Winnie's Schedule

Winnie's Schedule

Lifestyle

05/12/2023

ဒီဆိုင်ရဲ့ ပဲနို့အီကြာ၊ဝက်လက်ပေါင်းခေါက်ဆွဲ၊မျှစ်ချည်ခေါက်ဆွဲနဲ့ ဝက်သုံးထပ်သားမာလာဟင်းကို မစားမိရင် နောင်တရလိမ့်မယ်နော်..

ဟင်းပွဲအရသာတွေက အစပ်အဟပ်ကွက်တိနဲ့ အကုန် လွှတ်ကောင်းနေရောပဲရှင် ဆိုင်လေးနာမည်က “ရွှေလားရှိုး” တဲ့🥹❤️

17/11/2023

“မာလာအရသာ တထောင်တန် ခေါက်ဆွဲလေးကို premium ဆန်ဆန် အိမ်မှာ Level Up လုပ်ပြီး စားကြရအောင်ရှင့်” 🦐🍜❤️

13/11/2023

“၅၀၀၀ကျော်ကျော်နဲ့ ဂဏန်းမဆလာချည်စပ် အိမ်မှာအဝချက်စားကြမယ်လေ”😍🦀❤️

01/10/2023

ထမင်းဆီစမ်းဝက်ပေါင်ခြောက်ကြော်စပ်စပ်လေးနဲ့ ကြက်မွမာလာ Sandwich လေးကြောင့် မနက်ခင်းလေးကပြည့်စုံသွားပြီလေ😛🫠❤️

ဆွေကြီးမျိုးကြီးရဲ့ ဟင်းအမယ်အမျိုးစုံကို ဝယ်ယူချင်တယ်ဆိုရင်တော့ First Comment မှာ link လေးချထားပေးပါမယ်နော် အသဲတုံတို့ရေ…

Photos from Winnie's Schedule's post 15/09/2023

ရော #မူကထရော ပါတဲ့အပြင် Side Dish တွေနဲ့ free flow ကိုမှ ၅သောင်းလောက်နဲ့ အဝစားခဲ့ရလို့ သဘောကျလွန်းလို့ ပြန်shareပေးမဲ့ honest review😋🥰

-Cho မှာအခု Promotion ချတဲ့အနေနဲ့ Salmon buffet မှာယူတိုင်း မူကထကိုပါတွဲမှာလို့ရမဲ့ setလေးထည့်ပေးထားပါတယ်…✨

-ဝင်နီ ပီးခဲ့တစ်ပတ်ကမှ သွားစားခဲ့တာပါ။
မူကထပါမှာလို့ရမဲ့ ပရိုမိုးရှင်းရှိတာကြီးကတော့အရမ်းမိုက်လွန်းတယ်…👍

-Salmon ဆို Choမှ Cho ဘာလို့ဖစ်နေလဲ အဲ့နေ့ညမှသိတယ်။ ကောင်းလိုက်တဲ့ ဆော်လမွန် fresh ဖစ်ပီးအရသာက တစ်တုံးဆိုတစ်တုံး ထိမိနေအောင်ကောင်းလွန်းတယ်။Buffet ဆိုတော့ ၁၂ပွဲကြိတ်ခဲ့တယ်။
အဲ့မှာတင် တို့ကအရမ်းတန်နေပီလေ…😝🤣

-Salmon ကတော့လုံးဝ 5starပဲ…🌟🌟🌟🌟🌟

-Side Dish ထဲကဘာမှာရမှန်းမသိဖူးဆိုရင် မဖြစ်မနေမှာရမှာ
#ဂဏန်းပျော့ကြော်✅
#ပုစွန်တန်ပူရာကြော်✅
ဒီ၂မျိုး မှာကိုမှာရမယ်နော်။ မစားမိရင်နောင်တရမယ် အဲ့လောက်ကောင်းတာ ဆီသန့်ပီး တန်ပူရာလေးတွေကလေမွှေးပီး အရသာတော်တော််ရှိတယ်…😍

-မူကထက Salmon Buffet တွေမှာပါတယ်ဆိုလို့ စားနိုင်သလောက်မှာပြီးစားကြည့်တာ ပုစွန်အရမ်းလတ်ပီး တော်တော်ချိုတယ်။အသားတွေကတော့ပုံမှန်အရသာပဲ သိပ်မထူးခြားဖူး။မူကထနဲ့ တွဲစားရတဲ့ အချဉ်တော့ ဝင်နီသိပ်မကြ်ုက်ဖူး အရသာနဲနဲပေါ့တယ်…⭐️⭐️

