9 Stars Underground Force,Bago Region

9 Stars Underground Force,Bago Region

လူငယ် မြို့ပြ ပျောက်ကျား
တော်လှန်ရေးအဖွဲ့
9 Stars UG - Bago Region

09/06/2024

စစ်အာဏာရှင်စနစ် အပြီးတိုင်ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်နိုင်ရေး ရည်မှန်းချက်များအတွက် ကြိုးစားလုပ်ဆောင်နေသော ကျွန်တော်တို့ Nine 9 Stars Underground Force,Bago Region အား တော်လှန်ရေး လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက်

" Pyuntaza Underground Revolution Force " မှ
ထောက်ပို့ ငွေ 200000 ( နှစ်သိန်းကျပ်) တိတိ

အား ကျေးဇူးတင်စွာဖြင့် လက်ခံရရှိကြောင်း ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါသည်။

" အရေးတော်ပုံ အောင်ရမည် "

02/04/2024

လိုအပ်ချက်တွေကို ပြည်သူ့လှူတဲ့ခွန်အားနဲ့အသက်ဆက်ရင်း တော်လှန်ရေးနောက်ဆုံးပန်းတိုင်ထိ သစ္စာရှိရှိ အစွမ်းကုန်ကြိုးစားသွားပါမယ်..လို့...ကတိသစ္စာပြုပါတယ်...

စစ်အာဏာရှင်စနစ် အပြီးတိုင်ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်နိုင်ရေး ရည်မှန်းချက်များအတွက် ကြိုးစားလုပ်ဆောင်နေသော ကျွန်တော်တို့ 9 Stars Underground Force,Bago Region အား တော်လှန်ရေး လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် 'ခွပ်ဒေါင်းညီနောင်အားကစားတော်လှန်ရေးထောက်ပို့အဖွဲ့မှ

"
ထောက်ပို့ ငွေ 1200000(တစ်ဆယ့်နှစ်သိန်း) တိတိ

အား ကျေးဇူးတင်စွာဖြင့် လက်ခံရရှိကြောင်း ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါသည်။

" အရေးတော်ပုံ အောင်ရမည် "

04/03/2024

စစ်အာဏာရှင်စနစ် အပြီးတိုင်ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်နိုင်ရေး ရည်မှန်းချက်များအတွက် ကြိုးစားလုပ်ဆောင်နေသော ကျွန်တော်တို့ Nine 9 Stars Underground Force,Bago Region အား တော်လှန်ရေး လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက်

" B & B " မှ
ထောက်ပို့ ငွေ 500000 ( ငါးသိန်းကျပ်) တိတိ

အား ကျေးဇူးတင်စွာဖြင့် လက်ခံရရှိကြောင်း ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါသည်။

" အရေးတော်ပုံ အောင်ရမည် "

