Flawless Beauty by Dr. Ei Nyein

Flawless Beauty by Dr. Ei Nyein

Personal Blog/Vlog about health tips, beauty secrets, personal grooming, etc.

12/08/2024

တင်းတိတ်လိမ်းဆေးနဲ့သတိပြုစရာလေးတွေအကြောင်းကို Kojitin(KLM lab) နဲ့ collab videoလေးမှာကြည့်ပေးကြပါဦး 😊 #တင်းတိတ် #အမဲစက် Kojitin တင်းတိပ်အမဲစက်ပျောက်ဆေး

11/08/2024

ခြေဆီစော်နံရင်ဒါလေးတွေလုပ်ပါ💡💡🙂

06/08/2024

🔔 𝓖𝓲𝓿𝓮𝓪𝔀𝓪𝔂 𝓐𝓵𝓮𝓻𝓽🔔
ခေါင်းမာတဲ့ဝက်ခြံတွေကိုဘယ်လိုကုကြမလဲ❓ ဒီ video လေးကိုlikeလုပ်ပြီးကိုယ်ကြိုက်တဲ့commentလေးတခုရေးပေးခဲ့ပါနော်၊ Dr ကိုမေးချင်တဲ့မေးခွန်းလေးတွေ၊သိချင်တာလေးတွေရှိရင်လဲ comment ရေးလို့ရပါတယ်။ အဆီဖု၊ဝက်ခြံသမားတွေသုံးလို့ရတဲ့ 75000mmkတန်ဖိုးရှိတဲ့ Bioderma ရဲ့ sebium serumလေးကိုလက်ဆောင်မဲဖောက်ပေးသွားပါမယ်။ Aug 19 ရက်နေ့မှာမဲဖောက်ပေးမယ်
နော်။

01/08/2024

Vshape မျက်နှာပုံပေါ်ချင်ကြတယ်ဟုတ်? Trending ဖြစ်နေတဲ့ Korean Beauty hack လေးနဲ့အတူ vshape treatment လေးတွေအကြောင်းကိုပြောပြပေးထားတယ်နော် 😊

23/07/2024

Skincare အမှားလေးတွေတူတူပြင်ကြမယ်😍
Brand အကောင်းတွေသုံးနေပါရဲ့ အသားအရေကမသိသာလာဘူးဆိုသူတွေအတွက်ဖြစ််တတ်တဲ့skincareနည်းအလွဲလေးတွေကိုပြောပြပေးထားတယ်နော်။

06/07/2024

ဟိုတလောကခရီးသွားတာ sunspray မပါသွားတော့အိငြိမ်းမျက်နှာနေလောင်ပြီးအမဲစက်သေးသေးလေးတွေပေါ်လာတယ်။
ဒါနဲ့ whitening serum တခုခုပြန်ထည့်သုံးမှဖြစ်တော့မယ်ဆိုပြီးစဉ်းစားနေတုန်း Anua ရဲ့ anti-dark spot serum ကိုရွေးဖြစ်သွားတယ်။
သူက eco-friendly skincare brand တခုဖြစ်လို့ရွေးလိုက်တာလဲပါတယ်။
ဘူးPackaging ကအစ biodegradable ပစ္စည်းတွေဘဲသုံးထားတယ်(ဘူးကစာတွေကအစ soy ink နဲ့ရိုက်ထားတာ)
ပါဝင်တဲ့ ingredients တွေကလဲ natural organic တွေဖြစ်လို့စျေးနည်းနည်းမြောက်ပေမယ့် best seller ထဲပါတယ်။
သူ့ရဲ့ပေါင်းစပ်ထားတဲ့ingredients တွေအနေနဲ့ 10% niacinamide+4%tranexamic acid+2%arbutin ဆိုတာက whitening & hydration အတွက်တော်တော်လေးကောင်းတယ်ပြောရမယ်။ Drဆိုတပတ်လောက်တောက်လျှောက်မနက်နဲ့ညသုံးလိုက်တာ မျက်နှာပြန်ဖြူပြီးကြည်လာတယ်။ အပေါ်က moisturizer နဲ့ sunscreen တွေလဲသေချာပေါက်ထည့်လိမ်းပေးရတာပေါ့။
တင်းတိတ်၊မှဲ့ခြောက်၊အမဲစက်သမားတွေအတွက်သင့်တော်တဲ့ serum လေးတခုညွှန်းပေးလိုက်ပြီနော် 😊

