွားသလို ဒီတစ်ခါတော့ သူတို့ဘ၀လမ်းဆုံးသွားပြီ ဖြစ်ကြောင်း မျှော်လင့်ချက်မဲ့စွာ ဆောက်တည်ရာမရ ဖြစ်သွားပါတော့တယ်။

မြွေကြီးလည်း တစ်ဖြည်းဖြည်းနီးကပ်လာသလို ဖားတွေလည်း သေခြင်းတရားကို မငြင်းဆန်လိုတော့ဘဲ မျက်လုံးတွေကို မှိတ်ချလိုက်ပါတော့တယ်။

“ ဟေ့ သူငယ်ချင်းတို့ ငါချလိုက်တဲ့
နွယ်ကြိုးမှီရဲ့လား မှီရင် မြန်မြန်တက်လာကြ ဟေ့ မှောင်တော့မယ် ”

အထက်ပါ အသံကို ကြားတော့
ရေတွင်းထဲက ဖားတွေလည်း အံသြ၀မ်းသာမှုတွေနဲ့ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ သူတို့ထင်ထားတဲ့ မြွေက သူတို့ရဲ့သူငယ်ချင်း ဆဌမမြောက်ဖား ချပေးတဲ့ နွယ်ကြိုးဖြစ်နေတာကို တွေ့လိုက်ရပါတော့တယ်။

ဖားတွေလည်း ၀မ်းသာ ပျော်ရွှင်သွားကြရင်း နွယ်ကြိုးကို တွယ်တက်ကာရေတွင်းထဲမှလွတ်မြောက် သွားကြတယ်။

သူတို့အားလုံးကို ကယ်တဲ့ ဆဌမမြောက်ဖားကို ကျေးဇူးတင်စကားတွေ ပြောလို့ မ၀သလို ဆဌမမြောက်ဖားရဲ့ ဇွဲ လုံ့လ ဝီရိယနဲ့ ကြိုးစား အားထုတ်မှုတွေကိုလည်း ချီးကျူး ဂုဏ်ပြုစကား ပြောဆိုကြရင်း သီချင်းများ သံပြိုင်သီဆိုကာ ပျော်ရွှင်စွာအိမ်သို့ ပြန်သွားကြပါတော့တယ်။

ပုံပြင်လေးကတော့ ဒါပါပဲ။

သင့်ရဲ့ဘ၀မှာ အခက်အခဲပြသနာတွေနဲ့
ကြုံတွေ့ရတဲ့အခါ ... ပထမ ဖားလို ...
စိတ်ဓာတ်ကျလွယ် ဘ၀ကို အရှုံးပေးလွယ်တဲ့သူ မဖြစ်ပါစေနဲ့။

ဒုတိယ ဖားလို ...
ဘ၀ကို ရေစုန်မျောသလို ဘ၀ကို
အလေးအနက်မရှိ မဖြစ်ပါစေနဲ့။

တတိယ ဖားလို ...
ကိုယ်ရဲ့အစွမ်းအစကို မထုတ်ဖော်ဘဲ
သူတစ်ပါးအပေါ် မှီခိုသူ မဖြစ်ပါစေနဲ့။

စတုတ်ထ ဖားလို ...
ကြိုးစားလိုစိတ်မရှိ အဆိုးမြင်စိတ်တွေနဲ့
အပြစ်မြင်သူ မဖြစ်ပါစေနဲ့။

ပဉ္စမ ဖားလို ...
မိမိကိုယ်ကို ယုံကြည်မှုမရှိဘဲ
တွေဝေသူ မဖြစ်ပါစေနဲ့။

ဘ၀မှာ အောင်မြင်ချင်ရင် ...
ဆဌမ ဖားလို ...
ကျောက်စွန်းမှ ပြုတ်ကျတော့မယ့်
အနေအထားလို ကြိုးစားရမယ်။

အောက်ပြုတ်ကျရင် သေမယ်၊ အသေခံမလား အောင်မြင်သူ အဖြစ်ရပ်တည်မလား။

အင်္ကျီမှာ မီးဆွဲလောင်တဲ့အခါ ချက်ခြင်းငြိမ်းသတ်ဖို့ အားသွန် ခွန်စိုက် ကြိုးစားသလိုမျိုး နေ့ရက်တိုင်းမှာ ကြိုးစားမှုတိုင်းမှာ ဇွဲ လုံ့လ ဝီရိယအပြည့်နဲ့ အားသွန်ခွန်စိုက် ကြိုးစားအားထုတ်မှု ရှိရမယ်။

ဘယ်သူတွေ ဘာပဲပြောနေနေ ဘယ်သူတွေ ဘယ်လိုပဲ ဝေဖန်မှုတွေဘယ်လောက်ပဲရှိနေနေ ယုံကြည်ရာ လမ်းကို စိတ်ဓာတ်ခိုင်မာစွာ အောင်မြင်အောင် အရောက်လှမ်းရမယ်။

