MAGWE FC FAN

MAGWE FC FAN

MAGWE FC နှင့်ပတ်သက်သောသတင်းများကို အချိ

16/09/2020

နိုင်ခဲ့ပါပြီ

11/09/2020

Today line up

11/09/2020

Credit

10/09/2020

ရှမ်းယူနိုက်တက် - မကွေး ပွဲအချက်အလက်များ...............................................................................

တသင်းကို ၁၂ ပွဲစီ ကစားပြီးတဲ့အချိန်မှာ
မြန်မာနေရှင်နယ်လိဂ်ဟာ
အတော်လေး အကြိတ်အနယ် ရှိလာတယ်။
ရမှတ် အနေအထားအရ
အမှတ်ပေးဇယားမှာ ၂ ပိုင်းကွဲသွားခဲ့ပြီး၊
အပေါ်အသင်း ၄ သင်းကြားမှာ
အမှတ်ကွာဟမှု ကျဉ်းမြောင်းတာနဲ့ အမျှ
ပြိုင်ဆိုင်မှုဒီရေကလည်း အမြင့်ဆုံး တက်လာတယ်။
ပထမနေရာက အသင်းနဲ့
စတုထ္တနေရာက အသင်းကြားမှာ
၄ မှတ်ပဲကွာတယ်ဆိုတဲ့ အနေအထားက
မြန်မာနေရှင်နယ်လိဂ်ရဲ့
အောင်မြင်မှုလို့တောင် ဆိုနိုင်ပါတယ်။

လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်က
အမြင့်ဆုံးခြေစွမ်းတွေနဲ့အတူ
၅ ပွဲဆက် အနိုင်ရပြီး
ချန်ပီယံလမ်းကြောင်းပေါ် ပြန်ရောက်လာတယ်။
ဒီအချိန်မှာ ရင်ဆိုင်ရမယ့်အသင်းက
ပြည်တွင်းကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့
မကွေးအသင်း ဖြစ်ပါတယ်။

ရှမ်းယူနိုက်တက် - မကွေးပွဲစဉ်ကို
၁၁ . ၉ . ၂၀၂၀ ရက်နေ့၊ မွန်းလွဲ ၃း၃၀ နာရီမှာ
ကျင်းပမှာ ဖြစ်ပြီး၊ ကွင်းကတော့
စမ်းချောင်းမြို့နယ်က ပဒုမ္မာကွင်း ဖြစ်ပါတယ်။
အဆိုပါပွဲကို MYCUJOO ကနေ
တိုက်ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ရပ်တည်မှု
……………….
၁၂ ပွဲစီ ကစားထားပြီး
လက်ရှိ ချန်ပီယံအသင်းက ရမှတ် ၂၆ မှတ်ရကာ
အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။
၈ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး ဖြစ်ပြီး၊
သွင်းဂိုး ၂၄ ဂိုး၊ ပေးဂိုး ၁၁ ဂိုး ရရှိနေပါတယ်။
မကွေးအသင်းကတော့
ရမှတ် ၇ မှတ်ရကာ အဆင့် ၉ နေရာကို
ရောက်ရှိနေပါတယ်။
၁ ပွဲပဲ အနိုင်ရပြီး၊ ၄ ပွဲသရေ၊ ၇ ပွဲရှုံးထားပါတယ်။
မြန်မာနေရှင်နယ်လိဂ်မှာ ပေးဂိုး အများဆုံး
အသင်းဖြစ်ပြီး၊ ၃၂ ဂိုးတိတိ ပေးထားရပါတယ်။

လက်ရှိရလဒ်များ
……………………………
နောက်ဆုံး ၅ ပွဲရလဒ်တွေအရ
ပြောရရင် ရှမ်းအသင်းက
၅ ပွဲစလုံး အနိုင်ရထားပြီး
Current Form အကောင်းဆုံးပါ။
နောက်ဆုံး ၅ ပွဲမှာ ရနိုင်တဲ့ အမှတ်
၁၅ မှတ်စလုံး ရာနှုံးပြည့်ရထားပြီး၊
သွင်းဂိုး ၁၄ ဂိုး၊ ပေးဂိုး ၃ ဂိုး။