03/03/2024

3.3.2024 ရက်နေ့ 13:00 အချိန် ခန့်
ညောင်လေးပင်မြို့နယ် နှင်းဝိ သံတံတား အပိုင် သူအိမ်လုံခြုံရေး ကင်းချပြီးနေတာဆို‌ေသာ အုပ်ကြီး နိူင်၀င်း ကို ဒိုက်ဦး မှ အပြန်..9stars.UG အဖွဲ့မှ နှင်းဝိ ရွာအ၀င်နား ပစ်ခတ်ရာ တွင် နိုင်ဝင်းကသူ့မှာ ပါလာတဲ့ gun ဖြင့် ပြန် လည်ပစ်ခတ် ပြီး.. အပြန်အလှန် ပစ်ခတ်မှု့ဖြစ်နေစဥ်...နှင်းဝိရွာထဲက နိုင်ဝင်းရဲ့သားနဲ့ပျူစောထီးများမှ..AK ဒင်ခေါက် သုံးလက်ဖြင့်ညှပ်ပိတ်ဝိုင်းပစ်တဲ့အတွက်...ရဲဘော်များ အမြန်ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်...ပစ်ခက်မှု့ ဖြစ်စဥ် မှတ်တမ်းအသေးစိတ်မယူနိုင်ခဲ့ပေမယ့် နောက်ဆက်တွဲ သတင်းရတာက နိုင်ဝင်းလက်မောင်းဒါဏ်ရာ..အရိုးထိ..သူနဲ့အတူပါလာတဲ့ ပျူစောထီး ဦးခြူး ပေါင်နဲ့လည်ပင်း စိုးရိမ်ဒါဏ်ရာနှင့်ဆန့်ငင်ဆန့်ငင်ဖြစ်နေတယ်လို့ ကြားရတယ်ဗျ.
နိုင်ဝင်းက ဒိုက်ဦး ပြွန်တန်ဆာ ညောင်လေးပင် အရှေ့ဖက်ခြမ်း နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ပျူစောထီးခေါင်ဆောင် အုပ်ကြီး တစ်ယောက်...သူသားလဲပျူစောထီးပဲ သူ့သားက စစ်ဘေးရှောင်သွားတဲ့ရွာတွေက ပစ္စည်း တွေကို စခတွေနဲ့ပေါင်းခိုးပြီးစီးပွားရှာနေတဲ့လူ...နိုင်ဝင်းဆိုလဲ သူ့ရွာမှာနာရေးပါမကျန်ပြည်သူဆီက ပိုက်ဆံ တောင်းစားနေတဲ့စခလက်ကိုင်တုတ်အကြီးစားပေါ့...ပြည်သူကိုစခအလိုကျနှိပ်စက်တဲ့နေရာမှာပထမတန်းစားပဲဆိုပါတော့...ပဲကောက်သမားတွေရွာထဲဝင်လို့ သူ့ဂိတ်ကဖြတ်ရင် မူးပြီး ဖားခုန်ခုန်ခိုင်းတဲ့အထိ ရမ်းကားအနိုင်ကျင့်တဲ့...ကောင်ပေါ့...ဒီတစ်ခါသူမသေပဲလွတ်သွားပေမယ့်..အဲ့ကောင်တွေသားအဖကို မရရအောင် ပြည်သူတွေအတွက် ပြန်လည် ဆုံးမပေးမှာပါ...

9Stars Underground Force

Photos from 9 Stars Underground Force,Bago Region's post 18/01/2024

ဒိုက်ဦးမြို့နယ် လက်ဖက်ရည်ဆိုင်အတွင်း၌ ဥက္ကဋ္ဌနှင့်ရာအိမ်မှူးလက်ဖက်ရည်ထိုင်သောက်စဉ် ပစ်ခတ်ရှင်းလင်းခြင်း

ဇန်နဝါရီ ၁၈၊ဒိုက်ဦး

ပဲခူးတိုင်း၊ဒိုက်ဦးမြို့နယ်၊အမှတ်(၉)ရပ်ကွက်၊ဒါးပိန်စုအပိုင်းလက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် အမှတ်(၉)ရပ်ကွက်ဥက္ကဋ္ဌနှင့်ရာအိမ်မှူးတို့နှစ်ဦး လက်ဖက်ရည်အတူထိုင်သောက်နေစဉ် 9 Stars UGအဖွဲ့မှ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။
"ပြည်သူကို ဒုက္ခ ပေးတဲ့နေရာမှာ အတွဲညီတဲ့ အုပ်ကြီးနဲ့ ရာအိမ်မှူးပေါ့ဗျာ.ဒါးပိန်စုရာအိမ်မှူး ခင်မောင်အေးကတော့ နေရာမှာတင် ပွဲချင်းပြီးသေတယ်...အုပ်ကြီးခင်ဝင်းကတော့..နောက်စေ့ဒါဏ်ရာနဲ့ ရန်ကုန်ဆေးရုံတင်သွားတယ်လို့ ကြားတယ်ဗျ...သူတို့ကြောင့် ဆန္ဒ ပြလူငယ်တွေနဲ့ တော်လှန်ရေး ရဲဘော် 60 ကျော်လောက်..အထဲရောက်နေတာတွေရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျန်တော်တို့ကတော့ ပြည်သူကို ဒုက္ခ ပေးတဲ့ အုပ်ကြီး ရာအိမ်မှူး ပျူစောထီး တွေကို ဆက်လက်ပြီး..ဒါဏ်ခတ် အပစ်ပေးမှာမို့...ခုချိန်ကစပြီး နောင်တ ရကြပါတော့လို့ပဲ ပြောချင်ပါတယ်

18/01/2024

ကျည်တစ်​တောင့်.ခွေးနှစ်ကောင် မကြာခင်သတင်းလာမယ်..