-အရည်သောက်ထဲကဆို သူ့ရဲ့ကင်မ်ချည်ဟင်းရည်လေးက မထင်ရဖူး ချဉ်ချဉ်စပ်စပ်လေးနဲ့အရသာတော်တော်ရှိတယ်။ဒါလေးလဲ tryကြည့်…😉

-ဆော်လမွန်ငါးအရည်ခွံကြော်လေးလဲ ဘီယာလေးနဲ့မြည်းရင်မိုက်တယ် မွမွလေးရယ်…😜

-IceCream လဲ Free fowနော် greentea လေးစားကောင်းတယ်။ရောက်ရင်စားကြည့်နော်…💚

-အသောက်သမားတွေအတွက်လဲ ဒီ Salmon Buffet ထဲမှာ ဘီယာ free flow ပါလို့ ကြိုက်ကြမှာယုံတယ် ဟီးး …🤭

- ဆိုင်အပြင်အဆင်ကလဲ သပ်ရပ်သန့်ရှင်းပီး Classic ဖစ်လို့ တော်တော်လေးသဘောကျတယ်❤️🥰

အဲ့တော့ပိတ်ရက်မှာ ဘာစားရမလဲစဉ်းစားနေတယ် ဆော်လမွန်ကောင်းကောင်းလဲစားချင်တယ်ဆိုရင်
Sedona hotel မှာဖွင့်ထားတဲ့ Cho japenese Dining ကို တစ်ခေါက်လောက်သွားစားကြည့်နော်🧡

24/08/2023

“တာမွေအာယုဆေးရုံနားက အကင်နံ့မွှေးမွှေးလေးနဲ့ စားလို့တကယ်ကောင်းတဲ့ ကြက်ကင်ဆိုင်လေး” ကိုခေါ်သွားပေးပါမယ်ရှင်😋🥰

17/08/2023

ဝင်နီသိပ်ကြိုက်ရတဲ့ “စိန်ပေါလ် ဘူးသီးကြော်”ဆိုင်လေး စျေးတက်သွားတော့ အရင်လို အရသာရောကောင်းသေးရဲ့လား ဘာတွေကွာသွားလဲဆိုတာ ဒီ Video လေးမှာ တူတူကြည့်လိုက်ကြရအောင်နော်😋😋😋

Photos from Winnie's Schedule's post 15/08/2023

ဒီတစ်လော ဝင်နီအလုပ်လေးတွေဆက်တိုက်များနေလို့🥺
အားလုံးကြိုက်ကြမဲ့ Food Vlog အသစ်လေးတစ်ပုဒ်ကို သဘက်ခါလောက်ကျတင်ပေးမယ်နော်..
ဒီပုံလေးတွေကတော့ အားလုံးမေ့သွားမှာစိုးလို့ ရူပဒါနပြုတာပါရှင့်🤭💖

ဒီပုံလေးတွေထဲကနေရာလှလှလေးကတော့ တကယ်ကို Instagram Theme နဲ့ဓာတ်ပုံလှလှလေးတွေအများကြီး ရိုက်လို့ရမဲ့နေရာလေးပါ။
ဆိုင်လေးရဲ့နာမည်က Time Off Cafe တဲ့❤️

05/08/2023

ချစ်တို့ရေ... ဘိုင်ပြတ်နေတဲ့အချိန် မူကထစားချင်တယ်ဆိုရင် ၁သောင်းစွန်းစွန်းနဲ့စားလို့ရတဲ့ ဒီဆိုင်လေးကိုသွားစားကြည့်ပါရှင့်....

28/07/2023

အန်တီမို့ရဲ့ ဝက်အူစုံလျှာစုံကောက်ညှင်းထုပ်နဲ့ အကိတ်ဝက်ကောက်ညှင်းထုပ်စားပြီးထဲက ဘယ်ကောက်ညှင်းထုပ်မှ ပါးစပ်ထဲ မတိုးတော့တာပါပဲရှင်😋🤤🥰

22/07/2023

အသစ်ထွက်တဲ့ ၈၅၀တန် စပိုက်စီအနက်ရောင်လေးနဲ့ homemade ကြက်ကြော်ပူပူလေး စားကြပါအုံး😋🤪

တကယ်စားကောင်းကောင်းလွန်းလို့ Share ပေးချင်တာနဲ့ အခု အိပ်ချင်မူးတူးနဲ့လုပ်စားနေရင်း ရိုက်ပေးထားတာနော် ချစ်သောတို့အတွက်🥰

