Banmaw University Students' Union

Banmaw University Students' Union

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Banmaw University Students' Union, Pub, Banmaw University, .

Photos from Banmaw University Students' Union's post 09/03/2024

စစ်ကောင်စီအမိန့်ကြောင့် ကျောင်းသား/သူများ ဗန်းမော်တက္ကသိုလ်မှ ညတွင်းချင်းစွန့်ခွာထွက်ပြေး

ဗန်းမော် - မတ် ၈၊ ၂၀၂၄။

စစ်ကောင်စီတပ်က ညတွင်းချင်းထွက်ရန်အမိန့်ပေးသောကြောင့် ယမန်နေ့ည ရှစ်နာရီခွဲအချိန်ခန့်က ဗန်းမော်တက္ကသိုလ်ကျောင်းသားများနှင့်ဝန်ထမ်းများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်းသိရသည်။

ကားများနှင့်ဆိုင်ကယ်များဖြင့် တစ်နာရီခန့်ကြာမောင်းရသည့် ဗန်းမော်မြို့ နည်းပညာအထက်တန်းကျောင်းသို့ ထွက်ပြေးခဲ့ရသည်ဟု ခိုင်လုံသည့်သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“အတွင်းဆောင်မှာရှိတဲ့ ဆရာ၊ ဆရာမတွေ ကျောင်းသားတွေအားလုံးနီးပါးထွက်ပြီ။ အင်ဂျင်နီယာတွေလောက်ပဲကျန်တော့တယ်လို့သိရတယ်။ အခုစစ်ရှောင်တဲ့နေရာလည်း စစ်တပ်စခန်းအနီးမှာပဲဟုတ်တယ်။ လက်နက်ကြီးသံတွေကပုံမှန်ကြားနေရတယ်။ ဘယ်လိုအခြေအနေရှိနေလဲတော့မပြောတတ်ဘူး” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဗန်းမော်တက္ကသိုလ်ကျောင်းဝင်းတွင် စခန်းချနေထိုင်ရန်ဖြစ်နိုင်ကြောင်း ဗန်းမော်မြို့ခံအမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

"တက္ကသိုလ်ထဲက ဆရာ၊ဆရာမတွေကိုလာခေါ်ထုတ်သွားပြီ။ စစ်ကောင်စီတွေက သူတို့ကျောင်းမှာထိုင်မဲ့သဘောရှိတယ်။ (စစ်ကောင်စီ)အခုလက်ရှိတော့ ကျောင်းမှာရှိတယ်" ဟုပြောသည်။

တက္ကသိုလ်ကျောင်းသားများထွက်ပြေးပြီးနောက် ယနေ့နံနက် ရှစ်နာရီခန့်က ဗန်းမော်တက္ကသိုလ်အတွင်းရှိ အမျိုးသမီးအဆောင်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည်ဟု ဗန်းမော်မြို့ခံအမျိုးသားတစ်ဦးကဆက်ပြောသည်။

“အားလုံးနီးပါးမရှိတော့တာကြောင့် လူကတော့ဘာမှထိခိုက်တာမရှိဘူးလို့ကြားရတယ်။ ဘယ်ကပစ်တာလဲတော့မသိဘူး။ လက်နက်ကြီးတစ်ကြိမ်ကျတယ်လို့ပဲသိရတယ်။ ကျောင်းကတော့ ၈၀ ရာခိုင်နှုန်းလောက်ပိတ်ဖို့သေချာနေပြီ။ စာမေးပွဲက ၁၈ ရက်နေ့မှာဖြေဖို့လုပ်နေတာ စာမေးပွဲတောင်ဖြေဖို့အချိန်မရှိလောက်တော့ဘူး” ဟုပြောသည်။

လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံနေသည့်ရုပ်သံဖိုင်တွင် စစ်ကောင်စီတပ်၏အမိန့်ကြောင့် တက္ကသိုလ်ကျောင်းသားများ ညတိုင်းချင်းဆိုင်ကယ်များဖြင့်ထွက်ပြေးနေသည်ကိုတွေ့ရသည်။

ဝိုင်းမော်မြို့နယ်နှင့် ဗန်းမော်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ပူးပေါင်းတပ်များ စစ်ကောင်စီတပ်စခန်းများကို ယမန်နေ့က တစ်ချိန်တည်းထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဗန်းမော်မြို့လေယာဉ်ကွင်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်က ၁၀၇ မမဖြင့်တိုက်ခိုက်ခံရသောကြောင့် လေယာဉ်ပြေးလမ်းထိခိုက်သွားကြောင်းသိရသည်။

သတင်း - Doi Awng
ပုံ - စစ်ကောင်စီအမိန့်ကြောင့် ကျောင်းသား/သူများ ဗန်းမော်တက္ကသိုလ်မှ ညတွင်းချင်းစွန့်ခွာထွက်ပြေးနေစဉ်။

03/12/2023

၂၀၂၃~၂၀၂၄ ပညာသင်နှစ်အတွက်၊ ပထမအကြိမ် ကြားကာလ တက္ကသိုလ်များသို့ တက္ကသိုလ်ဝင်ခွင့်ခေါ်ယူခြင်း/ လျှောက်ထားခြင်းများနှင့် ပတ်သတ်၍ NUG ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားသည့် ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့်ရ တက္ကသိုလ် (၁၆) ခုကနေ ပထမနှစ် ကျောင်းသား/ ကျောင်းသူတွေအတွက် ကျောင်းအပ်လက်ခံနေပါပြီ။ ​

သို့ဖြစ်ပါ၍ ဝင်ခွင့်လျှောက်ထားမည့် ကျောင်းသား/ ကျောင်းသူများအား သိရှိစေလိုသည့် အကြောင်းရာများ၊ ကျောင်းသား/ ကျောင်းသူများမှ မေးမြန်းလိုသည့် ကိစ္စရပ်များနှင့် ပတ်သတ်၍ ဆွေးနွေးသွားမည့် အစီအစဉ်ဖြစ်ပါသည်။ ကျောင်းအပ်ရက်ကိုလည်း ဒီဇင်ဘာ (၁၃) ရက်​နေ့၊ ည (၉) နာရီထိ တိုးမြှင့်ထားပါတယ်။

ဒီလင့်ခ်မှာ အသေးစိတ်ဖတ်ရှုပြီး ​လျှောက်ထားနိုင်ပါတယ်။

📌 https://moe.nugmyanmar.org/he/

ကျောင်းဝင်ခွင့်နဲ့ ပတ်သက်လို့ သိချင်တာ​တွေ ရှိရင်​​တော့ အောက်ဖော်ပြပါ ချန်နယ်ကတဆင့် ​မေးမြန်းနိုင်ပါတယ်။

📌 https://t.me/UniversityEntranceHandbookNUGMoE


#ကြားကာလတက္ကသိုလ်ဝင်ခွင့်လျှောက်ထားခြင်း

#မမများနဲ့ပွဲကမယ် 💃🏻💃🏻

03/12/2023

⬛ အမျိုးသားနေ့ အောင်လံရိပ်ဝယ်

ဥဒေတယံ၊ အိုးဝေသံနှင့်
အောင်လံမိုးဆီ၊ ငါတို့ချီသည်
ညီညွတ်ခဲ့ကြ၊ အတိတ်က။

အမျိုးသားမာန်၊ နိုးကြားပြန်၍
နိုင်ငံလွတ်မြောက်၊ အကျိုးရောက်ခဲ့
မဖောက်သစ္စာ၊ မရှာကိုယ်ကျိုး
မညှိုးစေရ၊ ကိုယ့်သီလတည့်
ဆောင်းမြရက်မွန်၊ ဒေါင်းကတွန်ပြီ
ချွန်ချွန်မြမြ၊ အတိတ်က။

အမျိုးသားစိတ်၊ အောင်လံရိပ်ဝယ်
အတိတ်ကိုတွေး၊ စိတ်ကိုသွေးလျက်
မွေးသည့်စိတ်ဓာတ်၊ အရောင်ဟပ်ပြီ
ဟပ်သည့်အရောင်၊ ဦးခေါင်းထောင်ပြီ
ထောင်သည့် ဦးခေါင်း၊ မြေမလျောင်းအောင်
စိတ်မောင်းတင်မှ၊ မာန်ဝင်မှ
ရှေ့တွင်လမ်းစ၊ မြင်မည်ပါ့။

တင်မိုး
(ပန်ရုပ်စုံမဂ္ဂဇင်း၊ ၁၉၈၄ ဇန်နဝါရီ)

#၁၀၃နှစ်မြောက်အမျိုးသားအောင်ပွဲနေ့

Photos from Banmaw University Students' Union's post 18/11/2023

"ဘုံရန်သူ စစ်အုပ်စု"

လူထုတရပ်လုံးကို ကျနော်တို့ အမြဲ တင်ပြခဲ့တာ ရှိပါတယ်။ စစ်အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင်စနစ်ဟာ မြန်မာတပ်မတော်၊ ရဲတပ်ဖွဲ့၊ ပြည်ခိုင်ဖြိုး အစရှိတဲ့ အဖွဲ့အစည်းများအပါအဝင် ဒီတိုင်းပြည်က ဘယ်အဖွဲ့အစည်း၊ ဘယ်တဦးတယောက်၊ ဘယ်ကဏ္ဍကိုမှ ဘာကောင်းကျိုးမှ မပြုနိုင်ပါဘူး။ ဒါကို လွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်း (၇၀) ကျော် မြန်မာ့သမိုင်းက အကောင်းဆုံး သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။

