Thailand Nomad Guide

Thailand Nomad Guide

A Digital Nomad, A Traveller , A Contributor

23/07/2024

TikTok မှာ ထိုင်းနိုင်ငံနဲ့ပတ်သတ်တဲ့ ခရီးသွားဗီဒီယိုတင်ရင်း ပြိုင်ပွဲဝင်နိုင်မည်။

ထိုင်းအစိုးရ နဲ့ TikTok တို့ပူးပေါင်းပြီး Amazing Thailand Passion Ambassador Campaign ကို ပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့ အဓိက ရည်ရွယ်တာ ဖြစ်ပါတယ်။

မိမိတို့ရဲ့ ခရီးသွားဗီဒီယို၊ ဒါမှမဟုတ် အတွေ့အကြုံတွေကို ဖန်တီးတင်ဆက်ထားတဲ့ Short Video တွေကို TikTok ပေါ်မှာ တင်ရမှာဖြစ်ပြီးတော့ ပြိုင်ပွဲအစီအစဉ်က August 1 to August 31 ဖြစ်ပါတယ်။

နဲ့ ဆိုတဲ့ hashtag ကို ဗီဒီယိုတင်တဲ့အခါ ထည့်ပေးရမှာ ဖြစ်ပါတယ်။

လူကြည့်အများဆုံး ဗီဒီယို ၈၀ ကို ထိုင်းအစိုးရက ခရီးသွားဘောက်ချာများ ဆုချပေးမယ်လို့ ကြေငြာထားပါတယ်။

ဒါ့အပြင် အခြားသော ဗီဒီယို ၂၀၀၀ အပေါ်မှာလည်း မေတ္တာလက်ဆောင်များ ထပ်မံပေးအုံးမယ်လို့ ဆိုပါတယ်။

Winner စာရင်းကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ကြေငြာသွားမှာ ဖြစ်တယ်လို့ ထိုင်းအစိုးရက ဆိုပါတယ်။

စုစုပေါင်း ဘတ် ၂ သန်းကို ဆုရရှိသူများအားလုံးက ခွဲဝေပြီး ရရှိမှာ ဖြစ်တယ်လို့ ကြေငြာထားပါတယ်။

လောလောဆယ်မှာတော့ Engagemnt အများဆုံး Video ၈၀ နဲ့ အခြား လူစိတ်ဝင်အစားဆုံး ဗီဒီယို ၂၀၀၀ ကို ဘယ်လို သတ်မှတ်ပြီး ဆုံးဖြတ်မလဲဆိုတာနဲ့ပတ်သတ်ပြီးတော့ တိတိလင်းလင်း ကြေငြာထားတာမျိုး မရှိသေးပါဘူး။

ဒါကြောင့် ကျနော်တို့ ရွှေမြန်မာတွေလည်း ဒီအစီအစဉ်မှာ ဝင်ပြိုင်သင့်တယ်လို့ ထင်လို့ TNG ကနေ မျှဝေတင်ဆက်ရေးသားပေးလိုက်ပါတယ်။

အဓိကတော့ သတ်မှတ်ထားတဲ့ hashtag ကို သုံးမှသာ ပြိုင်ပွဲဝင်အဖြစ် သတ်မှတ်ခံရမှာ ဖြစ်ပါတယ်။ hashtag ၃ ခုလုံး သုံးပေးဖို့ လိုပါမယ်။

#ထိုင်းလမ်းညွှန်

21/07/2024

မှတ်ပုံမတင်ထားတဲ့ ဆင်းကဒ်ပေါင်း ၂သန်းကျော်ကို ထိုင်းအစိုးရမှ ဝန်ဆောင်မှု ရပ်တန့်လိုက်ပါတယ်။

ဒီလိုမျိုး မှတ်ပုံ မတင်ထားတဲ့ Sim Card တွေဟာ လောင်းကစားဆိုင်ရာကိစ္စတွေ၊ အခြား ဆိုက်ဘာမှုခင်းဆိုင်ရာကိစ္စတွေနဲ့ ပတ်သတ်ဆက်နွယ်နေတာဖြစ်လို့ အခုလို ဝန်ဆောင်မှု ရပ်တန့်လိုက်တာ ဖြစ်ပါတယ်။

19/07/2024

University တွေမှာ Bachelor Degree နဲ့ အထက် ကျောင်းတက်နေသူတွေအတွက် သတင်းကောင်းဖြစ်တဲ့ Non-ED Plus Visa

Non-ED Plus Visa ဆိုတာ Bachelor Degree နဲ့အထက် တက်ရောက်ပြီး ကျောင်းပြီးမယ့်သူတွေအတွက် ထိုင်းနိုင်ငံမှာ နောက်ထပ် ၁ နှစ် ထပ်မံ နေထိုင်ခွင့်ပေးတဲ့ ဗီဇာအမျိုးအစား ဖြစ်ပါတယ်။

Non-ED Plus Visa ရဲ့ ရည်ရွယ်ချက်ကတော့ ထိုင်းနိုင်ငံမှာ ကျောင်းပြီး ဘွဲ့ယူပြီး အလုပ်ကိုင်ရှာဖွေလိုသူတွေနဲ့ ထိုင်းနိုင်ငံအတွင်း သွားရောက် လည်ပတ်နိုင်ဖို့အတွက် ထုတ်ပေးတယ်လို့ ဆိုပါတယ်။

အားသာချက်ကတော့ ဗီဇာသက်တမ်း ၁ နှစ်အတွင်း ထိုင်းနိုင်ငံကို Re-Entry Permit မလို၊ တုံးထုစရာမလိုဘဲ အကန့်အသတ် မရှိ ဝင်လိုက်၊ ထွက်လိုက် လုပ်လို့ရတယ်ဆိုတာပါဘဲ။

Non-ED Plus ကို လျှောက်ဖို့အတွက် မိမိတက်နေတဲ့ တက္ကသိုလ်ကနေ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ လျှောက်နိုင်မှာ ဖြစ်ပါတယ်။

Non-ED Plus Visa က အလုပ်ရှာခွင့်နဲ့ လည်ပတ်ခွင့်ဘဲရှိတာဖြစ်လို့ Non-ED Plus Visa ကိုင်ပြီး အလုပ်လုပ်ခွင့်တော့ မရှိပါဘူး။ အကယ်၍ Non-ED Plus ကိုင်ရင်းနဲ့ အလုပ်အင်တာဗျူး အောင်ပြီး အလုပ်ရသွားပြီဆိုတာနဲ့ Non-B Work Permit ဗီဇာကို ပြောင်းလျှောက်ရမှာ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ ယခု ထိုင်းအစိုးရကမိတ်ဆက်လိုက်တဲ့ Non-ED Plus Visa နဲ့ ပတ်သတ်ပြီး သဘောပေါက်ကြပြီထင်ပါတယ်။

အားလုံးဘဲ အိုကေစိုပြေကြပါစေ။

Thailand Boosts Economy with New Visa Options - Sharemal 18/07/2024

လျှောက်တဲ့အခါ လိုအပ်တဲ့ အချက်အလက်တွေကို ဒီပိုစ့်လေးမှာ ရေးသားမျှဝေထားပါတယ်။

Thailand Boosts Economy with New Visa Options - Sharemal Thailand is making it easier to visit for tourists, remote workers, and students! They are offering longer visas for people from more countries. Here’s the breakdown:

17/07/2024

Destination Thailand Visa ကို မြန်မာက လျှောက်မယ်ဆိုရင် ဒေါ်လာ ၄၀၀ ကျသင့်မယ်

လိုအပ်ချက်က Remote Worker ဆို ကုမ္ပဏီရဲ့ ထောက်ခံစာလိုမယ်၊ ဒါ့အပြင် ထိုင်းကုမ္ပဏီနဲ့ ထိုင်းနိုင်ငံမှာ အခြေစိုက်ထားတဲ့ နိုင်ငံခြားကုမ္ပဏီက ခန့်ထားတဲ့သူ ဖြစ်လို့တော့ မရဘူး။

ဒါမှမဟုတ် Medical Treatment အနေနဲ့ဆိုရင်တော့ ဆေးရုံရဲ့ ထောက်ခံစာ သို့မဟုတ် Appointment Letter လိုမယ်၊ မွေ့ထိုင်းဆိုရင်လည်း မွေ့ထိုင်းကျောင်းရဲ့ ထောက်ခံစာလိုမယ်၊ ဟင်းချက်သင်တန်းဆိုလည်း ထိုနည်း၎င်းဘဲ။

Show Money အတွက်Bank Statement ပြဖို့လိုမယ်၊ ဘတ် ၅ သိန်းနဲ့ညီမျှတဲ့ ပမာဏရှိတဲ့ မြန်မာငွေ ဒါမှမဟုတ် နိုင်ငံခြားငွေ ရှိဖို့လိုမယ်။

ဗီဇာသက်တမ်း ၅ နှစ်ထိရမှာဖြစ်ပြီးတော့ တစ်ဆက်ထဲ နေထိုင်ခွင့် ရက်ပေါင်း ၁၈၀ ( ၆လ) ရှိမယ်။ ဆက်နေချင်ရင် နောက်ထပ် ရက်ပေါင်း ၁၈၀ သက်တမ်းထပ်တိုးလို့ရမယ်။ သက်တမ်းတိုးခကတော့ ဘတ် ၁၀၀၀၀ ထပ်ပေးရမယ်။

