Stylish Baby

Stylish Baby

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Stylish Baby, Baby Goods/Kids Goods, .

29/12/2023

အဲ့လိုတေကြောင့် မစုဖြစ်တာ 😁😁

02/12/2023

Little World ❣️❣️❣️

Photos from Stylish Baby's post 23/11/2023

💗💗Cute💗💗

Photos from Stylish Baby's post 22/11/2023

post ပေးကြမ်းတယ်နော် 😂😂😂😂

Photos from Stylish Baby's post 21/11/2023

omo 😱 baby 😍
Six pack နဲ့ တော်လ်ိုက်တာ 😊
ကိုယ်တေအသက်ကြီးတာတောင်အပျင်းထူ😅😅

Photos from Stylish Baby's post 19/11/2023

နေချင်စရာလေးနော် 🥰🥺

Photos from Stylish Baby's post 18/11/2023

တောဓလေ့ချစ်စရာပုံလေးတေ 🥰🥰🥰

18/11/2023

နောက်တစ်ယောက်မျှော်ချင်လဲမျှော်ပါကွယ်
ဒီလိုလေး လေဖက်ကုန်းပြီးပေါင်ကြားထဲကအမေကိုကြည့်တဲ့အချိန်ချစ်စရာအလွန်ကောင်းနေလို့ပြေးပြေးနမ်းပစ်မိတာအကြိမ်ကြိမ်
☺😍

တကယ်တမ်းကျနောက်တယောက်မျှော်တယ်ဆိုတဲ့စကားဟာရှေ့လူကြီးတွေရဲ့အယူအဆတစ်ခုပါ

လမ်းစလျှောက်တဲ့ကလေးတွေ
လမ်းလျှောက်တတ်ခါစအချိန်မှာ
အဲလိုလေးဖက်ကုန်းတာက
လမ်းလျှောက်ဖို့အားယူတာမျိုးဖြစ်ပြီး☺

လမ်းလျှောက်တတ်သွားတဲ့အချိန်
အဲလိုလေးလုပ်ရင်သက်သက်မျက်ခွက်ပြောင်တဲ့သဘောပါ😁

Photos from Stylish Baby's post 16/11/2023

😄😄

Photos from Stylish Baby's post 14/11/2023

so cute 😘😘😘

Photos from Stylish Baby's post 14/11/2023

🥰🥰🥰

14/09/2023

သောမတ်စ်အယ်ဒီဆင်ဟာ ကျောင်းစနေလို့ တစ်လအကြာ တစ်ရက်မှာ ကျောင်းက ပြန်လာတော့ ဆရာမပေးလိုက်တဲ့ စာအိတ်တစ်ခုကို သူ့အမေကို ပေးလိုက်ပါတယ်။ ငယ်သေးတော့ စာမဖတ်တတ်သေးခင်မှာ အမေဟာ စာအိတ်ကို ဖွင့်လိုက်ပြီးတော့ အယ်ဒီဆင်ကို ဖတ်ပြလိုက်ပါတယ်။

သူ့အမေဖတ်ပြတာက ...

“အမရဲ့ သားဟာ အလွန်ဥာဏ်ထက်မြက်ပြီး ပါရမီရှင်တစ်ယောက် ဖြစ်ပါတယ်။ ကျွန်မတို့ကျောင်းမှာ သူ့လောက်တော်တဲ့ ဆရာ ဆရာမတွေ မရှိကြလို့ အမပဲ သူ့ကို စာသင်ပေးလိုက်ပါနော်”

လို့ပြောပြီး အမေက အိမ်မှာပဲ စာသင်ပေးပါတယ်။ သူ့အမေ ကွယ်လွန်သွား ပြီးနောက် အယ်ဒီဆင်ဟာ ကမ္ဘာပေါ်မှာ ထင်ရှားအောင်မြင်တဲ့ တီထွင်သူ သိပ္ပံပညာရှင်ကြီးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

တစ်ရက်မှာ သူဟာ သူ့အမေရဲ့ သေတ္တာတစ်လုံးထဲမှာ ဝါကျင့်ကျင့်ဖြစ်ပြီး ဟောင်းနွမ်းနေတဲ့ စာလေးတစ်စောင်ကို တွေ့လို့ ဖတ်ကြည့်လိုက်တယ်။
ရေးထားတာက ...

“အမရဲ့ သားဟာ ဥာဏ်ရည်အလွန်နိမ့်ပါးနေပါတယ်။ သူ တစ်သက်လုံး စာတတ်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ကျောင်းမှာ သူ့ကို လက်မခံနိုင်လို့ ဒီနေ့က စပြီး ကျောင်းထုတ်လိုက်ပါပြီ”

အယ်ဒီဆင်ဟာ စာကို ဖတ်ပြီး ၀မ်းနည်းလွန်းလို့ ရှိုက်ကြီးတငင် ငိုလိုက်ပါတယ်။ သူ့အမေကြောင့် အခုလို ထင်ရှားကျော်ကြားတဲ့ တီထွင်ပညာရှင်ကြီး ဖြစ်လာ တယ်ဆိုတာကို သူ ကောင်းကောင်းသိပါတယ်။

‘သောမတ်စ်အယ်ဒီဆင်ဟာ ဥာဏ်ရည် အလွန်နိမ့်ပါး သူ တစ်ယောက်ဖြစ်ပါတယ်။ သူ့အမေက သူ့ကို ကမ္ဘာပေါ်မှာ အလွန်ဥာဏ်ထက်မြက်ပြီး တီထွင်တတ်တဲ့ သိပ္ပံပညာရှင် ကြီး တစ်ယောက် ဖြစ်အောင် လုပ်ပေးခဲ့ပါတယ်’။

