Nyein

Nyein

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nyein, Health/Beauty, .

08/12/2023

ဖတ်ဖြစ်အောင် ဖတ်ပေးနော်
မဖတ်ဖြစ်ရင်တောင်မှ Save ထားပေါ့
အားလပ်ချိန် ပြန်ဖတ်လိုရအောင်
အောက်ကရေးထားတဲ့ စာသားနဲ့
အပြင်မှာ တညီထဲဖြစ်ဖူး ကြုံဖူးကြမှာပါ :-)

ညနေ တစ်ခုမှာ
ဆိတ်လေး တစ်ကောင်ဟာ
တောင်ကုန်းပေါ်မှာ ဆော့နေတယ်။

ရုတ်တရက်
သစ်ပင် ခြုံကြားထဲက
ဝံပုလွေတစ်ကောင် ရောက်လာပြီး
ဆိတ်ကို စားမယ်ပြင်တယ်။

ဆိတ်လေးဟာ
အသံကျယ်နဲ့အော်ပြီး သူငယ်ချင်းတွေကို
အကူအညီ လှမ်းတောင်းတယ်။

နွားက
သစ်ပင်ခြုံထဲက တစ်ချက်လှမ်းကြည့်ပြီး
ဝံပုလွေကို မြင်တော့ ပြေးပါလေရော။

မြင်းက
ခေါင်းငုံပြီး တစ်ချက်ကြည့်၊
ဝံပုလွေကိုတွေ့တော့ ဝှစ်ကနဲကိုပြေးပြန်ရော။

၀က်ကလည်း
ဖြတ်သွားရင်း ဝံပုလွေကိုမြင်တာနဲ့
ကမန်းကတန်း တောင်ပေါ်က ဆင်းပြေးရော။

တောင်အောက်မှာရှိတဲ့ ခွေးလေးက
ဆိတ်အော်သံ ကြားတော့
ကမန်းကတန်းတောင်ပေါ်ပြေးတက်
ခြုံပုတ်တွေထဲက ဖြတ်ပြီး
ဝံပုလွေရဲ့ လည်မြိုကို ကိုက်ခဲပစ်လိုက်တယ်။

ဝံပုလွေ နာလွန်းလို့ ထအော်တယ်၊
ခွေးမာန်ဖီ လိုက်တော့
လန့်ပြီး ပြေးပါလေရော။

အိမ်ပြန်ရောက်တော့၊ သူငယ်ချင်းတွေ
အားလုံး ရောက်လာတယ်။

နွားက
နင်ကဘာလို့ငါ့ကိုမခေါ်တာလဲ..
ငါ့ဂျိုနဲ့ သူ့ဗိုက်ပေါက်အောင် လုပ်ပစ်မှာပေါ့။

မြင်းက
နင်က ဘာလို့ ငါ့ကိုမပြောလဲ၊
ငါသူ့ခေါင်းကို ခွာနဲ့ကန်ပစ်မှာပေါ့။

ဝက်က
နင် ငါ့ကို ခေါ်ရောပေါ့
ငါတစ်ချက် ပက်လိုက်ရင်
သူတောင်ပေါ်ကတောင် ပြုတ်ကျသွားမှာ။

အဲ့လို ပြောသံတွေကြားမှာ
ခွေးလေး မပါခဲ့ပါ။

မိတ်ဆွေစစ်ဆိုတာ
စကားအလှတွေ သုံးနေစရာမလိုပါဘူး။

တစ်ကယ် လိုအပ်ချိန်မှာ
မင်းကို လက်လှမ်း ကူညီတဲ့သူဟာ
မိတ်ဆွေစစ်ပါ။

************************

အနားမှာရှိနေတဲ့ သူငယ်ချင်းတွေ၊
ခင်မင်နေတဲ့ သူငယ်ချင်းတွေဟာ
သူငယ်ချင်းအစစ် ဟုတ်မဟုတ်
မသေချာသေးပါ။

တစ်ခါတလေ အဝေးမှာရှိနေပြီး အမြဲတမ်း
ပေါင်းသင်းနေတာ မဟုတ်ပေမယ့် မင်းတစ်ကယ် အကူအညီ လိုအပ်နေချိန်မှာ
အပိုမပြောပဲ ကူညီတဲ့သူ ဂရုစိုက်တဲ့ သူသာ
တစ်ကယ့် မိတ်ဆွေ/သူငယ်ချင်း အစစ်ပါပဲ။

ဘ၀မှာ တန်ဖိုးထားသင့်တဲ့ မိတ်ဆွေ
သူငယ်ချင်းကောင်းများ ပိုင်ဆိုင်ကြပါစေ....

.