မိမိကိုယ်ကိုမြင် အားနည်းချက်တွေပြင်ရင်း ဘ၀မှာ အောင်မြင်သူတွေ ဖြစ်နိုင်ကြပါစေ။

Credit

12/07/2023

🏵️🙏🌸 "မေတ္တာပို့(၁၁)နည်း"🌸🙏 🏵️

၁။လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းချမ်းကြပါစေ
🙏🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🙏
၂။ ကြောက်တတ်
မကြောက်တတ်နှစ်ရပ်များစွာ သတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းချမ်းကြပါစေ
🙏🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🙏
၃။ မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ။ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းချမ်းကြပါစေ။
🙏🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🙏
၄။ ဝေးနေ နီးနေ နှစ်ထွေများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပါဒ်ရန်ဘေး
ကင်းစင်ဝေး ငြိမ်းချမ်းကြပါစေ။
🙏🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🙏
၅။ ဘဝဇာတ်ဆုံး မဆုံးများစွာ သတ္တဝါ ချမ်းသာကိုယ်မြဲပါစေ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းချမ်းကြပါစေ။
🙏🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🙏
၆။ ရှည်တိုအလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းချမ်းကြပါစေ။
🙏🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🙏
၇။ ကြီးငယ်အလတ် သုံရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းချမ်းကြပါစေ။
🙏💐💐💐💐💐💐💐💐💐💐💐🙏
၈။ ဆူကြုံအလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းချမ်းကြပါစေ။
🙏🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🙏
၉။ လူအချင်းချင်း လှည့်ပတ်ခြင်း ငြိမ်းအေးကြပါစေ။
🙏🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🙏
၁၀။အထင်သေးခြင်း အချင်းချင်းကင်းရှင်းကြပါစေ။
🙏🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🙏
၁၁။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
🙏🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🙏

မေတ္တာပို့သလိုက်ပါတယ်ရှင်,🥰🌸💐🌼🙏🙏🙏🥀🌺🌻

11/07/2023

သမ္ဗုဒ္ဓေဂါထာတော်
#သမ္ဗုဒ္ဓေဂါထာတော်

11/07/2023

စည်သူလွင်

Mystery Band - Mdy

ဘုံဆိုင်

Tain Lhwar Audio and Lighting

Ko Lin TL

11/07/2023

အများထင်နေသောမိမိအခြေနေ😎

10/07/2023

#တစ်ချို့သူတွေက " #ရေ" နဲ့တူတယ်။
ထိတွေ့လိုက်သူတိုင်းကို အေးမြမှုပေးတယ်။

#တစ်ချို့သူတွေက " #မြေကြီး"နဲ့ တူတယ်။
သူ့အပေါ်နင်းသွားလည်း သည်းခံနိုင်ခြင်း ပါရမီပြည့်ဝတယ်။

#တစ်ချို့သူတွေက " #လေမုန်တိုင်း" နဲ့တူတယ်။
အနားရှိသမျှ အရာတွေကို ဟိုးဝေးဆုံးကို တွန်းပို့တယ်။

#တစ်ချို့သူတွေက " #မီး" နဲ့တူတယ်။
တောက်လောင်မှု အပူ အနားရှိသူ အပူဟပ်စေတယ်။

#တစ်ချို့သူတွေက " #နေ" နဲ့တူတယ်။
ဝေးဝေးကနေရင် လိုအပ်တဲ့ အပူချိန်ရပေမယ့် အနားကပ်ရင်တော့ သေလောက်အောင်
ပူပြင်း လောင်မြိုက်တယ်။

#တစ်ချို့သူတွေက " #လ"နဲ့ တူတယ်။
အဝေးက အေးချမ်းသလိုပေမယ့် သူ့ပေါ်ရောက်ရင် မညီညာမှုတွေနဲ့ ...

#တစ်ချို့သူတွေက " #သစ်ပင်"နဲ့ တူတယ်။
အရိပ်လည်းပေးတယ်။ အသီးအပွင့်တွေ လည်းပေးတယ်။

စွန့်ပစ်ချင်ရင်တောင် အလွယ်တကူ
စွန့်ပစ်မရဘဲ အမြစ်တွယ်နေပေးတယ် ။

သင်ရော ဘယ်လိုလူမျိုးလဲ.... ?

ဦးဘုန်း(ဓာတု)

Videos (show all)

🙏🙏🙏🙏🙏
😄😄😄😄😄
အဆိုရောအတီးရောကျွတ်ဆင်ကြီး🫢#voice #songs #guitter #Myanmar
😄😄😄😄😄
😄😄😄😄😄
😂😂😂😂😂
🙏🙏🙏🙏🙏
😂😂😂😂😂
😂😂😂😂😂
စေတနာသည် လူတိုင်းနဲ့မထိုက်တန်ပါ
♥️♥️♥️♥️♥️

Website