မိဘတွေကို ပြောချင်ပါတယ်။ ကလေးတွေကို ကျောင်းက ဆရာ ဆရာမတွေ၊ တခြားလူတွေက ဥာဏ်ထိုင်းတယ်၊ စာသင်လို့ မရဘူးလို့ပြောပေမဲ့ ကလေးတွေရဲ့ အနာဂတ်ကို မိဘတွေ ပြောင်းလဲပေးလို့ ရတယ်ဆိုတာကိုပါ။

Credit – ဗန်းမော်သိန်းဖေ

08/09/2023

မိခင်ဖြစ်လာတဲ့အခါ 🤱
ဘာကြောင့် ကြံခိုင်နေရတာလဲမေးရင်
ကြံ့ခိုင်ဖို့ တစ်ခုကလွဲလို့
ရွေးချယ်စရာမရှိတော့တာပါ။💕

-

Crd မူရင်းစာရေးသူ

16/08/2023

ဆုတောင်းခဲ့ဖူးလာ မေမေတို့ 💯❓

အရမ်းချစ်ခံချင်တော့
“ဘဝမှာ ကိုယ်မှကိုယ် ဖြစ်နေတဲ့သူ တစ်ယောက်လောက်ရှိရင်ကောင်းမှာ” ပေါ့…

နောက်ဆုံးတော့ ကိုယ်မှကိုယ်ဖြစ်နေတဲ့ လူသားလေးကို ရှာတွေ့ခဲ့ပါပြီ .... 😂

🤱 ထမင်းစားလည်း မေမေ၊အိပ်နေလည်းမေမေ ၊ ဘယ်အချိန်နေနေ အလွတ်မပေးတဲ့အပြင် အိမ်သာတက်ရင်လဲအော်ငိုနေလို့ အိမ်သာထဲထိ ခေါ်သွားရတဲ့ အဖြစ်😵‍💫😵‍💫

💁‍♀️ ယူတို့လည်း ဒို့လိုဘဲမဟုတ်လား ... ? 😁😁

Crd to မူရင်းစာရေးသူ

29/07/2023

သမီးလေးမွေးထားတဲ့အခါ......♥

သမီးက ကျွန်မမျက်နှာရိပ်အကဲကို သိတယ်။
အမေမျက်နှာမကောင်းရင် အမေ့မေးစေ့လေးကိုင်ပြီး မေမေ.. ဘာဖြစ်တာလဲဟင်လို့ မေးတတ်တယ်။ မျက်နှာပေါ်မှာ စိတ်ပူနေပုံက အထင်းသား။

ကျွန်မဝမ်းနည်းနေရင် ကျွန်မမျက်နှာပေါ် မျက်ရည်ကို လက်သေးသေးလေးနဲ့ ခပ်ဖွဖွ သုတ်ပေးတတ်တယ်။ သူ့မျက်နှာလေးလည်း ငယ်လို့။

ကျွန်မပျော်နေရင် အတူတူ ရီမောပေးတယ်။ သူ့မျက်လုံးလေးပါ လိုက်ရီပေးနေသလိုလေး။

ကျွန်မ ဘယ်သူ့ကိုမှပြောပြရင်ဖွင့်လို့မရတာတွေ ကို သမီးကို လွတ်လွတ်လပ်လပ် ရင်ဖွင့်လို့ရတယ်။ သမီးကို တိုင်ပင်ချင်တာတွေ တိုင်ပင်လို့ရတယ်။ သမီးဆီက ချစ်စဖွယ် အကြံပေးတါလေးကို တီတီတာတာ နားထောင်လို့ရတယ်။

သမီးက ကျွန်မရဲ့ တကယ့်ကို အရင်းနှီးဆုံး သူငယ်ချင်း။ ရင်ဘတ်တူ၊ ဝါသနာတူလေးပေါ့။

သမီးလေးကြီးပြင်းလာတဲ့အခါ အသက်ကြီးလာတဲ့ ကျွန်မကိုဘာလုပ်ပေးပါစေ၊ ညာလုပ်ပေးပါစေလို့ မမျှော်လင့်ထားဘူး။ သမီးအောင်မြင်ပျော်ရွှင်တဲ့ဘဝကို ရဖို့ကလွဲရင် ကျွန်မ ဘာမှ သမီးဆီကပြန်ရဖို့ မမျှော်လင့်ပါဘူး။

အဲ့ဒီအစား သမီးကို အကောင်းဆုံး ပျိုးထောင်မယ်။ သမီးကို ချစ်ပေးမယ်။ သမီးကို ဖေးမပေးမယ်။ သမီး ဝါသနာပါရာကို ထူးချွန်အောင် လမ်းပြပေးမယ်။ အသက်ရှင်နေသရွေ့ သမီးလိုအပ်ချိန်မှာ အနီးမှာ ရှိပေးမယ်။ သမီးငိုချင်ရင် ရင်ခွင်ဖွင့်ပေးမယ်။ သမီးရီချိန်မှာ အတူပျော်ပေးမယ်။ သမီးကို ကြံ့ခိုင်တဲ့ သမီးလေးဖြစ်စေမယ်။

ဒါပါပဲ.....။
သမီးကို ပျိုးထောင်နေရတယ်ဆိုပေမယ့်..
သမီးကလည်း ကျွန်မကို မိခင်ကောင်း တစ်ယောက်ဖြစ်အောင် အတူကူလုပ်ပေးနေတဲ့ သူငယ်ချင်းကောင်း တစ်ယောက်ပါပဲ။

ချစ်တယ်.. သမီးလေး...♥


✍👸

09/07/2023

!!! ​​ဖြစ်နိုင်ရင် ကလေးတွေကို ကျောင်းတပတ်လောက် နားစေချင်.....

