New Light Federation of Labor Unions Myanmar - NLF Myanmar

New Light Federation of Labor Unions Myanmar  - NLF Myanmar

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from New Light Federation of Labor Unions Myanmar - NLF Myanmar, Labor Union, .

27/08/2024
Photos from New Light Federation of Labor Unions Myanmar  - NLF Myanmar's post 24/08/2024

“လှိုင်သာယာမြို့နယ် ဥရောပ တံဆိပ်ချုပ်လုပ်နေတဲ့ Sole Way Myanmarအထည်ချုပ် စက်ရုံတွင် အလုပ်သမားများ ရိုင်းပြစွာ ပြောဆိုမှုများ ပြုလုပ် “

၂၀၂၄ ခုနှစ် ၊ ဩဂုတ် ၊ ၂၄ ရက်

Sole Way Myanmar Company Limited အထည်ချုပ် စက်ရုံသည် ရန်ကုန်တိုင်း ၊ လှိုင်သာယာမြို့နယ် ၊ စက်မှုဇုန် ( ၄ ) ၊ ဝက်မစွပ်ဝန်ထောက်လမ်း ၊ အမှတ် ( ၁၂၉ ) တွင် တည်ရှိပြီး စက်ရုံရှိ လူဦး ၅၀၀ ကျော် ၊ စက်လိုင်း ၁၁ လိုင်းဖြင့် လည်ပတ်နေပါသည် ။

“ နေမကောင်းရင် အစကတည်းက အလုပ်မလာနဲ့ အလုပ်ထွက်ပြီးနားလိုက် “

မန်နေဂျာ ခိုင်ခိုင်ထွန်းသည် အလုပ်သမားများကို စံချိန်တောင်းရာတွင် လိုင်းထဲထိ လာရောက်ကာ ရိုင်းပြစွာ ဆဲဆိုပြီး စံချိန်တောင်းဆိုခြင်းများ ပြုလုပ်ခြင်း ၊ အလုပ်သမားမှ ကျန်းမာရေး မကောင်းလို့ ပြန်ဖို့ ဂိတ်ပတ် တောင်းပါက ဂိတ်ပတ်ကိုမပေးခြင်း ၊ အလုပ်သမားများကို ခွဲ့ခြားဆက်ပြီး လိုင်းတစ်လိုင်းလုံးကို အလုပ်ထုတ်ခြင်းများ ပြုလုပ်နေတဲ့ အဆိုပါ စက်ရုံမှ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားက NLF-Myanmar အဖွဲ့ချုပ် ကိုပြောပြလာပါသည် ။

“ စောက်အထည် တွေကို ဘယ်လို့တင်နေကြတာလည်း မလုပ်ချင်ရင် အိမ်ကထဲက မလာနဲ့ “

အလုပ်သမားများကို စံချိန်မတရားတောင်းရာတွင် သူတို့တောင်းတဲ့ စံချိန်မပေးနိုင်ရင် အထည်မပေးနိုင်တဲ့ ကောင်မတွေ မသာမတွေလို့ ရိုင်းပြစွာပြောဆိုခြင်း ၊ အထည်မနိုင်ရင်လည်း ဆဲဆိုမှုများ ပြလုပ်ခြင်း ၊ လိုင်း စူပါများကလည်း အလုပ်ရှင်မှ တောင်းသည် အထည်ကို မပြည့်ရင်လည်း အလုပ်သမားများကို အော်ဟစ် ပြောဆိုခြင်းများ ပြုလုပ်နေတဲ့လို့ ထိုစက်ရုံမှ အလုပ်လုပ်နေတဲ့ အလုပ်သမားအမျိုးသမီးက NLF-Myanmar အဖွဲ့ချုပ် မှ တာဝန်ရှိသူတွေကို ပြောပါလာပါသည် ။

Sole Way Myanmar အထည်ချုပ် စက်ရုံ၏ လုပ်ငန်းရှင်ကတော့ တရုတ်လူမျိုး တရုတ်နိုင်ငံသား Mr.Qion Eei ဖြစ်ပါသည် ။ ထိုစက်ရုံတွင် ချုပ်လုပ်နေတဲ့ ကုန်အမှတ်တံဆိပ်ကတော့ ပိုလန်နိုင်ငံ ( ဥရောပ ) ကုန်အမှတ်တံဆိပ် Sinsay နှင့် တူရကီနိုင်ငံ ( ဥရောပ ) ကုန်အမှတ်တံဆိပ် Defacto တို့ကို ချုပ်လုပ်နေပါသည် ။

အဆိုပါစက်ရုံသည် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကို ထိုစက်ရုံရှိ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားများသည် မိမိတို့ ချုပ်လုပ်နေတဲ့ နိုင်ငံတကာ Sinsay ၊ Defacto ကုန်အမှတ်တံဆိပ် တာဝန်ရှိသူများက အခွင့်အရေးချိုးဖောက်မှုများကို သက်ဆိုင်ရာ ကုန်အမှတ်တံဆိပ်တွေသိရှိစေပြီး အမြန်ဆုံး ကူညီဆောင်ရွက်ပေးရန် NLF_Myanmar အဖွဲ့ချုပ် ကိုအကူအညီတောင်းခံလာပါတယ်။

# Sinsay
# Defacto
-Myanmar
#ဒို့အလုပ်သမားတွေအနာဂါတ်အလင်းသစ်နဲ့ရှေ့ဆက်

Photos from New Light Federation of Labor Unions Myanmar  - NLF Myanmar's post 21/08/2024

“ လှိုင်သာယာမြို့နယ် မြန်မာအိုင်တက်(စ်)အထည်ချုပ်စက်ရုံတွင် ခန့်အပ်ထားသော လိုင်းလီတာမှ အလုပ်သမားများကို ရိုင်းပြစွာပြောဆို အဓမ္မခိုင်းစေမှုများ ပြုလုပ်နေ ”

၂၀၂၄ ခုနှစ် ၊ ဩဂုတ် ၊ ၂၁ ရက်

မြန်မာအိုင်တက်(စ်) အထည်ချုပ်စက်ရုံ ( Myanmar I-Tex Garment Co,Ltd ) သည့် အမှတ် ( ၆၂/၆၇ ) မြသဖီလမ်း၊ မြစိမ်းရောင်းစက်မှုဇုန် ၊ လှိုင်သာယာမြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး တွင်တည်ရှိပါသည် ။ ထိုစက်ရုံသည် A,B,C,D,E ဆက်ရှင် ၅ ခု ခွဲထားပြီး စက်လိုင်း ၃၉ လိုင်း ၊ စက်ရုံရှိ လူဦးရေး ၁၃,၀၀ကျော်ဖြင့် လည်ပတ်နေပါသည် ။အဆိုပါ စက်ရုံသည် ဂျပန်နိုင်ငံက WORKMAN ဆိုတဲ့ ကုမ္ပဏီက ရောင်းတဲ့ တံဆိပ် TREK SHELL ကုန်အမှတ်တံဆိပ် ကိုလည်း ချုပ်လုပ်နေပါသည် ။

“ ၂၈.၇.၂၀၂၄ ရက်နေ့တွင် အလုပ်သမားသည် ကျောင်းတက်ရန် ၁၅.၇.၂၀၂၄ ရက်နေ့ထဲက လီတာထွန်းထွန်းလတ်ထံ ခွင့်လှမ်းတိုင်ခဲ့သည်အပေါ် ထွန်းထွန်းလတ်သည် ခွင့်တိုင်သည်အလုပ်သမားကို လမ်းဘေးကခွေးကို သနားလို့ ခေါ်မွေးထားတာ အစားဝလို့ ကိုက်ပြီးထွက်သွားတယ် ၊ နောက်တစ်ခါ စက်ရုံအလုပ်ပြန် မလျှောက်နဲ့ အလုပ်ပြန်မခန့်ဘူး သတောင်းစားတွေ ထမင်းဝရင် အမျိုးသားအဂ်ါဖြစ် ပြောတယ်လို့ ”စက်ရုံမှ အလုပ်လုပ်နေတဲ့ အလုပ်သမားပြောပြ လာပါသည်။

လိုင်း B – 3 ဌာန လီတာ ထွန်းထွန်းလတ်သည် စံချိန်တောင်းရာတွင် အလုပ်သမားများကို ရိုင်းပြစွာ ပြောဆိုခဲ့ပါသည် ( မိဘတွေဖြင့် ခိုင်းနှိုင်း ဆဲဆိုခြင်း၊ သူဟာနဲ့ ချွတ်ပစ်မယ်ပြောဆိုခြင်း၊ အစိတွေ မပါဘူး ပြောဆိုခြင်း ၊ စောက်ဆိုတဲ့ စကားလုံးနဲ့ ဆဲဆိုခြင်း ၊ တိရစ္စာန်ဖြင့် ခိုင်းနှိုင်း ဆဲဆိုခြင်း ၊ အလုပ်သမားတွေ ပဲကျရင် ထမင်းထွက်မစားနဲ့ ပြီးအောင်ချုပ် မပြီးပဲ ထမင်းထွက်စားကြည့်ဆိုပြီး ဖိအားပေးကာ အဓမ္မခိုင်းစေခြင်းကြောင့် အလုပ်သမားတွေက ထမင်းတောင် ထွက်မစားကြဘူးဟု ထိုစက်ရုံမှ အလုပ်လုပ်နေတဲ့ အလုပ်သမား အမျိုးသမီးက NLF_Myanmar အဖွဲ့ချုပ်တာဝန်ရှိသူ ကို ပြောပြ လာပါသည်။

