Hearty Kitchen

Hearty Kitchen

အစား နဲ့အသောက် ..
သောက်ဖြစ်တဲ့ cocktails တွေ နဲ့ ချက်ဖြစ်တဲ့ဟင်း တစ်ချို့အကြောင်း

01/05/2022

Summer lotion for Men

Heated Oil phase
Sunflower oil 12.5 g
Macadamia oil7.5g
Mango butter 5 g
Glyceryl stearate and peg-100 stearate 3.25g
Cetearyl alcohol 4.25g
Heated water phase
Distilled water 147.5g
Alovera juice 50g
Glycerine 12.5g
Cool down phase
Panthenol 5g
Liquid Germall plus 1.25 gram
Scent 1.25 g

23/04/2022

Energy bar အတွက် ကိုယ် Almond ၂ ခွက်နီးပါးထည့်တယ်. Pecan nuts ခွက်တစ်ဝက်. Pistachio nuts ခွက်တစ်ဝက်, နေကြာစေ့ ခွက်တစ်ဝက်, ဖယုံစေ့ခွက်တစ်ဝက်နဲ့ flex seeds ၂ ဇွန်း ( table spoon) ထည့်တယ်. Syrup ကိုတော့ glucose syrup ခွက်တစ်ဝက်, ပျားရည်မလောက်လို့ maple syrup နဲ့ argave syrup ရောရာ ခွက်တစ်ဝက်ထည့်တယ်. နောက်ထပ် corn syrup ခွက်တစ်ဝက်ထည့်တယ်. ( syrup တွေပေါင်းစုံသုံးစရာမလိုပါဘူး. ကိုယ်က ပျားရည် မလောက်လို့ ရှိတာနဲ့အစားထည့်တာ. ပျားရည်တစ်မျိုးတည်းနဲ့တော့မရဘူး. တစ်ခြားsyrup တစ်မျိုးမျိုးတော့ရောရမယ်) . Nuts တွေနဲ့ syrup ရောတဲ့အခါ မြန်မြန် လေး မွှေရမယ်. Syrup ကခဲတာမြန်လို့. ထည့်မယ့်ဗန်းကိုဆီ, ဒါမှမဟုတ် ထောပတ်သုတ်ပြီး nuts နဲ့syrup အရောကို wax paper, parchment paper မခံပဲတိုက်ရိုက်ထည့်တာ ပိုအဆင်ပြေတယ်. ကိုယ်က ဆီမပါစေချင်လို့ wax paper ခင်းတော့ နဲနဲကပ်တယ်. Nuts တွေက အလွယ်တကူဝယ်ရလွယ်တဲါမြေပဲတို့ သီဠိုစေ့ တို့ walnuts တို့ ကြိုက်တဲ့nuts ပြောင်းထည့်လို့ရတယ်.

Photos from Hearty Kitchen's post 21/02/2022

ခရီးသွားနေတုန်းမို့ ပိုစ့်တွေမတင်နိုင်သေးဘူးရယ်.

30/01/2022

Mulled wine gummy bear အတွက်
Red wine ၁ခွက် (240 ml ) ကို ၁၈၀ ml နဲ့ ၆၀ ml င်္စခွဲထားပါ. ၁၈၀ ml ကကျိုဖို့ နဲ့ ၆၀ ml က ကျောက်ကျောစိမ်ဖို့ .
Unflavored gelatin 24 grams
သကြား ခွက်တစ်ဝက်( ၁၂၀ ml)1/2 cup
Light corn syrup 2 tablespoons
Clove လေးညင်း ၄ခု
နာနတ်ပွင့် star anise ၁ ပွင့်
သစ်ကြံ့ပိုးခေါက် ၁ ခု
ဂျင်း လက်တစ်ဆစ်စာလောက်
Citric acid 3/4 teaspoon
သံပုရာခွံ နည်းနည်းရယ် လိမ္မော်ခွံ နည်းနည်းရယ်
နောက်ပြီးတော့ vanilla extract 1/2 teaspoon ရယ်.
Unflavored gelatin ကို supermarket တွေ နဲ့ မုန့်ဖုတ်တဲ့ပစ္စည်းတွေရောင်းတဲ့ ဆိုင်တွေမှာမေးဝယ်ပါ. Corn syrup အစား golden syrup, glucose syrup ပျားရည် ပြောင်းထည့်လို့ရတယ်.