စိတ်ပူကြပြန်ပြီ…..
မေးကြပြန်ပြီ……။
အဲ့သည့်တော့လည်း ဖြေရပြန်ပါပြီ…….။

ဟုတ်ပါတယ်။
ခု ရက်ပိုင်း
ကလေးတွေ ဖျားကြပါတယ်။
ဖျားတဲ့ ကလေး အတော်များများ က
Bronchitis ဆိုတဲ့ လေပြွန်ရောင်တာ ပါ
ဖြစ်နေကြပါတယ်။

ရောဂါ ပုံစံ ကတော့
ကိုယ် ပူ ပါမယ်။
အပူချိန် ၁၀၃ ဒီဂရီ ဖာရင်ဟိုက် ကျော်ထိ
တက်နိုင်ပါတယ်။
ကိုယ် စ ပူပြီး သုံးရက် ဝန်းကျင် လောက်ထိ ပါပဲ။
နောက်ပိုင်း ရက်တွေ မှာတော့
ကိုယ်ပူတာ ဖြစ်လိုက် ကောင်းလိုက် ဆက်ရှိနေပေမယ့်
အပူကြီးတာ မျိုး မရှိတော့ဘဲ
အပူချိန် ၁၀၀ ကနေ ၁၀၁ ဒီဂရီ ဖာရင်ဟိုက် လောက် ထိ တော့ တက်ပါမယ်။
၇-၈ ရက် လောက်ထိ ကြာနိုင်ပါတယ်။

ချောင်းဆိုး ပါမယ်။
ချောင်းဆိုး တဲ့ အချိန် ဆက်တိုက် ဆိုးတာမျိုး ဖြစ်ပါမယ်။
မျက်လုံး ပြူး၊ လျှာထွက် တဲ့ ထိ ချောင်းဆိုး ပါမယ်။
လည်ချောင်းယားသလို၊
လည်ချောင်းခြစ်ခြစ် ဆိုးတာမျိုး ဖြစ်ပါမယ်။
(တကယ်တော့ မယားပါဘူး။)

နုံးခွေပါမယ်။
ငြိမ်သွားပါမယ်။
ဂျီကျပါမယ်။
စိတ်တိုတာ၊ စိတ်ဆိုးတာ၊ စိတ်အလိုမကျတာတွေ ဖြစ်ပါမယ်။
အစား သေချာ မစားတော့ပါဘူး။

အခြား လက္ခဏာတွေ
အနည်း အများ ရှိနိုင်သေးပေမယ့်
အဓိက လက္ခဏာ ကတော့
အဲ့သည့် လက္ခဏာတွေ ပါ။

ရောဂါ အကြောင်း
အခြေခံ သိထားရင် ကောင်းပါတယ်။

Bronchitis ဆိုတာ လေပြွန်ရောင် တာပါ။
အတိအကျ ပြောရရင်
လေပြွန် ရဲ့ အတွင်း နံရံတွေ ရောင်ပြီး ဖောင်းကြွ လာတာပါ။
အဲ့သည်တော့ လေပြွန် ထဲ ကို
လေ အဝင်အထွက် လုပ်ရမယ့် လမ်းကြောင်း
ကျဉ်း လာတာပေါ့။
(ပုံ ကို ကြည့်ရင် သိမှာပါ။)
အဲ့လို ကျဉ်းနေတဲ့ လေပြွန် လမ်းကြောင်း ထဲ
လေဝင် အောင် ပို အားစိုက် ပြီး ရှူသွင်း လို့ ရပေမယ့်
အဆုတ် ထဲ က လေဟောင်း တွေ ပြန်ထုတ် ဖို့ ကတော့
ကိုယ်ခန္ဓာ ရဲ့ ဇီဝကမ္မ ဖြစ်စဉ် အရ
ချောင်းဆိုးပြီး ထုတ် ရပါတယ်။

အသက်ရှူ လမ်းကြောင်း စနစ် တစ်ခုလုံး က
သူ့ အထဲ မှာ လက်ခံ လို့ မရတဲ့ အရာ မှန်သမျှ ကို
ချောင်းဆိုးခြင်း အားဖြင့် ပြန်ထုတ်ပါတယ်။
ဒါကြောင့် တစ်ခုခု စားရင်း သောက်ရင်း သီးသွားရင်
အသက်ရှူ လမ်းကြောင်းထဲ ရောက် သွားလို့
ချောင်းဆိုး ရင် ပြန်ထွက်လာတာမျို ကြုံဖူး ကြမှာပါ။

အဆုတ် ထဲ မှာ ရှိနေတဲ့
ကာဗွန်ဒိုင်အောက်ဆိုဒ် ပါ လေဟောင်းတွေ
အပြင် ကို ထွက်သွား ပြီးမှ
အောက်ဆီဂျင် ပါ လေသစ်တွေ
အဆုတ်ထဲ ပြန် ဝင် လာလို့ ရမှာပါ။
အဆုတ် ထဲ က
လေဟောင်းတွေ မထွက်ဘဲ ခံ နေသရွေ့
အဆုတ် ထဲ ကို
လေသစ် မဝင် နိုင်လို့
တဖြည်းဖြည်း အောက်ဆီဂျင် ရရှိမှု နည်းလာမှာပါ။

ပြောချင်တာ က
လေပြွန် ကျဉ်းနေတဲ့ အချိန်၊ ပိတ်နေတဲ့ အချိန် မျိုး မှာ
ချောင်းဆိုးတယ် ဆိုတဲ့ ဖြစ်စဉ် က
လိုအပ် လို့
ခန္ဓာကိုယ် က တုံ့ပြန်ပြုလုပ်တဲ့
ဇီဝကမ္မ ဖြစ်စဉ် ပါ။
အဲ့သည်လို အချိန်အခါ အခြေအနေမျိုး မှာ
ချောင်းဆိုးရပ်အောင် ချောင်းမဆိုးနိုင်အောင်
လုပ်လိုက်ရင်
အသက်ရှူ ရ ခက်တဲ့ ပြဿနာမျိုး၊
အောက်ဆီဂျင် ကျ သွားတဲ့ ပြဿနာမျိုး ဖြစ်နိုင်ပါတယ်။

