Saya Thet Zaw - Meikhtila

Saya Thet Zaw - Meikhtila

be married to English.

12/10/2023

*အင်္ဂလိပ်သဒ္ဒါစာအုပ်ရေးပြီး အင်္ဂလိပ်သဒ္ဒါမမှန်တာ တော်တော်ဆိုးပါတယ်။

အင်္ဂလိပ်စကားပြောတဲ့အခါ ရေးတဲ့အခါ articles မမှန်ရင်ဘာဖြစ်လဲမေးရင် ဘာမှမဖြစ်ပါဘူး လို့ကျနော်ဖြေမှာပါ။

usage မမှန်ရင် tensesတွေမမှန်ရင်ဘာဖြစ်လဲမေးရင်လည်း ဘာမှမဖြစ်ပါဘူး လို့ပဲ ကျနော်ဖြေမှာပါပဲ။

အင်္ဂလိပ်စာကို သေချာနားမလည် articles မသုံးတတ် usage မသိ tense မသိသေးဘဲ စာအုပ်တွေထုတ် စာရေးဆရာအမည်ခံလာပြီဆိုရင်တော့ ပြောစရာရှိလာပါပြီ။

*အင်္ဂလိပ်သဒ္ဒါစာအုပ် စာမျက်နှာ ၁၅၂ မှာ

*ဆရာများသည် ကျောင်းသားများကိုသင်္ချာဘာသာကို သင်ပေးနေလျက်ရှိကြသည်။ဆိုတာကို
*Teachers have been teaching mathematics the students.

*သူမသည်ကျောင်းသားများကို ဖီးဇစ်ဘာသာရပ်ကို သင်ကြားပေးနေလျက်ရှိသည်။ဆိုတာကို
She has been teaching physics the students.ဆိုပြီး

အမှားတွေရေးပြထားတာ တွေ့ရပါတယ်။

*ဒီဝါကျတွေမှားနေတာက

*Ditransitive Verbs ကံပုဒ်နှစ်ခုပါတဲ့ ကြိယာ တွေကို သေသေချာချာ ဂဃနဏမသိဘဲ ရေးထားလို့ မှားနေတာပါ။

ဒီလိုပုံစံတွေ ရေးရပါမယ်။

*teach the students mathematics
Or
*teach mathematics to the students

*teach the students physics
Or
*teach physics to the students စသည်ဖြင့်ရေးရပါမယ်။

*teach ကိုသင်ကြားသည် လို့မြန်မာလိုသိရုံနဲ့ ရေးရင် ခုလို အမှားတွေ ဖြစ်နေမှာပါ။

*teach နောက်က Direct Object နဲ့ Indirect Object ကံပုဒ်နှစ်ခုလိုက်ပါတယ်။

*teach me English မှာ

me က Indirect Object ပါ။
English က Direct Object ပါ။

*teach နောက်က Direct Object English ကပ်ရေးမယ်ဆိုရင် to +Indirect Object ပုံစံရေးမှ မှန်မှာပါ။

*Direct Object နဲ့ Indirect Object မှတ်ရတာခက်နေရင်

*teach+sb+sth
Or
*teach +sth+to+sb လို့မှတ်ထားပါ။

*sb ဆိုတာ somebody ပါ။
*sth ဆိုတာ something ပါ။

*teach+Indirect Object+Direct Object
*teach+Direct Object+to +Indirect Object

*He teaches me Chinese.
Or
*He teaches Chinese to me.
သူကျနော့်ကို တရုတ်စာသင်ပေးတယ်။

*He teaches Chinese me.လို့ မရေးရပါဘူး။မပြောရပါဘူး။

*I am teaching my students physics.
Or
*I am teaching physics to my students.
ကျနော် ကျောင်းသားတွေကို ရူပဗေဒသင်ပေးနေတာ။

*I am teaching physics my students.လို့မရေးရပါဘူး။မပြောရပါဘူး။

*I have already taught them English grammar.
Or
*I have already taught English grammar to them.
သူတို့ကို အင်္ဂလိပ်သဒ္ဒါသင်ပြီးနေပြီ။

*I have already taught English grammar them.လို့ မရေးရပါဘူး။မပြောရပါဘူး။

*You do not need to teach her English.
Or
*You do not need to teach English to her.
သူ့ကို အင်္ဂလိပ်စာသင်ပေးဖို့ မလိုဘူး။

*You do not need to teach English her.လို့မရေးရပါဘူး။မပြောရပါဘူး။

*I have been teaching him English grammar since May.
Or
*I have been teaching English grammar to him since May.
သူ့ကို မေလကတည်းက အင်္ဂလိပ်သဒ္ဒါသင်ပေးနေတာ။

*I have been teaching English grammar him since May.လို့မရေးရပါဘူး။မပြောရပါဘူး။

*အောက်ပါ Ditransitive Verbs တွေကိုလည်း
teach ပုံစံမျိုးသုံးရပါတယ်။

*Verb+Indirect Object+Direct Object
Or
*Verb+Direct Object+to+Indirect Object

*verb+sb+sth
Or
*verb +sth+to+sb လို့မှတ်ထားပါ။

*sb ဆိုတာ somebody ပါ။
*sth ဆိုတာ something ပါ။

*give ကလည်း Ditransitive Verb ပါပဲ။

*He gave me a dictionary.
Or
*He gave a dictionary to me.
သူကျနော့်ကို အဘိဓာန်တစ်အုပ်ပေးတယ်။

*He gave a dictionary me.လို့မရေးရပါဘူး။မပြောရပါဘူး။

*tell ကလည်း Ditransitive Verb ပါပဲ။

*I have never told her lies.
Or
*I have never told lies to her.
သူ့အပေါ် လိမ်ညာမပြောဖူးဘူး။

*I have never told lies her.လို့မရေးရပါဘူး။မပြောရပါဘူး။

*lend ကလည်း Ditransitive Verbပါပဲ။

*I have lent him my car.
Or
*I have lent my car to him.
ငါ့ကား သူ့ကိုငှားလိုက်ပြီ။

*I have lent my car him.လို့မရေးရပါဘူး။မပြောရပါဘူး။

*hand ကလည်း Ditransitive Verb ပါပဲ။

*,Could you hand me the pook?
Or
*Could you hand the book to me?
စာအုပ်လေးလှမ်းပေးပါလား။

*Could you hand the book me?လို့မရေးရပါဘူး။မပြောရပါဘူး။

*pass ကလည်း Ditransitive Verb ပါပဲ။

*Can you pass me the dictionary?
Or
*Can you pass the dictionary to me?
အဘိဓာန်စာအုပ်လေး လှမ်းပေးပါလား။

*Can you pass the dictionary me?လို့မရေးရပါဘူး။မပြောရပါဘူး။

*offer ကလည်း Ditransitive Verbပါပဲ။

*She offered me the job.
Or
*She offered the job to me.
သူကျနော့်ကို ဒီအလုပ်ပေးတယ်။

*She offered the job me.လို့မရေးရပါဘူး။မပြောရပါဘူး။

*owe ကလည်း Ditransitive Verb ပါပဲ။

*I still owe her 5 dollars.
Or
*I still owe 5 dollars to her.
ငါသူ့ကို ငါးဒေါ်လာပေးစရာကျန်သေးတယ်။

*show ကလည်း Ditransitive Verb ပါပဲ။

*Please show me your essay.
Or
*Please show your essay to me.
နင့်အက်ဆေး ငါ့ကိုပြပါလား။

25/09/2023

စကားလုံးတွေကျက်ပြီး Usage မသိ ဘာမသိနဲ့ အင်္ဂလိပ်စာအုပ်ထုတ်စားလို့ရလား။

နိုင်ငံတကာအဆင့်မီအင်္ဂလိပ်စကားပြောစာအုပ်စာမျက်နှာ ၃၀၇ မှာ

Please don't tell lies me.
ကျေးဇူးပြုပြီး ကျွန်တော့်ကို မညာပါနဲ့။

ဆိုပြီး အမှားကြီးရေးပြထားတယ်။

*စကားလုံးတွေကျက်ပြီး ဖွဲ့စည်းပုံစည်းမျဉ်းတွေနားမလည်တော့ ဒီလိုအမှားတွေဖြစ်ကုန်တာပါပဲ။

