Nway Oo

Nway Oo

Thar Lay

24/04/2024
24/04/2024

😂😂😂

03/04/2024

၂၀၂၅ ခုနှစ်တွင် မျှော်မှန်းထားသည့် နိုင်ငံရေးရလဒ်များ ထွက်ပေါ်ရေး ပူးပေါင်းချိတ်ဆက်မှုများ ကွင်းဆက်မိမိ စနစ်တကျ တည်ဆောက်ကြရန် နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလက တိုက်တွန်း

■ NUG အနေဖြင့် KIA နှင့် အပြည့်အ၀ ပူးပေါင်းရေး ကြိုးစားနေ

ရန်ကုန်၊ ဧပြီ ၃

လာမည့် ၂၀၂၅ ခုနှစ်တွင် မျှော်မှန်းထားသည့် နိုင်ငံရေးရလဒ်များ ထွက်ပေါ်ရန် ပူးပေါင်းချိတ်ဆက်မှုများကို ကွင်းဆက်မိမိ စနစ် တကျ တည်ဆောက်ကြရန် လိုအပ်ကြောင်း NUG အစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက တိုက် တွန်းပြောကြားသည်။

ယမန်နေ့ ဧပြီလ ၂ ရက်နေ့က ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၃ / ၂၀၂၄ အစိုးရ အဖွဲ့အစည်း အဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ခြင်းဖြစ်သည်။

“နောင်လာမယ့် ၂၀၂၅ ခုနှစ်မှာ မျှော်မှန်းနိုင်မယ့် တော်လှန်ရေး ရလဒ်တွေကို အခုအချိန်ကတည်းက ကွင်းဆက်မိမိ စနစ်တကျ တည်ဆောက်ထားဖို့ လိုကြောင်း ပြောချင်ပါတယ်။ အခုဆိုရင် မြန်မာ နိုင်ငံမြောက်ပိုင်း ဧရိယာ တစ်ခုလုံးရဲ့ တော်လှန်ရေးတပ်ဦးဖြစ်တဲ့ ကချင်လွတ်မြောက်ရေး တပ်မ တော်ရဲ့ ခုခံတော်လှန်စစ်ရေးရလဒ်တွေဟာ အင်မတန် အားရကျေနပ်စရာ ကောင်းတာကိုလည်း ထင်ထင်ရှားရှားတွေ့ရပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ကချင် လွတ်မြောက်ရေးတပ်မတော်နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ အစဉ်တစိုက် ကြိုးစားအားထုတ် နေပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် နွေဦးတော်လှန်ရေးတစ်ခုလုံး၏ ကံကြမ္မာနှင့် ဆက်စပ်ပြီး ဖြစ် တည်နေသည့် အစိုးရအဖွဲ့ဖြစ်သည်ဆိုတာ သတိချပ်ရန် လိုအပ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် ၎င်း တို့၏ အသက်အိုးအိမ် စည်းစိမ်နှင့် အနာဂတ် ကံကြမ္မာကို အမျိုးသားညီညွတ်ရေးအစိုးထံ အပ်နှံ ထားသည်ကို မမေ့ရန် လိုကြောင်း နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ အထူးတိုက်တွန်းပြောဆို ထားသည်။