ဒါဆိုရင်တော့ DTV လျှောက်မယ်ဆိုရင် ဘာလိုအပ်မလဲဆိုတာ သဘောပေါက်ပြီလို့ ထင်ပါတယ်။

#ထိုင်းဗီဇာ #ထိုင်းလမ်းညွှန်

17/07/2024

DTV Visa ကို လျှောက်လို့ရပါပြီ။

15/07/2024

Destination Thailand Visa ကို​ ဇူလိုင်လအတွင်းမှာ လျှောက်နိုင်တော့မည်။

ထိုင်းအစိုးရ အသစ်ထပ်မံထုတ်ပြန်ကြေငြာထားတဲ့ Destination Thailand Visa ကို ဇူလိုင်လထဲမှာ လျှောက်နိုင်တော့မယ်လို့ သိရပါတယ်။

DTV ရဲ့ လိုအပ်ချက်တွေကိုလည်း Thai E Visa Official Website မှာ တင်ထားပေးတာဖြစ်လို့ ကိုယ်တိုင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်။

DTV ဟာ ဗီဇာသက်တမ်း ၅ နှစ်ရရှိမှာဖြစ်ပြီး Multiple အမျိုးအစားဖြစ်တာကြောင့် ထိုင်းနိုင်ငံထဲကို အဝင်အထွက် အကြိမ်ကြိမ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

DTV ကို Digital Nomad ၊ Freelancer တွေနဲ့ ထိုင်းနိုင်ငံကို Promote လုပ်တဲ့ Activities တွေဖြစ်တဲ့ ထိုင်းရိုးရာဟင်းအချက်အပြုတ် သင်တန်း၊ မွေ့ထိုင်းအားကစား၊ ဆေးကုသမှုခံယူခြင်းဆိုင်ရာ ကိစ္စများအတွက် လျှောက်နိုင်မှာ ဖြစ်ပါတယ်။

အကယ်၍ Digital Nomad ၊ Freelancer ဆိုရင်တော့ အောက်ပါ အချက်အလက်များ လိုအပ်မှာ ဖြစ်ပါတယ်။

ကုမ္ပဏီဝန်ထမ်းဆိုရင်တော့ မိမိလက်ရှိလုပ်ကိုင်နေတဲ့ ကုမ္ပဏီဆီကနေ Remote Worker ဖြစ်ကြောင်း ထောက်ခံစာ၊ ဒါမှမဟုတ် Freelancer ဆိုရင်တော့ မိမိရဲ့ Social Media Profile ကောင်းကောင်းပြနိုင်ရပါမယ်။

ဘတ် ၅ သိန်းထက် မနည်းတဲ့ ပမာဏရှိတဲ့ Bank Statement ကို ပြနိုင်ရမှာ ဖြစ်ပါတယ်။

အကယ်၍ ထိုင်းနိုင်ငံကို Promote လုပ်တဲ့ Activities တွေဖြစ်တဲ့ ထိုင်းရိုးရာအစားအစာ သင်တန်း၊ ဆေးကုသခြင်း၊ မွေ့ထိုင်းရိုးရာ အားကစား တို့ နဲ့ DTV လျှောက်မယ်ဆိုရင် မိမိတက်ရောက်မယ့် သင်တန်းကျောင်း သို့မဟုတ် ဆေးရုံကနေ ထောက်ခံစာ လိုအပ်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘတ် ၅ သိန်းထက် မနည်းတဲ့ ငွေသားပိုင်ဆိုင်မှု ရှိကြောင်း Bank Statement ပြဖို့ လိုပါမယ်။

DTVမှီခိုလျှောက်မယ်ဆိုရင်

DTV ကိုင်ဆောင်ထားသူ တစ်ဦးဟာ မိမိရဲ့ အိမ်ထောင်ဖက်နဲ့ သားသမီးကိုလည်း DTV လျှောက်ပေးနိုင်ပါတယ်။

#ထိုင်းလမ်းညွှန်

10/07/2024

Destination Thailand Visa အသစ်ကို မကြာမှီ ထုတ်ပြန်ကြေငြာနိုင်ဖွယ်ရှိ

ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း အာဏာပိုင် က ကြီးမှူးစီစဉ်တဲ့ TAT x Partner Talk for Digital Nomad Connect ပွဲကို ချင်းမိုင်မြို့မှာ ဇူလိုင်(၅) ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီးတော့ ညွှန်ကြားရေးမှူးချုပ် Mr. Naruchai Ninnad က ဗီဇာအမျိုးအစားအသစ်များနဲ့ ပတ်သတ်ပြီး ရှင်းလင်း တင်ပြဟောပြောခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲကို Digital Nomad တွေ၊ Freelancer တွေများစွာ တက်ရောက်ခဲ့ပြီး အမေးအဖြေကဏ္ဍတွေလည်း အပြန်အလှန် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ထိုင်းအစိုးရအနေနဲ့ ဗီဇာကိစ္စနဲ့ပတ်သတ်ပြီး ဖြေလျော့မှုတွေပြုလုပ်ခဲ့ပေမယ့် DTV ဗီဇာအမျိုးအစားကိုတော့ အချိန်သီးသန့်ယူပြီး ဖြစ်လာနိုင်မယ့် အကျိုးဆက်တွေကို စီမံနေပုံရပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ဇွန်လ မှာ DTV နဲ့ပတ်သတ်ပြီး ဗီဇာလျှောက်ဖို့ လိုအပ်ချက်တွေကို မထုတ်ပြန်ခဲ့ပေမယ့် အခု ဇူလိုင်လ နောက်ဆုံးအပတ်လောက်မှာ ထုတ်ပြန်ချက်အသစ်ကို တွေ့ရဖွယ်ိရှိတယ်လို့ ဆိုကြပါတယ်။

DTV ကို စိတ်ဝင်စားနေတဲ့ TNG ရဲ့ စာဖတ်သူတွေ Update သိရအောင် ရေးသားမျှဝေပေးလိုက်ပါတယ်။

09/07/2024

Update News

ဇူလိုင် ၁၅ ရက်နေ့ကစပြီး ကမ္ဘောဒီးယားက ထိုင်းသံရုံးမှာ ဗီဇာကိစ္စတွေ လုပ်မယ်ဆိုရင် ၅ ရက်ကြာမယ်လို့ ထိုင်းသံရုံး(ကမ္ဘောဒီးယား) က ထုတ်ပြန် ကြေငြာလိုက်ပါတယ်။

ဗီဇာ လျှောက်ထားတဲ့နေ့ကိုပါ ထည့်တွက်မယ်ဆိုရင် စုစုပေါင်း ၆ ရက်ကြာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်က Visa ကိစ္စတွေ ကမ္ဘောဒီးယားမှာ Run မယ်ဆိုရင်တော့ ဇူလိုင် ၁၅ နောက်ပိုင်းဆို ၆ ရက်လောက် အနည်းဆုံးအချိန်ပေးဖို့ လိုမှာ ဖြစ်ပါတယ်။

မသိတဲ့သူတွေက အရင်လို ၁ရက်၊ ၂ ရက် နဲ့ ရတယ်ထင်ပြီး အပြန်လေယာဉ်လက်မှတ်တွေ စောဝယ်ထားမိတဲ့အခါ လေယာဉ်လက်မှတ် ဆုံးရှုံးနိုင်တာဖြစ်လို့ ဒီသတင်းကို သိထားဖို့ လိုပါတယ်။

#ထိုင်းလမ်းညွှန် #ဗီဇာ

06/07/2024

ချင်းမိုင်မှာ Visa Extension လုပ်တဲ့အခါ လိုအပ်တဲ့ ကောင်စစ်ဝန်ရုံးထောက်ခံစာကို ထုတ်ပေးတာ ရပ်နားထားပါတယ်။

ရှေ့ ရက်က ချင်းမိုင်ကောင်စစ်ဝန်ရုံးမှာ ထောက်ခံစာ သွားယူတော့ Extension ထောက်ခံစာတွေကို ပေးတာ နားထားတယ်လို့ ရုံးက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လုပ်ချင်ရင် ဘန်ကောက်တက်လုပ်မှရမယ်လို့ပြောတာကြောင့် ချင်းမိုင်မှာ Tourist Visa ကို ဒုတိယအကြိမ် သက်တမ်းတိုးမယ့်ကိစ္စက အဆင်မပြေသွားပါဘူး။

အစကတော့ E-Extension လုပ်ဖို့ စဉ်းစားထားပေမယ့် ထောက်ခံစာက ဘန်ကောက်ထိ လူကိုယ်တိုင် တက်ယူရမှာပါ။

ချင်းမိုင်မှာ သက်တမ်းတစ်ခါတိုးထားဖူးရင် သံရုံးထောက်ခံစာကိုလည်း ဘန်ကောက်မှာ ကိုယ်စားယူပေးလို့ မရပါဘူး။ လူကိုယ်တိုင် မျက်နှာပြဖို့ လိုတယ်လို့ သိရပါတယ်။