“မိဘတွေက မဆုံးမဘူးလား စောက်လုပ် မလုပ်ချင်ရင် အိမ်ကထဲကမလားနဲ့ နင်တိုစောက်စိတွေ့မပါဘူးလား စောက်ပဲတွေးဘဲ ချုပ်တယ် စောက်စံချိန်ကမရဘူး လူကမွေးတာမဟုတ်လား လူအသိတရား မရှိဘူးလား” လို အသက် ၃၀ကျော် အမျိုးသမီးကပြောပြ လာပါသည်။

တရုတ်နိုင်ငံသား MR.Zhang Gaungjie အလုပ်ရှင်သည် လိုင်းတစ်လိုင်းကို တစ်နေကို စံချိန် ၆၀၀ တောင်းတယ် အလုပ်သမားတွေ မချုပ်နိုင်ကြဘူး ။ တစ်ကပ်ကြေးကိုလည်း ပွင့်လင်းမြင်သာမှု ရှိစွာချပြခြင်းမရှိပဲ အလုပ်သမားတွေက သူတို့ချုပ်တဲ့ အထည့်တစ်ထည်လျှင် ဘယ်ပွိုင့်က ဘယ်လောက်ရလည်း မသိကြပါဘူး ။ အလုပ်သမား တစ်ဦးလျှင် အများဆုံး တစ်ကပ်ကြေးက ၅၀၀၀၀ သောင်း ၊ ၆၀၀၀၀ သောင်း လောက်ပဲရတယ် အလုပ်သမားတစ်ယောက်ကို တစ်ကပ်ကြေးပေးတာ အရမ်းနည်းတယ်လို့ ထိုစက်ရုံမှ အလုပ်လုပ်နေတဲ့ အလုပ်သမားက NLF_Myanmar အဖွဲ့ချုပ်တာဝန်ရှိသူ ကို ပြောပြ လာပါသည်။

မြန်မာအိုင်တက်( စ် )အထည်ချုပ် စက်ရုံသည် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကို အဆိုပါစက်ရုံရှိ အလုပ်သမားများသည် မိမိတို့ ချုပ်လုပ်နေတဲ့ နိုင်ငံတကာ TREK SHELL ကုန်အမှတ်တံဆိပ် တာဝန်ရှိသူများက အခွင့်အရေးချိုးဖောက်မှုများကို သက်ဆိုင်ရာ ကုန်အမှတ်တံဆိပ်တွေသိရှိစေပြီး အမြန်ဆုံး ကူညီဆောင်ရွက်ပေးရန် NLF_Myanmar အဖွဲ့ချုပ် ကိုအကူအညီတောင်းခံလာပါတယ်။

New Light Federation of Labor Unions Myanmar အဖွဲ့ချုပ် Pageတွင် ပထမအကြိမ် တင်ထားသည့် သတင်းလင့် -
https://www.facebook.com/share/p/E8uf5oZW2xUQt5ET/?mibextid=oFDknk

SHELL
-Myanmar
#ဒို့အလုပ်သမားတွေအနာဂါတ်အလင်းသစ်နဲ့ရှေ့ဆက်

Photos from New Light Federation of Labor Unions Myanmar  - NLF Myanmar's post 20/08/2024

၂၀၂၄ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့မှာ စစ်ကောင်စီထုတ်ပြန်ကြေညာတဲ့ အလုပ်သမားတွေရဲ့အနိမ်ဆုံးလုပ်ခလစာ ညွှန်ကြားချက်

15/08/2024
Photos from New Light Federation of Labor Unions Myanmar  - NLF Myanmar's post 12/08/2024

The Space မှ ကျင်းပပြုလုပ်သော Interational Youth Day အခမ်းအနားသို့ မြန်မာနိုင်ငံအလင်းသစ်အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် NLF-Myanmar မှ အလုပ်သမား လူငယ်များ တက်ရောက်ခဲ့ကြသည်။

10/08/2024

အလုပ်သမားတွေကို တစ်ရက်လုပ်ခ ကျပ် ၁,၀၀၀ တိုးပေးဖို့စစ်ကောင်စီ ကြေညာ

Connect Burma ၊ သြဂုတ် ၁၀

ကျပ်ငွေတန်ဖိုးကျဆင်းပြီး ကုန်ဈေး နှုန်းတွေအဆမတန်မြှင့်တက်လာချိန်မှာ အလုပ်သမားတွေကို ထောက်ပံ့ကြေးအနေနဲ့ တစ်ရက်လုပ်ခ ကျပ် ၁,၀၀၀ တိုးပေး ဖို့ စစ်ကောင်စီကညွှန်ကြား ထားပါတယ်။

နေ့စားလုပ်ခတစ်ရက် ၁၀၀၀ ကျပ်တိုးမြှင့်လိုက်တာက ထောက်ပံ့ကြေးခေါင်းစဥ်အောက်ကဖြစ်ပြီး အနိမ့်ဆုံးလုပ်ခလစာနှုန်းထားကတော့ ၄,၈၀၀ ကျပ်အဖြစ်နဲ့ ပဲဆက်ရှိနေတယ်လို့ စစ်ကောင်စီ က ထုတ်ပြန်လာပါတယ်။

ဒီသတ်မှတ်ချက်ကို သြဂုတ်လ ၁ ရက်နေ့မှာ စတင်ခံစားခွင့်ရှိမှာဖြစ်ပြီး အရင်ကလည်း ထောက်ပံ့ကြေး ကျပ် ၁,၀၀၀ ထပ်ဆောင်းပေးဖို့သတ်မှတ်ထားတာကြောင့် အလုပ်သမားတွေ အနေနဲ့ တစ်ရက်လုပ်ခ ၆,၈၀၀ ကျပ် ရရှိမှာဖြစ်ပါတယ်။

နိုင်ငံခြားငွေလှယ်နှုန်းတွေ ကအမေရိကန် တစ်ဒေါ်လာကို ကျပ် ၆၀၀၀ ကျပ်ရောက်နေတာကြောင့် စစ်ကောင်စီ က အခုလို ထပ်တိုးပေးလည်း အလုပ်သမားတွေ ဖူလုံမှုမရှိသေးဘူးလို့ အလုပ်သမားအေရး လှုပ်ရှားသူတွေက ဝေဖန်ထောက်ပြကြပါတယ်။

"စစ်ကောင်စီက နေ့စားလုပ်အားခတွေ တိုးမြှင့်လိုက်တာက လက်ရှိအမေရိကန်ဒေါ်လာနဲ့တွက်ရင် တစ်နေ့လုပ်ခက တစ်ဒေါ်လာဘဲရှိတယ်။ တိုးမြှင့်လိုက်တဲ့ပမာဏာက မြန်မာပြည်အလုပ်သမားတွေအနေနဲ့စား၀တ်နေရေးအတွက် လုံး၀လုံလောက်မှုမရှိဘူး။ နောက်တစ်ခုက တိုးလိုက်တယ်ဆိုတာ ဟန်ပြဘဲ။

တကယ်စက်ရုံတွေက အလုပ်ရှင်တွေက ပွင့်လင်းမြင်သာမှု ရှိရှိနဲ့တိုးတာမဟုတ်ဘူး။ သူတို့အဆင်ပြေဖို့ ဟန်ပြတိုးတာပါ။" လို့ မြန်မာနိုင်ငံအလင်းသစ် အလုပ်သမားသမဂ္ဂများ အဖွဲ့က ဒေါ်တင်တင်၀ေ က Connect Burma ကိုပြောပါတယ်။

အာဏာသိမ်းမှုကို အခွင့်ကောင်းယူပြီး အလုပ်သမားတွေပေါ် အမြတ်ထုတ်နေတဲ့ အလုပ်ရှင်တွေကတော့ အနည်းဆုံး လုပ်ခလစာ ၄၈၀၀ ကိုတောင် မပေးကြတာရှိတယ်လို့ဆိုပါတယ်။

"အလုပ်သမားတွေလက်ထဲ ရရှိတဲ့အပေါ်မှာလည်းအပြည့်၀ရရှိတာ မဟုတ်ဘူး။ ရရှိတဲ့အပေါ် မှာ အခုဆို ကုန်စျေးနှုန်းတွေဆိုတာမြင့်သထက်မြင့်တက်နေတယ်။ ဘယ်လောက်ဘဲ တိုးတိုး တကယ်လုံလောက်မှုက မရှိဘူး။ ကျွန်မတို့အနေနဲ့ပြောရရင် တကယ်အလုပ်သမားတွေအတွက်လုံလောက်ပြီး ဖူလုံတဲ့ လုပ်ခလစာကိုလိုအပ်ပါတယ်။ ရတဲ့လစာနဲ့ စား၀တ်နေရေးအတွက် ဖူလုံမှုမရှိဘူး။ လုံလောက်တဲ့ အလုပ်သမားတွေကို ဖူလုံတဲ့ လုပ်ခလစာကိုရရှိစေချင်တယ်။ တကယ်အလုပ် သမားတွေကို ကြည့်တယ်ဆိုရင်ပေါ့" လို့ သူကဆက်လက်ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံစားသောက်ကုန်စျေးနှုန်း သုံးဆနီးပါး တက်လာတဲ့အပြင် အလုပ် သမားတွေရဲ့ အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ပေးခြင်းမရှိတာ ငါးနှစ်ရှိသွားပြီ ဖြစ်ပါတယ်။

