Mythical LFC

Mythical LFC

Latest news from Liverpool Football club. This is fan page and join us.

27/01/2024

ဂွာတီယိုလာ🗣 ; ကလော့ဒ်ထွက်ခွာသွားတော့မဲ့အပေါ်လား? ငါကောင်းကောင်း အိပ်ပျော်တော့မှာပါ။ လီပါပူးအသင်းနဲ့ မကစားရခင် နေ့ရက်တွေက ငါ့အတွက်အမြဲတမ်း အိမ်မက်ဆိုးပါဘဲ။ ငါ့ဘဝရဲ့ အကောင်းဆုံး ပြိုင်ဘက် ဖြစ်ခဲ့ပါတယ်။ ငါသူ့ကို အကောင်းဆုံးတွေအတွက် ဆုတောင်းပေးပါတယ်။ ငါသေချာပြောနိုင်တယ် သူဘော်လုံးလောက ကို ပြန်လာမှာပါ။

မန်စီးတီး နည်းပြ ဂွာတီယိုလာက နည်းပြ ကလော့ဒ်ရာသီအကုန်မှာ ထွက်သွားတော့မဲ့ အပေါ်ပြောလာတာ ဖြစ်ပါတယ်။

27/01/2024

Liverpool Vs Norwish ( Fa Cup ) ပွဲကြိုသုံးသပ်ချက်

⚽ လီပါပူး အသင်းအနေနဲ့ အိမ်ကွင်းမှာ Fa Cup 4th round အဖြစ် Norwish city နဲ့ တနဂ်နွေ နေ့ ည 9 နာရီမှာ ယှဥ်ပြိုင်သွားရမှာဖြစ်ပါတယ်။

⚽ ဘော်လုံးသမားတွေ ပရိတ်သတ်တွေ အနေနဲ့ ဒီနေ့ပွဲ
စဥ်ဟာ ကလော့ဒ် ထွက်ခွာသွားတော့မဲ့ သတင်းကို ကြားသိရပြီး ပထမဆုံး ကန်ရမဲ့ပွဲ ဖြစ်ပါတယ်။ ကစားသမားတွေကော ပရိတ်သတ်တွေက ပါ လီပါပူး အသင်းကို ရှစ်နှစ်ခွဲ ရာသီအကုန်ထိဆို ကိုးနှစ် နည်းပြခဲ့တဲ့ boss အတွက်အစွမ်းကုန်ကြိုးစား သွားပေးနိုင်ပါတယ်။

⚽ ဂိုးသမားနေရာကတော့ ကယ်လယ်ဟား ဘဲ ပွဲထွက်လာနိုင်ပါတယ်။ လူငယ်ကစားသမားတွေ နှစ်ယောက်သုံးယောက်ထက်ပိုသုံး ပြီးကန်နိုင်ချေရှိပါတယ်။

⚽ Norwish အသင်းကို လီပါပူး အသင်း Fa Cup ရတဲ့ နှစ်မှာတုံးက 2-1 ဆိုတဲ့ရလဒ် နဲ့ အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဒ် ထိပ်တိုက်တွေ့ဆုံမှုမှာလဲ လီပါပူးကချည်း အသာရခဲ့ပါတယ်။ စုစုပေါင်း ပွဲ 14 ပွဲ ကစားထားရာမှာ လီပါပူး အသင်းက 12 ပွဲနိုင် 2 ပွဲသရေ နဲ့ ပြတ်ပြတ်သားသားအနိုင်ယူထားနိုင်ပါတယ်။ Norwish အနေနဲ့ မနှစ်က ရာသီအကုန်မှာ တန်းဆင်းသွားပြီးတော့ Championship မှာ လဲ တန်းပြန်တက်နိုင်ဖို့ တော်တော်လေးရုန်းကန်နေရပါတယ်။

⚽ လီပါပူး အသင်းအနေနဲ့ အေးအေးဆေးဆေးဘဲ နောက်တစ်ဆင့်ကိုတက်နိုင်မှာပါ။

Photos from Mythical LFC's post 27/01/2024

💔 The most heart breaking moment for fans

သတင်းတက်တက်လာခြင်း ပြောစရာစကားတွေကိုမရှိတော့လောက်အောင်ဖြစ်ခဲ့တယ်။ လီပါပူးနဲ့ ကလော့ဒ် ကလော့ဒ် နဲ့ လီပါပူး ဟာ တစ်ခါမှ ခွဲမြင်လို့ မရလောက်တဲ့ အထိ တသားတည်း ဖြစ်ခဲ့တယ်။ အောင်မြင်မှုတွေ အတူတူ ရယူခဲ့တယ်။ ကျရှုံးမှုတွေ ကို အတူတူရင်ဆိုင်ခဲ့တယ်။ ဒီသတင်းကို ဒီလောက် စောစောကြားရလိမ့်မယ်လို့ မထင်ခဲ့ ဘူး။

တစ်ကယ်ပါ ဒီရာသီ အောင်မြင်မှု တစ်ခုမှ မရရင်နေပါ ကလော့ဒ် ထွက်မသွားဘူးဆိုတဲ့ သတင်းကြားရရင်ကို ကျေနပ်မဲ့ လီပါပူး ပရိတ်သတ်တွေအများကြီးပါ။ 2015 နိုဝင်ဘာ 8 ရက်နေ့မှ စရောက်ပြီး တဖြည်းဖြည်းတည်ဆောက်လာလိုက်တာ အခုချိန်ထိ ဝင်ပြိုင်ပြီး မရဘူးတဲ့ ဖလားဆိုပြီး ယူရိုပါလိဒ် တစ်ခုဘဲရှိတယ်။

အကြောင်းကတော့ 100% မဟုတ်တောင် 80% လောက်က တော့ သေချာပြောနိုင်တာ အသင်းပိုင်ရှင် ( FSG ) ကြောင့်ပဲ။ သူပြောတဲ့ စကားတွေမှာ သူ အင်အားမရှိတော့ဘူး သူပင်ပန်းနေပြီဆိုတဲ့ပုံစံမျိုး ပြောသွားပါတယ်။

အကုန်လုံးအသိပါ ပရီးမီးယားလိဒ်မှာ မန်စီးတီးမှာ ဂွာတီယိုလာ ကို အသင်းပိုင်ရှင်တွေက စိတ်ကြိုက်လူဝယ် မလိုချင်တဲ့ ကစားသမားဆို ကန်ထုတ် လုပ်ချင်တာ လုပ်ခွင့်ပေးထားချိန်မှာ ကလော့ဒ်မှာ အဲ့လိုအခွင့်ရေးတွေမရှိခဲ့ဘဲနဲ့ ပရီးမီးယားလိဒ်ကို တစ်မှတ် အကွာနဲ့ ဒုတိယ ဖြစ်ခဲ့တဲ့ ရာသီတွေမနည်းဘူး ဒါတောင် တစ်ရာသီ မန်စီးတီးကို ကျော်ပြီး Champion ဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့တယ်။