26/01/2022

Cleansing oil video ထဲပေရှည်မှာစိုးလို့ စာသီးသန့်ထပ်ရေးလိုက်တယ်.
အခုတစ်လော oil cleansing method ကို သုံးဖြစ်တယ်. မျက်နှာအရည်ပြားပေါ်ကမိတ်ကပ်, ချွေး, ဖုန် နဲ့အဆီတွေကို ဖယ်ဖို့က ကျတော့ ဆီကပိုပြီးသင့်တော်တယ်. အဆီကဆီထဲမှာပိုပြီးပျော်ဝင်လွယ်တဲ့အခါကျတော့ မျက်နှာပေါ်မှာblack heads တွေ ရှိရင် ဒီလို Oil cleanser အရင်သုံးတာ ပိုသင့်တော်တယ်. Pores ချွေးပေါက်ကတော့လူတိုင်းမျက်နှာမှာရှိတော့ black heads, white heads ကတော့ အနည်းနဲ့အများပဲကွာမယ်လူတိုင်းမှာရှိတယ်. ဒါကအရေပြားပြဿနာမဟုတ်ပေမယ့် မှန်ထဲကိုယ့်ဖာသာမြင်လိုက်ရင်အာရုံနောက်တယ်ဆိုညှစ်ပစ်တာတို့ ဆိုင်မှာ extract လုပ်တာတို့ နောက် pore strip တွေကပ်တာတွေ လုပ်ရင် နောက်ဆက်တွဲဆိုးကျိုးကပိုဆိုးတယ်. ညှစ်တဲ့အခါကျ အရေပြားမှာmicro tear ဖြစ်ပြီး ဖုန်နဲ့ဘက်တီးရီးယားဝင်တော့ ဝက်ခြံဖြစ် ပြီးသံသရာကရှည်ရော. ကိုယ့်အရည်ပြားက ခြောက်တယ် ( အထူးသဖြင့် moisturizer မသုံး မလိမ်းရင်) ဆိုရင် ကိုယ့်ခန္ဓာကိုယ်ကပဲအလိုလို အဆီထုတ်ပေးတယ်. အဲ့အဆီတွေက ချွေးပေါက်ထဲဝင်ပြီးအချိန်ကြာတော့ white head ကနေblack head ဖြစ်တာပဲ. Double cleansing လုပ်ရင်ဒီပြဿနာတွေ ကို တော်တော်လေးထိန်းနိုင်တယ်.
Oil cleanser 100gအတွက်
Polysorbate 80 …. 10 g
ကျန်တဲ့90 g အတွက် fractionated coconut oil ချည်းပဲလဲ သုံးလို့ရတယ်. Fractionated coconut oilက cosmetic grade oils တွေထဲဈေးအသက်သာဆုံးပဲ. နောက်အရည်ပြားပေါ် စေးကပ်ကပ်မဖြစ်ဘူး. Klaris cleansing oil တို့, DCM , face shop တို့ကcleansing oils တွေမှာဆို ဆီကို ၄ မျိား၅ မျိုးထိထည့်ကြတယ်. ဒါကတော့ ဈေးတင်ကောင်းအောင်လို့ပါ . တစ်ကယ်တော့ တစ်မျိုးထည်းလည်းရပါတယ်. အရည်ပြားပေါ် တစ်မိနစ် , တစ်မိနစ်ခွဲလောက်ပဲထားပြီးရေပြန်ဆေးရတာပဲဆိုတော့ ဈေးကြီးတဲ့ argan oil တွေ jojoba oil တွေကတော့ lotion လို cream လို leave in products တွေ အတွက် ပိုသင့်တော်တယ်. အရည်ပြားအတွက်ပိုပြီးပိုထိရောက်တယ်, အထောက်အကူဖြစ်တယ်ပေါ့. Video နဲ့ တွဲလျက်က စာအရမ်းရှည်လို့ မရပြန်ဘူး. ဒါကြောင့် သီးသန့်စာထပ်ရေးရတာ. Polysorbate 80 ကိုတော့ ထည့်ထားတဲ့ဆီတွေနဲ့သမအောင်သေချာမွှေဖို့တော့လိုတယ်. ကိုယ်က polysorbate 80 ကို ၁၀% ပဲထည့်ပေမယ့် ၁၅%ကနေ ၂၀% ထိထည့်လို့ရတယ်. Sweet almond oil ဆိုအရမ်းစေးကပ်ကပ်မဖြစ်ဘူး. DCM ဆို olive oil အများဆုံးထည့်တယ်. ကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့လေ. Cooking sunflower oil နဲ့ cosmetic grade sunflower oil နဲ့ acid ratio မတူဘူးနော်. Cooking sunflower oil တော့မသုံးစေချင်ဘူး. Cold pressed Extra virgin olive oil ကျ cooking oil ပေမယ့်သုံးလို့ရတယ်. Polysorbate 80 ကို ကိုယ်က Amazon US ကမှာတယ်. မြန်မာပြညိမှာဆိုရင်တော့ ဆပ်ပြာကုန်ကြမ်း ရောင်းတဲ့နေရာတွေ online shop သမားတွေကို မေးပြီး မှာခိုင်းလို့ရမှာပါ.

