Than Htut Myat

Than Htut Myat

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Than Htut Myat, Shopping & retail, .

Photos from မေသင်္ကြန် မိုး's post 25/06/2024
30/05/2024
30/05/2024

#ကြောက်တက်တဲ့ဦးနှောက်မှာ #အိမ်မက်တွေ မရှင်သန်ဘူး

တကယ်ကိုမရှင်သန်တာဗျ

ကျွန်တော်တို့ရဲ့အောင်မြင်မှုကို အကြီးမားဆုံး ပိတ်ဆို့တားစီးထားတဲ့အရာက ရှုံးနိမ့်မှာကို ကြောက်တဲ့စိတ်ပဲ ဖြစ်ပါတယ်။

လူအများစု အောင်မြင်မှုမရပဲ အခွင့်အလမ်းတွေနဲ့ လွဲချော်ရခြင်းရဲ့ အဓိကအားနည်းချက်ကလည်း သူတို့တွေဟာ အောင်မြင်မှုကြောင့်ရလာတဲ့ ပျော်ရွှင်ရမယ့်ခံစားချက်ထက် ရှုံးနိမ့်ပြီးကြုံတွေ့ရမယ့် နာကျင်ခြင်းခံစားချက်ကို ပိုပြီး ကြောက်နေကြလို့ပါပဲ။

ဆိုရိုးစကားတစ်ခွန်းရှိတယ်။ "လူတွေက ကောင်းကင်ဘုံတော့ ရောက်ချင်ကြတယ်။ ဒါပေမယ့်ဘယ်သူမှမသေချင်ကြဘူး'' တဲ့။

အဲဒီလိုပါပဲ လူအများစုကချမ်းသာဖို့ စိတ်ကူးယဉ်ကြပေမယ့် ဆုံးရှုံးမှာကိုတော့ သေမလောက်ကြောက်ကြတယ်။ အဲဒီအတွက်ကြောင့်ပဲ သူတို့ဟာကောင်းကင်ဘုံကို ဘယ်တော့မှ မတွေ့ကြတာပေါ့။

ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာလည်း ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ပြီးမှ အောင်မြင်ခြင်းတွေ ရောက်ရှိလာလေ့ရှိကြောင်းကို သတိထားမိတယ်။ ကျွန်တော်စက်ဘီးမစီးတတ်ခင် အချိန်ထိ အကြိမ်ကြိမ်လဲကျခဲ့ဖူးတယ်။

ဂေါက်သီးတလုံးမှ မပျောက်ဖူးပဲ ဂေါက်ရိုက်တတ်သွားတဲ့ သူမရှိသလို တစ်ခါမှ ငွေကြေးမဆုံးရှုံးဖူးပဲ ချမ်းသာသွားတဲ့ သူဌေးတွေလည်း ကျွန်တော်မတွေ့ဖူးသေးဘူး။

ကျွန်တော်တို့ဘဝမှာ အောင်မြင်မှုတွေ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ကြောက်ရွံ့မှု (Fear) တွေ ကျွန်တော်တို့ရဲ့စိတ်ခံစားချက် (Emotion) တွေကို ထိန်းချုပ်ပြီး ဘယ်အရာကိုမဆို ဦးနှောက်နဲ့ စဉ်းစားဆုံးဖြတ်ပြီး ရဲရဲရင်ဆိုင်ဖို့ အရေးကြီးပါတယ်။

ရောဘတ်ကီယိုဆာကီ
(ဆင်းရဲဖေဖေချမ်းသာဖေဖေ)

30/05/2024

တစ်နေ့မှာ (၂၄)နာရီ ရှိတာကို ဘယ်လိုဖြစ်ပြီး (၈)နာရီဖြစ်တာလဲပေါ့။
ကျွန်တော်တို့ တစ်နေ့မှာ (၂၄)နာရီ အချိန်ရပါတယ်။ အဲ့ဒီ (၂၄)နာရီမှာ ကိုယ့်အတွက် အချိန် ဘယ်လောက်လောက် ထွက်လာမလဲဆိုတာကို တွက်ကြည့်ကြရအောင်။

