Daily Moti -နေ့တိုင်းအတွက် စိတ်ခွန်အားဖြည့် စာတိုများ

Daily Moti -နေ့တိုင်းအတွက် စိတ်ခွန်အားဖြည့် စာတိုများ

ဘ၀အမောပြေစေရန် နှင့် စိတ်ခွန်အားပေးရန် - Stress relieving and emotional support

TikTok · edgiemummy 12/06/2024

💞

TikTok · edgiemummy Check out edgiemummy’s video.

08/02/2024

အလုပ်တွေကရှုပ် ကလေးကစကားနားမထောင် အဆိုးဆုံးက တစ်ခုခုကိုလုပ်ဖို့ ထပ်ခါတလဲလဲပြောနေရတော့ စိတ်မရှည်နိုင်တော့ဘဲ နောက်ဆုံး အသံကုန်အော်မိပီး ကလေးကကြောက်လို့ ငြိမ်ကုတ်သွားတော့မှ အသိဝင်လာတာမျိုး၊ ဒါမှမဟုတ် အဲ့လို အော်နေတာတောင် ကလေးက နားမထောင်သေးတော့ စိတ်မထိန်းနိုင်တော့ဘဲ ထရိုက်မိပီး နောက်မှ ငါလုပ်မိလေချင်းလို့ နောင်တရမိတာမျိုးဖြစ်ဖူးတဲ့ ဖေဖေ မေမေတွေရှိရင် ဒီစာကို ဆက်ဖတ်ကြည့်ပါနော်။

ကလေးတွေကို ဆူမိပီး ရိုက်မိပီးရင်မိဘတိုင်း ဝမ်းနည်း စိတ်မကောင်းဖြစ်ကြရတာ ဓမ္မတာပါ။ ငါ့သားသမီးလေးကို ငါလုပ်မိလေချင်းလို့လဲ နောင်တတွေတလှေကြီးဖြစ်နေတတ်ပီး ငါလုပ်လိုက်လို့ ငါ့သားသမီးလေးများ စိတ်ထိခိုက် ဒဏ်ရာဖြစ်သွားပီလားဆိုတဲ့ စိုးရိမ်ပူပန်မှုကတော့ မိဘတိုင်းအတွက်အဆိုးဆုံးပါဘဲ။
အဲ့တော့ ဒါနဲ့ပတ်သက်လို့ စိတ်ပညာရှင်တွေ parenting experts တွေရဲ့ အကြံပေးချက်ကို ဒီနေရာက တဆင့် မျှဝေလိုက်ပါတယ်နော်။ သူတို့ကပြောကြပါတယ်- မိဘလုပ်သူက ကိုယ်သား/သမီးကို အခြေအနေအရ စိတ်လိုက်မာန်ပါ လုပ်လိုက်မိပေမဲ့ မလုပ်သင့်တာကို သိပီး နောင်တရတယ်ဆိုကထဲက ပိုမိုကောင်းမွန်တဲ့ သားသမီးနဲ့ မိဘကြားထဲကဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့ ကောင်းတဲ့အလားအလာပါဘဲတဲ့။ ဖြစ်ပီးသွားတဲ့ ကိစ္စတွေကိုတွေးပီး စိတ်မကောင်းဖြစ်နေတာထက် သားသမီးနဲ့ မိဘကြားထဲက တင်းမာသွားတဲ့ဆက်ဆံရေးကို အရင်လိုပြန်ဖြစ်လာအောင်တည်ဆောက်ဖို့လိုပါတယ်တဲ့။

အဲ့လို တည်ဆောက်နိုင်ဖို့ မိဘတွေအနေနဲ့ကလဲ သားသမီးအပေါ်ဒီလိုပြုမူလိုက်ခြင်းအတွက် မိမိတို့ကစိတ်မကောင်းဖြစ်နေကြောင်းကို ကလေးကသိအောင်ပြောပြဖို့လို့ပါတယ်တဲ့။ ဥပမာ-သားရေ သမီးရေ လာထိုင်ပါဦး ဟိုတစ်နေ့ကအကြောင်းပြောရအောင်။ သား/သမီးကို ရိုက်မိတဲ့ အော်မိတဲ့အတွက်ဖေဖေ/ မေမေ ကစိတ်မကောင်းဖြစ်ရပါတယ်။ အဲ့လိုမျိုးနောက်မလုပ်မိအောင် ဖေဖေ/မေမေ ကကြိုးစားချင်ပါတယ်။ အဲ့ဒါ သားတို့/ သမီးတို့ အကူအညီလိုမှာမို့ ဖေဖေ/မေမေကို ကူညီမလားဟင်ဆိုပီးမေးကြည့်ပါတဲ့။ ကူညီမှာပေါ့လို့ သူတို့ကပြောလာရင် ကိုယ့်ရဲ့လိုအပ်ချက်ကို သူတို့နဲ့ ညှိနှိုင်းပါတဲ့။ ဥပမာ-ဖေဖေ/မေမေက ထ အိမ်စာလုပ်တော့ဆို သား/သမီးက ချက်ချင်းထလုပ်ပေးလို့ရမလား။ ဒါမှမဟုတ် မေမေ/ ဖေဖေ က ၅ မိနစ်စောင့်ပေးမယ် အဲ့ဒါပီးရင်တော့ သား/သမီးကလုပ်ပေးလို့ရမလား စသည်ဖြင့် သူတို့ရဲ့လိုအပ်ချက်ကို သိအောင်လုပ်ပီး ကိုယ်က သူတို့ကိုလုပ်စေ/ဖြစ်စေချင်တာနဲ့ကိုက်အောင် ညှိယူပါတဲ့။ ကလေးတွေ အနေနဲ့လည်း မလိုက်နာချင်းရဲ့ အကျိုးဆက်ကို တွေ့ပီးသားမို့ မိဘ အဆိုကို လိုက်လျောဖို့ပို နီးစပ်တယ်လို့ ပညာရှင်တွေကဆိုပါတယ်။

