Apamada Education

Apamada Education

စာရေးသူကBE,ME&Ph.D.ကိုBangkokကရရှိထားပြီးNTU,HUT &INGOတို့မှာအလုပ်လုပ်ခဲ့ပါတယ်။အခုပိုလန်Asst.Profပါ။

03/07/2024

အီတလီနိုင်ငံVeniceမြို့ရဲ့နာမည်ကြီး Piazza San Marco။ အရမ်းကိုခမ်းနားလှပလွန်းပါတယ်။ စာဖတ်သူများတနေ့ကိုယ်တိုင်သွားကြည့်နိုင်ဖို့ဆုတောင်းပေးလိုက်ပါတယ်။

Photos from Apamada Education's post 01/07/2024

Veniceရဲ့ရှုတ်ထွေးလှပတဲ့လမ်းကျဥ်းလေးများ

01/07/2024

ပြီးခဲ့တဲ့အပတ်ကစာရေးသူအီတလီနိုင်ငံVeniceမြို့ကိုရထားနဲ့သွားလည်ခဲ့ပါတယ်။ဒီvideoကမြို့အဝင်လေးတဖြတ်။ veniceတမြို့လုံးမြောင်းတွေနဲ့အရမ်းကိုရှုပ်ထွေးလွန်းလှပါတယ်။

Photos from Apamada Education's post 01/07/2024

ဆွစ်ဇာလန်နိုင်ငံက Koreanကားcrush landing on u ရိုက်ခဲ့တဲ့ရေကန်ကြီးပါ။ ဆောင်းဦးတုန်းကစာရေးသူကားစီးသွားခဲ့ပြီးအခုတခါကတော့cruiseစီးသွားလည်ခဲ့ပါတယ်ရေကန်ထိပ်ဆုံးအထိရောက်ခဲ့ပါတယ်။ အရမ်းကိုအေးချမ်းပြီးသာယာလှပလွန်းလို့ဘဝအမောတွေပြေစေဖို့ပုံအချို့တင်ပေးလိုက်ပါတယ်။ရွာနာမည်ကBrienzကန်ကိုအစွဲပြုပေးထားတာမို့ Brienz ပါ။

Photos from Apamada Education's post 15/06/2024

ကျောင်းထဲကလာဒန်ပန်းခင်းလေးပါ။လာဒန်ဒါကအဖူးတုန်းကပိုလှတယ်သူ့အပွင့်ကတော့မြင်တဲ့အတိုင်းပါပဲ။ စာရေးသူနေတဲ့မြို့နားမှာလှပတဲ့လာဗန်ဒါခင်းတွေသိပ်မရှိဘူးဒါပေမယ့်လမ်းနဘေးတွေမှာပန်းအိုးနဲ့စိုက်ထားတာတွေတော့အများကြီးတွေ့ရတယ်။ပြီးခဲ့တဲ့အပတ်ကရုက္ခဗေဒဥယာဥ်ကအခင်းကလဲဒီနှစ်သိပ်မပွင့်။ ဒီနှစ်ရာသီဥတုကအတော်ဖောက်ပြန်တယ်အပူချိန်က 30C ကနေအခုရက်13Cပြန်ဖြစ်သွားတယ်။ ပန်းတွေပွင့်တာလဲအရမ်းစောပြီးပွင့်ဖတ်တွေကမနှစ်ကလိုလန်းဆန်းလှပမှုမရှိဘူး။ ပုံထဲကပန်းလိုပဲတခိုင်ပွင့်ရင်တဝက်ကခြောက်နေပြီ။

Photos from Apamada Education's post 14/06/2024

နောက်တပတ်သော့ကြာကစပြီးနွေရာသီရောက်ပါပြီ နွေနားနီးလို့ညနေ၉ခွဲ၁၀မှမှောင်ပါတယ်။ ဒီပုံတွေကတော့ညနေ၈နာရီခွဲမှာရောက်ထားတဲ့ပုံတွေပါ

DAAD-Scholarships 14/06/2024

စာရေးသူမာစတာတက်တုန်းကရခဲ့တဲ့စကော်လားရှစ်က DAAD scholarship. Apllication deadline က July 31 မို့လျှောက်ချင်သူများလျှောက်နိုင်အောင်linkလေးပေးလိုက်ပါတယ်။ကံကောင်းပါစေ။
DAAD Scholarships - An Overview - DAAD

DAAD-Scholarships This section contains frequently asked questions and important information on DAAD scholarship programmes.