အဓိက က
လေပြွန် ပြန်ကျယ်စေ၊ ပွင့်စေတဲ့ ဆေး နဲ့
လေပြွန် ရောင်တာ လျော့စေတဲ့ ဆေး၊
ကျဉ်းနေ တဲ့ လေပြွန်ထဲ မှာ ချွဲတွေ ပစ်ခဲ သွားလို့
ချွဲ ပျော်စေတဲ့ ဆေး၊
အဲ့ဒါတွေ သောက်တန်သောက် ရှူတန် ရှူ
လုပ်ဖို့ လိုအပ်ပါတယ်။
သောက်ပြီး ရှူပြီး ရင်
လေပြွန် ခဏ ပြန်ကျယ် သွားတဲ့ အတွက်
ပျော်ကျ လာတဲ့ ချွဲတွေ ကို အန် ထုတ် တတ်ပါတယ်။
အဲ့ဒါ အန်ထွက်တာ ဟာ
ကောင်းတဲ့ လက္ခဏာ ပါ။
စိုးရိမ် စရာ မဟုတ်ပါဘူး။
သတိထား ကြည့်ပါ။
အဲ့လို ချွဲတွေ အန်ထွက်ပြီးတဲ့ အချိန်
ချောင်းဆိုးတာ သိသိသာသာ လျော့သွားပါလိမ့်မယ်။
လေပြွန် ကျဉ်းပြီး ပိတ်နေတဲ့ ချွဲတွေ ထွက်သွားလို့ပါ။

အဲ့လို မှ မဟုတ်ဘဲ
ချောင်းဆိုးနေရင် ကို
စိတ်မချမ်းသာဘဲ စိုးရိမ် စိတ်ပူပြီး
ချောင်းမဆိုးအောင် ထိန်းချုပ်တဲ့
ချောင်းဆိုးရပ်အောင် လုပ်တဲ့ ဆေးမျိုး တိုက်မိရင်တော့
အသက်ရှူရ ခက်တာ၊ အောက်ဆီဂျင် ကျတာ ဖြစ်နိုင်ပြီး
အသက် အန္တရာယ် ပါ ရှိနိုင်ပါတယ်။

ခု ကြားနေ သိနေကြတဲ့
ဆေးရုံရောက်သွားပြီး အသက်ဆုံးရှုံးတဲ့ထိ ဖြစ်ရတာ
ရောဂါ ရဲ့ ပြင်းထန်မှု ကြောင့် ဆိုတာထက်
အဲ့သည့် နောက်ဆက်တွဲ ပြဿနာကြောင့် ဖြစ်နိုင်ပါတယ်။

ဒါကြောင့်
မှန်ကန် သင့်လျော်တဲ့
ကုသမှု နဲ့ စီမံမှု ရရင်
Bronchitis ဆိုတဲ့ လေပြွန်ရောင်တာ
အုတ်အော်သောင်းနင်း
စိုးရိမ်စရာ တစ်ခုတော့ မဟုတ်ပါဘူး။

တစ်ယောက်ဆီကနေ တစ်ယောက်
အလွယ်တကူ အလျင်အမြန် ကူးစက်နိုင်တာ ဖြစ်လို့
လူအများ ကြား နေထိုင် သွားလာရတဲ့ ကိစ္စတွေ
တစ်ပတ် နှစ်ပတ် လောက် ရှောင်နိုင် ရင်တော့ ကောင်းပါမယ်။

အဓိက သတိပေးချင်တာ
ချောင်းဆိုးနေလို့ ဆိုပြီး
ကြုံရာ ရရာ ချောင်းဆိုးပျောက်ဆေး တွေ
အလွယ်တကူ မတိုက်မိဖို့ပါ။
အထူးသဖြင့်
ခုလို လေပြွန်ရောင် လေပြွန်ပိတ် တဲ့
အခြေအနေမျိုး မှာ
ဆေးပုလင်းပေါ် မှာ၊ ဆေးကဒ်ပေါ် မှာ
"Dextromethorphan" ဆိုတာ ပါရင်
(လုံးဝ) မတိုက်သင့် မသောက်သင့် ပါဘူး။ ။

(Bronchitis လေပြွန်ရောင်တာ ရဲ့ နောက်ဆက်တွဲ အဖြစ်
အဆုတ်ရောင်တာ အဆုတ်ခဲတာ ဖြစ်လာ နိုင်ပေမယ့်
Bronchiolitis ဆိုတဲ့ လေပြွန်မွှာလေးတွေ ရောင်တာ နဲ့တော့
မတူ ပါဘူး။
Bronchiolitis ဆိုတဲ့ လေပြွန်မွှာလေးတွေ ရောင်တာ က
အသက် နှစ်နှစ် အောက် ကလေးတွေ မှာပဲ ဖြစ်လေ့ ရှိပြီး
အသင် တစ်နှစ် အောက် မှာပဲ အဖြစ်များပါတယ်။
အသက် ၆ လ အောက်မှာတော့
အသက် အန္တရာယ် ရှိတဲ့ အထိ ပြင်းထန်တတ်ပါတယ်။
သိ နားလည်မှု ရောထွေးနေမှာ စိုးလို့ပါ။)

မေတ္တာဖြင့်
ဒေါက်တာ ခန့်ဝင်း

Graphic Credit: study.com

Photos from Stylish Baby's post 30/06/2023

💚💚💚💚

26/06/2023

၈နှစ်အရွယ် ကလေးက သူအမေကို မေးတယ်
(Bill) ဘေလ် ဆိုတာ ဘာလည်းအမေတဲ့

အမေက ရှင်းပြတယ်....