Photos from Flawless Beauty by Dr. Ei Nyein's post 05/07/2024

BIODERMA sebium serum launching fashion show 💃💚
Thanks Bioderma for inviting me🥰

21/06/2024

အမဲစက်ရှိပြီးအသားညစ်တဲ့သူတွေအတွက်အိမ်သုံးနည်းလေးတခုမျှဝေပေးလိုက်ပါတယ်💕

16/06/2024

ဝက်ခြံအသားအရေအတွက် Moisturizer
🔺moisturizer ကိုဘယ်လိုရွေးရမလဲ
🔺irritationနဲပြီးထိရောက်အောင်ဘယ်လိုလိမ်းရမလဲ
🔺ဘယ်brandလေးတွေကDr recommend လုပ်လဲ
အသေးစိတ်ပြောပေးထားတယ်နော်။
FB ကနေကြည့်ရခက်နေရင် Dr ရဲ့ Youtube channel လေးကနေလဲဝင်ကြည့်လို့ရပါတယ်

Youtube link⬇️
https://youtube.com/?si=ngbH2MbtESZ9bBSP

Tiktok link⬇️
https://www.tiktok.com/.en?_t=8nDXL6Jb5ST&_r=1

Photos from Flawless Beauty by Dr. Ei Nyein's post 05/06/2024

💚 Myanmar Dermatology & Aesthetic Summit 2024 💙
Day 1
USA, India, Korea, Thailand နိုင်ငံပေါင်းစုံကဆရာတွေရဲ့ အရေပြားနဲ့အလှအပဆိုင်ရာ up to date တွေက လေ့လာသင်ယူလို့မဆုံးနိုင်ပါဘူး။

01/06/2024

အသိတယောက်နဲ့စကားပြောရင်းဒီပုံလေးပို့လာတော့ရီလဲရီချင်သွားတယ်။ 🤭
အလှအပပြုပြင်တဲ့နေရာတွေပေါများလာတဲ့ခုခေတ်မှာ botox တွေ၊ filler တွေဆိုတာလူတိုင်းသိပြီးသားတွေဖြစ်လာနေပြီ။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကဆိုနဖူးbotoxလေးထိုးဖို့၊နှုတ်ခမ်းfillerလေးတခါထိုးဖို့ကောင်းကျိုးဆိုးကျိုးတွေကိုအာပေါက်မတတ်ရှင်းပြခဲ့ရပေမယ့်၊ ခုများတော့နှုတ်ခမ်းfillerဘယ်မှာdiscountချတယ်၊သွားထိုးမယ်ဆိုတာမျိုး။
အဲ့မှာခုလိုပုံတွေဖြစ်လာတော့တာဘဲ။ 😅

Fillerဆို ဖူးရင်ပြီးရောထော်ရင်ပြီးရော၊ မေးဆိုချွန်ရင်ပြီးရော၊ ကြိုးဆိုပင့်တင်ရင်ပြီးရောဆိုနောက်ဆုံးထွက်လာတဲ့ပုံကလဲ ပြီးပြီးရောဖြစ်လာတတ်တယ်။အားလုံးတပုံစံထဲ၊ဒီတရုပ်ထဲစက်ရုံတခုထဲကကရိုက်ထုတ်လိုက်သလိုမျိုးက အိငြိမ်းရဲ့အမြင်မှာတော့ပိုက်ဆံကုန်ရကျိုးမနပ်ဖူးလို့ဘဲမြင်တယ်။

လူတိုင်းရဲ့ရုပ်အခံကတယောက်နဲ့တယောက်မတူကြဘူးရယ်။ အောက်ခံအရိုးအနေအထား၊ မျက်နှာကျ၊ မျက်လုံး၊ နှာခေါင်းအနေအထား၊ ဒါတွေပေါ်မူတည်ပြီး အလိုက်ဖက်ဆုံးပြုပြင်လိုက်ရင်သဘာဝဆန်တဲ့အလှကိုရတယ်၊ ခုလိုပုံထဲကလို overfill၊ overcorrect တွေလဲမဖြစ်တော့ဘူး။
ဒါမယ့်အဲ့လိုပြင်နိုင်ဖို့က ဒါလာဒါထိုးပုံစံနဲ့တော့မရဘူး၊ ကိုယ့်ကိုပြုပြင်ပေးမယ့်သူက ကိုယ်ရဲ့anatomy ကိုသိရတယ်၊ ထိုးနည်းမျိုးစုံသိရတယ်၊ experience လဲရှိရတယ်။