26/01/2022

Cleansing oil
အခုတစ်လော oil cleansing method ကို သုံးဖြစ်တယ်. မျက်နှာအရည်ပြားပေါ်ကမိတ်ကပ်, ချွေး, ဖုန် နဲ့အဆီတွေကို ဖယ်ဖို့က ကျတော့ ဆီကပိုပြီးသင့်တော်တယ်. အဆီကဆီထဲမှာပိုပြီးပျော်ဝင်လွယ်တဲ့အခါကျတော့ မျက်နှာပေါ်မှာblack heads တွေ ရှိရင် ဒီလို Oil cleanser အရင်သုံးတာ ပိုသင့်တော်တယ်. Pores ချွေးပေါက်ကတော့လူတိုင်းမျက်နှာမှာရှိတော့ black heads, white heads ကတော့ အနည်းနဲ့အများပဲကွာမယ်လူတိုင်းမှာရှိတယ်. ဒါကအရေပြားပြဿနာမဟုတ်ပေမယ့် မှန်ထဲကိုယ့်ဖာသာမြင်လိုက်ရင်အာရုံနောက်တယ်ဆိုညှစ်ပစ်တာတို့ ဆိုင်မှာ extract လုပ်တာတို့ နောက် pore strip တွေကပ်တာတွေ လုပ်ရင် နောက်ဆက်တွဲဆိုးကျိုးကပိုဆိုးတယ်. ညှစ်တဲ့အခါကျ အရေပြားမှာmicro tear ဖြစ်ပြီး ဖုန်နဲ့ဘက်တီးရီးယားဝင်တော့ ဝက်ခြံဖြစ် ပြီးသံသရာကရှည်ရော. ကိုယ့်အရည်ပြားက ခြောက်တယ် ( အထူးသဖြင့် moisturizer မသုံး မလိမ်းရင်) ဆိုရင် ကိုယ့်ခန္ဓာကိုယ်ကပဲအလိုလို အဆီထုတ်ပေးတယ်. အဲ့အဆီတွေက ချွေးပေါက်ထဲဝင်ပြီးအချိန်ကြာတော့ white head ကနေblack head ဖြစ်တာပဲ. Double cleansing လုပ်ရင်ဒီပြဿနာတွေ ကို တော်တော်လေးထိန်းနိုင်တယ်.
Oil cleanser 100gအတွက်
Polysorbate 80 …. 10 g
ကျန်တဲ့90 g အတွက် fractionated coconut oil .

19/12/2021

https://www.facebook.com/1580348036/posts/10224441455095506/?

Trifle
Custard
200ml milk
200ml single or double cream ( single cream or light cooking cream သုံးရင် ပြောင်းဖူးမှုန့် ဒါမှမဟုတ် tapioca or arrow root powder teaspoon ၁ ဇွန်းလောက်ထည့်, double cream or heavy cream or whip cream သုံးရင်တော့ starch တွေထည့်စရာမလိုဘူး)
ကြက်ဥအနှစ်၃လုံး
သကြား၂ ဇွန်းခွဲ ( table spoon)
Vanilla extract 1 tsp
ကျန်တာကတော့
Blueberry, strawberries, raspberries ( အဆင်ပြေတာ ကြိုက်တာထည့်လို့ရတယ်, kiwi တို့ စပျစ်သီးတို့က စိတ်ထည့်ရင် jelly ခဲတဲ့အချိန်ပြသနာရှိတတ်တယ်. Traditional အတိုင်းဆို clementines ပျားလိမ္မော် လည်းထည့်တယ်)
Strawberry flavored jelly
Orange flavored jelly
( ကြိုက်တဲ့ flavored jelly သုံးလို့ရတယ်, strawberry နဲ့ orange ကတော့ tradition လိုပဲ. အချိုမကြိုက်ရင် sugarless jelly ထည့်လို့ရတယ်)
Vanilla pound cake or orange pound cake
( ရိုးရိုးပလိန်းကိတ် ခရင်မ်မပါတာ ဘာပဲဖြစ်ဖြစ်ရပါတယ်. Butter cake တော့မထည့်နဲ့ , chocolate base cake နဲ့လည်းမလိုက်ပြန်ဘူး😅)
အရက်ကတော့ကြိုက်ရင်ထည့်, မကြိုက်ရင်မထည့်လို့ရတယ်.