သားလေး ဘေလ် bill ဆိုတာ အမေတို့ ပစ္စည်းတခုခု ဝယ်တာပဲဖြစ်ဖြစ် တယောက်ယောက်ကို အလုပ်ခိုင်းတာပဲ ဖြစ်ဖြစ် တခြားခြားသောအရာတွေ စသဖြစ်ပေါ့ အဲ့အရာတွေအတွက် ပိုက်ဆံပေးချေရတာကို ဘေလ် bill လို့ခေါ်တယ်ကွဲ့

ကလေးက အမေရဲ့ စကားကို သဘောပေါက်သွား တယ်.. ည အိပ်ယာဝင်ချိန် အမေရဲ့ခေါင်းအုံးအောက်မှာ သားကစာရွက်တစ်ရွက် ထားလိုက်တယ် အဲ့စာရွက်မှာ တနေကုန်ရဲ့ စာရင်းရေးထားတာဖြစ်တယ်

စျေးဝယ်ခိုင်းတဲ့အတွက် 500 ကျပ်

အမေနဲ့အတူအိမ်သန့်ရှင်းရေးလုပ်ခ 500 ကျပ်

အမေ့ကိုညောင်းညာလို့နှိပ်ပေးခ 1000 ကျပ်

ပေါင်း 2000 ကျပ် တိတိ

မနက်ခင်း အိပ်ယာကနိုးတော့ ကလေးက
ခေါင်းအုံးအောက်မှာ 2000 ကို တွေ့တော့
အလွန် အားရကြေနပ်သွားတယ် ဒါပေမဲ့
ကလေးက နောက်ထက်စာရွက်တစ်ရွက်ကို
အကြည့်ရာက်သွားတယ် အဲ့စာရွက်မှာ ရေးထားတာက

မွေးကတည်းကနေ ယခုချိန်ထိ ကျသင့်ငွေ 0000 ကျပ်

နေမကောင်းတဲ့ချိန် တညလုံးပွေ့ချီပြီး ပူပင်နေရင်း
မိုးလင်းတဲ့ထိမအိပ်ပဲ စောင့်ကြည့်ရတဲ့ အခ..00000 ကျပ်

ကျောင်းလိုက်ပို့ခ 000 ကျပ်
အဝတ်တွေ လျှော်ဖွတ်ပေးခ 000 ကျပ်

မနက်ကနေ ညထိ ကျွေးမွေးခ 0000 ကျပ်
ကျောင်းပို့ခ 0000 ကျပ်

ပူဆာသမျှ ဝယ်ပေးခ 00000 ကျပ်

စုစုပေါင်း 0000000 ကျပ် ကျသင့်ပါတယ်
ဒါဟာမွေးကတည်းကနေ ယခုအချိန်ထိဘေလ် bill ဖြစ်တယ်

ကလေးရဲ့မျက်လုံးက မျက်ရည်တွေကျလာတယ်
ချက်ချင်း အမေ ခြေထောက်ကို ကိုင်လိုက်တယ်
ငိုလျှက် အမေကိုပြောတယ်

အမေရဲ့ ဘေလ်မှာ တန်ဘိုးရေးမထားဘူးနော်
အဲ့ဘေလ် bill ကို ကျနော့တသက် ဆပ်လို့
ကုန်မှာ မဟုတ်ဘူး သားကို ခွင့်လွှတ်ပါ အမေ

အမေ ကလည်း သားလေးကို ပြုံးလျှက်
ပွေ့ချီလိုက်ရင်း ပြောလိုက်တယ်

မိဘရဲ့ဘေလ်က သားသမီးတွေတွက်
အမြဲတမ်း 000000 (zero Kyats) ဇီးရိုးကျပ်ပါပဲ

22/06/2023

ချိုချိုစို့နေတဲ့ ကလေးကို ကြည့်ရင်း

ခြေထောက်ကလေးကို နမ်းလိုက် 👣
လက်ကလေးကိုနမ်းလိုက်နဲ့ 🖐🖐
ကြည်နူးနေတတ်​သော ​မေမေ

ဒီကလေးလေး ကြီးထွားပါစေ
ဥာဏ်ကောင်းပါစေ
သန်မာပါစေ
ရောဂါကာကွယ်နိုင်ပါစေ ဆိုတဲ့
စိတ်ဆန္ဒ ဆုတောင်းလေးတွေနဲ့အတူ 💖

နို့စို့နေတဲ့အချိန် အမေမျက်နှာကို ကြည့်နေတတ်တဲ့ မျက်လုံးဝိုင်းကလေးနဲ့ ချစ်စရာမျက်နှာလေးဟာ

မေမေတွေရဲ့တသက်လုံးအတွက်
အမှတ်တရဖြစ်စေတဲ့ memory တစ်ခုပါပဲနော်

ေမေ

Photo credit ပါရှင်

21/06/2023

သားသမီးကိုငရဲပေးတဲ့ မိဘဆိုတာတကယ်ရှိပါသလား

ရှိပါတယ် . .

၁။`အပြစ်တင်လွန်းတဲ့မိဘ

ဘာလုပ်လုပ်အပြစ်တင်နေတတ်တာ . .
တစ်နည်းဆိုရရင် လောဘကြီးမိကြတာပါ...
အသုံးမကျဘူးဆိုတဲ့ ဘောင်ထဲသွတ်သွင်းတာ
သားသမီးက တကယ်အသုံးမကျ တာ
ဖြစ်ချင်ဖြစ်မယ်
ဒါပေမဲ့အသုံးမကျတာ
ကိုပဲ ဖောက်မြင်နေတတ်တာ . . .
ဒါကိုကြားရဖန်များလာတဲ့အခါ ဒေါသကမိဘကိုပြန်ခံပြောတတ်ဖို့ စတင်လာတယ်...