Photos from Apamada Education's post 09/06/2024

မနေ့ကစာရေးသူတို့မြို့ရဲ့ရုက္ခဗေဒဥယာဥ်ကိုသွားရောက်လေ့လာခဲ့တယ်။ ထူးဆန်းတာတခုကတော့တပင်လုံးအရွက်တွေဖြူနေတဲ့အပင်ကြီး၂ပင်ကိုပါပဲ။ အရွက်ရဲ့အလည်မှာတော့အစိမ်းရောင်လေးတွေပါပါတယ်။ အမြင့်ကတော့မြန်မာပြည်ကကိုက္ကိုလ်ပင်ထက်မြင့်ပါတယ်။ဘဝမှာပထမဆုံးတွေ့ဖူးတဲ့အဖြူရောင်သစ်ပင်ကြီးတွေပါ။

Photos from Apamada Education's post 09/06/2024

ပြီးခဲ့တဲ့အပတ်ကကျောင်းသားတွေနှင့်အတူစွန့်ပစ်ပစ္စည်းတွေကနေဇီဝဓာတ်ငွေ့ထုတ်တဲ့စက်ရုံကိုသွားရောက်လည်ပတ်ခဲ့တုန်းကပုံတွေပါ။ အလုပ်သမားအများစုကတော့ဘိုတွေပါပဲ။စွန့်ပစ်ပစ္စည်းတွေသုံးတာမို့အနံ့အသက်ကတော့အတော်ဆိုးတဲ့စက်ရုံပါ။ ရွာလေးကတော့အတော့်ကိုလှပပါတယ်။ ပိုလန်ကတခြားဥရောပနိုင်ငံတွေနဲ့ယှဥ်ရင်အနည်းငယ်ဆင်းရဲပေမယ့်ရွာရဲ့အဆောက်အအုံတွေရဲ့လှပမှုကတော့တခြားဥရောပကရွာတွေလိုပဲ။ လမ်းခရီးတလျှောက်ရောလမ်းမှာပွင့်နေတဲ့အလေ့ကျပန်းလေးတွေရောလှပသပ်ရပ်တဲ့အိမ်လေးတွေရှိတဲ့ရွာလေးမှာနေချင်မိပါတယ်။ စာရေးသူနေတဲ့မြို့ကနေမိနစ်၄၀လောက်ပဲသွားရပါတယ်။ ပိုလန်ကတခြားဥရောပနိုင်ငံတွေထက်စားသောက်စရိတ်သက်သာတော့အဲ့လိုရွာလေးမှာတာနေရရင်ခြံထဲအပင်လေးတွေစိုက်ရေဖိုးမီးဖိုးလဲသက်သာလုံခြုံရေးလဲကောင်းမို့အတော်အဆင်ပြေမယ်။

