New Yorker Mommy
Sharing about Beauty, shopping, Food and General Lifestyle of New York
Happy International Women’s day…to all my ladies
အသက် ၄၀ကျော် Single momတစ်ယောက်….
အသက် ၄၀ကျော်မှ ဘဝစတာလို့ပြောကျပေမဲ့ ကိုယ့်အတွေ့အကြုံအရ
ဘယ်အသက်မှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အချိန်၁၀၀%ကို ဘာကြောင့်ဖြစ်ဖြစ် ရင်းနှီမြှုပ်နှံမှုမပြုမိရင်အကောင်းဆုံးပါပဲ
အထူးသဖြင့် အိမ်ထောင်ရှင် အမျိုးသမီးအများစုတွေက
ဘယ်အသက်မှာဖြစ်ဖြစ် အရာရာကို အလေးအနက်ထားပြီး အချိန်တွေ ဘဝတွေ အကုန်လုံးကို ရင်းနှီးမြှုပ်နှံဖို့ဝန်မလေးပဲ ရင်းနှီးမြှုပ်နှံကျတာ ပြန်ပေါ်မလာကျတဲ့အထိပါပဲ
ကိုယ်မျက်နှာကြီး မလှတော့တာလည်းသတိမပြုမိ ကိုယ်ခန္ဓာကြီးကလည်း ထိန်းသိမ်းဖို့ Gymအတွက်လည်းအချိန်မပေးနိုင်တော့တာကြောင့် ခါးလားမသိ တင်ပါးလားမသိဖြစ်ကုန်ရတဲ့ အထိ လက်ချောင်းတွေဆိုတာ ချော်မနေတော့ပဲ ပုကွလေးတွေဖြစ် လာတဲ့အထိ ပါပဲ အပြင်လောက နဲ့ကျတော့လည်း အဆက်အသွယ်ပြတ်တွေလည်းပြတ်ပေါ့ကွယ်
နောက်ဆုံးမှာ မိသားစု လင်ယောကျ်ား သားသမီးဆိုတဲ့ ဆိုင်းဘုတ်နောက်ပြေးလိုက်ရင်း ပြေးလမ်းပေါ်မှာ တစ်ယောက်ထဲ မောနေတာ မသိတဲ့ အမျိုးသမီးတစ်ဦးစတင်ဖြစ်လာပါတော့တယ်
ဒီအမျိုးသမီး အများစုရဲ့ နောက်ဆုံးဆုကတော့ Single mom ဖြစ်ရင်ဖြစ် မဖြစ်ရင် တစ်နေရာမှာ ချောင်ထိုးခံရတော့တဲ့ ဆုတံဆိပ်ရလိုက်တာပါပဲ
ကျမတို့တွေ lifestyles ကို ပြောင်းဖို့ ဘယ်လိုပြောင်းလဲရမလဲဆိုတာ နောက်တစ်ခေါက် တင်မဲ့ post လေးကို စောင့်ပြီးဖတ်ပေးကျပါရှင်
ရှိသမျှ အိမ်ထောင်ရှင် အမျိုးသမီးတိုင်းကို မဆိုလိုပါရှင်
အမြင်/ အယူအဆ မတူရင် ကျော်ဖတ်ပါ မတိုက်ခိုက်ပါနှင့် ဆွေးနွေးခြင်းကို လက်ခံပါတယ်
Merry Christmas to you all….
A well known New Trend and Brand - Naked Wolf
ကိုယ်က ဖိနပ် 👟မိုက်မိုက်လေးတွေဆို ရူးသွပ်သူတစ်ယောက်ပါ
Brand ပေါ်မှာမရူးသွပ်ပါ Design, Style and Color ပေါ်မှာသာရူးသွပ်သူတစ်ယောက်ပါ
ဒီဖိနပ် လေးက စတင်ထုတ်လုပ်သူက Hong Kong ကပါ
သူ့ရဲ့ Warehouse က UK မှာရှိပါတယ်
ဒီBrand က Luxury Brand ထဲမှာပါဝင်ပြီး ဘယ်တော့မှ ဈေးမချပဲ Thanksgiving ရက်တစ်ရက်သာ ဈေးချပေးပါတယ်…..