၂။`ဘက်လိုက်တာ

သားသမီးချင်း အတူတူ
ငါ့သမီးလေး ငါ့သားလေး
ဘက်လိုက်ဆက်ဆံတတ်တာ...
ဘက်လိုက်တတ်တဲ့
မိဘတွေရဲ့ သားသမီးတွေဟာ
မ စည်းလုံးကြတာများတယ်
မိဘကသွေးခွဲထားလို့ပါ
"နင်ကညံ့တယ် နင်ကတော်တယ်"ဆိုပြီး ကွာလတီခွဲလိုက်တဲ့ ကုန်ပစ္စည်းတွေဟာ
ဘယ်တော့မှစျေးနှုန်းညှိ မရကြတော့ဘူး...
ဘက်လိုက်မှုက မလေးစားမှုကို အစပျိုးပါတယ်
အချင်းချင်း မနာလိုစိတ်ကနေ အမုန်းတရားပွားများလာတယ်
ကလေးဘဝကတည်းက အရိုးစွဲတဲ့
အမုန်းတရားက
ဘယ်တော့မှဖျောက် မရတော့ဘူး.
မိဘတွေသာ မရှိကြတော့ရင် ဒီမောင်နှမတွေဟာပက်သက်စရာလုံးဝကို မရှိတော့တဲ့လူတွေဖြစ်နေကြပါလိမ့်မယ်..

၃ ။`ဆဲဆိုလွန်းတာ

နေ့စဉ်အဆဲခံရတဲ့လူဟာ မခံချင်စိတ်ကြောင့်ဒေါသများမယ် ပြန်ပြောမိရင်တော့ မိဘကို ခံပြောသလိုဖြစ်တယ်
ငရဲကြီးမယ် ဒုက္ခရောက်မှအေးမယ်
ခွေးဖြစ်မှာဆိုတဲ့ ကျိန်စာဆန်ဆန်
စကားတွေဟာ အရမ်းဆိုးပါတယ်
ကောင်းကောင်းမွန်မွန်ပြောပြီးခိုင်းလို့ရနိူင်ပေမဲ့ဆဲဆိုပြီးမှ လုပ်ခိုင်းမယ်
ထင်တဲ့အတွေးနဲ့ခိုင်းတာဟာ ဆိုးဝါးလွန်းပါတယ်

၄ ။`သားသမီးအိမ်ထောင်ရေးကိုစွက်ဖက်တာ

"နင့် ယောက်ကျားကဘယ်လို "
"နင်ယူထားတဲ့ မိန်းမကဘယ်လို "ဆိုတာမျိုး
မပြောသင့်ပါဘူး
သားသမီးရဲ့ ရွေးချယ်မှုကိုလဲလေးစားရပါမယ်
သူတောင် သူ့ဘဝကိုသူနေတတ်လို့နေနေတာပါ
သားသမီးက
သူ့အိမ်ထောင်နဲ့ပက်သက်ပြီးကူညီပါလို့
မပြောမချင်း ဝင်ပါစရာမလိုတာပါ..
ငါ့သမီးမှန်တယ် ငါ့သားမှန်တယ် ဆိုတဲ့ အယူအဆဟာမှားပါတယ်.
ကိုယ့်သားသမီးအကြောင်းသိတယ်ဆိုတာ ကလေးဘဝမှာပဲဖြစ်ပါလိမ့်မယ်...
ကလေးဘဝမှာသာ မိဘနဲ့တစ်နေကုန်ရှိနေလို့သူတို့
အကျင့်လေးတွေသိနေကြရတာ...
သူတို့်အရွယ်ရောက်တဲ့အခါ မိဘနဲ့နေချိန်နည်းလေ မိဘကသားသမီးစိတ်ကို မသိရလေဆိုတာကို သတိထားသင့်ပါတယ်...

သားသမီးဆိုတာ မိဘကိုအစစအရာရာ ပွစိပွစိပြောရမယ့်အရွယ်ဟာ အသက်လေးငါးဆယ်နှစ်အရွယ်မှာပဲရှိတယ်...
ဒါကိုကလေးလိုပဲ အကုန်သိချင်
အကုန်ဖြေရှင်းပေးချင်တယ် ဆိုရင်တော့
တကယ်ဖြစ်လာရင်တောင် မိဘကိုမတိုင်ပင်
ကြတော့တာများပါတယ်...
" ငါပြောသားပဲ"
ဆိုတဲ့စကားနောက်ကအပြစ်တင်မှုတွေဟာ
ပြဿနာကိုဖြေရှင်းဖို့ ဝေးကွာစေတာ သားသမီးတွေကရိပ်စားမိကြပါတယ်...

သားသမီးအကြောင်း တကယ်သာသိရင်
ဒါမျိုးမလုပ်သင့်တာကို သိကိုသိထားရမယ်...

၅ ။`သားသမီးကိုပြောဆိုဆက်ဆံပုံမှားတာ

အချို့ မိဘတွေရှိပါတယ် ။ ပြင်ပမှာတော့လူငယ်လူကြီးမရွေးကို အရမ်းအလေးထား
ဆက်ဆံတတ်ပါတယ် ။
ပြောရရင် လူတွေအပေါ်လေးစားမှုရှိတာပေါ့ ။
သားသမီးကိုကျ အဲ့လိုမလုပ်နိုင်ကြပါဘူး ။
သားသမီးဆိုတာ ငယ်နိုင်လိုဖြစ်နေတော့
စိတ်အလိုမကျတိုင်းသားသမီးကို နှိမ်နေတတ်တာမျိုးပါ...။
စေတနာစကားပေမဲ့ အပြောမတတ်ရင်နားခါးတာလူ့သဘာဝပါ...အပြင်ပန်းကမှတ် မထားချင်ရင်နေမယ်
စိတ်ခံစားချက်ကတော့ မိဘကငါပြောတိုင်း
မကောင်းမြင်တယ်ဆိုပြီး ဒေါသကြီးနေတတ်တဲ့
သားသမီးတွေရှိလာရတာပါ...