14/07/2023

“ဘားအံမြို့ရဲ့ တကယ်လှပါ့ အလွန်မတ်ပါ့ဆိုတဲ့ တောင်ဝိုင်းရဲ့ အမြင့်ပေ တစ်ထောင်ကျော်” ကိုစွန့်စွန့်စားစားတက်ခဲ့ရတဲ့ဝင်နီ့ရဲ့ အတွေ့အကြုံလေးကို အားလုံးအတူတူလိုက်ကြည့်ပေးကြပါအုံးရှင်💪🍃🥰

Photos from Winnie's Schedule's post 11/07/2023

“ရှမ်းပြည်အလွမ်းပြေ မနက်စာကို၂၅၀၀ကျပ်ကနေစပြီး Premium ဆန်ဆန်စားလို့ရမဲ့ မြောက်ဒဂုံက ဆိုင်လေး”🍃

ဝင်နီမနေ့က မနက်စာသွားစားဖြစ်ခဲ့တဲ့ ဒီရှမ်းဆိုင်လေး (ရွှေလားရှိုး) တော်တော်ကြိုက်လို့ honest review လေး Share ပေးမယ်နော်။

- ပထမဦးဆုံး ဆိုင်ရှေ့ကခြံဝန်းကျယ်မို့ ကားပါကင်အတွက်နေရာလုံလုံလောက်လောက်ရှိတာလေးက စကြွေတာရှင်။

-သန့်သန့်ရှင်းရှင်းနဲ့ ဆိုင်အပြင်အဆင်လေး သပ်ရပ်တာလဲ တော်တော်သဘောကျတယ်။

-နောက်ပီး အစားအသောက်မှာမို့ စျေးတွေကြည့်လိုက်တော့ ၁၀၀၀ ၂၅၀၀တန်လေးတွေနဲ့ ရွေးစရာအများကြီးရှိတော့ Budget သမားတွေအတွက်လဲအဆင်ပြေတယ်လေနော်။

-ဝင်နီစားခဲ့သမျှထဲ အကြိုက်ဆုံးက ရှမ်းစာထဲမှာဆို( ဂျူးပဲပုပ်ထောင်း)ရူးခါသွားတာ တလုပ်စားပီး ပူပူထူထူလေးနဲ့ စားရတာချည်ငံစပ်လေး ဒါလေးရောက်ရင် သေချာပေါက် စားကြည့်ပါနော်။

-နောက်တစ်မျိုးက ဒီဆိုင်က ဆန်စေး ခေါက်ဆွဲသားက သူတို့ကိုယ်တိုင်လုပ်ထားတာမို့ ထူးခြားတယ် အိအိဖက်ဖက်လေးနဲ့ ဆန်စေးမှာသုံးထားတဲ့အနှစ်လဲ တော်တော်ကောင်းတယ်။

-နောက်တစ်ခုက မာလာဖက်ထုပ် မာလာအနှစ်ပူစပ်စပ် အရသာနဲ့ ဖက်ထုပ်ထဲကကြက်သားအချိုနဲ့က တော်တော်စားကောင်းလို့ ဒါလေးလဲ must tryပါနော်။

-နံရိုးမျှစ်ချည်ခေါက်ဆွဲတို့ မန်ထိုမလိုင်ပေါက်စီတို့လို ဆန်းဆန်းပြားပြားလေးတွေလဲရတယ် ဒါလေးတွေက နောက်တစ်ခါသွားရင်စားဖို့အကြွေးမှတ်ထားတာ😁🤭

သွားစားချင်တဲ့သူတွေအတွက် ဆိုင်လိပ်စာလေးက

- အမှတ် (၆၄၀) ဗိုလ်မင်းရောင်လမ်း၊(၄၀ရပ်ကွက်)မြောက်ဒဂုံမြို့နယ်။
☎️ ( 09-778700280)

ဆိုင်ဖွင့်ချိန်လေးက 6:30Am to 8:30Pm ပါရှင်🥰

06/07/2023

တို့စရာအမျိုး ၅၀ ကျော် ငါးပိထောင်းအစုံနှင့် ကြက်ဆင်သားရှယ်မိုက်တဲ့ ဉီးဝတုတ် ကရင်တောထမင်း

30/06/2023

ပင်လယ်စာငါးပိထမင်းနယ်၊ကြက်ပင်စိမ်းသောက်စိမ်းနဲ့ အတို့အမြှုပ်အစုံ ဆွဲပီလေ😋😋

Photos from Winnie's Schedule's post 24/06/2023

ကြက်မဲ မစားရတဲ့ဘဝမှာ မနေနိုင်ဖူးဆိုသူတို့အတွက်💥🐔
-တကယ့်ကြက်မဲအစစ်ရဲ့ပါဝင်မှုအနည်းငယ်နဲ့ ရိုးရိုးကြက်သားနဲ့ရောစပ်ပြီး ပြုလုပ်ထားတာပါတဲ့