Photos from Apamada Education's post 01/06/2024

ဒီနေ့တော့စာရေးသူနေတဲ့မြို့ရဲ့Tourist tram n bus ကိုသွားစီးခဲ့တယ်။ အရင်နှစ်ကတမြို့လုံးအနှံ့လမ်းတွေပြင်နေတော့ဒီလိုမျိုးtoursitအတွက်ရထားကားတွေမရှိဘူး။ တနေကုန်အဝစီးကို2 euroကျော်လေးပဲပေးရတယ်။ မကောင်းတဲ့အချက်ကတော့တစီးလွတ်ရင်၁နာရီကြာအောင်စောင့်ရတယ်။ ကိုယ်တွေလိုအရှေ့တိုင်းကလာသူတွေကဘတ်စကားအိုရထားအိုဟောင်းတွေမြင်ဖူးနေကျမို့သိပ်တော့မထူးဆန်ပေမယ့်သူတို့အတွက်တော့အဆန်းတကျယ်ပါပဲ။ လမ်းတလျှောက်လမ်းပေါ်ကလူတွေကဓာတ်ပုံတွေရိုက်ကြလေရဲ့။ ဒီမြို့ကရထားဘတ်စကားတွေကAirconမပါလို့နွေရာသီစီးတဲ့အခဲတခါတလေအတော်ပူပါတယ်။ လူတချို့ရဲ့ချွေးနံ့တွေလဲသည်းခံရပါတယ်။ အမှန်အတိုင်းပြောရရင်ရန်ကုန်ဘန်ကောက်စင်ကာပူနေတုန်းကကားရထားပေါ်ချွေးနံတွေဒီကလောက်တောင်မရပါဘူး။ ဥရောပဆိုပြီးသိပ်အထင်မကြီးကြပါနဲ့သူတို့ဆီမှာလဲအနံ့အသက်ဆိုးတဲ့နေရာတွေလူတွေလဲရှိပါတယ်။

30/05/2024

ဒီနေ့ဟာ ခရစ်ယာန်ဘာသာဝင်တို့ရဲ့နေထူးနေ့မြတ် Corpus christi နေ့ဖြစ်တာမို့ဥရောပနိုင်ငံအတော်များများမှာပိတ်ရက်ရပါတယ်။ အမြဲတမ်းဒီနေ့ကCorpus Christiနေ့တော့မဟုတ်ဘူးသူတို့ကအီစတာပြီးတဲ့ရက်ကနေတွတ်တာမို့တနှစ်တခါနေ့မတူကြဘူး။ ဘာတွေလုပ်လဲဆိုရင်ဒီvideoထဲကလိုစည်တမ်းလှည့်လည်ကြတယ်ရပ်ကွက်တိုင်းမှာစင်မြင့်ထားရှိပြီးဘုန်းတော်ကြီးတွေကစင်ပေါ်တက်ရွတ်ဖတ်ကြတယ်ပြီးရင်လမ်းလျှောက်လှည့်လည်နောက်ရပ်ကွက်သွားနဲ့နောက်ဆုံးဒီမြို့ရဲ့အကြီးဆုံးchurchမှာရွတ်ဖတ်ပြီးအဆုံးသတ်ကြပါတယ်။

27/05/2024

ဒီရက်ပိုင်းကျောင်းထဲမှာရောပန်းခြံထဲမှာရောပွင့်နေတဲ့ပန်းလေးကတော့ဒီအဖြူရောင်ပန်းလေးပါ။ အရှေ့တိုင်းမှာမရှိလို့ပန်းအမည်လဲမသိပါဘူးအနံ့လေးကအတော်ချိုမိန်တဲ့ရနံ့ရတယ်။

Photos from Apamada Education's post 25/05/2024

ဒီရက်ပိုင်းလျှစ်စစ်စက်ရုံကအလုပ်နဲ့ပတ်သက်ပြီးလာလာမေးကြတယ်။ ဒါလေးတွေကတော့ဒီမြို့ကလုပ်သားခေါ်တဲ့ကြေငြာစာလေးတွေပါ။ Facebookမှာတွေ့တာမို့ယုံရမယုံရကိုယ်လဲမသိပါဘူးonlineမှာလူလိမ်ဟုတ်မဟုတ်ဆိုတာစုံစမ်းဖို့ကအချိန်အများကြီးပေးရပါတယ် ဒါကြောင့်သူတို့ကုမ္ပဏီအမည်၊နေရာ၊ဖုန်းနံပါတ်အကုန်ဖျက်တင်ထားတာပါ။ အသိပေးချင်တာကတော့အဲ့လိုအလုပ်မျိုးရဲ့၁နာရီလုပ်ခကိုပါ။