*She told a lie.
သူလိမ်ပြောတယ်။

*He told lies.
သူညာပြောတယ်။

*I have never told lies.
ငါညာမပြောဖူးဘူး။

*tell a lie /tell lies လိမ်ပြောသည်။ညာပြောသည်။

ဒါပေမယ့်

*tell a lie or tell lies လိမ်ညာသည် သိရုံနဲ့

*Don't tell lies me.
Or
*Don't tell lies her.
Or
*Don't tell lies him.စသည်ဖြင့် မရေးရ မပြောရဘူး။

*ဘယ်သူ့ကို လိမ်ပြောတယ် ညာပြောတယ် ပြောချင်ရင်
tell+sb+a lie
Or
tell a lie to+sb ပုံစံသုံးရပါတယ်။

*Please don't tell me a lie .
Or
*Please don't tell a lie to me.
ကျေးဇူးပြုပြီး ညာမပြောပါနဲ့။

*I have never told her lies.
Or
*I have never told lies to her.
ငါသူ့ကို ညာမပြောဖူးဘူး။

*He told me a lie.
Or
*He told a lie to me.
သူငါ့ကို လိမ်ပြောတယ်။

*He told a lie me.လို့မရေးရဘူး။မပြောရဘူး။

*He told lies me.လို့မရေးရဘူး။မပြောရဘူး။

*Verb အနေနဲ့သုံးလည်း lie to +sb ပုံစံသုံးရပါတယ်။

*Don't lie to me.
ငါ့ကို ညာမပြောနဲ့။

*Don't lie me.လို့မရေးရ မပြောရပါဘူး။

22/09/2023

*အစိုးရပုံနှိပ်ရော မှားနိုင်လား

*Grade 11 English အစိုးရပုံနှိပ်စာအုပ် 5 C Grammar အပိုင်း စာမျက်နှာ ၅၃ မှာပါတဲ့

*The school music band marched towards the main hall.

*ဆိုပြီးရေးထားတာဖတ်ရတယ်။

*မှန်လားဆို မမှန်ဘူးပြောရမှာပါ။ပြောစရာရှိတာက the school music band ပါ။

*အင်္ဂလိပ်စာမှာက တီးဝိုင်းအဖွဲ့ကို

a band လို့ရေးလို့ ပြောလို့ရတယ်။

a rock band ရှိတယ်။
a pop band ရှိတယ်။
a boy band ရှိတယ်။
a girl band ရှိတယ်။

a music band လို့ မရေးရဘူး မပြောရဘူး။

*band က group noun ဖြစ်လို့ verb က singular ရော plural ပါ ဖြစ်နိုင်တယ်။

The band belongs to him.
Or
The band belong to him.
ဒီတီးဝိုင်းအဖွဲ့က သူပိုင်တာ။

The music band belongs to him.လို့ လုံးဝ လုံးဝ မသုံးရပါဘူး။

*ဒါပေမယ့် တီးဝိုင်းအဖွဲ့ကို ပြောချင်တာဆို singular verb သုံးတာ ကောင်းပါတယ်။

The band consists of seven members.
Or
The band is made up of seven members.
Or
The band comprises seven members.
Or
The band is comprised of seven members.
Or
The band is composed of seven members.
ဒီတေးဂီတအဖွဲ့က အဖွဲ့ဝင်ခုနှစ်ဦးနဲ့ဖွဲ့ထားတာ။

*တီးဝိုင်းအဖွဲ့ဝင်တွေရဲ့ အတွေးအမြင် ခံယူချက်ကို ပြောချင်တာဆို plural verb သုံးတာ ကောင်းပါတယ်။

The band have distanced themselves from politics since 2021.
ဒီတီးဝိုင်းအဖွဲ့သားတွေက ၂၀၂၁ကတည်းက နိုင်ငံရေးနဲ့ ကင်းကင်းနေတယ်။

He joined the band in December.
ဒီဇင်ဘာလထဲမှာ သူဒီတီးဝိုင်းထဲဝင်တယ်။

We formed a band in 2020.
၂၀၂၀မှာ တီးဝိုင်းအဖွဲ့ထောင်တယ်။

The pop band has taken Yangon by storm.
ဒီပေါ့ဂီတအဖွဲ့က နေ့ချင်းညချင်းရန်ကုန်မှာ နာမည်ကြီးလာတယ်။

He belongs to the rock band.
သူက ဒီရော့ခ်တီးဝိုင်းအဖွဲ့ဝင်ဖြစ်တယ်။

*the music band လို့ မရေးရ မပြောရပါဘူး။

24/06/2023

Grade 11 English အထူးထုတ်စာအုပ်စာမျက်နှာ 270 မှာ

"The waste products they pick up are concentrated in a daily three pints of urine."ကို

"သူတို့စုဆောင်းထားတဲ့စွန့်ပစ် ပစ္စည်းများက နေ့စဉ်သုံးဂါလန်ရှိတဲ့ ဆီးထဲမှာ တစုတဝေးတည်း ရှိကြပါတယ်။"

ဆိုပြီး ဘာသာပြန်ပြထားတာဖတ်ရပါတယ်။

*မှန်လားဆို မမှန်ဘူးပြောရမှာပဲ။

*the waste products they pick up မှာ they က ကျောက်ကပ် နှစ်လုံးကို ပြောတာ။ဒီတော့

"ကျောက်ကပ်နှစ်လုံးက သွေးထဲကနေ စစ်ထုတ်ထားတဲ့ အညစ်အကြေးတွေ "ဆိုမှ စာဖတ်သူမြင်မှာပါ။

*be concentrated in +နေရာ ပုံစံပါ။

*တစ်နေရာထဲမှာပဲ အများအပြားစုဝေးရှိနေတတ်တာ ကိုဖော်ပြတဲအခါသုံးပါတယ်။

*The population is concentrated in the cities.
လူတွေက မြို့ကြီးတွေမှာပဲ အများအပြားနေထိုင်ကြတာ။

*Wealth is concentrated in the cities.
ချမ်းသာတဲ့သူအများစုက မြို့ကြီး‌ တွေမှာနေကြတယ်။

*Power is concentrated in the hands of several people.
အာဏာက လူသုံးလေးငါးယောက်လက်ထဲမှာပဲရှိတယ်။

*The violence is concentrated in the cities.
အကြမ်းဖက်မှုတွေက အများအားဖြင့်တော့ မြို့ကြီးတွေမှာပဲ အဖြစ်များတာ။

*a daily three pints of urine

*1 pint က လီတာဝက် ကိုပြောတာပါ။

*2 pints က 1 litre ကိုပြောတာပါ။

*4 litres က 1 gallon ကိုပြောတာပါ။

*1 litre မှာ 2 pints ဆိုတော့

*8 pints က 1 gallon ပေါ့။

*1 pint က လီတာဝက် ဆိုတော့

*3 pints ဆို တစ်လီတာခွဲပေါ့။

မှတ်ချက်

*3 pints က သုံးဂါလန်မဟုတ်ပါဘူး။

အထက်ပါစာပိုဒ်ကို

*ကျောက်ကပ်နှစ်လုံးက သွေးထဲကနေစစ်ထုတ်ထားတဲ့အညစ်အကြေးတွေဟာ တစ်နေ့တစ်နေ့ တစ်လီတာခွဲလောက်ရှိတဲ့ ဆီးထဲမှာ သွားစုပါတယ်။"

ဆိုပြီး ဘာသာပြန်လိုက်ရင် စာဖတ်သူ မျက်လုံးထဲ မြင်သွားမယ်ထင်ပါတယ်။

*litre က British English ပါ။

*liter က American English ပါ။

"စာဖတ်ပရိသတ် ဆရာ ဆရာမတွေက အမှားတွေမှတ်ပြီး ကျောင်းသူ ကျောင်းသားတွေဆီ ပြန်လက်ဆင့်ကမ်းနေမှာ စိုးလို့သာ ဝေဖန်ထောက်ပြနေမိတာ စာအုပ်ရေးသူ ကာယကံရှင်ဆရာတွေ မုန်းနေမှာတော့ သိပါတယ်။

ဒါပေမယ့်........ရွေးစရာလမ်းမှ မရှိတာ။

22/06/2023

" အနာဂတ်မျိုးဆက် ကျောင်းသူကျောင်းသားတွေ four skills ရအောင် Englishစာကို language ပုံစံချဉ်းကပ်စေချင်တဲ့ စနစ်သစ်ပညာရေးအတွက် အလွဲပေါင်းများစွာနဲ့ English စာအထူးထုတ်စာအုပ်တွေက ဆူးငြောင့်ခလုတ်ဖြစ်နေပြီလား.....?