အခုမှ TR Visa ကို ပထမဆုံးအကြိမ် သက်တမ်းတိုးမယ်ဆိုရင်တော့ သံရုံးထောက်ခံစာ မလိုပါဘူး။

#ထိုင်းလမ်းညွှန်

Photos from Thailand Nomad Guide's post 28/06/2024

ချင်းမိုင်မှာ ဂျပန်စာကို စျေးသက်သာပြီး စားလို့ကောင်းတဲ့ဆိုင်ကို ပြပါဆိုရင်တော့ Samurai Kitchen ဆိုင်ကို ပြရမယ်ထင်ပါတယ်။

ပုံမှန်အားဖြင့် ဟင်းတစ်ပွဲကို 69 baht ကနေ စပါတယ်။ အခု ပုံမှာပြထားတဲ့အတိုင်း အကုန်စားတာမှ 512 Baht ဘဲ ကျပါတယ်။

အဲ့ဒီဆိုင်က Garlic Fried Rice ကတော့ သဘောကျသလို Takoyaki လေးလဲ မိုက်ပါတယ်။ ဟင်းတွေ အကုန်လုံးနီးပါးက တစိပွဲမှ 69 baht ဝန်းကျင်ကြီးပါဘဲ။

အားလုံး ဗိုက်ဆာနေကြမယ်လို့ ထင်ပါတယ် 🤪

21/06/2024

ထိုင်းစကားနားမလည်ဘဲ ထိုင်းမှာ ဘယ်လိုနေကြမလဲ?

ထိုင်းမှာ ထိုင်းစကားနားမလည်ဘဲ နေတဲ့သူတွေမှ အများကြီးပါ၊ စကား နားလည်ရင်တော့ အတိုင်းထက်အလွန် ကောင်းပေမယ့် နားမလည်ရင် မလာရတော့ဘူးဆိုတာတော့ မဟုတ်ပါဘူး။

စကားနားမလည်ဘဲ ဘယ်လိုနေမလဲ?

ဒီကလူတွေက အခြေခံ အင်္ဂလိပ်စာပြောလို့အဆင်ပြေပါတယ်။ အထူးသဖြင့် ဘန်ကောက်လို မြို့ကြီးမှာတော့ အင်္ဂလိပ်စာ အပြောအဆိုက ပိုအဆင်ပြေပါတယ်။

အင်္ဂလိပ်စာ အခြေခံ ပြောတတ်မယ်ဆို စျေးဝယ်တာနဲ့ စားဖို့သောက်ဖို့က အဆင်ပြေပါပြီ။ မသိလဲ လက်ညိုးထောက်ပြီး ဝယ်လို့ရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ထဲက Connection က အလိုလိုမိသွားမှာပါ။ ခက်ခဲတဲ့ ကိစ္စမဟုတ်ပါဘူး။

အင်တာနက်ကောင်းကောင်းသုံးတတ်ရင် အဆင်ပြေတယ်။ အဓိက Google Search Engine ပါ။ ကိုယ်သိချင်တဲ့ အရာတွေ ရှာတတ်မယ်၊ လေ့လာလိုစိတ်ရှိမယ်ဆိုရင် So Easy ပါ။

Google Maps က အဓိကပါ။

Google Maps ရှိရင် တော်တော်လေးအဆင်ပြေပါတယ်။ ကျနော်ဆို ထိုင်းကို ရောက်ကတည်းက Google Maps ကြည့်ပြီးတော့ဘဲ လျှောက်သွားခဲ့တာပါ။

အသိမရှိဘဲ ရပ်တည်လို့ရပါ့မလား?

သိပ်ရပါတယ်။ အသိရှိလဲ Information မေးမြန်းတာကလွဲလို့ ကျန်တာ သိပ်လည်း ကူညီနိုင်မှာ မဟုတ်ပါဘူး။ အတော်များများက မိသားစု စားဝတ်နေရေးနဲ့ နေ့စဉ် နိစ္စဓူဝ ရုန်းကန်နေရတဲ့သူတွေကြီးဘဲ မဟုတ်လား.. ။

ကျနော်ဆို မြန်မာပြည်ကနေ အစီအစဉ်သေချာမရှိဘဲ လေယာဉ်လက်မှတ်ဝယ်ပြီး ဘန်ကောက်ရောက်လာတာပါ။ လေဆိပ်ရောက်တဲ့အထိ ထိုင်းမှာ နေမယ့် နေရာတောင် မရှာရသေးပါဘူး။ ဟိုတယ် Booking လည်း မလုပ်ခဲ့ပါဘူး။ ( ကံကောင်းလို့ Officer က ဘာမှမမေးဘဲ တုံးထုပေးလိုက်လို့ 😁)

လေဆိပ်က ရောက်ပြီးမှ Shopping Mall ထဲသွား၊ စားသောက်ပြီးမှ နေမယ့်နေရာကို အဲ့ဒီတော့မှ ရှာတာပါ။ ( ကိုယ့်မိတ်ဆွေကောင်းတာလဲ ပါတာပေါ့၊ သူက ဒီမှာ နေရာမရှားဘူး၊ ရောက်မှ အေးဆေးလုပ်လို့ရတယ်ဆိုပြီး ပြောထားလို့ ကိုယ်လဲ ခပ်အေးအေးဘဲ )

ထိုင်းမှာ တစ်ယောက်ထဲ နေဖို့ဆို အဓိက Apps တွေ သေချာသုံးတတ်ရင် ရပြီ။

Shopping App ဆို Lazada, Shopee ပေါ့။ အဲ့ဒီကနေ ဝယ်ရင် အပြင် ဆိုင်မှာ သွားဝယ်တာထက် ပိုသက်သာတယ်။ ဘာလို့ဆို ထိုင်းမှာ E-Commerce Transaction တွေကို အစိုးရက အခွန်သက်သာခွင့် ပေးထားတာရှိတယ်။ သက်သာတယ်ဆိုပြီးတော့ မလေ့လာဘဲ ဇွတ်တော့ မဝယ်နဲ့ပေါ့။ ဂျင်းမိတာတွေရှိသေးတယ်။

အစားအသောက်ဆို Grab နဲ့ Foodpanda ရှိရင် လုံလောက်ပြီ။

သွားဖို့လာဖို့ဆို Grab နဲ့ Bolt ပေါ့။ Bolt က​တော့ ပိုသက်သာတယ်။

နေဖို့ထိုင်ဖို့ တိုက်ခန်းငှားတာ၊ ကွန်ဒိုငှားတာတွေအတွက်ဆိုရင်လည်း Website တွေရှိတယ်။ အဲ့ဒီ Website တွေအကြောင်းကို TNG Page မှာ ကျနော်တင်ထားပေးဖူးတယ်။

ထိုင်ရာက မထဘဲ ကိစ္စအတော်များများကို အွန်လိုင်းစနစ်နဲ့ ထိုင်းမှာလုပ်လို့ရတဲ့ အားသာချက်ရှိတယ်။

စားချင်ရင် App ကနေ မှာ၊ သွားချင်ရင်လည်း Taxi ကို App ကနေခေါ်၊ စျေးဝယ်ချင်လည်း App ကနေ ဝယ်လို့ ရနေတော့ ထိုင်းစကားတောင် မလိုဘဲ အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။

ဟိုတယ်တွေ၊ လေယာဉ်လက်မှတ်တွေ ဝယ်ချင်ရင်လည်း Agoda, Trip တို့လို App ကနေ ကိုယ်တိုင် Booking တင်၊ လက်မှတ်ဖြတ် လုပ်လို့ရတယ်။

တစ်နေရာထဲနဲ့ အားလုံးအဆင်ပြေမယ့် အဓိက လိုအပ်ချက်ကတော့ Bank account ပါဘဲ။ App တွေကို Bank App နဲ့ ချိတ်ထားလို့ရတော့ သူ့ဟာသူ ပိုက်ဆံဖြတ်သွားတာဆိုတော့ အဆင်ပြေတယ်။

ဒါကြောင့် ကျနော်တို့လို Digital Nomad တွေ၊ Freelancer တွေအတွက်ကတော့ တစ်ယောက်ထဲနေလဲ အဆင်ပြေတယ်လို့ ပြောလို့ရတယ်။ အဓိကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့ရယ်၊ သွားရဲလာရဲ၊ ပြောရဲဆိုရဲ ရှိဖို့ရယ်ပါဘဲ။

ကျနော်ဆို အခုချိန်ထိ ဗီဇာသက်တမ်းတိုးတာတွေရော၊ ယာဉ်မောင်းလိုင်စင်လုပ်တာတွေရော၊ ဘဏ်အကောင့်လုပ်တာတွေရော ပွဲစားမပါဘဲ ကိုယ်တိုင် လုပ်တာပါ။

မသိလို့ရှိရင် Googling လုပ်ပါ။ ထိုင်းအစိုးရ Website တွေမှာ ရှာဖတ်ပါ။ ဒါမှမဟုတ် သက်ဆိုင်ရာ ရုံးတွေ၊ ကုမ္ပဏီတွေဆီ တိုက်ရိုက်သွားပြီး မေးလဲ ရပါတယ်။ အင်္ဂလိပ်လို သူတို့ ကောင်းကောင်း ပြောတတ်ပါတယ်။