Photos from Apamada Education's post 24/05/2024

ဒီနေ့စာရေးသူတို့ကျောင်းဝန်ထမ်းများနှင့်မိသားစုဝင်တို့အတွက်ကျင်းပပေးတဲ့ပျော်ပွဲစားနေ့။ ဒီရက်ပိုင်းစာရေးသူတို့သုတေသနအုပ်စုထဲကပါရဂူဘွဲ့ကျောင်းသူလေးအလုပ်အင်တာဗျူးရတော့သူ့ကိုပိုလန်မှာအလုပ်လျှောက်ရင်ဘယ်လိုလျှောက်ရလဲမေးမြန်းကြည့်လိုက်တယ်။ သူပြောတာကတော့သူတို့အလုပ်ရှာတဲ့websiteတွေကပိုလန်စကားနဲ့ပဲရေးထားပြီးEnglishလိုမရှိဘူး။ အိမ်နီးချင်းနိုင်ငံယူကရိန်းမှာစစ်ဖြစ်နေတော့ယူကရိန်းတွေကိုကူညီတဲ့အနေနဲ့တချို့websiteကတော့ယူကရိန်းလိုရေးထားတယ်လို့သိရတာပါပဲ။ အမှန်တော့ englishလိုရေးထားတဲ့အလုပ်ရှာwebsiteရရင်မြန်မာပြည်ကလူတွေကိုပေးချင်တာပါ။

Photos from Apamada Education's post 20/05/2024

ဒီနေ့တော့ပိုလန်ရောက်ပြီး၆လအထက်နေလိုပါက(visaမကုန်ခင်လျှောက်ရမယ်)မလျှောက်မနေရလျှောက်ရမယ့် Temporary residence card (TRC) ကိုပိုလန်အစိုးရရုံးရဲ့လုပ်ဆောင်ပုံလုပ်ငန်းစဥ်အဆင့်ဆင့်ကိုရေးပေးပါမယ်။ မိမိလုပ်ရမယ့်လျှောက်ပုံအဆင့်ဆင့်ကိုတော့ပြီးခဲ့တဲ့လများကရေးပေးထားပါတယ်လိုအပ်ပါကရှာဖတ်ကြည့်ပါ။ ရုံးကအဆင့်ဆင့်ဆောင်ရွက်မှာမို့မိမိကအချိန်မှန်တပတ်တခါလောက်onlineကစစ်ပေးနေရင်ရပါပြီ။ ဘယ်လိုစစ်မလဲကတော့လိုအပ်တဲ့စာရွက်စာတမ်းတွေအားလုံးရုံးကိုပေးတဲ့နေ့မှာရုံးကနေစာရွက်တရွက်ပေးလိုက်ပါမယ်။ အဲ့စာရွက်မှာလျှောက်လွှာနံပါတ်နဲ့ လျို့ဝှက်codeပါပါတယ်။ အဲ့နံပါတ်နဲ့codeကိုသုံးပြီးအဲ့ရုံးရဲ့websiteမှာစစ်ရမှာပါ။ လျှောက်လွှာတင်ပြီးရင်တပတ်အတွင်း online မှာစစ်ရင်ပထမဆုံးstatus က registration. ပြီးရင်ရက်သတ္တပတ်အနည်းငယ်အကြာမှာ သက်ဆိုင်ရာရဲကမိမိနေအိမ်ကိုလာစစ်ပါမယ်။ အဲ့အခါ2 လို့ရေးထားတဲ့ပုံအတိုင်းstatusပြောင်းပါမယ်။ ရဲစစ်ဆေးပြီးလအနည်းငယ်အကြာတွင်positive decision ရပါမယ်အဲ့ဒါဆိုလျှောက်လွှာအောင်မြင်သွားပြီမို့ကတ်ဖိုးငွေသွင်းရမယ်။ လျှောက်လွှာတင်ကတည်းကတခါထဲသွင်းလဲရပါတယ်စာရေးသူကတော့ခွဲသွင်းပါတယ်။ ငွေသွင်းပြီးပါက online status မှာ card has been ordered ပြောင်းသွားပါမယ်။ ကတ်တခါoderလုပ်တာတလနီးနီးကြာပါတယ်။ ပြီးရင်တော့ကတ်ထုတ်လို့ရပါပြီ။ ဒီအဆင့်တွေအားလုံး စာရေးသူအတွက်တော့၆လနီးနီးကြာပါတယ်။ မိမိနေတဲ့မြို့မိမိရဲ့ကံတရားပေါ်မူတည်ပြီးလဲကြာချိန်မတူပါ။ စာရေးသူနှင့်ရာထူးတူ indian တယောက်ကတော့တခြားမြို့သွားလျှောက်လိုက်တာစာရေးသူကတ်လျှောက်တာ၂ခါလုံးအောင်မြင်လဲသူယနေ့အထိမအောင်မြင်သေးပါ။ အကျိုးဆောင်နဲ့လုပ်ပါကလျှောက်လွှာစလျှောက်ချိန်ကနေကတ်ရသည်အထိ၃လမှ၄လကြာပါမယ်။တချို့အကျိုးဆောင်များက၆လ၈လကြာတတ်ပါတယ်။ အကျိုးဆောင်နှင့်လျှောက်ခက $350ကနေ$1000လောက်အထိရှိပါတယ်။ ဒီကတ်လျှောက်ထားစဥ်visaသက်တမ်းသို့TRCအဟောင်းသက်တမ်းကုန်ပါကပိုလန်နိုင်ငံတွင်းvisaမပါပဲပြန်ဝင်လို့မရပါ။ TRC ကိုvisaမကုန်ခင်လျှောက်ရမှာပါ။စာရေးသူပထမဆုံးလျှောက်တုန်းကvisaမကုန်ခင်လျှောက်တာမို့TRCလုပ်ငန်းစဥ်၆လကြာလဲ ဒီနိုင်ငံထဲဝင်နိုင်ထွက်နိုင်ပါတယ်။ TRC ရှိပြီးသူများလဲ ကတ်မကုန်ခင်၃လအလိုကစပြီးလျှောက်လို့ရပါတယ်။ ကုန်သည်အထိစောင့်စရမလိုပါ။