ကလော့ဒ် ဘယ်လောက်လုပ်ပြနိုင်လဲ အကုန်လုံးသိပါတယ်။ အခြားအသင်း Fans တွေကိုယ်တိုင်ကို respect ထားခြင်းခံရတဲ့ နည်းပြမျိုးပါ။ မနှစ်က ရာသီက ချံပီယံလိိဒ် မဝင်ဘူး ဘာအောင်မြင်မှုမှ သေချာမရဘူး။ ဒီနှစ်မှာ ကွင်းလည်တစ်ခုလုံးကိုလဲတယ် မက်အယ်လစ်စတာ လောက်ပဲ ပရီးမီးယားလိဒ်မှာ အသင့်သုံးဆိုတဲ့ပုံစံရှိတာ ဆိုဘိုစလိုင်းကလဲ ပရီးမီးယားလိဒ်မှာ အံမဝင် မယ် မဝင်ဘူးက ပြောမရဘူး အဲလိရော့နဲ့ ဂျုံးစ် ဆိုတာ အကယ်ဒမီ ကစားသမား ခံစစ်မှာလဲ အာနိုးရဲ့ အရံ ဘရတ်တလေ ဆိုတာ အကယ်ဒမီကစားသမား လူစရင်းက ဘာ quality ကစားသမားမှ များများစားစားမရှိတာကို system က ကောင်းလွန်းတော့ ဒီရာသီမှာ ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်ရသည့်တိုင်အောင် ဖလားလေးလုံး လမ်းကြောင်းပေါ်ကို ခြေလှန်းမှန်မှန်လျှောက်နိုင်နေတုံး။

နည်းပြအသစ်ရောက်တာ မရောက်တာ ကို ခနထားပါအုံး ကလော့ဒ် တည်ဆောက်လာတဲ့ system ကို ဆက်ပြီး ထိန်းသိမ်းနိုင်ပါ့မလား? လူမဝယ်ပေးတဲ့ အသင်းပိုင်ရှင်မျိုးနဲ့ ကို အဆင်ပြေပြေနဲ့ အသင်းကိုတည်ဆောက်နိုင်ပါ့မလား? ကလော့ဒ်လို အသင်းနဲ့ရော fans တွေနဲ့ပါ အေးတူပူမျှ ရှိပေးနိုင်ပါ့မလား? မေးခွန်းပေါင်းများစွာနဲ့ မရေရာ မှု တွေအများကြီးနဲ့ ရှေ့ဆက်ရတော့မယ်။ ဒီသတင်းကို ကြားရတာ အခု ဖလားလေးလုံး လမ်းကြောင်း ဆိုတာကြီးကို မေ့သွားလောက်အောင်ခံစားရတယ်။

ကလော့ဒ်အနေနဲ့ လီပါပူး အသင်းကလွဲလို့ ပရီးမီးယားလိဒ် ဘယ်အသင်းကိုမှ နည်းပြသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။ သူ့အနေနဲ့ ဘော်လုံးလောက ကနေ အပြီးတိုင် အနားယူသွားတာမျိုးလဲ ဖြစ်နိုင်တယ်။ တစ်နှစ်လောက် အပြည့်အဝ အနားယူပြီးမှ ဥရောပ အသင်းကြီး တစ်သင်း ဒါမမဟုတ် နိုင်ငံအသင်းတစ်ခုခုကိုလဲ ကိုင်တွယ်သွားနိုင်တယ်။ ဒါတွေကတော့ ရာသီကုန်မှဘဲ တိတိကျကျ သိရနိုင်တယ်။

ကျန်တာတွေတော့ဘာမှ မပြောနိုင်တော့ဘူး တစ်ကယ်ကို လီပါပူး ပရိသတ်တွေအတွက် ခံစားရတဲ့ အချိန်ဘဲ။ Good luck ပါ Boss . YOU WILL NEVER WALK ALONE 🔴 .

26/01/2024

🚨 Breaking 🚨 ရာသီအကုန်မှာအသင်းနဲ့လမ်းခွဲတော့မဲ့ ကလော့ဒ်

ကလော့ဒ်ကိုယ်တိုင် အင်တာဗျူးမှာ ဖြေကြားထားတာ ဖြစ်ပါတယ်။ ရင်တွေတော့နာရတော့မယ် ကလော့ဒ်ကို လီပါပူး ပရိတ်သတ်တွေ တော်တော်များများ မထွက်စေချင်ကြပါဘူး။

26/01/2024

🚨 Breaking 🚨

လီပါပူး အသင်းဟာ Nat Phillips နဲ့ Calvin Ramsay ကိုအငှားချဖို့ ပြင်ဆင်နေပါတယ်။
Championship ကလပ် Leeds United အသင်းနဲ့ အခြား ကလပ်တွေက အဆိုပါကစားသမားနှစ်ယောက်ကို အငှားနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

25/01/2024

Fulham 1 - 1 Liverpool ( EFL Cup ) ပွဲပြီးသုံးသပ်ချက်

⚽ လီပါပူး အသင်းအနေနဲ့ EFL Cup semi fianl ဒုတိယ အကျော့အဖြစ် ဖူလ်ဟန် အသင်းနဲ့ အဝေးကွင်းပွဲစဥ် ယှဥ်ပြိုင်ရပါတယ်။ ပထမ အကျော့တုံးက 2 - 1 နဲ့ အနိုင်ရ ရှိထားတာကြောင့် နှစ်ကျော့ပေါင်း 3 - 2 ဆိုတဲ့ ရလဒ် နဲ့ Final ကိုတက်သွားပါပြီ။

⚽ ပွဲထွက်လူစရင်းမှာတော့ အယ်လီဆန် ကို အနားပေးပြီး ကယ်လယ်ဟားနဲ့ ပွဲထွက်လာပါတယ်။ ခံစစ်မှာကတော့ လူငယ်ကစားသမားလေး ဘရတ်လေ ကိုဘဲ ဆက်သုံးပြီး ဗန်ဒိုက်, ဂိုးမက်စ် တို့ဖြစ်ပြီး ကိုနားတေးကို အနားပေး လာပြီး ကွမ်ဆာ နဲ့ပွဲထွက်လာပါတယ်။ ကွင်းလယ်မှာကတော့ ဂျုံးစ်အစား Gravenberch, အယ်လိ့ရော့ တို့ကို မက်အယ်လစ်စတာနဲ့ တွဲပေးလာပါတယ်။ တိုက်စစ်မှာကတော့ ဒီးယက်စ်, နူးနက်စ်, ဂတ်ပို တို့ ပွဲထွက်လာပါတယ်။

⚽ ပထမအကျော့တုံးကမှ နောက်ကလိုက်ကစားရပေမဲ့ ဒီနေ့ ပွဲစဥ်မှာ ဖူလ်ဟန် အသင်းအနေနဲ့ ဖွင့်ဆော့လာပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံး လီပါပူးက ချည်း ဖိအားပေး ကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးကိုတော့ 11' မှာ ဒီးယက်စ် ကန်သွင်းချက်ကို ဂိုးသမား လန်နိုနဲ့ နည်းနည်းလောက် ထိပြီး ဂိုးဝင်သွားပါတယ်။ ဒီလိုနဲ့ ပထမပိုင်းကတော့ လီပါပူးက ချည်းစိုးမိုးထားပြီး အေးအေးဆေးဆေးနဲ့ ကစားသွားပါတယ်။ ဒုတိယ ပိုင်းမှာတော့ အိမ်ရှင် ဖူလ်ဟန် အသင်းဘက်က တိုက်စစ် ဖွင့်ဆော့ လာပြီး အခွင့်ရေးတွေလဲတော်တော်များများရခဲ့ပါတယ်။ ဂိုးသမား ကယ်လယ်ဟားလဲ ဖမ်းလိုက်ရတဲ့ အလုံးတွေရှိပါတယ်။ မိနစ် 60 ကျော် မှာ နူးနက်စ် အစား ဂျိုတာ ဝင်လာပြီး မက်အယ်လစ်စတာ အစား ဂျုံးစ်ဝင်လာပါတယ်။ဒီလိုနဲ့ ဖူလ်ဟန် ဘက်က တစ်ဂိုးပြန်ချေလို့ 76' မှာ 1 - 1 ဖြစ်သွားပါတယ်။ ကလော့ဒ် အနေနဲ့ ချေပဂိုးပေးလိုက်ရချိန်မှာ ဂတ်ပိုကိုထုတ်ပြီး ကိုနားတေးဝင်လာပါတယ် ကွင်းလယ်က Gravenberch ကိုထုတ်ပြီး Bobby Clark ဝင်လာပါတယ်။ ခံစစ်ငါးယောက်တန်း ဆော့ပြီး ရလဒ် 3 - 2 ကိုထိန်းဆော့သွားပါတယ်။