Grade 11 English စာအထူးထုတ်စာမျက်နှာ ၂၄၆ မှာ

"Tsunamis are very high waves in oceans and seas which are caused by the displacement of the ground ."ကို

"ဆူနာမီတွေက မြေကြီးရဲ့ဖယ်ထုတ်မှုကြောင့်ဖြစ်လာတဲ့ သမုဒ္ဒရာ‌တွေနဲ့ ပင်လယ်တွေထဲက အလွန်မြင့်မားတဲ့ လှိုင်းလုံးကြီးတွေ ဖြစ်ပါတယ်"ဆိုပြီး ဘာသာပြန်ပြထားတယ်။

"မြေကြီးရဲ့ဖယ်ထုတ်မှုကြောင့်"ဆိုတာကို အကြိမ်ကြိမ်ဖတ်ကြည့်တယ် နားမလည်ဘူး။

*the displacement of the ground ဆိုတာ the movement of the ground from its original position ကိုပြောတာပါ။

*မြေပြင် ရွေ့လျားမှု
*ပင်လယ်ကြမ်းပြင်ရွေ့လျားမှု

*ဒီနေရာမှာ ဆူနာမီအကြောင်းပြောနေတာဖြစ်လို့ "ပင်လယ်ရေအောက်ငလျင်"ဆို နားလည်လွယ်ပါတယ်။

* very high waves ဧရာမလှိုင်းလုံးကြီးတွေ

*"ဆူနာမီဆိုတာ ပင်လယ်သမုဒ္ဒရာကြမ်းပြင်မှာလှုပ်ခတ်တဲ့ ငလျင်ကြောင့် ဖြစ်ပေါ်လာတဲ့ ပင်လယ်သမုဒ္ဒရာထဲက ဧရာမ လှိုင်းလုံးကြီးတွေကို ခေါ်တာ"လို့ ဘာသာပြန်ရင် ရှင်းခနဲ နားမလည်နိုင်ဘူးလား.....?

21/06/2023

မနေ့က ဆရာတစ်ယောက် used to သုံးပြီး Englishစကားပြောသင်နေတဲ့ Video လေးကြည့်လိုက်ရတယ်။ခက်တာက used to ကို ငယ်ငယ်က မှတ်ခဲ့သလို လေ့ရှိသည်‌ တွေနဲ့တရား‌ သေ ဘာသာပြန်ပြထားတာက စမှားတာပဲ။

*တစ်ကြောင်းပဲ နမူနာပြမယ်။

*I used to like vegetables.ကို
"ကျွန်တော်က ဟင်းသီးဟင်းရွက်တွေကြိုက်လေ့ရှိခဲ့တယ်။"ဆိုပြီး ဘာသာပြန်ပြထားတာကြည့်လိုက်ရတယ်။

*used to အသုံးလေ့လာကြည့်မယ်။

*အတိတ်က ပုံမှန်လုပ်လေ့လုပ်ထ ရှိတဲ့past habits အကြောင်းအရာတွေဖော်ပြတဲ့အခါ used to သုံးရပါတယ်။

"ဒီလို သဘောဆို "လေ့ရှိသည်"နဲ့ ဘာသာပြန်လည်းရပါတယ်။

*He used to dine out on Saturday nights.
သူအရင်က စနေနေ့ညဆို ညစာကို ဆိုင်သွားစားတတ်တယ်။(လေ့ရှိတယ်။)

My father used to read me a story at night.
အရင်ကဆို အဖေက ညဘက် ပုံပြင်ဖတ်ပြလေ့ရှိတယ်။

အငြင်းဆို ဒီလိုတွေသုံးလို့ရတယ်။

He never used to smoke.
Or
He did not use to smoke.
Or
He used not to smoke.
သူအရင်က ဆေးလိပ်သောက်ကျင့်မရှိပါဘူး။

*အတိတ်က အခြေအနေ Past State ဖော်ပြရင်လည်း used to သုံးလို့ရပါတယ်။

*She used to have a car.
အရင်က သူ့မှာ ကားရှိတယ်။

*အရင်ကသူ့မှာ ကားရှိလေ့ ရှိသည်လို့ တော့ဘာသာမပြန်ရပါဘူး။

*He used to live in Yangon.
အရင်က သူ ရန်ကုန်မှာနေခဲ့ဖူးတယ်။

*She used to be a nurse.
သူ အရင်ကသူနာပြုလုပ်တာ။

*သူနာပြုလုပ်လေ့ရှိတာလို့ ဘာသာမပြန်ရပါဘူး။

*He used to like coffee.
အရင်က သူ ကော်ဖီကြိုက်တယ်။

*ဖော်ပြပါ ဝါကျကလည်း Past State ကိုဖော်ပြတာမို့

*I used to like vegetables.
အရင်တုန်းကဆို ကျနော်အသီးအရွက်ကြိုက်တယ်။(အခုမကြိုက်တော့ပါဘူး)

*စသည်ဖြင့် ဘာသာပြန်ရပါမယ်။

*လေ့ရှိသည် ဆိုတာ အတိတ်က ပုံမှန်လုပ်လေ့လုပ်ထ ရှိတဲ့ Habit ကိုပြောတာပါ။

*He used to visit me on Friday evenings.
သူအရင်က သောကြာနေ့ညနေဆို ငါ့ဆီအလည်လာလေ့ရှိတယ်။

*He used to go to bed at 9 p.m.
သူအရင်က ညကိုးနာရီဆို အိပ်ရာဝင်လေ့ရှိတယ်။

*ရှိတာတွေ ကြိုက်တာ ချစ်တာတွေက အခြေအနေ State ကိုပြောတာပါ။

*He used to have a dog.
အရင်က သူ့မှာ ခွေးတစ်ကောင်ရှိတယ်။(အခုမရှိတော့ဘူး)

*He used to like tea.
သူ အရင်က လက်ဖက်ရည်ကြိုက်တယ်။(အခုမကြိုက်တော့ဘူး)

*ခွေးတစ်ကောင်ရှိလေ့ ရှိသည်တို့ လက်ဖက်ရည်ကြိုက်လေ့ရှိသည်တို့က ကြားရတာအဆင်မပြေပါဘူး။

Photos from Saya Thet Zaw - Meikhtila's post 20/06/2023

"ခုလို References ပြပြီး Counter လုပ်မှသာ ဦးဇင်းလည်း By the time သုံးရတာ အရသာရှိမယ်ထင်ပါတယ်။"

လွန်ခဲ့တဲ့သုံးရက်လောက်က ဦးဇင်းကုသလက ကျနော့်နာမည်တပ်ပြီး ပို့စ်တစ်ခုတင်ထားတာဖတ်ရတယ်။
"ဦးဇင်းတက်နေတဲ့ တက္ကသိုလ်က ဆရာမက By the time the rain stops,they will go out."လို့သင်ကြောင်း ဒါနဲ့ဦးဇင်းက ဆရာသက်ဇော်ရဲ့Tensesစာအုပ်စာမျက်နှာ ၁၇၄ မှာ "By the time I arrived,she had gone out." နဲ့စာမျက်နှာ၂၂၃ မှာ "By the time you get up,we will have had coffee."ဆိုပြီး အတိတ်မှာ had +past participle နဲ့ အနာဂတ်မှာ will have+past participle ဆိုပြီး သုံးကြောင်းဆရာမကိုပြောတော့ ဆရာမကသုံးလို့ရတယ် စာအုပ်တွေရှာဖတ်ပါပြောကြောင်း ဦးဇင်းရေးတင်ထားတာဖတ်ရတယ်။
ဒါနဲ့ဦးဇင်းရှာဖတ်တော့ ဆရာမ သုံးသလို will +Vပုံစံ သုံးထားတာတွေ့ရလို့ အဲလိုလည်းသုံးရကြောင်း တင်ထားတာဖတ်ရတယ်။