စိတ်ဆိုတာအမြဲကြည်လင် မနေပါဘူး
အမြဲနားပူအောင် နေ့စဉ် ဆုံးမစကားဆို မနေမိပါစေနဲ့...
သူနေ့စဉ်လုပ်တာတွေမှတ်ထားပြီး တစ်ပတ်တစ်ခါ တစ်လတစ်ခါလောက်သာ စားပွဲဝိုင်းမှာအေးအေးဆေးဆေးပဲ ဆုံးမစကားတစ်ခွန်းချင်းပြော သင့်ပါတယ်
တစ်ပတ်တစ်ခါမို့ ဆုံးမရတာ စိတ်လဲရှည်တယ် သားသမီးအနေနဲ့လဲမိဘက အချက်ကျကျပြောတော့ ငြင်းရခက်တယ်. ။
သူ့အမှားကိုဆင်ခြင်နိုင်တယ် ။
"ဒေါသပါတဲ့ ဆုံးမစကားဟာ
ပြောင်းပြန်အကျိုးသက်ရောက်ပါတယ် . . ."
ဘာလို့လဲဆိုတော့ သားသမီးဆိုတာလူသားမို့
ဒေါသထွက်ရင်အရွဲ့တိုက်တတ်လို့ပါ...

အဆင်မပြေမှုတွေကို သူတို့လည်း မလိုလားကြပါဘူး
ဒါပေမဲ့ ငြင်းဆန် မရရင်တော့ မိဘနဲ့ထိပ်တိုက်ရင်ဆိုင်ခြင်းထက် အဝေးကို ပြေးသွားလိုက်တာ အကုသိုလ်အနည်းဆုံး အဆင်ပြေဆုံးလို့ထင်မြင်ယူဆလာကြပါတယ်...

မိဘနဲ့အဆင်မပြေတဲ့ သားသမီးဟာ သူ့ဖာသာ တစ်ယောက်ထဲနေရတဲ့အခါမှာလည်း အဆင်ပြေဖို့ ဆိုတာ မလွယ်ကူပါဘူး

အဆင်ပြေပြေ မပြေပြေ မိဘမသိပါစေနဲ့
အဆင်ပြေတယ်ပဲပြောလိုက်ပါ ။

တွေးပူနေတတ်တဲ့ မိဘကိုလည်းစိတ် မပင်ပန်းစေသလို အကုသိုလ်လဲနည်းစေပါတယ်

တတ်နိုင်ရင် အဝေးကနေထောက်ပံ့ခြင်းကို လုပ်လို့ရပါတယ်...

အနီးမှာပဲနေမယ်ဆိုလည်းမိဘနဲ့ အဆင်ပြေအောင်နည်းလမ်းရှာပြီး စိတ်လျော့ကြပါ

မိဘဆိုတာ အဖိုးတန်ပါတယ်
ဒါပေမဲ့ သားသမီးဆိုတာလဲ လူသားမို့သူလဲသူ့တန်ဖိုးနဲ့သူရှိတယ်ဆိုတာ မိဘများအထူးသတိချပ်မိကြရင်
မိဘနဲ့သားသမီးများ ဆက်ဆံရေးဟာလည်း
ပိုအဆင်ပြေကြမှာပါ...။

Credit:Original uploader.

Photos from Stylish Baby's post 20/06/2023

fri ထဲ အသိတေထဲ အဲလို စမတ်ကျနေတဲ့ ပုတုမလေးတေ ရှိရင် mention လိုက်ဦးနော် 😄

Photos from Stylish Baby's post 19/06/2023

ဘောစိ 😁😁😁

18/06/2023

They see their parents clearly for the first time! 🥺️💕
ရင်ထဲမှာ တစ်ခုခု ခံစားသွားရတာတော့ အမှန်ပဲ 🥺🥺

17/06/2023

အမေ ခဏခဏ ချက်ကြွေးဖြစ်တဲ့ အကြုက်ဆုံး ဟင်းတစ်ခွက်က ဘာလဲ??

16/06/2023

ဟား ဟား ဟား 😂😂😘

15/06/2023

So cute 🥰🥰

15/06/2023

ခေးမေ လိုင်းသုံးရတဲ့ အချိန်ဆိုတာ 👇😁😁😁

07/06/2023

😁😁😁

တကယ်လို့သင့်မိန်းမအရမ်းဝပြီးပုံပျက်နေပီ
သူတပါးမိန်းမတွေတောင်လန်းနေတာ
ငါ့မိန်းမပုံတုံးဂွမ်းစိန် ဖြစ်နေပြီဆိုပြီး
စိတ်ပျက်နေရင် သူလှဖို့သင့်မှာတာဝန်ရှိလာပါပြီ

မိန်းမ
ခေါင်းအစခြေအဆုံးစျးနှုန်းသင့်တင့်ပြီးအသားရေကောင်းမယ့်skin careလေးတစ်ဆက်ဝယ်သုံးစမ်းရော့ပိုက်ဆံကုန်ကျငွေအနဲဆုံးစျေးပျမ်းမျှ ၃သိန်း