-ကြက်မဲက အခုလိုင်းပေါ်မှာပျံနှံ့နေသလို မသဓီစရာအသားမျိုးတွေနဲ့ လုပ်ထားတာမဟုတ်ပါဖူးတဲ့

-ဝင်နီကတော့ရှင်းပါတယ် ဘဝမှာ တခြားအရာတွေသာအဆုံးရှုံးခံလိုက်မယ် ကြက်မဲနဲ့ဝက်မှိုလုံးကိုတော့ အဆုံးရှုံးမခံနိုင်တဲ့သူမို့ ဘာနေနေ ဆက်စားပါမယ်😋🤣

-အခုစားထားတဲ့ပုံတွေကြည့်ရင်းတောင် ငတ်နေပီ😭

https://www.facebook.com/104439505264907/posts/212285197813670/?d=n&mibextid=0cALme
(ဒါကြက်မဲအကြောင်းအသေးစိတ်ရေးထားတာလေး)

23/06/2023

ဘားအံမြို့ရဲ့ကမ်းနားအလှကိုလဲခံစားရမယ် အမြည်းကလဲကောင်း ကော်တေးကလဲရှယ်မိုက်တဲ့ Sky Bar ကို ဝင်နီနဲ့အတူတူလိုက်ခဲ့ပေးကြပါအုံးရှင်

Photos from Winnie's Schedule's post 19/06/2023

“သဘာဝရေလှိုဏ်ဂူ”ကိုဘာလို့ သွားသင့်တာလဲ??

-လှေဆိပ်ကစထွက်တုန်းက သိပ်မအံ့ဩရပေမဲ့ လှိုဏ်ဂူထိပ်လဲရောက်ရော တစ်လောကလုံး ရုတ်တရက်တိတ်ဆိတ်သွားပြီး အေးကနဲဖြစ်သွားတဲ့ ခံစားချက်

-လှိုဏ်ဂူထဲမှာ ထုံးကျောက်ကြောင့် သဘာဝအတိုင်းဖြစ်နေတဲ့ တလက်လက်ထနေတဲ့ ကျောက်စိုင်တွေ မြင်လိုက်ရတဲ့ ခံစားချက်

-အရာအားလုံးတိတ်စိတ်နေတဲ့အချိန် ကျောက်စက်ရေကျသံနဲ့ လှေသမားရဲ့ ရေခတ်သံ ဒီနှစ်ခုပဲကြားရတဲ့ ခံစားချက်

-ကျောက်စိုင်နံရံမှာ တွယ်ကပ်နေတဲ့ လင်းနို့အကောင်ရေ ရာကျော်(ခန့်မှန်းခြေ)ကို လှမ်းမြင်လိုက်ရတဲ့ခံစားချက်

-ကျောက်စက်ရေဆိုတဲ့အတိုင်း ရေလေးတွေကို လက်နဲ့ထိကြည့်လိုက်တာနဲ့ စိမ့်နေအောင်အေးတဲ့ ခံစားချက်

-ဂူတစ်ခုလုံး အမှောင်အတိဖြစ်နေပေမဲ့ လမ်းတစ်ဝက်ရောက်မှ အလင်းပေါက်ဂူကနေ ဖျာကျနေတဲ့ အလင်းတန်းလေးကို မြင်လိုက်ရတဲ့ခံစားချက်

- ဂူပေါက်ဝကနေ ထွက်ထွက်ချင်း Sunset ဖျာကျနေတာကို မြင်ရတဲ့ခံစားချက် (Sunset မှီချင်ရင် ညနေ၅နာရီလောက်သွားပေးပါ)

-တစ်ဖက်မှာ လှိုဏ်ဂူ တစ်ဖက်မှာတောင်တန်းတွေ ဝိုင်းနေတဲ့ကြားထဲက လှေသေးသေးလေးနဲ့ သဘာဝအလှကို အပြည့်အဝခံစားရမဲ့ ခံစားချက်

ဒီအပေါ်က အချက်တွေထဲက ခံစားချက်မျိုးကိုရချင်တဲ့သူတွေအတွက်တော့ သဘာဝရေလှိုဏ်ဂူက မဖြစ်မနေသွားသင့်တဲ့နေရာလေးပေါ့ရှင်❤️❤️❤️

#သဘာဝရေလှိုဏ်ဂူ

16/06/2023

“ရင်သပ်ရှုမောဖွယ်အပြည့်နဲ့ ငေးမောနေရလောက်အောင် လှတဲ့ ဘားအံမြို့က သဘာဝရေလှိုဏ်ဂူ”မှာ ဝင်နီဘယ်လိုအံ့ဩစရာတွေနဲ့ ကြုံခဲ့ရလဲဆိုတာ ဒီ Video လေးထဲမှာ ကြည့်လိုက်ရအောင်နော်..