မကွေးအသင်းကတော့
နောက်ဆုံး ၅ ပွဲမှာ ၁ မှတ်သာ
ရထားပြီး ၄ ပွဲရှုံးနိမ့်ထားပါတယ်။
ပေးဂိုး ၂၀၊ သွင်းဂိုး ၄ ဂိုး အနေအထားပါ။

ပြောစရာရှိတာက ပဒုမ္မာကွင်းပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့မှာ
မကွေးအသင်းဟာ အဆိုပါကွင်းမှာ
ဧရာ၀တီယူနိုက်တက် အသင်းနဲ့
အားစမ်းခဲ့ဖူးပါတယ်။
ပထမပိုင်းမှာ ဧရာ၀တီအသင်းက ၁ - ၀ ဂိုးနဲ့သာ
အနိုင်ရခဲ့တာ ဖြစ်ပြီး၊ ဒုတိယပိုင်းရောက်မှသာ
(၇၄ မိနစ်နောက်ပိုင်းမှသာ)
၄ ဂိုးထပ်သွင်းပြီး ၅ - ၀ ဂိုးနဲ့
ဧရာ၀တီ အသင်းက အနိုင်ရခဲ့တာပါ။
ပဒုမ္မာကွင်းမှာ မကွေးအသင်းက
လောလောလတ်လတ် ကစားထားဖူးပြီး၊
ရှမ်းအသင်းကတော့ ဒီနှစ်မှာ
ပဒုမ္မာကွင်းကို ပထမဆုံး ခြေချဖူးတာပါ။

ပထမအကျော့ရလဒ်
………………………………
မတ်လ ၆ ရက်နေ့မှာ ကစားခဲ့ပြီး
တဂိုးစီ သရေကျခဲ့တာဆိုပေမဲ့
ရှမ်းအသင်းက တမှတ်ရဖို့
အတော်လေး ကစားခဲ့ရပါတယ်။
ကိုဗစ် ၁၉ ကပ်ရောဂါကြောင့်
ပွဲတွေ မနားမီ နောက်ဆုံး ကစားခဲ့တဲ့
မှတ်မှတ်ရရပွဲ ဖြစ်ပါတယ်။
၂၃ မိနစ်မှာ ဝေယံထွန်းက
မကွေးအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပြီး၊
၇၄ မိနစ် ရောက်မှသာ ဇင်မင်းထွန်း ချေပဂိုးရလို့
ချန်ပီယံတွေ အမှတ်ရခဲ့တာပါ။

Credit Shan United FC

07/09/2020

Line up
အားပေးလိုက်ရအောင် မကွေး ဒုန်း ဒုန်း ဒုန်း

07/09/2020

ပွဲနေ့ပါ

03/09/2020

ပွဲပြီးရလဒ်

03/09/2020

ပွဲနေ့

31/08/2020

ပွဲပြီးရလဒ်ပါ

30/08/2020

မနက်ဖြန် ၃:၃၀ပါ
ဘယ်လိုရလဒ်တွေပဲထွက်ပေါ်နေပါစေ အားပေးကြမယ်
မကွေး ဒုန်း ဒုန်း ဒုန်း

03/05/2020

ဘောလုံးပွဲများပြန်စပါက သတင်းများကို ပြန်လည်တင်ဆက်ပေးပါမည်

29/03/2019

MNL week 6 မှာ မကွေးအသင်းကဆောက်သမ်းမြန်မာအိမ်ကွင်း
မော်လမြိုင်ကွင်းမှာယဉ်ပြိုင်ကစားမှာနော် ရုပ်သံလိုင်းကလည်းတိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း

