ArrPu's Life in America
A Burmese Guy’s Life California 🇺🇸🦅
Admin နေမကောင်းလို့
အခန်းတွေဘက်မလှည့်ဖြစ်ဘူးဗျာ
USA Knowledge လေးတွေ
Repost လုပ်ပေးသွားပါ့မယ်။🙏🏻
ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် အမြဲဖြစ်မနေပါဘူး။ သက်တမ်းကုန်ဆုံးရက် ဆိုတာ ရှိပါတယ်။ ဒါကြောင့် ပျော်စရာနဲ့တွေ့လည်း အပျော်မလွန်နဲ့။ ဘယ်အရာမှ မတည်မြဲဘူး။ ဒုက္ခနဲ့တွေ့လည်း အရှုံးမပေးနဲ့။ အဲဒီဒုက္ခကလည်း တည်မြဲနေမှာ မဟုတ်ဘူး။
Everything is temporary လို့ တွေးပြီး ဘဝကို ရင်ဆိုင်တာ အကောင်းဆုံးပါပဲ။
၈.၅.၂၀၂၄
အပြုအမူတစ်ခုကို အလေ့အကျင့်အဖြစ်တည်ဆောက်ထားရင် အလိုအလျောက်လုပ်စေပြီး ဦးနှောက်အလုပ်လုပ်ရတာ သက်သာစေတယ်လို့ဆိုတယ်။
ဒီနှစ်ထဲမှာ ကိုယ်တည်ဆောက်နေတဲ့ အလေ့အကျင့်သစ်တစ်ခုဆို ဘာဖြစ်မလဲ။
“DV ပေါက်တဲ့သူတွေ အတွက် အခြေချသင့်တဲ့ State တွေ”
DV ပေါက်တဲ့သူတွေ Congratulations 🎈 ပါနော်။ DV ပေါက်ပြီးရင် ဘာဆက်လုပ်သင့်လဲ ပြောပြပေးထားတဲ့ Video လေးရှိသလို DS-260 ဖြည့်နည်းလဲ ရှိပါတယ်။ လေ့လာပြင်ဆင်လို့ရပါတယ်။
DV ပေါက်ပြီး ဘာဆက်လုပ်ရမလဲ?
🔗 Steps to Follow, After Winning the DV Lottery
https://youtu.be/Kzy9hbZc12o
DS -260 တင်နည်း
🔗https://youtu.be/fAy6GYP9SxI
🔗https://youtu.be/-62t8vWaxnM
DV ပေါက်တဲ့သူတွေ နေသင့်တဲ့ State တွေကတော့
▪️California: US တွင်နေထိုင်သော ရွှေ့ပြောင်းအခြေချသူဦးရေ အများဆုံးဖြင့် ကယ်လီဖိုးနီးယားသည် သင့်အိပ်မက်အတွက် အကောင်းဆုံးပြည်နယ်များထဲမှ တစ်ခုဖြစ်သည်။
ငွေကြေးအကူအညီ ရနိုင်ခြင်း၊ ယာဉ်မောင်းလိုင်စင်နှင့် ကျောင်း တွေပေါပြီး စျေးလဲသက်သာလို့ California သည် အကောင်းဆုံးဖြစ်သည်ဟု ဆိုရခြင်းဖြစ်ပါသည်။ အလုပ်နဲ့ ပတ်သက်ရင် စိတ်ပူစရာ မလိုပါဘူး California မှာ အခွင့်အလမ်းတွေ အများကြီး စောင့်နေတယ်။
▪️New York: အခွင့်အလမ်းများစွာရှိသောကြောင့် ရွှေ့ပြောင်းနေထိုင်ရန် အကောင်းဆုံးနေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။ ထို့ကြောင့် နယူးယောက်ကို စဉ်းစားခြင်းသည် သင့်အတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်နိုင်သည်။
▪️ Montgomery Country, Maryland အလုပ်အကိုင်များနှင့် စီးပွားရေးသည် သင့်အား အဆွဲဆောင်နိုင်ဆုံးဖြစ်ပါက၊ Montgomery Maryland ကို ထည့်သွင်းစဉ်းစားပါ။ ရွှေ့ပြောင်းနေထိုင်သူပင်ဖြစ်သော်ငြား အလုပ်ရှာရန်မှာ အလွန်လွယ်ကူပါသည်။ အခုမှ စပြောင်းရွှေ့နေထိုင်မယ့် immigrant တယောက်အတွက် အကျိုးကျေးဇူးရှိနိုင်မှာ ဖြစ်ပါတယ်။
