MPK Collection

MPK Collection

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MPK Collection, Beauty, cosmetic & personal care, .

Photos from MPK Collection's post 28/12/2021

သိထားသင့်တဲ့အချက်များ ✨

Photo - Credit

Photos from MPK Collection's post 04/12/2021

💡မရင်းနှီးရဲသရွေ့ ကိုယ်က ရပ်တန့်နေဦးမှာပါ 💡

သေးသေးလေးကနေစဖို့ ဘယ်တော့မှမရှက်ပါနဲ့
သေးသေးလေးကနေ အကြီးဆုံးဖြစ်ဖို့ကအဓိကပါ။

ကိုယ်လုပ်နေတဲ့လုပ်ငန်းက
သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေတန်ဖိုးထားပါ။

အောင်မြင်မှုဆိုတာ အလကားရတဲ့အရာမဟုတ်ပါဘူး
လမ်းကြုံလို့ ဝင်လာတယ်ဆိုတာမျိုးလဲမရှိပါဘူး
မိမိကြိုးစားမှကြိုးစားသလိုဖြစ်လာမှာပါ ။

ကိုယ့်လုပ်ငန်းကသေးငယ်သေးတယ်ဆိုပီး
ဘယ်တော့မှမရှက်ပါနဲ့ ။

အောင်မြင်မှုဟာ ကြိုးစားနေတဲ့လူတိုင်းလူတိုင်းဆီကို
တစ်နေ့တော့ရောက်လာမှာပါ။

ကျရှုံးတိုင်းလဲစိတ်မညစ်ပါနဲ့
လဲကျတိုင်းပြန်ထပါ အမှားတွေကနေသင်ခန်းစာယူပါ
ဘယ်တော့မှစိတ်ဓာတ်မကျပါနဲ့။

အရေးအကြီးဆုံးအချက်က
ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ လုပ်ငန်းကိုတန်ဖိုးထားပါ
လဲကျတိုင်းအမှားတွေကနေသင်ခန်းစာယူပါ ။

02/11/2021

ဘယ်လိုတွေ တိုးတက်လာကြောင်း😁

Photos from MPK Collection's post 15/10/2021

skin type ခွဲနည်း

⚜️Skin type ဘယ်နှမျိုးရှိပါသလဲ။ ကိုယ်က ဘယ်လိုအသားအရေ အမျိုးအစားထဲမှာ ပါသလဲ ဆိုတာ ဘယ်လိုစမ်းကြည့်ရမလဲ

⚜️Skin type က ငါးမျိုးရှိပါတယ်။
🌻Normal skin
🌻Oily skin
🌻Dry skin
🌻Combination skin နဲ့
🌻Sensitive skin တွေပဲ ဖြစ်ပါတယ်

⚜️ကိုယ့် skin type အမျိုးအစားကို စမ်းဖို့ဆိုရင် ပထမဦးစွာ မျက်နှာသစ်ပါ ။ ပြီးရင်တစ်နာရီ (သို့) မိနစ်၄၀ လောက် ဘာမှ မလိမ်းဘဲ ပစ်ထားလိုက်ပါ
ပီးရင်...........

👇🏻 ဘယ်လို skin type တွေဖြစ်မလဲ ဆိုတာကို ပုံလေးတွေနဲ့ ဖော်ပြပေးထာတယ်နော် 🤗

🌻အားလုံးပဲ ကျန်းမာလှပတယ့် skinလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ...🌻

crd

12/10/2021

ဘယ်ချိန်တွေမှာ Skincare လုပ်သင့်လဲ … ❓

ဒီနေ့မှာတော့ ညီမက Skincare တွေကို ဘယ်ချိန်တွေမှာလုပ်တာဟာပိုပြီးထိရောက်နိုင်လဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ် ။ ဥပမာ - ည ၁၀ နာရီ နောက်ပိုင်း Cream လိမ်းတာက မျက်နှာအသားရေထဲကို သေချာစိမ့်ဝင်မှုအားနည်းတယ် ။

WHY ❓

ညအိပ်ယာဝင်ခံနီး အချိန်မှာ
လိမ်းတာဖြစ်လို့ Cream က ကိုယ့်ရဲ့ မျက်နှာအသားရေထဲကို မရောက်ပဲနဲ့ ခေါင်းအုံးထဲ ရောက်သွားတော့
ခေါင်းအုံးကို Skincare သလိုဖြစ်သွားတာမျိုးပေါ့ 😀