ဒီအာဏာသိမ်းစစ်အုပ်စုနဲ့ တိုင်းပြည်အုပ်ချုပ်ခြင်းအနုပညာနဲ့က ပြဒါးတလမ်း သံတလမ်းပါ။ လားလားမျှ မဆိုင်။ ဒီစစ်အုပ်စုအဆက်ဆက်မှာ တိုင်းပြည်တခုကို ကောင်းမွန်အောင် စီမံခန့်ခွဲ၊ အုပ်ချုပ်နိုင်တဲ့ စွမ်းရည် လုံးလုံး မရှိဘူး။ ဒါက အခု မအလ စစ်အုပ်စုမှ မဟုတ်ဘူး။ ရှေ့သွားများဖြစ်ကြတဲ့ နေဝင်း၊ သန်းရွှေ စစ်အုပ်စုလည်း ဒီအတိုင်းပဲ။ စစ်အုပ်စု သက်ဆိုးရှည်လေ‌‌လေ တိုင်းပြည် ပျက်စီးလေလေပါပဲ။ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှု‌‌ရေးစတဲ့နယ်ပယ်ကဏ္ဍအကုန် ပျက်စီးမှာပါပဲ။

ကျနော်တို့ တိုင်းပြည်ရဲ့ ဘုံရန်သူဟာ စစ်အာဏာရှင်စနစ်ပါ။ ဘုံပန်းတိုင်က ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပါ။ ဒါကြောင့် အားလုံးရဲ့ ဘုံရန်သူဖြစ်တဲ့ အာဏာရှင်စနစ်နဲ့ အာဏာသိမ်း စစ်အုပ်စုကို "တသံတည်းညီ တချီတည်း ရုန်း" ပြီး တွန်းလှန်လိုက်ကြရအောင်ဗျာ။

ဖက်ဆစ်ဝါဒ အမြစ်ဖြတ်ကြ။

အာဏာရှင်စနစ်ဟူသမျှ မုချ ကျရှုံးရမည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချ တည်ဆောက်နိုင်ရမည်။

အရေးတော်ပုံ အောင်ရမည်။

-----

❐ ပုံစာ

အခုဆိုရင် စစ်အုပ်စုဟာ နိုင်ငံ‌‌ရေး၊ စီးပွားရေး၊ နိုင်ငံတကာ သံတမန်ရေး၊ စိတ်ဓာတ်ရေး အစရှိတဲ့ တိုက်ပွဲမျက်နှာစာများမှာ သိသာထင်ရှားစွာ အရေးနိမ့်နေပါပြီ။ ဒါ့အပြင် ဒင်းတို့ရဲ့ အားသာချက်ကြီးလို့ ပြောပြောနေကြတဲ့ "စစ်ရေး မျက်နှာစာ" မှာပါ အရေးမလှဖြစ်လာတာကိုလည်း တွေ့နေရပါပြီ။

စစ်မြေပြင်မှာ တိုက်ခိုက်မယ့် လူအင်အား မလုံလောက်တော့တဲ့ စစ်အုပ်စုဟာ Non-CDM ဝန်ထမ်းတွေကို ထိုးကြွေးဖို့ ပြင်နေတာ ကြာပါပြီ။ အဲ့ဒါနဲ့တောင် မလောက်တော့လို့ အခုဆိုရင် တက္ကသိုလ်‌‌ကျောင်းသားတွေကိုတောင် ထပ်ပြီး ထိုးကြွေးမယ့် သဘောပါပဲ။

သက်ဆိုင်သူများအားလုံး၊ မိမိတို့ အသက်နဲ့ ခန္ဓာကို အသိ သတိ ဉာဏ်ပညာဖြင့် ကောင်းစွာ ထိန်းသိမ်းနိုင်ကြပါစေ၊ လမ်းကြောင်းမှန်ကို အချိန်မီ ရွေးချယ်နိုင်ကြပါစေလို့သာ ဆုတောင်းလျက်ပါ။

.
.

Photos from Banmaw University Students' Union's post 10/10/2023

KIA ဌာနချုပ်အနီး မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း
ဗုံးကြဲတိုက်ခိုက်မှုအပေါ် ပူးတွဲသဘောထားထုတ်ပြန်ချက်

စစ်အာရှင်စနစ်သက်ဆိုးရှည်နေသ၍ အပြစ်မဲ့တဲ့ပြည်သူတွေ
နောက်ထပ်နောက်ထပ် ဒုနဲ့ဒေးသေကြေပျက်စီးပြီး
သန်းပေါင်းများစွာသောပြည်သူတွေဒုက္ခရောက်နေရအုံးမှာပဲ

#ဖက်ဆစ်_စစ်တပ်ကိုအမြစ်ဖြတ်ချေမှုန်းကြ
#ဗန်းမော်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ

19/07/2023

အရင်တုန်းကတော့ ကျောင်းရှေ့မျက်နှာစာမှာ
တန်းစီအလေးပြုခဲ့ကြတယ်
အခုတော့...

"76နှစ်မြောက်အာဇာနည်နေ့"
#အာဇာနည်မျိုးသေရိုးမရှိ
#ခေတ်အဆက်ဆက်အာဇာနည်များအားအလေးပြု
#နွေဦးတော်လှန်ရေးမှာကျဆုံးသောအာဇာနည်များအာလည်းတပေါင်းတည်းအလေးပြုပါတယ်

Photos from Banmaw University Students' Union's post 07/07/2023

7 July သမိုင်းအတိုအထွာလေးမှတ်ရလွယ်အောင်
comicလေးနဲ့ သမဂ္ဂကျောင်းသား Geniusတွေဖန်တီးထားကြ

ှ ပြန်လည်ကူးယူတင်ပြ



#အဆောက်အဦဖြိုတ်ုင်း_သမဂ္ဂစိတ်ဓာတ်မပြို

Photos from Banmaw University Students' Union's post 07/07/2023

"(၆၁)နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့ထုတ်ပြန်ချက်"

| ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၇) ရက်

၁။ ၁၉၆၂ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့သည် မတရားပြဋ္ဌာန်းထားသော ကျောင်းဆောင်စည်းကမ်းများနှင့် တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် ရန်ကုန်တက္ကသိုလ်ပရဝဏ်အတွင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ကျောင်းသားများအား ဖက်ဆစ်စစ်တပ်မှ ပစ်ခတ်သတ်ဖြတ်ခဲ့၍ ကျောင်းသားပေါင်းရာနှင့်ချီကျဆုံးခဲ့ရသော သွေးစွန်းနေ့တစ်နေ့ဖြစ်ပါသည်။ ဖက်ဆစ်စစ်တပ်သည် ကျောင်းသားရာချီကို အကြမ်းဖက်သတ်ဖြတ်ပြီးနောက်တစ်နေ့ ဇူလိုင်လ (၈) ရက်၊ မနက် (၄) နာရီခန့်အချိန်တွင် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၏ ပြယုဂ်တစ်ခုဖြစ်သည့် တကသအဆောက်အဦအား ဒိုင်းနမိုက်ဖြင့် ‌ဆက်လက်ဖောက်ခွဲဖြိုချခဲ့လေသည်။

၂။ ဗိုလ်နေဝင်းခေါင်းဆောင်သော ဖက်ဆစ်စစ်တပ်သည် မတရားမှုကိုတော်လှန်သော၊ အာဏာရှင်ကိုဆန့်ကျင်သော ကျောင်းသားပြည်သူများကို ဖိနှိပ်ချိုးနှိမ်ရန်အကြံဖြင့် ကျောင်းသားပြည်သူများသွေးမြေကျစေ၍ တကသအဆောက်အဦကို ဖြိုချခဲ့သော်လည်း ရုပ်ဝတ္ထုအဆောက်အဦကိုသာဖြိုချနိုင်ခဲ့ပြီး သမဂ္ဂစိတ်ဓာတ်နှင့် တော်လှန်ရေးစိတ်ဓာတ်ကို ဖြိုဖျက်၍မရနိုင်ခဲ့ပေ။ သခင်ကိုယ်တော်မှိုင်းက “ဒီအဆောက်အဦကိုသာဖြိုလို့ရမယ်၊ အမောင်တို့ရင်ထဲကသမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှဖြိုလို့မရပါဘူး” ဟုဆိုသည့်အတိုင်း ကျွန်ုပ်တို့သမဂ္ဂများသည် ခေတ်အဆက်ဆက်တွင် အာဏာရှင်တို့၏ စစ်ဖိနပ်အောက်ဒူးမထောက်၊ အမှန်တရားအတွက် ဘက်မလိုက်ဘဲ ကျရာနေရာမှ ဆက်လက်တွန်းလှန်နေကြဆဲဖြစ်ပါသည်။

၃။ ယခုနွေဦးတော်လှန်ရေးတွင်လည်း လွတ်လပ်ရေးကာလပြီး‌နောက် မရှိဖူးသေးသောအင်အားဖြင့် လူမျိုးပေါင်းစုံ၊ လူတန်းစားပေါင်းစုံစုစည်းမှုနှင့် ဖက်ဆစ်စစ်တပ်အား တွန်းလှန်နေကြသည်မှာ အားရဖွယ်ဖြစ်ပါသည်။ ထို့အတူ ကျောင်းသားများသည်လည်း တော်လှန်ရေးအခန်းကဏ္ဍအသီးသီးတွင် ကျရာနေရာမှပါဝင်၍ ဆက်လက်တိုက်ပွဲဝင်နေကြသကဲ့သို့ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီအနေဖြင့်လည်း ကျောင်းသားသမဂ္ဂများ၏ စုပေါင်းအင်အားဖြင့် ရဲဘော်ရဲဘက်များနှင့်အတူ တော်လှန်ရေးတာဝန်များကို ထမ်းဆောင်လျက်ရှိပြီး ချမှတ်ထားသော မူဝါဒနှင့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်လျက်ရှိပါသည်။

