ပေါင်းစည်းလမ်း - Paungsielan

ပေါင်းစည်းလမ်း - Paungsielan

Building Capacity for Sustainable Reintegration and Democratic Leadership

PaungSieLan (ပေါင်းစည်းလမ်း) is a program by People’s Goal (ပြည်သူ့ပန်းတိုင်) that aims to envision a comprehensive rehabilitation and reintegration program benefiting communities in the long run.

26/05/2024

“မြန်မာစစ်တပ်အတွင်းက လူသားများ”
Humans Inside Myanmar Military | အနုပညာ တင်ဆက်မှုများ ဖိတ်ခေါ်ခြင်း

မြန်မာစစ်တပ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် ခွဲခြားဖိနှိပ်မှုအတွေ့အကြုံများ အား ထင်ဟပ်သရုပ်ဖော်ထားသည့် အနုပညာတင်ဆက်မှု (ကဗျာ/ဆောင်းပါး/ပန်းချီ/ ကာတွန်း/သီချင်း/ဗီဒီယို) တွင် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ပါသည်။

၂၀၂၁ နွေဦးတော်လှန်ရေးတွင် ပြည်သူ့ရင်ခွင်ခိုလှုံ၍ ပြည်သူနှင့်အတူ ရပ်တည်ခဲ့ကြသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့၀င်များနှင့် ၄င်းတို့၏ မိသားစု၀င်များ ကိုယ်တိုင်ရေးသား ထုတ်ဖော် ပြောဆိုသော မြန်မာစစ်တပ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် ခွဲခြားဖိနှိပ်မှုအတွေ့အကြုံများ အား အများပြည်သူသို့ ထုတ်ပြန်အသိပေးရန်အတွက် “မြန်မာစစ်တပ်အတွင်းက လူသားများ” အနုပညာတင်ဆက်မှု အစီအစဥ်အား ပြည်သူ့ပန်းတိုင်မှ ကမကထပြု လုပ်ဆောင်ခြင်းဖြစ်ပါသည်။

အစီအစဥ်တွင် မိမိကြိုက်နှစ်သက်ရာ ဆောင်းပါး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ သီချင်း၊ ဗီဒီယို စသည့် အနုပညာဖန်တီးသရုပ်ဖော်မှုများဖြင့် ပါဝင်ယှဉ်ပြိုင် ပေးပို့နိုင်ပြီး မေလ (၂၆) မှ ဇွန်လ (၂၅) အထိ တလကြာ ဖိတ်ခေါ် သွားမည်ဖြစ်သည်။

အောက်ပါအချက်များနှင့် ကိုက်ညီသူများ ပါ၀င်နိုင်ပြီး အရွေးချယ်ခံရသည့် artwork များအား ဇူလိုင်လ ပထမပတ်အတွင်း ပြန်လည်အကြောင်းကြားသွားမည် ဖြစ်ပါသည်။ ရွေးချယ်ခံရသည့် artworks (၁၀) ခု အတွက် စာပေအနုပညာကြေးများ ပေးအပ်သွားမည်ဖြစ်ပြီး ၄င်း သရုပ်‌ဖော်တင်ဆက်မှုများအား မြန်မာ့နွေဦးတော်လှန်ရေးနှင့် တသားတည်းရပ်တည်နေကြသည့် ကမ္ဘာ့ပြည်သူများထံ ပြည်သူ့ပန်းတိုင်က မျှဝေသွားမည်ဖြစ်ပါသည်။