17/12/2021

ပစ္စည်းတွေအကုန်နေရာချလို့မပြီးသေးပေမယ့် Christmas tree တော့အရင်ဆင်ပြီးသွားပြီ.

05/12/2021

ပြန်လာမယ်. အိမ်ပြောင်းတာနဲ့တစ်ခြားကိစ္စတွေများနေလို့ . Looking forward to be back in the Hearty kitchen. 😍

29/09/2021

ကုန်ဈေးနှုန်းတွေအရမ်းတက်တဲ့သတင်းတွေရယ်, ပစ္စည်းဝယ်မရတဲ့ comments တွေဖတ်ပြီး စိတ်ဓာတ်ကျချင်သလိုလိုတွေဖြစ်သွားတယ်. ကိုယ့်ပေ့ခ်ျ့ က မုန့်တွေနဲ့ အနောက်တိုင်းအစားအစာတွေ တင်တာများတာဆိုတော့လေ . မြန်မာအစားအစာကတော့ ကြိုက်တာပေါ့. ကျုပ်ကဗမာပဲဟာ. တိုင်းရင်းသားရိုးရာအစားအသောက်တွေလည်းအရမ်းကြိုက်ပဲ. ကိုယ်ကပဲလူကန့်လန့် မို့လားမသိဘူး ချင်းရိုးရာအစားအသောက်လည်း သူငယ်ချင်းဘီး ချက်ကျွေးမှ . ပစ္စည်းကအစ ချင်းပြည်ကရမှ .ရခိုင်စာဆိုလည်း ရခိုင်ကသူငယ်ချင်းချက်ကျွေးမှ ရခိုင်ဟင်း, ကချင်ဟင်းဆိုလည်း ကချင်ပြည်က သူငယ်ချင်းချက်ကျွေးမှ . ရှမ်းအစားသောက်လည်းအတူတူပဲ . အဲ့လို ကိုယ့် rules နဲ့ကိုယ်ကျတော့ ပြန်ချက်မပြချင်ပြန်ဘူး. ကိုယ်ချက်တာကိုယ်မကြိုက်လို့ .😅.
ဒီတိုင်းပဲ online ပေါ် hearty kitchen က video တက်လာရင် ကြုံလို့ကြည့်ဖြစ်တယ်ဆိုရင်တောင် ဖုန်းဘေ အချောင်ကုန်မှာလည်း ကိုယ်ကအားနာတယ်. အကုန်အကျနည်းပြီး လွယ်ကူမယ့် ဟင်းတွေ, မုန့်တွေမျိုးလောက်ပဲ ဆက်ပြီး post ပေးမယ်.
By the way, I wrote this post in Burmese and google translate will somehow manage to f**k this up.

Photos from Hearty Kitchen's post 15/09/2021

လေယာဉ်ပေါ်က အစားအသောက်တွေ. ခရီးသွားနေတုန်းမို့ ပိုစ့်တွေ နောက်ကျဦးမယ် . 😍 Be safe and be healthy as always. See ya’ll soon.

10/09/2021
01/09/2021

Hummus ကိုappetizer, side dish , dipping , healthy snack အနေနဲ့ စားကြတယ်. ဘယ်နိုင်ငံကစသလဲဆို တာတော့ခုထိအငြင်းပွားတုန်းပဲ. ဂရိ, အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတွေအပြင် အစ္စရေးအထိ သူတို့ရဲ့ traditional dish လို့ ငြင်းကြတုန်း. ၁၃ ရာစုလောက်ကတည်းက အဲ့နိုင်ငံတွေမှာရှိခဲ့တဲ့ dish ပေါ့လေ. အခုထိလည်း အထင်ကရရှိတဲ့ ဟင်းပွဲပါ. သခွားသီး, ပဲသီး , ကညွတ် ,မုန်လာဥနီ, celery လို အသီးအရွက်အစိမ်းတွေနဲ့ တွဲစားကြသလို အာလူးကြော်( crisps) , tortilla chips လို မုန့်တွေနဲ့လည်းစားကြတယ်. ဘာဂါတို့ sandwich တို့မှာ mayonnaise အစားထိုးသုံးလို့ရတယ်. နောက် pita bread ,arabic bread တွေနဲ့ လည်းတွဲစားကြတယ်. Tahini paste က ready made ဝယ်လို့ရတယ်. ကိုယ့်ဖာသာပဲ tahini လုပ်မယ်ဆိုရင်တော့ ကိုယ်အရင်တစ်ပတ်က tahini လုပ်နည်းပြထားပြီးသားပါ.