ဈေးနှုန်းက $270ပါ Tax မပါ
အရမ်းမိုက်ပါတယ် ❤️❤️❤️S
ကိုယ်ရဲ့ အကြိုက်ဆုံးBrand တွေထဲက တစ်ခုပါ ကိုယ်ကBrand ကိုရူးသွပ်သူလားဆိုရင်မဟုတ်ပါဘူး Style ရယ် Design ရယ် Color ရယ် ထပ်တူကျနေမှ အဲ့ဒီ့ပစ္စည်းကိုရွေးချယ်တာပါ
BRAND ကို အဓိကထားမဝယ်ပါဘူးရှင်
US မှာကလည်း Bangkok လိုမဟုတ်ပဲ Brand တွေပဲရှိတော့ Brand ကိုသုံးလိုက်ရတာပေါ့နော် Tory Burch ကတော့ brand ကြီးထဲကတော့မဟုတ်တဲ့ အတွက် Discount ချတဲ့အချိန်ကိုမျှော်လို့ရပါတယ်
INES PLATFORM ESPADRILLE ဖိနပ်ရဲ့ နံမည်ပါ
သူ့မှာ အရောင် ၃ရောင်လာတယ်
Black, Brown and white
တန်ဖိုးကတော့ $258 ကို $150နဲ့ဝယ်လို့ရတာပါ Tax မပါဝင်သေးပါ
ပုံမှန်ဆိုရင် ဈေးအရမ်းကြီးတယ် ဒီမှာက Brand ကြီးတွေကဈေးမချပါဘူး Tory Burch ကတော့ သူ့Style အချိန်ကုန်ရင်ဈေးချပါတယ် ပွဲတော်ရက်တွေဆိုရင်လည်းချပေးပါ
တယ်
ကိုယ်ကတော့ Black Friday တို့ Xmas နဲ့ New Year ပွဲတွေကို…စောင့်လိုက်တယ် အဲ့ချိန်ကျရင်အသစ်တွေကို ဈေး
လျှော့ပေးလို့ပါ
Carolina Herrera brand ကနေ Good Girl ဆိုနံမည် နှင့်ရေမွှေးရနံ့တွေကို သူများ နှင့်မတူအောင်ထုတ်တယ်
အဓိကစုစုပေါင်း ၅မျိုးထုတ်ပါတယ်
၁) Good Girl
၂) Good Girl Supreme
၃) Good Girl Legere
၄) Very Good Girl
၅) Good Girl Blush
ကိုယ်က အဲ့ဒီ့အထဲမှာမှVery Good Girl နှင့် Good Girl Blush ကို အကြိုက်ဆုံးပဲ
၃ရက်တိုင် ကိုယ်ပေါ်မှာ အင်္ကျီပေါ်မှာစွဲနေပါတယ် ရနံ့ကလည်း ထူးခြားတဲ့ အပြင် ကိုယ်သွားခဲ့တဲ့နေရာမှာကျန်နေခဲ့ပါတယ် ဈေးကြီးပေးပြီး အရမ်းတန်ပါတယ်ရှင်….
Black Friday မှာ အမေရိကားတစ်နိုင်ငံလုံး 11/24/2023 6am to 12midnight ထိ ပစ္စည်းတွေကို ပျော်ရွှင်စရာဈေးတွေ နဲ့ဝယ်ကျတာ အမျိုးတို့ကော US online shopping တွေကဝယ်ပြီးကျပြီလား😬😬😬
Happy Diwali ……
အသက် ၃၀ကျော် မှစ အလှတရားတွေ ကိုယ် နှင့်ကပ်ပါလာဖို့ အိုမင်းရင့်ရော်မှုကို နည်းမျိုးစုံ နှင့် ကာကွယ်ကျပါစို့
မင်္ဂလာရှိသော သီတင်းကျွတ်နေ့လေးပါရှင်
မြန်မာနိုင်ငံ မှ အမျိုးများ နှင့် အခြားနိုင်ငံများတွင်ရောက်ရှိနေသော အမျိုးများ USA မှာ ရှိသော အမျိုးများ အားလုံး ကျန်းမာ ချမ်းသာ ရွှင်လန်းကျပါစေကြောင်း SHWE myanmar food မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ရှင်….❤️❤️❤️❤️
ဆံသားတွေ တစ်နေ့တစ်နေ့ ကျွတ်နေလို့စိတ်ညစ်နေတဲ့ သူတွေ အတွက် နိုင်ငံတစ်ကာမှာ နှင့် US မှာ နံမည်ကြီးနေတဲ့ Nutralfolလေးကို unboxing လုပ်ပြပေးတာပါ
သုံးပြီးရင် Result လေး Sharing လုပ်ပေးပါ့မယ်
ဈေးနှုန်းလေး အကြောင်းပြောရမယ်ဆိုရင် သောက်ဈေးတစ်ဘူးကို &88 ပေးနေရတဲ့ အချိန်မှာ Limited Edition ဘူး လေးထဲမှာ သောက်ဆေးရယ် Shampoo ရယ် Conditioner ပါမှ $88 ဆိုပြီးထွက်လာတော့ အရမ်းကောင်းသွားတော့ပေါ့
For those who are upset because their hair is falling out day by day, I will show you unboxing Nutralfol, which is famous in the country and in the US.
After using it, I will share the result
If I have to talk about the price, when I was paying $88 for a bottle, the limited edition bottle with the shampoo and conditioner came out to $88, so it was very good.