၄။ နွေဦးတော်လှန်ရေးသည် နှစ်နှစ်ကျော်ကာလအတွင်းတွင် စစ်ရေးအရ ခရီးအတိုင်းအတာတစ်ခုထိ ပေါက်မြောက်ခဲ့ပြီဟု ထင်မြင်ပါသည်။ သို့သော် နိုင်ငံရေးအရစုစည်းနိုင်မှုမှာ အားနည်းလျက်ရှိနေပြီး ဦးဆောင်အဖွဲ့များအနေဖြင့် တော်လှန်ရေးတွင် ထင်ရှားသည့်နိုင်ငံရေးခေါင်းဆောင်မှု မပြနိုင်သေးသည်မှာ စိုးရိမ်ဖွယ်ရာဖြစ်ပါသည်။ အကျိုးသက်ဆိုင်သူများအားလုံးပါဝင်ပြီး နိုင်ငံရေးသဘောတူညီချက်များကို တော်လှန်စစ်အရှိန်နှင့်အညီ ဖော်ဆောင်နိုင်မှသာ ဖက်ဆစ်စစ်တပ်လက်မှ ပြည်သူလူထုတစ်ရပ်လုံး အမြန်ဆုံးလွတ်မြောက်နိုင်မည်ဖြစ်ပြီး တော်လှန်ရေးအလွန်ကာလတွင်လည်း ငြိမ်းချမ်းရေး၊ အသွင်ကူးပြောင်းရေးနှင့် ပြန်လည်တည်ဆောက်ရေးကို အာမခံနိုင်မည်ဖြစ်ပါသည်။ အကျိုးရှိ၍တိုးတက်သော သဘောတူညီချက်များ ပေါ်ထွက်မှသာ ပြည်တွင်းရေး၊ စစ်ရေးနှင့် နိုင်ငံခြားရေး စသည့်ကဏ္ဍအသီးသီးသည် တစ်ပါတည်း လိုက်ပါတိုးတက်နိုင်မည်ဖြစ်ပါသည်။

၅။ ကျွန်ုပ်တို့ကျောင်းသားသမဂ္ဂများသည်လည်း ဆဲဗင်းဂျူလိုင်အရေးတော်ပုံနှင့် ခေတ်အဆက်ဆက်တွင် ကျဆုံးခဲ့သော ကျောင်းသားပြည်သူများ၊ ရဲဘော်များ၊ အာဇာနည်များအား လေးစားဦးညွတ်ရင်း နွေဦးတော်လှန်ရေးအောင်မြင်ရေးအတွက် အားသွန်ခွန်စိုက်တိုက်ပွဲဝင်ကြရန် လေးနက်စွာတိုက်တွန်းအပ်ပါသည်။

“၇.၇.၆၂ မမေ့ကြနဲ့”
“အဆောက်အဦဖြိုတိုင်း ငါတို့သမဂ္ဂစိတ်ဓာတ်မပြို”
“ဆဲဗင်းဂျူလိုင်စိတ်ဓာတ် ကိုင်စွဲတိုက်ပွဲဝင်ကြ"

တော်လှန်ရေးသစ္စာဖြင့်
ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီ (SURC)

Photos from Banmaw University Students' Union's post 15/06/2023

“ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ”

#၁၉ဇွန်_ပန်းသပိတ်

အခုလာမယ့် (ဇွန်လ၊ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်) ဟာ အဓမ္မ ဖမ်းဆီးခံထားရတဲ့၊ ပြည်သူအများ မြတ်နိုး လေးစား တန်ဖိုးထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၇၈) နှစ်ပြည့် မွေးနေ့ချိန်ခါ ဖြစ်ပါတယ်။

အဲ့ဒီနေ့မှာ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဓမ္မ ဖမ်းဆီးခံထားရတဲ့ သောင်းနဲ့ချီတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူ နိုင်ငံရေးအကျဥ်းသားများကို ဂုဏ်ပြုလေးစား၊ အောက်မေ့သောအားဖြင့်လည်းကောင်း၊ တော်လှန်ရေးသမိုင်းအဆက်ဆက် ကျရာကဏ္ဍကနေ တာဝန်ကျေပွန်စွာ ထမ်းရွက်နေကြ‌တဲ့ အမျိုးသမီးထုရဲ့ ဂုဏ်ရည်ကို ဖော်ညွှန်းသောအားဖြင့်လည်းကောင်း ကျွန်တော်တို့ ပြည်သူလူထုအားလုံးက ပန်းသပိတ်လူထုလှုပ်ရှားမှုကြီးကို နိုင်ငံလုံးကျွတ် ဖော်ဆောင်၊ ဆင်နွှဲကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

ဒီပန်းသပိတ်လှုပ်ရှားမှုရဲ့ အဓိပ္ပာယ်က ကျနော်တို့လူထုက ဒီစစ်အာဏာရူးတွေရဲ့ ရက်စက်ယုတ်မာ အကြမ်းဖက်မှုတွေကြောင့် ကြောက်ရွံ့၊ သွေးပျက်၊ ချောက်ခြားပြီး တော်လှန်ရေးမှာ နောက်ဆုတ်သွားမှာ မဟုတ်ဘူး၊ ဇွဲလျော့သွားမှာ မဟုတ်ဘူး၊ သွေးအေးသွားမှာ မဟုတ်ဘူး။ ကျနော်တို့ဟာ စစ်မိစ္ဆာတွေကို ဆက်လက်ပြီးတော့ အစွန်းကုန် ရင်ဆိုင်တိုက်ပွဲဝင်သွားကြမှာ ဖြစ်တယ်။ ကြောက်သွားမှာ မဟုတ်ဘူး၊ ကျနော်တို့ ပြည်သူတွေဟာ ဘယ်လောက်ပဲ ဒုက္ခဆင်းရဲမျိုးစုံကို ခံနေရပါစေ၊ အာဏာရူးကို မောင်းထုတ်ဖို့အတွက်ဆို ကြံ့ကြံ့ခံလျက်ပဲ၊ ပန်းပန်လျက်ပဲဆိုတာကို ဖော်ညွှန်းခြင်းပဲ ဖြစ်ပါတယ်။

နောက်ထပ် အဓိပ္ပာယ်တစ်ခုကတော့ ဇွန် ၁၉ ရက် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်ကို ကမ္ဘာက‌ရော ၊ ကျနော်တို့မြန်မာပြည်သူတွေကပါ ပန်းနဲ့တွဲပြီး ရှုမြင်တတ်ကြတယ်မို့လား။

ဇွန် ၁၉ မှာ ပန်းသပိတ်လှုပ်ရှားမှုအပြင် အနုပညာရှင်တွေ၊ Social Influencers တွေကလည်း လူထုကို ဖျော်ဖြေတင်ဆက်မှုအချို့ ပြုကြမယ်လို့ သိရပါတယ်။ အထူးသဖြင့် ခွန်အားဖြည့် မိငယ်၊ သွေးမုန်တိုင်း၊ အရေးကြီးပြီ အစရှိတဲ့ တော်လှန်အားဖြည့် သီချင်းတွေကို ဆိုကြ၊ တီးကြမှာပါ။

ဒါ့ကြောင့် ကျနော်တို့တွေ လာမယ့် ဇွန် ၁၉ မှာ နိုင်ငံလုံးကျွတ် ပန်းသပိတ်ဆင်နွှဲကြပါစို့။ ကျနော်တို့တွေ အဲ့ဒီနေ့မှာ ဘုရားပန်းအိုး အသစ်တင်ကြမယ်၊ အိမ်တွင်းအိမ်ပြင်၊ အိမ်ရှေ့တိုင်းမှာ ပန်းတွေထိုးကြမယ်၊ ဆင်ကြမယ်။ ပန်းအလှတွေ ချိတ်ဆွဲပြင်ဆင်ကြမယ်။ Online ကော Off-line မှာပါ ပန်းသပိတ်ကမ်ပိန်း ဆောင်ရွက်ကြမယ်ဗျာ။

လမ်းမထက်မှာ ‌နိစ္စဓူဝ လှုပ်ရှားသွားလာကြမယ့် အမျိုးသမီး၊ အမျိုးသား ပြည်သူအားလုံးကလည်း ပန်းပန်ကြမယ်၊ ရင်ဘတ်မှာ ပန်းထိုးကြမယ်ဗျာ။ ပန်းနဲ့ပတ်သက်ဆက်နွယ်တဲ့ လှုပ်ရှားမှုမျိုးစုံကို မိမိတို့ ဉာဏ်ရှိသလို ဆန်းသစ် တီထွင် ကွန့်မြူးပြီး ဖော်ဆောင်ကြမယ်ဗျာ။ ပန်းအမျိုးအစားကိုတော့ ကန့်သတ်မထားပါဘူး။ မိမိတို့နှစ်သက်ရာ၊ အဆင်ပြေရာ၊ လက်လှမ်းမီရာ ပန်းကို အသုံးပြုနိုင်ကြပါတယ်ဗျာ။

လက်နက်အားကိုး ဗိုလ်ကျချင်တဲ့ ဖက်ဆစ်အာဏာရူးတွေက ဓားရေးတွေ ဘယ်လောက်ပဲပြပြ ကျနော်တို့ လူထုတော်လှန်ခြင်းရဲ့ ပန်းတွေကတော့ ဖွေးဖွေးလှုပ်အောင် ဆက်လက် ပွင့်နေမှာဖြစ်ကြောင်းကို လာမယ့် ဇွန် ၁၉ မှာ တစ်နိုင်ငံလုံး အုံးအုံးကြွကြွ သက်သေပြလိုက်ကြပါစို့။