⚽ဒီးယက်စစ် အနေနဲ့ ဒီနေ့ပွဲမှာ ခြေစွမ်းပြကစားသွားနိုင်ပါတယ်။ ဒီနှစ်ရာသီမှာ 7 ဂိုးသွင်းယူနိုင်သွားပါတယ်။နူးနက်စ် အနေနဲ့ လဲ အခွင့်ရေးအချို့ရရှိခဲ့ပေမဲ့ လူကျွံတာတွေ ဂိုးသမား ပုတ်တာတွေကြောင့် ဂ်ိုးမရခဲ့ပါဘူး။ ဂတ်ပိုအနေနဲ့လဲ ညာတောင်ပံမှာ တော်တော်လေးရုန်းကန်ရပါတယ်။ ပွဲတွေက သုံးရက်တစ်ပွဲ ကန်နေရတာဖြစ်တာကြောင့် မိနစ် 60 ကျော်မှာ နူးနက်စ် မက်အယ်လစ်စတာ တို့ကို အနားပေးပြီး လူလှည့်သုံးတာကိုတွေ့ရပါတယ်။ ခံစစ်ကတော့ အများကြီးပြောစရာမရှိပါဘူး ဘရတ်တလေ က တော်တော်လေးက်ို အံ့ဝင်နေပါတယ်။ ကွမ်ဆာ ကလဲ ဗန်ဒိုက် နဲ့တွဲကစားချိန်မှာ တော်တော်လေးကို အဆင်ပြေပါတယ်။ ဂိုးမက်စ်လဲ သူ့ရဲ့ နေရာမဟုတ်ပေမဲ့ ရော်ဘာဆန် လောက်မကောင်းတောင် တော်တော်လေးကို အဆင်ပြေပါတယ်။

⚽ လီပါပူးအသင်းအနေနဲ့ ဝင်ဘာလေ ကွင်းမှာ ကစားမဲ့ Final ကို တက်သွားပါတယ်။ လီပါပူးအသင်းအနေနဲ့ ဒီပြိုင်ပွဲမှာ 14 ကြိမ် final တက်ထားပြီး 9 ကြိမ် နဲ့ အများဆုံး Champion ဖြစ်ထားပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ final မှာတော့ ချယ်ဆီး အသင်းကို ပင်နယ်တီနဲ့ အနိုင်ရှိထားပါတယ်။

24/01/2024

Fulham 1 - 1 Liverpool ( EFL Cup )

နှစ်ကျော့ပေါင်း 3 - 2 ဆိုတဲ့ ရလဒ် နဲ့ final ကို တက်သွားပါပြီ။

ပွဲပြီးခါနိီး အိမ်ရှင်အသင်းရဲ့ ကစားပုံကြောင့် တော်တော်လေး အခက်တွေ့ခဲ့ရပါတယ်။

Man of the match ကတော့ ဒီးယက်စ် ပါ။

24/01/2024

Fulham 0 - 1 Liverpool ( HT )

ဒီးယက်စ် ရဲ့ ဂိုးနဲ့ ပထမပိုင်းကိုဦးဆောင်ထားနိုင်ပါတယ်။ အရံတွေနဲ့ ထွက်လာခဲ့ပေမဲ့ ခြေစွမ်း အသာနဲ့ကို ကစားနိုင်ပြီး ကစားကွက်လဲ တော်တော်လေးကိုပေါ်လွင်ပါတယ်။

24/01/2024

⚽ ယနေ့ Fulham နဲ့ပွဲကို ကိုင်တွယ်သွားမဲ့ ဆိုင်မွန်ဟူပါး

ဒီဒိုင်လူကြီးကတော့ တခြားမဟုတ်ပါဘူး ဒီနှစ်ရာသီရဲ့ ပထမဆုံးရှုံးပွဲ ဖြစ်ခဲ့တဲ့ စပါးနဲ့ ပွဲစဥ်မှာ လူမကျွံ တာကို ကျွံခဲ့ပါတယ်။ ဒါ့အပြင် ဂျုံးစ်ရဲ့ အနီ ကပ် နဲ့ joja ကို ပါ အနီကပ်ပြ ပြီး 12 ယောက် 9 ယောက် ကန်ခဲ့ရတဲ့ ပွဲကို မေ့သွားမယ်မထင်ပါဘူး။ ယနေ့ပွဲစဥ်မှာလဲ ဘယ်လို အမှားတွေ ထပ်လုပ်သွားဥိီးမလဲ..။

24/01/2024

🚨 လာမင်ယာမယ် ကို ဆာလာနေ ရာမှာ အစားထိုးဖို့ ဖြစ်နိုင်ချေရှိတဲ့ ကစားသမားအဖြစ် သတ်မှတ်ထားတယ်လို့ Rumors တွေတော့ တက်နေပါတယ်။ ယာမယ် အနေနဲ့ ဘာစီလိုနာက ထွက်ခဲ့ရင် ပရီးမီးယားလိဒ် ကလပ်တွေဖြစ်ကြတဲ့ မန်စီးတီး, မန်ယူ, ချယ်ဆီး, လီပါပူး တို့က စိတ်ဝင်စားနေကြပါတယ်။

🚨 လီပါပူး အသင်းအနေနဲ့ နွေရာသီ transfer window မှာ ဘိုင်ယန်မြူးနစ် ကွင်းလည်လူ ကင်းမစ် ကို ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။

🚨 လီပါပူး အသင်းဟာ အတ်တလန်တာ အသင်း နဲ့ နယ်သာလန် အသင်းရဲ့ ကွင်းလယ်လူ Teun Koopmeiners ကို ပေါင် သန်း 40 နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

24/01/2024

Fulham Vs Liverpool ( EFL Cup )

Alisson နဲ့ Konate ကို အနားပေးပြီးတော့ ဟိုနေ့က ဒဏ်ရာအသေးစားရသွားတဲ့ ဂျုံးစ် အစား Gravenberch နဲ့ တိုက်စစ်မှာတော့ EFL Cup ပွဲစဥ်တိုင်း ဂိုးသွင်းယူထားတဲ့ ဂတ်ပိုပါဝင်လာပါတယ်။

23/01/2024

Fulham Vs Liverpool ( ပွဲကြိုသုံးသပ်ချက် )

⚽ လီပါပူးအသင်းအနေနဲ့ EFL Cup semi final ဒုတိယ အကျော့ အဖြစ် မြန်မာစံတော်ချိန် ကြာသပတေးနေ့ မနက် 2:30 မှာ ဖူလ်ဟန် အသင်းရဲ့ အိမ်ကွင်းမှာ အဝေးကွင်းပွဲစဥ်သွားကစားရမှာဖြစ်ပါတယ်။ လီပါပူး အသင်း အနေနဲ့ ပထမ အကျော့ အိမ်ကွင်းပွဲစဥ်မှာ 2-1 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိထားပါတယ်။