၁။ အနုပညာသရုပ်ဖော်မှုများသည် မြန်မာစစ်တပ်အတွင်းတွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များအပေါ် အခြေခံသည့် တင်ဆက်မှု၊ ဖော်ပြမှု ဖြစ်ရမည်။
၂။ ရေးသားပေးပို့သူသည် ၂၀၂၁ စစ်အာဏာသိမ်းမှုနောက် ပြည်သူ့ရင်ခွင်ခိုလှုံလာသော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့၀င်များနှင့် ၎င်းတို့၏ မိသားစု၀င်များ ဖြစ်ရမည်။
၃။ မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံပေါ် အခြေခံသည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု ဖြစ်ရမည်။
၄။ မည်သည့် အဖွဲ့အစည်းတွင်မှ ပေးပို့ထားခြင်း မလုပ်ရသေးသည့် ကိုယ်ပိုင်လက်ရာများဖြစ်ရမည်။
၅။ ပြည်သူ့ပန်းတိုင် အယ်ဒီတာအဖွဲ့၏ မူများနှင့်အညီ ဆုံးဖြတ်သည့် ရလဒ်များအား လေးစားလိုက်နာနိုင်သူဖြစ်ရမည်။
၆။ ရွေးချယ်ခံရသည့် artworks (၁၀) ခုအား ပြည်သူ့ပန်းတိုင်အဖွဲ့၏ လူမူကွန်ရက်စာမျက်နှာများတွင် အများပြည်သူသို့ တင်ဆက်သွားမည်ဖြစ်သည်။
၇။ အနုပညာလက်ရာများသည် ပေးပို့လာသူများ၏ မူပိုင်ဖြစ်ပြီး ပြည်သူ့ပန်းတိုင်အနေဖြင့် အခြား platform များတွင် တင်ဆက်မှုများ ပြုလုပ်လိုပါက တိုင်ပင်ညှိနှိုင်းသွားမည် ဖြစ်သည်။
၈။ စာမူအနုပညာများအား အီးမေးလ် [email protected] သို့ Subject Line တွင် “Art Submission: (မိမိ ၏ တင်ဆက်မှု လက်ရာ အမည်) ကို ပူးတွဲ ရေးသား ပေးပို့ရမည် (သို့) Telegram https://t.me/PeopleGoal သို့ ပေးပို့နိုင်ပါသည်။
၉။ ပေးပို့ယှဉ်ပြိုင်သူ၏ CDM Code၊ ဆက်သွယ်ရန် ဖုံးနံပါတ်၊ Signal၊ Telegram၊ Viber များ ပူးတွဲပေးပို့ပါရန် နှင့် CDM Code မရရှိသေးပါက မိမိအား ထောက်ခံနိုင်သည့် CDM Code ရှိသူတစ်ဦး၏ ဆက်သွယ်ရန် နံပါတ်ပါ၀င်ရပါမည်။
၁၀။ နောက်ဆုံးပေးပို့ရမည့် ရက်မှာ ဇွန်လ (၂၅) ရက်နေ့ ဖြစ်ပါသည်။

အသေးစိတ် သိရှိလိုပါက -
ပြည်သူ့ပန်းတိုင် page Messenger ၊ Telegram https://t.me/PeopleGoal နှင့် Viber (+66 94 652 9985) တို့မှ တဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။



#ပြည်သူ့ပန်းတိုင်

07/05/2024

“ပေါင်းစည်းလမ်း Fellowship ပုံရိပ်များ"

ရေရှည်တည်တံ့သောခိုင်မြဲသော ပြန်လည်ပေါင်းစည်းမှုနှင့် ဒီမိုကရေစီနည်းကျ ခေါင်းဆောင်မှုအတွက် စွမ်းရည်များတည်ဆောက်ပေးရန် ရည်ရွယ်ချက်တို့ဖြင့် ပြည်သူ့ပန်းတိုင်မှ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ "ပေါင်းစည်းလမ်း Fellowship အစီအစဉ်" ကို ၂၀၂၄၊ ဧပြီလ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပါသည်။

Fellowship အစီအစဉ် ဧပြီလ ဆွေးနွေးမှုများအနေဖြင့် လူ့အခွင့်အရေးစံနှုန်းများဆိုင်ရာ အယူအဆများ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးစနစ်များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အကြောင်းအရာများ၊ ဂျန်ဒါတန်းတူညီမျှမှု၊ တန်းတူညီမျှမှု နှင့် တရားမျှတမှုဆိုင်ရာ ဖွင့်ဆိုချက်များ၊ လူနည်းစုအခွင့်အရေး နှင့် စုံလင်ကွဲပြားသည့် လူ့အဖွဲ့အစည်းအတွင်း ဒီမိုကရေစီအရည်အသွေးများ စတဲ့ ဘာသာရပ်များအား သက်ဆိုင်ရာနယ်ပယ်အလိုက် ပညာရှင်များ၊ လူအခွင့်အရေး လှုပ်ရှားသူများ၊ CDM ကထိကဆရာများ မှ လာရောက် ဆွေးနွေးပို့ချပေးခဲ့ပါသည်။