Photos from Apamada Education's post 18/05/2024

ဒီနေ့တော့စာရေးသူနေတဲ့မြို့ရဲ့အကြီးဆုံးကုန်စိမ်းစျေးကိုသွားရောက်ကြည့်ရှုခဲ့ပါတယ်။ ချယ်ရီသီးတွေစပေါ်လာပေမယ့်စျေးကတော့ 1kg $10ကျော်လောက်မို့စျေးကြီးပါတယ်။ နောက်လလောက်ဆို1kg မှ$3နဲ့စျေးတွေပေါမယ်။

Photos from Apamada Education's post 16/05/2024

ရာသီဥတုပူလာတော့ပိုလန်မှာကညွတ်တွေစျေးကျသွားပါပြီ။ တစည်းကို S$ 2.5လောက်ပဲရှိပါတော့တယ်။ သူတို့ကညွတ်ကစားတုန်းကောင်းပေမယ့် စားပြီးရင်မြန်မာပြည်ဒညင်းသီးလိုပဲအထွက်အနံ့ဆိုးပါတယ် 😉 ဒီပုံကမေလ၁၅ရက်နေ့ Carrefour market မှာရနိုင်တဲ့အသီးအရွက်ပုံပဲ။ နွေမှာကညွတ်စျေးကျပေမယ့်မုန့်ညင်းနှင့်ဆလတ်ရွက်ကစျေးတက်သွားပါပြီ။ မုန့်ညင်းကမရတဲ့အခါလဲများလာပါပြီ။ အမြဲတမ်းစျေးမပြောင်းပဲရနိုင်တာကတော့ဟင်းနုနွယ်အရွက်ပါ။ အရိုးမပါအရွက်သီးသန့်မို့အထားခံပါတယ်အရွက်ကြီးပြီးနူးညံ့လို့ကြော်စားလို့ကောင်းပါသည်။