08/04/2018

နိုင်နိုင်ကျော် ၏ တစ်လုံးတည်းသော ဂိုးဖြင့် ဇွဲကပင်အသင်းကို အနိုင်ယူကာ ရမှတ် (၃)မှတ်ရှာဖွေနိုင်ခဲ့သည့် မကွေးအသင်း

MPT Myanmar National League 2018 ပွဲစဉ် (၁၀) ပွဲစဉ်တစ်ပွဲအဖြစ် ယနေ့ ဧပြီလ ၈ရက်နေ့ ညနေပိုင်းက မကွေးအသင်းနှင့် ဇွဲကပင်အသင်းတို့
သုဝဏ္ဏဘောလုံးကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး မကွေးအသင်းမှ နိုင်နိုင်ကျော်၏ တစ်လုံးတည်းသော သွင်းဂိုးနှင့်အတူ ဇွဲကပင်အသင်းကို (၁-၀) ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။
ပထမပိုင်းတွင် မကွေးအသင်းမှ ဇွဲကပင်အသင်းဘက်သို့ဖိအားပေးတိုက်စစ်ဆင် ကစားနိုင်ခဲ့ပြီး ဇွဲကပင်အသင်းမှ တန်ပြန်တိုက်စစ်ကိုသာဦးစားပေးကစားခဲ့သည်။ ပွဲချိန် ၁၈မိနစ်တွင် မကွေးအသင်းအတွက်
အဖွင့်ဂိုးကို နိုင်နိုင်ကျော်မှ သွင်းယူပေးခဲ့သည်။ ဒုတိယပိုင်း ပွဲချိန် ၅၉မိနစ်တွင် မကွေးအသင်းကစားသမား မောင်မောင်စိုး ၂ဝါ ၁နီ ဖြင့် ထုတ်ပယ်ခံခဲ့ရပြီးနောက် ဇွဲကပင်အသင်း တစ်ဦးအသာဖြင့် မိနစ် ၃၀နီးပါ အသာစီးရခဲ့သော်လည်း
တိုက်စစ်ပိုင်းအဆုံးသတ် ညံ့ဖျင်းမှု၊ မကွေးဂိုးသမားကျော်ဇင်ဖြိုး အပိုင်အခွင့်အရေးတစ်ချို့ကို ကာကွယ်နိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် (၁-၀)ဂိုးဖြင့် မကွေးအသင်းမှ အနိုင်ရရှိခဲ့သည်။
Credit by myanmar national leauge

29/03/2018

ရတနာပုံ၊ ရန်ကုန်တို့လို အသင်းကြီးတွေကို အနိုင်ယူထားတဲ့ မကွေးအသင်းဟာ အကောင်းဆုံးခြေစွမ်းကို ပိုင်ဆိုင်ထားပါတယ်။
GFA FC အသင်းကတော့ ရှုံးပွဲဆက်နေပြီး ခံစစ်က ပေးဂိုးလဲ များနေပါတယ်။
အသင်းငယ်တွေနဲ့ တွေ့ရင် ခြေချော်တတ်တဲ့ မကွေးအသင်း မနက်ဖြန်မှာ ဒီအစဉ်အလာကို ကျော်နိုင်မလား..

MPT Myanmar National League 2018
Week - 9
===========================

GFA Vs Magwe

Date : 30.3.2018
Time : 4 : 00 PM
Venue : Thuwunna Stadium
Live On : MRTV Sports & For Sportsရတနာပုံ၊ ရန်ကုန်တို့လို အသင်းကြီးတွေကို အနိုင်ယူထားတဲ့ မကွေးအသင်းဟာ အကောင်းဆုံးခြေစွမ်းကို ပိုင်ဆိုင်ထားပါတယ်။
GFA FC အသင်းကတော့ ရှုံးပွဲဆက်နေပြီး ခံစစ်က ပေးဂိုးလဲ များနေပါတယ်။
အသင်းငယ်တွေနဲ့ တွေ့ရင် ခြေချော်တတ်တဲ့ မကွေးအသင်း မနက်ဖြန်မှာ ဒီအစဉ်အလာကို ကျော်နိုင်မလား..