ထို့အပြင် သင်တန်းသားများအတွက် သင်ထောက်ကူပစ္စည်းများနှင့် အခြေခံအသုံးစရိတ်ထောက်ပံ့မှုများကိုလည်း ဧပြီလအတွင်း ပေးအပ်ခဲ့ပါသည်။

ပေါင်းစည်းလမ်း Fellowship တွင် CDM စစ်သား/ရဲသားများနှင့် ၄င်းတို့၏ မိသားစု၀င်များ၊ ကရင်အမျိုးသားအစည်းအရုံး(KNU) မှ လူငယ်ခေါင်းဆောင်များ စုစုပေါင်း (၂၇) ဦး ပါဝင်တက်ရောက်လျက် ရှိပါသည်။

#ပေါင်းစည်းလမ်း
#ပြည်သူ့ပန်းတိုင်

07/04/2024

“ပေါင်းစည်းလမ်း Fellowship အစီအစဉ် စတင်ခြင်း”

ရေရှည်တည်တံ့သောခိုင်မြဲသော ပြန်လည်ပေါင်းစည်းမှုနှင့် ဒီမိုကရေစီနည်းကျ ခေါင်းဆောင်မှုအတွက် စွမ်းရည်များတည်ဆောက်ပေးရန် ရည်ရွယ်ချက်တို့ဖြင့် ပြည်သူ့ပန်းတိုင်မှ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ "ပေါင်းစည်းလမ်း Fellowship အစီအစဉ်" ကို ၂၀၂၄၊ ဧပြီလ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။

ယခု Fellowship မိတ်သဟာရအစီအစဉ်တွင် ပြည်သူ့ပန်းတိုင်မှ လျှောက်လွှာခေါ်ယူကာ အဆင့်ဆင့် ရွေးချယ်ခဲ့‌သည့် CDM စစ်သား/ရဲသားများနှင့် ၄င်းတို့၏ မိသားစု၀င် (၂၂) ဦး နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) မှ (၅) ဦး၊ စုစုပေါင်း (၂၇) ဦး ပါဝင်တက်ရောက်နေပါတယ်။

သင်တန်းကာလအနေဖြင့် ဆွေးနွေးပို့ချခြင်း (၆) လနှင့် လက်တွေ့လေ့လာခြင်း (၃) လခန့် အချိန်ကြာမြင့်မှာဖြစ်ပြီး ရပ်ရွာအခြေပြုစည်းရုံးရေး၊ အကြမ်းမဖက် နိုင်ငံရေးအန်တုလှုပ်ရှားမှု၊ လူမှုဆက်ဆံရေး နှင့် သတင်းမီဒီယာ ချိတ်ဆက်မှု သိကောင်းစရာများ၊ လူ့အခွင့်အရေး (Human Rights)၊ ဒီမိုကရေစီ နှင့် ဖက်ဒရယ်ရေးရာ (Democracy and Federalism)၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (Transitional Justice) နှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွင်း လုံခြုံရေးကဏ္ဍဆိုင်ရာပြုပြင်ပြောင်းလဲရေး (Security Sector Reform) စတဲ့ အနာဂတ်နိုင်ငံသစ်တည်ဆောက်ရေးမှာ လိုအပ်မယ့် အတွေးအခေါ်ပိုင်းဆိုင်ရာများကို သက်ဆိုင်ရာပညာရှင် ဆရာ၊ ဆရာမများနှင့်အတူ လေ့လာသင်ယူ ဆွေးနွေးဖလှယ်သွားကြမှာဖြစ်ပါတယ်။

ပေါင်းစည်းလမ်း Fellowship ဟာ CDM စစ်သား/ရဲသားများနှင့် ၄င်းတို့၏ မိသားစု၀င်များအတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ်ရေးရာ အခြေခံစံတန်ဖိုးများ မျှဝေခြင်း နှင့် ရေရှည်တည်တံ့ခိုင်မြဲသော ပေါင်းစည်းမှုအတွက် စုဝေးသင်ယူလေ့လာခြင်း အစီအစဉ်အဖြစ် ပြည်သူ့ပန်းတိုင်ရဲ့ ပထမဦးဆုံးခြေလှမ်းဖြစ်ပါတယ်။