အဲ့တော့ Dr ကတော့ Dr အသိတွေဆိုအလှအပပြုပြင်မယ်၊ ဘယ်မှာကောင်းလဲလာမေးရင်ဒီ ၅ ချက်ဘဲပြောပြလိုက်တယ်၊ ဒီ ၅ ချက်နဲ့ကိုယ့်ဟာက်ိုယ်ချိန်ထိုးစဉ်းစားပြီးဆုံးဖြတ်ပါလို့ဘဲအမြဲပြောတယ်။
1. Fb/Tiktok ကကြော်ငြာတဲ့ပုံတွေကိုအရမ်းမယုံနဲ့။ အဲ့တာကိုယ်တိုင်လုပ်ထားတဲ့ပုံတွေဟုတ်ရဲ့လား၊ internet ကပုံတွေလား၊ ကိုယ်တိုင်လုပ်ထားတဲ့ပုံတွေဆိုရင်တောင်ခုခေတ်မှာ effect တွေထည့်လို့ရနေသေးတယ်။
2. ကိုယ်လုပ်မယ့်ဆေးခန်းကိုလေ့လာပါ။ လုပ်ပေးမယ့်သူကဘယ်သူလဲ၊ ဆရာဝန်လား၊ ဘာအထူးပြုလဲ(အထူးသဖြင့် surgery လုပ်မယ်ဆိုရင်)။ မလုပ်ခင်မှာ စကားပြော၊ သိချင်တာအကုန်မေး၊ ဖြစ်နိုင်ချေတွေမေး(ဖြစ်နိုင်ချေတွေဆိုတာမှာလှသွားနိုင်တာရော၊ရုပ်ဆိုးသွားနိုင်တာရောပါတယ်) အဲ့မှာရုပ်ဆိုးသွားနိုင်တဲ့အခြေအနေ risk ဆိုတာလဲရှိတယ်၊ အဲ့အခါမျိုးမှာဘယ်လိုပြန်ပြီးပြုပြင်ပေးနိုင်မလဲ၊ ဘယ်လောက်အခြေအနေထိဖြစ်နိုင်လဲဆိုတာတွေပါအကုန်မေးထားသင့်တယ်။
3. နည်းနည်းကစပါ။ စထဲကတခါထဲအကုန်ပြုပြင်တာထက်စာရင် တခု၂ခုလောက်အရင်လုပ်ကြည့်၊ လုပ်ပေးတဲ့သူရဲ့လက်ရာကိုကြည့်၊ လေ့လာ။ ပြီးမှကိုယ်နဲ့ကီးကိုက်တယ်၊ အဆင်ပြေတယ်ဆိုမှနောက်ထပ် ထပ်ပြင်ထပ်လုပ်၊ အဆင်ပြေပြီဆိုရင်လဲခနခနလျှောက်မပြောင်းနဲ့၊ သူများကောင်းတယ်ပြောတိုင်းဟိုခုန်ကူးဒီခုန်ကူးထက်စာရင်ကိုယ့်အကြောင်းနောကျေနေတဲ့ဆရာဝန်တယောက်ဆိုတယောက်နဲ့စွဲလုပ်တာက ရေရှည်အတွက်ပိုကောင်းတယ်။
4. Expect less ။ စသွားထဲက kim ji won ရုပ်လေး song hye kyo ပုံလေးဖြစ်ချင်တာမျိုးက reality မဆန်ပါဘူး။ အဲ့လိုဖြစ်စေရမယ်ဆိုပြီးအာမခံပေးတဲ့နေရာဆိုပိုပြီး reality မဆန်ပါဘူး။ အဲ့တာဂျင်းပါ။ တကယ့်ကိုလုပ်သက်ရှိလက်ရာတော်တဲ့ဆရာဝန်တွေဆို အာမခံတယ်ဆိုတဲ့စကားကိုပိုလို့တောင်မပြောကြဘူး။ ကိုယ့်ရဲ့ရှိရင်းစွဲအလှကိုဘဲပိုထင်ပေါ်အောင် ပိုလှလာအောင်လုပ်လို့ရပါတယ်။
5. ကိုယ့်စိတ်ကိုထိန်းပါ။ ဒီအလှအပပြုပြင်တာတွေကစွဲတတ်တယ်၊ ဘာလို့ဆိုတော့ပြင်လိုက်ရင်လှသွားလို့ 🤭 အဲ့မှာဟိုလူ့နှာခေါင်းလေးလိုဖြစ်ချင်၊ ဒီလူ့နှုတ်ခမ်းလေးလိုဖြစ်ချင်နဲ့ ကိုယ့်ရုပ်ပျောက်ပြီးနောက်ဆုံးပုံထဲကလို overcorrect တွေဖြစ်သွားတတ်တယ်။
ဒါပေမယ့်လဲတခါတလေမှာ overcorrect look ကိုမှကြိုက်တဲ့သူတွေလဲရှိတာမို့အိငြိမ်းနဲ့အမြင်မတူတဲ့သူတွေလဲရှိနိုင်ပါသေးတယ်။
ဘာဘဲဖြစ်ဖြစ်ကိုယ့်ပုံကိုယ်ကြိုက်တယ်၊ ကျေနပ်တယ်ဆိုရင်တော့ပြီးတာပါဘဲ။ သူများကြိုက်ဖို့ထက်ကိုယ်ကြိုက်ဖို့ကပိုအရေးကြီးတယ်မလား😊