10/06/2023

ဇွဲကပင်တောင်နဲ့ မြူတွေအုပ်စိုင်းနေတဲ့ကြားက ဘန်ဂလိုလှလှလေးမှာ “၈သောင်းကျပ်” နဲ့ တည်းခိုနိုင်မဲ့ ဘားအံက luxury hotel လေးကို ဝင်နီနဲ့အတူ အလည်သွားကြရအောင်နော်

06/06/2023

အစားကြီးတဲ့ ကောင်မလေး🙄🤭

Photos from Winnie's Schedule's post 03/06/2023

“ဇွဲကပင်တောင်ခြေက ရေကူးကန်လေးရယ်”
“တိမ်တွေအောက်က ဘန်ဂလိုလှလှလေးတွေ”နဲ့
ဘားအံမြို့က (၈သောင်းခွဲတန်) luxury hotelလေးအကြောင်းလဲ မကြာခင် Winnie Page လေးကနေ တင်ပေးအုံးမယ်နော်။

ဒီ ဓာတ်ပုံလေးတွေကတော့ အမြည်းပေါ့ရှင်🤭💓

01/06/2023

ဘဝမှာတစ်ခါမှ မစားဘူးသေးတဲ့ ဒူးရင်းသီးဘူဖေးကို ဘားအံမြို့ထိ အပြီသွားစားခဲ့တဲ့ မတ်မတ်ဝင်နီ

Photos from Winnie's Schedule's post 01/06/2023

သဘာဝရေလှိုဏ်ဂူ သွားတဲ့လမ်းမှာ
စိမ်းစိုနေတဲ့တောင်တန်းတွေကို ငေးကြည့်နေရင်း

ဆိတ်ကျောင်းနေတာလဲမြင်ရော ပျော်ပြီး ဓာတ်ပုံဆင်းရိုက်တာ ဆိတ်တွေကပြေး ကိုယ်ကလိုက်နဲ့🥴🤣

29/05/2023

It’s Me☺️😍

19/05/2023

Winnie သွားစားထားတဲ့ “ရှမ်းပုံစားထမင်းဆိုင်”😋😍

Videos (show all)

ဒီဆိုင်ရဲ့ ပဲနို့အီကြာ၊ဝက်လက်ပေါင်းခေါက်ဆွဲ၊မျှစ်ချည်ခေါက်ဆွဲနဲ့ ဝက်သုံးထပ်သားမာလာဟင်းကို မစားမိရင် နောင်တရလိမ့်မယ်နော်....
“မာလာအရသာ တထောင်တန် ခေါက်ဆွဲလေးကို premium ဆန်ဆန် အိမ်မှာ Level Up လုပ်ပြီး စားကြရအောင်ရှင့်” 🦐🍜❤️#FoodVlog #Cooking #fo...
“၅၀၀၀ကျော်ကျော်နဲ့ ဂဏန်းမဆလာချည်စပ် အိမ်မှာအဝချက်စားကြမယ်လေ”😍🦀❤️ #Myanmar #foodvlog #foodreview #myanmarfood #winniesche...
ထမင်းဆီစမ်းဝက်ပေါင်ခြောက်နဲ့ ကြက်မာလာSandwich
အကင်နံ့မွှေးမွှေးလေးနဲ့ကြက်ကင်ဆိုင်
စိန်ပေါလ် ဘူးသီးကြော်
ဈေးချိုချိုနဲ့အရသာထိမိတဲ့ လှည်းတန်းက မူကထဆိုင်လေး...
“အန်တီမို့ ရှယ်ဝက်ကောက်ညှင်း ဝိုက်ပီဟေ့”
အသစ်ထွက်တဲ့ ၈၅၀တန် စပိုက်စီအနက်ရောင်လေးနဲ့ homemade ကြက်ကြော်ပူပူလေး စားကြပါအုံး😋🤪တကယ်စားကောင်းကောင်းလွန်းလို့ Share ပေး...
ဘားအံ တောင်ဝိုင်းသို့ စွန့်စွန့်စားစား
ဉီးဝတုတ် ကရင်တောထမင်း
Sea Food

Website

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00