25/08/2021

Tahini
Tahini က cookie ကနေ dipping sauce, dressing အနေနဲ့ ထိသုံးလို့ရတဲ့ sauce/ paste ပေါ့လေ . အဓိကပစ္စည်းကတော့နှမ်း ပါပဲ. နှမ်းအနက်တော့သုံးလို့မရဘူး..

16/08/2021

မုန်လာဥနီ ခြစ်ထားတာ ၃ခွက်
ဂျုံ ( All purpose flour) ၂ ခွက်
baking powder ၂ ဇွန်း ( teaspoon)
baking soda ၂ ဇွန်း ( teaspoon)
လိမ္မော်ရည် ၂၅၀ ml
ဆီ ၂၅၀ ml
သစ်ကြံ့ပိုးမှုန့် ၁ ဇွန်း ( teaspoon)
ဂျင်းမှုန့် ၁/၂ ဇွန်း ( teaspoon)
all spice အမှုန့် ၁ ဇွန်း ( teaspoon)
ဇာတ္တိဖိုလ်သီး nutmeg ၁/၂ ဇွန်း ( teaspoon)
သစ်ကြားသီးလှော် ၁ ၁/၂ ခွက်
ကြက်ဥ ၄ လုံး
သကြား ၁ခွက်
frosting အတွက်
cream cheese ၂၅၀ ဂရမ်
ထောပတ် ၂၅၀ ဂရမ်
နို့မှုန့် ၁ ၁/၂ ခွက်
သကြားမှုန့် ၂ခွက်
ဗနီလာ အရည် ၂ဇွန်း ( teaspoon)
Spices တွေက ကိုယ်ကြိုက်သလောက် အတိုးအလျှော့လုပ်လို့ရတယ်. မကြိုက်ရင်လည်းမထည့်လို့ရတယ်.