အားလုံးဘဲ ကျန်းမာပျော်ရွှင်လှပနိုင်ကြပါစေ။ video အသစ်လေးမှာပြန်တွေ့မယ်နော် 😉

27/05/2024

💕အသဲကွဲခြင်းနဲ့ skin barrier ပျက်စီးခြင်း💕
Skin barrier ပျက်စီးရင်သုံးရမယ့် skincare setလိုက်နမူနာလေးတွေပြပေးထားပါတယ်
Edit: sensitive skin သမားတွေက sunscreen သုံးရင် chemical sunscreen တွေထက် physical/mineral sunscreen or hybrid sunscreen လေးတွေသုံးရင်ပိုသင့်တော်ပါတယ် (video ထဲမှာDr. လောပြီးတော့ပြောတာနဲနဲလေးလိုသွားလို့ 😁🤭၊ဒါလေးဖြည့်နားထောင်ပေးကြပါနော်)

08/05/2024

ပန်းလေးတွေကိုချစ်တယ် 🥰

05/05/2024

ခြေသလုံးမှာရှိတဲ့အမဲအစက်အပြောက်လေးတွေကိုသက်သာပျောက်ကင်းစေမယ့်နည်းလမ်းလေးတွေမျှဝေပေးထားပါတယ် #အမဲစက် #အသားခြောက် Flawless Beauty by Dr. Ei Nyein

Photos from Flawless Beauty by Dr. Ei Nyein's post 30/04/2024

မကြာခင် video လေးတွေပြန်တင်တော့မယ်နော်
ခုတော့ bioderma skincare ပွဲလေးရောက်နေလို့ ရူပါဒါနလေးဘဲအရင်ပြုလိုက်ပါမယ်😁
Cb ကနေအမေးများကြတဲ့မေးခွန်းလေးတွေအတွက် q&a video လေးတွေအများကြီးလာပါတော့မယ်ရှင် 😘

17/04/2024

မင်္ဂလာရှိတဲ့နှစ်သစ်လေးမှာ အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ။ စိတ်ပူပင်နေရသူတွေအားလုံးလဲစိတ်အေးချမ်းပျော်ရွှင်နိုင်ကြပါစေလို့ dr ကဆုတောင်းပေးလိုက်ပါတယ်နော် 🙏🙏🙏