⚽ ဖူလ်ဟန် အသင်းအနေနဲ့ကတော့ နောက်ဆုံးကစားခဲ့တဲ့ နောက်ဆုံး 5 ပွဲမှာ 2 ပွဲနိုင် 3 ပွဲရှုံးထားပါတယ်။ ဖူလ်ဟန် အသင်းအနေနဲ့ က တော့ ရလဒ်တွေဆိုးနေသည့်တိုင်အောင် အသင်းကြီးတွေနဲ့ဆိုရင် ဒုက္ခပေးလေ့ရှိပါတယ်။ ဒါပေမဲ့ အသင်းကြီးတွေအကုန်လုံးကို ရှုံးထားပြီး အာဆင်နယ် တစ်သင်းထဲကိုဘဲ နိုင်ထားပါတယ်။ အိမ်ကွင်းမှာတော့ မာကျောတဲ့ အသင်းတစ်သင်းအနေနဲ့ရှိပါတယ်။ ဖူလ်ဟန်အသင်းမှာ ဒဏ်ရာရ ပွဲပယ် ကစားသမားကင်းစင်နေပြီး ပွဲထွက် လူစရင်းကို အကောင်းဆုံး ထွက်လာပြီးရင်ဆိုင်လာဖို့ရှိပါတယ်။

⚽ ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာတော့ ပြီးခဲ့တဲ့ EFL Cup ပထမ အကျော့မှာ လီပါပူးက အိမ်ကွင်းမှာ 2-1 ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ပရီးမီးယားလိဒ် ပွဲစဥ်မှာကတော့ 4-3 ဆိုတဲ့ရလဒ်နဲ့ လီပါပူးကဘဲ အန်ဒို, ထရန့်တို့ရဲ့ နောက်ကျဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဖူလ်ဟန် အသင်းနဲ့ နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု 5 ကြိမ်မှာ လီပါပူး အသင်းက 3 ပွဲနိုင် 1 ပွဲသရေ 1 ပွဲရှုံး ထားပါတယ်။

⚽ လီပါပူး အသင်းအနေနဲ့ ဆာလာမပါသည့်တိုင်အောင် တိုက်စစ်က ဂိုးတွေ ရရှိနေပြီး ဂတ်ပို ဆိုရင်လဲ ဒီရာသီ EFL Cup ပွဲစဥ်တိုင်းမှာ ဂိုးသွင်းယူထားပါတယ်။ လီပါပူးအသင်းအနေနဲ့ လက်ရှိအချိန်မှာ ယုံကြည်မှု က အမြင့်ဆုံးအနေထားမှာရှိပြီး ကွင်းလည်မှာကလဲ အယ်လိ့ရော့ တို့ ဂျုံးစ်တို့က အားကိုးရပြီး ခံစစ်ကတော့ ဒီရာသီမှာ အကောင်းဆုံး ခံစစ်အဖြစ်ရှိနေပါတယ်။

⚽ EFL Cup ဟာ အဝေးဂိုးစည်းမျဥ်းမရှိပါဘူး ဖူလ်ဟန် အနေနဲ့ ပင်နယ်တီ အထိသွားချင်တယ်ဆိုရင်တော့ အနိုင်ကန်မှ ရမှာပါ။ ကလော့ဒ် အနေနဲ့ကတော့ EFL Cup ဖြစ်တာနဲ့အညီ ပထမအကျော့ လဲအနိုင်ရထားတော့ လူစရင်းကိုအပြောင်းလဲလုပ်လာမလား ကြည့်ရပါမယ်။ ​ရော်ဘိုအနေနဲ့ အသင်းနဲ့လိုက်ပါလာမယ်လို့ သတင်းတွေအရ သိရပေမဲ့ ဝင်တော့မကစားလောက်သေးပါဘူး။ ဆိုဘိုအနေနဲ့လဲ ဖူလ်ဟန်နဲ့ပွဲစဥ် မပါဝင်နိုင်ရင်တောင် Norwish အသင်းနဲ့ Fa cup ပွဲစဥ်မှာ အရံကနေ ဝင်လာနိုင်ချေရှိပါတယ်။ ကလော့ဒ် အနေနဲ့ ပင်နယ်တီ အထိသွားဖို့ စိတ်ကူးမရှိလောက်ပါဘူး ပွဲကို အနိုင်ကစားလာလိမ့်မယ်လို့ မြင်မိပါတယ်။

လီပါပူးအသင်းနဲ့ပတ်သက်တဲ့နောက်ဆုံးရ သတင်းများနဲ့ ပွဲကြိုပွဲပြီး သုံးသပ်ချက်များကို နေ့စဥ် တင်ဆက်ပေးနေတာဖြစ်ပါတယ်။ အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။

23/01/2024

🚨 ခန့်မှန်းတာထက်စောပြီး အသင်းနဲ့ပြန်လည်ပူးပေါင်းလာတဲ့ ရော်ဘို

လီပါပူးအသင်းရဲ့ လက်ထောက် မန်နေဂျာ ရဲ့ အဆို အရ ရော်ဘာဆန် အနေနဲ့ မနေ့က အသင်းနဲ့ လေ့ကျင့်ရေးဆင်းခဲ့ပါတယ်။ ရော်ဘိုအနေနဲ့ သူ့ရဲ့ ခွဲစိတ် ဆရာဝန်နဲ့ တွေ့ဆုံပြီး သူဒဏ်ရာကနေ အပြည့်ဝ သက်သာကြောင်းကို ထောက်ခံချက်ယူခဲ့ပါတယ်။ အခုသူဟာ အသင်းနဲ့ လေ့ကျင့်ခန်းပြန် ဆင်းနေပါပြီ။ အခုလို အချိန်မှာ ရော်ဘို ဒဏ်ရာကနေ ပြန်လည်သက်သာ လာတာ တော်တော်ကို အခြေအနေကောင်းတစ်ရပ်ဖြစ်ပါတယ်။ သူဖူလ်ဟန်နဲ့ပွဲစဥ်ကို လိုက်ပါလာလိမ့်မယ်လို့ လီပါပူး အသင်းရဲ့ လက်ထောက်နည်းပြ က ပြောဆိုခဲ့ပါတယ်။

ရော်ဘိုအနေနဲ့ အသင်းနဲ့လိုက်ပါလာခဲ့တယ်ဆိုရင်တောင် ပွဲထွက်တော့မကစားလောက်သေးလို အရံကနေ ဝင်လာနိုင်ချေလဲ နည်းပါတယ်။

ရော်ဘာဆန်ရဲ့ ဒဏ်ရာမရခင် ပွဲစဥ်အလိုက် စွမ်းဆောင်ရည် Ratings

D - Brighton ( 7.1 )
L - Spurs ( 6.9 )
W - West Ham ( 7.9 )
W - Wolves ( 8.4 )
W - Villa ( 7.7 )
W - Newcastle ( 6.8 )
W - Bournemouth ( 8.3 )
D - Chelsea ( 7.7 )

Average ( 7.59 )

23/01/2024

🚨 ဆာလာရဲ့ နောက်ဆုံးရသတင်း

မိုဆာလာ အနေနဲ့ နိုင်ငံအသင်းမှာ ဒဏ်ရာ ရရှိပြီး Liverpool မှာပြန်လည် ဆေးကုသမှုခံယူနေပါတယ်။