ကျနော့်ရဲ့ Thailand Nomad Guide Page ရဲ့ Followers အတော်များများက ထိုင်းကို လာချင်တဲ့ လူငယ်တွေ၊ Freelancer တွေပိုများတာမို့ ဒီပိုစ့်လေးကို ရေးဖြစ်တာပါ။

ပုံကတော့ ကျနော်နေတဲ့ ကွန်ဒိုကနေ လှမ်းရိုက်ထားတာပါ။

ဒါနဲ့ စကားမစပ် .. အခုထိ ထိုင်းစကားဆိုလို့ ဆဝါဒီခပ်ရ် နဲ့ ခပွန်ခပ် ဆိုတဲ့ စကား ၂လုံးဘဲ တတ်ပါသေးတယ်။ 😁

Photos from Thailand Nomad Guide's post 18/06/2024

ချင်းမိုင်က Doi Pui ရွာလေး

Doi Pui ဆိုတာ ချင်းမိုင်မြို့နားမှာ ကပ်ရပ်ရှိတဲ့ တောင်ပေါ်ရွာလေး တစ်ရွာဖြစ်ပါတယ်။ Doi Suthep အပေါ်ကို ဆက်တက်သွားရင် ရောက်မယ့်ရွာလေး တစ်ရွာဘဲ ဖြစ်ပါတယ်။

Doi Pui ရွာလေးဟာ ထိုင်းအစိုးရက အထူးထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ရွာလေး တစ်ရွာဖြစ်ပြီးတော့ မုံလူမျိုးစုတွေ နေထိုင်တဲ့ ရွာတစ်ရွာဖြစ်ပါတယ်။ မုံလူမျိုးဆိုတာ ထိုင်းလူမျိုး မဟုတ်တဲ လူနည်းစုသာရှိတဲ့ တိုင်းရင်းသား လူမျိုးစု တစ်စုဖြစ်ပါတယ်

Doi Pui ViewPoint ကနေ Hmong Village ( မုံလူမျိုးစုရွာ) ကို အပေါ်စီးကနေ တွေ့မြင်နိုင်မှာ ဖြစ်ပြီး​တော့ အိမ်ခြေကတော့ ဓာတ်ပုံမှာ မြင်ရတဲ့အတိုင်းပါဘဲ၊ နည်းနည်းလေးမှ နည်းနည်းလေးပါဘဲ။

သဘောကျမိတဲ့အချက်ကတော့ Doi Pui Viewpoint အပေါ်သွားရတဲ့လမ်းတွေက အမြဲတမ်း မှောင်မိုက်စိမ်းစိုနေပြီး​တော့ တိမ်တွေတက်လာတဲ့အခါ အရှေ့တည့်တည့်ကိုတောင် အချင်းချင်း မမြင်ရတော့ပါဘူး။

လမ်းအရမ်းကျဉ်းတာဖြစ်လို့ ကား ၂စီးမလွတ်ပါဘူး။ ကား ၂ စီးလွတ်တဲ့ လမ်းက Doi Suthep ထိဘဲ လွတ်တာပါ၊ Doi Suthep ကနေ အပေါ်ထပ်တက်တဲ့ လမ်းတွေက မတ်ပြီးတော့ အရမ်းကျဉ်းပါတယ်။

ဒါကြောင့် ကားမောင်းသွားမယ်ဆိုရင်တော့ အရမ်း သတိထားရပါတယ်။ Doi Pui Viewpoint ကနေ တိမ်ပင်လယ်ကြီးကို ကြည့်ရတာ အရမ်းမိုက်ပါတယ်။ ကျနော်ကတော့ ဓာတ်ပုံကောင်းကောင်း ရိုက်နိုင်ဖို့အတွက် အချိန်တော်တော်စောင့်လိုက်ရပါတယ်။ တိမ်ငွေ့တွေ တက်လာတော့ အရှေ့တောင် မမြင်ရတော့လို့ပါ။

ရွာထဲမှာတော့ မုံလူမျိုးတွေရဲ့ ပြတိုက်ငယ်လေးရှိမယ်၊ သူတို့ရဲ့ ရိုးရာအဝတ်အထည်ရောင်းတာတွေရှိမယ် ( ကိုယ်တိုင် လက်နဲ့ ချည်ထိုးတာပါ ၊စက်နဲ့ မဟုတ်ပါဘူး)၊ အေးချမ်းမှုကို ခဏတာ ခံစားဖို့ ကော်ဖီဆိုင်လေးတွေ ရှိပါမယ်၊ ရွာထဲ လမ်းပတ်လျှောက်ကြည့်လို့ရပါတယ်။

ရွာထဲလမ်းတွေ လျှောက်ကြည့်ဖို့ လက်မှတ်ဖိုးက ၁၀ ဘတ် ဘဲပေးရပါတယ်။ အပျော်တမ်း ဒူးလေးပစ်ချင်လည်း ရပါတယ်။

View Point ကို သွားတဲ့လမ်းက စိတ္တဇ ဆန်ဆန် အမှောင်လမ်း ပုံစံ ဓာတ်ပုံရိုက်ချင်တယ်ဆိုရင်တော့ ဘာ Effect မှ တောင် မလိုပါဘူး။ လမ်းတွေရဲ့ အလင်းအမှောင်ကိုက အေးစိမ့်ကျောချမ်းစရာပါဘဲ။

မိုးတွင်းဆိုရင်တော့ ရွာထဲကနေ ချင်းမိုင်ပြန်မယ်ဆိုရင် ညနေ ၄ နာရီလောက် နောက်ဆုံးထားပြီး ပြန်သင့်ပါတယ်။ လမ်းမှာ အမြဲတမ်း မိုးကြီးနေနိုင်ပါတယ်၊ တိမ်တွေကြားထဲရောက်နေတဲ့ ရွာဖြစ်လို့ပါ။ ကျနော်တို့ကတော့ ညနေ ၄နာရီခွဲပြန်တာ ကားမီးကြီးပါ ဖွင့်ရတဲ့အထိ မှောင်ပါတယ်။

ကျနော်ကတော့ နောက်တစ်ကြိမ်ထပ်သွားပါအုံးမယ်။

Photos from Thailand Nomad Guide's post 16/06/2024

ထိုင်းနိုင်ငံကို လာမယ်ဆိုရင် ဆောင်ထားသင့်တဲ့ Apps များ

ကျနော်တို့လို Digital Nomad တွေအတွက်တော့ ထိုင်းနိုင်ငံမှာ ထိုင်စကားမပြောတတ်လည်း ဒီလို Apps တွေရှိနေရင် လုံလောက်နေပါပြီ။ အခုမှ ထိုင်းနိုင်ငံကို အလည်လာတာဘဲဖြစ်ဖြစ် ဒါမှမဟုတ် ဒီမှာ ယာယီနေထိုင်တာဘဲဖြစ်ဖြစ် ဆောင်ကို ဆောင်ထားသင့်တဲ့ Apps တွေအကြောင်းကို Thailand Nomad Guide (TNG) ကနေ ရေးသားမျှဝေလိုက်ပါရေစခင်ဗျာ။

၁။ အစားအသောက်
အစားအသောက်အတွက်ဆိုရင်တော့ Grab, Foodpanda နဲ့ Lineman App ကို ဒီမှာ အများဆုံး သုံးကြပါတယ်။ ထိုင်းစကားလည်း တတ်စရာမလို၊ မှာချင်တဲ့ အစားအသောက်ကို မှာလိုက်ရုံနဲ့ မိမိ Location အထိ လာပို့ပေးတာဖြစ်လို့ အဆင်ပြေပါတယ်။ ကျနော်ကတော့ Card Payment တွေနဲ့ တစ်ခါထဲ ချိတ်ထားတာဖြစ်လို့ တစ်ခါထဲငွေချေပြီးသားဆိုတော့ ဘာစကားတစ်ခွန်းမှ ပြောစရာမလိုတော့ပါဘူး။ Card Payment မချိတ်ထားရင်တော့ Cash on Delivery Option ကိုရွေးပြီး မှာလဲရပါတယ်။

၂။ Taxi စီးမယ်ဆိုရင်
Grab နဲ့ Bolt က​တော့ လူသုံးအများဆုံး App တွေပါဘဲ။ InDrive ကျတော့ လူသုံးနည်းပေမယ့် အားသာချက်က Taxi Driver နဲ့ App ထဲမှာ စျေးညှိလို့ရပါတယ်။ Grab နဲ့ Bolt ကတော့ စျေးညှိလို့ရမှာ မဟုတ်ပါဘူး။

Bolt ကတော့ Grab ထက် စျေးအနည်းငယ်ပိုသက်သာပါတယ်။

၃။ Public Transportation
Public Transportation အတွက်ဆိုရင်တော့ ရထားနဲ့ ဘက်စ်ကား ရှိပါမယ်။ ရထားဆိုရင်တော့ BTS, MRT App ဆောင်ထားသင့်ပြီး​တော့ Bus ဆိုရင်တော့ ViaBus App က တော်တော်လေး အဆင်ပြေပါတယ်။ ဘယ်ချိန်ထွက်မလဲ၊ ကားမှတ်တိုင်နံပတ်တွေ၊ ဘယ်မှာစောင့်ရမလဲ ဆိုတာကို ကြည့်နိုင်မှာ ဖြစ်ပါတယ်။