Photos from Apamada Education's post 15/05/2024

ဒါလေးတော့နာမည်သိတယ်ဗေဒါပန်း မြန်မာပြည်ကဗေဒါကရေဗေဒါ။ ဒီမှာတော့ဒီပန်းကခရမ်း၊ပန်း၊အနီ၊အဖြူ၄မျိုးရှိတယ်။

Photos from Apamada Education's post 15/05/2024

ဒီရက်ပိုင်းစာရေးသူနေတဲ့မြို့မှာပွင့်နေတဲ့ပန်းတွေကဒီပန်းပါပဲ။ အပင်ကမြန်မာပြည်ကကက္ကိုလ်ပင်လိုပဲမြင့်တယ်ကြီးတယ်အရွက်လဲဆင်တယ်။ ပန်းပွင့်ကတော့ပိတောက်လိုလို ဒန့်သလွန်ပန်းလိုလိုပါပဲ။ အနံ့ကတော့ဒန့်သလွန်ပန်းနံ့မတူတာကသူကအရမ်းမွှေးတယ်။ဒီရက်တွေဒီမြို့ထဲလမ်းလျှောက်ရင်သူ့အနံ့ကိုခဏခဏရပါတယ်နေရာအနှံ့ပွင့်နေလို့ပါ။ ပိုလန်ကအေးပေမယ့်အပင်မြင့်ကြီးတွေရှိတာကဂျပန်နဲ့အတော်ကွာတယ်။ ဂျပန်မှာဆိုအပင်ကြီးတွေတွေ့ရခဲတယ်။

Studies in English 08/05/2024

စာရေးသူအလုပ်လုပ်နေတဲ့ကျောင်းက Winter semesterအတွက် bachelor & master degreeတက်ရောက်ချင်တဲ့ကျောင်းသားများအတွက်မနေ့ကMay 7,2024 စပြီးonline လျှောက်လွှာတွေလက်ခံနေပါပြီ။လျှောက်လွှာပိတ်ရက်က July 12,2024 ပါဝင်ခွင့်ရရင်တော့October 2024မှာတက်ရမှာပါ။ အသေးစိတ်အချက်အလက်တွေဖြစ်တဲ့ကျောင်းလျှောက်လွှာဖိုး၊လိုအပ်သောစာရွက်စာတမ်းများ၊semesterကုန်ကျစရိတ်တွေကိုအောက်ဖော်ပြပါlinkမှာဖတ်ရှုနိုင်ပါတယ်။ လက်ရှိပိုလန်ငွေပေါက်စျေးက 1USD=4.01PLNမို့ semester တခုစာကို usd 1900မကုန်ပါ။ နေစရိတ်ကအဆောင်မှာ ၂ယောက်ခန်း၃ယောက်ခန်းစသဖြင့်စျေးအမျိုးမျိုးရှိပါတယ်။ အဆောင်ခန်းက၂ယောက်ခန်းမှာနေရင်တယောက်ကိုတလ usd 190လောက်ကျပါမယ်ရေဖိုးမီးဖိုးအင်တာနက်ဖိုးပေးစရာမလိုပါ။ ဖုန်းဖိုးကတော့တလကို 7 usd to 12 usdအစားစားရှိပါတယ်။သယ်ယူပို့ဆောင်ရေးကကျောင်းထဲနေရင်စာသင်ဆောင်ကိုလမ်းလျှောက်သွားယုံပါပဲ။ စားစရိတ်က ချက်စားရင်တလကိုusd 190လောက်နဲ့ရပါတယ်။ အပြင်မှာနေ့တိုင်းစားရင်တော့usd900ဝန်းကုန်ကျပါမယ်။အချိန်ကုန်သက်သာအောင်ကျောင်းစားရိတ်နေစားစားရိတ်ကုန်ကျစရိတ်မျိုးစုံကိုလိုတိုရှင်းရေးပေးလိုက်တာပါ။ အသေးစိတ်သိချင်ရင်တခြားရေးထားတော့postများဖတ်ရှုပါ။ဒီကျောင်းရဲ့QS world ranking ကိုတခါရေးထားတဲ့postမှာဖတ်ရှုနိုင်ပါတယ်။ ဒီမြို့လေးကပိုလန်ရဲ့၅ခုမြောက်အကြီးဆုံးမြို့လေးပါ။ အင်မတန်အေးချမ်းလှပသလိုလုံခြုံရေးကောင်းပါတယ်။ဒီကလူတွေက englishလိုမပြောတတ်သူများပေမယ့် ရိုးသားကြပါတယ်။ ဂျပန်ကိုရီးယားတရုတ်indianထိုင်းဗီယက်နမ်စားသောက်ဆိုင်တွေကုန်စုံဆိုင်တွေရှိပါတယ်။ စျေးကြီးပေမယ့်စားလို့ဝယ်လို့ကောင်းပါတယ်။