MPT Myanmar National League 2018
Week - 9
===========================

GFA Vs Magwe

Date : 30.3.2018
Time : 4 : 00 PM
Venue : Thuwunna Stadium
Live On : MRTV Sports & For Sports

04/03/2018
Photos from MAGWE FC FAN's post 03/03/2018

Photo credit

02/03/2018

ဒီတစ်ပတ် ပွဲစဉ် (၈) ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးပွဲပဲ ဖြစ်ပါတယ်။ ဧရာဝတီ၊ ရတနာပုံ အစရှိတဲ့ အသင်းကြီးတွေကို အနိုင်ယူထားတဲ့ မကွေးအသင်းအနေနဲ့ ဒီရာသီမှာ ရှုံးပွဲမရှိသေးပဲ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်တဲ့ ရန်ကုန်ယူနိုက်တက်ကို ပထမဆုံးရှုံးပွဲ ကြုံတွေ့စေနိုင်မလား၊ ရန်ကုန်ကပဲ နိုင်ပွဲဆက်ပြီး မကွေးကို ဒုတိယမြောက် ရှုံးပွဲကြုံတွေ့စေမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

MPT Myanmar National League 2018
Week - 8
===========================

Magwe Vs Yangon Utd

Date : 3.3.2018
Time: 4 : 00 PM
Venue: Thuwunna Stadium
Live On: MRTV & For Sports

26/02/2018

အမှတ်ပေးဇယားထိပ်ဆုံးမှာ ပန်းပန်နေဆဲ ရန်ကုန်...နိုင်ပွဲပြန်ရှာတွေ့တဲ့ ရတနာပုံနှင့် အသင်းကြီးတွေကို တပ်လှန့်ထားသော မကွေးအက်ဖ်စီ....
------------------------------------------------------------------
ယခုတစ်ပတ်ကျင်းပခဲ့တဲ့ MPT Myanmar National League 2018 Week 7 အပြီး နိုင်ပွဲဆက်နေတဲ့ ရန်ကုန်ယူနိုက်တက်အသင်းက ဇယားထိပ်ဆုံးမှာ ဆက်လက်မင်းမူနေနိုင်ဆဲဆိုတာ တွေ့ရမှာပါ...။ ဒါ့အပြင် ရတနာပုံအက်ဖ်စီအသင်းကလည်း အိမ်ကွင်းမှာ နိုင်ပွဲပြန်ရှာတွေ့ခဲ့လို့ အမှတ်ပေးဇယား အဆင့် ၂ နေရာကို ပြန်လည်ေ်ရာက်ရှိလာခဲ့ပါတယ်။

အလားတူပဲ အသင်းကြီး ဧရာဝတီယူနိုက်တက်အသင်းကို အနိုင်ရခဲ့တဲ့ မကွေးအက်ဖ်စီအသင်းက လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းကို ကျော်ပြီး အဆင့် ၃ နေရာကို တက်လှမ်းလာနိုင်ခဲ့တာပါ။ ရှမ်းယူနိုက်တက်အသင်းက ယခုတစ်ပတ်မှာ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရလို့ ဂိုးကွာခြားချက် အနေအထားကြောင့် အဆင့် ၄ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။
အိမ်ကွင်းနှစ်ပွဲဆက် နိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဟံသာဝတီယူနိုက်တက်ကလည်း အဆင့် ၅ နေရာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်တာ တွေ့ရမှာပါ...