အစောပိုင်းသတင်းတွေအရ ဒဏ်ရာပြင်းထန်မှု မရှိဘူးလို့ ကြားရပေမဲ့ ယခု ထပ်မံ စစ်ဆေးချက်တွေ အရ ဒဏ်ရာဟာထင်ထားတာထက်ကို ပိုပြီး ပြင်းထန်တယ်လို့ နောက်ဆုံးရသတင်းတွေအရ သိရပါတယ်။

မိုဆာလာရဲ့ အေးဂျင့်ဖြစ်သူကတော့ ဆာလာအနေနဲ့ 21 ရက်ကနေ 28 ရက်လောက် နိုင်ငံနဲ့ကလပ်အသင်းအတွက်ပြန်ကစားပေးဖို့ အချိန်ယူရမယ်လို့ ပြောထားပါတယ်။

Egypt အသင်းသာ Final တက်ခဲ့ရင်တော့ Final မတိုင်ခင် ပြန်ကစားပေးနိုင်မယ်လို့ မျှော်လင့်ရပြီး ကလပ်အသင်းအနေနဲ့လဲ ပြန်လည်စေလွှတ်ပေးမယ်လို့ သိရပါတယ်။

ဆာလာ လွဲချော်နိုင်ချေရှိတဲ့ လီပါပူးအသင်းနဲ့ပွဲစဥ်တွေကတော့

Jan 25 - Fulham ( EFL semi fianl ) Away
Jan 28 - Norwish ( FA cup ) Home
Feb 1 - Chelsea ( EPL ပွဲစဥ် 22 ) Home
Feb 4 - Arsenal ( EPL ပွဲစဥ် 23 ) Away
Feb 10 - Burnley ( EPL ပွဲစဥ် 24 ) Home
Feb 17 - Brantford ( EPL ပွဲစဥ် 25 ) Away
Feb 24 - Luton ( EPL ပွဲစဥ် 26 ) Home

အထက်က ပွဲစဥ်တွေကို လွဲချော်နိုင်ပါတယ်။

ဆာလာအနေနဲ့လက်ရှိအချိန်မှာ ကလပ်အသင်းမှာ ပြန်လည်ဆေးကုသမှု ခံယူလို့ ဝေဖန်သံတွေလဲ မြင့်တက်နေပါတယ်။ ဆာလာ အနေနဲ့ Feb လကုန်လောက်မှ ​အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်လောက်မှာဖြစ်ပါတယ်။ လီပါပူး အသင်းအနေနဲ့ ဆာလာ မပါတဲ့ပွဲစဥ်တွေမှာ ရလဒ်ကောင်းရအောင် စွမ်းဆောင်သွားနိုင်မလား။

22/01/2024

⚽ ဘုန်းမောက်နဲ့ ပွဲစဥ်မှ မက်အယ်လစ်စတာရဲ့ စွမ်းဆောင်ရည်

အခွင့်ရေးဖန်တီးမှု - 4 ကြိမ် ( အများဆုံး )
ဘော်လုံးထိချက် - 95 ကြိမ် ( ဒုတိယအများဆုံး )
ဘော်လုံးပေးပို့မှု - 69 ကြိမ် ( ဒုတိယအများဆုံး )
ဂိုးဧရိယာထဲဝင်ရောက်မှု - 11 ကြိမ် ( အများဆုံး )
ဘော်လုံးဖြတ်ထုတ်မှု - 9 ကြိမ် ( အများဆုံး )
ကြားဖြတ်လုယူမှု - 3 ကြိမ် ( အများဆုံး )
တစ်ဦးချင်းအနိုင်ရရှိမှု - 14 ကြိမ် ( အများဆုံး )

မက်အယ်လစ် စတာ အနေနဲ့ လူမစုံတဲ့ လီပါပူးအသင်းမှာ ဒဏ်ရာကနေပြန်လာနိုင်ပြီး အကောင်းဆုံးပုံစံ ပြသနေပါတယ်။ ပွဲကစားချိန်တွင်းမှာလဲ တိုက်စစ်ရော ခံစစ်ရောကို လိုက်ပါကစားပေးနိုင်ပြီး အာနိုးမရှိတဲ့ အချိန် Killer passes တွေကို မက်အယ်လစ်စတာ စီကနေ အများဆုံးတွေ့ရပါတယ်။ ပရိသတ်တွေအနေနဲ့ကော မက်အယ်လစ်စတာ အပေါ်ဘယ်လိုမြင်ကြလဲ။

22/01/2024

Bournemouth 0-4 Liverpool ( ပွဲပြီးသုံးသပ်ချက် )

⚽ လီပါပူး အသင်းကတော့ ပရီးမီးယားလိဒ် ပွဲစဥ် 21 အဖြစ်အဝေးကွင်းမှာ ခြေမှန်နေတဲ့ ဘုန်းမောက် အသင်းကို 0-4 ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

⚽ ဒဏ်ရာရ ကစားသမား များပြားနေတဲ့ လီပါပူး အနေနဲ့ ပွဲထွက်လူစရင်းမှာ ဂိုးသမားကတော့ အယ်လီဆွန်, ခံစစ်မှာ ဘရတ်တလေ, ကိုနားတေး, ဗန်ဒိုက်, ဂိူးမက်စ် တို့ပွဲထုတ်လာခဲ့ပြီး ကွင်းလည်မှာတော့ မက်အယ်လစ်စတာ ကို အယ်လိ့ရော, ဂျုံးတို့နဲ့တွဲပေးလာပါတယ်။ တိုက်စစ်မှာကတော့ ညာတောင်ပံမှာ ဒီယက်စ် နဲ့ ဘယ်ဘက်မှာ နူးနက်စ် အထောင်တိုက်စစ်မှူး အဖြစ် ဂျိုတာ တို့ပွဲထွက်လာပါတယ်။

⚽ ပထမပိုင်းမှာတော့ အိမ်ရှင်အသင်းရဲ့ ကစားပုံနဲ့ ခြေစွမ်းကောင်းမှုကြောင့် ဂိုးမရှိ သရေ ရလဒ်ထွက်ပေါ်ခဲ့ပြီး ဒုတိယ ပိုင်းမှာတော့ သွင်းဂိုးတွေ ရရှိခဲ့ ပါတယ်။ အဖွင့်ဂိုး ကိုတော့ 49မိနစ် မှာ ဂျိုတာ ဖန်တီးပေးတာကနေ နူးနက်စ်ကသွင်းယူ ခဲ့ပြီး မိနစ် 70 နဲ့ 79 မိနစ်မှာ ဂျိုတာက ဘဲ နှစ်ဂိုးထပ်မံသွင်းယူခဲ့ပါတယ်။ ဂျိုတာအနေနဲ့ ဒဏ်ရာရ ကစားသမားတွေများနေတဲ့ အချိန်မှာ ဒဏ်ရာက ပြန်လည်သက်သာပြီး အသင်းတွက်ပြန်ကစားပေးနိုင်တာ လုံးဝကို ကျေနပ်စရာပါ။ သွင်းသွားတဲ့ နှစ်ဂိုးလုံးကလဲ quality ဂိုးတွေပါဘဲ။ နောက်ဆုံးဂိုးကိုတော့ နာကျင်အချိန်ပိုမှာ ဂိုးမက်စ် ရဲ့ ဖန်တီးမှုကနေ နူးနက်စ် က ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