Studies in English Bachelor's degree - required documents Master's degree - required documents Procedure step by step Deadlines Fees Studies free of charge/Scholarships Udostępnij: Studies in English Bachelor's degree - required documents Master's degree - required documents Procedure step by step Deadlines Fees Stud...

QS World University Rankings: Top global universities 05/05/2024

တိုင်းပြည်ရဲ့လက်ရှိအခြေအနေရနိုင်ငံခြားမှာကျောင်းတက်ဖို့လိုအပ်လာသူတွေပိုများလာပါတယ်။ဒီတော့မိမိတက်မယ့်Universityကိုဘယ်လိုရွေးချယ်မလဲ။အကောင်းဆုံးကတော့ World ranking ကောင်းတဲ့ကမ္ဘာ့အဆင့်မှီတက္ကသိုလ်တွေမှာတက်ခွင့်ရရင်တော့ဘဝရှေ့ရေးပိုကောင်းမယ်လို့စာရေးသူကတော့ယူဆတယ်။ဘယ်နိုင်ငံတက်တက်ငွေကြေးကုန်ကျမယ့်အတူတူနာမည်ကြီးတက္ကသိုလ်တွေကိုရွေးချယ်တက်စေချင်တယ်။ အဲ့ဒီတက္ကသိုလ်တွေကိုဘယ်လိုရှာမလဲဆိုရင်တော့အခုပေးထားတဲ့linkမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ဒီwebsiteကဘယ်လောက်ယုံကြည်စိတ်ချရလဲမေးရင်းကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တော်တော်များများကအဲ့ဒီwebsiteကိုရည်ညွှန်းပြောဆိုကျပါတယ်။ လူငယ်များအနာဂတ်ဘဝထွန်းလင်းတောက်ပပါစေ။

QS World University Rankings: Top global universities Discover the world's top universities. Explore the QS World University Rankings® 2024

Photos from Apamada Education's post 15/04/2024

ဒီမြို့ရဲ့နာမည်ကြီးပန်းခြံကကျူလစ်တွေကိုညနေရုံးအဆင်းအပြေးအလွှားသွားကြည့်ခဲ့တယ်။ ပြီးခဲ့တဲ့အပတ်ကမရောက်ခဲ့လို့ပန်းတွေကပွင့်တာကြာပြီးအာကုန်ပြီ။ ဒီပန်းခြံကတနှစ်တခါပဲကျူလစ်တွေစိုက်တော့ဒီနေ့တာမသွားခဲ့ရင်နောက်နှစ်မှမြင်ရတော့မယ့်ပန်းတွေပါ။