Thanksgiving, Christmas နှင့် New Year နီးလာရင် cosmetic brandတွေ skincare brand တွေ perfume brand တွေက တစ်နှစ်မှာတစ်ခါပဲဝယ်လို့ရနိုင်မဲ့ ပစ္စည်းတွေကို Limited Edition အနေနဲ့ထုတ်ပေးတတ်တယ်
Tarte ဆိုတဲ့ cosmetic brand ကတော့ ကိုယ့်ရဲ့ အကြိုက်ဆုံးထဲက တစ်ခုဖြစ်လို့
Eyeshadow palette လေး၃ခုရယ် Blush palette လေးတစ်ခုပါတာမှ $54ပဲပေးရလို့ အရောင်တွေကလှဈေးလေးကလည်းတန် တစ်နှစ်မှာတစ်ခါပဲဝယ်လို့ပဲရတာကြောင့် ဝယ်ခဲလိုက်တယ်….
ကျမတို့အနေနှင့် ကိုယ့်ရဲ့ Skin လေးတွေကျန်းမာနေဖို့ နံမည်ကြီး skincare တွေသုံးတဲ့ အပြင် lifestyle ကိုလည်းပြုပြင်ဖို့လိုပါတယ်
London က Dermatologist တစ်ယောက်ကပြောထားတာကLifestyleကလည်းကိုယ့်ရဲ့ Skin ကျန်းမာဖို့ အရေးကြီးတဲ့ နေရာကနေပါဝင်ပါတယ်ဆိုတဲ့အကြောင်း….
Lifestyle factor လေးကို သိပေမဲ့ ဘဝရဲ့တိုက်ပွဲကြားမှာ မေ့နေတတ်ပါတယ်
အထူးသဖြင့်ကျမတို့လို သားသမီးတစ်ဖက် အလုပ်တစ်ဖက် အိမ်မှုကိစ္စတစ်ဖက်နှင့် တိုက်ပွဲခေါ်သံကြားကမေမေများပိုမေ့နေတတ်ပါတယ်
ဒါ့ကြောင့် အောက်ကပုံလေး နှင့် ချစ်ခြင်းတွေထည့်ပြီး သတိလေးပေးပါရစေ❤️❤️❤️❤️
အာရှသားတွေရဲ့ အသားအရေ နှင့် အနောက်နိုင်ငံသားတွေရဲ့ အသားအရေခြင်းမတူပါဘူး ရာသီဥတုလည်းမတူပါဘူး
ခုပုံလေးကတော့ Skincareမှာ Topဖြစ်နေတဲ့ Asian နိုင်ငံတစ်ခုဖြစ်တဲ့ Korean Skincare နေ့စဉ်ပြုလုပ်နည်းလေးပါရှင်…..
Skincare ပုံမှန်သုံးနည်းအဆင့်ဆင့်ပါရှင် မေမေတို့ တစ်ပတ်ဘယ်နှစ်ကြိမ်သုံးလို့ရမလဲ နေ့ ညသုံးရမှာလား နေ့တစ်ကြိမ်ပဲသုံးရမလား ဟိုဟာလား ဒီဟာလား ဖြစ်နေတဲ့မေမေတွေ အတွက် ဒါလေးကို အသုံးဝင်စေမှာပါနော်…..
Morninging နှင့် Night နှစ်ကြိမ်တော့ မျက်နှာလေး ကို တင်းရင်း ဖြူဖွေး သန့်စင် လင်းလက်နေအောင်facial လေးတွေအချိန်ပေးပြီးလုပ်ဖို့လိုပါတယ်ရှင်…..
တစ်ချို့က နေ့ကျဘာလိမ်းရမယ်ဆိုတာ သိပြီး ည မအိပ်ခင် ဘာလိမ်းရမယ်မသိတဲ့ သူများအတွက်ဒါလေးကအကျိုးရှိစေမယ်ထင်ပါတယ် ရှင်…..
Single Mom တစ်ယောက်ရဲ့
အတွေးအခေါ်
အတွေ့အကြုံ
ရပ်တည်မှု
အလှအပ
နေထိုင်မှု
သားသမီးတစ်ယောက် ကို ပြုစု ပျိုးထောင်မှုများ နှင့်
သူမရဲ့ ပျော်ရွှင်စွာ အချိန် ကုန်ဆုံးမှုများကို
မျှဝေပေးချင် တဲ့ ရည်ရွယ်ချက် နှင့် ဒီPage လေးကို ဖန်တီးထားတာပါရှင်
မှားတာရှိခဲ့ရင်လည်း ခွင့်လွှတ်ပါ မှန်တာပါရင်လည်း ယူသုံးပါလို့…..
ဒီPage လေးကို ဝင်ရောက်ကြည့်ရှူသူတိုင်းကို ချစ်ခြင်းများစွာဖြင့် ကြိုဆိုပါတယ် ❤️❤️❤️❤️