“ကျွန်တော်တို့ရဲ့ စဉ်းစားဆုံးဖြတ်ချက်တွေဟာ ထိရောက်တဲ့ မဟာဗျူဟာ စဉ်းစားချက်တွေဖြစ်ဖို့ လိုသလို၊ အခြေအနေနဲ့ အချိန်အခါကို နားလည် သဘောပေါက်ပြီး စဉ်းစားတဲ့ ဆောင်ရွက်မှုတွေ လည်း ဖြစ်ဖို့လိုပါတယ်။” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် အတိတ်ကာလက ဒီမိုကရေစီတော်လှန်ရေး၊ ကျောင်းသားတော်လှန်ရေး၊ လူထုတော်လှန် ရေးနှင့်တိုင်းရင်းသားတော်လှန်ရေး စသည့် အင်အားစုများသည် နွေဦးတော်လှန်ရေးကို နောက် ကွယ်မှ ကျေးဇူးပြုခဲ့၍သာ နွေဦးတော်လှန်ရေးလှိုင်း အမြင့်ဆုံးအထိ ရောက်ရှိခဲ့သည်ဟု ပြောဆိုနိုင် ကြောင်း၊ ထိုကြောင့် အချိန်အခါကောင်းနှင့် အခွင့်အခါကောင်းကို အလေးအနက်စဉ်းပြီး လူထုအ တွက် အကောင်းဆုံးသော တော်လှန်ရေး ရလဒ်များ ထပ်မံဆောင်ကြဉ်းပေးရန်လိုကြောင်း အထူး မေတ္တာရပ်ခံထားသည်။

“လက်ရှိ တည်ဆဲအခင်းအကျင်းမှာ၊ နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသားလွတ်မြောက်မှု တော်လှန် ရေး တွေဟာ တစ်သားတည်း ပေါင်းစည်းနိုင်ခဲ့တာကို ကျွန်တော်တို့ အားလုံး လက်ကမ်းကြိုဆို ကြောင်း ပြောကြားချင်ပါတယ်။ ပြည်သူလူထုကြီးတစ်ရပ်လုံးရဲ့ အခြေအနေကို ပြည်ပြည့်ဝဝ နား လည် သဘောပေါက်ကြဖို့ အရေးကြီးကြောင်း ပြောကြား ချင်ပါတယ်။” ဟု နိုင်ငံတော်သမ္မတဒူဝါလ ရှီးလက ဆက်လက်ပြောကြားသည်။

ပြည်တွင်းရှိ ပြည်သူလူထုနှင့် နယ်စပ်ဒေရှိ ပြည်သူလူထုများ၏ ဝန်ထုပ်ဝန်ပိုး မတူညီကြောင်း၊ အ လားတူ မြို့ပြတွင် နေထိုင်သည့် ပြည်သူလူထုနှင့် ကျေးလက်ဒေသ နေပြည်သူလူထု၏ ဝန်ထုပ် ဝန်ပိုး မတူညီကြောင်း၊ ထိုသို့ မတူညီကြသော်လည်း ပြည်သူလူထုအားလုံးတွင် ဝန်ထုပ်ဝန်ပိုး ကိုယ်စီ ရှိနေကြောင်း သတိပေးထားသည်။

“ကျွန်တော်တို့တတွေရဲ့ မဟာဗျူဟာ စဉ်းစားချက်တွေဟာ လူထုရဲ့ ဘေးဒုက္ခတွေကို လျော့ပါး သက် သာစေဖို့ အဓိက စဉ်းစားရမှာ ဖြစ်သလို၊ လူထုကို အမြဲတမ်း ဒုက္ခပေးနေတဲ့ စစ်အာဏာရှင်စနစ် အ မြစ်ပြတ် ချုပ်ငြိမ်းဖို့အတွက်လည်း အဓိကထား စဉ်းစားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံး ပြည်သူလူထုနဲ့ အတူ တော် လှန်ရေးအောင်ပွဲတွေဆီ ဆက်လက်ချီတက်နိုင်ကြဖို့ အထူးမျှော်လင့် ကြောင်း ပြောကြားအပ်ပါတယ်။” နိုင်ငံတော်သမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

03/04/2024

KNU တပ်မဟာ ၅ နယ်မြေတွင် မတ်လ တိုက်ပွဲများအတွင်း စစ်တပ်ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးအပါ အဝင် စစ်သား ၄၂ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် ၈ ဦးကျဆုံး ၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၈ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၃

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ KNU တပ်မဟာ ၅ နယ်မြေတွင် မတ်လ အတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၉၉ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးအပါအဝင် ၄၂ ဦး သေ ဆုံးခဲ့ကြောင်း KNU တပ်မဟာ ၅ က တရားဝင် သတင်းထုတ်ပြန်သည်။