02/12/2023

ငွေကြေးအခက်အခဲကြောင့်ဖက်ရှင်အလုပ်ကို
အစပြုဖို့ခက်ခဲနေတယ်ဆိုရင် ဒီစာကသင့်အတွက်ပါ💖

ခုတလော လက်မပါတဲ့မိန်းကလေးတယောက်
ချည်ထိုးဝတ်စုံတွေဖန်တီးရောင်းချနေတာတွေ့မိကြမှာပါ
ခြေလက်အစုံပါတဲ့သူတွေတောင် လုပ်ဖို့ခက်ခဲတဲ့
အဝတ်အစားတွေကို သူမ လုပ်နေတာကြည့်ရင် သူ့ကိုယ်သူအားနည်းချက်ရှိနေတယ်ဆိုတဲ့
ခံစားချက် သူ့မှာမတွေ့ရဘူး သူ့အလုပ်ကိုသူ
အကောင်းဆုံးရပ်တည်နိုင်တာတွေ့ရတယ်

accထဲကစက်ချုပ်တဲ့ကောင်မလေးတယောက်
သူချုပ်ရောင်းမယ့်အထည်ကို ပုံရိုက်ဖို့ သူ့ဆိုင်ခန်းကမှောင်နေတယ် အဆင်မပြေဘူး အလင်းရတဲ့အိမ်ရှေ့လမ်းမပေါ်
အရုပ်မထုတ်ပြီးထွက်ရိုက်တယ် လမ်းသွားတဲ့သူတွေ
တွေ့လို့တယောက်ပြီးတယောက်ဝယ်သွားကြတယ် မမျှောင်လင့်ပဲရောင်းရသွားတဲ့အတွက်
သူ့မှာပီတီတွေဖြာနေတာတွေ့ရတယ်

ကျောင်းသူတစ်ယောက် သင်တန်းကြေး1090ကျပ်ပဲ
သွင်းနိုင်တယ် သင်တန်းပြီးတော့2000ကျပ်
ထပ်သွင်းရှာတယ် အစကအမှတ်တမဲ့ပေမယ့် သူ့စာသေချာကြည့်လိုက်တော့ သူချုပ်ရောင်းတဲ့
အဝတ်အစားကတထည် 400/500 ပဲရတာဖြစ်နေပြီး သင်တန်းကိုအကြွေးတွေကြားကတက်တာဖြစ်နေတယ်
သူ့အခက်အခဲကိုမြင်လိုက်ရတယ် ပြီးတော့
သူ့မှာအလုပ်လုပ်ချင်စိတ် ကြိုးစားချင်စိတ် ပညာသင်ယူချင်တဲ့စိတ် အခက်အခဲကို
ကျော်လွားမယ်ဆိုတဲ့စိတ် အပြည့်ရှိနေတာတွေ့ရတယ်

လက်ရှိပြည်တွင်းအခြေအနေအရ ဖက်ရှင်အလုပ်လုပ်သူတွေ လုပ်ငန်းသေးသေးကြီးကြီး အားလုံးကပုံစံမျိုးစုံနဲ့ ခက်ခဲရုန်းကန်နေကြတာပါ ခုချိန်ထိဝင်ငွေတပြားမှ မရှိတဲ့သူတွေ
အလုပ်ဘယ်ကစရမှန်းမသိတဲ့သူတွေ
အလုပ်လုပ်ခွင့်မရတဲ့သူတွေအများကြီး
ရှိနေပါသေးတယ် ပြီးတော့ ဒီလိုအနေအထားအရ
ဖက်ရှင်ဟာလူတွေရဲ့အဓိကလိုအပ်ချက်
မဟုတ်တဲ့အတွက် ခုချိန်အဝတ်အစားချုပ်ရောင်း
ထုတ်ရောင်းရင်တောင် စျေးကွက်ရဖို့အရမ်းခက်ပါတယ် ဒါပေမယ့်ကောင်းတဲ့အချက်တစ်ခုက အားလုံးခက်ခဲတဲ့ကာလ ဖြစ်တဲ့အတွက်
ကိုယ်တတ်နိုင်သလောက် လုပ်တဲ့အပေါ်မှာ
အချင်းချင်းအသိအမှတ်ပြုအားပေး
ကြတာတွေ့ရတယ် လက်ရှိအလုပ်စလုပ်နေတဲ့
ဒီဇိုင်နာတွေ ဒီအတွေ့အကြုံကိုခံစားကြရပါတယ်

အခက်အခဲကို ကျော်လွှားနိုင်ဖို့ဆိုရင်
အခွင့်အရေးအလာကိုစောင့်တာထက်
အခွင့်အရေးကိုယ်တိုင်ဖန်တီးမှရမှာပါ
အလုပ်စလုပ်မယ်လို့စဉ်းစားတဲ့အခါ
တွေဝေဖို့/အားငယ်နေဖို့ /တွန့်ဆုတ်ဖို့ အချိန်မရှိပါဘူး
တစ်ထောင်ရှိတဲ့သူက တစ်ထောင်နဲ့အစပြုရမယ်
တစ်သောင်းရှိတဲ့သူကတစ်သောင်းနဲ့အစပြုရမယ်
အလုပ်လုပ်ချင်တဲ့စိတ်အပြည့်ရှိရမယ်
အဲ့ဒီစိတ်ကလည်း "ရှိတာနဲ့အလုပ်လုပ်နိုင်ရမယ်"
ဆိုတဲ့ စိတ်ပဲဖြစ်တယ်

fashion director Z Htoi San

29/11/2023
29/11/2023

💗💗 အသဲပေးသူ ဝမ်းဆက် ၅စုံ1000ကျပ်နဲ့လာမယ်
🌃 ည 7:00 Live မှာ ဝန်းရံတဲ့မမတွေအတွက်

Website