ပုံတုံးတုံးမဖြစ်ဖို့ ဂါဝန် စကပ် ဘောင်းဘီ တီရှပ် လန်းလန်းလေးတွေဝယ်ဖို့ shopping ထွက်စမ်းရော့ပိုက်ဆံ
ကုန်ကျငွေပျမ်းမျှ ၂သိန်း

ဘုရားသွားကျောင်းတတ် လူရှေ့သူရှေ့ယဉ်ယဉ်လေးဖြစ်ဖို့ မြန်မာဝတ်စုံလှလှလေးချုပ်ထားစမ်းရော့ပိုက်ဆံ
ကုန်ကျငွေပျမ်းးမျှ ၂သိန်း

ဝိတ်ချဖို့ အသားရေကောင်းဖို့
ကော်လဂျင်ပါတဲ့ဆေးတွေဝယ်သောက်မှရမှာပေါ့
အဆီချဆေးတခုခုသောက်စမ်းရော့ပိုက်ဆံ
ကုန်ကျငွေပျမ်းမျှ ၁သိန်း

ကိုယ်လုံးလေးလှဖို့အဆီတွေကျဖို့
AS Wt Bra panties တဆက်ဝယ်ဝတ်လေ သူများတွေဘာတွေဝယ်လဲစုံစမ်း ရော့ပိုက်ဆံ
ကုန်ကျငွေပျမ်းးမျှ ၁သိန်းခွဲ

မင်းသမီးလေးတွေလို sexy ကျကျလှဖို့ Trainer
ကောင်းကောင်းရှိတဲ့ gym မှာအပ်
Gymသွားဖို့တနေ့၂နာရီကိုယ်ပိုင်အချိန်ပေးမယ်
အပျင်းမကြီးနဲ့ ရော့ပိုက်ဆံ
ကုန်ကျငွေပျမ်းမျှ ၁သိန်း

ဒါလောက်ဆို တော်တော်အဆင်ပြေပါပီ
ဒါပေမယ့်လူတစ်ယောက်ရဲ့ဒုတိယမျက်နှာကဆံပင်ဖြစ်တဲ့အတွက် ဆံပင် လက်သည်း ခြေသည်း အတွက် beauty sloon ကိုသွားအုံး အားလုံးပြင်ခဲ့ရော့ပိုက်ဆံ
ကုန်ကျငွေပျမ်းမျှ ၂သိန်း

ရေလည်းသွားကူးအုံး စိတ်ပျိုကိုယ်နုအောင်ကမ်းခြေလည်းတနှစ်တခေါက်လိုက်ပို့ပေးမယ်
အကောင်းဆုံးဟော်တယ်မှာတည်း အကောင်းဆုံးဆိုတာပဲစားငွေအတွက်မပူနဲ့ ရော့atm ကဒ်ထဲမှာအပြည့်ပဲ

မိန်းမစိတ်ချမ်းချမ်းသာသာနေစိတ်ညစ်ရင်မျက်နှာမှာဖုတွေထွက်မယ့် ယောင်္ကျား LVတလုံးဝယ်ပြီးအိတ်ထဲပိုက်ဆံ ၁၀သိန်းထည့်ပေးထားတယ်
ကားအနက်ကြီးတစီးလည်းဝယ်ပေးထားတယ်
အိမ်အကူခေါ်ထားတယ်မင်းဘာမှလုပ်စရာမလိုဘူး
ငါမခိုင်းဘဲဘာအလုပ်မှမလုပ်နဲ့ နုနုယွယွ
လှလှလေးနေ ရော့အိမ်စရိတ်
ကုန်ကျငွေပျမ်းမျှသိန်း ၂၀

ကဲမင်းကို ၃လပဲအချိန်ပေးမယ်
သင်ဇာဝင့်ကျော်လို အိချောပိုလို
နုယွလှပကြွရွလှပတဲ့မိန်းကလေးတယောက်အဖြစ် ဟပ်ချလောင်းပြောင်းလဲအောင်လုပ် မပြောင်းရင်မင်းနဲ့ငါနဲ့အတွေ့ပဲလို့ပြောပါ

ဒီခေတ်မှာ မလှတဲ့မိန်းမဆိုတာမရှိပါဘူး
မပြင်မဆင်နိုင်လို့မလှသေးတာပဲရှိတာပါ

ဒါ့ကြောင့်သင့်မိန်းမ မလှဘူးလို့ယူဆရင် သင်ဒါတွေလုပ်ပေးလိုက်ပါ တကယ်တော့

သင့်မိန်းမ မလှသေးတာ #သင်ညံ့နေသေးလို့ပါ
Crd

25/05/2023

အဖြစ်က 😅

Videos (show all)

They see their parents clearly for the first time! 🥺️💕 ရင်ထဲမှာ တစ်ခုခု ခံစားသွားရတာတော့ အမှန်ပဲ 🥺🥺
So cute 🥰🥰
Little Mermaid 😍😍😍
၂ယောက်ဖြစ်နေတဲ့ ရုပ်လေးက သနားစရာ 😆 မျက်လုံးလေးက အသက် အကုန်သိတဲ့ပုံ 😂 သူ့ကလေးလေးရိုက်မှာ စိုးလို့ ဖက်ထားတာလေးက တကယ်ဟတ်ထိတ...
ဘယ်လိုများသင်ထားတာလဲနော် 😍😍
ကလေးလေးတွေ အကြိုက် အလွယ်လုပ်နည်းလေးတေပါ 🥰
လွယ်လွယ်လေးမလို့ အိမ်က အသဲတုန်လေးတေကို လုပ်ပေးလိုက်တော့နော်မေမေတို့
ဘယ်သူပိုပင်ပန်းလဲပြော........😁#credit
လန့်သွားတဲ့ရုပ်လေး ရယ်ရလွန်းလို့ 😂😂😂😂

Website