တစ်ကယ်တော့ ရထား App ဆိုရင် BTS App တစ်ခုဆောင်ထားရင်တောင် လုံလောက်ပါတယ်။ သူ့မှာ ဘန်ကောက်တစ်ခုလုံးရဲ့ မြေပုံပါပြီးသားဖြစ်တာကြောင့် ကိုယ်သွားချင်တဲ့နေရာကို လွယ်ကူစွာ ကြည့်နိုင်ပါတယ်။

၄။ Online Shopping
အပြင်မှာ စျေးဝယ်မထွက်ချင်တဲ့ ကျနော့်လို လူတွေအတွက်ကတော့ Online Shopping App တွေက အသုံးဝင်ပါလိမ့်မယ်။ ထိုင်းနိုင်ငံမှာ ခေတ်အစားဆုံး Shopping Apps ကတော့ Lazada, Shopee နဲ့ TikTok Shop တို့ဘဲ ဖြစ်ပါတယ်။

Promotion တွေအများကြီးပြီးတော့ အပြင်မှာသွားဝယ်တာထက် ပိုသက်သာနိုင်ပါသေးတယ်။ ဒါပေမယ့် ဂျင်းဆိုင်တွေလည်း အများကြီးရှိတာဖြစ်လို့ သတိတော့ထားရပါတယ်။ နောက်မှ ဂျင်းဆိုင်ရှောင်နည်းအကြောင်းကို ရေးပေးပါအုံးမယ်။

TikTok Shop ကတော့ လက်ရှိသုံးနေတဲ့ TikTok App ကို location change လိုက်ရင် ပေါ်လာပါလိမ့်မယ်။

၅။ ဗီဇာအကြောင်းတွေ၊ ထိုင်းနိုင်ငံနဲ့ပတ်သတ်တဲ့ Updates တွေ သိချင်ရင်
ဒါကတော့ ကျနော် ဖန်တီးထားတဲ့ Thailand Nomad Guide App ဘဲ ဖြစ်ပါတယ်။ ဗီဇာအကြောင်းတွေ၊ ထိုင်းနိုင်ငံနဲ့ပတ်သတ်တဲ့ သတင်းတွေကို တင်ဆက်ပေးနေတဲ့ Android App ဘဲ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ ထိုင်းနိုင်ငံကို ရောက်လာရင် ဆောင်ထားသင့်တဲ့ Apps လေးတွေအကြောင်းကို သိလောက်ပြီလို့ ထင်ပါတယ်။

#ထိုင်းလမ်းညွှန်

15/06/2024

အွန်လိုင်းကနေ လွယ်လွယ်နဲ့ ပိုက်ဆံချေးပေးတယ်ဆိုတဲ့ တရားမဝင် ငွေချေးလုပ်ငန်းလုပ်ကိုင်သူကို ထိုင်းနိုင်ငံ ဆိုက်ဘာရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

နေ့စဉ်အတိုး 3% တက်သွားမှာဖြစ်ပြီးတော့ အတိုးပေးဖို့ နောက်ကျသူတွေကို Social Media ပေါ်မှာ အရှက်ခွဲခြင်း၊ ဖုန်းဆက် ဆဲဆိုခြင်း၊ ပိုင်ဆိုင်မှုတွေကို ဖျက်စီးခြင်း စတဲ့ အရာတွေ လုပ်လာတာကြောင့် ဆိုက်ဘာရဲတပ်ဖွဲ့ကနေ စောင့်ကြည့် အမှုဖွဲ့ အရေးယူလိုက်တာ ဖြစ်ပါတယ်။

တရားမဝင်ငွေချေးလုပ်ငန်း လုပ်ကိုင်သူတွေဟာ page တွေကနေ တစ်ဆင့် သူတို့ရဲ့ သားကောင်ကို ရှာဖွေကြတာဖြစ်ပြီး အရှက်တစ်ကွဲ အကျိုးနည်းဖြစ်အောင် အကျပ်ကိုင်ကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ တရားမဝင်ငွေချေးလုပ်ကိုင်မှု၊ နိုင်ထက်စီးမှု အကြမ်းဖက်နည်းလမ်းနဲ့ အတိုးတောင်းမှု၊ ပုံမှန်မဟုတ်သော အတိုးရာခိုင်နှုန်းဖြင့် လုပ်ငန်းလည်ပတ်မှု တို့ဖြင့် ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။

ဆိုက်ဘာရဲတပ်ဖွဲ့ဟာ အခုလို အွန်လိုင်းကနေ လိမ်လည်လှည့်ဖျားမှုတွေကို အမြဲစောင့်ကြည့်လေ့လာနေတယ်လို့ ဆိုပါတယ်။

#သတင်း #ထိုင်းလမ်းညွှန်

Photos from Thailand Nomad Guide's post 14/06/2024

ချင်းမိုင်မြို့ပေါ်က သမိုင်းဝင် Doi Suthep သို့ အလည်တစ်ခေါက်

ချင်းမိုင်မြို့နဲ့ နီးနီးနားနားလည်းဖြစ်မယ်၊ တောင်ပေါ် View လည်းကြည့်ချင်တယ်ဆိုရင်တော့ Doi Suthep ကလည်း ထင်ရှားပါတယ်။

Doi Suthep ဟာ သမိုင်းဝင်စေတီတော်တစ်ဆူဖြစ်ပြီးတော့ ဗုဒ္ဓရဲ့ အရိုးတော်ကို ဌာပနာပူဇော်ထားတယ်လို့လဲ သိရပါတယ်။

Doi Suthep ကို သွားမယ်ဆိုရင် ချင်းမိုင်တက္ကသိုလ်ရှိတဲ့လမ်းကနေ တည့်တည့်တက်သွားရုံပါဘဲ။ Doi Suthep ထိသွားတဲ့ ကားနီလေးတွေလည်း အများကြီးရှိပါတယ်။ ကျောင်းရှေ့နားမှာပါဘဲ။

ဆိုင်ကယ်နဲ့ တက်တဲ့သူတွေလည်း ရှိပါတယ်၊ အကွေ့အကောက်များတာမို့ ဆိုင်ကယ်မောင်းကျွမ်းကျင်ဖို့တော့ လိုပါမယ်။

ကျနော်တို့ကတော့ ရုံးဖွင့်ရက်သွားတာဖြစ်လို့ အပေါ်မှာ လူမများပါဘူး။ ဓာတ်ပုံတွေကတော့ ရိုက်တက်သလိုဘဲ ရိုက်လာတာမို့ သည်းခံပြီး ကြည့်ပေးကြပါအုံး 😁

12/06/2024

ထိုင်းနိုင်ငံ ပြင်ပထွက်ပြီး ပြန်ဝင်လာတဲ့အခါ TM30 လျှောက်တာ နောက်ကျရင် ဘာဖြစ်မလဲ ?

ဟုတ်ကဲ့ပါ၊ ကျနော့်လိုဘဲ ဒဏ်ကြေး ဘတ် ၁၆၀၀ ဆောင်ရမှာပါ 😂😂😂၊

အရင်က TM30 ရှိပေမယ့် နိုင်ငံပြင်ပထွက်ပြီး ပြန်ဝင်လာတဲ့ ရက်နဲ့ TM30 အသစ် ပြန်လျှောက်တဲ့ ရက်က ဟနေလို့ဆိုပြီး ဒဏ်ကြေးဆောင်ရတာပါ။

ဘန်ကောက်မှာ နေတုန်းက ဒဏ်ကြေးမဆောင်ရပေမယ့် ချင်းမိုင်မှာ ရုံးမှာတော့ ဒဏ်ကြေးဆောင်ရပါတယ်။

အိမ်စာချုပ်နဲ့ဆို ဒဏ်ကြေး ၁၆၀၀ဘတ်၊ ဟိုတယ်လိပ်စာနဲ့ဆို ဒဏ်ကြေး ၈၀၀၀ ဘတ်ပါ။

07/06/2024

PJ Passport တွေကို PV Passport အဖြစ် ပြောင်းလဲခွင့် ပိတ်ပင်

07/06/2024

ပန်းရောင်ကဒ် ( တရားမဝင် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများကို တရားဝင် နေထိုင်အလုပ်လုပ်ခွင့်ပေးမယ့်ကဒ် ) ကို ထိုင်းအလုပ်သမားရေးရာ ဝန်ကြီးဌာနက အတည်ပြု ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို တရားမဝင် (အထောက်အထားမဲ့) နည်းလမ်းနဲ့ ရောက်ရှိနေတဲ့ အိမ်နီးချင်းနိုင်ငံ ၄ နိုင်ငံ ( မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်) တို့ကို ပန်းရောင်ကဒ် ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပန်းရောင်ကဒ်ထုတ်ပေးဖို့ အတည်ပြုထုတ်ပြန်ကြေငြာလိုက်ပြီဖြစ်တာကြောင့် မကြာခင်မှာ အမည်စာရင်းတင်သွင်းဖို့ လုပ်ဆောင်ရမယ့် အစီအစဉ် အဆင့်ဆင့်နဲ့ အချိန်တွေကို ထပ်မံ ထုတ်ပြန်မယ်လို့ သိရပါတယ်။

ဒါကြောင့် အချို့သော လိုအပ်နေသူတွေအတွက် ဒီသတင်းက သတင်းကောင်းဖြစ်မှာပါ။

#ထိုင်းလမ်းညွှန် #ပန်းရောင်ကဒ်

Leading Property Websites in Thailand: Navigating Real Estate Online - Sharemal 05/06/2024

ထိုင်းမှာ အခန်းငှားနေထိုင်မယ်ဆိုရင်တော့ အခန်းစျေးနှုန်းတွေ၊ ပုံတွေနဲ့Facilities တွေကို သေချာ လေ့လာနိုင်မယ့် ဝက်ဘ်ဆိုဒ်များ

ကျနော့်တုန်းကတော့ အခုပြထားတဲ့ ဆိုဒ်တွေဆီကနေ တစ်ဆင့်ဘဲ ကြည့်ပြီး ငှားရမ်းခဲ့ဖြစ်တာပါ။

Leading Property Websites in Thailand: Navigating Real Estate Online - Sharemal Thailand’s real estate market has a vibrant online presence, with several top property websites providing comprehensive services for buyers, sellers, renters, and investors. Here are some of the leading property portals: 1. Thailand Property Thailand-property.com has quickly risen to become the le...