*Counter ပြန်မလုပ်ရင် တချို့စာဖတ်သူတွေ အမှားကို အမှန်ထင်နေမှာစိုးလို့ Counter လုပ်တာပါ။

"တကယ်တော့ When က Tenses အစုံသုံးလို့ရပေမယ့် By the time သုံးမယ်ဆို Main Clause က past perfect နဲ့ future perfect သာသုံးပါလို့ References တွေကပြောထားပါတယ်။

အနာဂတ်ကာလမှာ
By the time it stops raining,we will have done our homework.
မိုးတိတ်တဲ့အချိန်လောက်ဆို တို့လည်းအိမ်စာပြီးလောက်ပြီ။(Main Clause အရင်ဖြစ်ပြီးတာပါ)

Main Clause က will have done ပါ။

အတိတ်ကာလမှာ
By the time it stopped raining,we had done our homework.
မိုးတိတ်တော့ငါတို့အိမ်စာပြီးနေပြီ။(Main Clause ကအရင်ဖြစ်ပြီးတာပါ)

Main Clause က had done ပါ။

*By the time ရဲ့ Main Clauseက Perfect Tenseကသာ အတွဲအမှန်ပါ။

မှတ်ချက်

*ကျန်တဲ့ Tensesသုံးမယ်ဆိုလည်း Main Clause က အရင်ဖြစ်ပြီးတာဖြစ်ရပါတယ်။

*By the time it stops raining,I will be asleep.
Or
*By the time it stops raining,I will be sleeping.
မိုးတိတ်ချိန်ဆို ငါအိပ်ပျော်နေလောက်ပြီ။

*အိပ်ပျော်တာက အရင်အဖြစ်အပျက်ပါ။

*By the time it stops raining,they will go out.
ဆိုတာ မိုးတိတ်မှ အပြင်ထွက်မဲ့သဘော
Main Clause ကနောက်မှ ဖြစ်တဲ့သဘောမို့ ရေးလို့မရပါဘူး။

*When သုံးရင်ရပါတယ်။

*ကျနော့်စာအုပ်‌ တွေရဲ့ နောက်‌ဆုံးမှာ မှီငြမ်းကိုးကားတဲ့စာအုပ်တွေ ထည့်ပေးထားပါတယ်။By the time ကို Perfect Tense နဲ့သုံးတာသိချင်ရင် Understanding and Using English Grammar (Third Edition)စာမျက်နှာ၇၂မှာဖတ်ကြည့်စေချင်ပါတယ်။

18/06/2023

Grade 11 English Unit 1

*Usage

*Dolphins are both intelligent and friendly towards humans.

*Dolphins
ယေဘုယျသဘောပြောတာဖြစ်လို့ A dolphin or The dolphin ရေးလည်းရပါတယ်။

*The dolphin is both intelligent and friendly toward humans.
Or
*A dolphin is both intelligent and friendly to humans.

*both intelligent and friendly ...

*both.....and က Correlative Conjunction ဖြစ်ပြီး တူရာစကားစုတွေကိုဆက်ရာမှာသုံးပါတယ်။

*both adjective and adjective

*They are both incompetent and degenerate.
သူတို့က အသုံးလည်းမကျဘူး။စိတ်ဓာတ်ကလည်းအောက်တန်းကျတယ်။

*both verb and verb

*He both smokes and drinks alcohol.
သူကဆေးလိပ်‌လည်းသောက်တယ်။အရက်လည်းသောက်တယ်။

*both adverb and adverb

*He wants to live both here and there.
သူကဒီလည်းနေချင်ဟိုလည်းနေချင်နေတာ။

*both noun and noun

*He has both a good command of English and a head for figures.
သူက Englishစာကောင်းသလို အတွက်အချက်လည်းတော်တယ်။

*Both....and ကို Subject နေရာမှာထားရင် Verb က Plural သုံးရပါတယ်။

*Both Mya Mya and Mu Mu treat me with respect.
မြမြရော မူမူပါ ငါ့ကိုလေးလေးစားစားဆက်ဆံတယ်။

*Both she and her daughter have the flu.
သူရောသူ့သမီးပါ တုပ်ကွေးမိနေတာ။

*Both the teacher and his wife are interested in politics.
ဆရာရော ဆရာ့ဇနီးပါ နိုင်ငံရေးစိတ်ဝင်စားတယ်။

သတိပြုရန်
အငြင်းဝါကျဆို both...and မသုံးရပါ။

*Neither coffee nor tea agrees with me.
ကော်ဖီရောလက်ဖက်ရည်ပါ ငါနဲ့မတည့်ဘူး။

*Both coffee and tea do not agree with me.လို့ရေးရင် မှားပါတယ်။

*both intelligent and friendly towards humans.

*be friendly towards+sb ရင်းရင်းနှီးနှီးဆက်ဆံတာ

*The teacher is friendly towards me.
Or
*The teacher is friendly toward me.
Or
*The teacher is friendly to me.
ဆရာကငါ့အပေါ်ရင်းရင်းနှီးနှီးဆက်ဆံတယ်။

*တိရစ္ဆာန်တွေဆို ယဉ်ပါးတာ။မကြောက်တာ။

*Dolphins are friendly to humans.
လင်းပိုင်တွေက လူမကြောက်ဘူး။(လူတွေနဲ့ ယဉ်ပါးတယ်)။

*be friendly with+sb အပြန်အလှန်ရင်းနှီးတာ
မိတ်ဆွေဖြစ်တာ။

*The teacher is friendly with me.
ဆရာနဲ့ငါ ရင်းနှီးတယ်။

*She is friendly with me.
သူကငါ့မိတ်ဆွေပါ။

*be friendly to/towards +sth သဘောတူတာ ထောက်ခံတာ။

*The Prime Minister is friendly to this project.
ဒီစီမံကိန်းကို ဝန်ကြီးချုပ်ကထောက်ခံတယ်။

17/06/2023

"offer ကို sell ရောင်းသည်/give ပေးသည် လို့ သိရင် စာပိုဒ်ရဲ့ဆိုလိုရင်း ‌အရသာရှိသွားနိုင်လား?

Grade 11 Englishအထူးထုတ်စာအုပ်စာမျက်နှာ၂၁ မှာ "E-retailers and marketers offer attractive discounts to the customers because through online shopping,they can reduce the money spent on maintaining their shops and stores."ကို

"အီလက်ထရွန်းနစ်နည်းနဲ့လက်လီရောင်းသူတွေ ဈေးကွက်ရှာဖွေရေးသမားတွေကဈေးဝယ်သူတွေကိုဆွဲဆောင်မှုရှိတဲ့လျှော့ဈေးတွေကို ကမ်းလှမ်းတတ်ပါတယ်။"ဘာလို့လည်းဆိုတော့သူတို့ကသူတို့ရဲ့ဆိုင်တွေဒါမှမဟုတ်စတိုးတွေကိုထိန်းသိမ်းရာမှာအသုံးပြုရတဲ့ပိုက်ဆံကို အွန်လိုင်းဈေးဝယ်ခြင်းနည်းနဲ့လျှော့ချနိုင်လို့ဖြစ်ပါတယ်။"ဆိုပြီးဘာသာပြန်ထားတာဖတ်ရပါတယ်။

*marketers
*marketeers လည်းသုံးလို့ရပါတယ်။

*ဒီဝါကျမှာ offer က ရောင်းချသည်/ပေးသည်လို့ပြောတာပါ။

လျှော့ဈေးနဲ့ရောင်းတာ ပေးတာ(ဒစ်စ်ကောင့်ချတာ)
*offer/give sb a discount
*offer/give a discount to sb

*offer the customers attractive discounts
Or
*offer attractive discounts to the customers
ဝယ်သူအကြိုက် ဒစ်စ်ကောင့်ပေးတာ/လျှော့ဈေးနဲ့ရောင်းတာ

*He offers dictionaries at reasonable prices.
သူအဘိဓာန်တွေကို ဈေးအသင့်အတင့်နဲ့ရောင်းတယ်။

*the money spent on maintaining their shops and stores
ဆိုင်ပြပြုထိန်းသိမ်းစရိတ်

*မူရင်းပုံစံက
*spend money on+sth/Ving

*They spend money on maintaining their shops and stores.
ဆိုင်တွေပြုပြင်ထိန်းသိမ်းဖို့သူတို့ပိုက်ဆံသုံးတယ်။

*Passive ပြောင်းရင်
*Money is spent on maintaining their shops and stores.

