Akuma

Akuma

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Akuma, Musician/Band, .

16/03/2024

ချစ်သောရေ...
ချစ်ခြင်းမေတ္တာမှာ အကန့်အသတ်မရှိဘူးဆိုပေမဲ့...
သည်းခံနိုင်မှုမှာ အကန့်သတ်ရှိတယ်။
ငါ့တို့ရဲ့ နှလုံးသားဟာ ကျောက်ခဲမှမဟုတ်တာ...
ကိုယ်က လေးနက်သလောက် ပေါ့ပျက်ပျက်တွေပြန်ရတာတော့ မဟုတ်သေးဘူးလေဟာ❤️

#ညိုတင်

09/03/2024
04/03/2024

Coffee တခွက် အရမ်းခါးတယ် ။
ကြိုက်တဲ့လူက သောက်မှာပဲ ။

ခါးတယ်ဆိုတာ Coffee ရဲ့ဖြစ်တည်မှု ၊
အပြစ်မဟုတ်ဘူး ။
သောက်တဲ့လူနဲ့ အံမ၀င်နေရုံပဲ ။

လူတွေအတွက်လဲ
Same as it ... သိလား ။

ကိုယ့် Personality ချိုချို ၊ ခါးခါး
ဘယ်သူ့အတွက်မှ ပြင်ပေးစရာမလိုဘူး ။

ခါးလို့မကြိုက်ရင် မသောက်နဲ့ ။
ရတယ် ၊ အဲ့ဒီလူတွေကို လွတ်ပေးလိုက် ။

အချိန်တန်ရင် ၊
ခါးတာမှ သိပ်ကြိုက်ပါတယ်ဆိုတဲ့လူ
ထပ်ရောက်လာလိမ့်မယ် ။

အဲ့ဒီလူက Life Partner ပဲ ၊ ဒါပဲ ။

🌻🤍

28/02/2024

အမြဲတမ်း အများကြီးတော့
ချစ်ပြနေစရာမလိုပါဘူး
အားတဲ့အချိန်ခိုက်တန့်လေးမှာ
အလိုက်တသိနဲ့ဂရုစိုက်ချစ်ပေးရင် လုံလောက်ပြီ ။

28/02/2024

နေရာတကာ သိချင်ခဲ့တဲ့ကိုယ်ဟာ အခုကျတော့ ဘာလို့လဲဆိုတဲ့ မေးခွန်းတွေ မမေးဖြစ်တော့တာ အတော့ကိုကြာပြီ ။ မေးပိုင်ခွင့်တွေလဲ ရှိမနေတော့ဘူးလေ ။ နေရာတကာ အရေးပါချင်တဲ့ကိုယ်က ချောင်ထိုးခံထားခဲ့ရတာ အတော်ကြာပြီ ။ ဒါပေမယ့် လှည့်ထွက်ရဲဖို့ထိတော့ သတ္တိတွေ ရှိမနေခဲ့သေးဘူး ။

အေးသထက် အေးစက်လာတဲ့ ဆက်ဆံရေးကို တစ်နေ့နေ့ကျရင်တော့ နွေးထွေးလာမှာပါဆိုတဲ့ မျှော်လင့်ချက်လေး တဖြေးဖြေး ဝေဝါးနေတာတောင် မစွန့်လွှတ်ရက်သေးဘူး အရင်လို ပြန်ဖြစ်လာမှာပါ ပြီးတော့ အရင်လို ပြန်ချစ်လာမှာပါဆိုပြီး ယုံချင်နေတုန်းပဲ ။

ဆွဲထားလို့ကော မြဲမှာလားတဲ့... ကိုယ့်တစ်ဖက်တည်းက ချည်နေရတဲ့ ကြိုးလေးပဲလေ တစ်ဖက်က ဖြတ်ပစ်လိုက်တာနဲ့ တိကနဲ ပြတ်သွားမယ့်အမျိုးပဲဟာ ဘယ်မြဲလိမ့်မလဲ

ဒါပေမယ့် ကိုယ် ခံနိုင်ရည်ရှိတဲ့အထိ ဆက်ပြီး ရှိနေချင်တုန်းမို့ပါ ။ ရူးလိုက်တာဆိုပြီး အပြစ်တင်ရင်လဲ ခံရုံပဲပေါ့ ။

#ကျေးကို

27/02/2024

တစ်ဖက်က
လိုလိုလားလားမရှိတော့တဲ့အခါ
ရပ်တန့်ပေးလိုက်ရတဲ့ အလိုက်သိမှုတွေကလည်း
ချစ်ခြင်းမေတ္တာပါပဲ..။

Website