05/06/2024

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားဆီက ဝင်ငွေခွန်ကောက်မယ့် ဥပဒေအသစ်ပြဌာန်းဖို့ စီစဉ်နေ

ထိုင်းနိုင်ငံမှာ ရက်ပေါင်း ၁၈၀ အထက် နေထိုင်သူ နိုင်ငံခြားသားအားလုံးတို့ဟာ ဝင်ငွေခွန်ဆောင်ရမယ်ဆိုတဲ့ ဥပဒေက ဇန်နဝါရီ ၁ ၊ ၂၀၂၄ ခုနှစ်ထဲက အသက်ဝင်ပြီးသား ဥပဒေ ဖြစ်ပါတယ်။

ဒါပေမယ့် ယခု အသစ်တင်သွင်းတဲ့ ဥပဒေအသစ်က ထိုင်းနိုင်ငံကို မယူဆောင်( မသယ်လာတဲ့) မိမိတို့ရဲ့ သက်ဆိုင်ရာနိုင်ငံမှာ ရရှိနေတဲ့ ဝင်ငွေအပေါ်မှာပါ အခွန်ကောက်ဖို့ ပြင်ဆင်တာဘဲ ဖြစ်ပါတယ်။

ဆိုလိုတာက ထိုင်းနိုင်ငံထဲကို သယ်လာတဲ့ ဝင်ငွေအပေါ်မှာရော၊ မသယ်လာဘဲ မိမိတို့နိုင်ငံမှာ ဝင်နေတဲ့ဝင်ငွေအပေါ်မှာပါ ပေးဆောင်ရမယ်လို့ ဆိုပါတယ်။

မိမိတို့ရဲ့ သက်ဆိုင်ရာနိုင်ငံမှာ ဝင်ငွေခွန်ဆောင်ထားသည့်တိုင်အောင် ဒီဘက်မှာပါ ဝင်ငွေခွန်ထပ်ဆောင်ရမယ့်အခြေအနေဟာ Double Tax ဖြစ်စေမှာ ဖြစ်ပါတယ်။

ဒီလိုမျိုး ကိုယ့်နိုင်ငံမှာ ဝင်ငွေ ဘယ်လောက်ရနေလဲဆိုတာကို သိဖို့အတွက်လည်း ထိုင်းနိင်ငံအခွန်ဌာနက ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရက်ပေါင်း ၁၈၀နဲ့ အထက်နေထိုင်သူ နိုင်ငံခြားတွေအနေနဲ့ ထိုင်းနိုင်ငံကို ဝင်လာမယ့် ပိုက်ဆံအပေါ်မှာရော၊ မိမိနိုင်ငံမှာ ရနေတဲ့ ဝင်ငွေအပေါ်မှာရော အခွန်ဆောင်ရမယ့် အခြေအနေမျိုး ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

#ထိုင်းလမ်းညွှန်

03/06/2024

ပြည်ပနိုင်ငံမှ အဆောက်အဦး (ကွန်ဒို၊တိုက်ခန်း..) တွေကို ရောင်းချသူနှင့် ဝယ်ယူသူ ၂ဖက်လုံးကို ဖမ်းဆီးအရေးယူဖို့ စစ်ကောင်စီက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

ယနေ့ည မြန်မာစံတော်ချိန် ၈ နာရီ သတင်းအရ ထိုင်းနိုင်ငံရှိ ကွန်ဒိုများကို ရောင်းချပေးသူ မြန်မာနိုင်ငံနေ ၂ ဦးနှင့် မြန်မာနိုင်ငံနေ ဝယ်ယူသူ ၃ ဦးတို့ကို ဖမ်းစီးလိုက်ကြောင်း သိရပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံအပါအဝင် အခြားပြည်ပနိုင်ငံများမှာ အဆောက်အဦး ဝယ်ယူသူတွေကိုပါ ဖမ်းစီးမယ်လို့လဲ သိရပါတယ်။

ဗဟိုဘဏ်ရဲ့ခွင့်ပြုချက်မရှိဘဲ ပြည်ပမှာ ဘဏ်စာရင်းဖွင့်တဲ့သူတွေကိုလည်း အရေးယူနိုင်တယ်ဆိုပြီး ထုတ်ပြန်ကြေငြာထားပါတယ်။

#ထိုင်းလမ်းညွှန်

03/06/2024

Smart (S) Visa အကြောင်း သိကောင်းစရာ

Smart Visa ဆိုတာ နည်းပညာဆိုင်ရာ လုပ်ငန်းတွေ၊ ဒီဂျစ်တယ်ဆိုင်ရာ ကျွမ်းကျင်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူတွေ၊ လုပ်ငန်းတည်ထောင်သူတွေကို ပေးတဲ့ ဗီဇာအမျိုးအစားဖြစ်ပါတယ်။

Smart Visa အမျိုးအစား (၅)မျိုးရှိပါတယ်။ ဒီနေ့ပို့စ့်မှာတော့ Smart Visa ၅ မျိုးရှိတဲ့အထဲက Startup တွေကိုပေးတဲ့ Smart (S) Visa အကြောင်းကို ရှင်းပြသွားမှာ ဖြစ်ပါတယ်။

အခြား Smart Visa အခြားတွေကိုတော့ ဒီပိုစ့်မှာ ဖတ်ပေးပါ -> https://www.facebook.com/story.php?story_fbid=122147420270202262&id=61556067885940&rdid=5qhoykqX0nMsISWF

S ဆိုတာ Startup ကို အတိုကောက်ခေါ်တာဖြစ်ပြီး ထိုင်းနိုင်ငံမှာ နည်းပညာဆိုင်ရာ၊ ဒီဂျစ်တယ် ထုတ်ကုန်တွေကို ဖန်တီးလိုတဲ့ စွန့်ဦးတီထွင် လုပ်မယ့်သူတွေကို ပေးတဲ့ Visa အမျိုးအစားဖြစ်ပါတယ်။

Smart S Visa သက်တမ်းကလည်း ၃ မျိုးရှိပါတယ်။

၁။ 6 Months Visa
၂။ 1 Year Visa
၃။ 2 Yeas Visa

၆လဗီဇာကတော့ ထိုင်းနိုင်ငံမှာ ဒီဂျစ်တယ်ဆိုင်ရာ ဒါမှမဟုတ် Smart Visa လျှောက်ဖို့အတွက် ခွင့်ပြုထားတဲ့ အခြားသော လုပ်ငန်းများ စတင် အခြေစိုက် လုပ်ကိုင်ဖို့ လေ့လာပြင်ဆင်လိုသူတွေအတွက် ပေးတဲ့ ဗီဇာသက်တမ်းဖြစ်ပါတယ်။

ဒါကြောင့် အရင်ဆုံး Smart S Visas ( 6 Months ) လျှောက်မယ်ဆိုရင် Passport ၊ Business Plan နဲ့ ကျန်းမာရေးအာမခံသာ လိုအပ်မှာ ဖြစ်ပါတယ်။

Smart S ( 1 Year ) Visa ကျတော့ ဘဏ်ထဲမှာ အနည်းဆုံး ဘတ် ၆ သိန်းပြဖို့လိုမှာဖြစ်ပြီး ကျန်းမာရေးအာမခံ နဲ့ Incubation သို့မဟုတ် Accelerator Program တွေမှာ တက်ရောက် မှတ်ပုံတင်ထားဖို့ လိုပါမယ်။

Business Plan လည်း ပြဖို့လိုပါတယ်။

Incubation Program / Accelerator Program ဆိုတာ စွန့်ဦးတီထွင်တွေအတွက် ထောက်ပံ့ပေးတဲ့ အစီအစဉ်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ချိတ်ဆက်ပေးတဲ့ အစီအစဉ်တွေကို ပြောတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင်တော့ True Digital Park အပါအဝင် AIS နဲ့အခြားသော လုပ်ငန်းကြီး၊ အဖွဲ့အစည်းကြီးတွေက ဦးဆောင်စီမံထောက်ပံ့ကြပါတယ်။