*Adjective Clauseပြောင်းရင်
*the money that is spent on maintaining their shops and stores

*Adjective Phrase ပြောင်းရင်
*the money spent on maintaining their shops and stores.

*ဝါကျထဲထည့်ရင်
They can reduce the money spent on maintaining their shops and stores.
သူတို့ရဲ့ဆိုင်တွေပြုပြင်ထိန်းသိမ်းရမယ့်စရိတ်ကို လျှော့ချလို့ရပါတယ်။

*အထက်ပါစာပိုဒ်ကို

"အင်တာနက်‌ ပေါ်ကနေဈေးရောင်းသူတွေ အရောင်းမြှင့်တင်ရေးသမားတွေဟာ အင်တာနက်ပေါ်မှာပဲအရောင်းအဝယ်လုပ်ခြင်းဖြင့် သူတို့ရဲ့ဆိုင်တွေပြုပြင်ထိန်းသိမ်းရမယ့်ကုန်ကျစရိတ်ကိုလျှော့ချပစ်လို့ရတဲ့အတွက် ဝယ်သူသဘောကျမယ့် လျှော့ဈေးနဲ့ရောင်းကြပါတယ်/ဝယ်သူအကြိုက် ဈေးလျှော့ပေးပါတယ်။/ဝယ်သူအကြိုက်ဒစ်စ်ကောင့်ချပေးတယ်"
လို့ဘာသာပြန်သင့်ပါတယ်။

16/06/2023

Grade 11

Unit 1 The AYEYARWADY DOLPHINS

*The dolphin is a kind of sea animal that looks like a large fish with a long pointed snout.

*the dolphin

*ရေလို့ရတဲ့ Nouns တွေက ယေဘုယျသဘောပြောရင် a/an/the မပါဘဲ အများကိန်းပုံစံသုံးလေ့ရှိတယ်။

*Children are afraid of the dark.
ကလေးတွေက ညအမှောင်ကို ကြောက်ကြတယ်။

*a/an+singular noun ပုံစံလည်းသုံးလို့ရတယ်။

A child is afraid of the dark.
ဘယ်လိုကလေးမျိုးမဆို ညအမှောင်ကို ကြောက်တယ်။

*သီးခြားသဘောဆို the နဲ့သုံးတယ်။

*The children are afraid of the dark.
ဒီကလေးတွေက ညအမှောင်ကို ကြောက်တယ်။

*The children have flu.
ဒီကလေးတွေ တုပ်ကွေးမိနေတယ်။

*The child is in hospital.
ကလေးကိုဆေးရုံတင်ထားတယ်။

*အလုပ်အကိုင် အမျိုးအစားကိုပြောတာဆို a/an သုံးလည်းရပါတယ်။
She is a nurse.
သူကသူနာပြုပါ။

I want to buy a dictionary.
အဘိဓာန်ဝယ်ချင်တယ်။

a/an
* a large fish အမျိုးအစားပြတာပါ။
*a long pointed snout အမျိုးအစားပြတာပါ။

*တိရစ္ဆာန်တွေ အပင်တွေဆိုင်ရင် ယေဘုယျသဘောပြောလည်း the+singular noun သုံးလို့ရပါတယ်။

*Grasshoppers have five eyes.
Or
*The grasshopper has five eyes.
Or
*A grasshopper has five eyes.
ဓားခုတ်ကောင်တွေမှာ မျက်လုံးငါးလုံးပါတယ်။

*The grasshopper has no ears.
Or
*Grasshoppers have no ears.
Or
*A grasshopper has no ears.
ဓားခုတ်ကောင်တွေမှာ နားမပါဘူး။

*သီးခြားသဘောဆိုရင်
The grasshopper I caught has died.
ငါဖမ်းမိထားတဲ့ဓားခုတ်ကောင်သေပြီ။

All the grasshoppers I caught have died.
ငါဖမ်းမိထားတဲ့ဓားခုတ်ကောင်တွေအကုန်သေပြီ။

*စာပိုဒ်ပါ လင်းပိုင် ကယေဘုယျသဘောပြောတာမို့
Dolphins
or
The dolphin
or
A dolphin သုံးလည်းရပါတယ်။

*a kind of sea animal that looks like a large fish
ဧရာမငါးကြီးပုံစံမျိုးပင်လယ်သတ္တဝါ

14/06/2023

"Clusters တွေသိဖို့ အရေးကြီးလား..?

Grade 11 English အထူးထုတ်စာအုပ်စာမျက်နှာ ၂၄၆က
"An earthquake can range in size."ကို
"ငလျင်က အရွယ်အစားပြောင်းလဲနိုင်ပါတယ်။"ဆိုပြီး ဘာသာပြန်ပြထားတာ ဖတ်ရတယ်။

*"ပြောင်းလဲတယ်" နဲ့နီးစပ်တဲ့ English စကားလုံးလည်း မပါ ပါဘူး။ဆက်စဥ်းစားမိတာက...ငလျင်အရွယ်အစားက ပြောင်းလဲနိုင်လား....?

*မှန်လားဆို မှားတယ်ပဲပြောရမှာပဲ။ range in size စကားစုကို မသိလို့ ဒီဝါကျမှားရတာပါ။

*English စာမှာ Clusters ဆိုတဲ့စကားစုတွေဘာသာပြန်တဲ့အခါ စကားစုအတိုင်းလေးပဲ ဘာသာပြန်ရပါတယ်။

range in size ဆိုဒ်/ပမာဏ အမျိုးမျိုးရှိ
range in age အသက်အရွယ်အစုံရှိ
range in colour အရောင်စုံရှိ
range in price ဈေးနှုန်းအမျိုးမျိုးရှိ

The trousers range in size.
ဘောင်းဘီရှည်ဆိုဒ်အမျိုးမျိုးရှိတယ်။

The team is composed of 20 players ranging in age.
အသင်းကို အသက်အရွယ်စုံကစားသမားနှစ်ဆယ်နဲ့ဖွဲ့စည်းထားတယ်။

The shoes range in colour.
ဖိနပ်က အရောင်အမျိုးမျိူးရှိတယ်။

The glasses range in price.
မျက်မှန်က ဈေးနှုန်းအမျိုးမျိုးတန်တွေရှိတယ်။

*ငလျင်ရဲ့ပြင်းအားကို a magnitude နဲ့ဖော်ပြပါတယ်။

*a magnitude ဆိုတာ the size of an earthquake /the power of an earthquake ဖြစ်ပါတယ်။

*ငလျင်ရဲ့ပြင်းအားကို ၁ ကနေ ၁၀ အထိကိန်းဂဏန်းတွေနဲ့ဖော်ပြတယ်။ပြင်းအားအများဆုံးငလျင်က a magnitude 10 earthquake ပေါ့။

*a magnitude 6 earthquake
*an earthquake of magnitude 6

*The earthquake reached a magnitude of 5 on the Richter scale.
အဲဒီငလျင်က ရစ်ချက်စတာစကေး ငါးရှိတယ်။

*range in size က

*The shoes range in size.ဆိုရင်
ဖိနပ်တွေ ဆိုဒ်အမျိုးမျိုးရှိတယ်။လို့ ပြောတာဖြစ်ပြီး။

*An earthquake can range in size.ဆိုရင်

"ငလျင်က (ရစ်ချက်စတာစကေး)ပြင်းအားအမျိုးမျိုးရှိပါတယ်။"လို့ပြောတာပါ။

မှတ်သားစရာ

range နောက်က from......to သို့ between....and လိုက်လို့ရပါတယ်။

The shoes range in price from 5000 to 9000.
ဖီနပ်တွေက ငါးထောင်တန်ကနေ ကိုးထောင်တန်အထိ ရှိတယ်။

The population of Myanmar ranges between 50 and 60 million.
မြန်မာနိုင်ငံလူဦးရေက သန်းငါးဆယ်နဲ့ ခြောက်ဆယ်ကြားမှာရှိတယ်။

There are 20 students whose ages range from 10 to 20.
အသက်ဆယ်နှစ်နဲ့ နှစ်ဆယ်ကြား ကျောင်းသားနှစိဆယ်ရှိတယ်။

13/06/2023

"ဘာသာပြန်ပြီးရင် ပြန်ဖတ်ကြည့်ဖို့လိုလား...?