Photos from 9 Stars Underground Force,Bago Region's post 15/01/2024

Jan.15 . 2023 ရက် တနလ်ာနေ့ ညနေ.. 2:20 မိနစ်
ပဲခူးတိုင်းကျောက်တံခါးမြို့နယ်..ပဲခူးစုကျေးရွာ..ပျူစောထီး ခေါင်ဆောင် ...အောင်ကျော်ဆန်း..နှင့် သမီး ဖြစ်သူ..လယ်တောထဲ ဆေးဖြန်းလာချိန်တွင် 9.stars UG အဖွဲ့မှ ပစ်ခတ်ရှင်းလင်းရာ...အောင်ကျော်ဆန်းသေဆုံးပြီး သမီးဖြစ်သူ လက်မောင်းဒဏ်ရာရ အောင်ကျော်ဆန်း ကိုင်ဆောင်ထား သော..9 လုံးကျည်..ဟမ်းမိတ်..တစ်လက်..9 လုံးကျည်..5 တောင့်..5.56 ကျည်...8 တောင့်..နာနတ်သီး အမျိုးအစား လက်ပစ်ဗုံး တစ်လုံး တို့အားသိမ်းယူခဲ့။...'အောင်ကျော်ဆန်းသတင်းက..နာမည် တော်တော်ထွက်တယ်ဗျ..သစ်ကားတွေကို..စကစ..ဝတ်စုံဝတ်ပြီး.သူ့ဒိုင်နယ်တစ်ခွင် လိုက်ဖမ်းပြီး ငွေညစ်တယ်ပေါ့...ခုလက်ရှိဖြစ်နေတဲ့..ပျူ သင်တန်းကိစ္စလဲ..သင်တန်းတတ်တဲ့သူတွေအတွက်ဆိုပြီး..တစ်အိမ်ထောင်ငါးသောင်း တောင်းတယ် မုဆိုးမအိမ်ပါမချန်ပေါ့...ပြီးတော့ နေရာတကာ သေနတ်တကားကားပြပြီး ပြည်သူကို အနိုင်ကျင့် ဩဇာ ပေးတယ်ဆိုပါတော့...ပြောရရင်တော့ အုပ်ကြီးထပ်ပိုပြီး တန်ခိုးကြီးတဲ့သူ ..သူ့ရွာကိုလဲ ပြည်သူ့စစ် အတောင့်အတင်းဆုံးရွာဖြစ်ရမယ်ဆိုပြီးကြွေးကျော်ထားတဲ့သူ..ရဲခွေး...စစ်ခွေးတွေကို...အကြောင်းမရှိအကြောင်းရှာရွာကိုခေါ်ပြီး..ပါဝါပြနေသူ။
နောက်ထပ် ပြည်သူကို ဒုက္ခ ပေးတဲ့ ပျူစောထီးများ ထပ်မပေါ်လာစေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

23/12/2023

အသွင်ယူစစ်ခွေးကားအား မိုင်းဆွဲတိုက်ခိုက်ခြင်း မစ်ရှင်သတင်းထုတ်ပြန်ချက်

23.12.23 စနေနေ့ နံနက် 9:30am၊ ပဲခူးတိုင်း ရွှေကျင်မြို့နယ်၊ဒုံစရစ် ခမရ 589 တပ်ရင်း နဲ့ ကွင်းဆိပ် ခမရ 351 တပ်ရင်း၊ ဒုံစရစ်ကျေးရွာ၊ကျုံချောင်ကျေးရွာ၊ ကွင်းဆိပ်ကျေးရွာ များနှင့် ဆက်သွယ်ထားသောအာရှလမ်းမကြီးပေါ်၌ အရပ်သားပြည်သူသုံး အိမ်စီးကားဖြင့် ပုံဖျက်သွားလာနေသော စကစအင်အား6ဦးလိုက်ပါလာသောPRADOကားတစ်စီးအားသတင်းအတိကျ ရရှိသဖြင့် ကျုံချောင်ကျေးရွာနှင့်ကွင်းဆိပ်ကျေးရွာကြားသို့အရောက်တွင် ကျွန်တော်တို့ 9 Stars Undarground Force, Bago Region နှင့် Souls Takers YGN UG ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ရာ မိုင်းပွိုင့်တည့်တည့်အတွင်း ဝင်ရောက်ခဲ့သောကြောင့် ကားတစ်စီးလုံးထိခိုက်ပျက်စီးခဲ့ပြီး ဖောက်ခွဲရေး missionအောင်မြင်ခဲ့ပါသည်။