#ပေါင်းစည်းလမ်း
#ပြည်သူ့ပန်းတိုင်

Photos from ပေါင်းစည်းလမ်း - Paungsielan's post 29/02/2024

✅ ယနေ့ နောက်ဆုံးဖြစ်ပါတယ်၊ အမြန်လျှောက်ထားလိုက်ပါ။ 🔴

"PaungSieLan - ပေါင်းစည်းလမ်း Fellowship အစီအစဉ် Fellows များ ခေါ်ယူခြင်း"

• သင်သည် ပြည်သူ့ဘက် ကူးပြောင်းခဲ့သည့် လုံခြုံရေး တပ်ရင်း/တပ်ဖွဲ့များမှ ဘက်ပြောင်းလာသူ CDM စစ်သည်/ရဲ (သို့) မိသားစု၀င် ဖြစ်ပါသလား။
• သင်သည် ဘ၀သစ်ကို စိတ်သစ် အတွေးအမြင်သစ်များဖြင့် ပြန်လည် စတင်လိုသူ ဖြစ်ပါသလား။

ပေါင်းစည်းလမ်း Fellowship အစီအစဥ်က နွေဦးတော်လှန်ရေးမှာ တက်ကြွစွာနဲ့ တတပ်တအား အားဖြည့်ပါ၀င်လိုတဲ့ CDM စစ်သည်/ရဲ/မိသားစု၀င်များအတွက် ဖြစ်ပါတယ်။ အခုပဲ လျှောက်ထားဖို့ ဖိတ်ခေါ်လိုပါတယ်။

ယခု Fellowship Program တွင် CDM စစ်သား/ရဲသားများနှင့် ၄င်းတို့၏ မိသားစု၀င်များအနေဖြင့် ရပ်ရွာအခြေပြုစည်းရုံးရေး၊ အကြမ်းမဖက် နိုင်ငံရေးအန်တုလှုပ်ရှားမှု၊ လူမူဆက်ဆံရေး နှင့် သတင်းမီဒီယာ ချိတ်ဆက်မှု သိကောင်းစရာများ၊ လူ့အခွင့်အရေး (Human Rights)၊ ဒီမိုကရေစီ နှင့် ဖက်ဒရယ်ရေးရာ (Democracy and Federalism)၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (Transitional Justice) နှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွင်း လုံခြုံရေးကဏ္ဍဆိုင်ရာဘာသာရပ်များကို အခြေခံအားဖြင့် လေ့လာသင်ယူခွင့် ရရှိပါမယ်။

ထို့အပြင် မြန်မာ့နွေဦးတော်လှန်ရေးနှင့် ခေတ်အဆက်ဆက် တိုက်ပွဲ၀င်ခဲ့ကြသည့် မြန်မာ့နိုင်ငံရေးအရွေ့များ၊ သမိုင်းကြောင်းများ နှင့် တော်လှန်ရေးရပ်တည်ချက်၊ ခံယူချက်များ၊ တန်ဖိုးများ၊ တရားမျှတမှုဆိုင်ရာ တိုက်ပွဲများ စသည့်အကြောင်းအရာများအား ဖိတ်ကြားထားသည့် ပညာရှင်များ/တက်ကြွလှုပ်ရှားသူများထံမှ လေ့လာနိုင်မည်ဖြစ်ပြီး ရှေ့ဆက်ပါ၀င်နိုင်မည့် ကွန်ရက်၊ ရဲဘော်ရဲဘက် မိတ်ဆွေအသစ်များ၊ အဖွဲ့အစည်း အချိတ်အဆက်များစွာကိုလည်း အတူတကွ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ယခု ဖော်ပြပါ link အား နှိပ်၍ အသေးစိတ်အစီအစဉ်ကို ဖတ်ရှုပြီး လျှောက်ထားနိုင်ပါတယ် --> https://t.ly/NRiAz
ပုံမှာပါတဲ့ QR ကို Scan ဖတ်ပြီးလည်း လျှောက်ထားနိုင်ပါတယ်။

မှတ်ချက် - ယခု အစီအစဉ်အား February 14 ရက်နေ့မှ စတင်ကာ ပြည်သူ့ပန်းတိုင် page တွင် ကြေငြာပြီး လျှောက်လွှာ လက်ခံနေတာ ဖြစ်ပါတယ်။


#ပြည်သူ့ပန်းတိုင်

#ပေါင်းစည်းလမ်း