23/07/2021

ကြက်တောင်ပံအကြွပ်ကြော်ချဉ်စပ်

11/07/2021

Cinnamon Rolls

Bread flour ၄ ခွက် ( ၅၈၀ ဂရမ်- ၆၀၀ ဂရမ်)
Yeast လဘက်ရည်၂ ဇွန်း ခွဲ ( ၇ -၈ဂရမ်)
နွားနို့ ၁ခွက် (၂၅၀ ml )
ကြက်ဥ ၂ လုံး
ထောပတ် ၈၃ ဂရမ်
သကြား ခွက်တစ်ဝက်
ဆား ဇွန်းအသေး ၁ ဇွန်း
Notes !
ပေါင်မုန့်ဂျုံ ဝယ်လို့မရရင် all purpose flour သုံးလို့ရတယ်. Bread flour နဲ့ကတော့ မုန့်သားကပိုပြီးနုတယ်) နွားနို့ရဲ့ အပူချိန်က ကိုယ့်ခန္ဓာကိုယ်အပူချိန်ထက် နည်းနည်းပိုနွေးတယ်ဆိုယုံပဲ . အရည်ဖျော်ထားတဲ့ထောပတ်နဲ့ ကြက်ဥ ကလည်း ပုံမှန်အခန်းအပူချိန်လောက်ပဲဖြစ်ရမယ်.
Filling
ထောပတ် ၈၃ ဂရမ်
သကြားအညို ၁ ခွက်
Nut Meg ဇာတိဖိုလ်သီး အမှုန့် အနည်းငယ်
သစ်ကြံ့ပိုးခေါက် ဇွန်းကြီး ၂ ဇွန်းခွဲ ( table spoon)
Topping
Cream cheese ၁၁၄ ဂရမ်
ထောပတ် ၃၄ ဂရမ်
သကြားအမှုန့် ၁ ခွက်
နွားနို့ ၃၀ml
Cream ၃၀ ml
Vanilla extract ၁ ဇွန်း( ဇွန်းအသေး teaspoon)
Notes
အချိုကြိုက်ရင်သကြားကို ၂ ခွက်ထိ ထည့်လို့ရတယ်. ကိုယ်လိုချင်တဲ့ အပျစ်အကျဲအတွက်နွားနို့ကိုပိုထည့်, လျှော့ထည့်လို့ရတယ်. ဗနီလာလည်းတူတူပဲ . ကြိုက်ရင် ၁၅ ml ဇွန်းကြီး ၁ ဇွန်း ( table spoon) ထိထည့်လို့ရတယ်. Cream cheese ရော ထောပတ်ရော အခန်းအပူချိန်လောက်ဖြစ်ဖို့တော့လိုတယ်)
Cream ၃/၄ ခွက် ( ၂၃၀ ml)
Cinnamon rolls တွေ oven ထဲထည့်ပြီး ၁၀ မိနစ်ပြည့်တာနဲ့ အပြင်ထုတ်ပြီး cream ကို cinnamon rolls တွေပေါ် အညီအမျှလောင်းပြီး နောက်ထက် ၁၀ မိနစ်၁၅ မိနစ်လောက်ပြန် ပြီး oven ထဲ ကျက်တဲ့ထိထားရပါမယ်.
Cinnamon rolls တွေ ကိုယ့်လိုကြိုပြီး ပြင်ဆင်ထားချင်ရင်တော့ မုန့်ကိုလိပ်ပြီး, လှီးပြီးတာနဲ့ ပလတ်စတစ်နဲ့မုန့်ဗန်းကိုအုပ်ပြီး ၂၀ မိနစ် လောက်အခန်းအပူချိန်မှာပဲထား. မိနစ်၂၀ ပြည့်ရင်တော့ မုန့်ဗန်းကို ရေခဲသေတာ အောက်ထပ် ( fridge) ထဲမှာ ၃ရက်လောက်ထိထားလို့ရတယ် .oven ထဲမထည့်ဖုတ်ခင် ၄၅ မိနစ်လောက်မုန့်ဗန်းကိုအပြင်ကြိုထုတ်ထားဖို့တော့မမေ့နဲ့ ပေါ့.

02/07/2021

Chicken Kiev
Kiev ကယူကရိန်းရဲု့မြို့တော်ပေမယ့် ရုရှားဟင်းအနေနဲ့ လူသိများတယ်. Chicken Kiev အတွက်သတိထားဖို့က ထောပတ်နဲ့ကြက်သွန်ဖြူနဲ့ parsley ရောတဲ့အခါ ထောပတ်က ပျော့ရမယ်,ေ
ရာပြီးတဲ့ထောပတ်တွေကိုလုံဝပြန်ခဲတဲ့အထိေ
ခဲသေတ္တာထဲထားရမယ်. Parsley အပြင် dill , tarragon လို herbs တွေပြောင်းထည့်လို့ရတယ်. ရောထည့်လည်းရတယ်. နောက်ထပ်က တော့ ထောပတ်က်ုကြက်သားနဲ့သေချာလုံအောင်ထုပ်ဖို့လိုသလို ကြက်သားကိုဂျုံနဲ့သေချာမံဖို့လည်းလိုပါတယ် .

18/06/2021

Lemon sorbet ကတော့လူကြီးရောကလေးတွေရောကြိုက်မယ်ထင်ပါတယ်. Garnish အနေနဲ့ဆို ပူစီနံအရွက်နဲ့လိုက်တယ်. Lemon sorbet လုပ်ထားပြီး soda နဲ့ ရောပြီးတော့ ပူစီနံအရွက် ၅ ရွက်လောက်ခြေထည့်ပြီးသံပုရာရည်လိုသောက်လို့လည်းကောင်းတယ်. ကြိုက်တဲ့ vodaka , tequila, whiskey နဲ့ရောသောက်လို့လည်းအဆင်ပြေတယ်. Gin နဲ့လည်းလိုက်တယ်. အချိုကြိုက်ရင်တော့ sprite နဲ့ရောသောက်လည်းရတယ်. Ice cream အနေနဲ့စားမယ်ဆိုည်း အရမ်းကောင်းပဲ. ကြက်တုပ်ကွေးကြောက်လို့ ကြက်ဥအစိမ်းမစားရဲရင် pasteurized ပိုးသတ်ထားတဲ့ကြက်ဥတွေရှိတယ်. ကြက်ဥအကြီးတစ်လုံးရဲ့အကာဆို ၃၀ grams လောက်ပုံမှန်ရှိတယ်. တစ်ကယ်လို့ pasteurized ကြက်ဥအကာကဗူးနဲ့ဆို ၃၀ ဂရမ်ထည့်. ရေခဲမုန့်လိုခဲဖို့က ၄ နာရီလောက်ကြာတတ်တယ်. နာရီဝက်တစ်ခါရေခဲသေတ္တာထဲကထုတ်ပြီးမွှေဖို့တော့မမေ့နဲ့ပေါ့ .