ဒါ့အပြင် တခြားအကြောင်းအရာတစ်ခုကလဲ ရှိနေပါသေးတယ် ။ ဆိုတော့ ပို့စ်လေးကို
ဆက်ကြည့်လိုက်ရအောင် ..... ❤

🍀 မနက် ၆:၀၀ နာရီ မှ ၇:၀၀ နာရီ 🍀

ဒီအချိန်ကတော့ မနက်အိပ်ယာထလို့ အကောင်းဆုံးအချိန်လဲဖြစ်သလို ခန္ဓာကိုယ်က နှလုံးခုန်နှုန်းမှန်ပြီး
Hormones တွေ စတင်လှုန့်ဆော်ပေးတဲ့
ချိန်ပဲဖြစ်ပါတယ် ။ ဒီလိုချိန်မှာ Skin က Moisturizing လုပ်လို့ အကောင်းဆုံးအချိန်ပါပဲ …။

ဆိုလိုချင်တာကတော့ ဒီချိန်မှာ ရေမိုးချိုးပြီး ၊ Moisturizer သုံးတာက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်ပါတယ်နော် …။

🍀 မနက် ၈:၀၀ နာရီ 🍀

ဒီချိန်ကတော့ Skin ကို သန့်ရှင်းရေးလုပ်လို့အကောင်းဆုံးအချိန်ပါပဲ …. ။ ဒီလိုချိန်မှာဆို ရေခဲဝတ်လေးနဲ့ မျက်နှာအသားရေကို Cleansing လုပ်ပေးတာက အရေပြားတွင်းမှာရှိတဲ့ Dead Cells တွေကို
ဖယ်ရှားပေးနိုင်ပါတယ် ။ ခုလို Stay Home ချိန်ကတော့ အကောင်းဆုံးအချိန်ပါပဲ …. ။

🍀 မနက် ၈ နာရီ မှ ၁၂:၀၀ နာရီ 🍀

Skincare Treatments တွေ ပြုလုပ်ဖို့ အကောင်းဆုံးချိန်က ဒီချိန်လေးတွေပါ ….. ။ Organism’s Metabolism တွေက အရမ်းတွေ Active ဖြစ်နေတဲ့ချိန်မို့ ကိုယ်လုပ်လိုက်တဲ့ Skincare Treatments တွေက ပိုပြီးထိရောက်ပါတယ် ။

🍀 နေ့လည် ၁နာရီ မှ ၃ နာရီ 🍀

ဒီချိန်လေးကတော့ အသားရေရဲ့ စုပ်ယူုနိင်တဲ့ လုပ်ဆောင်ချက်တွေက Sluggish (နှေးကွေး) တာကြောင့် ဒီလိုချိန်မျိုးမှာ ဘာ Skincare မှ မသုံးတာက အကောင်းဆုံးပါပဲနော် ….. ။

🍀 ၄း၀၀ နာရီ မှ ၅း၀၀ နာရီ 🍀

ဒီချိန်မှာ ခန္ဒာကိုယ်က ပုံစံပြန်ကျလာပြီပဲ ဖြစ်ပါတယ် ။ ဒီလိုချိန်လေးတွေမှာ အားကစားတမျိုးမျိုးလိုက်စားတာ၊ ပြေးခြင်း၊ ရေကူးခြင်း၊ ချွေးထုတ်ခန်း ဝင်ခြင်း နှင့် ပြေးတာမျိုးတွေ လုပ်နိုင်ပါတယ် ။

🍀 ည ၆း၀၀ နာရီ မှ ၈း၀၀ နာရီ 🍀

မျက်နှာကို Cleansing လုပ်တာ ၊ Exfoliation လုပ်တာမျိုးတွေ၊ Masks ကပ်တာမျိုးတွေလုပ်နိုင်ပါတယ် ။ ရေနွေးလေးနှင့် ရေချိုးခြင်း၊ ရေနွေးငွေ့ နှင့် Facial Treatment ခံယူခြင်းကလဲ အဆိပ်အတောက်များကို လျော့နည်းစေပြီး ကျန်းမာစွာ အိပ်ပျော်စေနိုင်ပါတယ်။

🍀 ည ၁၀ နာရီ မှ ၁၁း၀၀ နာရီ 🍀

🍀 တကယ်လို့ ည၁၀နာရီ မတိုင်ခင်ထိ Interference တွေကို လက်မခံတော့ပါဘူး။ ဒါကြောင့် ဒီချိန်မှာ Cream ကိုလိမ်းဖြစ်သွားတာဆိုရင် အရေပြားက မစုပ်ယူုနိင်တော့တဲ့ အတွက် မနက်ကျရင် ရောင်ရမ်းနေပါလိမ်ံမယ်နော် …… ။