Photos from Flawless Beauty by Dr. Ei Nyein's post 04/04/2024

Me & my body butter 💕🧴

အိငြိမ်းလိုအသားခြောက်တဲ့သူတွေက body butter ကိုအမြဲသုံးသင့်ပါတယ်
အသားခြောက်တဲ့သူတွေဖြစ်တတ်တဲ့
🩵အရေပြားပါးပြီးပြောင်နေတာ၊
🩵ခြေသလုံးမှာ strawberry leg လို့ခေါ်တဲ့အမဲအစက်စက်လိုတွေဖြစ်လာတာ၊
🩵အသားဖြူဖြူ/ညိုညို အသားအရေကစိုပြေမနေဘဲဝင်းလက်တောက်ပမှုမရှိတာ၊
🩵အသားမညီတာ မကြည်တာ
🩵အသားခြောက်ပြီး skin barrier healthy မဖြစ်တော့ နဲနဲလေးပွန်းမိကုတ်မိတာနဲ့အမာရွတ်
ကျန်လွယ်တာ
ဒီလိုအရေပြားပြသနာလေးတွေရှိနေပြီဆို ပုံမှန်လိမ်းနေတဲ့ body lotion အစား body butter လေးပြောင်းသုံးကြည့်ပါလို့အကြံပေးချင်ပါတယ်
Body butter ဆိုတာ lotion ထပ်ပျစ်တယ်၊ အစိုဓာတ်ကိုလဲအတွင်းထဲထိစိမ့်ဝင်အောင် lock ချထားနိုင်တယ်။ skin barrier ကိုလဲ protect လုပ်ပေးတယ်။ အသားအရေခြောက်ပြီး၊ ပွန်းပဲ့လွယ်အမာရွတ်ကျန်လွယ်တာ၊ အရေးအကြောင်းပေါ်တာတွေအတွက်ကောင်းတယ်။ အကြောပြတ်ရာရှိတဲ့သူတွေအဓိကသုံးသင့်ပါတယ်။
လက်သည်းခြေသည်းကြိုးလွယ်တဲ့သူတွေဆို body butter လေးကိုလက်သည်းမှာညတိုင်းလိမ်းအိပ်လို့ရတယ်။
Body butter ထူထူလေးလိမ်း၊ plastic wrap လေးနဲ့အုပ်ပြီးလဲပေါင်းတင်ပေးလို့ရပါတယ်။
အိငြိမ်းကအသားခြောက်တဲ့ထဲပါပြီး ခြေသလုံးမှာ strawberry leg လိုအမဲစက်လေးတွေလဲရှိတော့ body butter တခုခုကိုအမြဲလိုလိုထည့်သုံးဖြစ်တယ်။
အောက်မှာအိငြိမ်းသုံးတဲ့ body butter လေးတွေနဲ့ဘယ်မှာဝယ်လို့ရလဲဆိုတာပါပြထားပေးပါတယ်ရှင်။

01/04/2024

တခါတလေလဲအတိတ်တွေအနာဂတ်တွေအကုန်မေ့ထားပြီး ပစ္စုပ္ပန်မှာဘဲ ice-cream လေးစားနေချင်တော့တယ်။ 😊

29/03/2024

လှည်းကူးမြို့နယ်ကလီထော်ကျေးရွာမှာရှိတဲ့ မဟာဝိဟာရစာသင်တိုက်က သံဃာတော်တွေနဲ့ကိုရင်လေးတွေအတွက် တနေ့တာဆွမ်းအလှူလေးပါ။
ဝိနည်းနဲ့အညီကျင့်ကြံနေထိုင်ကြတဲ့ သံဃာတော်တွေမို့လို့လှူဒါန်းတဲ့သူတွေ့အဖို့အရမ်းပီတိဖြစ်ရပါတယ်။
နတ်လူသာဓုခေါ်နိုင်ကြပါစေရှင်။ 🙏🙏🙏✨

19/03/2024

ချွေးပေါက်ကျယ်နေတဲ့သူတွေအတွက် နည်းလမ်းလေးတခုပေးမယ်နော် 😉
#ချွေးပေါက်ကျယ် #အဆီပြန်

13/03/2024

ဒီရက်ပိုင်းလူတွေတော်တော်များများဖျားကြတယ်🤒🤧
ရာသီတုတ်ကွေးတွေကတနှစ်ထက်တနှစ်ပိုပြင်းလာတာမို့လို့ တခါဖြစ်ရင်အီစိမ့်နေအောင်ခံရတာ။
ကာကွယ်ဆေးထိုးထားရင် ရောဂါလက္ခဏာတွေသိပ်မခံစားရတော့အိငြိမ်းဆိုနှစ်တိုင်းထိုးဖြစ်နေတာ ၅ နှစ်လောက်ရှိပါပြီ။