အနည်းဆုံးအခကြေးငွေဥပဒေအရ အနည်းဆုံးလုပ်ခလစာကို နှစ်နှစ်တစ်ကြိမ် ပြင်ဆင် သတ်မှတ်ရမယ်လို့ ဥပဒေမှာ ပြဌာန်းထားပေမယ့် ၂၀၁၈ ခုနှစ်နောက်ပိုင်းကတည်းက အခုအချိန်အထိ မပြင်ဆင်နိုင်သေးဘဲ တစ်ရက် လုပ်ခလစာ ၄၈၀၀ ကျပ်သာဖြစ်နေတာပါ။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အနည်း ဆုံးလုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုတဲ့ အလုပ် သမားတချို့ အလုပ်ထုတ်ခံရတာအပြင် ဆန္ဒပြသူတွေလည်း ဖမ်းဆီးအရေးယူခံရတာတွေ ရှိခဲ့ပါတယ်။



⁨📷⁩ ⁨Photo- MT (စက်ရုံအလုပ်သမားများကို မြင်တွေ့ရတဲ့မြင်ကွင်း)⁩

ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ၃၆ နှစ်မြောက် အခမ်းအနား မဲဆောက်မှာ ကျင်းပ- DVB News 09/08/2024

ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ၃၆ နှစ်မြောက် အခမ်းအနား မဲဆောက်မှာ ကျင်းပ- DVB News ဩဂုတ်လ ၈ ရက်နေ့ ကျရောက်တဲ့ သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ၃၆ နှစ်မြောက် အခမ်းအနားတွေကို မြဝတီတဖက...

09/08/2024
Photos from 𝘌𝘮𝘱𝘢𝘵𝘩𝘺 𝘙𝘦𝘢𝘭𝘮 's post 08/08/2024
Photos from Border Echo's post 08/08/2024
Photos from The Justice Wave's post 08/08/2024
DVB Digital မနက် ၁၁ နာရီ သတင်း (၂၄ ရက် ဇူလိုင်လ ၂၀၂၄) 27/07/2024

DVB Digital မနက် ၁၁ နာရီ သတင်း (၂၄ ရက် ဇူလိုင်လ ၂၀၂၄) - KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် ပြန်လည်လွတ်မြောက်။- ကချင်ပြည်နယ် နေရာအနှံ့အပြားမှာ ဖုန်းလိုင်းနဲ့အင်တ...

စစ်အာဏာရှင်တွေအပေါ် ပြည်သူတွေ ဆန့်ကျင်ကြဖို့ တိုက်တွန်း - DVB News 23/07/2024

စစ်အာဏာရှင်တွေအပေါ် ပြည်သူတွေ ဆန့်ကျင်ကြဖို့ တိုက်တွန်း - DVB News ကိုဂျင်မီ ကိုဇေယျာသော်တို့ အပါဝင် ၄ ဦးကို ကွပ်မျက်ခဲ့မှု ၂ နှစ်ပြည့်မှာ စစ်အာဏာရှင်တွေရဲ့ ဥပဒေမဲ့ သတ်ဖြတ်မ.....

Photos from New Light Federation of Labor Unions Myanmar  - NLF Myanmar's post 21/07/2024

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၊ ၂၁ ရက်

မြန်မာနိုင်ငံအလင်းသစ် အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် မှ ထိုင်းနိုင်ငံ (မဲဆောက်မြို့)

ရွှေ့ပြောင်းအလုပ်သမားလူငယ်များ✅

အပတ်စဉ် တနင်္ဂနွေနေ့ ✅

အင်္ဂလိပ်စာ 4 Skills ✅

ကွန်ပျူတာ အခြေခံသင်တန်းကိုပြီးမြောက်ပြီးစီးပြီး Level 2 အနေနဲ့ ဆက်လက် ပြန်လည်သင်ကြားပေးနေပြီဖြစ်ပါသည် ✅

အားလပ်ချိန်များတွင် စိတ်ပေါ့ပါးစေဖို့ ပျော်ရွှင်စွာဖြင့် ဂိမ်း ဆော့နေကြ သင်တန်းသူ သင်တန်းသားများ✅

#အပတ်စဉ်၂

#ဒို့အလုပ်သမားတွေအနာဂါတ်အလင်းသစ်နဲ့ရှေ့ဆက်

16/07/2024

လူမှုဖူလုံရေးကြေးထည့်ဝင်ထားတဲ့ အလုပ်သမားတွေ လူမှုဖူလုံရေး အာမခံစနစ် ၂ မျိုး ခံစားခွင့်ရယူနိုင်

ဇူလိုင် ၁၅၊ ၂၀၂၄

လူမှုဖူလုံရေးအကျုံးဝင်အလုပ်သမားတွေအနေနဲ့ လစဉ် မိမိတို့ရဲ့ လုပ်အားခ လစာငွေများထဲက အလုပ်သမားထည့်ဝင်ကြေး ၅ ရာခိုင်နှုန်း ( အလုပ်ရှင်မှ ၃ ရာခိုင်နှုန်း အလုပ်သမားမှ ၂ ရာခိုင်နှုန်း) ကို လူမှုဖူလုံရေးကြေးထည့်ဝင်ထားကြရာ ၎င်းထည့်သွင်းငွေမှ အာမခံစနစ်နဲ့ အကျိုးခံစားခွင့်တွေအနက် အာမခံစနစ် ၂ မျိုးကို ရရှိနိုင်တယ်လို့ သိရပါတယ်။

လူမှုဖူလုံရေးထည့်ဝင်ငွေဟာ ဖူလုံရေးစနစ်အကျုံးဝင် တဲ့ အာမခံအမျိုးအစားတွေနဲ့ သတ်မှတ်ထားတဲ့အကျိုးခံစားခွင့်တွေရ ရှိဖို့ထည့်ဝင်ရတာဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ပြဋ္ဌာန်းထားတဲ့လူမှုဖူလုံရေးဥပဒေအရ အာမခံအမျိုးအစား ၆မျိုးရှိပြီး
အဲ့ဒီ့ထဲတွင် နံပါတ်(၁)အမျိုးအစား ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုအာမခံစနစ် နဲ့ နံပါတ်(၃)အမျိုးအစား အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့်အာမခံစနစ် စတဲ့ အာမခံစနစ်အမျိုးအစား၂ခုကိုသာအကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်ပြီး ကျန်တဲ့အာမခံစနစ်တွေကိုတော့ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးပါဘူး။

လူမှုဖူလုံရေး ဥပဒေပါ လက်ရှိကျင့်သုံးနေတဲ့ အာမခံစနစ် ၂မျိုးအရ အလုပ်သမားများခံစားခွင့်ရှိတဲ့ အကျိုးခံစားခွင့်တွေအနေနဲ့ (၁)ကျန်းမာရေးနဲ့လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်အရ ခံစားခွင့်ပေးထားတဲ့ အခြေအနေ ၁၀ မျိုးရှိပါတယ်။ ၎င်းတို့မှာ
( ၁) ဆေးကုသမှုခံစားခွင့် ၊
(၂) မကျန်းမာမှုအကျိုးခံစားခွင့် ၊
(၃)မီးဖွားမှုအကျိုးခံစားခွင့် (မီးဖွားစရိတ်) ၊
(၄)ကိုယ်ဝန်ပျက်မှုအတွက်ငွေကြေးအကျိုးခံစားခွင့် ၊
(၅) ၁နှစ်အောက်ကလေးမွေးစားမှုအတွက်အကျိုးခံစားခွင့် ၊
(၆)ဖခင်ဘဝဖြစ်မှုအကျိုးခံစားခွင့်(ဖခင်ဘဝဖြစ်မှုအတွက် မီးဖွားစရိတ်) ၊
(၇)အာမခံအလုပ်သမားများရဲ့မွေးကင်းစကလေးအား၁နှစ်အထိဆေးကုသမှုခံယူခွင့် ၊
(၈)မည်သည့်အကြောင်းကြောင့်မဆိုသေဆုံးခြင်းအတွက် နာရေးစရိတ် ၊
(၉) ဆေးဖိုးခရီးစရိတ်များပြန်လည်ထုတ်ပေးခြင်း ၊
(၁၀) ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေအရ လပေါင်း ၁၈၀နဲ့အထက် ထည့်ဝင်ကြေးပေးသွင်းထားပြီသူများပင်စင်ယူသည့်အခါဆေးကုသမှု ဆက်လက်ခံယူခွင့် စတဲ့အခြေအနေ ၁၀ ခုဖြစ်ပါတယ်။

နောက်ထပ်အာမခံစနစ်ဖြစ်တဲ့ ( ၂)အလုပ်တွင်ထိခိုက်မှုအာမခံစနစ်အရ ခံစားခွင့်ပေးထားတဲ့ အခြေအနေတွေအနေဖြင့်လည်း ၃မျိုးရှိပါတယ်။၎င်းတို့မှာ