ဒါကြောင့်ဒီချိန်ရောက်ရင် ဘာမှမလိမ်းပဲနဲ့ မနက်အိပ်ယာထမှ လိမ်းတာက အသားရေကို ပိုပြီးနုပျိုလန်းဆန်းစေပါတယ် 🍀

အားလုံးးပဲ ဒီအချိန်လေးတွေကအတိုင်း Skincare Care ဖြစ်ကြရဲ့လား……။ တကယ်လို့ မလုပ်ဖြစ်သေးဖူးဆိုရင် ဒီစာလေးကိုဖတ်ပြီးချိန်ကစပြီး Skncare Time လေးကိုသေချာ ဂရုစိုက်ကြရအောင်နော်



ြောင်း — at မြောက်ဒဂုံ.

12/10/2021

အသားအရေထိန်းသိမ်းနည်း

အရွယ်သုံးပါးမှာ အသားအရည်ထိန်းသိမ်းနည်း👧👵

အသက် ၂၀ ကျော်အရွယ်မှာ အသားအရည်ထိန်းသိမ်းနည်း နဲ့ အသက်၅၀အရွယ်မှာအသားအရည်ထိန်းသိမ်းနည်းကဘယ်လိုမှမတူနိုင်ပါဘူး။🤔

အရွယ်သုံးပါးလုံးလှပနေဖို့အတွက်ဆိုအသားအရည်ထိန်းသိမ်းနည်းလေးသိထားဖို့လိုပါတယ်။😀

👉အသက်၂၀ အရွယ်🙋🙋
ငယ်တုန်းရွယ်တုန်းမှာ အသားအရည်ကို ဂရုစိုက်ထားမှကြီးတဲ့အခါတော်ကာကျပါမယ်။

နေရောင်ဒဏ်ကိုကာကွယ်ပါ။☀☀
အကောင်းဆုံးကတော့ SPF 30 လောက်ပါတဲ့ sun cream လိမ်းပါ။နေရောင်ဒဏ်က မျက်နှာမှာ အရေးအကြောင်းတွေ ဖြစ်စေသလို မျက်နှာပြင်ချောမွေ့မှုကင်းစေပြီး အညိုစက်တွေထွက်စေပါတယ်။

ဝက်ခြံတွေတိုက်ထုတ်ပါ။

ဆယ်ကျော်သက်အရွယ်မဟုတ်တော့လို့ဝက်ခြံထွက်လည်း ခဏလေးနဲ့ပျောက်သွားမှာလို့ ထင်ရင် သင်မှားသွားမှာပေါ့။မျက်နှာသစ်ရင် facial cleanser လေးနဲ့သစ်ပေးပါ။ မိတ်ကပ်လိမ်းပြီးတဲ့အခါ မိတ်ကပ်ဖျက်ဆေးနဲ့ဖျက်ပါ။

ချွေးပေါက်တွေကိုသန့်ရှင်းပေးပါ။

မျက်နှာပေါင်းတင်ပြီး ချွေးပေါက်တွေကိုသန့်ရှင်းပေးပါ။သဘာဝရွှံ့စေးဒါမှမဟုတ် charcoal ပါဝင်ဝင်တဲ့ facial mask ကိုရွေးဝယ်ပါ။

👉အသက် ၃၀ နှင့် ၄၀ အရွယ်💁💁

အသက် ၃၀ မှာ ဟော်မုန်းအပြောင်းအလဲ နှင့်စိတ်ဖိစီးမှုတွေကြောင့် အရေပြား ကပုံမှန်သိပ်မဖြစ်တော့ပါဘူး။အသက် ၂၀ အရွယ်တုန်းက ဂရုမစိုက်မိခဲ့ဘူးဆိုရင် အခုဒီအရွယ်မှာ ဂရုစိုက်ပေးရမှာပါ။

အသားအရောင်ပြောင်းလာခြင်း

အသက် ၃၀ အရွယ်မှာဆို တော်တော်များများက အသားအရောင်ပြောင်းလာကြတယ်။များသောအားဖြင့်ကတော့ နေရောင်ကြောင့် ပျက်စီးသွားတာပေါ့။ဒါကြောင့်အကြံပြုချင်တာကတော့ ဗီတာမင် C တစ်နေ့တစ်လုံးသောက်ပေးပြီး ဗီတာမင်ကြွယ်ဝတဲ့ အသီးအနှံတွေစားသုံးပေးပါ။