Grade 11 English အထူးထုတ်စာအုပ် စာမျက်နှာ ၂၄၇ မှာ "The main threat of a tsunami is that once you see it,you cannot outrun it."ကို

"ဆူနာမီလှိုင်းရဲ့အဓိကခြိမ်းခြောက်မှုက သင်ကအဲဒါကို မြင်လိုက်တာနဲ့ "ကျော်အောင် မပြေးနိုင်တော့ပါဘူး။"ဆိုပြီး ဘာသာပြန် ပြထားတာဖတ်ရတယ်။

*ဒီစာပိုဒ် ဘာသာပြန်ရင် အဓိက သိထားရမှာက ဆူနာမီ နဲ့ လူ အပြေးပြိုင်နေတာ မဟုတ်ဘူးဆိုတာပါပဲ။သူ့ကို ကျော်ပြေးစရာအကြောင်းမရှိပါဘူး။

*outrun က တစ်ခုခုထက် သို့ တစ်ယောက်ယောက်ထက် ပိုပြီးမြန်မြန်ရွေ့နိုင်တာ မြန်မြန်ပြေးနိုင်တာကိုပြောတာပါ။

*His car can outrun mine
သူ့ကားက ငါ့ကားထက်မြန်တယ်။

*The thief outran us.
သူခိုးကပြေးတာ ငါတို့ထက်မြန်တယ်။

*ကိုယ့်နောက်က လိုက်နေတဲ့သူ လက်ကလွတ်အောင်ပြေးတာလည်း outrun ပါပဲ။

*The thief outran the policeman.
သူခိုးက ရဲလက်ကလွတ်အောင်ပြေးသွားတယ်။

*The thief could not outrun us.
သူခိုးက ငါတို့လက်ကလွတ်အောင်မပြေးနိုင်ဘူး။

*ဒါဆိုဖော်ပြပါ စာပိုဒ်ကို

""ဆူနာမီ‌လှိုင်းရဲ့ အဓိက‌ ပေးလာမယ့်အန္တရာယ်က ဧရာမလှိုင်းလုံးကြီးကို မြင်လိုက်တာနဲ့ မြင်တဲ့သူဟာ လှိုင်းနဲ့လွတ်အောင်မပြေးနိုင်ပါဘူး။"
လို့ ဘာသာပြန်မှသာ

"ဧရာမလှိုင်းလုံးကြီးကိုမြင်တော့ ကိုယ်ကပြေးပေမယ့် ဆူနာမီလှိုင်းလာတာအရမ်းမြန်လို့ လွတ်အောင် မပြေးနိုင်တာမျက်လုံးထဲ မြင်မှာပါ။"

*ကိုယ်ကပြေး လှိုင်းက လိုက်မှာပါ။

*ကျော်အောင်မပြေးနိုင်ဘူး လို့ဘာသာပြန်ရင်
ကိုယ် နဲ့ လှိုင်းလုံးကြီး ကပြေးလမ်းပေါ်မှာ ယှဉ်ပြေးနေသလို အပြေးပြိုင်သလို ဖြစ်နေမှာပါ။

10/06/2023

" ကမ္ဘာ‌ ပေါ်ရှိ ယဉ်ကျေးမှုတိုင်း......?"

ဝါရင့်ဆရာကြီးတွေ ရေးထားတဲ့ Grade 9 English စာ အထူးထုတ် စာအုပ် စာမျက်နှာ ၈၉မှာ "Every culture in the world has its own form of music that is enjoyed by all ages."ကို

" ကမ္ဘာ‌ ပေါ်ရှိ ယဉ်ကျေးမှုတိုင်းတွင် အသက်အရွယ်မရွေး ခံစားနိုင်သော ကိုယ်ပိုင်ဂီတပုံစံများရှိကြသည်"ဆိုပြီး "Every culture ကို ယဉ်ကျေးမှုတိုင်း"ဆိုပြီး ဘာသာပြန်ပြထားတာဖတ်ရတယ်။

*မြန်မာစကားမှာ ယဉ်ကျေးမှုတိုင်း လို့ ရှိလား ဆိုတာစဉ်းစားရမှာပါ။

* (ပန်းချီ ဂီတ ကဗျာ စာပေ ရုပ်ရှင် အနုပညာ)ယဉ်ကျေးမှု သို့ ကိုးကွယ်ယုံကြည်မှုဓလေ့ထုံးတမ်းကိုပြောတာဆိုရင် culture က ရေလို့မရနာမ်မို့
a culture လို့မရေးရပါဘူး။
cultures လို့မရေးရပါဘူး။
every culture လို့ မရေးရပါဘူး။

*American culture အမေရိကန်ဓ‌ လေ့ထုံးတမ်းယဉ်ကျေးမှု
*European culture ဥရောပ ဓလေ့ထုံးတမ်းယဉ်ကျေးမှု
*African culture အာဖရိက ဓလေ့ထုံးတမ်း ယဉ်ကျေးမှု
*Korean culture ကိုရီးယား ဓလေ့ထုံးတမ်းယဉ်ကျေးမှု
*Islamic culture အစ္စလာမ်မစ် ဓလေ့ထုံးတမ်းယဥ်ကျေးမှု

*The Ministry of Religious Affairs and Culture
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

*သတိပြုစရာ
*the American culture စသည်ဖြင့် the နဲ့မရေးရပါဘူး။

*ကိုယ်ပိုင်ယုံကြည်ကိုးကွယ်မှု ဓလေ့ထုံးတမ်း စာပေ ဂီတ အနုပညာ ယဉ်ကျေးမှု ရှိတဲ့ လူအဖွဲ့အစည်း သို့ နိုင်ငံကို ပြောတာဆို culture က ရေလို့ရတဲ့ နာမ်ပါ။

*an ancient culture ရှေးခေတ် လူ့အဖွဲ့အစည်း
*ancient cultures ရှေးခေတ်လူ့အဖွဲ့အစည်းများ

*different cultures မတူကွဲပြားတဲ့နိုင်ငံများ
သို့ လူ့အဖွဲ့အစည်းများ

*all cultures နိုင်ငံအားလုံး သို့ လူ့အဖွဲ့အစည်းအားလုံး

"every culture in the world ဆိုရင်

ကိုယ်ပိုင်ယုံကြည်ကိုးကွယ်မှု ဓလေ့ထုံးတမ်းစာပေ ဂီတအနုပညာ ယဉ်ကျေးမှု ရှိကြတဲ့ ကမ္ဘာ‌ပေါ်ရှိ နိုင်ငံတိုင်း မှာ "လို့ ဘာသာပြန်သင့်ပါတယ်။

*ဒုတိယစာပိုဒ်မှာ"In Myanmar,we have our own traditional classical music"မြန်မာနိုင်ငံမှာဆိုလည်း ကိုယ်ပိုင်ရိုးရာ ဂန္တဝင် ဂီတ"ရှိတယ်လို့ဆိုထားတယ်မလား။

*Every culture in the world ကမ္ဘာ‌ပေါ်ရှိ ကိုယ်ပိုင်ဓလေ့ထုံးတမ်းယဉ်ကျေးမှုရှိတဲ့နိုင်ငံတိုင်းမှာ....ကိုယ်ပိုင်တေးဂီတ ရှိတယ်...In Myanmar မြန်မာနိုင်ငံမှာလည်းရှိတယ်"လို့ပြောချင်တာ။
"ယဉ်ကျေးမှုတိုင်းမှာ ကိုယ်ပိုင်ဂီတပုံစံများရှိကြသည်"ဆိုတာကို ဖတ်ကြည့်ပါ။

09/06/2023

"ရူးကြောင်ကြောင်သစ်ရွက်..?"