(၁)ဆေးကုသမှုခံစားခွင့် ၊
(၂)ယာယီမသန်စွမ်းဖြစ်မှု အမြဲတမ်းမသန်စွမ်းဖြစ်မှုတို့အတွက် ငွေကြေးအကျိုးခံစားခွင့် ၊
(၃) အလုပ်တွင်ထိခိုက်မှုကြောင့်သေဆုံးမှုအတွက်ကျန်ရစ်သူငွေကြေးအကျိုးခံစားခွင့် စတဲ့ အကျိုးခံစားခွင့်တွေကို ဖူလုံရေးအကျုံးဝင်အလုပ်သမားတွေအနေနဲ့ရရှိမှာလည်းဖြစ်ပါတယ်။

"လူမှုဖူလုံရေးက ဘာကြောင့် ထည့်ဝင်ရတယ်။ ဘာတွေ လုပ်နိုင်တယ်ဆိုတာ မသိတဲ့အလုပ်သမားတွေအများကြီးရှိနေတယ်။ အလုပ်သမားတွေအနေနဲ့ သေချာသိရှိဖို့ နဲ့ ဘယ်လိုအထောက်အပံ့တွေရှိလဲဆိုတာ ဖူလုံရေးဌာနနဲ့ ဖူလုံရေးကြေးဖြတ်တဲ့ လစာငွေပေးတဲ့ နေရာက ဝန်ထမ်းတွေကလည်း မိမိတို့ရုံးဌာနဖြစ်စေ ၊ ကုမ္ပဏီ ပိုင်းကဖြစ်စေ အလုပ်သမားတွေအားလုံးကို ပြောပြအသိပေးထားရင် တော့ ဖူလုံရေးနဲ့ပတ်သက်ပြီး အလုပ်သမားတွေ အကျိုးခံစားခွင့်အတော်များများရှိလာမှာပါ"လို့ အလုပ်သမားအရေးဆောင်ရွက်နေသူ တစ်ဦးကပြောပါတယ်။

လစာငွေမှလူမှုဖူလုံရေးကြေးထည့်ဝင်ထားတဲ့ အလုပ်သမားတွေအနေနဲ့နိုင်ငံတွင်းအကောင်အထည်ဖော်လုပ်ဆောင်နေတဲ့ လူမှုဖူလုံရေးအာမခံစနစ် ၂မျိုးအရ အလုပ်သမားတွေရဲ့ ခံစားခွင့်တွေက ကျန်းမာရေးအရဆေးကုသခွင့်တွေနဲ့ ဆေးကုသစရိတ် ၊ လျော်ကြေးစရိတ် ငွေကြေးတွေကို သတ်မှတ်ရာခိုင်နှုန်းအလိုက် ရရှိနိုင်တယ်လို့သိရပါတယ်။

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews
Twitter Link - https://twitter.com/mm_labournews
Gmail Link- [email protected]

မုဒွာ
#လူမှုဖူလုံရေးဥပဒေ

Photos from New Light Federation of Labor Unions Myanmar  - NLF Myanmar's post 16/07/2024

❝အဆုံးသတ်တိုက်ပွဲကို အာဇာနည်တွေသွေးနဲ့ ရေးထိုးကြ❞

__________________________

အခုချိန်က “ဖက်ဆစ်အခက်-လူထုအချက်” အခြေအနေပါ။ ဖက်ဆစ် အကြမ်းဖက်အုပ်စုဟာ ဒင်းတို့သမိုင်းတလျှောက် အခက်ခဲဆုံးနဲ့ အကြပ်တည်းဆုံး အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ဒင်းတို့ “ပြိုမှတ်” (Tipping Point) ကို ရောက်နေပါပြီ။ ပြိုမှတ်ကနေ ဆုံးမှတ် (Ending Point) ထိ ရောက်အောင် ဆက်တွန်းကြဖို့ကတော့ ပြည်သူလူထုတရပ်လုံးရဲ့ သမိုင်းပေးတာဝန်ကြီးပါပဲ။ ကျနော်တို့ ပြည်သူတွေ ဘယ်လောက်ထိ ညီညာဖြဖြ ရုန်းကန်အုံကြွနိုင်မလဲဆိုတာကို မူတည်မှာပဲ။

အခုလာမယ့် ဇူလိုင်လ (၁၉) ရက်နေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုင်းပြည်ပြုခေါင်းဆောင်ကြီး (၉) ဦး ကျဆုံးခဲဲ့ရတဲ့ (၇၇) နှစ်မြောက် “အာဇာနည်နေ့” ဖြစ်ပါတယ်။ ဗိုလ်ချုပ်တို့ကဲ့သို့ တိုင်းပြည်နဲ့လူထုအတွက် မိမိအသက်ကို ပေးဆပ်သွားကြတဲ့ အခြားသော အာဇာနည်ပုဂ္ဂိုလ်ကြီးများစွာလည်း မြန်မာပြည်မှာ ရှိပါတယ်။

အာဇာနည်စိတ်ဓာတ်၊ အာဇာနည်သွေးလို့ ပြောရင် တိုင်းပြည်နဲ့ လူထုအတွက် ရဲရင့်ပြောင်မြောက်စွာ အကျိုးပြုခြင်း၊ စွန့်လွတ်စွန့်စားခြင်း၊ မတရားမှုကို ဆန့်ကျင်ခြင်း၊ ကိုယ်ကျိုးမဖက်ခြင်း၊ အသက်နဲ့ ခန္ဓာကိုပင် ပေးဆပ်ခြင်း အစရှိတဲ့ အဓိပ္ပာယ်မွန်များကို တန်းပြီး နားလည်မြင်ယောင်ကြမှာ ဖြစ်ပါတယ်။

မြန်မာပြည်တော်လှန်ရေးရဲ့ အခုအခြေအနေကလည်း အဆုံးသတ်တိုက်ပွဲကို အာဇာနည်စိတ်၊ အာဇာနည်သွေးအပြည့်နဲ့ မော်ကွန်းရေးထိုးကြရမယ့် အချိန်ဖြစ်ပါတယ်။ တလှိုင်းပြီး တလှိုင်း တက်လာတဲ့ စစ်ရေးတိုက်ပွဲအရှိန်တွေနဲ့အတူ လူထုတိုက်ပွဲတွေကိုလည်း အစွမ်းကုန် အရှိန်တိုးမြှင့် ဖော်ဆောင်ကြရမယ့် အချိန်ဖြစ်ပါတယ်။ တက်စုံဖွင့် ရွက်ကုန်လွှင့်ကြဖို့ပါပဲ။

လာမယ့် ဇူလိုင် (၁၉) အာဇာနည်နေ့မှာ ကျနော်တို့ ပြည်သူလူထုအနေနဲ့ ဘာတွေ ဆောင်ရွက်ကြမလဲဆိုတာ အထူးတောင် ပြောပြနေစရာ မလိုပါဘူး။ ဂုဏ်ပြုအပ်တဲ့ အာဇာနည်ပုဂ္ဂိုလ်များကို ဂုဏ်ပြုခြင်းကလည်း မဂ်လာတပါးပေပဲ။ ယခင့် ယခင် နှစ်များမှာ အစဉ်အလာမပျက် ဆောင်ရွက်ခဲ့ကြတဲ့အတိုင်း အဲ့ဒီနေ့ မနက် (၁၀ နာရီ ၃၇ မိနစ်) အချိန်မှာ ကား၊ ဆိုင်ကယ်ပေါ် ရောက်နေကြသူတွေက ဟွန်းတီးကြမယ်ဗျာ။ အိမ်ထဲ ဆိုင်ထဲ ရောက်နေသူတွေက မတ်တပ်ရပ်၊ သတိဆွဲ အလေးပြုကြမယ်ဗျာ။ အခြေအနေပေးတဲ့ ပြည်သူတွေကတော့ နီးစပ်ရာ ဗိုလ်ချုပ်ရုပ်တု၊ လွတ်လပ်ရေးကျောက်တိုင်တို့ဆီကို ချီတက်ပြီး ဂါရဝ ပြုကြမယ်ဗျာ။

လက်ရှိပြည်သူ့နွေဦးတော်လှန်ရေးကြီးရဲ့ အဆုံးသတ်တိုက်ပွဲကိုလည်း အာဇာနည်တွေသွေးနဲ့ ဆက်လက် ကဗ္ဗည်းရေးထိုးလိုက်ကြပါစို့ခင်ဗျား။

ပြည်သူအပေါင်း မျှော်ရည်တဲ့ အဆုံးသတ်ပန်းတိုင်ကို ပြည်သူအားလုံး ပါဝင်တဲ့ လူထုတိုက်ပွဲ၊ လူထု အထွေထွေ အုံကြွမှုကြီးနဲ့သာလျှင် စောလျင်စွာ ရောက်ရှိ၊ ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။