#ကြောက်ခေတ်ကို_မှောက်ပစ်



#တော်လှန်ပန်းတွေ_အကုန်ပွင့်လန်းကြမည့်_၁၉ဇွန်

အရေးတော်ပုံ အောင်ရမည်။

Photos from Banmaw University Students' Union's post 02/05/2023

အားလုံးပဲ မင်္ဂလာပါဗျာ။ ကျွန်တော်တို့‌ ကျောင်းသားထု ကနေ တော်လှန်သူမိဘပြည်သူတို့ကို ဦးစွာနှုတ်ခွန်းဆက်လိုက်ပါတယ်ဗျ။

ဒီမေလအစမှာတော့ ကမ်ပိန်းလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။ "Project အောင်စစ်သည်" တဲ့ဗျ။ အားလုံးအတွက် နာမည်လေးက အသစ်အဆန်းဖြစ်နေလိမ့်မယ်ထင်ပါတယ်။ ဒီကမ်ပိန်းလေးကို ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ တော်လှန်သူကျောင်းသားရဲဘော်တို့ရဲ့ မိခင်တပ်ရင်းဖြစ်တဲ့ Student Armed Force (SAF) တနည်း ကျောင်းသားလက်ရုံးတပ်တော် အတွက် ရည်ရွယ်ကာပြုလုပ်ရခြင်းဖြစ်ပါတယ်။

"Project အောင်စစ်သည်" လို့ အမည်တွင်ရခြင်းအကြောင်းကိုထပ်ရှင်းပြရရင်ဖြင့် ကျောင်းသားလက်ရုံးတပ်တော်၏ ကျောင်းသားရဲဘော်တစ်ဦးဖြစ်သည့် ရဲဘော် ကြာရွက်သည် အခြေခံစစ်ပညာသင်တန်း၌ သင်တန်းကာလအတွင်း ဘက်စုံထောင့်စုံ ကာယ ဉာဏ ထူးချွန်ပြောင်မြောက်သည့် စွမ်းဆောင်ရည်များကြောင့် အောင်စစ်သည်ဆု အနေ
ဖြင့် ရရှိခဲ့သည့် အောင်စစ်သည်ဓားကို အပ်နှင်းချီးမြှင့်ခံခဲ့ရပါတယ်။ ရဲဘော် ကြာရွက်သည်လက်ရှိ ရှေ့တန်းတစ်နေရာတွင် တာဝန်ထမ်းဆောင်နေပြီး တိုက်ပွဲအတွေ့အကြုံအချို့အရ ကျောင်းသားလက်ရုံးတပ်တော်ရှိ ရှေ့တန်းရဲဘော်များ၏ တိုက်ပွဲများတွင် လိုအပ်နေသည့် လက်နက်အင်အားကိုဖြည့်တင်းပေးဖို့ရာ သူရရှိခဲ့သည့် အောင်စစ်သည်ဓါးအား Fundraising လုပ်၍ အသက်ပေးတိုက်ပွဲဝင်နေ့သည့်ရဲဘော်တို့ တိုက်ပွဲအဆုံးဖြတ်တချို့ကို ဖော်ဆောင်နိုင်ရန်အတွက် RPG လက်နက်တစ်လက် တပ်ဆင်အားဖြည့်နိုင်ရန် အကြံပြုတင်ပြလာခြင်းကြောင့် SAF ရဲ့ မိခင် အဖွဲ့အစည်းဖြစ်တဲ့ ကျွန်တော်တို့ ရန်ကုန်အခြေစိုက်တက္ကသိုလ်‌ကျောင်းသားသမဂ္ဂများ (ASU) ၏အဖွဲ့ဝင်သမဂ္ဂများမှနေပြီး အောင်စစ်သည်ဓားအား Fundraising ပြုလုပ်၍ ရှေ့တန်းစစ်မျက်နှာ တွင်တိုက်ပွဲဝင်နေသော ကျောင်းသားရဲဘော်များထံ လက်နက်တပ်ဆင်ပေးရန် အတွက်ဖြစ်ပါသည်။

"Project အောင်စစ်သည်"ကို အချိန်ကာလအားဖြင့် 2.5.2023 မှစတင်ပြီး 21.5.2023 အထိ ရက်ပေါင်း (၂၀) တိတိပြုလုပ်သွားမှာဖြစ်ပြီး လက်မှတ်ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်။ အသေးစိတ်ဆိုရရင်တော့ လက်မှတ်တစ်စောင်ကို မြန်မာငွေကျပ် တစ်သောင်းတိတိ နဲ့၀ယ်ယူအားပေးနိုင်ပါတယ်ဗျ။ ပြည်တွင်းသာမဟုတ်ဘဲ ပြည်ပအရပ်ရပ်က တော်လှန်သူတွေအတွက်ပါ ပါ၀င်နိုင်အောင်လည်းစီစဉ်ထားတာကြောင့် အားမဖြည့်လိုက်ရမှာ မစိုးရိမ်ကြပါနဲ့နော်။

Target amount ကိုတော့ ကျွန်တော်တို့ သိန်းခြောက်ရာ သတ်မှတ်ထားပါတယ်။ ရရန် ပမာဏသတ်မှတ်ထားတာ များတယ်ဆိုနိုင်တာကြောင့် အားပေးကြပါဦးဗျာ။ အချိန်လည်းရသေးတာကြောင့် ပြိုင်တူတွန်းလိုက်ကြရအောင်ပါဗျ။

လက်မှတ်များကို ကျွန်တော်တို့ REver မှာတင်မက ASU အဖွဲ့၀င်သမဂ္ဂတွေဖြစ်ကြတဲ့ ကျောင်းအသီးသီးရဲ့ အောက်ပါ page တွေမှာ၀ယ်ယူအားဖြည့်နိုင်ပါတယ်ဗျို့။ ပြိုင်တူတွန်းလျှင် ရွေ့မှာသေချာပေါက်မလို့ အားစိုက်လိုက်ကြရအောင်ဗျာ။

Turquoise Plumeria - UCSY
https://www.facebook.com/TurquoisePlumeria?mibextid=ZbWKwL

Fundraising by YTUSU
https://www.facebook.com/FundraisingByYTUSU?mibextid=ZbWKwL

ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂ
https://www.facebook.com/um1su.mm/?mibextid=ZbWKwL

Dagon University Students Union
https://www.facebook.com/dusuburma?mibextid=ZbWKwL

National Management Degree Colleges Students' Union
https://www.facebook.com/NMDCSU/?mibextid=ZbWKwL

G.T.I Insein Students' Union
https://www.facebook.com/inseingtisu?mibextid=ZbWKwL

မြတ်နိုးရင်းလှူ - Myat Noe Yinn Hluu
https://www.facebook.com/profile.php?id=100065794011242&mibextid=ZbWKwL

ောင်စစ်သည်
/SAF

Photos from Banmaw University Students' Union's post 06/03/2023

နိုင်ငံတော်ကို မတရားသဖြင့် အုပ်စိုးနေတဲ့
မအလ စကစ ရဲ့လက်အောက်မှာ
ဘောမရင်းကျောင်းတက်နေတဲ့
ဖေလိုးမသားသမီးတွေတော့
ဒီလိုအမှတ်တရမျိုးရကြမှာမဟုတ်တာအသေအချာပဲ

-အရင်ကပျော်ဖူးခဲ့သူတွေ အခုပြန်ပျော်ရလား???
-ပုံတွေထဲမှာ သာကူးဘောမ ဆရာဆရာမဆိုတဲ့ဟာတွေ
ပြူးပြဲနေအောင်ပါတယ်😄😄

-CDMလုပ်ရင်းကျောင်းမတက်ရတော့ ပုံဟောင်းလေးနဲ့
အမှတ်တရလေးတွေ ပြန်လွမ်းမိတာပေါ့

Photos from Banmaw University Students' Union's post 12/01/2023

CDM နိုင်ငံဝန်ထမ်းများအပေါ် အကြမ်းဖက်စစ်အုပ်စုအလိုကျဖိနှိပ်နေသည့် Non CDM နိုင်ငံဝန်ထမ်း များအပေါ် သဘောထား နှင့် CDM Policy အမြန်ဆုံးအတည်ပြုနိုင်ရေးအတွက် တိုက်တွန်းကြေညာချက်

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်
၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းခဲ့သဖြင့် အကြမ်းမဖက်သော အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM)ကို နိုင်ငံဝန်ထမ်းများက ဦးဆောင်ပြုလုပ်ခဲ့ပြီး CDM လှုပ်ရှားမှုသည် တော်လှန်ရေးတပ်ဦးအဖြစ် အရှိန်အဟုန်ကောင်းစွာဖြင့် ပေါ်ထွက်ခဲ့သည်။ မတရားမှုကို ဆန့်ကျင်သော နိုင်ငံ့ဝန်ထမ်းပေါင်းစုံ၏ CDM လှုပ်ရှားမှုသည် ယနေ့အချိန်အထိ အားကောင်းခိုင်မာနေဆဲဖြစ်သည်မှာ ငြင်းပယ်၍ မရသော အမှန်တရားတခုပင်ဖြစ်သည်။