⚽ ဒီနေ့ပွဲစဥ်မှာ ကိုနားတေး နဲ့ ဗန်ဒိုက် အတွဲက တော်တော်လေးကိုငြိမ်ပါတယ်။ အထူးသဖြင့် ကိုနားတေး ရဲ့ ခြေစွမ်းက တော်တော်လေးကို တိုးတက်လာပြီး ဗန်ဒိုက်နဲ့ တွဲကစားချိန်မှာ ယနေ့ပွဲချိန်အတွင်းတစ်ယောက်မှ ကျော်ဖြတ်နိုင်ချင်းမရှိပါဘူး။ လူငယ်ကစားသမားလေး ဘရတ်လေ လဲ work rate ကောင်းကောင်းနဲ့ အသင်း အတွက် အားကိုးရပါတယ်။ တိုက်စစ်ပိုင်းမှာတော့ ဆာလာ မရှိပေမဲ့ ဂျိုတာ က တော်တော်လေး အားကိုးရပြီး ဒီးယက်စ် ရဲ့ အကောင်းဆုံးပုံစံတော့ မရရှိသေးပါဘူး။ နူးနက်စ် အနေနဲ့တော့ ဒီရာသီမှာ သွင်းဂိုး 10 ဂိုး နဲ့ ဖန်တီးမှု 10 ခု ပြုလုပ်ထားပါတယ်။ နူးနက်စ် ရဲ့ ခြေစွမ်းတည်ငြိမ်ပြီးသွင်းဂိုးတွေ အမြဲရဖို့ဘဲ ဆက်လက်မျှော်လင့်ရပါတယ်။ Man of the match ကိုတော့ ဂျိုတာက ရရှိခဲ့ပါတယ်။

21/01/2024

Bournemouth 0 - 0 Liverpool ( HT )ဘုန်းမောက်ကို ဖိအားပေးကစားနိုင်သော်လဲ ဂိုးမရရှိသေးတဲ့ ပထမပိုင်း

⚽ ပထမပိုင်းအပြီး အားအရဆုံးကတော့ ခံစစ်ပါ။ ဆာလာ လို ကစားသမားမျိုးမပါတော့ တိုက်စစ်က ဂိုးရရှိဖို့ရုန်းကန်နေရပါတယ်။ အာနိုးမပါတော့ forward passes တွေ line Breaking passes တွေ ကို ဗန်ဒိုက်, ကိုနားတေး, မက်အယ်လစ်စတာ တို့ စီက အနည်းငယ် တွေ့ရပါတယ်။ လူငယ်ကစားသမားလေး ဘရတ်လေ လဲ မဆိုးတဲ့ အ​ခြေအနေမှာရှိပါတယ်။

21/01/2024

Bournemouth Vs Liverpool ( ပွဲကြိုသုံးသပ်ချက် )

⚽ လီပါပူး အသင်းဟာ ပရီးမီးယားလိဒ် ပွဲစဥ် 21 အဖြစ် အဝေးကွင်းမှာ ဘုန်းမောက် အသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ လီပါပူး အသင်းဟာ လက်ရှိမှာ ရမှတ် 45 မှတ်နဲ့ အဆင့် 1 နေရာမှာရှိပြီး ဘုန်းမောက် အသင်းကတော့ တစ်ပွဲလျော့ ရမှတ် 25 မှတ်နဲ့ အဆင့် 12 နေရာမှာရှိပါတယ်။

⚽ ဘုန်းမောက်အသင်းအနေနဲ့ ကတော့ လက်ရှိမှာ နည်းပြ အပြောင်းအလဲ လုပ်ပြီးကတည်းက ခြေစွမ်းတည်ငြိမ်နေပါတယ်။ နောက်ဆုံးငါးပွဲမှာ လေးပွဲနိုင်ပြီး တစ်ပွဲသာရှုံးနိမ့်ထားပါတယ်။ ဆိုလန်းကီး ကလဲ တောက်လျှောက်ဂိုးတွေသွင်းယူထားပြီး ကစားဟန်ကလဲတော်တော်လေးကိုကောင်းပါတယ်။

⚽ ထိပ်တိုက်တွေ့ဆုံမှုကို ကြည့်ရင် ဒီရာသီ EFL Cup မှာ လီပါပူးက 2 - 1 နဲ့ နိုင်ထားပြီး ရာသီအစ ပရီးမီးယားလိဒ် ပွဲစဥ်မှာလဲ လီပါပူး အသင်းက 3 - 1 နဲ့ အနိုင်ရ ရှိထားပါတယ်။ မနှစ်က ရာသီမှာ လီပါပူး ဟာ အိမ်ကွငးမှာ စံချိန်တင် 9 - 0 နဲ့ အနိုင်ရရှိထားပြီး ဘုန်းမောက်ရဲ့ အိမ်ကွင်းမှာတော့ 1 - 0 နဲ့ရှုံးနိမ့်ထားပါတယ်။ နောက်ဆုံး တွေ့ဆုံမှု ငါးကြိမ်မှာ လီပါပူး အသင်းဟာ 4 ပွဲနိုင် 1 ပွဲရုံးထားပါတယ်။

⚽ လီပါပူး အသင်း အနေနဲ့ လက်ရှိမှာ ဆာလာ, အာနိုး, အန်ဒို, ရော်ဘာဆန်, သီယာဂို, ဆီးမီးကပ်, တို့ကတော့ ကျိန်းသေ ပါဝင်လာမှာမဟုတ်သေးပါဘူး။ ဆိုဘိုစလိုင်းအနေနဲ့ ယနေ့ပွဲစဥ်မှာ ပါဝင်လာနိုင်ချေရှိပေမဲ့ ကလော့ဒ်က ဘာမှ မပြောထားတဲ့အတွက် ပါဝင်လာခဲ့ရင်တောင် အရံကနေ ပါဝင်လာနိုင်ပါတယ်။ ဂိုးသမားကတော့ အယ်လီဆန် ဖမ်းပြီး ဂိုးမက်စ်,ဗန်ဒိုက်, ကိုနားတေး, Quansh တို့ ​နောက်တန်းမှာ ပွဲထွက်လာနိုင်ပါတယ်။ ပြီးခဲ့တဲ့ပွဲစဥ်မှာခြေစွမ်းပြ ထားတဲ့ လူငယ်ကစားသမားလေး ဘတ်တလေ လဲပွဲထွက်လာနိုင်ပါတယ်။ ကွင်းလယ်မှာ မက်အယ်လစ်စတာ ကို ဂျုံးစ်, Gravenberch တို့နဲ့ တွဲလာနိုင်ပြီး တိုက်စစ်ကတော့ ဆာလာနေရာမှာ အယ်လိ့ရော ဖြစ်မယ် ကျန်တဲ့နေရာကတော့ ဂတ်ပို, ဒီးယက်စ်,နိူးနက်စ်, ဂျိုတာ တို့ကို နည်းပြအနေနဲ့ ကြိုက်သလိုပွဲထုတ်လာနိုင်ပါတယ်။

