SaMee

SaMee

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SaMee, Health/Beauty, .

05/05/2024
03/05/2024
03/05/2024

ကိုယ့်အပေါ် မေတ္တာ အစစ်အမှန် ပေးတဲ့သူကို မပြစ်မှားပါနဲ့ ❤️🧡💛💚🩵💙💜🤎🖤🩶🤍

မေတ္တာတရားဆိုတဲ့ စကားလုံးလေးဟာ
အင်မတန်မှ ကြားလို့ကောင်းတယ်
နာလို့ကောင်းတယ် ခံယူလို့ကောင်းတယ်
သိမ်မွေ့တယ် နူးညံ့တယ်လို့ ခံစားရတယ်
ဒါပေမဲ့
အင်မတန် ထက်မြက်တဲ့ ဓားတစ်ချောင်း
မိုးကြိုးတစ်စင်း လိုလည်းဖြစ်နေတတ်တယ်။

စစ်စစ် မေတ္တာ တရားလို့ ရွတ်ဆိုလိုက်လျှင်
သူနောက်မှာ စေတနာပါတယ်
စေတနာနဲ့ ကပ်လျှင် မှဂရုဏာတရား ပါတယ်
ဂရုဏာ ဆိုတဲ့သဘောတရားနောက်မှာ
သနားကြင်နာမှု တွေကျန်သေးတယ်
ဒါနဲ့ တင်မပြီးသေးဘူး
ကိုယ်အတွက် ခွန်အားတချို့ကိုပါ ဖြစ်တည်စေတယ်။

ဒါကြောင့်
ရှေ့ပညာရှိတွေက ပြောကြတယ်
မေတ္တာ မစူး စေနဲ့ တဲ့
မေတ္တာတရား ကိုနားမလည်တဲ့သူ
တန်ဖိုးမထားတဲ့ သူတွေဟာ ဝဋ် လည်တဲ့အပြင်
မေတ္တာတရားစူး ရှ တဲ့ဒါဏ်ကိုပါ ခံစားရတတ်တယ်။

လောကမှာ တစ်ချို့ သောလူတွေ
မေတ္တာတရား နားမလည်ကြဘူး
သူတို့ အတ္တတွေအတွက်
ကိုယ်ချင်းစာတရား နည်းပါးကြတယ်
သူတို့ မာနအတွက်
တစ်ဖက်လူရဲ့ ခံစားချက်ကို မစာနာတတ်ကြဘူး
အဲ့ဒီလို လူတွေဟာ မေတ္တာစူးတတ်တယ်။

ဒါကြောင့် ကိုယ့်အပေါ်ကို
မေတ္တာ တရားထားပေးတဲ့သူ
ဝေမျှပေးတဲ့ သူတွေကို
မနာကျင်စေနဲ့၊မထိခိုက်စေနဲ့
မလိုချင်ရင်တောင် ၊မစော်ကားမိစေနဲ့
ဝမ်းနည်းမှုတွေကိုပြန်မပေးမိစေနဲ့။

အဲဒီလူတွေမရှိတော့တဲ့အချိန်ကာလ တစ်ခုမှ
ကိုယ်ပြုသမျှတွေကဝဋ်ကျွေး ပြန်လိုက်တတ်တဲ့အပြင်
မေတ္တာတွေက ပြန်လည်ပြီး စူးတတ်တယ်။

ဘဝမှာ ကိုယ့်အပေါ်ကောင်းတဲ့ သူတွေကို
ထိခိုက်ကြေကွဲ ဝမ်းနည်းစေခြင်းဟာ
ကိုယ့်အတွက်ပြန်လည်ပြီး ပေးဆပ်ရမယ်
ဝဋ်ကျွေး ကံကြမ္မာတစ်ခုကို မိမိအတ္တအတွက်နဲ့
ရယူလိုက်ခြင်းပဲလို့သတိပြုကြရမယ်။

ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

18/04/2024

#အခက်အခဲ အကျပ်အတည်းကြုံရင်

မိမိတို့ရဲ့ အလုပ်အကိုင် စီးပွားရေး၊
ငွေကြေး ၊မေတ္တာရေးနဲ့ပက်သက်ပြီး အခက်အခဲတွေ ကြုံတွေ့နေရင်........
အမှုအခင်းတွေရင်ဆိုင်နေရရင်
မတရားသဖြင့် အထင်လွဲစွပ်စွဲခံနေရရင်
စိတ်ထွက်ပေါက် ပိတ်နေခဲ့ရင်
ကြုံတွေ့နေရတဲ့အကြပ်အတည်း အခက်အခဲ ဒုက္ခတစ်ခုခု
ကို ကိုယ့်အစွမ်းအစနဲ့မဖြေရှင်းနိုင်တော့
ဘူးဆိုရင်......

ရေခွက်တစ်ခွက်ကိုင်ပြီး မြေကြီးပေါ်ကိုလောင်းချပါ။

အမွှေးတိုင်တစ်တိုင်ထွန်းရင်း
ဝသုန္ဒြေဤမြေပံသုသီလာထုလည်း
သက်သေအမှုတည်ပါစေ။

ကျွန်တော်...../ ကျွန်မ...... ပြုလုပ်ခဲ့ဘူးသော ကုသိုလ်
ကောင်းမှု အစုစုတို့ရှိခဲ့ဖူးပါသည်..
(ဘယ်တုန်းက ဘယ်မှာ ဘာတွေလှူဖူးပါ
သည် ။
ဤမှန်သောသစ္စာစကားတို့ကို ရေစက်ချ
အမျှပေးဝေပါသည်)

ဤကောင်းမှုကံကြောင့် ယခုကာလကျွန်တော် /
ကျွန်မကြုံတွေ့နေရသော (........)
အခက်အခဲမှ အမြန်ဆုံးလွတ်မြောက်အောင်
စောင့်ရှောက်ကူညီပါစေသတည်း..လို့ဆုတောင်းလိုက်ပါ။

ဝသုန္ဒြေနတ်သမီးကကိုယ့်ဘက်က
စရိတ်ငြိမ်းသက်သေလိုက်ပြီးဖြေရှင်းပေးပါလိမ့်မယ်

အမွှေးနံ့သာအနံ့ဆိုတာ ပျောက်ဆုံးပျက်စီးသွားတာမဟုတ်ဘူးနော်..စင်္ကြာဝဠာတိုက်တစ်သောင်းတိုင်အောင် သင်းပျံ့ဝဲပျံသွားတာ.............

အဲဒီတော့ နာမည်ဂုဏ်သတင်းကြီးချင်သူတွေ....
ကိုယ့်ကို အတင်းအဖျင်းသွားပုပ်လေ
လွှင့်အပြောခံနေရတဲ့သူတွေ....အတိုက်အခံ
ကင်းကင်းနဲ့ အကာအကွယ်ရလိုသူတွေဆိုရင်
အမွှေးတိုင်လှူပြီးမြတ်စွာဘုရားရှင်ကိုပူဇော်ဆုတောင်းရတယ်။

အတင်းအဖျင်းတွေကိုယ့်ဆီမလာတောဘဲ.....မကောင်းတဲ့
ဓာတ်တွေဟာ လေထဲမှာတင် လွင့်ပျယ်သွားစေတာပေါ့....လို့အဘမင်းသိင်္ခနဲ့ဆရာကြီး
မင်းသုခတို့တွေ့ဆုံခဲ့စဉ်ကလမ်းညွှန်ပေးခဲ့ပါသတဲ့......

မေတ္တာဖြင့်ပြန်လည်မျှဝေသည်။

Credit

Website