Smart S (2 Year ) Visa ကိုလျှောက်မယ်ဆိုရင် ဘဏ်ထဲမှာ အနည်းဆုံး ဘတ် ၆ သိန်းနဲ့ ကျန်းမာရေးအာမခံရှိဖို့ လိုပါမယ်။ Business Plan နဲ့ ရှယ်ယာရှင် စာရင်းကို ပြဖို့ လိုပါတယ်။

ဒါဆိုရင်တော့ Smart S Visa လျှောက်မယ်ဆိုရင် လိုအပ်တဲ့ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ သိကြပြီလို့ထင်ပါတယ်။

Smart S Visa ဟာလည်း သက်တောင့်သက်သာရှိတဲ့အပြင် ထိုင်းနိုင်ငံကို ဗီဇာသက်တမ်းရှိနေတဲ့အချိန်အတွင်းမှာ အချိန်မရွေး ဝင်/ထွက် သွားလာနိုင်မှာ ဖြစ်ပါတယ်။

အခြား Visa တွေလိုမျိုး Re-Entry တုံး ထုစရာ မလိုတဲ့အပြင် 90 Days Report လည်း လုပ်ဖို့ မလိုပါဘူး။

ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေမှာလည်း Fast Track Service ကို အသုံးပြုနိုင်မှာဖြစ်လို့ အခြားဗီဇာအမျိုးအစားတွေလိုမျိုး Immigration ကောင်တာမှာ အရှည်ကြီး တန်းစီစရာ မလိုပါဘူး။

ပိုပြီးအားသာချက်ရှိတာကတော့ ထိုင်းနိုင်ငံအတွင်းမှာ အလုပ်လုပ်ဖို့အတွက် Work Permit မလိုဘဲ အလုပ်လုပ်နိုင်ပါသေးတယ်။ မိမိရဲ့ အိမ်ထောင်ဖက် သို့မဟုတ် သားသမီးတွေကလည်း Smart O Visa ပါ လျှောက်နိုင်အုံးမှာဖြစ်ပြီး သူတို့တွေလည်း ထိုင်းနိုင်ငံ အတွင်းမှာ Work Permit မလိုဘဲ အလုပ်လုပ်နိုင်အုံးမှာပါ။

ဒါဆိုရင်တော့ Smart S Visa အကြောင်းကို အတွင်းကျကျ သဘောပေါက်နားလည်လောက်မယ်လို့ ထင်ပါတယ်။

Thailand Nomad Guide ရဲ့ ပိုစ့်တွေက အကျိုးရှိတယ်ဆိုရင် ပိုစ့်လေးတွေကို Share ပြီး အားပေးကြဖို့ တောင်းဆိုပါရစေခင်ဗျာ။

#ထိုင်းလမ်းညွှန်

02/06/2024

Visa Free Entry တွေအတွက် ဇွန်လ(၁)ရက်နေ့ကစပြီး ရက်တိုးပေါ်လစီ အသက်ဝင်မယ်လို့ ကြေငြာထားပေမယ့် ယခင်အတိုင်းဘဲ တုံးထုပေးနေလို့ ခရီးသွားများ မေးခွန်းထုတ်နေVisa Free Entry တွေအတွက် ဇွန်လ(၁)ရက်နေ့ကစပြီး ရက်တိုးပေါ်လစီ အသက်ဝင်မယ်လို့ ကြေငြာထားပေမယ့် ယခင်အတိုင်းဘဲ တုံးထုပေးနေလို့ ခရီးသွားများ မေးခွန်းထုတ်နေ

ရက် ၆၀ ရမယ်ဆိုပြီး ထုတ်ပြန်ထားတဲ့ နိုင်ငံသားတွေလည်း လောလောဆယ် ရက် ၃၀ဘဲ ရတာဖြစ်လို့ ပေါ်လစီအသစ်က မြေပြင်အခြေအနေမှာ အသက်မဝင်သေးပါဘူး။

#ထိုင်းလမ်းညွှန် #ဗီဇာ

02/06/2024

Visa on Arrival ( VOA) အတွက် ရက်တိုးမြှင့်ပေးလိုက်တဲ့ နိုင်ငံများ

မြန်မာကတော့ ယခင်အတိုင်းဘဲ Visa Free ကို ၁၄ ရက်သာ ရရှိမှာဖြစ်ပါတယ်။

#ထိုင်းလမ်းညွှန် #ဗီဇာ

29/05/2024

ထိုင်းအစိုးရက သက်တောင့်သက်သာရှိမယ့် Destination Thailand Visa ( DTV) ကို မိတ်ဆက်

Destination Thailand Visa (DTV) ဆိုတာ ထိုင်းနိုင်ငံမှာ ၅ နှစ်အထိ သက်တမ်းတိုးနေနိုင်မယ့် ဗီဇာအမျိုးအစား အသစ်တစ်ခုဖြစ်ပြီး လာမယ့် ဇွန်လ (၁)ရက်နေ့မှစပြီး လျှောက်နိုင်တော့မှာ ဖြစ်ပါတယ်။

Digital Nomad​, Remote Worker တွေအပါအဝင် အခြားသော Activities တွေဖြစ်တဲ့ မွေထိုင်းရိုးရာ လက်ဝှေ့အားကစား၊ အချက်အပြုတ် သင်တန်းသားများ၊ ဆေးကုသမှုခံယူမယ့်သူများ၊ Seminar တွေ၊ Event တက်ရောက်မယ့်သူများ၊ အနုပညာ ပြပွဲများ၊ ရှိုးများကို လာရောက်မယ့်သူတွေအတွက် ရည်ရွယ်ထားတဲ့ ဗီဇာ အသစ် တစ်ခုဖြစ်ပါတယ်။

DTV ရရှိထားသူများဟာ မိမိရဲ့ အိမ်ထောင်ဖက်နဲ့ အသက် ၂၀ အောက် သားသမီးတွေအတွက်လည်း DTV ဗီဇာကို Family Plan အနေနဲ့ လျှောက်နိုင်အုံးမှာ ဖြစ်ပါတယ်။

DTV ဗီဇာ က သက်တမ်း ၆ လ ရရှိမှာဖြစ်ပြီး ဘတ် ၁၀၀၀၀ သာ ကျသင့်မှာဖြစ်ပါတယ်။ သက်တမ်းတိုးနေထိုင်လိုပါက နောက်ထပ် ၆ လအတွက် ဘတ် ၁၀၀၀၀ ကျသင့်မှာဖြစ်ပါတယ်။

ဒါကြောင့် DTV နဲ့ တစ်နှစ်နေထိုင်မယ်ဆိုရင် စုစုပေါင်း ဘတ် ၂၀၀၀၀ သာ ကျသင့်မှာ ဖြစ်ပါတယ်။

ဒီလိုနည်းနဲ့ DTV ဗီဇာနဲ့ နှစ်ရှည် ( ၅ နှစ် ) အထိ ထိုင်းနိုင်ငံမှာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

DTV ဗီဇာလျှောက်မယ်ဆိုရင် ဘဏ်ထဲမှာ အနည်းဆုံး ဘတ် ၅ သိန်း ရှိဖို့ လိုမှာဖြစ်ပါတယ်။

အခြား ဘာစာရွက်စာတမ်းတွေ လိုမလဲဆိုတာကိုတော့ အတိအကျ ထုတ်ပြန်ကြေငြာထားမျိုး မရှိသေးတဲ့အတွက် လောလောဆယ်မှာတော့ ငွေကြေးပိုင်ဆိုင်မှု အထောက်အထား ဘတ် ၅ သိန်းအနည်းရှိရမှာဆိုတာကိုဘဲ သိရပါသေးတယ်။

DTV ဗီဇာကို ထိုင်းနိုင်ငံ ပြင်ပကနေရော၊ ထိုင်းနိုင်ငံအတွင်းကနေပါ လျှောက်လို့ရနိုင်မှာ ဖြစ်ပါတယ်။

28/05/2024

Update News : ဇွန်လ(၁)ရက်နေ့မှစ၍ ဗီဇာပေါ်လစီအသစ် အသက်ဝင်မည်။

Digital Nomad, Boxer တွေနဲ့ Chef Student တွေကို ဗီဇာ(၅)နှစ်ထိ ပေးမယ်

Digital Nomad, Boxer (မွေ့ထိုင်း ရိုးရာလက်ဝှေ့အားကစား) နဲ့ စားဖိုမှူး သင်တန်းကျောင်းသားတွေကို ၅ နှစ် ဗီဇာအထိ ပေးမယ်လို့ သိရပါတယ်။

ဗီဇာသက်တမ်းရက်ပေါင်း ၁၈၀ ( ၆လ) ပေးသွားမှာဖြစ်ပြီး နောက်တစ်ခါသက်တမ်းတိုးရင် နောက်ထပ် ရက်ပေါင်း ၁၈၀ (၆လ) ထပ်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်နှစ်မှာ ဗီဇာ သက်တမ်း ၁ ကြိမ်သာ တိုးရမှာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ အများဆုံး ဗီဇာသက်တမ်း အများဆုံး ၅ နှစ်အထိ တိုးနိုင်မှာပါ။