#အဆုံးသတ်တိုက်ပွဲကိုအာဇာနည်တွေသွေးနဲ့ရေးထိုးကြ

#ဟွန်းတီးကြ

#ဥဩဆွဲကြ

#သတိဆွဲအလေးပြုကြ

#ချီတက်ဂါရဝပြုကြ

#တက်စုံဖွင့်ရွက်ကုန်လွှင့်

#ငုံ့မခံနဲ့တုံ့ပြန်

အရေးတော်ပုံ အောင်ရမည်။

Photos from New Light Federation of Labor Unions Myanmar  - NLF Myanmar's post 15/07/2024

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၊ ၁၄ ရက်

မြန်မာနိုင်ငံအလင်းသစ် အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် မှ ထိုင်းနိုင်ငံ (မဲဆောက်မြို့)

ရွှေ့ပြောင်းအလုပ်သမားလူငယ်များ✅

အပတ်စဉ် တနင်္ဂနွေနေ့ ✅

အင်္ဂလိပ်စာ 4 Skills ✅

ကွန်ပျူတာ အခြေခံသင်တန်းကိုပြီးမြောက်ပြီးစီးပြီး Level 2 အနေနဲ့ ဆက်လက် ပြန်လည်သင်ကြားပေးနေပြီဖြစ်ပါသည် ✅

အားလပ်ချိန်များတွင် စိတ်ပေါ့ပါးစေဖို့ ပျော်ရွှင်စွာဖြင့် ဂိမ်း ဆော့နေကြ သင်တန်းသူ သင်တန်းသားများ✅

#အပတ်စဉ်၂

#ဒို့အလုပ်သမားတွေအနာဂါတ်အလင်းသစ်နဲ့ရှေ့ဆက်

13/07/2024

ရန်ကုန်၊ ရွှေပြည်သာ ဇုန် ၄ ထဲက Flare Star အထည်ချုပ်စက်ရုံမှာ နေ့စဉ် အချိန်ပိုဆင်းခိုင်းပေမဲ့ လုပ်အားခအပြည့်အဝမရလို့ဆို

CJ Platform

ရန်ကုန်တိုင်း ၊ အင်းစိန်မြို့နယ်၊ ရွေပြည်သာ စက်မှုဇုန်(၄)၊ ဦးမြူးလမ်းရှိ Flare Star အထည်ချုပ်စက်ရုံကတာဝန်ရှိသူတွေဟာ အလုပ်သမားတွေကို နေ့စဉ် ည ၁၂ နာရီအထိ အချိန်ပိုဆင်းခိုင်းပေမဲ့ လုပ်အားခ အပြည့်အဝမပေးဘူးလို့ အဲဒီစက်ရုံလုပ်သားတွေက CJ Platform ကိုပြောပါတယ်။

ဝန်ထမ်းအင်အား ၆၀ဝ ခန့်နဲ့ လည်ပတ်နေတဲ့ အဆိုပါအထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ အခြေခံလစာ တစ်ရက် ၄၈၀ဝ ကျပ်နဲ့ အချိန်ပို ၅ နာရီအတွက် လုပ်အားခ ၁၄၀ဝ ကျပ်နှုန်းသာရကြတယ်လို့ အမည်မဖော်လိုတဲ့ အဲဒီစက်ရုံမှ အလုပ်သမားတစ်ဦးက ပြောပါတယ်။

“နေ့တိုင်းအချိန်ပိုဆင်းရတယ်။ မဆင်းဘူးဆိုရင် စူပါတွေက ပြောဆိုတာတွေလုပ်တယ်။ ညတိုင်း ၁၂ နာရီအထိ ဆင်းရတာ။ ဖယ်ရီလည်း မပေးဘူး။ စက်ရုံမှာပဲ အိပ်ရတာ။ ထမင်းဖိုးလည်း မပေးဘူး။ လူတွေက ကြာလာတော့ နေမကောင်းတဲ့သူက မကောင်း၊ မူးလဲတဲ့သူကလဲတယ်။ အလုပ်ကအပြန် ကားတိုက်ခံရတဲ့သူလည်းရှိတယ်။ အိုတီတွေဆင်းရတာကြာလာတော့ အားပြတ်လာပြီ” လို့ သူက ပြောပါတယ်။

အဲဒီအထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့တွေရှိပေမဲ့ အလုပ်ရှင်အလိုကျဖွဲ့စည်းထားသူတွေဖြစ်တာကြောင့် အလုပ်သမားတွေရဲ့အခက်အခဲတွေကို ကူညီဖြေရှင်းဆောင်ရွက်ပေးတာမျိုးမရှိဘူးလို့ ၎င်းက ဆက်ပြောပါတယ်။

Flare Star စက်ရုံမှာ နံနက် ၇ နာရီခွဲမှ ည ၇ နာရီအထိ ဆင်းရပြီး အချိန်ပိုအနေနဲ့ ည ၁၂ နာရီအထိ ဆင်းနေရပေမဲ့ စစ်ဆေးရေးအဖွဲ့တွေ လာရောက်စစ်ဆေးတဲ့အခါ အလုပ်ချိန် နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲ၊ ညနေ ၅ နာရီမှ ည ၇ နာရီအထိသာ အချိန်ပိုဆင်းရကြောင်း လိမ်လည်ပြောဆိုစေခဲ့တယ်လို့ အလုပ်သမားတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

“မနက်ဖန်လို စစ်ဆေးရေးလာမယ်ဆို ဒီလိုနေ့ထဲက သူတို့ပြောခိုင်းတဲ့အတိုင်း အလုပ်ချိန် ၈ နာရီပါ။ မုန့်စားချိန် နာရီဝက်ပေးပါတယ်လို့ လိမ်ပြောပေးရတယ်။ စက်လိုင်းထဲမှာလည်း အသက်မပြည့်သေးတဲ့ကလေးတွေဆို စစ်ဆေးရေးတွေလာရင် အိမ်သာထဲသွားပုန်းခိုင်းထားတာ” လို့ နောက်ထပ် စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။

တာဝန်ရှိသူတွေကို တစ်စုံတစ်ရာနားမလည်လို့ပြန်မေးခြင်းနဲ့ အိုတီမဆင်းနိုင်တဲ့ချိန်မှာ “အိုတီဆင်းလို့သေတဲ့မသာ ရှိမနေဘူး” ဆိုပြီး ရိုင်းစိုင်းစွာပြောဆိုဆက်ဆံခံရတာမျိုးလည်းရှိနေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

အလုပ်သမားတွေဟာ အချိန်ပိုဆင်းရမှုအပေါ် ထိုက်တန်တဲ့အလုပ်သမားအခွင့်အရေးရရှိစေလိုကြောင်းနဲ့ ဖူလုံရေးကတ်တွေရှိသော်လည်း ဘာခံစားခွင့်မျှမရကြဘူးလို့ ဆိုပါတယ်။ နေ့စဉ်ရက်ဆက် အချိန်ပိုဆင်းနေရတာကြောင့် အလုပ်သမားတွေအနေနဲ့ ကျန်းမာရေးထိခိုက်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။

ထို့ပြင် ကုန်ဈေးနှုန်းကြီးမြင့်နေချိန် အလုပ်သမားတွေဟာ အလုပ်လုပ်နေသော်လည်း စားဝတ်နေရေး မပြေလည်တဲ့အပြင် အကြွေးပါတင်ပြီး ဒုက္ခရောက်နေကြရတယ်လို့ ဆိုပါတယ်။

“သိတဲ့အတိုင်း ဆန်ဆီဈေးတွေက တက်နေတာ။ သူတို့က တစ်ရက် ၄၈၀ဝ နဲ့ဆို ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ အိုတီလည်း ခေါ်ပေါ့။ ကျွန်မတို့ဘက်လည်း ကြည့်ပေးလေ။ ထမင်းစားရိတ်ပေး၊ လစာနည်းနည်းပါးပါးတိုးပေးစေချင်တယ်” လို့ အမည်မဖော်လိုတဲ့ နောက်ထပ် စက်ရုံဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောပါတယ်။

FLARE STAR အထည်ချုပ်စက်ရုံမှ Sinsay ၊ Sense Collection ၊ Etam ၊ X-LARGE စတဲ့ ကုန်အမှတ်တံဆိပ်အထည်တွေကို ထုတ်လုပ်နေပြီး အလုပ်သမားတွေရဲ့အခက်အခဲတွေကို သက်ဆိုင်ရာ ကုန်အမှတ်တံဆိပ်တာဝန်ရှိသူတွေ၊ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ စက်ရုံတာဝန်ရှိသူတွေက ညှိနှိုင်းဆောင်ရွက်ပေးရန် စက်ရုံအလုပ်သမားတွေက လိုလားနေကြပါတယ်။

🖋မင်းထက်

ဓာတ်ပုံ - ပေးပို့

Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/12620241/
****************************************
CJ Platform ၏ သတင်းများအား
Website :https://cjplatform.com/
Facebook :https://www.facebook.com/cjplatformburma/
Instagram : https://www.instagram.com/burmacjplatform/
YouTube :https://www.youtube.com/
Twitter :https://twitter.com/CjPlatform
Telegram : https://t.me/cjplatform
တို့တွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ရန်ကုန်တိုင်း #ရွှေပြည်သာ ဇုန် ၄ Star

05/07/2024

ထိုင်းနိုင်ငံတွင် စီအိုင်ပြုလုပ်ပေးခြင်းကိုရပ်စဲလိုက်ခြင်းကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပိုမိုအခက်အခဲဖြစ်နေ
********