▪️Washington State: immigrant တယောက်အတွက် အခွင့်အလမ်းများစွာရှိသောကြောင့် ထည့်သွင်းစဉ်းစားသင့်ပါတယ်။
▪️ Texas: ပူတဲ့ ရာသီဥတု၊ နေထိုင်စရိတ်သက်သာတာ၊ စီးပွါးရေးကောင်းမွန်တာတွေ ကြောင့် Texas ကိုလဲ ရွေးခြယ်ကြပါတယ်။
New Hampshire, Wyoming, Virginia, North Carolina, Rhode Island and Wisconsin တွေကလဲ ကျန်းမာရေး စောင့်ရှောက်မှုကောင်းပြီး ရာဇဝတ်မှု နဲပါးခြင်း၊ အိမ်စျေးသက်သာခြင်း၊ လစာကောင်းမွန်ခြင်းကြောင့် immigration law experts တွေက နေသင့်တယ်လို့ recommend ပေးထားကြပါတယ်။
US ကို တဘဝစာအတွက် ရွှေ့ပြောင်းနေထိုင်ရန် စီစဉ်နေသူ ဖြစ်ပါက ဤပြည်နယ် တွေကို ရွေးချယ်ခြင်းသည် မှန်ကန်သော ရွေးခြယ်မှု ဖြစ်သည်။
immigrate to the United States အကြောင်း နားထောင်ကြည့်လို့ရပါတယ်။
🔗https://www.youtube.com/playlist...
DV2025 အဖြေထွက်မယ့်ရက်က May 4th 2024 မြန်မာပြည်အနေနဲ့ဆိုရင် May 5th ဖြစ်ပါတယ်။
DV ထိုးထားသူတွေအတွက် Winner ဖြစ်မဖြစ်က ကြားမှာ ၁၂ ရက်လောက်သာလိုပါတော့တယ်။
ထိုးထားသူတွေအားလုံး ရင်ခုန်စိတ်လှုပ်ရှားနေကြမယ်လို့ထင်ပါတယ်။
ဒါကြောင့်အရေးတကြီးတခုမှာချင်တာက
ပေါက်ရင် Passport မရှိသူတွေ Passport အရင်ဆုံးလုပ်ရပါမယ်။
Passport ရှိမှ DS260 Form ဖြည့်လို့ရမှာပါ။
အားလုံး DV ပေါက်ကြပါစေ။
နေတတ်ရမယ်
အခက်အခဲတွေရှိမယ်။
အဆင်မပြေတာတွေရှိမယ်။
ထိခိုက်နာကျင်နေတာတွေရှိမယ်။
ဝမ်းနည်းမျက်ရည်ကျရတဲ့ အချိန်တွေရှိမယ်။
စိတ်ဖိစီးမှုများလွန်းတဲ့အချိန်တွေ ရှိမယ်။
အင်း ဒါပေမယ့် မင်း နေတတ်ရမယ်။
နေတတ်အောင်နေပါ။
ပြောင်းလဲလို့မရတဲ့ အခြေအနေတွေနဲ့
မင်းထိပ်တိုက်တိုးတဲ့အခါ
မင်းမှာရွေးချယ်စရာနှစ်ခုရှိမယ်။
တစ်က မင်းစိတ်ပျက်ညည်းညူနေမှာလား။
နှစ်က အခြေအနေမကောင်းပေမယ့်လည်း မင်းပကတိစိတ်လေးကို ကောင်းအောင် ဆက်ထိန်းထားမှာလား။
မင်းမှတ်ထားဖို့က ပျော်ရွှင်ခြင်း၊မပျော်ရွှင်ခြင်း
ဆိုတာက မင်းရွေးချယ်မှုတွေပေါ်မှာပဲ
မူတည်တယ်ဆိုတာကိုပါပဲ ။
တခြားအရာတွေထက်
မင်းကိုယ်မင်း ဦးစားပေးရမယ်။
ကျန်းမာရေးဂရုစိုက်ရမယ်။
နေမကောင်းတဲ့အခါ ဆေးသောက်မပျင်းရဘူး။
သဘာဝအလှတရားတွေကို မင်းခံစားတတ်ရမယ်။
မင်းကိုယ်မင်း ပိုချစ်ရမယ်။
မင်းကိုယ်မင်း မထိခိုက်အောင်ဂရုစိုက်ရမယ် ။