ဟော်မုန်းကြောင့်ထွက်တဲ့ ဝက်ခြံတွေကိုတိုက်ထုတ်ပါ။

ဝက်ခြံအမာရွတ်တွေက သင် အသက် ၃၀အရွယ်မှာလည်း ရှိနေဦးမှာပါ။ဒီဝက်ခြံအမာရွတ်တွေကင်းဝေးချင်တယ်ဆိုရင်တော့ pH ဓာတ်များများပါတဲ့ toner ကိုသုံးပေးပါ။

အရေးအကြောင်းတွေကိုတားဆီးပါ။

ဗီတာမင် Aက ဆဲလ်တွေ ပျက်စီးသွားခြင်း မရှိအောင်ထိန်းထားပေးပါတယ်။ဒါကြောင့် အရေးအကြောင်းပေါ်ခြင်းနှင့် အသားအရောင်ပြောင်းလဲသွားခြင်းကို တိုက်ဖျက်ပေးမှာပါ။

အသက် ၄၀ အရွယ်မှာ တော့ ခန္ဓာကိုယ်ကျန်းမာအားပြည့်ဖို့ ဂရုစိုက်ပါ။

ရေဓာတ်ပြည့်နေပါစေ။

ဒီအသက်အရွယ်မှာ အရေပြားကအဆီဓာတ်တွေ လျော့နည်းသွားတဲ့အတွက် အသားအရည် ခြောက်သွေ့နေမှာပါ။ဒါကြောင့် ရေဓာတ်အားဖြည့်ပေးတဲ့ skin care products ကိုရွေးချယ်ဝယ်ယူပါ။

မျက်နှာအရောင်ထိုင်းမှိုင်းခြင်း
အသက် ၄၀ အရွယ်တွေမှာ ဆိုမျက်နှာဝင်းလက်မှုနည်းသွားတာသိသာလာပါပြီ။မျက်နှာဝင်းမွတ်ပြီး လှပနေဖို့အတွက် ဆို facial oilကအကောင်းဆုံးပါ။

👉အသက် ၅၀ အရွယ်နှင့် နှောင်းပိုင်း👵👵

ဒီအသက်အရွယ်မှာ အသိသာဆုံးက အရေးအကြောင်း ၊ အသားအရောင် မညီတော့တာ ၊ အရေပြားတွဲအိကျတာ နှင့် အသားအရည်ခြောက်သွေ့တာ တွေပါ။

- အရေပြားတင်းရင်းအောင်ဂရုစိုက်ပါ။

- အရေးအကြောင်းတွေကာကွယ်ပေးတဲ့beauty products တွေသုံးပါ။

- ဆဲလ်တွေပျက်စီးခြင်းမရှိရအောင်ကာကွယ်ပါ။

- အသားရည် ကျစ်လစ်အောင် လေ့ကျင့်ခန်းလုပ်ပေးပါ

ဒါဆိုရင်တော့ အရွယ် ၃ ပါးစလုံးမှာ လှပနေမှာပါ

Photos from MPK Collection's post 07/10/2021

✨✨ E'aoron Black Caviar Cream ✨✨
စက်ရုံကထပ်မထုတ်တော့တဲ့ ငါးဥ Cream လေး Limited Stock ပါနော် 😌

🤩🤩🤩 အမှန်အကန် Glow ချင်သူများအတွက်....ငါးဥ cream လေးလာပါပြီနော်🤩🤩🤩

Aussie ရဲ့ သဘာဝ High Quality Skin Care လေးကို မှကြိုက်နှစ်သက်တဲ့ customer များအတွက် မင်မင်တို့ page လေးကနေ မိတ်ဆက်ပေးမဲ့ ပစ္စည်းလေးကတော့...
အရမ်း hot ဖြစ်နေတဲ့ E'aoron က ထုတ်တဲ့ ငါးဥ Moisturising cream လေးပဲဖြစ်ပါတယ်

🌊🌊 ဒီ Caviar cream လေးက တန်ဖိုးကြီးသမုဒ္ဒရာထဲက ဆေးဖက်ဝင်ငါးဥ Black caviar extract နဲ့ အသားအရေကို အာဟာရဖြည့်တင်းပေးနိုင်တဲ့ Sea salt, Amino acid, ရွှေမှုန်နက်, ပုလဲနက် နှင့် ပင်လယ်သဘာဝတွင်းထွက်ပစ္စည်းများနဲ့ပေါင်းစပ်ထုတ်လုပ် ထားတဲ့ Cream လေးဖြစ်ပါတယ်...