မြ၀တီအက်ဖ်စီ-စစ်ကိုင်းယူနိုက်တက်တို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ ပွဲစဉ်ကို မြ၀တီအသင်း၏ အိန္ဒိယတပ်မတော်အသင်းနှင့် ကစားမည့် ခြေစမ်းပွဲစဉ်များကြောင့် ၁၁-၃-၂၀၁၈ ရက်နေ့ကို ရွှေ့ဆိုင်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ယခုတစ်ပတ်ပွဲစဉ်တွေအပြီး အမှတ်ပေးဇယား ရပ်တည်မှုနှင့် ရလဒ်များကို ဖော်ပြပေးလိုက်ရပါတယ်။
Week 7, Results
Yangon United 1-0 Shan United
Rakhine United 3-0 GFA FC
Magwe FC 2-1 Ayeyawady United
Yadanarbon FC 1-0 Zwekapin United
Hantharwady United 1-0 Southern Myanmar
11-3-2018
Myawady FC - Sagaing United

24/02/2018

မကွေးနဲ့ ဧရာဝတီတို့ရဲ့ ပွဲစဉ်ကတော့ ဒုတိယပိုင်းမှာ ပိုမို အကြိတ်အနယ် ရှိခဲ့ပြီး အပြန်အလှန် သွင်းဂိုးတွေနဲ့အတူ ပွဲအပြီးမှာ မကွေးအသင်းက အနိုင်ရရှိခဲ့ပါတယ်။ မကွေးအသင်းအတွက် အောင်မြင့်ထွန်းနဲ့ စိုးလွင်လွင်တို့က နှစ်ဂိုးဆက် သွင်းယူခဲ့ပြီးနောက်မှာ ဧရာဝတီ အတွက် ကတ်ဆီယိုက ပြန်လည် ချေပခဲ့ပေမယ့်လည်း သရေတစ်မှတ် ခွဲယူဖို့ထိတော့ မလုံလောက်ခဲ့တာကြောင့် ပွဲအပြီးမှာ မကွေးကို ဧရာဝတီတို့ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။

24/02/2018

အားပေးကြရအောင် မကွေးဖန်တို့ရေ

11/02/2018

မြေလတ်သားတို့ မန္တလာမြေမှာ အောင်ပွဲခံ~ အိမ်ကွင်းရှုံးပွဲကြောင့် အမှတ်ပေးဇယားထိပ်ဆုံး နေရာက ဖယ်ပေးလိုက်ရသည့် ရတနာပုံအက်ဖ်စီ~
=======================================

MPT Myanmar National League 2018 ပွဲစဉ်(၅) ပွဲစဉ်တစ်ပွဲအဖြစ် ယနေ့ ညနေပိုင်းက မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်တွင် မကွေးအက်ဖ်စီ အသင်းက တစ်ဂိုး၊ ဂိုးမရှိဖြင့် အိမ်ရှင် ရတနာပုံအသင်းကို အနိုင်ရရှိခဲ့သည်။

မကွေးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို အချိန်ပို ၉၀+၃ မိနစ်တွင် တိုက်စစ်မှူး မောင်မောင်စိုးက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရလဒ်ကြောင့် ရတနာပုံအသင်းက အဆင့် ၃ နေရာသို့ ရောက်ရှိသွားခဲ့ပြီး မကွေးအသင်းမှာ ရတနာပုံအသင်းနှင့် အတူ ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အဆင့် ၄ နေရာတွင် ရပ်တည်လျက်ရှိသည်။

အိမ်ရှင်ရတနာပုံအသင်းမှာ ပွဲချိန်တစ်လျှောက် မကွေးအသင်းအပေါ် ဖိအားပေး ကစားနိုင်ခဲ့သော်လည်း ပွဲပြီးရန် မိနစ်ပိုင်းအလိုတွင် ခွင့်ပြုခဲ့ရသည့် ဂိုးကြောင့် ယခုနှစ်ရာသီ ပထမဆုံးရှုံးပွဲ ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

ဧည့်သည် မကွေးအသင်းမှာမူ ယခုပွဲစဉ်အပါအ၀င် သုံးပွဲဆက် နိုင်ပွဲ ရရှိကာ ၎င်းတို့၏ ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

04/02/2018

စောင့်ကြည့်ချင်စရာ ဖြစ်လာတဲ့ မကွေး~အကောင်းဆုံးပုံစံ ပြသပြီး ဟံသာဝတီကို ဂိုးပြတ် အနိုင်ယူ
----------------------------------------------------------------