11/06/2021

Lemon sponge cake
All purpose flour ဂျုံမှုန့် 480 grams
Baking powder 3 tea spoons
Baking soda 1 teaspoon
Salt 2 teaspoons
Butter 285 grams
သကြား ၅၀၀ ဂရမ်
ကြက်ဥအကြီး ၆ လုံး
Vanilla extract 2 teaspoon
နွားနို့ ၃၂၀ ml
သံပုယိုသီးအပေါ်ယံအခွံ ၁၂ ဂရမ်( သံပုယိုသီး ခပ်ကြီးကြီး ၇ လုံးလောက်ခြစ်ယူရမယ်)
သံပုယိုရည် ၁၆၀ ml
Video ထဲမှာ ၁၈၅ နဲ့ ၂၈၅ မှားပြောထားတယ်. ထောပတ်က ၂၈၅ ဂရမ် ထည့်တာ .

Teaspoon / tablespoon ဆိုတာက cake လုပ်တဲ့အခါသုံးတဲ့ တိုင်းတဲ့ ဇွန်းတွေပါ. 😅

02/06/2021

Mac N cheese, macaroni cheese . ကိုယ်ကတော့ Mac n cheese ဆို comfort food လို့ပဲ သတ်မှတ်တယ်. အီအီဆိမ့်ဆိမ့်နဲ့ဆိုတော့ နေ့တိုင်း စားဖို့မသင့်ဘူး. မိသားစု , သူငယ်ချင်းတွေဆုံတဲ့အခါမျိုးမှာ treat အနေနဲ့ လုပ်ဖြစ်တာမျိုးပေါ့ .
Macaroni 500 grams
Sharp chadder cheese 225 grams
Gouda cheese 290 grams
Emmental cheese 85grams
Parmigiano_Reggiano cheese 50 grams
( Parmesan cheese လို့လဲခေါ်တယ်)
နွားနို့ ၃ ခွက် (၇၅၀ml)
Cooking cream ၁ ခွက်
( single cream တို့ double cream တို့လည်းထည့်လို့ရတယ်)
Butter 120 grams
ဂျုံ ခွက်တစ်ဝက် ( ၆၀ ဂရမ်)
Nut Meg ဇာတ္တိဖိုလ် သီး တစ်ခြမ်းလောက် ( အနံ့အတွက်) မထည့်လည်းရပါတယ် .
Mac n cheese အတွက် ကတော့ cheese ရွေးတဲ့အခါကိုယ်ကြိုက်တဲ့ cheese ရွေးထည့်လို့ရတယ်. ကိုယ်လည်း စိတ်ကူးပေါက်ရင် bleu cheese , Roma, Stilton လို cheese လည်း ရောထည့်တယ်. ( bleu cheese က လူတိုင်းမကြိုက်တဲ့cheese ဆိုတော့ ကိုယ်တော့ဒီထဲမထည့်ထားဘူး)

02/06/2021

Mac n cheese . Coming soon

19/05/2021

Bread and butter pudding
ပေါင်မုန့် ၁၀ / ၁၁ ချပ်
နွားနို့ ၁ ခွက်ခွဲ
Cream ၁ ၁/၄ ခွက်
ကြက်ဥ ၃ လုံး
သကြား ဇွန်းအကြီး table spoon 5 ဇွန်း
ဆား ဇွန်းအသေးတစ်ဇွန်း
စပျစ်သီးခြောက်နဲ့ brandy က ကြိုက်ရင်ထည့်, မကြိုက်ရင်လည်းမထည့်လို့ရတယ် .
Oven ကအပူချိန်ကတော့ ၁၈၀ ဒီဂရီ C နဲ့ မိနစ်၅၀ လောက် bake လုပ်ပါ .

ထုံးစံအတိုင်းနည်းကတော့အမျိုးမျိုးပဲ . တစ်ချို့တွေက cream နို့နဲ့ သကြားရယ်ကြက်ဥရယ်ကို custard ပုံစံအရင်ကျိုပြီးမှ လောင်းထည့်ကြတာလည်းရှိတယ်. Bake လုပ်တဲ့အခါ hot water bath ခံတာမျိုးလည်းရှိတယ် . ကိုယ်တော့ အလွယ်ဆုံး နည်းကိုပဲသုံးလိုက်တယ် .