စကားမောင်
ဇူလိုင် ၃၊ ၂၀၂၄။

ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်ခွင့်နှင့် ခရီးသွားလာရန် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စာအုပ်ကို ပြုလုပ်သူနည်းပါးသည့်အကြောင်းပြချက်ဖြင့် ထိုင်းအစိုးရက ရပ်စဲလိုက်ခြင်းကြောင့် မြန်မာရွှေ့ ပြောင်းအလုပ်သမားများ ပိုမိုအခက်အခဲဖြစ်သွားမည်ဟု အလုပ်သမားအရေးလှုပ်ရှားသူများထံမှ သိရသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိတယ်။ စီအိုင်ရပြီး လူတွေကလည်း စီအိုင်သက်တမ်းကုန်သွားရင် ပြန်တိုးဖို့ ကြိုးစားဖို့ရှိသလို စီအိုင်မရသေးတဲ့သူတွေကလည်း ကြိုးစားပြီး ရုန်းကန်နေရတယ်။ ဒါမှ သူတို့အလုပ်တွေတည်မြဲဖို့အတွက် ဆိုပြီး ဦးစားပေးလုပ်ကြတာ၊ စီအိုင်မလုပ်ပေးတော့ဘူးဆိုရင် သူတို့မျှော်လင့်ချက်တွေက ပျောက်ဆုံးသွားမှာပေါ့” ဟု မြန်မာနိုင်ငံအလင်းသစ်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တွဲဖက်ဥက္ကဌ၊ ဒေါ် တင်တင်ဝေက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်မှစ၍ ဆူရတ်ဌာနီ၊ ပထုန်ဌာနီ၊ စမုစခွန် (မဟာချိုင်)၊ စမုပရာကန်၊ ချွန်ဘူရီ၊ ချင်းမိုင် စသည့်မြို့နယ်များတွင် စီအိုင်ထုတ်ပေးရေးရုံးများကို ရပ်စဲသွားမည်ဟု ထိုင်း၊ အလုပ်သမားဝန်ကြီးဌာနက ဇွန်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် သက်သေခံစာရွက်စာတမ်းများ ထုတ်ပေးခဲ့သည့် လုပ်ငန်းစဉ်မှာ နှစ်ကာလကြာလုပ်ဆောင်ပေးခဲ့ပြီးဖြစ်၍ လက်ရှိတွင် စီအိုင်လာရောက်ပြုလုပ်သူနည်းပါးလာသည့်အတွက် ရပ်စဲရသည် ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

သို့သော် စီအိုင်စာအုပ်ပြုလုပ်ရန်အတွက် ရွှေ့ပြောင်းအလုပ်သမားများသည် လုပ်ငန်းစဥ်အဆင့်ဆင့်ကို နှစ်ချီစောင့်ဆိုင်းနေကြသူအများအပြားရှိသည်ဟု အလုပ်သမားအရေးဆောင်ရွက်သူများက ပြောသည်။

“စီအိုင်လာလုပ်တဲ့သူက နည်းချင်လို့နည်းတာမဟုတ်ဘူး။ လူတွေကဒီစီအိုင်ကို ရော့.. အင့် လုပ်ပေးဆိုလို့မရဘူးလေ။ (ငွေကြေး) အကုန်အကျရှိတယ်လေ” ဟု မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ- JACBA အဖွဲ့ ဥက္ကဌ ဦးမိုးကြိုးက ပြောသည်။

ထိုင်းနိုင်ငံတွင် ပန်းရောင်ကတ် (တရားဝင်နေထိုင်ခွင့်) မှ စီအိုင်ပြုလုပ်ရာတွင် သူဌေးအာမခံချက်ရှိသည့် အလုပ်သမားများသည် ဘတ် ၁၆,၀၀၀ အထိကုန်ကျလျက်ရှိပြီး သူဌေးအာမခံချက်မရှိသည့် အလုပ်သမားများသည် ဘတ် ၁၈,၀၀၀ မှ ၂၀,၀၀၀ ဝန်း ကျပ်အထိ ကုန်ကျလျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

မဲဆောက်မြို့က မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးကလည်း စီအိုင်စာအုပ်မရှိသည့်အတွက် စက်ရုံဝင်းတစ်ခုအတွင်းမှာသာနေထိုင်ပြီး အလုပ်လုပ်နေရသည်ဟု ပြောသည်။

“ပထမစက်ရုံကသူဌေးက စာအုပ်လုပ်ဖို့ပြောခဲ့ပေမယ့် ကျွန်တော်တို့ရတဲ့လစာအနေနဲ့ အဆင်မပြေဘူး။ စာအုပ်သာလုပ်ဖြစ်ခဲ့မယ်ဆိုရင်လည်း ကျွန်တော့်ကိုမှီခိုနေတဲ့ ကျွန်တော့်မိသားစုကို မထောက်ပံပေးနိုင်ရင် ကျွန်တော့်မိသားစုပို ပြီးခက်ခဲသွားလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံတွင် ၂၀၁၃ ခုနှစ်မှစတင်ကာ ထိုင်းနိုင်ငံရောက် မြန်မာများ၌ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားမရှိသူများ အတွက် နှစ်နိုင်ငံညှိနှိုင်းကာ ကြားခံယာယီပတ်စ်ပို့ စီအိုင်စာအုပ် ထုတ်ပေးခြင်းဖြစ်သည်။

****
Telegram- > https://t.me/ThanLwinKhetNews/4929
YouTube -> https://youtu.be/Ir8-ctjMetc?si=RLNUmY8IUqPWifQp
Website -> https://thanlwinkhet.net/?p=10697

Photos from New Light Federation of Labor Unions Myanmar  - NLF Myanmar's post 02/07/2024

မြန်မာနိုင်ငံအလင်းသစ် အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် NLF - Myanmar မှ ထိုင်းနိုင်ငံ (မဲဆောက်မြို့) ရှိ ရွှေ့ပြောင်းအလုပ်သမားလူငယ်များအား အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း အင်္ဂလိပ်စာ 4 Skills နှင့်ကွန်ပျူတာ သင်တန်း အခြေခံပြီးမြောက်ခြင်း သင်တန်းဆင်းလက်မှတ် ဂုဏ်ပြုပေးအပ်ပွဲကို ၂၀၂၄ ခုနှစ် ဇွန် လ ၃၀ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သည်။

#အင်္ဂလိပ်စာ4Skillsကွန်ပျူတာသင်တန်း
#အပတ်စဉ်၁သင်တန်းဆင်းပွဲ

#ဒို့အလုပ်သမားတွေအနာဂါတ်အလင်းသစ်နဲ့ရှေ့ဆက်

28/06/2024

စစ်ကောင်စီ အစီစဉ် နဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ဖွဲ့မယ်လို့ဆို

Connect Burma၊ ဇွန် ၂၇

အာဏာသိမ်းပြီးချိန်ကစပြီး စစ်တပ်က အလုပ်သမားတွေရဲ့ ရပိုင်ခွင့်ဆိုင်ရာ ကန့်သတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာသလို အဖွဲ့အစည်းတွေကို ပိတ်ပင်တာတွေဖမ်းဆီးတာတွေ လုပ်လာနေတဲ့အချိန်မှာ စစ်ကောင်စီခွင့်ပြုချက်နဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ကြီး ဖွဲ့ဖို့စီစဉ်နေတယ် လို့ စစ်ကောင်စီလက်အောက်ခံ ခုံသမာဓိကောင်စီမှာ အလုပ်သမားကိုယ်စားလှယ် ဦးမောင်မောင်အေးရဲ့ လူမူကွန်ယက်မှာ ကြေညာထားပါတယ်။

အပြည်ပြည်ဆိုင်ရာ ပြဌာန်းချက်ဖြစ်သော သုံးပွင့်ဆိုင်ယန္တရားအားနည်းခဲ့တဲ့အတွက် အနိမ့်ဆုံးလုပ်ခကိုမတိုးမြှင့်နိုင်သေးတဲ့အချက်ကြောင့် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ဖွဲ့စည်းမယ်လို့ ပြောဆိုထားပါတယ်။

အလုပ်သမားအရေးဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေကိုလည်း စစ်ကောင်စီက တရားမဝင်အဖွဲ့တွေအဖြစ် ကြေညာထားပြီး အခုလိုအလုပ်သမားတွေအတွက်ဆိုပြီး ဖွဲ့စည်းဖို့ဖြစ်လာတယ်လို့ ဆိုပါတယ်။

" တကယ်တော့ ဖွဲ့စည်းတဲ့ အဖွဲ့တွေကရော တကယ်ရော စစ်မှန်တဲ့ အဖွဲ့တွေဖြစ်လာမှာ မဟုတ်ဘူး။ ဟန်ပြသက်သက်ဘဲအလုပ်ရှင်အလိုကျတွေ စက်ရုံထဲက သမဂ္ဂတွေက အလုပ်ရှင်တွေရဲ့ အလိုကျ ဖွဲ့စည်းထားတာတွေဖြစ်ပြီး Yellow Union တွေသာဖြစ်တယ်။ တကယ်အဖွဲ့ချုပ် ဒီစက်ရုံထဲမှာ ရှိတဲ့ အလုပ်သမားတွေကလည်း Yellow Union တွေ ဒီ ဖွဲ့စည်းလိုက်တဲ့ အလုပ်သမားအဖွဲချုပ်ကြီး ဆိုတာကလည်း စစ်မှန်တဲ့ ဟာမဟုတ်ဘူး။ အချိန်တန်ပျက်မှာဘဲ အလုပ်သမားတွေတကယ်ရွေးချယ်ထားတဲ့ အဖွဲ့မဟုတ်ဘူး" လို့ မြန်မာနိုင်ငံအလင်းသစ်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ တာဝန်ရှိသူ မတင်တင်ဝေ က Connect Burma ကိုဖြေကြားခဲ့တာဖြစ်ပါတယ်။