Grade 11 English အထူးထုတ်စာအုပ်တစ်အုပ်စာမျက်နှာ ၁၆၂မှာ "Besides,I don't want you to keep looking at those silly leaves."ကို

"ဒါ့အပြင် ငါက နင့်ကို "အဲဒီရူးကြောင်ကြောင် သစ်ရွက်တွေကို "မကြည့်နေစေချင်ဘူး။"ဆိုပြီး silly leaves ကို ရူးကြောင်ကြောင်သစ်ရွက်တွေ "ဆိုပြီး ဘာသာပြန်ပြထားတာဖတ်ရတယ်။

*မြန်မာစကားမှာ ရူးကြောင်ကြောင်သစ်ရွက် ရယ်လို့ ရှိလားဆိုတာ စဉ်းစားဖို့လိုပါတယ်။

*I am tired of answering silly questions.
မဟုတ်တရုတ်မေးခွန်းတွေဖြေရတာ စိတ်ကုန်နေပြီ။

*silly questions မဟုတ်တရုတ်မေးခွန်းတွေ

*His book is full of silly mistakes.
သူ့စာအုပ်မှာ ပရမ်းပတာအမှားတွေ အများကြီးပဲ။

*silly mistakes ပရမ်းပတာအမှားများ

*Don't be silly.
အသိဉာဏ်မမဲ့စမ်းပါနဲ့။

*He has a silly sense of humor.
သူက ဟာသဉာဏ်ရှိတယ်။

*a silly sense of humor ဟာသဉာဏ်

*You look pretty silly in this dress.
ဒီဝတ်စုံနဲ့ ဆို နင်က အရမ်းကလေးကလားဆန်တယ်။

*I dislike playing silly games.
ကလေးကလားကစားနည်းတွေ မကြိုက်ဘူး။

*silly ကလေးကလားဆန်သော ရှက်စရာကောင်းသော

*silly ကို
အရေးမပါသော
အဓိပ္ပာယ်မရှိသော ဆိုပြီးသုံးလို့ရသေးတယ်။

*Don't get upset over silly things.
ကိုယ့်အတွက်အရေးမပါတဲ့အရာတွေအတွက်နဲ့ စိတ်အနှောင့်အယှက်အဖြစ်မခံပါနဲ့။

*I am tired of watching silly movies.
အဓိပ္ပာယ်မရှိတဲ့ရုပ်ရှင်တွေ မကြည့်ချင်တော့ဘူး။

*စာပိုဒ်ပါ those silly leaves ကိုလည်း
"ရူးကြောင်ကြောင်သစ်ရွက်တွေ"လို့ ဘာသာပြန်မယ့်အစား

"ကိုယ့်အတွက် အရေးမပါတဲ့ သစ်ရွက်တွေကြွေကျတာ"
သို့
"အဲဒီဘာမှမဟုတ်တဲ့ သစ်ရွက်တွေကြွေကျတာ" ကို နင်တစ်ချိန်လုံးကြည့်နေတာလည်း ငါသဘောမကျဘူး"လို့ ဘာသာပြန်သင့်ပါတယ်။

*လူငယ်စကားနဲ့‌ ပြောရင်" နင့်အတွက် စောက်ရေးမပါတဲ့သစ်ရွက်တွေ ကြွေကျတာကို နင်တစ်ချိန်လုံး ကြည့်နေတာကိုလည်း ငါမကြိုက်ဘူး။"ပေါ့။

*He drank himself silly.
သူအရမ်းမူးနေပြီ။

*She laughed herself silly.
သူခွက်ထိုးခွက်လန်ရယ်တယ်။

*Grade 9 နဲ့ Grade 12 English အထူးထုတ် ထုတ်ဖို့ စီစဉ်နေတဲ့ဆရာများလည်း မသိတာပါရင် အဘိဓာန်ကြည့်ကြပါလို့ ပြောချင်ပါတယ်။"

*‌ကျနော်ကတော့ ကျောင်းသူ ကျောင်းသားအကျိုးအတွက် အမှားတွေ့ရင် အချစ်အမုန်းမပါဘဲ ဆက်ပြီးဝေဖန်ထောက်ပြနေဦးမှာပါ။

08/06/2023

"အဘိဓာန်ကြည့်ကြပါ "

Grade 11 အထူးထုတ်စာအုပ်စာမျက်နှာ ၁၆၁ မှာ
Then I will go too.ကို အဲ့ဒီနောက်မှာ ငါလည်းသွားရတော့မယ်"ဆိုပြီး ဘာသာပြန်ပြထားတာဖတ်ရတယ်။

*မမှားဘူးထင်ရပေမယ့် မမှန်ပါဘူး။တစ်သက်လုံးကသိလာတဲ့ သွားတယ် ဆိုတဲ့ go က ဒီစာပိုဒ်မှာ die ပါ။ "ငါလည်းသေတော့မှာ"လို့ ဘာသာပြန်ရမှာပါ။

*go သေသည်။

*He has gone in hospital.
Or
*He has died in hospital.
သူဆေးရုံမှာ သေသွားပြီ။

After her father went,she inherited a bomb.
သူ့အဖေသေပြီးတော့ သူပိုက်ဆံတွေအများကြီး အမွေရတယ်။

*He perished in the fire.
သူမီးလောင်ပြီးသေတယ်။

*He met his death at the hands of the enemy.
Or
*He met his end at the hands of the enemy.
Or
*He met his fate at the hands of the enemy.
သူ ရန်သူ့လက်ချက်နဲ့သေတယ်။

*He departed this life at the age of 10.
Or
*He passed away at the age of 10.
Or
*He passed on at the age of 10.
သူဆယ်နှစ်အရွယ်မှာ သေသွားတယ်။

*After his parents kicked the bucket ,he inherited the house.
သူ့မိဘတွေဆုံးပြီး သူဒီအိမ်ကြီးအမွေရတယ်။

မှတ်သားစရာ

*die မသုံးချင်တဲ့အခါ Euphemism အနေနဲ့ die အစား
go
pass away
pass on
depart this life သုံးပါတယ်။

07/06/2023

Grade 11 စာအုပ်တစ်အုပ်ရဲ့စာမျက်နှာ ၁၅၇
"The Last Leaf" မှာ

"many people came who were interested in art."ကို
"အနုပညာမှာ"စိတ်ဝင်စားကြတဲ့လူတွေများစွာ လာရောက်ကြပါတယ်။"

"they enjoyed living among so many artists".ကို
"သူတို့က "အနုပညာရှင်တွေ"အများကြီးကြားမှာ နေရတာကို နှစ်သက်ကြတယ်။"

""Both were artists who had recently come to New York to make their living."ကို
"သူတို့နှစ်‌‌ယောက်စလုံးက အသက်မွေးဝမ်းကြောင်းလုပ်ဖို့ မကြာသေးမီကမှ နယူးယောက်မြို့ကို ပြောင်းလာခဲ့တဲ့"အနုပညာရှင်တွေ"ဖြစ်ကြပါတယ်။"ဆိုပြီး

*art ပန်းချီပညာ ကို အနုပညာ
*artists ပန်းချီဆရာတွေ ကို အနုပညာရှင်တွေဆိုပြီး ဘာသာပြန်ပြထားတာ ဖတ်ရတယ်။

*.ဘာသာပြန်ဆိုသူဟာစာပိုဒ်ကို ဘာသာပြန်နေပေမယ့် စိတ်မဝင်စားတာ တွေ့ရတယ်။ စာပိုဒ်ထဲမှာ နေမကောင်းတဲ့ကြားက ဒီလောက်ပုံဆွဲ ချင်ပါတယ်လို့ အကြိမ်ကြိမ်ပြောနေတဲ့ ဇာတ်ကောင် ပန်းချီဆရာမတွေကို အနုပညာရှင်တွေ လုပ်ပစ်တာ ထူးဆန်းတယ်။