⚽ လီပါပူး အသင်းအနေနဲ့ လူစုံရင်တော့ ဒီလိုပွဲမျိုးက ​ကျိန်းသေအနိုင်လို့တွက်ထားလို့ရပေမဲ့ လူမစုံတာကတော့ နည်းနည်းစိုးရိမ်စရာဖြစ်တယ်။ မနှစ်က ရာသီမှာလဲ လီပါပူး အသင်းဟာ အသင်းကြီးတွေနဲ့ဆို ရလဒ်ကောင်းဖော်ဆောင်နိုင်ပေမဲ့ အသင်းငယ်တွေနဲ့တွေ့ရင်တော့ မထင်မှတ်ဘဲ ရလဒ် ဆုံးရှုံးတာတွေရှိပါတယ်။ အသင်းငယ် နဲ့တွေ့ပေမဲ့ ယခုအချိန်မှာ နှစ်သင်းလုံးခြေစွမ်းတည်ငြိမ်နေတာကြောင့် ကြည့်ကောင်းဦးမဲ့ ပွဲ ဖြစ်ပါတယ်။ လီပါပူး အသင်းအနေနဲ့ ဘုန်းမောက် အသင်းကို ဂိုးတော့ခွင့်ပြုရမယ်လို့ထင်ပါတယ်။ နိုင်ခဲ့ရင်တောင်
2 - 1 လောက်နဲ့ ကပ်နိုင်လိမ့်မယ်လို့ထင်မိပါတယ်။

လီပါပူးအသင်းနဲ့ပတ်သက်တဲ့နောက်ဆုံးရ သတင်းတွေနဲ့ ပွဲကြို ပွဲပြီး သုံးသပ်ချက်များကို အမြဲတင်ပေးနေတာဖြစ်လို့ Like and follow လုပ်ခဲ့ပေးပါကြပါဦး။

20/01/2024

🚨 ချယ်ဆီး နဲ့ ပွဲမှာ ပြန်ကစားပေးနိုင်ချေရှိတဲ့ ဆာလာ

နောက်ဆုံးရသတင်းတွေ အရ ဆာလာ အနေနဲ့ ဒဏ်ရာ​ပြင်းထန်မှု သိပ်မရှိဘူးလို့သိရပါတယ်။ AFCON Cup ရဲ့ လက်ကျန် တစ်ပွဲကိုတော့ကျိန်းသေ လွဲချော်မှာဖြစ်ပြီး ဇန်နဝါရီ 23 ရက်နေ့ မှာ အီဂျစ်အသင်းနဲ့ ပွဲစဥ်အပြီးပြန်လာရင်တော့ ဇန်နဝါရီ 25 မှာ ဖူလ်ဟန် အသင်းနဲ့ EFL cup semi fianl ဒုတိယအကျော့ပွဲစဥ်နဲ့ 28 ရက်နေ့မှာ Norwish city အသင်းနဲ့ FA Cup 4th round ကိုတော့ကျိန်းသေလွဲနိုင်ပါတယ်။ ချယ်ဆီးနဲ့ ကန်မဲ့ ပရီးမီးယားလိဒ် အိမ်ကွင်း ပွဲစဥ် 22 မှာတော့ ပွဲထွက်လူစရင်းမဟုတ်တောင် အရံကနေ ပါလာနိုင်ချေ ရှိပါတယ်။

ချယ်ဆီးအသင်းနဲ့ ကန်ပြီး နောက်သုံးရက်ဆို အဝေးကွင်းပွဲစဥ် အဖြစ် အာဆင်နယ် အိမ်ကွင်း အမ်းမရိတ် မှာ ပွဲကြပ်ကန်ရဖို့ရှိတော့ ဆာလာအနေနဲ့ ပြန်ကစားပေးနိုင်မလား။

20/01/2024

🎊 Congratulations🎉 Hlaing bwar aung

Mythical LFC မှ နှစ်သစ်လက်ဆောင် အဖြစ် ဒုတိယမြောက် ကံထူးရှင်အဖြစ် ကိုလှိုင်ဘွားအောင် မှ ကံထူးသွားပါတယ်။ ကံထူးရှင်အနေနဲ့ player version ဂျာစီ တစ်ထည် ရရှိမှာဖြစ်ပါတယ်။

လီပါပူး အသင်းနဲ့ ပတ်သက်တဲ့ နောက်ဆုံးရသတင်းများနဲ့ ပွဲကြိုပွဲပြီးသုံးသပ်ချက်များကို တင်ဆက်ပေးနေတာဖြစ်ပါတယ်။အားလုံးကိုအထူးဘဲကျေးဇူးတင်ရှိပါတယ်။

20/01/2024

🎊 Congratulations🎉 Phyo min khank aung

Mythical LFC မှ နှစ်သစ်လက်ဆောင် အဖြစ် ပထမဆုံး ကံထူးရှင်အဖြစ် ကိုဖြိုးမင်းခန့်အောင် မှ ကံထူးသွားပါတယ်။ ကံထူးရှင်အနေနဲ့ player version ဂျာစီ တစ်ထည် ရရှိမှာဖြစ်ပါတယ်။

လီပါပူး အသင်းနဲ့ ပတ်သက်တဲ့ နောက်ဆုံးရသတင်းများနဲ့ ပွဲကြိုပွဲပြီးသုံးသပ်ချက်များကို တင်ဆက်ပေးနေတာဖြစ်ပါတယ်။အားလုံးကိုအထူးဘဲကျေးဇူးတင်ရှိပါတယ်။

19/01/2024

🚨🔴 ကလော့ဒ်နဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆာလာရဲ့ ဒဏ်ရာရရှိမှုအပေါ်

🗣 ကလော့ဒ် ; "ဆာလာ ရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး ကျွန်တော် တို့ဘာမှ မသိသေးပါဘူး။ မနေ့ညက သူနဲ့စကားပြောဖြစ်ခဲ့သေးပါတယ် ဒဏ်ရာကိုခံစားနေရတာတော့ သေချာပါတယ်။ ဒဏ်ရာရသွားတဲ့ အခိုက်အတန့်မှာ ကျွန်တော့်အနေနဲ့ ​တုန်လှုပ်သွားတယ်။ တစ်ခုခုတော့သေချာပေါက်ရှိမှာပါ နောက်ထပ်တော့ အချက်အလက်တွေသေချာ မသိရသေးပါဘူး"

ကလော့ဒ်က သတင်းစာရှင်းလင်းပွဲမှာ ဒဏ်ရာရသွားတဲ့ ဆာလာနဲ့ပတ်သက်ပြီး ယနေ့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာဖြစ်ပါတယ်။

19/01/2024

🏆 ဒီဇင်ဘာလ အတွက် PFA က ချီးမြှင့်တဲ့ Fan's
player of the month ဆုကိုရရှိခဲ့တဲ့ အာနိုး

18/01/2024

⚽ လီပါပူးအသင်းမှာ နှစ်ပေါင်းများစွာနေချင်တယ် ဆိုတဲ့ မက်အယ်လစ်စတာ

🗣 မက်အယ်လစ်စတာ : ငါ့ဘဝဟာ ဒီမှာ အရမ်းပျော်ရွှင်ရပါတယ်။ ဒီမှာ ကာလ ရှည်ကြာ နေရဖို့ ဆုတောင်းပါတယ်။

17/01/2024

❌ ယနေ့ အသင်း Training မှာပါဝင်မလာသေးတဲ့ အာနိုး နဲ့ ဆိုဘိုစလိုင်း

ဒဏ်ရာကြောင့်ပွဲစဥ်အချို့လွဲချော်မဲ့ ဆိုဘိုနဲ့ အာနိုးဟာ ယနေ့အသင်း Training ကိုလာရောက်ပူးပေါင်းနိုင်ခြင်း မရှိသေးပါဘူး။ ထရန့် အနေနဲ့ကတော့ ချယ်ဆီး အသင်းနဲ့ ပရီးမီးယားလိဒ် ပွဲစဥ် ( 22 ) လောက်အထိ ပါဝင်လာနိုင်မှာ မဟုတ်ပါဘူး။ ဆိုဘို အနေနဲ့ကတော့ လာမဲ့ ဘုန်းမောက်နဲ့ အဝေးကွင်းပွဲစဥ် မပါဝင်လာခဲ့ရင်တောင် ဖူဟန် အသင်းနဲ့ ကန်မဲ့ EFL Cup semi final ဒုတိယ အကျော့မှာတော့ ပါဝင်လာနိုင်ချေများပါတယ်။