နောက်ပီး မိဘက အအော်ခံရလို့ အရိုက်ခံလိုက်ရလို့ လန့်သွားတာ အသားနာသွားတာထက် ကလေးတွေရဲ့စိတ်ထဲမဖျောက်နိုင်တဲ့ အနာတရဖြစ်စေတာက မိဘလုပ်သူက သူတို့ကို မုန်းလို့ နာစေချင်လို့ ကြောက်စေချင်လို့ ဒါမျိုးတွေလုပ်တာလို့ ထင်တာကိုပါဘဲ။ အဲ့တော့ သူ့တိုထင်သလိုမဟုတ်ဘူးဆိုတာကို သူတို့သိအောင် ဖေဖေ/မေမေတို့က သေချာပြဖို့လိုပါတယ်။ ဥပမာ~ ကလေးကိုရိုက်ပီးချိန်မှာ လိမ်းဆေးခေါ်လိမ်းပေးပီး ဖေဖေ/မေမေက ကလေးနာနေလို့ စိတ်မကောင်းဖြစ်ကြောင်း၊ မချစ်လို့ ဒီလိုအနာတရဖြစ်အောင်လုပ်တာမဟုတ်ကြောင်းကို ကလေးကလက်ခံလာတဲ့ နားဝင်အောင်ရှင်းပြဖို့ လို့ပါတယ်။

ဘယ်လောက်ဘဲ နားမထောင်တတ်တဲ့ ကလေးဖြစ်နေပါစေ ကလေးတိုင်း အတွက် အလိုအပ်ဆုံး/ အမျှော်လင့်ဆုံးအရာဟာ မိဘမေတ္တာပါ။ အဲ့ဒီမေတ္တာကို မိဘလုပ်သူကနေ့စဉ်ပြနေသရွေ့ ကလေးအတွက် အရိုက်ခံ အ​အော်ခံရတဲ့ အတွက်အသက်ကြီးတဲ့ စိတ်အနာတရဖြစ်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နေ့စဉ်ရက်စက်ကလေးကို အကြောင်းမရှိအကြောင်းရှရိုက်နေ/ အော်နေရင်တော့လဲ တမျိုးပေါ့လေ။ စာဖတ်သူမိဘတွေကနေ ကလေးကို တမင်သက်သက် ဆူနေ ရိုက်နေမယ်လို့ စာရေးသူကတော့ လုံး၀ မထင်ပါဘူး။ အဲ့တော့ ကိုယ့်ကိုကိုယ် အပြစ်တင်ပီး စိတ်ပျက် အားငယ်မနေကြပါနဲ့ ဖေဖေ/မေမေ တို့ရေ။ ကိုယ့်အမှားကို သိရင် အမှန်ပြင်ဖို့နောက်မကျပါဘူး။ နောက်ပီးစာရေးသူဖတ်ဖူးတဲ့ စာတစ်ခုလိုပေါ့ "Parenting is a journey, not a destination တဲ့ ( ကလေးထိန်းကျောင်းခြင်းဆို ခရီးရှည်တစ်ခုပါဘဲတဲ့၊ ခရီးတိုသွားရတံါ ပန်းတိုင်မဟုတ်ဘူးတဲ့။ အဲ့တော့ နောက်ထပ်ကျန်ရှိသေးတဲ့ ခရီးရှည်အတွက် ပြုပြင်လို့ရတဲ့ အရာတစ်ခုအတွက် စိတ်ပူပန် စိတ်မမောကြပါနဲ့နော် မေမေ/ ဖေဖေတို့ရေ။ Fighting 💪