၂။ CDM လှုပ်ရှားမှု၏ ထိရောက်မှုကြောင့် အကြမ်းဖက်စစ်အုပ်စုသည် CDM နိုင်ငံဝန်ထမ်းများကို အငြိုးတကြီး ဖမ်းဆီးအရေးယူခြင်းများ ၊ လူမဆန်စွာသတ်ဖြတ်မှုများကို ဆောင်ရွက်၍ CDM လှုပ်ရှားမှုပြိုလဲစေရန် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်နေဆဲဖြစ်သည်။ ထို့အတူ အကြမ်းဖက်စစ်အုပ်စု၏ CDM နိုင်ငံဝန်ထမ်းများအပေါ်ဖိနှိပ်မှုတွင် စစ်အုပ်စုအလိုကျ အလိုတူအလိုပါ ပါဝင်ဆောင်ရွက်နေသော Non CDM နိုင်ငံဝန်ထမ်းများ၏ လုပ်ဆောင်ချက်များသည်လည်း ပိုမိုဆိုးဝါးလာခဲ့ပါသည်။

၃။ CDM နိုင်ငံဝန်ထမ်းများအပေါ် Non CDM နိုင်ငံဝန်ထမ်းများ၏ အကြမ်းဖက်စစ်အုပ်စုအလိုကျ ဖိနှိပ်မှုများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်နေရုံမကဘဲ အကြမ်းဖက်စစ်အုပ်စုနည်းတူ ရာဇဝတ်မှုများပင်ကျူလွန်နေကြောင်းကို သက်သေ ၊ သာဓကများစွာရှိနေပြီဖြစ်ပါသည်။ CDM ဝန်ထမ်းများ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာများအတွက် ထိရောက်သော ကူညီထောက်ပံ့မှုများ ပေးအပ်ကြရန် ပြည်သူလူထုကို အထူးတိုက်တွန်းလိုပြီး တော်လှန်ရေးဦးဆောင်အဖွဲအစည်းများ နှင့် NUCC ,NUG , CRPH တို့အနေဖြင့်လည်း နိုင်ငံ့ဝန်ထမ်း CDM Policy ကို တော်လှန်ရေးကိုရှေးရှု၍ အမြန်ဆုံး ဆုံးဖြတ်အတည်ပြုပေးကြရန် အလေးအနက်တိုက်တွန်းလိုသည်။

၄။ သို့ဖြစ်ပါ၍ CDM နိုင်ငံ့ဝန်ထမ်းများအပေါ် အကြမ်းဖက်စစ်အုပ်စုအလိုကျ Non CDM ဝန်ထမ်းများ၏ အလိုတူအလိုပါ ဖိနှိပ်မှုများကို ကျွန်ုပ်တိုအနေဖြင့် အခြားသော တော်လှန်ရေးအစုအဖွဲများအားလုံးနှင့် ပူးပေါင်းပြီး ပြင်းပြင်းထန်ထန် ဆန့်ကျင်သွားမည်ဖြစ်ကြောင်းနှင့် အလားတူဖိနှိပ်မှုများ ထပ်မံကျူးလွန်လာပါက ပိုမိုထိရောက်သောအရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်လိုက်သည်။

တော်လှန်ရေးသစ္စာဖြင့်…………..

ဖက်ဒရယ်ဒီမိုကရေစီပညာရေးပူးပေါင်းဆောင်ရွက်မှုကွန်ရက် (FDECN) အခြေခံ/အဆင့်မြင့် ပညာရေးအထွေထွေသပိတ်ကော်မတီ (GSC BHE) တက္ကသိုလ်ဆရာသမဂ္ဂများကိုယ်စားပြုကော်မတီ (RC of UTAs) အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများတိုက်ပွဲဦးဆောင်ကော်မတီ(BEWU-Sc) အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC) မြန်မာနိုင်ငံဆရာ/ဆရာမများအဖွဲ့ချုပ် (MTF) နည်းပညာဆိုင်ရာ ဆရာများအဖွဲ့ချုပ် (TTF) ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂ (KBETU) တနင်္သာရီတိုင်းဒေသကြီး အခြေခံပညာဆရာဆရာမများသမဂ္ဂ(TBETU) ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီ (SURC) အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို) အခြေခံပညာကျောင်းသားများကွန်ရက် (အကသ) သီးခြားအခြေခံပညာကျောင်းသားများသမဂ္ဂ ကြားကာလအခြေခံပညာရေး လုပ်ငန်းဆောင်ရွက်မှုကော်မတီ (IBEWC) မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးဘုတ်အဖွဲ့များ ကိုယ်စားပြုကော်မတီ (CRMBOE)

09/12/2022

◾Stop Executing Our Students

ဒဂုံတက္ကသိုလ်ကျောင်းသားဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးအပါအဝင် လူငယ်များကို စစ်အုပ်စုမှ မတရားသေဒဏ်ချမှတ်ခဲ့ခြင်းသည် ယနေ့တွင် ၉ ရက်မြောက်ခဲ့ပြီဖြစ်သည်။

သို့သော် သေဒဏ်အမိန့်သည် ယနေ့အထိ ပြောင်းလဲမှုမရှိသေးပေ။ ထို့အတူ မိသားစုဝင်များအနေဖြင့်လည်း သေဒဏ်ချမှတ်ခံထားရသော ကျောင်းသားများနှင့် တွေ့ဆုံခွင့်မရသေးသည့်အပြင် မည်သည့်ကိစ္စများကိုမှ လိုက်ပါဆောင်ရွက်ပေးခွင့်မရသေးကြောင်း သိရှိရပါသည်။

ထို့ကြောင့် ကျောင်းသားပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများအနေဖြင့် ဤအရေးကိစ္စအပေါ် ဆက်လက်ဝန်းရံရပ်တည်ပေးကြပါရန် မေတ္တာရပ်ခံအပ်သည်။ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးအပါအဝင် သေဒဏ်ချမှတ်ခံထားရသော ကျောင်းသားပြည်သူများနှင့် တစ်သားတည်းရပ်တည်လှုပ်ရှားသော လှုပ်ရှားမှုများတွင်လည်း ဆက်လက်ပါဝင်ကြရန် အလေးအနက်တိုက်တွန်းအပ်ပါသည်။

Photos from Banmaw University Students' Union's post 08/12/2022

Burma has been turned into a slaughter ground (not a war zone or battle ground) as BBC stated today as The deadliest day of protest.
Military and police slaughtered the civilians, and arrested the peaceful protesters brutally and mercilessly. The world needs to stop watching as Myanmar needs immediate help!!!!
May the people of Myanmar free from this dictatorship ASAP!!!
ယခုအခါ မြန်မာသည်(စစ်ဇုန် မဟုတ်)သတ်ကွင်းအဖြစ်သို့ပြောင်းလဲသွားပြီဖြစ်သည်။ ပြည်သူများကိုအကာအကွယ်ပေးမည့်စစ်တပ်နှင့်ရဲများသည်အရပ်သားများအား မကြောက်ရွံ့ဘဲသတ်ဖြတ်နေကြသည်။ ကမ္ဘာကြီးသည်စောင့်ကြည့်မှုရပ်တန့်ပြီး ထိရောက်သော အကူအညီ ပေးရန်လိုအပ်နေပါသည်။

Photos from Banmaw University Students' Union's post 02/12/2022

◾ ဒဂုံတက္ကသိုလ်ကျောင်းသား ( ၇ )ဦးအား အကြမ်းဖက်စစ်ကောင်စီမှ
သေဒဏ်ချမှတ်သည့် အပေါ် ကျောင်းသားသမဂ္ဂများမှ ပူးတွဲသဘောထားထုတ်ပြန်ချက်

အကြမ်းဖက်စစ်အုပ်စုမှ ဒဂုံတက္ကသိုလ်ကျောင်းသား (၇) ဦးကို နိုဝင်ဘာလ ၃၀ ရက်နေ့၊ ၂၀၂၂ ခုနှစ်တွင် သေဒဏ်ချမှတ်လိုက် ကြောင်း ကြားသိရသည်။ ထိုသို့ သေဒဏ်ချမှတ်ခြင်းသည် စစ်အုပ်စုအနေဖြင့် ပြိုကျပုတ်သိုးနေသော တရားရုံးများ၊ တရားဥပဒေများကို အသုံးချ၊ ခုတုံးလုပ်၍ လူသတ်ရန်ကြိုးစားနေမှုများသာဖြစ်သည်။ထိုသို့အကြမ်းဖက်စစ်အုပ်စု ထောက်တိုင် တရားရုံးများမှ စီရင်ချက်ချမှတ်ခြင်းကို လုံးဝ လက်မခံသလို အပြစ်မဲ့ ကျောင်းသားပြည်သူများအပေါ် သေဒဏ်ချမှတ်ခြင်းအား ကျွန်ုပ်တို့ ကျောင်းသားသမဂ္ဂများမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်။

မတရားစီရင်ချက်ချခံထားရသော ကျောင်းသားများဖြစ်သည့် ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟ ထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦး၊ ကိုခန့်လင်းမောင်မောင် တို့နှင့်အတူ ကျွန်ုပ်တို့ ကျောင်းသားသမဂ္ဂများ မှ တစ်သားတည်း ရပ်တည်၍ အခြေအနေအား အနီးကပ်စောင့်ကြည့်သွားမည်။