13/01/2024

⚽ 🚨 နှစ်သစ်လက်ဆောင် 🚨 ⚽

Mythical LFC မှ နှစ်သစ် အတွက် လက်ဆောင် Give away ပေးသွားမဲ့ အစီအစဥ် လေးဖြစ်ပါတယ်။ ကံစမ်းသူတွေထဲကမှ နှစ်ဦးကို မဲဖောက်ပေးသွားမှာ ဖြစ်ပါတယ်။ မဲဖောက်ပေးသွားမှာ ကတော့

Liverpool (HorW) player version ✅
နှစ်သက်ရာအသင်း(HorW) player version ✅

⚽ ကံစမ်း မဲ့သူတွေအနေနဲ့ လုပ်ဆောင်ရမဲ့ အချက်များ

( 1 ) page ကို follow လုပ်ထားရပါမယ်။

( 2 ) မူရင်း post ကို like လုပ်ပြီး မိမိ acc မှာ public နဲ့ share ပေးရပါမယ်။

( 3 ) share ထားတဲ့ post ကို comment မှာ screenshot ရိုက်ပြီး မန့်ပေးရုံနဲ့ player version ဂျာစီတစ်ထည် ကံစမ်းနိုင်ပါပြီ။

2024 kit များ ထွက်မှ ယူချင်တယ်ဆိုလဲ ရပါတယ်။ player version quality အကောင်းစား မဲဖောက်ပေးမှာမလို့ ပါဝင်ကံစမ်းကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ကံထူးသူများကိုတော့ January 20 ရက်နေ့ မှာ cmt picker နဲ့ရွေးချယ်ပြီးမဲဖောက်ပေးသွားမှာဖြစ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ရှိပါတယ်။

Liverpool အသင်းနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းများနဲ့ ပွဲကြို ပွဲပြီး သုံးသပ်ချက်တွေကို တင်ပေးနေတာဖြစ်လို့ စောင့်ကြည့်ပေးကြပါဦး။

13/01/2024

🎂 Happy Birthday Luis Diaz

လီပါပူးအသင်းရဲ့တောင်ပံကစားသမား လူးဝစ်ဒီးယက်စ်
ဟာ ဒီနေ့ မှာ အသက် 27 နှစ် ပြည့်မြောက်သွားခဲ့ပါပြီ။ ဒီးယက်စ် အနေနဲ့ လီပါပူး အသင်းကို 2022 မှာ ရောက်ရှိခဲ့ပြီး

FA Cup 1 ကြိမ်
EFL Cup 1 ကြိမ်
Community Shield 1 ကြိမ်

ဒီးယက်စ်ဟာ လီပါပူး အသင်းတွက် 77 ပွဲ ကစားထားပြီး 17 ဂိုးသွင်း 7 ဂိုးဖန်တီးထားပါတယ်။

12/01/2024

⚽ ယခုနှစ် ပရီးမီးယားလိဒ်တွင် ကျော်ဖြတ်ချင်း မခံရတဲ့ တစ်ဦးတည်းသော ကစားသမား ဗန်ဒိုက်

ဗန်ဒိုက်ဟာ ACL ဒဏ်ရာကြောင့် ကာလရှည်ကြာအနားယူခဲ့ရပြီး ယခုရာသီ မှာ ပုံစံကောင်းတွေ ပြ သ ထားပါတယ်။ လူတွေကတော့ တစ်ချက်မှားတာနဲ့ကို ပြောမဆုံး ဖြစ်နေပေမဲ့ ဒီရာသီ ဗန်ဒိုက်ဟာ 2019 တုံးက ခြေစွမ်း နဲ့ တောင် အရမ်းကွာမနေဘူးလို့ကျွန်တော်ထင်တယ်။ ဒီနှစ်ရာသီ ပရီးမီးယားလိဒ်မှာ ဘယ်ကစား သမားကမှ ဗန်ဒိုက်ကို ကျော်ဖြတ်ထားခြင်းမရှိသေးပါဘူး။ အမြင့်ဘောမှာလဲ 83% အနိုင်ရထားပြီ ဒီရာခိုင်နှုန်းဟာ ပရီးမီးယားလိဒ်မှာ အများဆုံးပါ။ ဘောလုံးယှဥ်လု မှုမှာလဲ 80% ကျော်နဲ့ No.1 ပါ။ ဒါတင်မက သေးဘဲ လက်ရှိ ရာသီမှာ tackles တိုင်းမှာ 100% အောင်မြင်ထားတဲ့တစ်ဦး တည်းသောကစားသမားပါ။ အာဆင်နယ် က ဆာလီဘာ ကောင်းတယ် ဆိုတာ 32 နှစ် ဗန်ဒိုက်ကို မမှီသေးပါဘူး။ ဘယ်သူတွေဘာပြောပြော လက်ရှိ မှာ epl မှာ အကောင်းဆုံး ခံစစ်မှူးပါဘဲ။ လီပါပူး အသင်းဟာ လက်ရှိရာသီမှာ ပေးဂိုးအနည်းဆုံး အသင်းဖြစ်ရပ်တည်နေတာဟာ ဗန်ဒိုက် နဲ့ အများကြီးသက်ဆိုင်ပါတယ်။

12/01/2024

🚨 ဒီဇင်ဘာလ အတွက် အကောင်းဆုံးသွင်းဂိုးဆု ကို ရ ရှိခဲ့တဲ့ Mac Allister

ပြီးခဲ့တဲ့ ဒီဇင်ဘာ လ အတွက် Goal of the month အဖြစ် ဖူလ်ဟန် နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ မက်အယ်လစ်စတာ ရဲ့ ဂိုးဟာ ရွေး ချယ်ခံခဲ့ရပါတယ်။ အဲ့ပွဲမှာ လီပါပူး အသင်းဟာ အိမ်ကွင်းမှာ ဖူလ်ဟန် အသင်းကို 4-3 နဲ့အနိုင်ရရှိခဲ့ပါတယ်။

12/01/2024

⚽ လူစားဝင်ကစားသမားများမှ သွင်းဂိုးနဲ့ဖန်တီးမှု အများဆုံးပြုလုပ်ထားတဲ့ Liverpool

ယခုနှစ် ပရီးမီးယားလိဒ် ပွဲစဥ် ( 20 ) အပြီးတွင် လီပါပူး အသင်းဟာ ရမှတ် 45 မှတ်နဲ့အဆင့် 1 နေရာမှာ ရပ်တည်နေပါတယ်။ ထို ပွဲများတွင် လူစားဝင် ကစားသမားများမှ သွင်းဂိုး 15 ဂိုးနှင့် ဖန်တီးမှု 15 ကြိမ်ပြုလုပ်ထားပါတယ်။ လီပါပူးတိုက်စစ်မှ စုစုပေါင်း 43 ဂိုးသွင်းယူထားပြီး ခံစစ်မှာ 18 ဂိုးသာ ပေးထားရပြီး ခံစစ်အကောင်းဆုံးအသင်းအဖြစ် တည်ရှိနေပါတယ်။

Videos (show all)

Website