မတ်လ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ကေအဲန်ယူ-မူတြော်ခရိုင်၊ အမှတ် ၅ တပ်မဟာ နယ်မြေ အ တွင်း၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အမှတ် ၅ တပ်မဟာ လက်အောက် ခံတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲကြီး ငယ်စုစုပေါင်း ၉၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲများအတွင်းအကြမ်း ဖက်စစ်ကောင်စီဘက်မှ ၄၂ ဦးသေဆုံးပြီး ၅၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၄၂ ဦးအထဲတွင် ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦး ၊ ဒုဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၂ ဦးနှင့် ဒုတပ်ကြပ် ၂ ဦးပါဝင်သည်ဟု အတိအကျစုံစမ်းသိရှိရကြောင်း၊ KNLA တပ်ဖွဲ့ဝင် ၈ ဦး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူခဲ့ရပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နှစ်ဖက် တိုက်ပွဲများ အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များက ဒေသရှိ ကျေးရွာများ အတွင်းနှင့် ဒေသနေ ပြည်သူများ၏ လယ်ယာ၊ တောင်ယာလုပ်ငန်းခွင်များအတွင်းသို့ လက်နက် ကြီးကျည် စုစုပေါင်း ၄၂ လုံးပစ်ခတ်ခဲ့သည့်အပြင် (Drone) ၊ တိုက်လေယာဉ်များဖြင့် ဗုံးကြီး၊ ဗုံးငယ်စုစုပေါင်း ၁,၄၈၅ လုံး ကြဲချခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုများကြောင့် ဗုဒ္ဓဘာသာဝင်ဘုန်းကြီး ၁ ပါးဗုံးဆံ ထိမှန်ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ အရပ်သား ၈ ဦးသေဆုံးခဲ့သည့်အပြင် ဘုန်းကြီး ၁ ပါးနှင့် အရပ်သားပြည်သူ ၃၀ ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ သေဆုံးခဲ့သည့် အရပ်သားပြည်သူ ၈ ဦးအထဲတွင် ကိုယ်ဝန်သည် မိခင်တစ်ဦးပါဝင် ကြောင်း သိရသည်။

ထို့ပြင် နေအိမ် ၄၂ လုံး၊ စပါးကျီ ၂ လုံး၊ လယ်ထွန်စက် ၁ လုံး လေယာဉ်ဗုံးများထိမှန် ပျက်စီးခဲ့ပြီး ကျွဲ ၁ ကောင်၊ ဝက် ၁၀ ကောင်နှင့် ဆိတ် ၈ ကောင်သေဆုံးပြီး ကျွဲ ၂ ကောင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လအတွင်းတိုက်ပွဲများကြောင့် KNU တပ်မဟာ ၅ နယ်မြေဒေသအတွင်း နေထိုင်ကြသော ပြည်သူ ၁,၆၂၄ ဦး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်ထားသည်။

03/04/2024

လှိုင်မြို့နယ်၊ အမှတ် ၃ တပ်ထိန်းတပ်ဖွဲ့ ၏ တပ်မှူး နေအိမ်နှင့် ရုံးကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု စစ်သားတချို့ ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၃