အကြမ်းဖက်စစ်အုပ်စုသည် အပြစ်မဲ့ကျောင်းသားပြည်သူများ အပေါ် ရက်စက်စွာ ညှင်းဆဲသတ်ဖြတ်မှုများ ဆက်တိုက်လုပ် ဆောင်နေသည်။ အကြမ်းဖက်စစ်အုပ်စုမှ ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း ဒီမိုကရေစီလှုပ်ရှားသူ ( ၄ ) ဦးကို ကြိုးပေးကွပ်မျက်ခဲ့ပြီး ယခု အချိန်အထိ နိုင်ငံတဝှမ်း မတရား ဖမ်းဆီးအကျဥ်းချထားခံရသူ (၁၃၀၀၀) ကျော်နှင့် သတ်ဖြတ်ခံရသူ ကျောင်းသားပြည်သူ (၂၅၀၀) ကျော်ရှိပြီဖြစ်သည်။

နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း စစ်အုပ်စု၏ လူသတ်ယန္တရားများဆက်လက် မလည်ပတ် နိုင်စေရေး အတွက် ပိုမိုအာရုံစိုက်အရေးယူဆောင်ရွက်ကြရန် ကျွန်ုပ်တို့မှ လေးလေးနက်နက်တိုက်တွန်းတောင်းဆိုသည်။

ကျောင်းသားပြည်သူတရပ်လုံးအနေဖြင့်လည်း အကြောက်တရားကို အန်တုကျော်လွှားပြီး မတရားဖိနှိပ်ခံနေ ရသော ကျွန်ုပ်တို့၏ ကျောင်းသား ရဲဘော်များနှင့် ပြည်သူလူထုအတွက် တော်လှန်ရေးကို ပိုမိုအရှိန်မြှင့်ပါဝင် ကြရန် မေတ္တာရပ်ခံလိုက်သည်။

Photos from Banmaw University Students' Union's post 21/11/2022

👉လူတိုင်းမှာတော့ သူ့အခက်အခဲနဲ့သူရှိကြတာပါပဲ
အဲ့တာကိုမှ သူ့အပူထက် မိမိအပူကပိုကြီးနေတဲ့သူကခပ်များများရယ်ပါ။ ကျောင်းဖွင့်ပြီဆို အမြဲကြုံနေရတာက အခုလိုကျောင်းသတင်းလာလာမေးတဲ့သူတွေပါပဲ အရင်နိုင်ငံရေးတည်ငြိမ်နေတုန်းကတော့ ကိစ္စမရှိပေမယ့်လည်း အခုလိုနိုင်ငံတော်ကြီး မတရားသဖြင့်အာဏာသိမ်းခံပြီးနောက်မှာတော့ ပညာတတ်လူငယ်တွေအနေနဲ့ စဥ်းစားချင့်ချိန်သင့်နေပါပြီ။
👉အာဏာသိမ်းခံရပြီးနောက် နိုင်ငံတစ်ဝှမ်းပြည်သူတွေ တက်ညီလက်ညီဆန္ဒဖော်ထုတ်ခဲ့ကြတယ် အထူးသဖြင့်ကျောင်းသားတွေ လူငယ်တွေများပါတယ် အခုတော့အဲ့ထဲက ၅ပုံလေးပုံလောက်ဟာ ကျောင်းတက်တာနဲ့ အလုပ်ဝင်တာနဲ့ ဖာဆန်ဆန်ပျော်ရွှင်နေကြပြီ။ဝမ်းနည်းစရာပါ။
👉ကျနော်တို့
ဗန်းမော်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှာဆိုရင်
အချို့ကလက်နက်ကိုင်နေကြတယ်
အချို့ကCDMလုပ်ထားတယ်
အချို့ကနိုင်ရာဝန်ထမ်းရင်းတော်လှန်နေကြတယ်
အများစုကကျောင်းပြန်တက်နေကြပြီ
အချို့ကကျောင်းသားဟောင်းတွေက အာဏာရှင်လက်အောက်မှာ သာယာစွာအလုပ်ဝင်နေကြပြီ
ပြောရရင်စိတ်ပျက်စရာတွေပါပဲ။

ခင်ဗျားတို့ကောဘာဆက်လုပ်မလဲ
စစ်အစိုးရလက်အောက်မှာ ဖာဆန်ဆန်ပျော်ရွှင်မလား
အမှန်တရားအတွက်အဆုံးထိတိုက်ပွဲဝင်မလား

ကျနော်တို့ကတော့ ခရီးအဆုံးထိ စစ်အစိုးရကိုတော်လှန်မှာ စစ်အာရှင်စနစ်ကိုအမြစ်ဖြတ်မယ် ယုံကြည်ချက်နဲ့ရှေ့ဆက်မယ် အဆုံးသတ်မှာ စစ်အာရှင်စနစ်မုချကျရှုံးရမယ် အဲ့အတွက် ခင်ဗျားတို့လည်း ပူးပေါင်းပါဝင်ဖို့လိုပါတယ်
အောက် ပုံထဲကစာတွေနဲ့ပါတ်သက်ပြီးတော့ အမြင်လေးတွေဆွေးနွေးပေးလို့ရပါတယ်

#ကျောင်းသားထုအားဖြင့်စစ်ကျွန်ပညာရေးကိုမြေမြှုပ်ကြ

Photos from Banmaw University Students' Union's post 17/11/2022

◼ ၁၉၂၀ ပထမကျောင်းသားသပိတ်
သပိတ်မှောက်ကျောင်းသားခေါင်းဆောင်များ

ဖိနှိပ်မှုယန္တရားများနှင့် တစ်ဖက်သတ်ရေးဆွဲထားသော ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို အင်္ဂလိပ်ဘုရင်ခံက အတည်ပြုလိုက်ပြီးနောက် ကောလိပ်ကျောင်းသားများသည် ထိုဥပဒေကိုသပိတ်မှောက်ရန် အတွက် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ရက်နေ့တွင် ရွှေတိဂုံစေတီရင်ပြင် စနေထောင့်ညောင်ပင်အောက်၌ ကနဦးတိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် သပိတ်မှောက်ရန်ဆုံးဖြတ်ချက်ချကာ ကတိသစ္စာပြုခဲ့ကြပါသည်။ ယင်းသို့သပိတ်မှောက်ရန်အတွက် ကနဦးဆုံးဖြတ်ခဲ့ကြသော ကျောင်းသား (၁၁) ဦးရှိပါသည်။

၄င်းတို့မှာ
- ၁။ ကိုဘဦး (ဘီအေ အထက်တန်း)
(ဦးဘဦး - အမျိုးသားကျောင်းဆရာ၊အမျိုးသား
ပညာဝန်)
- ၂။ ကိုဘရှင် - သံတွဲ(ဘီအက်စီ အထက်တန်း)
(ဦးဘရှင်(သံတွဲ)- အင်ဂျင်နီယာ ၊အင်းစိန်စက်မှုသိပ္ပံ
ကျောင်းအုပ်ကြီး)
- ၃။ ကိုညီပိတ် (ဘီအက်စီ အထက်တန်း)
(ဦးညီပိတ် -စက်ရှင်တရားသူကြီး ဟောင်း)
- ၄။ ကိုဖိုးကွန်း (ဘီအက်စီ အထက်တန်း)
(ဗိုလ်မှူးဖိုးကွန်း - ပြည်သူ့ရဲဘော်ခေါင်းဆောင်၊
ဝန်ကြီးဟောင်း)
- ၅။ ကိုအေး (ဘီအေ အထက်တန်း)
(ဦးအေး - ယစ်မျိုးမင်းကြီးဟောင်း)
- ၆။ ကိုလှတင် (ဘီအေ အထက်တန်း)
(ဦးလှတင် - တရားလွှတ်ရှေ့နေ့ဟောင်း)
- ၇။ ကိုဖေသိန်း (အိုင်အေ အထက်တန်း)
(သပိတ်မှောက်ပြီး ၄နှစ်အကြာကွယ်လွန်ခဲ့)
- ၈။ ကိုထွန်းဝင်း (အိုင်အေ အထက်တန်း)
(ဦးထွန်းဝင်း - ထားဝယ်အမျိုးသားကျောင်းဆရာ
ဟောင်း)
- ၉။ ကိုဘရှင် - ထားဝယ်(အိုင်အေအထက်တန်း)
(ဦးဘရှင်(ထားဝယ်)- ထားဝယ်အမျိုးသားကျောင်း
အုပ်ကြီးဟောင်း)
- ၁၀။ ကိုဘခင် (အိုင်အေ အထက်တန်း)
(ဦးဘခင်- မန္တလေးအမျိုးသားကျောင်းအုပ်ကြီး)
- ၁၁။ ကိုအောင်ဒင် (အိုင်အေ အထက်တန်း)
( ဦးအောင်ဒင် - ဟိုက်ကုပ်ရုံးအုပ်၊နိုင်ငံတော်ကောင်စီဝင်) တို့ဖြစ်ပါသည်။

ထို့နောက် ၁၉၂၀ ပြည့် ၊ ဒီဇင်ဘာ ၄ ရက်နေ့တွင်
ရွှေတိဂုံစေတီအရှေ့ဘက် ၊ ဗဟန်းဦးအရိယကျောင်း၌ ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ် ကျောင်းသားများထပ်မံစုစည်း၍ သပိတ်မှောက်ရန်အတွက် ဆက်လက်ဆွေးနွေးခဲ့ကြရာ ထိုအစည်းဝေးမှ နောက်ထပ် ကျောင်းသားခေါင်းဆောင် (၁၅) ဦးကို ထပ်မံရွေးချယ်ခဲ့ကြပြန်သည်။၄င်းတို့မှာ