ရန်သူ့နယ်မြေအတွင်းဖြစ်နေသောကြောင့် လုံခြုံရေးအရ အမြန်ပြန်လည်ဆုတ်ခွာလာရပြီး ယခုအခါတွင်
ရဲဘော်များ လုံခြုံသောနေရာသို့ ပြန်လည်ရောက်ရှိလာပြီးဖြစ်ပါသည်။

နောက်ဆက်တွဲ သိရတဲ့ သတင်းအရ ကွင်းဆိပ်ကျေးရွာအုပ်ကြီးမှ “အရပ်သားကားမိုင်းဆွဲခံရ ထိခိုက်မှုမရှိ ကားမှန်တွေပဲ ကွဲသွားတယ်”ဟု သတင်းလိမ်ဖုံးကွယ်ကာ ကွင်းဆိပ်စစ်ဆေးရုံတံခါး.တွေရော..ပြတင်းပေါက်တံခါးတွေပါအပြင်လူမမြင်ရအောင် ပိတ်ထားတယ်လို့..မျက်မြင်တွေ့ပြည်သူတစ်ဦးထံမှ သိရပါတယ်။

ထို့ကြောင့်ဖောက်ခွဲတိုက်ခိုက်မှုတွင် ထိခိုက်သွားသော ခွေးရာထူးနှင့်အသေအပျောက် စာရင်းအား မသိရသေးပဲ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါသည်။

အရေးတော်ပုံ အောင်နေပြီ။
လှိုင်းကြက်ခွပ်ကလေးများ ရှေ့ကပြေးနေသည်။

28/11/2023

ပဲခူးတိုင်း ရွှေကျင်မြို့နယ် ကျုံချောင်ကျေးရွာ စစ်ကောင်စီ ထောက်ပို့ အာရှလမ်းမ ရှိ ကျုံချောင် ချောင်းကူးတံတားအား ပူးပေါင်းမဟာမိတ် အဖွဲ့နှင့် ကျွန်တော် တို့ 9 stars UG အဖွဲ့ မှ 26.11.2023 နေ့ ည 2 နာရီ 33 မိနစ်တွင် မိုငိးဆင် ဖောက်ခွဲခဲ့ပါသည်။

ဖောက်ခွဲ ရေးမစ်ရှင် အောင်မြင်ခဲ့ပြီး။
ယခုအခါ စစ်ကောင်စီ ယဉ်တနိးများ သွားလာလို့ မရတော့ကြောင်းသိရပါသည်။

ယခုချိန်တွေ နေ့စဥ်နှင့်အမျှ ထိတွေ့မှု့များ ရှိနေပြီး စစ်ရေးအရှိန်မြှင့်တင် နေသောကြောင့်။
လိုအပ်သည့် စစ်ကောင်စီ ထောက်ပို့လမ်းကြောင်းများအား ဖြတ်တောက်ရခြင်းအား မိဘပြည်သူများ အနေဖြင့် နားလည်ပေးကြရန်နဲ့ အသွားအလာသတိထားကြရန် သတိပေးပြောကြားလိုပါသည်။

အရေးတော်ပုံ အောင်ရမည်
ပြည်သူပါမှ မုချအောင်မည်

17/11/2023

ကျွန်တော် တို့ 9 Stars Underground Force,Bago Region အတွက် လိုအပ်သည့် ဆေးဝါး များဝယ်ယူရန်အတွက်
" Freedom Fighters USA 2021 TMS "
မှ လှူဒါန်းပေးသော ၂၀၀၀၀၀ (နှစ်သိန်းကျပိတိတိ) အား လက်ခံရရှိပါကြောင်း နဲ့ ဝမ်းမြောက်စွာ ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

တော်လှန်ရေး အရှိန် တိုးမြှင့်လာသည့် အလျှောက် ရဲဘော်များတွက် ရိက္ခာ ဆေးဝါး လိုအပ်ချက်များလည်းပိုမို ရှိလာပါသည်။
ယခု အချိန်ဟာ တော်လှန်ရေး ရေချိန် အမြင့်ဆူံး အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် မိဘပြည်သူများ အနေနဲ့ နီးစပ်ရာ တော်လှန်ရေးအင်အားစုများသို့ ကူညီထောက်ပံပေးပါရန် မေတ္တာရပ်ခံ ပန်ကြားလိုပါသည်။

" အရေးတော်ပုံ အောင်ရမည် "

16/11/2023

လှိုင်းလုံးကြီးတွေ..တစ်လှိုင်းပြီး တစ်လှိုင်း လာဖို့..လှိုင်းကြက်ခွက်ကလေးတွေရှေ့ကတရိပ်ရိပ်ပြေးနေတယ်...