03/02/2024

စိုးရိမ်ပူပန်မှုအများစုဟာ အရာရာကိုကောင်းမွန်အောင် ဖြစ်စေချင်တဲ့ စိတ်များရာက စတယ်လို့ စိတ်ပညာရှင်များက ကောက်ချက်ချကြပါတယ်။ လူ့သဘာဝအလျောက်ကျွန်မတို့ဟာ အမြဲတမ်း အရာတိုင်းကို ကိုယ့်စိတ်တိုင်းကျဖြစ်စေချင်ကြပါတယ်။ ကိုယ် စိတ်တိုင်းကျ ကိုယ်မှန်းထားတာနဲ့ မကိုက်တော့ပီဆိုတာနဲ့ စပီး စိုးရိမ်ပူပန်ကြတော့တာပါဘဲ။ အဲ့လို စိုးရိမ်ပူပန်တဲ့ စိတ်ဖြစ်ပေါ်လာပီဆိုတာနဲ့ ကိုယ့်ကိုကိုယ်သတိရှိဖို့ သူတို့ကသတိပေးထားပါတယ်။ ဖြစ်ပေါ်လာတဲ့ စိုးရိမ်ပူပန်စိတ်များကို လျော့ချဖြေဖျောက်နိုင်ဖို့ အောက်ပါနည်းလမ်းများကို သုံးကြည့်နိုင် သူတို့ကဆိုပါတယ်။

- ပထမဆုံးစိတ်ပူရခြင်းရဲ့ ပြသနာအကြောင်းရင်းကို နားလည်အောင်လုပ်ပါတဲ့။

-နောက်တဆင့်က အဲ့ဒီပြသနာဟာ ရေတို ပြသနာလား ရေရှည်ပြသနာလားစဉ်းစားပါတဲ့။

-ပီးတော့ မိမိက ဖြေရှင်းဖို့လိုသလား သူ့ဘာသာ အချိန်ကဖြေရှင်းသွားမဲ့ ပြသနာမျိုးလား ချိန်ဆပါတဲ့။

-မိမိကဖြေရှင်းရမဲ့ ပြသနာမျိုးဆို မိမိကိုယ်တိုင်ရှင်းလို့ရသလား၊ အခြားသူရဲ့ အကူအညီလိုသလားစဉ်းစားပါတဲ့။

-မိမိကိုယ်တိုင်ဖြေရှင်းလို့ရမဲ့ ပြသနာမျိုးဆို အချိန်မဆိုင်းစိတ်ပင်ပန်းမခံဘဲရှင်းလိုက်ပါတဲ့။

-တခြားသူဖြေရှင်းပေမှရမဲ့ အရာမျိုးဆို တခြားသူကို အကူအညီတောင်းပါတဲ့။

-အဲ့လိုတောင်းလို့မှ အကူအညီမရဘဲ မပြေလည်နိုင်ရင်တော့ အဲ့ဒီပြသနာကို စိတ်ထဲမထားဘဲ လွှတ်ချနိုင်ဖို့ ကြိုးစားပါတဲ့။

ပြသနာတွေဟာ လတ်တလော ပြေလည်သွားသည်ဖြစ်စေ မပြေလည်ဘဲဆက်ရှိသည်ဖြစ်စေ မနက်ဖြန်ဆိုတာ အမြဲရှိနေမှာပါဘဲတဲ့။ လွန်ခဲ့ ၅နှစ်က ကျွန်မတို့ စိတ်ပူနေခဲ့တဲ့ တချို့အရာတွေက အခုချိန်ပြန်စဉ်းစားကြည့်ရင် စိတ်ပူစရာမကောင်းတော့တာကိုတွေ့ရမှာပါတဲ့။ တချို့အရာတွေက ကျွန်မတို့ဖြေရှင်းခဲ့လို့ အဆင်ပြေသွားတာဟုတ်ပေမဲ့ တချို့အရာတွေကတော့ အချိန်ကာလတစ်ရပ်နဲ့ သက်ဆိုင်ပီး အဲ့ဒီအချိန်မှာဘဲ ပြသနာကဖြစ်နေတတ်တာပါတဲ့။ အဲ့လို အရာမျိုးတွေအတွက် ကျွန်မတို့ စိတ်တွေတောပူပန်ပီး စိတ်အပင်ပန်းခံနေမနေဆိုရင် ကိုမိမိရဲ့စိတ်ကျန်းမာရေးဘဲထိခိုက်မှာပါတဲ့။ အဲ့တော့ စိတ်ကလေးတွေ ကျန်းမာနေရအောင် စိတ်မပူသင့်တဲ့ ကိုယ်တိုင်က မဖြေရှင်းနိုင်တဲ့ အရာတွေကို လွှတ်ချသင့်ရင်လွှတ်ချတတ်အောင်ကြိုးစားကြဖို့ သူတို့ကတိုက်တွန်းပါတယ်။

💕

03/02/2024

Videos (show all)

စိုးရိမ်ပူပန်မှုအများစုဟာ အရာရာကိုကောင်းမွန်အောင် ဖြစ်စေချင်တဲ့ စိတ်များရာက စတယ်လို့ စိတ်ပညာရှင်များက ကောက်ချက်ချကြပါတယ်...

Website