Photos from Apamada Education's post 12/04/2024

နွေဦးမို့သစ်ရွက်ကလေးတွေပေါင်းပင်လေးတွေကအစလှပပါတယ်။

12/04/2024

ကျောင်းနောက်ကချယ်ရီပင်တန်းလေးပါ။ပွင့်တာကြာလို့အရောင်တောင်ဖျော့သွားပြီ။

Photos from Apamada Education's post 10/04/2024

နွေဦးရောက်ပြီမို့ပန်းတွေတမျိုးပြီးတမျိုးပွင့်ပါပြီ။ ဒီရက်ပိုင်းရာသီဥတုကပုံမမှန်ပါ။ တချို့ရက်တွေမှာနွေဦးကနွေရာသီလိုပူပြီးတချို့ရက်တွေကဆောင်းလိုအေးပါတယ်။ မေလရောက်မှပဲပုံမှန်နွေဦးပြန်ရောက်မယ်လို့ပိုလန်လူမျိုးတွေကပြောကြပါတယ်။ ပန်းအမည်တွေကတော့ချယ်ရီကလွဲရင်မြန်မာပြည်မှာတခါမှမမြင်ဖူးလို့အမည်လဲမသိပါ။

27/03/2024

စာရေးသူနေတဲ့မြို့ရဲ့တနှစ်တခါလုပ်တဲ့Ester စျေးပါ။ Christmas စျေးပဲသိခဲ့တာအခုမှအီစတာစျေးကိုကြားဖူးရောက်ဖူးပါတော့တယ်။ ရောင်းတာတွေကတော့christmas စျေးလိုပါပဲကြက်ဥလေးတွေကတော့ကွဲပြားမှုပေါ့လေ။

27/03/2024

ပန်းတွေကြည့်ပြီးဘဝအမောတွေပြေနိုင်ကြပါစေ။

Videos (show all)

အီတလီနိုင်ငံVeniceမြို့ရဲ့နာမည်ကြီး Piazza San Marco။ အရမ်းကိုခမ်းနားလှပလွန်းပါတယ်။ စာဖတ်သူများတနေ့ကိုယ်တိုင်သွားကြည့်နိ...
ပြီးခဲ့တဲ့အပတ်ကစာရေးသူအီတလီနိုင်ငံVeniceမြို့ကိုရထားနဲ့သွားလည်ခဲ့ပါတယ်။ဒီvideoကမြို့အဝင်လေးတဖြတ်။ veniceတမြို့လုံးမြောင်...
ဒီနေ့ဟာ ခရစ်ယာန်ဘာသာဝင်တို့ရဲ့နေထူးနေ့မြတ် Corpus christi နေ့ဖြစ်တာမို့ဥရောပနိုင်ငံအတော်များများမှာပိတ်ရက်ရပါတယ်။ အမြဲတမ...
ဒီရက်ပိုင်းကျောင်းထဲမှာရောပန်းခြံထဲမှာရောပွင့်နေတဲ့ပန်းလေးကတော့ဒီအဖြူရောင်ပန်းလေးပါ။ အရှေ့တိုင်းမှာမရှိလို့ပန်းအမည်လဲမသိ...
ကျောင်းနောက်ကချယ်ရီပင်တန်းလေးပါ။ပွင့်တာကြာလို့အရောင်တောင်ဖျော့သွားပြီ။
စာရေးသူနေတဲ့မြို့ရဲ့တနှစ်တခါလုပ်တဲ့Ester စျေးပါ။ Christmas စျေးပဲသိခဲ့တာအခုမှအီစတာစျေးကိုကြားဖူးရောက်ဖူးပါတော့တယ်။ ရောင်...
ပန်းတွေကြည့်ပြီးဘဝအမောတွေပြေနိုင်ကြပါစေ။
ကမ်ဘာ့အလှဆုံးမြို့တွေထဲကတမြို့ဖြစ်တဲ့Hallstattမြို့လေးရဲvideoပါ။ အားလုံးပဲလှပအေးချမ်းတဲ့မြို့လေးကိုကြည့်ပြီးစိတ်အပန်းဖြေ...
ပိုလန်နိုင်ငံWroclawမြို့ရဲ့ Christmas Market

Website

Opening Hours

Monday 11:00 - 13:00
Tuesday 11:00 - 13:00
Wednesday 11:00 - 13:00
Thursday 11:00 - 13:00
Friday 11:00 - 13:00