ဒီနှစ်အတွက် Flu Vaccine(ရာသီတုတ်ကွေးကာကွယ်ဆေး) အသစ်လေးတွေစျေးကွက်ထဲကိုစဝင်လာပြီမို့ ဆေးရရင်ပြေးထိုးထားလိုက်ကြဦးနော်။
ချစ်တဲ့သူတွေအတွက် သတိတရreminderလေးပါရှင်😊😘

11/03/2024

မျက်လုံးအောက်မှာရှိတဲ့ငါးမျက်စိလို့ခေါ်တဲ့အဆီဖုတွေပျောက်ချင်ရင် ဒါလေးတွေလုပ်ပါ။


#အဆီဖု

09/03/2024

နှာတံလေးချွန်ချင်ရင်

Photos from Flawless Beauty by Dr. Ei Nyein's post 07/03/2024

ဝက်ခြံသမားတွေ၊ sensitive skin တွေကိုညွှန်းပေးဖြစ်တဲ့ KIYOI facial towel

မျက်နှာသုတ်ပုဝါတွေ၊ ခေါင်းအုံးစွပ်တွေသန့်အောင်မလုပ်နိုင်လို့ ဝက်ခြံအမြစ်မပြတ်တဲ့သူတွေလဲ ဒုနဲ့ဒေးရှိနေသေးလို့ ဒီ towel လေးကိုသုံးခိုင်းဖြစ်ပါတယ်။
သူနဲ့စက္ကူ tissue ရဲ့ကွာခြားချက်က tissue ဖြူဖြူလေးတွေရအောင်ချွတ်ဆေးသုံးရတော့ အဲ့chemical နဲ့ sensitive skin သမားကဓာတ်မတည့်ရင်ဝက်ခြံပိုဆိုးလာတတ်တယ်။
မျက်နှာသုတ်ပုဝါကျတော့လဲ၂-၃ရက်တခါလျှော် အမြဲသန့်အောင်ထားဖို့ကသိပ်မလွယ်ဘူး။ ဒါလေးကကျ တော်ရုံမပြဲလို့ မျက်နှာသစ်ပြီးရေသုတ်လို့ရတဲ့အပြင် သုံးပြီးသားလေးတွေကိုအိမ်မှာစားပွဲသုတ်၊ဖုန်သုတ်အကြမ်းပြန်သုံးလို့လဲရပါတယ်။
ခေါင်းလျော်ပြီးdryer မသုံးချင်ရင်ဆံသားအဖျားလေးတွေကိုသုတ်လို့လဲရတယ်၊ သူကပုံမှန်မျက်နှာသုတ်ပုဝါထပ်ရေပိုစုပ်ပြီးနူးညံ့တာမို့လို့ပွတ်တိုက်မှုကြောင့်ဆံပင်အဖျားနှစ်ခွဖြစ်တာသက်သာစေတယ်။
Budget ချွေတာချင်သူတွေအတွက်အပိုင်းအပိုင်းလေးတွေညှပ်ပြီး မိတ်ကပ်ဖျက်၊ toner လိမ်းရင်လဲသုံးလို့ရတယ်။
ဓာတုပစ္စည်းတွေမပါလို့ကလေးတွေရေပတ်တိုက်၊ သန့်ရှင်းရေးလုပ်ရင်လဲအဆင်ပြေတယ်။(wet tissue တွေထက် chemical နဲပါတယ်)
20x20cm နဲ့ 20x15cm ဆိုပြီး size ကြီးသေး၂ မျိုးလာတယ်။ အိငြိမ်းကတော့အကြီးကပိုတန်တယ်ထင်လို့အကြီးဘဲသုံးဖြစ်တယ်။

ကဲ ကောင်းတာလေးဆိုညွှန်းပေးရတယ်လေနော်😉
❌Not a sponsored post❌

#

06/03/2024

အသားဖြူဆေးကဘယ်နကြိမ်လောက်ထိုးရင်သိသာမလဲဆိုတဲ့ မေးခွန်းလေးဖြေပေးထားပါတယ် ☺️

#အသားဖြူ

Photos from Flawless Beauty by Dr. Ei Nyein's post 05/03/2024

အိုမင်းရင့်ရော်မှုကိုဟန့်တားဖို့ collagen အသစ်ဖြစ်ပေါ်မှုကိုအားပေးတဲ့နည်းလမ်းတွေကိုလေ့လာဖြစ်ခဲ့ပါတယ်။ အသစ်အသစ်သောနည်းစနစ်များစွာနဲ့အတူ skincare tips & knowledge တွေကိုစဉ်ဆက်မပြတ် sharing လုပ်ပေးသွားပါဦးမယ်နော်။ 😘