ရန်ကုန်ကောလိပ်မှ
- ၁၂။ ကိုလှစိန် (ဥပဒေပညာ)
(ရန်ကုန်ဟိုက်စကူးကျောင်းဆရာဟောင်း)
- ၁၃။ ကိုဘတင် (ဥပဒေပညာ)
(ဦးဘတင် - ဒိုင်အာခီဥပဒေပြုလွှတ်တော်အမတ်
ဟောင်း)
- ၁၄။ ကိုမြ (ဘီအက်စီအထက်တန်း)
(သခင်မြ -အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး)
- ၁၅။ ကိုစိုးဝင်း (ဘီအေအထက်တန်း)
(ဦးစိုးဝင်း - အမျိုးသားပညာဝန်၊ ပညာရေးအထူး
အရာရှိဟောင်း)
- ၁၆။ ကိုထွန်းဖေ (အိုင်အေအထက်တန်း)
(ဦးထွန်းဖေ - သတင်းစာဆရာ၊ဝန်ကြီးဟောင်း)
- ၁၇။ ကိုဘဟန် (ဘီအေအထက်တန်း)
(ဟိုက်ကုတ်စာတော်ပြန်)
- ၁၈။ ကိုဘကျော်( အိုင်အေအထက်တန်း)
(ဦးဘကျော်-အစိုးရပုံနှိပ်တိုက်ညွှန်ကြားရေးမှူး)
- ၁၉။ ကိုလူဖေဝင်း (ဘီအေအထက်တန်း)
(ဦးလူဖေဝင်း- ရှေးဟောင်းသုတေသန ညွှန်ကြားရေးဝန်ဟောင်း)
- ၂၀။ ကိုမောင်ကို (ဘီအေထက်တန်း)
(ကွယ်လွန်)
- ၂၁။ အီးမောင်စိန် ( ဘီအေအထက်တန်း)
(အငြိမ်းစားထီမင်းကြီး)
- ၂၂။ အင်န်စီဆင်း (ဘီအေအထက်တန်း)
(တရားလွှတ်တော်ရှေ့နေကြီး)
- ၂၃။ မစ္စတာဘို့စ်
(မန္တလေးမြို့တွင်နေထိုင်ခဲ့)
ဂျပ်ဆင်ကောလိပ် မှ
- ၂၄။ ကိုမြင့် (ဘီအေအထက်တန်း)
(နေရှင်နယ်ဦးမြင့်- အမျိုးသားနေ့ဖြစ်မြောက်ရေး
အဆိုတင်သွင်းသူ)
- ၂၅။ ကိုဖိုးကျား (ဘီအေအောက်တန်း)
(ဦးဖိုးကျား - စာရေးဆရာ၊အမျိုးသားပညာဝန်)
- ၂၆။ ကိုဖိုးလတ် ( ဘီအေထက်တန်း)
(ဦးဖိုးလတ် - စာရေးဆရာ၊ယဥ်ကျေးမှုဌာနအတွင်း
ဝန်ဟောင်း) တို့ဖြစ်သည်။

၁၉၂၀၊ ဒီဇင်ဘာ ၄ရက်တွင်ပြုလုပ်သောကျောင်းသားထုအစည်းအဝေးကြီးက တက္ကသိုလ်အက်ဥပဒေကိုသပိတ်မှောက်ရန်ဆုံးဖြတ်ကြပြီး ထိုအစည်းအဝေးမှ တင်မြှောက်လိုက်သောကျောင်းသားခေါင်းဆောင် ၁၅ ဦး နှင့် ကနဦးဖွဲ့စည်းထားသော ကျောင်းသားခေါင်းဆောင် ၁၁ဦး စုစုပေါင်း၂၆ဦးဖြင့် သပိတ်မှောက်ကျောင်းသား(ဘွိုင်းကောက်တား)ကောင်စီကို ဖွဲ့စည်းကာ ၄င်းတို့ထဲမှ "ကိုဘဦး"ကဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ဒီဇင်ဘာ၅ရက်တွင်စတင်သပိတ်မှောက်ခဲ့ကြပါသည်။

ပထမကျောင်းသားသပိတ်ကို ဦးဆောင်ခဲ့သူ သပိတ်မှောက်ကျောင်းသားခေါင်းဆောင်ကြီး (၂၆)ဦးအနက် (၂၃)ဦး၏ ဓာတ်ပုံကို စုဆောင်းနိုင်ခဲ့ပြီး ဓာတ်ပုံစုဆောင်း၍ မရနိုင်ခဲ့သူ( ၃)ဦးမှာ ဦးဖေသိန်း ၊ ဦးမောင်ကို နှင့် ဦးဘဟန်တို့ ဖြစ်ပါသည်။

#အမျိုးသားနေ့အထိမ်းအမှတ်
#ကျောင်းသားခေါင်းဆောင်ကြီးများမှတ်တမ်းဓာတ်ပုံ

Photos from Banmaw University Students' Union's post 17/11/2022

၁၉၂၀ပထမကျောင်းသားသပိတ် သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ

၁၃၈၄ တန်ဆောင်မုန်းလဆုတ်၁၀ရက်၊ ၂၀၂၂ နိုဝင်ဘာလ ၁၇ ရက်တွင် အမျိုးသားအောင်ပွဲနေ့ ၁၀၂ နှစ်ပြည့်
မြောက်မည်ဖြစ်ပါသည်။ အမျိုးသားနေ့သည် ကိုလိုနီကျွန်ပညာရေး ယန္တရားကို တွန်းလှန်ခဲ့ကြသော ကျောင်းသားထု၏ ပထမကျောင်းသားသပိတ် စတင်ခဲ့သည့်နေ့ကို သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။

ပထမကျောင်းသားသပိတ်ကြောင့် အမျိုးသားပညာရေးနှင့်အမျိုးသားကျောင်းများပေါ်ထွန်းလာကာ မြန်မာပြည်သူများ၏ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်များ နိုးကြားလာပြီး လွတ်လပ်ရေးလမ်းစပေါ်သို့ စတင်လျှောက်လှမ်းနိုင်ခဲ့ပါသည်။ ထို့ကြောင့် ပထမကျောင်းသားသပိတ်သည် တိုင်းပြည်အတွက်အလွန်အရေးပါပြီး အလေးအမြတ်ပြုရမည့် အရေးတော်ပုံတစ်ရပ်ဖြစ်ပါသည်။

၁၀၁နှစ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ပထမကျောင်းသားသပိတ်နှင့် စပ်လျဥ်းသည့် သမုိင်းဝင်မှတ်တမ်းဓာတ်ပုံများကို စုစည်းခဲ့ရာ သပိတ်မှောက်စခန်းချခဲ့သည့် နေရာများ၊ သပိတ်မှောက်ကျောင်းသားများ၊ အမျိုးသားကောလိပ်နှင့် အမျိုးသားကျောင်းများ၊ အမျိုးသားနေ့ အထိမ်းအမှတ် စာနယ်ဇင်းပုံရိပ်များစသည်တို့ကို သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ အဖြစ်စုစည်းဖော်ပြလိုက်ရပါသည်။

#အမျိုးသားနေ့အထိမ်းအမှတ်
#ပထမကျောင်းသားသပိတ်သမိုင်းဝင်ဓာတ်ပုံများ

17/11/2022

ပညာရေးရပိုင်ခွင့်နှင့် လူ့အခွင့်အရေးပျောက်ဆုံးနေသော သပိတ်မှောက် ကျောင်းသားများ

" လူငယ်လေးတွေ တော်လိုက်တာ " ၊ " သတ္တိရှိကြတယ် " ဆိုတဲ့ မှတ်ချက်တွေရဲ့ ခွန်အားဖြစ်ရမှုနဲ့ တပြိုင်နက် ဆန့်ကျင်ဖက်အနေအထားမှာ ကျောင်းသားထုကို ကျွန်စိတ်မွေး ယန္တရားထဲ တွန်းပို့နေတဲ့ " ကျောင်းလေးတက်လိုက်တာမဟုတ်ဖူး " ၊ " ဘွဲ့လေးယူလိုက်ပါ " ၊ " ၄၊ ၅ နှစ်တက်လာတာ နှမြောစရာ " စတဲ့ စကားသံတွေက စိတ်ဖိစီးမှုတွေ လိုက်ပေးလျက်ရှိပါတယ်။ ဖိနပ်လေးပဲ ထားခဲ့ပြီး မိဘကို နှုတ်ဆက်လိုသူ သားသမီးတွေဟာ မိုက်မဲမှုတွေကို ကြံစည်နေသူတွေ မဟုတ်ပါဘူး၊ ကျနော်တို့ချင်း အားပေးထောက်ခံမှုတွေ လိုအပ်နေတဲ့ ဖိအားတွေကြားက ကျောင်းသားတွေ ဖြစ်နိုင်ပါတယ်။ ထောက်ခံအားပေးနိုင်ပြီး အခွင့်အလမ်းဖန်တီးပေးနိုင်တဲ့ မိသားစုရှိသလို၊ မရှိသူတွေလည်း ရှိပါတယ်။ ဒါကလည်း ကျနော်တို့ မျှော်လင့်ချက်အစပါပဲ။ တကယ်ကောင်းတဲ့ ပညာရေးစနစ်ဆိုတာက မိသားစုထောက်ပံ့ပေးမှုထက် ကိုယ်ကြိုးစားရင် ကြိုးစားသလောက် အခွင့်အလမ်းကို ရနိုင်တယ်ဆိုတာမျိုး မဟုတ်လား။ ပညာရေးစနစ်ဆိုးအောက်က ရတဲ့ တက္ကသိုလ်မှာ တက်ထားတဲ့ ၄၊ ၅၊ ၆ နှစ်ကို ခေတ္တစွန့်လွတ်ထားသူတွေထက် အခွင့်အရေးဆိုတာ စစ်တပ်ကို ဒူးထောက်တဲ့သူတွေအတွက်ပဲ ဆိုတာကို သိသိလျက်နဲ့ နေထိုင်လာခဲ့ရပြီး တော်လှန်ဖို့ တွန့်ဆုတ်နေသူတွေကသာ တကယ်နှမြောတသ သနားဖွယ် လူဖြစ်ရှုံးသူတွေ မဟုတ်လား။