06/05/2021
04/05/2021
30/04/2021

Oat က Quick cooking oat, rolled oat , steel cut oat ဆိုအမျိုးအစားအမျိုးမျိုးရှိပါတယ်. ဂျုံစ့ကိုပေါင်းခံပြီးအမှုန့်ဖြစ်တဲ့ထိ ကြိတ်ခွဲထားတဲ့oat ကတော့ အသင့်ဖျော်သောက်လို့ရတယ့် ကွေကာအုတ် လို့ အသိများတယ်. Rolled oat ကတော့ ဂျုံစေ့ကို ပေါင်းပြီးမှ ဂျုံစေ့ပျက်ယုံကြိတ်ခွဲထားတာဆိုတော့ ၅မိနစ်လောက်ပဲချက်ချိန်ကြာတယ် . Steel cut oat ကတော့ ဂျုံစေ့အစိမ်းကိုပဲ အစေ့ပျက်ယုံပဲခွဲခြမ်းထားတာဆိုတော့ ချက်ချိန် ကြာသလို အနံ့ အရသာ နဲ့ texture ကျတော့ ကျန်တာတွေထက်ပိုကောင်းတယ်. အာဟာရတန်ဘိုးလည်းပိုပြီးများတာပေါ့ .

23/04/2021

ဒါကတော့ boat ဝါသနာပါတဲ့သူတွေအတွက်. ကိုယ့်boat က ၂၃ ပေနီးပါးပဲဆိုတော့ marina မှာ မထား ပဲအိမ်မှာပဲထားတယ်. Parking ခ သက်သာတာပေါ့လေ. နောက်တစ်ခါမှ boat တစ်ခေါက်ထွက်ပြီး တာနဲ့ အင်ဂျင် maintenance နဲ့ပတ်သတ်လို့ကိုယ်လုပ်ဖြစ်တာတွေပြောပြမယ် .

17/04/2021

Mango Chutney က သရက်သီးအစိမ်းအမှည့် ကြိုက်တာနဲ့ ချက်လို့ရတယ် . ဆီတွေအများကြီးမပါတဲ့အတွက်ဆီရှောင်လိုတဲ့သူတွေနဲ့ အဆင်ပြေတယ်.
သရက်သီး ၄၀၀ ဂရမ်
သကြား ၁/၃ ခွက် ( ၈၀ml ခွက်)
ဗီနီဂါ ( ရှာလကာရည်) ၂၅၀ml
ဆား အနည်းငယ်
ကြက်သွန်ဖြူ ၅ မွှာ
လေးညင်း ၁/၂ teaspoon ( ဇွန်းအသေးနဲ့တစ်ဝက်)
မုန်ညင်းစေ့ ၁/၂ teaspoon ( ဇွန်းအသေးနဲ့တစ်ဝက်)
စမုံနက် ( Nigella seeds), (ကြက်သွန်နီစေ့ )၁/၂ teaspoon ( ဇွန်းအသေးနဲ့တစ်ဝက်)
ဇီယာစေ့ ၁/၂ teaspoon ( ဇွန်းအသေးနဲ့တစ်ဝက်)
ဖာလာ ၇ စေ့
Garam မဆလာ ၁/၂ teaspoon ( ဇွန်းအသေးနဲ့တစ်ဝက်)

ဆီ တစ်ဇွန်း table spoon
ဆနွင်းမှုန့် ၁/၂ teaspoon ( ဇွန်းအသေးနဲ့တစ်ဝက်)
ငရုတ်သီးအရောင်တင်မှုန့် တော့ အစပ်ကြိုက်သလောက် ထည့်ပေါ့.

Videos (show all)

Summer lotion for men
Energy bar
Mulled wine gummy bear
Facial cleansing oil
ဝက်သားအချိုနှပ်
Hummus
Tahini
Carrot Cake
ကြက်တောင်ပံအကြွပ်ကြော်ချဉ်စပ်
Cinnamon Rolls
Chicken Kiev Kiev ကယူကရိန်းရဲု့မြို့တော်ပေမယ့် ရုရှားဟင်းအနေနဲ့ လူသိများတယ်. Chicken Kiev အတွက်သတိထားဖို့က ထောပတ်နဲ့ကြက်...
သံပုယိုသီးရေခဲမုန့် lemon Sorbet

Website