04/03/2024

မျက်နှာလေးဖြူပြီး glow ချင်သူတွေအတွက် video လေးပါ 💕😘😍
#အသားဖြူ #အဆီပြန်

02/03/2024

📣📣Giveaway post ရဲ့ winner လေးကို comment picker လေးနဲ့ရွေးပေးလိုက်ပါပြီနော်😍🎉💕
Dr နေမကောင်းလို့မဲဖောက်တာလေးတရက်နောက်ကျသွားတာခွင့်လွှတ်ပေးကြပါ။
မဲပေါက်တဲ့သူလေးတွေ cb မှာလာပြီး Vistra Myanmar ရဲ့ Brightening Magic Gluta powder လေးတွေလာထုတ်လို့ရပါပြီရှင့် 😘😘

25/02/2024

အသားဖြူဆေးတွေထိုးတာသောက်တာကောင်းလား?
အသားဖြူဆေးမှာဘာတွေပါတာလဲ? 🤔
Giveaway alert🚨 ✨💕
Page လေးကိုစလုပ်ထဲက giveaway လဲတခါမှမလုပ်ပေးဖြစ်တာမို့ ခုအိငြိမ်းသောက်နေတဲ့ Vistra Myanmar ရဲ့ Brightening magic powder (gluta powder) လေး 3 ဘူးကို 3 ယောက်မဲဖောက်ပေးသွားပါမယ်။
Pageကို like လုပ်ပေးပြီး ဒီvideoလေးကိုshareထားတဲ့ screenshotလေး commentမှာမန့်ပေးရင်ရပါပြီ။ တခြားသိချင်တဲ့မေးခွန်းလေးတွေရှိရင်လဲcomment မှာမေးလို့ရပါတယ်။
March လ ၁ရက်နေ့ကျရင်မဲလေးဖောက်ပေးပါမယ်နော်။

#အသားဖြူ #အသားဖြူဆေး

Videos (show all)

တင်းတိတ်လိမ်းဆေးနဲ့သတိပြုစရာလေးတွေအကြောင်းကို Kojitin(KLM lab) နဲ့ collab videoလေးမှာကြည့်ပေးကြပါဦး 😊
ခြေဆီစော်နံရင်ဒါလေးတွေလုပ်ပါ💡💡🙂
ခေါင်းမာတဲ့ဝက်ခြံတွေကိုဘယ်လိုကုကြမလဲ❓video လေးကိုlikeလုပ်ပြီးကိုယ်ကြိုက်တဲ့commentလေးတခုရေးခဲ့ပါ
Vshape မျက်နှာပုံပေါ်ချင်ကြတယ်ဟုတ်?
Skincare အမှားလေးတွေတူတူပြင်ကြမယ်😍
မျက်နှာမှာအမဲစက်၊ တင်းတိတ်၊ မှဲ့ခြောက်ရှိတဲ့သူတွေအတွက်ရွေးချယ်စရာတခု Anua dark spot serum
အမဲစက်ရှိပြီးအသားညစ်တဲ့သူတွေအတွက်အိမ်သုံးနည်းလေးတခုမျှဝေပေးလိုက်ပါတယ်💕
ဝက်ခြံအသားအရေအတွက် Moisturizer
💕အသဲကွဲခြင်းနဲ့ skin barrier ပျက်စီးခြင်း💕Skin barrier ပျက်စီးရင်သုံးရမယ့် skincare setလိုက်နမူနာလေးတွေပြပေးထားပါတယ်
💕အသဲကွဲခြင်းနဲ့ skin barrier ပျက်စီးခြင်း💕
ပန်းလေးတွေကိုချစ်တယ် 🥰#lilyeinyein #beautybloggers #aesthetic
ခြေသလုံးမှာအမဲစက်တွေအများကြီးဖြစ်နေရင် ဘယ်လိုလုပ်ကြမလဲ 🤔💭

Website