အတိတ်ကအဖြစ်အပျက်တွေကို ပစ္စုပ္ပန်ထဲ
ထည့်မသိမ်းထားသင့်တော့ဘူး။
မင်းကို နာကျင်စေတဲ့အရာဖြစ်နေရင်
မင်းနာကျင်လည်းပဲ လွှတ်ချတတ်ရမယ်။
မင်းကိုယ်မင်း တန်ဖိုးထားရမယ်။
မင်းမှာ အနာဂတ်လှလှလေး ရှိနေရမယ်။
ရည်မှန်းချက်တွေ ရှိနေရမယ်။
လူတွေရဲ့စကားသံတွေ၊ပတ်ဝန်းကျင်ရဲ့
ရိုက်ခတ်မှုတွေကြား မင်းအရှုံးမပေးသွားရဘူး။
မင်းကိုယ်မင်း ယုံကြည်မှုရှိရမယ်။
မင်းကိုယ်မင်း လေးစားတတ်ရမယ်။
မင်းလိုချင်တဲ့ဘဝကို မင်းကိုယ်တိုင် ဖန်တီးနိုင်ရမယ်။
အရေးမပါတာတွေ အရာမပေးဘဲ ဖြစ်သင့်တာတွေ
မဖြစ်သင့်တာတွေ၊ဖြစ်ချင်တာတွေ၊မဖြစ်ချင်တာတွေကြားမှာ မင်းအနေအထားကို ချိန်ဆတတ်ရမယ်။
မင်းကိုယ်မင်း သန်မာနေစေရမယ်။
အချစ်တစ်ခုအတွက်နဲ့ ကိုယ့်စိတ်ကိုယ်
အချိန်အကြာကြီး မနာကျင်စေသင့်တော့ဘူး။
မလိုလို့ လွှတ်ချခဲ့တဲ့ လက်တစ်စုံအတွက်
အသနားခံမနေသင့်တော့ဘူး။
မင်းအတွက်မင်း ရှိနေရမယ်။
မင်းကိုယ်မင်း တည်ငြိမ်အောင်ထားရမယ်။
စကားလုံးတွေကြောင့် စိတ်ခံစားမှုအတက်အကျ ပြင်းထန်နေတာမျိုး မဖြစ်စေသင့်တော့ဘူး။
မင်းနှလုံးသားရဲ့စကားသံကိုပဲ နားစွင့်သင့်ပြီ။
မင်းကိုယ်မင်း ချစ်တတ်ရမယ်။
မင်းကိုယ်မင်း တန်ဖိုးထားတတ်ရမယ်။
မင်းကိုယ်မင်း တည်ဆောက်တတ်ရမယ်။
မင်းဟာ အရာရာကို စွမ်းဆောင်နိုင်ဖို့
မင်း စိတ်ပျော်ရွှင်မှုတွေ ဆုပ်ကိုင်ထားနိုင်ဖို့
ဘယ်လိုခက်ခဲတဲ့အခြေအနေမျိုးတွေပဲ ခံစားရပါစေ။
ဘာပဲဖြစ်ဖြစ် မင်းဟာ နေတတ်ရမယ်။
နေတတ်အောင်လည်းကြိုးစားပါ။
Spring Creek, San Jose Apartments.
2 Bed 2 Bathroom.
မိသားစုတွေ အတွက်နေဖို့ အရမ်းအဆင်ပြေပါတယ်။
San Jose, Cupertino , De Anza, City College.
Original Price $3300
Discount Price $3200
▪️1100 Square Feet
▪️$3200 (8/9 Month Lease)
▪️Semi-Furnished.
▪️Private Laundry Room
▪️Pool, Sauna, whirlpool bath
🙏🏻Rented Out 🙏🏻
San Jose, Santa Calara Koreatown အနီးမှာ
အခန်းသန့်သန့်လေး တခန်းရှိပါမယ်။
ရပ်ကွက်သန့် Safe Neighborhood
အိမ်ရှင်တွေကတော့ Taiwanese ပါ။
သဘောကောင်းပါတယ်။
$850 + Deposit $850.
Semi Furnished Room.
Another Roommate တစ်ယောက်နဲ့
Shared Bathroom ပါ။
အနီးမှာ Safeway ရှိမယ်
Central Park ရှိမယ်
Bus Stop တွေရှိပါမယ်။
Broker Fees $100.
Dm for More information.
ဒီရက်ပိုင်း USD 🔄 MMK ငွေလှဲတာ
အရမ်း အလိမ်တွေ ပေါနေပါတယ်။
ရာနဲ့ချီပြီးပါနေကြပါတယ် ဂရုစိုက်ကြပါ 🙏🏻