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ အမှတ် ၃ တပ်မတော် တပ်ထိန်းတပ်ဖွဲ့၏ တပ်မှူးနေအိမ် နှင့်ရုံး ကို ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့) က ၁၀၇ မမ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂ ရက်နေ့ ည ၁၀ နာရီကျော်အချိန် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ပါရမီလမ်းနှင့်အုတ်ကျင်းကြားရှိ အမှတ် ၃ တပ်မတော် တပ်ထိန်း တပ်မှူးနေအိမ်နှင့်ရုံးပစ်မှတ်နှစ်ခုကို ရန်ကုန်ပကဖ(အထူးတပ်ဖွဲ့)က ၁၀၇ မမလက် နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ တပ်မှူးမိသားစုနှင့် ရုံး​စောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရခဲ့​ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ တပ်ထိန်းတပ်သည် စစ်​ကောင်စီလူကြီးလမ်း​ကြောင်းများကို လုံခြုံ​ရေးလိုက်​ပေးရသူများဖြစ်ပြီး ယခုအခါ ၎င်းတို့ကိုယ်တိုင် မလုံခြုံ​တော့သည့် အ​နေအထား​ရောက်ရှိ ​စေခြင်းဖြစ်ကြောင်း၊ ထို့ပြင် အဓမ္မစစ်သားစု​ဆောင်းခံရသူ များ ထွက်မ​ပြေး​စေရန် အဓိက ​စောင့်ကြပ်ရသည့် တပ်ဖွဲ့ဖြစ်သည့်အတွက် ယခုကဲ့သို့ ပညာ​ပေးဆုံးမရခြင်းဖြစ်ကြောင်း သိရှိရသည်။

လှိုင်မြို့နယ်မှ ပြည်သူများကလည်း ယမန်နေ့ ည ၁၀ နာရီ ၁၀ မိနစ်ကျော်အချိန်တွင် အလွန်ပြင်းထန်သော ပေါက်ကွဲသံကြီးကြားရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

"မနေ့ည ၁၀ နာရီ ၁၀ မိစ်ကျော်လောက်မှာ ဗုံးပေါက်တာနဲ့မတူဘူး။ အရမ်းကို ပြင်းထန်တဲ့ ပေါက်ကွဲသံကြီးကြားရတယ်။ အိမ်တွေတောင် တုန်သွားတယ်" ဟု လှိုင်မြို့နယ်၊ ပါရမီ စိန်ဂေဟာအနီးနေထိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်တွင် စစ်ရေး ပစ်မှတ်များကို ပစ်ခတ်ခဲ့သော ရှော့တိုက်ဒုံး တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

03/04/2024

မကွေးမြို့၊ ဂွေးတောက်စမ်းရွာအနီး နေပြည်တော် စစ်ရေးပြပွဲမှ ပြန်လာသည့် စစ်ကား ၁ စီး တိမ်းမှောက်၍ စစ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြား

ရန်ကုန်၊ မတ် ၃၁

မကွေးတိုင်း၊ မကွေးမြို့၊ ဂွေးတောက်စမ်းရွာအနီး နေပြည်တော် စစ်ရေးပြပွဲမှ ပြန်လာသည့် စစ်ကား ၁ စီး တိမ်းမှောက်၍ စစ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၃၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် နေပြည်တော် စစ်ရေးပြပွဲမှ ပြန်လာသည့် စစ်ကား ၁ စီးသည် မကွေးမြို့၊ ဂွေးတောက်စမ်းရွာအနီးတွင် တိမ်းမှောက်ပြီး စစ်သား ၅ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။

"နေပြည်တော် စစ်ရေးပြက ပြန်လာသော စစ်ခွေးကား ၁ စီး မကွေးမြို့အနီး ဂွေးတောက်စမ်းရွာအနီးမှာ ၃၀ ရက် ညနေ ၆ နာရီဝန်းကျင်ခန့်မှာ တိမ်းမှောက်ခဲ့တယ်။ စစ်ခွေး ၃ ကောင်ပွဲချင်းပြီးသေပြီး ဆေးရုံအရောက်မှာ ၂ ကောင် ထပ်သေတယ်။ ဒဏ်ရာရရှိသူလည်းများတယ်လို့သိရတယ်" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မကွေးမြို့ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ဝါဂွမ်းတပ်မှဖြစ်ပြီး လက်ရှိတွင် ဒဏ်ရာရရှိထားသူများကို မကွေးမြို့ ခုတင် ၁၀၀ ဆေးရုံ၌ တင်ဆောင်ထားပြီး ဂွေးတောက်စမ်းရွာအနီးတွင် စစ်တပ်က တပ်စွဲထားကြောင်း သိရသည်။

Photo – ၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့က မော်လမြိုင် တံတားပေါ်၌ တိမ်းမှောက်သွားသော စစ်ကား ၁ စီးအားတွေ့ရစဥ်။