ဒါကြောင့် Digital Nomad တွေ၊ Freelancer တွေအတွက် အရမ်းအဆင်ပြေမယ့် ဗီဇာအမျိုးအစား ဖြစ်လာနိုင်ပါတယ်။

Student Visa နဲ့ ကျောင်းပြီးထားတဲ့သူများဟာလည်း ထိုင်းနိုင်ငံကနေ ချက်ချင်းထွက်စရာ မလိုတော့ဘဲ သက်တမ်း (၁) နှစ်အထိ ထပ်မံ သက်တမ်းတိုးနေနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျောင်းပြီးသွားတဲ့ ကျောင်းသားတွေလဲ သက်တမ်းတိုးထားတဲ့ အချိန် (၁) နှစ်အတွင်းမှာ အလုပ်အကိုင်ရှာဖွေဖို့ အထောက်အကူပြုစေမှာပါ။

Retirement Visa အတွက် ကျန်းမာရေးအာမခံကို လျော့ချပေး

အသက် ၅၀နဲ့ အထက် လူကြီးတွေသာ လျှောက်နိုင်တဲ့ Retirement Visa ရဲ့ ကျန်းမာရေးအာမခံကို ယခင် ဘတ် ၃ သန်းမှ ၄၄၀၀၀၀ ( လေးသိန်းလေးသောင်း) အထိ လျော့ချပေးလိုက်ပါတယ်။

Retirement Visa အတွက် အခုလို ကျန်းမာရေးအာမခံတန်ဖိုး လျော့ချပေးတဲ့ ပရိုမိုးရှင်းက စက်တင်ဘာ ကနေ ဒီဇင်ဘာအတွင်းမှာ အကျုံးဝင်မှာဖြစ်ပါတယ်။

​Visa Free Entry နိုင်ငံ ၅၇ နိုင်ငံမှ ၉၃ နိုင်ငံအထိ တိုးမြှင့်

Visa Free Entry ဝင်ခွင့်ရတဲ့နိုင်ငံများက ဗီဇာသက်တမ်းတိုး ရက် ၆၀ ရရှိအုံးမှာလည်း ဖြစ်ပါတယ်။ ယခင်က Visa Free ဖြင့် ဝင်ရောက်ပါက ရက်ပေါင်း ၃၀ သာ သက်တမ်းတိုးခွင့်ပေးခဲ့ပြီး ယခု ပေါ်လစီအသစ်မှာတော့ ရက်ပေါင်း ၆၀ သက်တမ်းတိုးခွင့်ပေးမှာ ဖြစ်ပါတယ်။

E-Visa Service ပေးတဲ့ ထိုင်းသံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေကိုလည်း စုစုပေါင်း နေရာ ၉၄ နေရာအထိ တိုးမြှင့်ဝန်ဆောင်မှုပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။

ထိုင်းနိုင်ငံနဲ့ပတ်သတ်တဲ့ သတင်းတွေ၊ ဗီဇာအကြောင်းတွေနဲ့ Digital Nomad Lifestyle တွေကို သိဖို့ Thailand Nomad Guide ကို Like and Follow လုပ်ထားနိုင်ပါတယ်။

#ထိုင်းလမ်းညွှန် #ဗီဇာ

26/05/2024

ဆိုက်ဘာရာဇဝတ်မှုတွေကို ထိန်းချုပ်ဖို့ Cyber Command Unit ကို ထိုင်းနိုင်ငံမှာ ဖွဲ့စည်း တည်ဆောက်မည်

ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်မှုတွေနဲ့ တိုက်ခိုက်မှုတွေကို စောင့်ကြည့် ကာကွယ် တုံ့ပြန်နိုင်ဖို့အတွက် Cyber Command Unit ကို လာမယ့် အောက်တိုဘာလ မှာ ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။

လက်နက်အပြည့်အစုံတပ်ဆင်ပါဝင်မယ့် Armed Forces ၃ဖွဲ့ပါဝင်ဖွဲ့စည်းသွားမှာဖြစ်ပြီး ထိုင်းတပ်မတော် ဆိုက်ဘာနှင့်ဒီဂျစ်တယ်အဖွဲ့အစည်း အပါအဝင် ရေတပ် ဆိုက်ဘာအဖွဲ့အစည်းတွေကိုလည်း တစ်ဖန်ပြန်လည် စီစစ်ပြီး Structure အသစ်အနေနဲ့ စီမံဖွဲ့စည်းမယ်လို့ ကြေငြာထားပါတယ်။

အခုလို Cyber Command Unit လုပ်ရခြင်းဟာလည်း အွန်လိုင်းလိမ်လည်မှုတွေကို အရေးယူစောင့်ကြည့်ဖို့၊ အွန်လိုင်း လောင်းကစားတွေကို စောင့်ကြည့်အရေးယူဖမ်းဆီးဖို့နဲ့ နေ့စဉ် ငွေကြေးဆုံးရှုံးမှုတွေကို ကာကွယ်နိုင်ဖို့အတွက် ဖြစ်တယ်လို့ သိပါရတယ်။

ဒီဂျစ်တယ်စီးပွားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံရဲ့ အွန်လိုင်းငွေကြေးလိမ်လည်ခံရမှု ပမာဏက နေ့စဉ် ဘတ် သန်း ၁၀၀ ကျော်ခန့် ရှိနေတယ်လို့ သိရပါတယ်။

#ထိုင်းလမ်းညွှန်

25/05/2024

Social Influencer တွေကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ကူညီထောက်ပံ့ဖို့ ထိုင်းအစိုးရ တိုက်တွန်း

လူမှုကွန်ရက်တွေ၊ E-Commerce တွေ တစ်ရှိန်ထိုး တိုးတက်နေတဲ့ ခေတ်ကာလမှာ Influencer တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါတာဖြစ်တဲ့အတွက် Influencer တွေကို ဒီထက်ပိုပြီး အရေးပေး၊ ကူညီ ထောက်ပံ့ဖို့အတွက် ထိုင်းအစိုးရအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ထိုင်းနိုင်ငံက Influencer တွေဟာ လူမှုကွန်ရက်ပေါ်မှာ ထုတ်ကုန်ပစ္စည်းတွေကို Review တစ်ပုဒ်ရေးရုံနဲ့ အနည်းဆုံး ဘတ် ၈၀၀ ကနေ ဘတ် ၇သိန်းအထိ ရရှိနေကြတာ ဖြစ်ပြီး ဒီလိုမျိုး Digital ခေတ်ကြီးထဲမှာ Influencer ဆိုတဲ့ အခေါ်အဝေါ်ဟာ အလုပ်တစ်ခုလိုတောင် ဖြစ်နေပါပြီ။

ဒါကြောင့် Digital Influencer တွေ ဒီထက်ပိုမိုများပြားလာဖို့ရယ်၊ Misleading လို့ခေါ်တဲ့ အချက်အလက်အမှားတွေကို ပိုက်ဆံရလဲ Review ရေးပေးတဲ့ Influencer တွေကို ထိန်းချုပ်ဖို့ရယ် ဥပဒေတွေလည်း ဖန်တီးရေးဆွဲဖို့ လိုမှာဖြစ်ပြီး Influencer သင်တန်းတွေကိုလည်း ဖွင့်ဖို့အတွက် ထိုင်းအစိုးရက ဆွေးနွေးတင်ပြထားပါတယ်။

ဒါ့အပြင် Follower များအောင် လုပ်ထားတဲ့ အကောင့်တုတွေက တရားမဝင်တဲ့ ကြော်ငြာတွေ၊ ထုတ်ကုန်တွေနဲ့ လောင်းကစားကြော်ငြာတွေကိုလည်း တွေ့နေရတာကြောင့် ဒါတွေကို အရေးယူနိုင်မယ့် ဒီဂျစ်တယ်ဆိုင်ရာ ဥပဒေအသစ်တစ်ရပ်ကိုလည်း ရေးဆွဲမယ်လို့ သိရပါတယ်။

အာရှမှာ အင်ဒိုနီးရှားပြီးရင် ထိုင်းနိုင်ငံဟာ ဒုတိယ Social Media Influencer အများဆုံး နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။

ဘာဘဲဖြစ်ဖြစ် ထိုင်းနိုင်ငံအစိုးရကတော့ Digital ခေတ်သစ်ကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ဦးဆောင်ထောက်ပံ့နေတာတော့ အတော်လေးကို ကောင်းတဲ့ အရွေ့တစ်ခု ဖြစ်ပါတယ်။

Videos (show all)

မိုးတွင်းလည်း ချင်းမိုင်မြို့လေးက လှနေတယ်။
ချင်းမိုင်မှာ အပြင်ထွက်မယ်ဆို Mask တပ်ပါ။ ဖုန်မှုနိ့တွေက မျက်စိနဲ့ မြင်ရလောက်အောင် Particle Size တွေ ကြီးပါတယ်။ ခြံထဲမှာ...
TNG ရဲ့ Visa Assistant App လေးကို Try ကြည့်ပါ။
ယနေ့ ချင်းမိုင်လေထုညစ်ညမ်းမှု အခြေအနေ
ထိုင်းသံရုံး ဝက်ဘ်ဆိုဒ်ကနေ ဗီဇာ ရက်ချိန်းယူနည်း

Website