🖤 Black Caviar Cream ရဲ့ အကျိုးပြုပုံ လေးတွေကတော့

✔️မျက်နှာပေါ်ရှိအမည်းစက် မှဲ့ခြောက် တင်းတိတ်တွေကို ပါးစေခြင်း
✔️ နှစ်ရှည်မျက်နှာအတွင်းမှာအောင်းနေသော အမည်းစက်တွေကိုပါလျော့နည်းစေခြင်း
✔️ ချွေးပေါက်ကျဉ်းစေခြင်း
✔️ ခြောက်သွေ့ကြမ်းတမ်းသောအသားအရေကို နူးညံ့စေပါတယ်
✔️အသားအရည် ကြည်ပြီး glow စေတယ်
✔️အဆီဖုတွေလည်းသက်သာသွားတယ်
✔️ ငါးဥ extract က Anti aging အတွက် အရမ်းကောင်းတာမို့ အသားအရေတင်းရင်းနုပျိုစေပါတယ်

👩‍🦰 အသားပတ်တဲ့သူတွေ ၊ Aircorn ခန်းထဲ အနေများတဲ့သူတွေ ဆောင်ထားသင့်တယ်နော်

🐠တစ်ချို့ဆို နှာခေါင်းတစ်ဝိုက် အရေပြားလေးတွေလန်တော့ မိတ်ကပ်လိမ်းရတာအဆင်မပြေလို့ဆိုပြီး စိတ်ညစ်စရာ မလိုဘူးနော်

🌙ညလိမ်းပြီး အိပ်လိုက် တာနဲ့ ☀️မနက်ဆို သိသိသာသာ ဖြူဝင်းပြီးလှပနေမှာပါ

👍👍 အသားခြောက်သူများ အတွက်လုံးဝအဆင်ပြေပါတယ် , အဆီပြန်အသားအရေအတွက်ဆို ညဘက်တစ်ကြိမ်လိမ်းပေးရင် တဖြေးဖြေးအဆီပြန်တာလျော့နည်းလာပြီးအသားအရေလေး ရေဓါတ်ပြည့်၀ပြီးစိုပြေလာစေတယ်

✔️ အဓိကက သူ့တမျိုးထဲလိမ်းရုံနဲ့ မိတ်ကပ်တွေဘာတွေ ဘာမှလိမ်းစရာမလိုဘဲ ဝင်းဝင်းညက်ညက်လေးနဲ့ Glow နေစေတာနော်

💖 မိတ်ကပ်လည်းလိမ်းစရာမလိုတော့ အချိန်ကုန်သက်သာတယ်လေ... Caviar cream လေးလိမ်းပြီး နှုတ်ခမ်းနီလေးဆိုးလိုက်တာနဲ့ ပြီးပြည့်စုံတဲ့ natural look လေးနဲ့ တကယ်ကို confident ရှိရှိအပြင်ထွက်လို့ရတယ်😎

😍 ဒီငါးဥ cream လေးက အနက်ရောင်လေးဆိုတော့ ချစ်တို့က မဲလို့ ၊ စိမ့်မဝင်လို့ ဆိုပြီး ပြောကြတော့ မင်မင်လိမ်းနည်းလေးပြောပြမယ်နော်

🖤🖤 မျက်နှာပေါ် မလိမ်းခင် လိုသလောက် ပမာဏကိုယူပြီး cream လေးကို လက်ဖဝါးထဲထည့်ပြီး တစ်ချက်နှစ်ချက်လောက် ငါးဥလေးတွေ ရွှေမှုန့်လေးတွေ ကြေသွားအောင် ချေပြီးမှ မျက်နှာပေါ်တဖြည်းဖြည်း စိမ့်ဝင်အောင် လိမ်းပေးရင်ရပါပြီနော်......🥰🥰
🙅🏻‍♀️ အများကြီးလိမ်းစရာမလိုဘူး။
Day ရော Night ပါ အသုံးပြုနိုင်ပြီး Cream လေးဖြစ်တာကြောင့် toner > essence> serum> lotion တွေ လိမ်းပြီး Skin Care နောက်ဆုံး အဆင့်မှာ လိမ်းပေးရပါမယ်နော်။

💰28000 ks (50ml)
✴️ Exp date 2023
Made in Australia 🇦🇺
✅ Instock ✅

☎️09403725692






#ငါးဥခရမျ
#တင်းတိပ်အမဲစက်လျော့ပါးစေပြီးအသားအရေGlowစေခြင်း
#ငယ်ရွယ်နုပျိုသောအသားအရေဖြစ်ပေါ်စေခြင်း
#ချွေးပေါက်ကျဥ်းစေပြီးနူးညံ့စိုပြေသောအသားအရေ

Website