Photos from Khit Thit Media's post 03/04/2024
Photos from Nway Oo's post 02/04/2024
02/04/2024

ချောင်းဦးမြို့နယ်တွင် ဒဏ်ရာ စစ်သားများကို တင်ဆောင်ပြီး ပြန်လာသော စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြား

ရန်ကုန်၊ ဧပြီ ၁

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ဒဏ်ရာရ စစ်သားများကို တင်ဆောင်ပြီး ပြန်လာသော စစ်ကား တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၇ ဦး သေဆုံးခဲ့ကြောင်း People's Defense Force - South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

မတ်လ ၂၈ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်က ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာ၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်ကားတစ်စီးသည် ရေပိုးစာဘုန်းကြီးကျောင်းအတွင်းရှိ ဒဏ်ရာရ စစ်သား များကို Jammer တပ်ဆင်ထားသည့် ကားဖြင့် သွားရောက်သယ်ဆောင်ပြီး မုံရွာ မန္တလေးလမ်းမကြီး အတိုင်း ပြန်လာစဉ် ရေပိုးစာကျေးရွာနှင့်နတ်ရေကန် ကျေးရွာကြားတနေရာ အရောက် ပဒေသာ မိုင်း ၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကာ ကားပေါ်ပါ စစ်သား ၁၇ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကားမှာ မီးခိုးအူထွက်သွားကာ မီးခိုးတန်းလန်းဖြင့် နတ်ရေကန်ကျေးရွာရှိ စစ်တပ်စခန်းအတွင်းသို့ ဝင်ရောက်သွားကြောင်း၊ ထို့နောက် ကားပေါ်ပါ သေ ဆုံးအကြမ်းဖက်စစ်သားများကို စခန်းအတွင်း၌ မြေမြှုပ်သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

“ရေပိုးစာက နတ်ရေကန်ရဲ့ အရှေ့ဘက်မှာပါ၊ မြင်းမူဘက်ပါဗျ။ အသွားတုန်းကတော့ မဆွဲပဲနဲ့ ဒီ အတိုင်း လွှတ်ပေးလိုက်တာ၊ ရေပိုးစာရွာမှာရှိနေတဲ့ စစ်ခွေးတွေကို နယ်မြေခံတော်လှန်ရေးအင်အား စုတွေက လက်နက်ကြီးတွေနဲ့ အရင်ထုတာပါ၊ အဲဒါကြောင့် ဒဏ်ရာရတဲ့ စစ်ခွေးတွေကို ကားပေါ် တင်ပြီး ပြန်လာတာ၊ အတော်များများပါတယ်ဗျ၊ အဲဒီကားကို မိုင်းဆွဲခဲ့တာ၊ စခန်းထဲရောက်တော့ ကားပေါ်ကနေ စစ်ခွေး ၁၇ ကောင်ကိုချပြီး မြေမြှုပ်လိုက်တယ်၊ ၃ ကောင်လည်း အသဲအသန်ဖြစ် နေတယ်လို့ သတင်းအတိအကျရထားပါတယ်” ဟု People's Defense Force - South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၃၀ ရက်နေ့ ညနေ ၃ နာရီ ၄၈ မိနစ်အချိန်ကလည်း ချောင်းဦးမြို့နယ်၊ ရေပိုးစားကျေးရွာနှင့် ဂွေးပင်တောကျေးရွာကြား၌ ဘူဒိုဇာကားဖြင့် မိုင်းရှင်းနေသော အကြမ်းဖက်စစ်သားများကို ၆၀ မမ ဗုံးသီး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People's Defense Force - South Monywa တပ်ခွဲ ၁ ၊ နွေဦးလူငယ် People's Defense Force နှင့် တောသားကြီးပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ - အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်သည်)
Photo - Reuters

02/04/2024

အရှုံးမပေးကြေး

Videos (show all)

အရှုံးမပေးကြေး

Website