အဲဒီလို အလုပ်သမားတွေ၊ အလုပ်သမားသမဂ္ဂတွေကို စစ်ကောင်စီ က အလုပ်ရှင်တွေနဲ့ ပေါင်းပြီး ခြိမ်းခြောက်ခဲ့တာတွေ လုပ်‌ဆောင်နေချိန်ဖြစ်သလို သမဂ္ဂတွေဖွဲ့စည်းရင် စစ်ကောင်စီနဲ့ ဖမ်းဆီးခိုင်းတာမျိုး၊လုပ်ဆောင်နေချိန်ဖြစ်ဝာာကြောင့် စစ်မှန်တဲ့ အဖွဲ့အစည်းတွေပေါ်လာဖို့ မဖြစ်နိုင်ကြောင်း သူကဆက်လက်ဆိုပါတယ်။

ခေတ်အဆက်ဆက် အခွင့်အရေး အပြည့်အဝမရခဲ့တဲ့ မြန်မာအလုပ်သမားထုကြီးဟာ စစ်တပ်က အာဏာသိမ်းလိုက် တဲ့ နောက်ပိုင်းမှာတော့ ဆိုးရွားလှတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ကြုံတွေ့နေရတာဖြစ်ပါတယ်။

"စစ်ကောင်စီက အခုဆို ILO ယန္တရားကိုလည်း ပါဝင်ခွင့်မရဘူး။ ILO မှာ စစ်ကောင်စီကို အရေးယူမှုက ပိုများလာနေပြီ။ အဲတာကို သူက လွတ်လပ်စွာသင်းဖျင်းဖွဲ့စည်းခွင့်တွေရှိနေပါတယ်ဆိုတာကို ပြောရင်တော့ အရောင်ပြချင်တယ်။ ဟန်ပြချင်တဲ့အတွက် ပြည်တွင်းမှာ ရှိနေတဲ့ CDM မပါဝင်ဘဲ စစ်ကောင်စီယန္တရားဝင်ပြီး သူတို့နဲ့ ပေါင်းပြီး လုပ်နေတဲ့ အလုပ်သမားအဖွဲ့တွေပေါင်းပြီးလုပ်ချင်တာ။ ကမ္ဘာကို ဟန်ပြလုပ်ပြချင်တာ။ သူတို့ ခွင့်ပြုချက်ပေးလိုက်တယ်ဆိုတာကလည်း ညွှန်ကြားချက်ပေးတာလို့မမြင်ဘူး။ သူတို့တိုင်ပင်ပြီးတော့ ဒါကို ချမှတ်တာ။ ရွေးကောက်ပွဲလုပ်ဖို့လည်း ရှိတယ်ဆိုပြီး အသံပေးထားတော့ ဒါကို ဒီမိုကရေစီ လမ်းကြောင်းကိုပြန်သွားမယ်။ လက်ရှိလည်း အလုပ်သမားတွေကို သမဂ္ဂတွေကို ဒီမိုကရေစီနဲ့ အညီ ဖွဲ့စည်းခွင့် တွေပေးပါတယ်ဆိုတဲ့ဟာကို သူက ဟန်ပြချင်တာအမှန်တကယ်သူတို့ ဆုံးဖြတ်ချက် ချပြီးသားပါ"လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် BWFM မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုဂျူတီအောင်က Connect Burma ကိုဖြေကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိစစ်ကောင်စီလက်ထက်မှာ အလုပ်ရှင်၊ အလုပ်သမား၊ အလုပ်သမားသမဂ္ဂ ဒီသုံးပွင့်ဆိုင် အငြင်းပွားမှု ဖြေရှင်းရေး လုပ်ငန်းတွေလဲ ရပ်တန့်နေတာဖြစ်ပါတယ်။

အငြင်းပွားမှု ဖြေရှင်းရေး မရှိတော့တဲ့အတွက် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေ လက်တလောမှာ ပိုများလာနေပါတယ်။

အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးမှာ CTUM အပါအဝင် မြန်မာတနိုင်ငံလုံးမှာ ရှိတဲ့ အလုပ်သမား အဖွဲ့အစည်းတွေထဲက အနည်းဆုံး ၅၄ ဦးခန့် သတ်ဖြတ်ခံခဲ့ရပြီး အနည်းဆုံး ၂၇၉ ဦးက စစ်ကောင်စီရဲ့ မတရားဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၆ လ အကြာမှာ မြန်မာနိုင်ငံဟာ အလုပ်သမား အခွင့်အရေး အချိုးဖောက်ခံရဆုံး ၁၀ နိုင်ငံစာရင်းမှာ ဝင်ရောက်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (ITUC) က ဖော်ပြထားပါတယ်။



Photo- CJ (စက်ရုံဆင်းလာသော အလုပ်သမားများ)

20/06/2024
Photos from New Light Federation of Labor Unions Myanmar  - NLF Myanmar's post 19/06/2024

ယနေ့ကျရောက်သော ဇွန်လ ၁၉ ရက် လူထုခေါင်းဆောင်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက် မွေးနေ့ပွဲအခမ်းအနားကို မြန်မာနိုင်ငံအလင်းသစ် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် NLF-Myanmar ရုံးတွင် နှင်းဆီအနီရောင်ပန်းများ ဝေခြင်း၊ မွေးနေ့ အမှတ်တရ တီရှပ်များပေးဝေခြင်း၊ နံနက်စာ (မုန့်ဟင်းခါး) ဖြင့် တည်ခင်းဧည့်ခံခြင်း၊ အခမ်းအနား စတင်ခြင်း၊ အဖွင့်အမှာစကားပြောကြားခြင်းတက်ရောက်လာသောတာဝန်ရှိပုဂ္ဂိုလ်များမှ မွေးနေ့ အမှတ်တရများစကားပြောကြားပေးခြင်း၊ အမှတ်တရ ကဗျာများရွတ်ဆိုခြင်း၊ မွေးနေ့ကိတ်ခွဲခြင်း၊ ကဗျာလက်ကမ်းစာဆောင်ဝေငှခြင်း၊ ခွန်အားဖြည့်မီးငယ်သီချင်းဖြင့် ဂုဏ်ပြုသီဆိုခြင်း၊ အခမ်းအနားပြီးဆုံးကြောင်း ကြေငြာခြင်း အစီအစဉ် ၁၀ ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

မွေးနေ့ပွဲအခမ်းအနားသို့ တာဝန်ကိုယ်ဆီမအားလပ်သည့်ကြားမှ တက်ရောက်ပေးခဲ့ကြပါသော တာဝန်ရှိ
ပုဂ္ဂိုလ် အသီးသီးနှင့် အဖက်ဖက်မှဝိုင်းဝန်းကူညီပေးခဲ့ကြပါသောတော်လှန်ရေး ရဲဘော် မိတ်ဆွေ များအား ကျွန်ုပ်တို့ မြန်မာနိုင်ငံအလင်းသစ် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် NLF-Myanmar အနေဖြင့်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။



#ငုံ့မခံဘဲတုန့်ပြန်သံမဏီနှင်းဆီတွေ
#ကြောက်ခေတ်ကို-မှောက်ပစ်
-from-Fear
#တက်စုံဖွင့်ရွက်ကုန်လွှင့်

Photos from New Light Federation of Labor Unions Myanmar  - NLF Myanmar's post 19/06/2024

❝ ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိနှင်းဆီတွေ ❞

၂၀၂၄ ခုနှစ်၊ ဇွန် ၊ ၁၉ ရက်

လာမယ့် ဇွန်လ (၁၉) ရက်နေ့မှာ ကျရောက်မယ့် အသက် (၇၉) နှစ်ပြည့် မွေးနေ့ရှင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အဓမ္မ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများနဲ့ တော်လှန်တိုက်ပွဲဝင် လူထုကို ဂုဏ်ပြုရည်ညွှန်းရင်း မြန်မာနိုင်ငံအလင်းသစ် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် NLF-Myanmar အဖွဲ့ဝင်အလုပ်သမားများမှ ပန်းသပိတ် Online Campaign ပြုလုပ်ခဲ့ကြသည်။

အခုလာမယ့် (ဇွန်လ ၁၉ ရက် ၂၀၂၄ ခု) ဟာ မြန်မာပြည်သူအပေါင်း လေးစားချစ်ခင်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၇၉) နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း အာဏာရှင်အဆက်ဆက်ရဲ့ အဓမ္မ ဖိနှိပ်၊ အကျဉ်းချမှုကို နှစ်ပေါင်းများစွာ ခံခဲ့ရပါတယ်။ ယခုအချိန်မှာလည်း အာဏာသိမ်း ဖက်ဆစ်တပ်ရဲ့ အဓမ္မ ဖမ်းဆီး အကျဉ်းချမှု ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသားများအနက် တစ်ဦးဖြစ်ပါလိမ့်မယ်။

မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အဓမ္မ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား သူရဲကောင်းများစွာရဲ့ ဝိသေသ လက္ခဏာက စစ်အာဏာရူးတွေကို “ငုံ့မခံဘဲ တုန့်ပြန်” ခဲ့ကြတာပဲ ဖြစ်ပါတယ်။ အာဏာရှင်စနစ် ဆန့်ကျင်ရေး ယုံကြည်ချက်အပေါ်မှာ မယိမ်းမယိုင် မြဲမြံစွာ စွဲကိုင်ခဲ့သလို ပန်းနဲ့ အမြဲတွဲမြင်ရလေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို “သံမဏိ နှင်းဆီ” လို့ ကမ္ဘာက ဂုဏ်ပြုညွှန်းဆိုလေ့ရှိပါတယ်။

ဒါ့ကြောင့် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး၊ တော်လှန်တိုက်ပွဲဝင် လူထုတရပ်လုံးကို ဂုဏ်ပြုညွှန်းဆိုသောအားဖြင့် လာမယ့် ဇွန်လ (၁၉) ရက်နေ့မှာ “ပန်းသပိတ် လှုပ်ရှားမှုကြီး” ကို ပြည်လုံးကျွတ် ဝေဝေဆာဆာ ဖော်ဆောင် ဆင်နွှဲလိုက်ကြရအောင်ဗျာ။ ပန်းသပိတ်လို့ ဆိုလိုက်တာနဲ့ အထူးတလည် ရှင်းပြနေစရာမလိုဘဲ ပြည်သူလူထုက နားလည်သဘောပေါက်ကြပြီး ဖြစ်ပါတယ်။ အဲ့ဒီကာလမှာ နှင်းဆီနီများအပါအဝင် အဆင်သင့်ရာ ပန်းများကို ပြည်သူလူထုက ဘုရားပန်းတင်မယ်၊ ပန်ဆင်ကြမယ်၊ အလှပန်းအိုး ထိုးမယ်၊ အပြန်အလှန် ပန်းလက်ဆောင် ပေးကြမယ်၊ အွန်လိုင်းပေါ် တင်ကြမယ်၊ မြေပြင်မှာလည်း ပန်းသပိတ် လူထုလှုပ်ရှားမှုတွေကို (လုံခြုံရေး အသိ၊ သတိ အပြည့်နဲ့) ဖော်ဆောင်ကြဖို့ပါ။

အာဏာသာ ရူးပြီး တိုင်းပြည်အုပ်ချုပ် အစိုးရလုပ်တဲ့ အတတ်ပညာနဲ့ စိတ်စေတနာ လုံးလုံး မရှိတဲ့ ဖက်ဆစ်တပ်ကြောင့် အခုဆိုရင် မြန်မာပြည်ဟာ လူမှုစီးပွါး အစစ အခြေအနေအရပ်ရပ်ဟာ အဝီစိကို ဇောက်ထိုးဆင်းနေပါပြီ။ ကုန်ဈေးနှုန်းတွေ မိုးပျံအောင် တက်နေတာက အစ၊ လူငယ်ထုကို သေလမ်းကို ပို့မယ့် အဓမ္မ စစ်သားကောက်နေတာ အလယ်၊ မီးမလာ ရေပျက်တာ အဆုံး၊ တိုင်းပြည်မှာ ဘာဆိုဘာမှ ရစရာ မရှိတော့ပါဘူး။ ဒါတွေအားလုံးရဲ့ ပင်မလက်သည် တရားခံသည် စစ်အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင်စနစ်ပါပဲ။ ဒီအာဏာရှင်စနစ် သက်ဆိုးရှည်နေသရွေ့ ဒီတိုင်းပြည် ဘာတခုမှ ကောင်းလာစရာ မရှိဘူးဆိုတာကလည်း အင်မတန် ထင်ရှားပါတယ်။

မြန်မာပြည်သူတွေဟာ ဒင်းတို့ ဖက်ဆစ်မိစ္ဆာတွေကို “ငုံ့ခံ” ရင်းနဲ့ ရေနွေးအိုးထဲက ဖားတွေလို့ အသေမခံနိုင်ဘူး၊ အစွမ်းကုန် စုစည်းညီညွတ်ပြီး “တုန့်ပြန်” ကြမယ်ဆိုတဲ့ ဇွဲနဘဲခတ်ပြီး တော်လှန်ခရီးကြမ်းကို ဒီအထိ လျှောက်လှမ်းခဲ့ကြပါပြီ။ အခုချိန်ကတော့ ဒီသံမဏိစိတ်ဓာတ်၊ ဘာမထီစိတ်ဓာတ်ကို အမြင့်မားဆုံး လွှင့်ထူပြီး တော်လှန်တိုက်ပွဲကို အရှိန်တိုးမြှင့်ကြဖို့ လိုပြီဆိုတာကိုလည်း မီးမောင်းထိုးပြလိုပါတယ်။ ယခု ဇွန် (၁၉) ပန်းသပိတ် လူထုလှုပ်ရှားမှုမှသည် ရှေ့လာမယ့်ကာလတွေမှာလည်း ပြည်သူလူထုအနေနဲ့ တော်လှန်တိုက်ပွဲ လူထုလှုပ်ရှားမှုတွေမှာ “တက်စုံဖွင့် ရွက်ကုန်လွှင့်” ဖော်ဆောင်ကြမယ်ဗျာ။

ဟေ့ . . . စစ်အာဏာရူးတွေ၊ ငါတို့လူထုဟာ မင်းတို့ပြုသမျှ နုရမယ့် ဘဝ မဟုတ်ဘူးဟေ့။ “ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိ နှင်းဆီတွေ” ဆိုတာကို ဒီပြည်လုံးကျွတ် ပန်းသပိတ် လူထုလှုပ်ရှားမှုကြီးကနေ ထပ်လောင်း သက်သေတည်လိုက်ကြပါစို့။



#ငုံ့မခံဘဲတုန့်ပြန်မယ့်သံမဏိနှင်းဆီတွေ



#ကြောက်ခေတ်ကို_မှောက်ပစ်



#တက်စုံဖွင့်ရွက်ကုန်လွှင့်

Videos (show all)

၂၀၂၃ ခုနှစ် ၊ဧပြီလ ၊၁၇ ရက်အခက်အခဲကြားက ပထမဉီးဆုံး အကြိမ် အလုပ်သမားတွေကိုယ်တိုင်ထိုးတဲ့ ဒို့ လုပ်သား သံချပ် စဆုံး ပါ #ဒို...
၂၀၂၃ ခုနှစ် ၊ဧပြီလ ၊၁၃ ရက်“တော်လှန်သင်္ကြန်၊ ပြည်သူ့အသံ”“တော်လှန်သင်္ကြန်၊ ပြည်သူ့အသံ”မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်လှန...
မတ်လ (၈)ရက် ၂၀၂၃ ခုနှစ်အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း…
အလုပ်သမားထု ၏ ၂၀၂၁ ခုနှစ် အာဏာရှင် စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု ၂ နှစ်ပြည့် ဖေဖေါ်ဝါရီလ၊ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ဖေဖေါ်ရီလ ၆...
၂၀၂၃ ခုနှစ် ၊ဇန်နဝါရီ ၊၃၀ ရက်ပြည်သူ့နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်အထိမ်းအမှတ် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်အတွက် "အသံတိတ်ကဗျာ...
၂၀၂၃ခုနှစ်၊ ဇန်နဝါရီ ၊၂၉ ရက်"တသံတည်းညီ၊ တချီတည်းရုန်း" ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နွေဦးတော်လှန်ရေးနှစ်နှစ်ပြည့...
၂၀၂၂ ခုနှစ်၊အောက်တိုဘာ ၊၂၈ ရက်❝ဖားကန့်-အနန့်ပါအတွက် ဝမ်းနည်းမှုကိုတော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ#မီးပိတ်သပိတ်_လှ...
၂၀၂၂ ခုနှစ်၊အောက်တိုဘာ ၊၂၈ ရက်❝ဖားကန့်-အနန့်ပါအတွက် ဝမ်းနည်းမှုကိုတော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ#မီးပိတ်သပိတ်_လှ...
၂၀၂၂ ခုနှစ်၊စက်တင်ဘာ ၊၁၈ ရက်ညလုံးပေါက်အတင်းအ ကြပ်အလုပ်လုပ်ခိုင်းပြီးအိုတီကြေးမပေးတဲ့အပြင်အလုပ်မဆင်းနိုင်ဘူးပြောတဲ့အလုပ်သ...
၂၀၂၂ ခုနှစ်၊စက်တင်ဘာ ၊၁၄ ရက်စက်လိုင်းမချိန်းဖို့တောင်းဆို တဲ့ အလုပ်သမား ၃၀ ၊အလုပ်ထွက်ခဲ့ရ အလုပ်မှထွက်ခဲ့ရသူ့များတွင်ယခင်...

Telephone

Website