14/11/2023

အကြမ်းဖက်စစ်ကောင်စီ၏ ဆက်သွယ် ရေးထောက်ပို့ မီးရထားလမ်းတံတားအား ဖောက်ခွဲဖျက်ဆီးမှု သတင်းထုတ်ပြန်ချက်

ကျွန်တော် တို့ 9 Stars UG နှင့် Soul Takers UG အဖွဲ့ ပူးပေါင်း၍ 13.11.2023 တနင်္လာနေ့ည 12 နာရီ 22 မိနစ် အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြွန်တန်ဆာမြို့ နဲ့ ဘိုင်းဒါး ကြားရှိ ရန်ကုန် မန္တလေး လမ်းဟောင်း ခြောက်တန်ချောင်းတံတား ဘေးကပ်ရပ် မီးရထားသံလမ်းတံတား အား မိုင်းဆင်၍ ဖောက်ခွဲခဲ့ပါသည်။

တစ်နေ့ထက်တစ်နေ့ အရှိန်တိုးမြှင့်လာသည့် တော်လှန်ရေး အရှိန်အရ စစ်ရေးအရ အရေးပါသည့် လမ်းကြောင်းတွေ တံတားတွေ အား မလွှဲမရှောင်သာဖျက်ဆီးရခြင်းဖြစ်ပါသည်။

တော်လှန်ရေးသည် တစ်စထက်တစ်စ ပိုပြီး အရှိန်မြင့်တင်လာပြီး စကစ ရဲ့ အဓိက မြို့တွေထိ ဝင်ရောက်နိုင်ရန် တနိုင်ငံ လုံးရှိ တော်လှန်ရေးအင်အားစုများက အဖက်ဖက်က တိုက်စစ်ဖွင့် အရှိန်မြှင့်တင်နေပြီ ဖြစ်သောကြောင့် မိဘပြည်သူများ အနေနဲ့ ရှေ့လျှောက်တွင် မဖြစ်မနေ အပျော်အပန်းဖြေခရီး ထွက်ခြင်းများအား ရှောင်ရှားပြီး မဖြစ်မနေ သွားရလာရသည့် အခါတွင်လည်း သတိနဲ့ သွားလာကြ ဖို့ မေတ္တာရပ်ခံသတိပေးအပ်ပါသည်။

စစ်ကောင်စီ ထောက်ပို့လမ်းကြောင်း ပြတ်တောက်စေရန် ရည်ရွယ်၍ ဖောက်ခွဲရေး လုပ်ဆောင်ခဲ့သော်လည်း ပစ္စည်းတစ်ချို့တွင် error အနည်းငယ် ပါသွားသောကြောင့် နောက်ဆက်တွဲသတင်းများအရ အလုံးစုံပေါက်ကွဲမှု မဖြစ်သဖြင့် ထိရောက်မှု အားနည်း သွားခဲ့ပါသည်။

တံတားဘောင်ဆယ်ပေဝန်းကျင်ခန့်ပြိုကျပြီး..ရထားလမ်းပိုင်းပျက်စီးမှု့...အားနည်းသွားခဲ့ပေမဲ့..ဒီနေ့တစ်နေ့လုံးတော့ရထားခရီးစဥ် ရပ်တန့်သွားခဲ့ပါတယ်။

ရှေ့လျှောက်တွင်လည်း အရှိန်မြှင့်တင်ထားသော တော်လှန်ရေး မစ်ရှင်များနဲ့ အတူ ကျွန်တော်တို့မှလည်း အကြမ်းဖက်စစ်တပ်ကို ဘယ်တော့မှ အရှုံးမပေး ဆက်လက်တိုက်ပွဲဝင်မည်ဖြစ်ကြောင်းလည်း အသိပေးအပ်ပါသည်ခင်ဗျာ။

Website