*art ပန်းချီ

*I am fascinated with art.
ပန်းချီဆွဲတာကို အရမ်းစိတ်ဝင်စားတာ။

*He is studying art.
သူပန်းချီဆွဲနည်းလေ့လာနေတာ။

*ပန်းချီ ပန်းပု ဂီတ စာပေ ရုပ်ရှင် အနုပညာကို"the arts" လို့ သုံးရပါတယ်။

*artist က ပန်းချီဆရာလည်း ဟုတ်တယ်။

*အဆိုတော် မင်းသား မင်းသမီး အကသမား စတဲ့အနုပညာရှင်လည်းဟုတ်တယ်။

*He is an artist.
သူက ပန်းချီဆရာတစ်ယောက်ဖြစ်တယ်။

*Several artists in the show last night were arrested .
မနေ့ည ဖျော်ဖြေပွဲက အနုပညာရှင်သုံးလေးငါးယောက် အဖမ်းခံရတယ်။

*ဒါပေမယ့် ဒီစာပိုဒ်မှာ "She(Johnsy) wants to paint a picture of the Bay of Naples some day."လို့ Sue က ပြောထားလေတော့ "ပန်းချီဆရာမ"တွေလို့ပဲ ဘာသာပြန်သင့်ပါတယ်။

*The Last Leaf မှာ ပန်းချီဆွဲတာပဲပါတယ်။
ဆိုတာ ကတာ တီးတာ မပါပါဘူး။

*စာပိုဒ်ထဲမှာ
"ငါဒီပုံတွေ မနက်ဖြန်ပို့ရမှာ"
"နင့်အခန်းမှာ ဆွဲလို့မရဘုးလား"ဆိုတာတွေက ပန်းချီဆရာမ တွေမှန်း သိသာပါတယ်။

Photos from Saya Thet Zaw - Meikhtila's post 06/06/2023

* ဒီရက်ပိုင်း လာလာမေးကြတာက English Usages တွေသိအောင် ဘယ်လိုလေ့လာရမလဲ ဆရာတဲ့။

*အဖြေက "English အဘိဓာန်တွေ"ကြည့်ပါ။ကျနော်လည်း အဘိဓာန်တွေ References တွေကြည့်တာပါပဲ။အောက်ကစာအုပ်တွေက ကျနော်ကြည့်ဖြစ်တဲ့စာအုပ်တွေပါပဲ။ဝယ်ပြီးလေ့လာချင်သူများအတွက်ပါ။Myanmar Book Centre မှာ ဝယ်လို့ရပါတယ်။

* English Usages တွေသုံးတတ်ချင်တယ်။စာအုပ်တွေဝယ်ဖို့ လက်လှမ်းမမီဘူးဆိုရင်ကျနော်ဖွင့်ထားတဲ့ ရာသက်ပန် အရေးသင်တန်း private group ကို ရာသက်ပန်သင်တန်းကြေးသုံးသောင်းသွင်းပြီး တက်ပါ။

*တချို့ဆရာတွေက Grammar အရေးမကြီးဘူးပြောတယ် ဟုတ်လား ဆရာတဲ့။

*အဖြေက "အရေးမကြီးဘူးထင်ရင် မလေ့လာနဲ့ပေါ့။"ဒါပဲပြောစရာရှိတယ်။အငြင်းပွားနေစရာ အကြောင်းမရှိပါဘူး။

05/06/2023

အဘိဓာန်မကြည့်ဘဲရမ်းဘာသာပြန်နေတဲ့အထူးထုတ်ဆရာတွေမုန်းမှာစိုးပြီး အမှားတွေမထောက်ပြရင် ဒီလိုအမှားတွေလက်ဆင့်ကမ်းနေကြမှာပေါ့။

အထူးထုတ်စာအုပ်တစ်အုပ်စာမျက်နှာ ၁၁၆ မှာ
"The Golden Bridge is a major tourist attraction and the most unique point of its architecture is a contrast between the elegant curve and the giant hands hold the bridge."ကို
"ရွှေတံတားက အဓိကကမ္ဘာလှည့်ခရီးသည်ဆွဲဆောင်မှုဖြစ်ပြီး ဒီဗိသုကာပညာရဲ့ပြိုင်ဖက်အကင်းဆုံးအချက်ကတော့ ကျက်သရေရှိတဲ့အကွေးနဲ့ တံတားကိုကိုင်ထားတဲ့ ကြီးမားတဲ့လက်အကြားခြားနားချက်ဖြစ်ပါတယ်။"ဆိုပြီး ဘာသာပြန်ပြထားတယ်။

*The Golden Bridge ..ရွှေတံတား လို့ ဘာသာမပြန်ရပါဘူး။ရွှေနဲ့ဆောက်ထားတာမဟုတ်ဘူး။ရွှေလို အဝါရောင် ဆေးသုတ်ထားတဲ့ သံမဏိတံတားပါ။

*the most unique point ..အများနဲ့မတူ အထူးခြားဆုံးဗိသုကာပုံစံ

ပြိုင်ဖက်ကင်းတာမဟုတ်ဘူး။

*its architecture တံတားရဲ့ ဒီဇိုင်း

*the architecture of the Golden Bridgeပါ။

*ဗိသုကာ ပညာမဟုတ်ဘူး။

*I am studying architecture.
ကျနော်ဗိသုကာပညာလေ့လာနေတယ်။

*The architecture of the bridge is unique.
ဒီတံတားရဲ့ဒီဇိုင်းက တစ်ခြားဒီဇိုင်း တွေနဲ့မတူဘူး။ထူးခြားတယ်။

*the elegant curve...လှပရိုးရှင်းဆွဲဆောင်မှု ရှိပြီး ပြေ‌ ပြေလေးကွေးထားတဲ့တံတားဒီဇိုင်း

*ကျက်သရေရှိတဲ့အကွေးမဟုတ်ဘူး။

*the giant hands hold the bridge..ဝါကျဖြစ်နေ

ဒီဝါကျက မှားနေတာပါ။between the elegant curve and နောက်ကလည်း Noun ပဲဖြစ်ရပါမယ်။ဝါကျ လုံးဝမလိုက်ရပါဘူး။

*the giant hands that hold the bridge
Or
*the giant hands holding the bridge ဖြစ်ရပါမယ်။
*တံတားကြီးပြိုလဲမသွားအောင် အောက်ကနေ တံတားရဲ့ဝန်ကို ထိန်းပေးထားတဲ့ ဧရာမလက်ကြီးနှစ်ဖက်ပုံစံ ဗိသုကာဒီဇိုင်း

*တံတားကို ကိုင်ထားတဲ့ကြီးမားတဲ့လက် မဟုတ်ပါဘူး။ကိုင်တာနဲ့ တံတားဝန်ကို ထိန်းပေးထားတာမတူပါဘူး။ hold က ဒီနေရာမှာ ကိုင်တာမဟုတ်ပါဘူး။

The branch will not hold you.
ဒီသစ်ကိုင်းက နင့်ကိုယ်အ‌ လေးချိန်ကို ထိန်းနိုင်မှာမဟုတ်ဘူး။

အထက်ပါစာပိုဒ်ကို

*"Golden Bridge တံတားကြီးက ကမ္ဘာလှည့်ခရီးသွားတွေကို အဓိကဆွဲဆောင်တဲ့အရာတစ်ခုဖြစ်ပြီး ဒီတံတားကြီးရဲ့ လှပရိုးရှင်း ဆွဲဆောင်မှုရှိပြီး ပြေ‌ ပြေလေး ကွေးထားတဲ့ တံတားဒီဇိုင်းနဲ့ တံတားကြီးပြိုလဲမသွားအောင် အောက်ကနေ တံတားရဲ့ဝန်ကို ထိန်းပေးထားတဲ့ ဧရာမ‌‌ လက်ကြီးနှစ်ဖက်ပုံစံ ဗိသုကာ ဒီဇိုင်းနှစ်ခုကြားက မတူကွဲပြားတဲ့ ပုံစံက ဒီ Golden Bridge တံတားကြီးရဲ့ အများနဲ့မတူတဲ့ အထူးခြားဆုံးဗိသုကာဒီဇိုင်းပုံစံပဲဖြစ်ပါတယ်။"လို့ ဘာသာပြန်သင့်ပါတယ်။

Website