Building In Energy Efficiency Myanmar

Building In Energy Efficiency Myanmar

Water Proofing Materials and Solutions Provider in Myanmar

15/11/2023

ကျမ မှာ နည်းပညာ တခု၊ ကုန်ပစ္စည်း တခု ရှိတယ် ဆိုပါစို့..

လူ ၂ ယောက် ကို ကျမ ဒီ နည်းပညာ နဲ့ ပတ်သက်ပြီး
သိသင့်တာတွေ ၊ ဘယ်လို အသုံးဝင်ပုံတွေ ၊ ဘယ်လို ရောင်းရမလဲ ၊ ဘယ်သူ့ကို ရောင်းရမလဲ ဆိုတာတွေ အသေးစိတ် သင်ပေးလိုက်တယ် ထားပါတော့ ....

သူတို့ ၂ ယောက် ရဲ့ results က ဘယ်လိုမှ တူမှာမဟုတ်ဘူး။

ဘာလို့လဲ ဆိုတော့ လူတယောက် နဲ့ တယောက် ကိုယ်ရည်ကိုယ်သွေး ၊ တွေးခေါ်ပုံ ၊ စိတ်ဓာတ် ၊ခံယူချက် နဲ့ လုပ်နိုင်စွမ်းခြင်း ကွာခြားလို့ပဲ။

အပေါ်က ပြောတဲ့ အရည်အသွေးတွေက လူတိုင်း တကယ်လိုချင်စိတ်သာ ရှိရင် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကြိုးစားလို့ရပါတယ်။

အဲ့လိုဖြစ်ဖို့က ကိုယ့်ကိုကိုယ် တကယ် သိအောင် လုပ်ရမှာ ။
တော်တော်များများက ကိုယ့်ကိုကိုယ် တကယ် မသိဘူး။
တခါမှလည်း ကိုယ့်ကိုကိုယ် မညှာမတာ မဝေဖန် မဆန်းစစ်ဖူးဘူး။

ကိုယ့်မှာ ဘာ အားသာချက်ရှိလဲ ။ ကိုယ့်အားနည်းချက်က ဘာလဲ ။ တကယ်သာ ကိုယ့်အကြောင်းကိုယ် သိအောင် လုပ်ကြည့်ပြီး နားလည်လာရင် ကိုယ့်ပတ်ဝန်းကျင် မှာရှိတဲ့ သူတွေ အကြောင်းကို သိဖို့က မခက်ခဲတော့ပါဘူး ။

လူတွေ အကြောင်းသိပြီး ၊ လူကြောနပ်လာရင် အဲ့လူတွေကို ဘယ်လိုရောင်းရမလဲ၊ ဝန်ဆောင်မှု ပေးရမလဲဆိုတာ သိလာလိမ့်မယ်။
လူတွေ ရဲ့ လိုအပ်ချက်ကို တကယ်နားလည်ပြီး ခံစားတက်လာမယ်။ သူ ဘာလိုအပ်နေလဲ ဆိုတာ သိမယ်။

တဖက်လူကို ပိုနားလည်ဖို့ က နားထောင်တက်ဖို့ နဲ့ မေးခွန်းပြန်မေးတက်ဖို့ လိုအပ်တယ်။

တကယ်တော်တဲ့ အရောင်းသမား တယောက်က တဖက်ကလူပြောတဲ့ စကားတွေကို ကျော်ပြီး ကြည့်တက်ရမယ်။

တချို့က human psychology ကို သိပ်အလေးမထားကြဘူး။ အဲ့ဒါက လူတွေနဲ့ ဆက်ဆံရတဲ့အခါမှာ
ကိုယ်သိရင် သိသလောက် ကိုယ်သုံးတက်ရင် သုံးတက် သလောက် အင်မတန် အကျိုးရှိတယ် ဆိုတာပါပဲ။......

Website