MPT Myanmar National Legaue 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၄ ရဲ့ ပွဲစဉ်တစ်ပွဲ အဖြစ် ဒီကနေ့ ညနေ ၄း၀၀ နာရီ အချိန်က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မကွေးအသင်းနဲ့ ဟံသာဝတီ ယူနိုက်တက် အသင်းတို့ရဲ့ ပွဲစဉ်မှာ မကွေးအသင်းက အဓိက တိုက်စစ်ကစားသမားတွေ ဖြစ်တဲ့ မောင်မောင်စိုး၊ အောင်မြင့်ထွန်းတို့ရဲ့ သွင်းဂိုးတွေကြောင့် ဟံသာဝတီကို ဂိုးပြတ် အနိုင်ရပြီး နှစ်ပွဲဆက် နိုင်ပွဲ ရယူသွားနိုင် ခဲ့ပါတယ်။

04/02/2018

အားပေးကြရအောင်

31/01/2018

မကွေးဘောလုံးအသင်း ပရိသတ်များအနေဖြင့် မကွေးဘောလုံးအသင်း၏ ၀တ်စုံများကို အောက်ပါ GRAND SPORT ဆိုင်တွင် ၀ယ်ယူအားပေးနိုင်ပြီဖြစ်ပါသည်။

No- 014 ,Waizayantar Road, Waizayantar Housing, Thangyangun Township, Yangon.
Tel: 09 732 34747

Photos from MAGWE FC FAN's post 31/01/2018

မကွေး FC နှင့် GRAND SPORT တို့ ၀တ်စုံစပွန်ဆာစာချုပ် ချုပ်ဆိုပြီးစီး
--------------------------------------------------------------------
မြန်မာနေရှင်နယ်လိဂ် ၂၀၁၈ ပြိုင်ပွဲဝင်နေသော မကွေး FC နှင့် ၀တ်စုံစပွန်ဆာကုမ္ပဏီဖြစ်သော GRAND SPORT တို့သည် ယနေ့နံနက်ပိုင်းက ၀တ်စုံစပွန်ဆာစာချုပ်ကို ချုပ်ဆိုပြီးစီးခဲ့သည်။

ယင်းအခမ်းအနားသို့ မကွေးဘောလုံးအသင်းမှ စီအီးအို ဦးစိုမင်းနှင့် အသင်းမန်နေဂျာ ဦးကြည်လွင်၊ အတွင်းရေးမှူး ဦးအောင်မျိုးလွင်နှင့် ကစားသမားများ တက်ရောက်ခဲ့ပြီး GRAND SPORT မှ General Manager ဦးအောင်လွင်တို့ တက်ရောက်ခဲ့ပါသည်။

GRAND SPORT အနေဖြင့် ၂၀၁၈ ခုနှစ်တွင် မကွေးဘောလုံးအသင်းမှ ကစားသမားများအတွက် ပွဲကန်ဝတ်စုံများ၊ လေ့ကျင့်ရေးဝတ်စုံများ၊ အားကစားရှပ်အကျီ င်္များနှင့် အုပ်ချုပ်/နည်းပြများအတွက် လေ့ကျင့်ရေးဝတ်စုံများ၊ အားကစားရှပ်အကျီ င်္များကို စပွန်ဆာအဖြစ် ပေးအပ်သွားမည်ဖြစ်သည်။

Credit to Magway Football Club

27/01/2018

ပထမပိုင်းမှာ တစ်ဂိုးဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တဲ့ မကွေးအသင်းဟာ ဒုတိယပိုင်းမှာ တစ်ဂိုးထပ်မံ သွင်းယူနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ အိမ်ရှင် ဆောက်သမ်းမြန်မာ အသင်းကို ၀-၂ ဂိုးနဲ့ အနိုင်ရရှိပြီး ပထမဆုံး နိုင်ပွဲကို ရယူသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

25/01/2018

အားပေးကြမယ်မလား