သပိတ်မှောက် ကျောင်းသားတစ်ယောက်ဟာ လုံခြုံရေးအရ သိုသိပ်နေ‌ရသော်ငြား လူ့ဂုဏ်သိက္ခာ ရှိသူဖြစ်တယ်။ ဒါဆိုရင် သပိတ်မမှောက်သူကရော။ ကျနော်တို့က တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲရာမှာ တော်လှန်မယ့် အင်အားကို များနိုင်သမျှ အများဆုံးစုရမယ်ဆိုတာ အခြေခံကြေလည်မှုပါ။ ကိုယ်ချင်းစာတရား မခေါင်းပါးပဲ လူသားဆန်စွာ မတရားမှုကို သိနားလည်တယ်ဆိုရင် သပိတ်မမှောက်ခြင်း၊ မှောက်ခြင်းကို ခဏမေ့လိုက်ပါ။ မတရားမှုကို မှန်ကန်စွာ တွန်းလှန်လိုစိတ်ရှိသူတိုင်းမှာ လူ့ဂုဏ်သိက္ခာ ရှာရမခက်ပါဘူး။ သည့်အတွက် ထိုထိုသော ဂုဏ်သိက္ခာရှိသူတိုင်းအတွက် လူ့အခွင့်အရေးနဲ့ ပညာရေးရပိုင်ခွင့်ဟာ ကျနော်တို့အတွက် ပထမဦးစားပေး စဉ်းစားပေးစရာ တာဝန်တစ်ရပ်ဖြစ်ပါ့မယ်။

တကယ်တမ်းမှာ ကျနော်တို့ဟာ သပိတ်မှောက်ကျောင်းသားတွေကို တကယ်ပဲ သတိမူမိကြပါသလား။ ကျနော်တို့က ခေတ်ပျက်ထဲမှာ စနစ်ပျက်တစ်ခုကို ဖြိုချကြရင်း အဲ့စနစ်ကို ကုပ်တွယ်နေသူတွေကိုသာ ဘယ်လိုပညာပေးရမလဲ၊ ဘယ်လိုကာကွယ်ပေးရမလဲဆိုတာနဲ့ပဲ အချိန်ကုန်နေကြတာတော့ မဟုတ်သေးဘူးမလား။ ပညာရေးရပိုင်ခွင့်ဟာ ကျောင်းတက်လိုသူ‌တိုင်းနဲ့ဆိုင်ပါတယ်လို့ ဆိုတယ်။ လက်ရှိမှာ ကျောင်းစာသင်ခန်းကို သပိတ်မှောက် စွန့်ခွာလာသူတိုင်းဟာလည်း တနည်း ကျောင်းတက်လိုသူတွေပါပဲ။ ခိုင်မာတဲ့ ယုံကြည်ချက်တစ်ခုအတွက် ​ခေတ္တမျှသာ စွန့်ချင်ကြသူချည်းပါ။ သည်လူတွေက သည်စနစ်ကို မယုံလို့ မတက်ပါဖူးဆိုတာတောင် ဖြောင့်ဖြခြင်းတလှည့်၊ ‌ဖိအားပေးခြင်းတဖုံ ပြန်လည်တိုးဝင်ခိုင်းနေခြင်းဟာ တကယ်ပဲ သုခမိန်ဆန်တဲ့ လုပ်ရပ်လား။ လူတစ်ယောက်ရဲ့ ကိုယ်ပိုင် လွတ်လပ်မှု၊ ယုံကြည်ချက်နဲ့ လူ့အခွင့်အရေးတွေကို ထိပါးနေခြင်းမဟုတ်လား။ ဒါတွေအတွက်ကျ ကူညီကာကွယ်ပေးဖို့ ‌တာဝန်ရှိသူတွေက မေ့လျော့ထားကြပါတယ်။

ကျနော်တို့ သပိတ်မှောက် ကျောင်းသားတွေမှာ အခက်အခဲတွေ ပတ်လည်ဝိုင်းခံနေရပါတယ်။ ကျနော်တို့ရဲ့ တရားသော၊ ဖြစ်တန်သော တောင်းဆိုချက်တွေကို ရှုမြင်ပေးရမယ့်အစား တော်လှန်ရေးရဲ့ ကင်ဆာဆဲလ်တွေသဖွယ် ဆက်ဆံခံနေရတဲ့ နေရာတွေ ရှိပါတယ်။ ဒါကလည်း ဖက်ဆစ်စစ်တပ်ဖက်ချည်း မဟုတ်ပဲ ကိုယ့်တဖက်တည်း ပုန်ကုန်နွယ်တွေဆီက ဖြစ်နေရင် ပိုပြီးတောင် ခံစားရပါတယ်။ ကျနော်တို့ သပိတ်မှောက်ခဲ့ကြတာ၊ စာသင်ခန်းတွေ စွန့်ခဲ့ကြတာ မှားနေပြီလို့ ထင်စေချင်တာလား။ ကျနော်တို့က လူကြီးတွေ မြှောက်ပေးလို့ လုပ်ခဲ့ကြတယ်ဆိုတဲ့ မြဝတီ၊ မြန်မာ့အသံက လာတဲ့ စွဲချက်လို တော်လှန်ရေးထဲ အတွေးအခေါ်ပိုင်း သွေးခွဲခံနေရပါတယ်။ သည်ထဲမှာ ကျနော်တို့ သပိတ်မှောက်ထားလို့ ဆုံးရှုံးသွားတဲ့ ပညာရေးရပိုင်ခွင့်တွေကို တရားမျှတမှု ပြန်ရှာပေးဖို့ တာဝန်ရှိတဲ့ ရှေးက တော်လှန်မျိုးဆက်တွေပါ ပါဝင်နေတတ်တာ ပိုစိတ်ပျက်ဖွယ်ပါ။ ကျောင်းသားသပိတ်ရဲ့ အရေးပါမှုကို ပျက်ရယ်ပြုတဲ့သူတွေဟာ တော်လှန်ရေးရဲ့ တကွေ့မှာ သမိုင်းတရားခံဖြစ်လာပါလိမ့်မယ်။

စစ်အုပ်စုက ကြေညာသလို ကျောင်းတက်သူတွေ ရှိနေပါလိမ့်မယ်။ သို့ပေမယ့် သပိတ်မှောင်ကျောင်းသားတွေလည်း ရှိနေဆဲပါ။ ကျနော်တို့ရဲ့ ယုံကြည်မှုနဲ့ ရပ်တည်ချက်အတွက် အားပေးထောက်ခံမှုတွေအပြင် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ လိုပါတယ်။ များသောအားဖြင့် လူသားချင်း စာနာထောက်ထားမှုလို့ ပြောရင် အပေါ်ယံ ဟန်ပြတွေများတယ်လို့ ပြောကြတယ်။ လူမျိုးတုံးသတ်ဖြတ်မှုကို မသိကျိုးနွံပြုခဲ့လည်း ခပ်တည်တည်နဲ့ ကယ်တင်ရှင် ဟန်ဆောင်လို့ ရတဲ့ နေရာကိုး။
ကျောင်းသားတွေ မရွေးချယ်လိုတဲ့ လမ်းကို တကယ် မရွေးချယ်လို့ရအောင် ကူညီပေးနိုင်ပြီး ရွေးချယ်စရာ အခွင့်အလမ်းတွေ ကူညီပေးနိုင်ဖို့ ဆော်ဩလိုပါတယ်။ကျနော်တို့မှာ ပြည်ပရောက် အမျိုးအဆွေတွေ အများကြီးပါ။ ပညာရေးဖောင်ဒေးရှင်းတွေလည်း ရှိနေလျက် တိုင်းပြည်ရဲ့ လူငယ်၊ လူရွယ်ထုဟာ ပညာငတ်နေဆဲပါပဲ။ အာဏာမသိမ်းခင်ကကို အဆင့်မြင့်ပညာရေးမဆိုထားနဲ့၊ အခြေခံပညာရေးတောင် အပြည့်အဝမရရှိသူတွေကြားမှာ လက်ရှိ ပညာရေးရပိုင်ခွင့်အခြေပြု အကြမ်းဖက်မှုတွေကို လစ်လျူရှုထားတဲ့ အခွင့်အရေးသမားတွေကို ကာကွယ်ပေးနေမယ့်အစား ခေတ္တမေ့ထားလိုက်ပါ။ ကြပ်တည်းလာတဲ့ သပိ‌တ်မှောက်ကျောင်းသားတွေနဲ့အတူ လေးစားဂုဏ်ယူဖွယ် ဆရာသမားတွေရဲ့ ရှင်သန်ရပ်တည်ရေးအတွက် ဖေးမမှုတွေ အများကြီး မပေးနိုင်တောင် သူတို့ရဲ့ မူရင်းရပိုင်ခွင့်အတွက် ဟန်ပြမဟုတ်တဲ့ မြေပြင်လက်တွေ့ အကူအညီတွေကို မေတ္တာတရားအနည်းငယ်လောက်မျှ အလှူခံလိုပါတယ်။

သပိတ်မှောက် ကျောင်းသား တစ်ဦးစီတိုင်းကို ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်လျက်။



#၁၀၂နှစ်ပြည့်အမျိုးသားအောင်ပွဲနေ့

Website