ကျွန်တော်တို့ လက်ရှိအလုပ်မှာ အချိန်ဘယ်လောက်ပေးနေရလဲ။ အနည်းဆုံး (၈)နာရီတော့ ပေးရပါမယ်။ ခုနက ရှိတဲ့ (၂၄)နာရီမှာ (၈)နာရီ ပေးလိုက်ရင် (၁၆)နာရီ ကျန်ပါတယ်။ ပြီးတော့ ကျွန်တော်တို့မှာ အနားယူအိပ်စက်ချိန် ရှိသေးတယ်။ လူတိုင်းမှာ အိပ်ချိန်က တူကြမှာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ average အနေနဲ့ (၈)နာရီပဲ ထားလိုက်မယ်။ အဲ့ဒါဆို (၁၆)နာရီထဲက (၈)နာရီကို ပြန်နှုတ်လိုက်တော့ (၈)နာရီ ပဲ ကျန်ပါတော့မယ်။ နောက်ဆုံးကျန်တဲ့ (၈)နာရီမှာ ကျွန်တော်တို့ ဘဝတိုးတက်ဖို့အတွက် စဉ်းစားတာ၊ စာအုပ်ဖတ်တာ၊ တစ်ခုခုကို ကြိုးစားဖို့အတွက် ခွန်အားစိုက်ထုတ်တာတွေလုပ်ဖို့အချိန်ပါ။ ဒါတွေမှာ ကျွန်တော်တို့ သွားချိန်၊ လာချိန်၊ စားချိန်၊ သောက်ချိန်တွေ ထည့်မတွက်ထားပါဘူး။

ကျွန်တော်တို့ ပြန်စဉ်းစားကြည့်မယ်ဆိုရင် ကိုယ့်ဘဝတိုးတက်ဖို့အတွက် လက်ရှိအလုပ်လုပ်နေရုံနဲ့ မပြီးသေးပါဘူး။ ကိုယ့်အတွက် စာတွေဖတ်တာမျိုး၊ တစ်ခုခုကို ကြိုးစားကြည့်တာမျိုး၊ ကိုယ်မလုပ်ဖူးတဲ့အလုပ်တစ်ခုကို စမ်းလုပ်ကြည့်တာမျိုးတွေ လုပ်ဖို့အတွက် တစ်နေ့လုံးမှ (၈)နာရီလေးပဲ ရတယ်။ အဲ့ဒီ (၈)နာရီကို ကောင်းကောင်းအသုံးချဖို့ လိုပါတယ်။

ကိုယ်ပြန်စဉ်းစားကြည့်ပါ။ အဲ့ဒီ (၈)နာရီကို ကိုယ်ဘယ်လို အသုံးချမလဲ။ ကျွန်တော်ပြောတဲ့ တစ်နေ့(၈)နာရီမှာ ဘာတွေလုပ်ရင် ကောင်းမလဲ၊ ထမင်းစားချိန်မှာ ဘာတွေ လုပ်ရင် ရနိုင်မလဲ၊ Facebook သုံးမယ်ဆိုရင်လည်း အရေးပါတဲ့စာတွေ ဖတ်လို့ ရတယ်၊ ရေချိုးနေတဲ့အချိန်မှာလည်း ဘာလုပ်လို့ ရမလဲ၊ ရုံးအသွားအပြန် ကားပေါ်မှာ ဘယ်လိုအလုပ်ကို တွဲလုပ်လို့ရမလဲ။ အများကြီးစဉ်းစားလို့ရပါတယ်။

(၈)နာရီကိုကောင်းကောင်းအသုံးချနိုင်မယ်ဆိုရင် ကျွန်တော်တို့ဘဝတွေ ပြောင်းလဲမှုနဲ့အတူ တိုးတတ်လာပါလိမ့်မယ်။

04/01/2024
Photos from Than Htut Myat's post 03/01/2024
Photos from Than Htut Myat's post 03/01/2024

``Transform Plus 5Tဖြင့် လယ်တောပန်းအလှကို ရှာဖွေ တွေ့ရှိခြင်း´´

Telephone

Website